:include data='blog' name='google-analytics'/>

Saturday, August 20, 2016

အသေခံမလား? အသိခံမလား?








Aye Aye Htwe added 3 new photos.
အသေခံမလား? အသိခံမလား?
****************************
စာရေးသူ - မင်းသွေးငယ် (ရာမညမြေ)
"ကလင် ကလင် ကလင်"...
ဟဲလို --- ချစ်လေးလား မောင်ပါ

မောင်နော် --- ချစ်ဆီ ဖုန်းမဆက်တာ တစ်ပတ်ရှိပြီနော်
ချစ်ကလည်း မောင် Busy နေလို့ဟာ
ဟွန်း ငိုပစ်လိုက်မှာနော်
ကဲ ကဲ --ချစ်လေးကျေနပ်အောင် မျက်တော်ဖြေတဲ့အနေနဲ့
ဒီတစ်နေ့လုံး/တစ်ညလုံး
ချစ်လေးနဲ့ မနားတမ်းဖုန်းပြောပေးမယ်
အချိန်ပေးမယ် ဟုတ်ပြီလား
ချစ်လေးအသံကြားရပြီးရော ချစ်လေးရဲ့ပုံရိပ်ကို အိပ်မက်ထဲထိခေါ်သွားမယ် သန်းခေါင်ကျော်လို့ မောင် အိပ်ချင်မူးတူးဖြစ်နေရင်တောင်
မောင့်အိပ်ရာထဲထိ ချစ်လေးအသံကို ခေါ်သွားဦးမှာ
မောင့် ခေါင်းအုံးလေးနား ဖုန်းလေးချ
ခုလို မိုးအေးအေး စစမှာ ချစ်လေးအသံလေးတစိမ့်စိမ့်နားထောင်ရင်း
မောင် အိပ်ပါရစေ ချစ်လေးရယ် ညော်
*******************************
ညော်မနေနဲ့ ဆော်ပလော်တီးမယ့်ကောင်က
ကိုယ့်အနားမှာ
" သူက Silent Killer "
သင်သိရဲ့လား
သင်သုံးတဲ့ Mobile Phone,
Cell Phone ဆိုတာ လူသတ်သမားတစ်ယောက်ဖြစ်နိုင်တာဆိုတဲ့ အချက်
ချစ်တဲ့သူတွေဆီတစ်နေကုန် တဗျက်ဗျက် ဆက်ဆက်နေတဲ့ သင်
တစ်ချက်ကလေးမျှ သတိထားမိရဲ့လား
မှန်ပါတယ်
Cell Phone က သေနတ်တစမ်းစမ်း ဓါးတရမ်းရမ်းနဲ့ လူတွေလိုက်သတ်နေတာတော့ မဟုတ်
Cell Phone ကထုတ်လိုက်တဲ့ EMF ဆိုတဲ့
လူ့အန္တရာယ်ဖြစ်စေတဲ့ Electro-magnetic Radiation မှ Phone User ကို
အသံတိတ်လေး မြှင်းမြှင်းပြီး သတ်နေတာပါ
သင် ဆင်ခြေပေးလိမ့်မယ်
ဒီဖုန်းကို တစ်သက်လုံး သုံးနေတာ ဘာဖြစ်မှာမို့လို့လဲ
ဘာမှတော့ မဖြစ်နိုင်ပါဘူး
*** ***** ***** ***** *****
ကင်ဆာဖြစ်ရုံလေးပါ
အမေရိကန် ကင်ဆာဖောင်ဒေးရှင်း ဆေးသုတေသနအရ
ကင်ဆာ ဖြစ်တဲ့ လူ ၁ဝဝ မှာ ၆ဝ လောက်က
Cell Phone သုံးခြင်းမှ ရလာတဲ့ ဓါတ်ရောင်ခြည်ကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ ကင်ဆာတွေပါတဲ့
သင် ဖုန်းတစ်ခါဆက်တိုင်း သင့်ရဲ့ကျန်းမာလတ်ဆတ်တဲ့ တစ်သျူး ကလပ်စည်းတွေက အဆိပ်ပြင်း ဓါတ်ရောင်ခြည်တွေကို စက္ကန့်နဲ့အမျှ မျိုမျိုချနေတာ သင်သိရဲ့လား
သင့်ခန္ဓာက အတတ်နိုင်ဆုံး
