:include data='blog' name='google-analytics'/>

Friday, August 19, 2016

မှော်ဝင်ကြိမ်စင်္ကြာ နဲ့ နဂါး ကြီးမာယာ













Ko Tun Win added 4 new photos.
19 hrs
မှော်ဝင်ကြိမ်စင်္ကြာ နဲ့ နဂါး ကြီးမာယာ
=========================
ဒေါ်စုကို
အစောကြီးကတည်းက ဂျပန်က ဖိတ်တယ်။...
အမေရိကန်ကဖိတ်တယ် ။
ဂျပန်က ဖိတ်တယ်။
သမ္မတရဲ့ရုရှားခရီးစဉ်မှာ ပါမသွားဘူး။
စိတ်ဝင်စားစရာပါ ။

အားလုံးက
ဒေါ်စုကို အကြောင်းပြုပြီး
ကမ္ဘာ့ သံခင်းတမန်ခင်းမျက်နှာစာမှ
လက်မထောင်ချင်ကြတယ် ။ တနည်း ပြောရရင်
တိုင်ပေါ် အလံစိုက်ချင်ကြတယ် ။
ဒေါ်စုရဲ့
first trip က ဘယ်နိုင်ငံဖြစ်မလဲဆိုတာ
ပြည်တွင်းကရော ၊ ပြည်ပကပါ စိတ်ဝင်တစားနဲ့
စောင့်ကြည့်နေကြတယ်။
ဒီအချိန်မှာပဲ
နိုင်ငံရေးအရ အယူအဆမတူပေမဲ့
အကျိုးစီးပွားတွေအရ ဆက်စပ် ယှက်နွယ် ပတ်သက်နေတဲ့
တရုတ်ကိုသွားဖို့
ဒေါ်စု ရဲ့ ကြေငြာချက်ထွက်လာတယ် ။
ပြောရရင်တော့
ဒေါ်စုရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ပေါ့။ လာအိုက
အစည်းအဝေးသွားတက်တဲ့သဘောပါပဲ။
Visit မဟုတ်ပါဘူး။
တရုတ်ကြီးက
ထခုန်မတတ် ဝမ်းသာသွားတယ်။
ဟုတ်တယ်လေ့ 
တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး
ကမ္ဘာ့အလယ်က သိက္ခာကျနေတဲ့အချိန်။
အာဆီယမ်က တရုတ်အပေါ်မှာ ကြီးမားတဲ့
ဖိအားမပေးနိုင်ခဲ့ပေမဲ့
သံခင်းတမန်ခင်းမှာတော့ မျက်နှာငယ်ခဲ့ရတယ်။
ဒီလိုအချိန်မှာ
တရုတ်ကြီးအတွက်
Democracy Icon နဲ့ Focus of the world လို့
ခေါ်ဆိုနိင်တဲ့
ဒေါ်အောင်ဆန်းစုကြည် ကို လိုအပ်တယ်။
ဒေါ်စု ကို State Visit Level နဲ့
ခမ်းနားကြီးကျယ်စွာကြိုဆိုဂုဏ်ပြုကြမှာဖြစ်ပြီး၊
ခရီးစဉ်ရဲ့
ကြီးကျယ်ခမ်းနားမှုကိုအကြောင်းပြုပြီး
ကမ္ဘာ့အလယ်မှာ ကျဆင်းနေတဲ့ သူ့ရဲ့ပုံရိပ်ကို
ဆွဲတင်သွားမယ်လို့ ယူဆလို့ရတယ်။
နောက်ပြီး
ခရီးစဉ်အတွင်းမှာ မြစ်ဆုံကိစ္စကို ဇောင်းပေးပြီး
ပြောမှာမဟုတ်ဖူးလို့ ပြောတယ် ။
တကယ်တော့
မြစ်ဆုံကိစ္စထက် ပိုပြီးအရေးပါတဲ့
တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းတို့ ၊ ပုလဲသွယ်စီမံကိန်းတို့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့၊ တရုတ်ရဲ့
အနောက်ဖက်ထွက်ပေါက်ဖြစ်တဲ့ မြန်မာ့ပင်လယ်
ပြင်မှာ အနောက်အုပ်စုရဲ့ရေတပ်အခြေစိုက်စခန်း
တွေပေါ်ပေါက်မလာဖို့ ဆိုတာတွေက ပိုပြီး
အခရာကျနေမယ်ထင်တယ်။
မြစ်ဆုံကိစ္စကလည်း
ရပ်ဆိုင်းထားတာနဲ့ တန်အောင်ရယ်၊
စားပွဲအောက်ကလူမသိတဲ့ ပုတ်သင်ဥတွေ
ပေါ်လာမှာ စိုးလို့လက်သိပ်ထိုးပေးလိုက်တဲ့
သစ်ကွက်တွေ ၊ ကျောက်ကွက်တွေ ၊ သတ္တုကွက်တွေနဲ့ပဲ အရင်းမက ပြန်ရသွားကြပြီး
အမြတ်တောင်ထွက်နေလောက်ပါပြီ။
နောက်ပြီး
နှစ်နိုင်ငံဆက်ဆံရေးကို တန်းတူဖြစ်စေဖို့
ကြိုးစားမယ်ဆိုတာကလည်း
တလောကလုံးက အထက်စီးနဲ့လည်ပင်းညှစ်၊
ငယ်နိုင်ကိုင်ပြီးကုပ်ကိုခွစီးလို့ မရတော့ဘူး
ဆိုတာသိမြင်လာလို့ ထွက်လာတဲ့သဘော။
မြန်မာ့ငြိမ်းချမ်းရေးကိုအထောက်အကူဖြစ်စေဖို့
