:include data='blog' name='google-analytics'/>

Thursday, August 18, 2016

သိစေချင် စဉ်းစားစေချင် လိုက်နာစေချင် စေချင် စေချင် စေချင်

သိစေချင် စဉ်းစားစေချင် လိုက်နာစေချင် စေချင် စေချင် စေချင်
Tint Wai Tun with Ko Min and 49 others.
အင်း ဒီ ပြန်ကြားချက်လေး မရေးချင်ပေမယ့် တောင်းဆိုသူ ရှိလာလို့ ရေးပေးတာပါ
ကာတွန်းဆရာတွေ အပါအဝင် ပြည်သူလူထု
လွှတ်တော်အမတ်များ ဆေးပညာနယ်ပယ်မှ အသိပညာရှင် အတတ်ပညာရှင်... အားလုံး
သိစေချင်လို့ ရေးရခြင်းဖြစ်ပါတယ် ဆရာဝန်တိုင်းတောင် ခြင်ဆေးမှုတ်ခြင်း အကြောင်း
ကောင်းကောင်း မသိကြပါ မလေ့လာကြပါဘူးဗျာ
လွှတ်တော်မှာလည်း ဆရာဝန် အမတ်တွေ ရေတွက်လို့
မကုန်ပါဘူးလေ ကျွန်တော့ဆီကို ဆရာဝန်တွေ ကိုယ်တိုင် လွှတ်တော်အမတ်တွေကိုယ်တိုင်
ဖုန်းဆက်ပြီး စာပို့ပြီး ခြင်ဆေးမှူတ်ပေးဖို့ပဲ ပြောကြ
အကူအညီတောင်းကြတယ် သူတို့အကူအညီတောင်းတိုင် ဖုံးသွန်လဲစစ် ကိုယ့်အိမ်
ကိုယ့်ရုံး ကိုယ့်ဌာန ကိုယ့်လွှတ်တော်မှာ လုပ်ပေးဖို့
ပြန်ပြီး အကူအညီတောင်းတယ် အလကားပဲ လွှတ်တော်အမတ်ဆိုတဲ့ကောင်တွေက လေပဲ
ဟိုနားဆိုလဲ ခြင်ဆေးဖြန်းချင် ဒီနားဆိုလဲ ခြင်ဆေးဖြန်းချင် နည်းပညာ မသိပဲ ဟိုဟာ လုပ်ချင်
ဒီဟာ လုပ်ချင်နဲ့ အပတ်စဉ်ပေးပို့တဲ့ မြန်မာလို Report တောင်မြန်မာလို နားလည်အောင် ပြန်ပေးပါတဲ့
ပြောကို မပြောချင်ဘူး လွှတ်တော်ထဲက ဆရာဝန်တွေကလည်း ခြင်အကြောင်း နားမလည်
နည်းပညာ အကြောင်း နားမလည် နားလည်တဲ့သူကလဲ
နေရာဖယ်ပေးရမှာဆိုးလို့ ဘာမှ မသိတဲ့ သူတွေ
ပြောတာ တောင်းဆိုတာကို လိုက်လုပ်ပေးနေကြတာပါ
ခြင်ဆေးဖြန်းဖို့ လာပြောတိုင်း ဖုန်းဆက်ကြတိုင်း
သွေးလွန်တုပ်ကွေးလူနာ ရှိသလား မေးတော့ မရှိပါဘူး
ခြင်တွေ ပေါနေလို့ပါတဲ့ ကျွန်တော်တို့ ငှက်ဖျားရောဂါ
ကာကွယ်တိုက်ဖျက်ရေးဌာနက ခြင်တွေကို သက်ပေးတဲ့ ခြင်ဆေးမှုတ်တဲ့ ဌာန မဟုတ်ပါဘူး
သောက်တလွဲ အမှားလုပ်ခဲ့တဲ့ လူကြီးတွေ
ဘာပြောပြော ခေါင်းငြိမ့်ကြတဲ့ လူကြီးတွေ
ဘာမှ နည်းပညာ နားမလည် နိုင်ငံရေး အမြတ်ထုတ်နေတဲ့ လွှတ်တော်အမတ်တွေကြောင့်
နည်းပညာ ကို တလွဲသုံးခဲ့တာကြောင့် အခုလို
ပြည်သူလူထု အပါအဝင် သတင်းစာ ဂျာနယ် ကာတွန်းတွေက ဒီလို သရော်စာတွေ ရေးကြတာပါ