ရောင်ခြည်ပမာဏ (0.2 mG)(milliGauss)
ပဲခံနိုင်တာ
ဒီထက်ပိုလာရင် ဇီဝကမ္မ ပျက်ယွင်းပြီ
ကင်ဆာနဲ့ အခြားနောက်ဆက်တွဲရောဂါရဖို့
၉ဝ ရာခိုင်နှုန်း သေချာသွားပါပြီ
ဖုန်းကထွက်လာတဲ့ ဓါတ်ရောင်ခြည်ကြောင့်
ကိုယ့်ရဲ့ ဗီဇဆဲလ်DNA တွေ အပျက်ခံနိုင်ပါသလား
သားသမီးမရ မျိုးစေ့တွေပျက်
လူလုံးမထွက် အဖြစ်ခံနိုင်မလား
သွေးကင်ဆာ အဖြစ်ခံနိုင်သလား
ဦးနှောက် ကင်ဆာ အဖြစ်ခံနိုင်သလား
ဦးနှောက်ဆဲလ် အပျက်စီးခံမလား
ကိုယ်ဝန်ဆောင်တွေ ရောင်ခြည်သင့် ရင်သွေးအသေတွေ မွေးချင်သလား
သွေးပေါင်တွေအဆမတန်တက်
ဦးနှောက်သွေးကြောပြတ်ချင်သလား
သင် သေချာစဉ်းစားပေါ့
***********************
သုတေသနအရ လူလတ်ပိုင်း/လူကြီးပိုင်းအနေနဲ့
ဖုန်းသုံးသက် ၁ဝ နှစ်ကျော်လာရင်
ကင်ဆာဖြစ်နိုင်ခြေများပါတယ်တဲ့
အသက်၂ဝအောက် လူငယ်တွေ ကလေးသူငယ်တွေ ဖုန်းကို ၅ ကြိမ်အထက် သုံးမိရင်တောင် ဇီဝကမ္မပျက်စီးနိုင်ပါသတဲ့
ဆေးရုံ ကင်ဆာဆောင်တွေမှာ
တစ်ချို့က ဆိုတယ် မျိုးရိုးမရှိဘဲ အစားအသောက်ဆင်ခြင်လျက်သား
ဘာဖြစ်လို့ ကင်ဆာဖြစ်ရတာတုန်း
ဒေါသတွေ မျက်ရည်တွေ အုံးအုံးကျလို့
ကိုယ့်အပါး တစ်ဖဝါးမခွာရှိနေတဲ့ အသံတိတ်လူသတ်သမား
သတိမှ မထားမိတာကိုး
ဒါကြောင့်
အမှားနည်း နောင်တမျက်ရည်စဲအောင်
သတိရော/အသိပါ ကြီးစွာထားရတော့မယ်
နိစ္စဓူဝ ကျွန်တော်/ ကျွန်မတို့က
ဒီဖုန်းလေးမှ မရှိရင် အလုပ်မဖြစ်ဘူး
ဖုန်းနဲ့ မကင်းကွာနိုင်ဘူးဆိုလည်း
ဆောင်ရန် ရှောင်ရန်လေးတွေ သိထားကြရမယ်
ဖုန်းသုံးရာမှာ ဘေးအကင်းဆုံးနည်းလမ်းက
**************************************
(1) ဖုန်းအားသွင်းနေစဉ် Line မသုံးပါနှင့်
(2) ဖုန်းပြောလျင် နားနား မကပ်ဘဲ Speaker ဖွင့်ပြောပါ ကိုယ်ရေးကိုယ်တာ(Privacy)မို့
ပြောချင်သပဆိုလည်း နားကြပ်တပ်ပြောပါ
ရောင်ခြည်နဲ့ ဝေးအောင် တစ်နည်းနည်းဖြင့် ကြံဆောင်ပါ
(3) တစ်နေကုန် ဖုန်းဖွင့်လျက် Internet ဖွင့်လျက် မိမိအနား မထားရ ဓါတ်ရောင်ခြည်ကို မခွဲနိုင်မခွာရက် ထွေးပိုက်ထားသလိုမပြုရ
(4) ဖုန်းပြောလျင် ကလေးသူငယ်/ ကိုယ်ဝန်ဆောင်တို့နှင့် ဝေးရာတွင်ပြောပါ
(5) ဖုန်းလိုင်းမကောင်းလျင် မပြောသင့်
လိုင်းမကောင်းရက်သား ကြိတ်မှိတ်ပြောလျင်
ဖုန်း Radiation ၅ ဆပိုထုတ်ရခြင်းကြောင့် မိမိအတွက် အန္တရာယ်များသည်