အနောက်နိုင်ငံတွေမကူညီနိုင်တဲ့
အကူအညီမျိုးကိုပေးမယ်ဆိုတာကလည့်း 
မြန်မာပြည်ရဲ့နောင်အချိန် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေဖြစ်ခဲ့ကြမယ်ဆိုရင်
အလျှော့အတင်းလုပ်ပြီး မဲတင်းနိုင်ဖို့အတွက်
ဝှက်ဖဲတွေကို အစောကြီးကတည်းက
ကိုင်ထားပြီးသာ့းလေ။
နမူနာအနေနဲ့
ဒေါ်စုရဲ့ပထမအကြိမ်တရုတ်ပြည်ကိုသွားတဲ့
ခရီးစဉ်အတွင့်း 
မြန်မာပြည်အရှေ့မြောက်ဖျားမှာ
တပ်မတော်နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်နေတဲ့
ကိုးကန့်အဖွဲ့ကို
တဖက်သတ်အပစ်ရပ်စဲဖို့ ခိုင်းစေခဲ့ပြီး
ဒေါ်စုအပေါ်မှာ အလေးအနက်ထားကြောင်း
ပြသခဲ့ပါတယ် ။
မပိုင်ရင် ပေါင်ကြားထဲက ခြင်ကိုတောင်
ရိုက်လေ့မရှိတဲ့ တရုတ်ကြီးက
ဒီတခါခရီးစဉ်မှာတော့ အဆင်ပြေရင်
လက်ဆောင်အဖြစ်
တရုတ်ရဲ့ အပြည့်အဝထိန်းချုပ်မှု ရှိနေတဲ့ ဝ စစ်တပ်ကို
ငြိမ်းချမ်းရေး စားပွဲရောက်အောင် မီးစိမ်းပြပြီး
အလံချိုးပေးလိုက်နိုင်သလို့ 
တအောင်း ၊ ကိုးကန့် နဲ ရခိုင် AA တပ်တွေ
ကတော့ နဂါးမျက်စောင်းမထိုးခင်မှာပဲ
အလိုလို ပွဲသိမ်းသွားမဲ့သဘောပါ ။
ဘာကြောင့်
ဒီလိုတွေဖြစ်လာနိုင်သလဲလို့ဆိုတော့ 
တရုတ်ကြီးဟာ
တောင်တရုတ်ပင်လယ်ကိစ္စမှာ
ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လက်မထောင်ပြီး
လက်ဝှေ့ရေးပြနေပေမဲ့ 
နောက်ကနေပြီး အလစ်မှာ
ဝါးဆစ်ပိတ်နဲ့တက်ရိုက်နိုင်တာက
မြန်မာပြည်ဖြစ်နေလို့ပါပဲ။
တနည်းပြောရရင်
အခုလိုရန်သူတွေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ
နောက်ကျောလုံဖို့က အရေးအကြီးဆုံးပါပဲ။
နောက်ကျောဖက်က
စစ်မျက်နှာအသစ်တခုထပ်ပြီး ထွက်လာမှာကိုတော့
ဘယ်နည်းနဲ့မှ အဖြစ်ခံမှာမဟုတ်ပါဘူး။
ပြောရရင်တော့
ဒီအချိန်ဟာ တရုတ်အခက် မြန်မာအချက်ပါပဲ။
မြန်မာပြည်ရဲ့ နိုင်ငံရေးပဲ့ကိုင်ရှင်
ဒေါ်စုရဲ့
ပါးနပ်လိမ္မာကျွမ်းကျင်မှု နဲ့
နိုင်ငံရေးမှော်ဝင်ကြိမ်စင်္ကြာ ရဲ့ပညာသားပါသော
ကစားကွက်အောက်မှာ
တရုတ်ကြီးက စည်းချက်အတိုင်း
လိုက်ကပေးမယ့်သဘောရှိနေပါတယ်။
အရင့်အရင် စစ်ဗိုလ်ချုပ်ကြီးတွေတုန်းက
စစ်ရေးအမြင် စစ်ရေးအမြင်လို့ ပါးစပ်ကသာပြောနေခဲ့ကြပေမဲ့
တရုတ်ကြီးက မြန်မာပြည်ကို
သေနတ်တချက်မဖေါက် ၊ အမြှောက်တချက်ပစ်စရာ မလိုပဲ
မြန်မာပြည်ရဲ့
နိုင်ငံရေးနဲ့ စီးပွားရေးကို ချု ပ်ကိုင်ထားနိုင်ခဲ့သလို
အဆီကိုစား အသားကိုမျို နိုင်ခဲ့ကြပြီး
မြန်မာပြည်ကိုခါးလည်ကပိုင်းကါ
တရုတ်ရဲ့အနောက်ဖက်ပင်လယ်ထွက်ပေါက်ကြီးကို အလကားမတ်တင်းနီးနီးနဲ့ရယူနိုင်ခဲ့ကြပါတယ်။
အခုအချိန်မှာ
တပြည်လုံးနီးနီး အမျို ခံထားနေရတဲ့
မြန်မာပြည်ကို
ဒေါ်အောင်ဆန်းစုကြည်က နဂါးပါးစပ်ထဲကနေ
ဘယ်လိုရအောင် ဆွဲထုတ်မှာလည်းဆိုတာက
စိတ်ဝင်စားစရာပါ။
ဒေါ်စုရဲ့
မှော်ဝင် နိုင်ငံရေး ကြိမ်စင်္ကြာ က
တရုတ်နဂါးကြီးအပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ အစွမ်းထက်မလဲဆိုတာကတော့
စောင့်ကြည့်ရမဲ့သဘောပါ ။
Credit to ဇော်ဝင်းလှိုင်

No comments:

Post a Comment