ခြင်ဆေးမှုတ်ခြင်းဟာ သွေးလွန်တုပ်ကွေးရောဂါ ခံစားရပြီး ၂၄ နာရီအတွင်း ရောဂါခံစားရသူရဲ့ အိမ်ပတ်ဝန်းကျင်ကို မကူးစက်အောင် ဆောင်ရွက်ရတာပါ အာနိသင်က နည်းပညာ အတိအကျ လိုက်နာမယ်ဆိုရင်တောင် ၂၄ နာရီပဲ
အာနိသင်ရှိပါတယ် ဒါကြောင့် ကာကွယ်ရေးအနေနဲ့
သုံးလို့ မရပါဘူး သုံးခဲ့ရင် ကောင်းကျိုးမရှိပဲ ငွေကုန်ကျမှု
ရှိမယ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရနိုင်တယ် ထိတွေ့မှုများလာရင် အဆုတ်နဲ့ အရေပြားကင်ဆာတွေ ဖြစ်နိုင်တယ် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်မယ် လေထု ညစ်ညမ်းစေမယ် အစရှိတဲ့ မြောက်များစွာသော ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်ပါတယ် နည်းပညာသိနေတဲ့ ကျွန်တော့်ရဲ့ အိမ်မှာ သွေးလွန်တုပ်ကွေးရောဂါမဖြစ်တဲ့အတွက် တစ်ကြိမ်တစ်ခါမှ ခြင်ဆေးမဖြန်းပါဘူး အိမ်က မိသားစုက တောင်းဆိုပေမယ့် တစ်ကြိမ်တစ်ခါမှ လက်မခံခဲ့ပါဘူး ကိုယ့်အိမ်ကို ခြင်ပေါက်ပွားစေမယ့်
ပိုးလောက်လန်းမကျအောင် ဖုံးသွန်လဲစစ် လုပ်မယ် ခြင်မကိုက်အောင် နေထိုင်မယ်
ဂရုစိုက်မယ်ဆိုရင် ကာကွယ်ဆေးလဲ အားကိုးစရာ မလို
ခြင်ဆေးမှုတ်ခြင်းကိုလဲ အားကိုးစရာ မလိုပါဘူး
ဒါကြောင့် အိမ်တိုင်း ဌာနတိုင်း ပိုးလောက်လန်းမကျအောင် ဖုံးသွန်လဲစစ် ဆောင်ရွက်ကြပါ သောက်တလွဲအာဏာသုံးပြီး နည်းပညာကို မသိယောင်ဆောင်ကာ နိုင်ငံရေးအမြတ်ထုတ် ဆိုးကျိုးတွေဖြစ်အောင် ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တွေ ဦးဆောင်ပြီး
ခြင်ဆေးဖြန်းခိုင်းခြင်းကို ပြည်သူလူထု အနေနဲ့ လက်မခံကြဖို့ နားမယောင်ကြဖို့ တိုက်တွန်းလိုပါတယ်
ကာတွန်းဆရာတွေ ဂျာနယ်တွေမှာ အပြစ်မရှိပါ ဟိုသောက်တလဲကောင်တွေကြောင့် သူတို့ မသိလို့ ရေးကြတာပဲလေ
ဒါကြောင့် လွှတ်တော်အမတ်တွေ အပါအဝင် နည်းပညာ တလွဲသုံးစေ၍ ခြင်ဆေးဖြန်းခိုင်းစေခြင်းအား လုံးဝဆန့်ကျင်ပါတယ်
လွှတ်တော် အမတ်တွေ မကျေနပ်ပါက မန္တလေးတိုင်း
ငှက်ဖျားတိုက်ဖျက်ရေးဌာနသို့ လာရောက်ဆွေးနွေးနိုင်ပါတယ်

No comments:

Post a Comment