(6) အိမ်တွင် နေ့/ ည Wireless တပ်ဆင်ထားလျင် ညအချိန်
Wireless ပိတ်အိပ်သင့်သည်
(7) ဓါတ်လှေကား/ကား/ရထား နှင့် လေယာဉ်ပေါ်တွင် ဖုန်းကို
အချိန် ကြာရှည်စွာ မပြောသင့်
အကြောင်းမှာ လေးဘက်လေးတန် ကာရံထားသည့် သံထည်/ သတ္တုထည်များသည် ဓါတ်ရောင်ခြည်ကို ပိုစုပ်၍ ပိုထုတ်တတ်ခြင်းကြောင့်ဖြစ်သည်
(8) မလိုအပ်ဘဲ ဖုန်းမပြောပါနှင့်
(9) ဖုန်းခေါ်မည့်အစား စာရိုက် မက်ဆေ့ခ်ျ ပို့ ပါ
(10) ညဘက် ဖုန်းပိတ်အိပ်ပါ
(11) Wifi လွှတ်ထားသည့် Areaများကို ရှောင်ပါ
(12) တတ်နိုင်လျင် Cordless ဖုန်းမသုံးပါနှင့်
(13) Mobile Phone Tower နှင့် နီးလွန်းသည့် နေရာများ သတိထားပါ
(14) နောက်ဆုံးအရေးကြီးဆုံးအချက်ကား
Radiation နှင့် Toxin များကို နေ့စဉ်အစားအသောက်ဖြင့်ထုတ်ပယ်
တတ်ရန်လိုသည်
အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့
Detox Food တွေကတော့
စိမ်းပြာရေညှိ/ကျောက်ပွင့်/ ကြက်သွန်ဖြူ ကြက်သွန်နီ/ နနွင်း/ နံနံပင် /ချင်းစိမ်း /သကြားမုံလာ/ကိုက်လန်
အသီးတွင်- ပန်းသီး/သဘောင်္သီး/ထောပတ်သီး
အဆီတွင်- သံလွင်ဆီ(အညို)/အုန်းဆီ
Supplement အနေဖြင့် ဆေးဆိုင်များတွင် ဝယ်ယူနိုင်သော သဘာဝသစ်ကို လေလုံအောင် အပူပေးထားသည့် ခန္ဓာတွင်းအဆိပ်ကို
စုပ်ယူ/ဖယ်ရှားပေးသည့် သဘာဝမီးသွေးလုံး
(Activated Charcoal)စသည်တို့ကို ဆေးညွှန်းအတိုင်း စားသုံးရင်း
ကဲ-----
ဖုန်းတစ်လုံးကြောင့် ခန္ဓာကိုယ်သံချေးမတက်စေရေး
ကင်ဆာနှင့် အခြားကင်ဆာ့အနွယ်တော်ရောဂါများကင်းဝေးစေရေး အရွယ်မတိုင်မီ ကင်ဆာဆစ်ပိုးမထိုးစေရေး
စေတနာအနန္တဖြင့် သတိပေးလိုက်ပါရစေ
*************************************
တစ်နေကုန် တစ်နေခမ်း Fb သုံးနေသူများ/
နေ့/ည မအား ဖုန်းပြောနေသူများ/မောင် Q/ မ Q များ/ဖုန်းနှင့် မကင်းနိုင်သူများအားလုံးအတွက် Share ပေးကြပါကုန်
*************************************
မင်းသွေးငယ်(ရာမညမြေ)
နိုင်ငံတော်နှင့် အာဆီယံအဆင့် စာပေဆုများရှင်
ရောဂါဗေဒဌာန
*************************************
အသေးစိတ်ကို
www.Best-EMF-Health-comနှင့်
Bridlewood Electromagentic Fields
(EMFs) information service နှင့် Cell Phone Radiation hazards.com
တို့ တွင်လည်း ဖတ်ရှုနိုင်ပါသည်

No comments:

Post a Comment