:include data='blog' name='google-analytics'/>

Tuesday, August 23, 2016

ပုစွန်ခေါင်း အမွေတောင်းခန်း

Tin Nyunt
6 hrs
ပုစွန်ခေါင်း အမွေတောင်းခန်း
ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးမှာ ဘယ်လောက် သဘောထားကွဲလွဲတာဖြစ်ပါစေ မြစ်ဆုံဆည် တည်ဆောက်ရေးကိစ္စမှာတော့ မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင...်းရင်းသားပြည်သူအားလုံး တစ်စိတ်တည်း တစ်ဝမ်း တည်း ညီညွတ်ကြပါတယ်။ အဲဒါကတော့
“မြစ်ဆုံဆည်တည်ဆောက်ရေး ဖျက်သိမ်းပေး” ဆိုတာပါပဲ။
ပြည်သူတွေ ဘာကြောင့် မြစ်ဆုံဆည်ကိစ္စကို သဘောမကျတာလဲ။ တိုင်းရင်းသားအရေးအနေနဲ့ ကြည့်ရင် မြစ်ဆုံဆည်ဆောက်လိုက်လို့ ဘုံပျောက်ကြရမှာ ကချင်တိုင်းရင်းသားတွေဖြစ်နေပါတယ်။ မြစ်ဆုံဒေသဟာ ကချင်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့နေရာတစ်နေရာ ဖြစ်နေပါတယ်။
မြစ်ဆုံဒေသမှာ ဆည်ကြီးဆောက်ဖို့အပြင် မြစ်ညာဒေသမှာ ဆည် ၇ ခုဆောက်ဖို့ သဘောတူသွားတာ ဗိုလ်ချုပ် ဟောင်း ဦးသန်းရွှေဖြစ်ပါတယ်။ သူတန်ခိုးထက်ချိန်မှာ ဘယ်သူ့အကျိုးအတွက် ဒီဆည်ကြီးဆောက်လုပ်ဖို့ ခွင့်ပြုသွားတယ်ဆိုတာ အားလုံး သိပြီးဖြစ်ကြမှာပါ။ ဒီဆည်ကြီး ပြီးသွားရင်လည်း ထုတ်ယူရရှိမယ့် ရေအား လျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ဘက် ပို့ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကြီးနဲ့ကို ဦးသန်းရွှေက လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တပ်အုပ်စိုးတဲ့ခေတ်မှာ တစ်သွေး တစ်သံ တစ်မိန့်ဆိုတော့ မကောင်းလည်း မပြောရဲ၊ မသင့်လည်း မပြောရဲ အဖေကြီးကောင်းရင် ကောင်းတာပါပဲ လုပ်ခဲ့ကြလို့ ဆည်ဆောက်ဖို့ ပြင်နေချိန်မှာ အရပ်သားတစ်ပိုင်း စစ်သား တစ်ပိုင်း အစိုးရလက်ထဲ အာဏာရောက်လာပါတယ်။
အဖေကြီးကတော့ စားပြီး ဝါးပြီးနားနေချိန်မှာ အဖေကြီးသားတွေက အဖေကြီးကို ကာကွယ်စောင့်ရှောက်လို ပေမယ့် “ဒီမိုကရေစီ” နဲ့ ဝိုင်းတိုက်တော့ “ငါ့အဖေ လုပ်သွားတဲ့ ကိစ္စ ရလာတဲ့ကလေး နောက်လူ မွေးစေ” ဆိုပြီး အမိန့်ချသွားပါတယ်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ငါတို့ အာဏာပြန်ရလည်း တစ်ကွက်ရွှေ့မယ်။ အာဏာပြန်မရလည်း နောက်လူ တော့ အဖေကြီးစားပြီး ပါထားသမျှအီးကို ကျုံးပေတော့ဆိုပြီး အကောက်ကြံသွားခဲ့တာပါ။
မြစ်ဆုံအရေးကို ရင်လေးဖွယ်ရာ ကြုံနေရချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အကောင်အထည်ဖော်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်နေရချိန်ပေါ့။ နှစ်ပေါင်း များစွာ မငြိမ်းချမ်းနိုင်ခဲ့တဲ့ တိုင်းပြည်ဟာ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့လက်ထက်မှာ ငြိမ်းချမ်းသွားပြီဆိုရင် ဘာဖြစ်သွားမလဲ။ ပြည်တွင်း စစ်ကြီး ဘာကြောင့်ဖြစ်ပြီး ဘာကြောင့် မငြိမ်းချမ်းနိုင်ရသလဲဆိုတာ အဖြေပေါ်တော့မှာပါ။
ဒီအချိန်မှာ အဖေကြီးသားတစ်ယောက်က ထအော်ပါတယ်။ “အမြဲတန်းအနိုင်ဆိုတာ မရှိဘူး။ အမြဲတန်း အရှုံးဆိုတာ မရှိဘူး” တဲ့။ ဟုတ်ကဲ့ ဘုရားလူကြီး ရွေးပွဲကို လူသတ်မုဒိမ်းသမား ဝင်ပြီးတော့ အရွေးခံကြည့် ပါလား။ ပြည်သူက ဘယ်လို အဆုံးအဖြတ်ပေးမလဲဆိုတာ။ အဲဒီလိုလူမျိုးကို ရွေးပေးတယ်ဆိုရင် ခံချင်လို့သာ ရွေးပေးကြတာနေမှာ။
၂၃.၈.၂၀၁၆

No comments:

Post a Comment