:include data='blog' name='google-analytics'/>

Friday, August 26, 2016

လုံခြုံရေး ကင်မရာ






















Myanmar Vector Automation added 6 new photos.
ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့အသက် ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာ တွေကို တခြားသူ ပယောဂနဲ့ မဆုံးရှုံးခင် ကြိုတင် တားဆီးနိုင်တာ အကောင်းဆုံးပါ။ လုံခြုံရေး ကင်မရာ ...တပ်ထားရုံနဲ့ အိမ်မှာ စိတ်ချရပြီလို့ ထင်တတ်ကြပေမယ့် လုံခြုံရေး ကင်မရာ ဆိုတာမျိုးက ဖြစ်ပြီးတာကိုပဲ ပြန်ပြီး ကြည့်လို့ ရတတ်တာမျိုးပါ။ အိမ်မှာ အားလုံး အိပ်နေတဲ့ အချိန် ဒါမှမဟုတ် လူမရှိတဲ့ အချိန်တွေမှာ တစ်စုံတစ်ယောက်က ကျူးကျော် ဝင်ရောက်လာခဲ့မယ် ဆိုရင် ဘယ်လိုနည်းပညာတွေ သုံးပြီး တားဆီးလို့ ရမလဲ ဆိုတာ ရှင်းပြပါရစေ။
နိုင်ငံတကာမှာတော့ သူခိုးဖမ်းစက် (Burglar Alarm) လို့ ခေါ်တဲ့ ကျူးကျော်ဝင်ရောက်သူတွေကို သိရှိနိုင်တဲ့စနစ် (Intrusion Detection System) တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြပါတယ်။ အဲဒီစနစ်ရဲ့ အခြေခံ အလုပ်လုပ်ပုံကတော့ ဒီလိုပါ။
ပထမဆုံး ကိုယ့်အိမ်ရဲ့ အဝင်တံခါးမကြီးတွေမှာ သံလိုက်သုံးတဲ့ sensor တွေကို တပ်ထားလိုက်မယ်။ ပြီးရင် အိပ်ခါနီး အချိန်မှာ တံခါးတွေ အားလုံး ပိတ်ပြီး လုံခြုံရေး စနစ်ကို ဖွင့်ထားလိုက်မယ်။ အဲဒါဆိုရင် တစ်ယောက်ယောက်က တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ လုံခြုံရေးစနစ်ကနေ အချက်ပေးသံ ပေါ်ထွက်လာမှာပါ။
လုံခြုံရေးစနစ်ကို ဖွင့်ထားရာကနေ ပိတ်ဖို့ အတွက်တော့ လျို့ဝှက်သင်္ကေတကို မှန်အောင် နှိပ်နိုင်မှ ရပါမယ်။ အဲဒီတော့ လျို့ဝှက်သင်္ကေတ မသိတဲ့ သူ အနေနဲ့ အချက်ပေးသံကို ရပ်သွားအောင် လုပ်လို့ ရမှာ မဟုတ်ပါဘူး။
ဟုတ်ပြီ။ တံခါးကနေ မဝင်ဘူး။ ပြတင်းပေါက်ကနေ ဖွင့်ဝင်မယ်။ ဘာလုပ်မလဲ။ ပြတင်းပေါက် တစ်ခုစီမှာလည်း အဲဒီလို sensor ကလေးတွေ လိုက်တပ်ပေးရုံပါပဲ။ အဲဒါဆိုရင် လုံခြုံရေး စနစ် ဖွင့်ထားတဲ့ အချိန် ပြတင်းပေါက် ဆွဲဖွင့်လိုက်တာနဲ့ အချက်ပေးသံ ထွက်လာမှာပါ။ တံခါးပေါက်နဲ့ ပြတင်းပေါက်မှာ တပ်တဲ့ sensor တွေကို ဈေးပေါပေါနဲ့ ဝယ်လို့ ရနိုင်ပါတယ်။ တကယ်လို့ အိမ်က ဆောက်ပြီးသား အလှမပျက်ချင်ဘူး ဆိုရင်လည်း ကြိုးမဲ့ Sensor တွေ ရနိုင်ပါတယ်။
