:include data='blog' name='google-analytics'/>

Tuesday, August 23, 2016

Chemical မသုံးပဲ သင့်အိမ်ကိုသန့်ရှင်းရန် နည်းလမ်း ၅ သွယ်














SMPL Group Construction and Interior Design added 5 new photos.
Chemical မသုံးပဲ သင့်အိမ်ကိုသန့်ရှင်းရန် နည်းလမ်း ၅ သွယ်
===================================
အိမ်သန့်ရှင်းရေးလုပ်ရင်သုံးတဲ့ ဆပ်ပြာရေတော်တော်များများဟာ အန္တရယ်မရိ...ှဘူးထင်ရပေမယ့် တော်တော်များများတွေမှာတော့ အန္တရယ်ရှိဓာတုပစ္စည်း(toxic chemical) တွေပါ ပါတယ်။ အဲဒီဓာတုပါဝင်ပစ္စည်းတွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေပြီး လူတွေရဲ့ကျန်းမာရေးအတွက်လည်း မကောင်းနိုင်ပါဘူး။ အခုအောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကတော့ chemical ပစ္စည်းတွေမသုံးပဲ အိမ်မှာအလွယ်တကူရနိုင်တဲ့အရာတွေကိုသုံးပြီး ဘယ်လိုသန့်ရှင်းရေးလုပ်နိုင်လဲဆိုတာကို တင်ပြပေးထားပါတယ်။
၁။ ရေချိုးခန်း အိမ်သာကြွေပြားတွေမှာကပ်နေတဲ့ ချေး(ဂျီး)ချွတ်နည်း
အိမ်သာ ရေချိုးခန်းတွေရဲ့ ကြွေပြားတွေမှာကပ်နေတဲ့ချေး(ဂျီး)တွေကို ရှာလကာရည်နဲ့မုန့်ဖုတ်ဆိုဒါကိုရောပြီး ပွတ်ပေးပါ။၅မိနစ်လောက်ထားပြီးရင် ရေနဲ့စင်စင်ဆေးချလိုက်ပါ။ အဝတ်အခြောက်နဲ့ထပ်သုတ်ပြီးရင်တော့ သန့်ရှင်းစင်ကြယ်နေတဲ့ကြွေပြားကိုတွေ့ရပါလိမ့်မယ်။
၂။ သစ်သားကြမ်းခင်းတွေကို တောက်ပြောင်အောင်တိုက်မယ်
သစ်သားကြမ်ခင်းတွေကို အသစ်လိုသန့်ရှင်းတောက်ပြောင်စေချင်ရင်တော့ ချာလကာရည်ရေနွေးကြမ်းခွက်တစ်ဝက်ခန့်ကို ရေတစ်လီတာနဲ့ရောပြီးတော့ ကြမ်းတိုက်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
၃။ အသားငါးတင်လှီးတဲ့အပြားကိုသန့်စင်မယ်
သံပုယိုသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီးတော့ တစ်ခြမ်းနဲ့ အသားငှားလှီးတဲ့မျက်နှာပြင်ဖက်ကို ပွတ်တိုက်ပါ။ ဆားကြမ်းအနည်းငယ်ကို အပေါ်ကထပ်ဖြူးပြီး ၁၀မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်ကျန်တဲ့ သံပုရာယိုသီးတစ်ခြမ်းနဲ့ ထပ်ပြီးပွတ်တိုက်ပါ။ ရေနွေးလေးနဲ့ဆေးပြီးရင်တော့ အညစ်အကြေးကင်းစင်တဲ့ အပြားလေးကိုရပါပြီ။
၎။ ရေခဲသေတ္တာထဲကသားငါးအညှီနံတွေပျောက်အောင်လုပ်မယ်
သံပုယိုသီးတစ်လုံးကိုအရည်ညှစ်ပြီး ရေနဲ့ဆတူရောပါ။ ညစ်ပတ်ပေရေနေတာတွေကိုပါ ပျောက်စေချင်ရင်တော့ မုန့်ဖုတ်ဆိုဒါနည်းနည်းထပ်ရောပါ။ ပြီးရင်အဲဒီအရည်နဲ့သန့်ရှင်းရေးလုပ်လိုက်ရင် သန့်ရှင်းမွှေးကြိုင်သွားပါလိမ့်မယ်။
၅။ ရေချိုးခန်းမှန်တံခါးနဲ့ ကြွေပြားနံရံတွေတောက်ပြောင်သန့်ရှင်းစေရန်
သွားပွတ်တံအဟောင်းကို ရေဆွတ်ပြီး မုန့်ဖုတ်ဆိုဒါမှုန့်ထဲနှစ်လိုက်ပါ။ ပြီးရင်ညစ်ပတ်နေတဲ့နေရာတွေကိုတိုက်ပါ။ ရေစင်စင်ဆေးပြီးရင်တော့ သန့်ရှင်းတောက်ပြောင်သွားပါပြီ။ ပြီးရင်တစ်ပတ်တစ်ကြိမ်လောက် သံပုယိုသီး(Lemon) တစ်ခြမ်းနဲ့တိုက်ပြီး ၁၀မိနစ်လောက်နေပြီး ရေဆေးချပါ။ အသစ်လိုပဲအမြဲ တောက်ပြောင်နေပါလိမ့်မယ်။
SMPL Group
"10 awesome tricks for cleaning your home without chemicals" ကိုသင့်လျော်သလိုဘာသာပြန်ဆိုပါသည်။
Preview photo credit: Adisa/shutterstock.com

No comments:

Post a Comment