ကျုပ်တို့အိမ်မှာတော့ အိမ်ရှေ့မှာ မှန်ချပ်တွေနဲ့ အလှတပ်ထားတယ်။ သူခိုးက မှန်ခွဲပြီး ဝင်လာလို့ ရတယ် ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ လုံခြုံရေးစနစ်မှာ မှန်ခွဲတာနဲ့ အချက်ပေးသံ မြည်တဲ့ sensor တွေရှိပါတယ်။ မှန်ချပ် တစ်ခု ချင်းစီ အတွက် သီးသန့် တပ်စရာ မလိုပါဘူး။ မှန်ခွဲသံ ထွက်လာတာနဲ့ အဲဒီ sensor က အလုပ်လုပ်မှာပါ။
သူခိုးက မင်းအိမ်က တံခါးတွေမှာ sensor တပ်ထားတာ သိလို့ ပြတင်းပေါက် တံခါးပေါက်က မဝင်ဘဲ အမိုးက ဖောက်ဝင်မယ်ကွာ။ မင်းတို့ ဘယ်လို လုပ်ကြမလဲ လို့ မေးတဲ့သူ ရှိပါလိမ့်မယ်။ အဲဒါမျိုး ဆိုရင်လည်း လူဝင်နိုင်တဲ့ နေရာတွေမှာ အနီအောက် ရောင်ခြည်သုံးတဲ့ sensor တွေကို တပ်ထားလိုက်ရုံပါပဲ။ အဲဒီ sensor တွေရှေ့မှာ လူဖြတ်သွားတာနဲ့ အချက်ပေးသံ မြည်ပါတယ်။ လူမဖြတ်ဘူးကွာ ခွေးတွေ ကြောင်တွေ ဖြတ်သွားရင်ရော မြည်မှာလားလို့ မေးချင်လည်း မေးပါလိမ့်မယ်။ အနီအောက် ရောင်ခြည် sensor ဟာ ကိုယ်အပူချိန်ကို တိုင်းတာပြီး အလုပ်လုပ်တယ် ဆိုပေမယ့် တိရစ္ဆာန်တွေနဲ့ဆိုရင် အသံမမြည်အောင် ပိတ်ထားလို့ ရတဲ့ ခလုပ် ပါပါတယ်။
အရေးကြီးတဲ့ မေးခွန်းက အိမ်မှာ လူမရှိဘဲ အပြင်ထွက်သွားတဲ့ အချိန် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းပါ။ လုံခြုံရေးစနစ်ကို အိမ်ထဲက မထွက်ခင် အချိန် ဖွင့်ခဲ့မယ် ဆိုရင် စနစ်ကနေ အိမ်ထဲကနေ ထွက်ဖို့ အချိန်ပေးပါတယ်။ အဲဒီ အချိန်အတွင်းမှာ ပင်မ တံခါးတွေကို သုံးပြီး အပြင်ကို ထွက်လို့ရပါတယ်။ အချိန်ပြည့်သွားတာနဲ့ လုံခြုံရေး စနစ်က စပြီး အလုပ်လုပ်ပါပြီ။ အချက်ပေးသံက အိမ်နီးချင်းတွေကြားနိုင်လောက်အောင် ကျယ်ပါတယ်။
နောက်တစ်ခုက လုံခြုံရေးစနစ်ကို အိမ်ဖုန်းနဲ့ ချိတ်ထားလို့ ရပါတယ်။ အဲဒါဆိုရင် အိမ်မှာ အချက်ပေးသံ မြည်တာနဲ့ လုံခြုံရေးစနစ်က ကြိုသွင်းထားတဲ့ ဖုန်းနံပါတ်တွေကို တစ်ခုပြီး တစ်ခု ခေါ်မှာပါ။
မြန်မာပြည်မှာ လိုင်းဖုန်း ဒီလောက်ရှားတာ လာနောက်မနေနဲ့လို့ ပြောချင်ရင်လည်း ပြောလို့ရပါတယ်။ လိုင်းဖုန်း မရှိရင် လုံခြုံရေး စနစ်နဲ့ အတူ SMS Module တပ်ပြီး သုံးလို့ ရပါတယ်။ အဲဒါဆိုရင် အချက်ပေးသံ မြည်တာနဲ့ ကိုယ့်ဖုန်းထဲကို မက်ဆေ့ တစ်ခု ရောက်လာမှာပါ။
မီးပြတ်သွားရင် ဘယ်လို လုပ်မလဲ မေးလာတဲ့သူ ရှိပါတယ်။ လုံခြုံရေး စနစ်မှာ အများဆုံး ၈ နာရီ အထိ မီးပြတ်သွားရင် ဆက်ပြီး အလုပ်လုပ်နိုင်တဲ့ backup ဘက်ထရီ ၂ လုံး ပါပါတယ်။ မီးမပြတ်တဲ့ အချိန် သူ့ဘာသာသူ အားပြန်သွင်းနေမှာပါ။ အဲဒီ အတွက် မီးပြတ်ရင် မပူရသလို သူခိုးက မိန်းကြိုး ဖြတ်ပြီး ခိုးသွားမှာလည်း ပူစရာ မလိုပါဘူး။
ဒါတင် မကသေးဘူး Sensor တွေ အကုန်လုံးဟာ Normally Close အနေနဲ့ ချိတ်ဆက်ထားတဲ့ အတွက် သူခိုးက Sensor ကြိုးကို ဖြတ်လိုက်ရင်လည်း အချက်ပေးမှာပါ။
အဲဒါအပြင် လုံခြုံရေး စနစ်ကို အိမ်တွင်း နဲ့ အိမ်ပြင် mode ၂ ခု ထားလို့ ရတဲ့ အတွက် အိမ်တွင်းမှာ ရှိနေတဲ့ အချိန်ဆိုရင် အိမ်ပတ်ပတ်လည်က sensor တွေပဲ အလုပ်လုပ်ပြီး အိမ်ထဲက sensor တွေကို ပိတ်ထားလို့ ရပါတယ်။ အပြင်ထွက်သွားတဲ့ အချိန် ဆိုရင်တော့ အိမ်တွင်း အိမ်ပြင် sensor အားလုံးကို ဖွင့်ထားခဲ့လို့ ရပါတယ်။
လုံခြုံရေး စနစ်တွေမှာ အားထားရမှု စိတ်ချရမှုဟာ အရေးကြီးပါတယ်။ အရေးဟဲ့ အကြောင်းဟဲ့ ဆိုတဲ့ အချိန်မှ လုံခြုံရေးစနစ်က အလုပ်မလုပ်ဘူး ဆိုရင် ကိုယ့်ဘက်က ပြန်ပေးရမယ့် အရင်းအနှီးက ကြီးပါတယ်။ အဲဒါကြောင့် နာမည်ကြီးတဲ့ တံဆိပ်တွေကို ရွေးသုံးရတာ ဈေးကြီးပေမယ့် လုံခြုံရေး အတွက် ပိုပြီး စိတ်ချရပါတယ်။
အကယ်၍ ကနေဒါနိုင်ငံထုတ် ကျူးကျော်ဝင်ရောက်သူတွေကို သိရှိနိုင်တဲ့စနစ် ကို သုံးမယ် ဆိုရင်တော့ ကျွန်တော်တို့ အရောင်းဌာန ဖုံးနံပါတ် 01-572028, 09-420018611, 09-420168985 ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ အရောင်းဝန်ထမ်းတွေက မိတ်ဆွေတို့ သိရှိလိုသမျှကို ဖြေကြားပေးဖို့ အသင့်ပါပဲ။ 

No comments:

Post a Comment