:include data='blog' name='google-analytics'/>

Thursday, October 30, 2014

ကြွေပုပ်

copy from  Khin Mg Winn`s FB

ကြွေပုပ်
ကျနော့်ထံ ဆီးကျောက်တည်လို့
လူးလှိမ့် အော်ဟစ်ပြီးရောက်လာ
ရင် ပုံတွင်ပြထားတဲ့ ပင်လယ်...
ကမ်းစပ်တွေမှာ အလွယ်တကူရ
နိုင်တဲ့ကြွေပုပ် ကိုဆန်ဆေးရေနဲ့
ရောပြီး ကောက်ပြင်ပေါ်တင်သွေး
လူးလိုက်ရင် ကောင်းသွားပါတယ်

ကျောက်တည်တဲ့လူနာတွေကိုတော့ မြန်မာဆေးတွေဘဲညွှန်းပါ
တယ် တခါမှခွဲစိပ်ဆရာထံ မလွှဲဘူး
သေးပါ။
ဈေးပေါပါတယ် လူနာအတွက်လဲ ထိရောက်ပါတယ်
လူနာတွေကဘဲပြန်သင်ပေးခဲ့တဲ့
နည်းလမ်းတွေပါ။
မုဆိုး စိုင်သင်ဆိုသလိုပေါ့
ယုံကြည်မယ်ဆို စမ်းသတ်ကြည့်ပါ။



ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း



ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ ...အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို  မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေး ပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်...
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း 

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။ 

မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို မေ့သွားတတ် လို့ ဖြစ်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။ 

ယင်း ဖွတ်ကျားများဟာ လူတို့ လိုက်ဖမ်းတဲ့ အခါမှာ လျင်မြန်စွာ ပြေးပါတယ်။ ဒါပေမယ့် ပြေးလွှားနေရင်းနဲ့ သူတို့ဟာ ဘာကြောင့် ပြေးနေတယ် ဆိုတာကို မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေးပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။ 

ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်... 

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#joke_yyl
#aungkham_yyl
.



Tuesday, October 28, 2014

ခရမ်းချဉ်သီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

7 day daily

ခရမ်းချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ခရမ်းချဉ်သီးဖျော်ရည်တွင် ဗီတာမင် A, K, B1, B2, B3, B5 နှင့် B6 တို့အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စပရပ်စ်ဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်သည်။ ယင်းသတ္တုဓာတ်များနှင့် ဗီတာမင်တို့မှာ ကျန်းမာရေးအတွက်သာ အထူးကောင်းမွန်သည်မဟုတ်ဘဲ အသားအရေနှင့် ဆံကေသာအတွက်လည်း ကောင်းမွန်သည်။
ခရမ်းချဉ်သီးဖျော်ရည် သောက်မည်ဆိုပါက လတ်ဆတ်သော ခရမ်းချဉ်သီးများဖြင့် စီမံပြုလုပ်ရန် အရေးကြီးသည်။ ခရမ်းချဉ်သီးများနှင့် အနီရောင်ရှိသော အသီးများတွင် ပါဝင်သည့် ကင်ဆာရောဂါကာကွယ် ပေးသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
ဝမ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းတို့ကဲ့သို့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် သွေးထဲ၌ ကိုလက်စထရောပါဝင်မှုကို လျှော့ချရာတွင် အစွမ်းထက်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော အမျှင်ဓာတ်ကြောင့် LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်ပြီး ကိုလက်စထရောပါဝင်မှု မြင့်မားခြင်းကို တိုက်ဖျက်နိုင်သော ဗီတာမင်ဘီဒြပ်ပေါင်းများလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်။
ခရမ်းချဉ်သီးဖျော်ရည်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုစေမည် ဖြစ်သည်။

Sunday, October 26, 2014

ဆေးကုခံယူခြင်းဆုံးဖြတ်ချက်မမှားရအောင်

ဆေးကုခံယူခြင်းဆုံးဖြတ်ချက်မမှားရအောင်

“ ဆရာဝန်နဲ့ ဆေးရုံ၊ ဆေးခန်း ဘယ်လိုရွေးချယ်ရမလဲ ”
နိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများ သည်လည်း အပြိုင်အဆိုင်ပေါ်ထွက်လာခဲ...့ပါသည်။ ငွေကြေးတတ်နိုင်သည့် ပြည်သူများအတွက် ရွေးချယ်စရာ တစ်ခု အနေဖြင့်သော်လည်းကောင်း၊ အစိုးရလစာဖြင့် မရပ်တည်နိုင်သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး နှီးနွယ် ဝန်ထမ်းများအတွက် ဝင်ငွေရှာဖွေရန် နေရာအဖြစ်သော်လည်းကောင်း အရေးပါသည့်နေရာတစ်ခု အဖြစ် တည်ရှိနေပါသည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းသည် အခြားကုန်ပစ္စည်းများနှင့်မတူပါ။ အခြားကုန်ပစ္စည်းများ (ဥပမာ-အဝတ်အစား၊ စားစရာ စသည်) ဆိုပါက စားသုံးသူပြည်သူများမှ လှမလှ၊ တော်မတော်၊ Fitting ခန်း တွင် အစမ်းဝတ်ကြည့်၍ရသည်။ စားစရာကိုလည်း နဲနဲမှာစားပြီး မြည်းကြည့်လို့ရသည်။ အူအတတ်ရောင်ပြီး ဗိုက်ခွဲရမည့်လူနာ၊ Actue Myocardial Infarct ဟု ခေါ်သည့် Heart Attack (နှလုံးကြွက်သားပုပ်ခြင်း) လူနာ မှာ ဆေးခန်းတကာ လှည့်လည်ပြီး ဆရာဝန် တစ်ယောက်ပြီးတစ်ယောက် အစမ်းခွဲခိုင်း (Testing) သို့မဟုတ် ကုသခိုင်းရန် အခွင့်အရေးမရှိပါ။ အကောင်းဆုံးဟု ထင်မြင်ယူဆသည့်သူ၏ လက်ထဲသို့သာ မိမိ၏အသက်ကို ပုံအပ်လိုက်ရခြင်း ဖြစ်ပါသည်။
ဆေးကျောင်းသားများကို စာမေးပွဲစစ်ရင် ပြောနေကြစကားလုံးကို ပြန်ကောက်ရလျှင် “ ဆောရီး ဆရာကြီး ကျွန်တော်ဖြေတဲ့ အဖြေမှားသွားလို့ နောက်ပြန်ပြင်ပြီး ဖြေပါရစေ ” လို့ ကျောင်းသားမှ ပြောလာလျှင် “ မရတော့ဘူး တပည့်၊ မင်းပေးတဲ့ဆေးထိုးပြီး လူနာကတော့ ပြီးခဲ့တဲ့မိနစ်ကဘဲ ဘဝတစ်ပါး ကူးသွားပါပြီ ” ဆိုပြီး ပြောလေ့ရှိသည်။ ဆေးပညာနှင့်ပတ်သက်သည့် စာမေးပွဲ MCQ ဖြေဆိုရာတွင်လည်း အဖြေမှန်ပါက (+၁) မှတ်၊ မဖြေဘဲထားပါက (ဝ) မှတ် ဖြစ်ပြီး မှားယွင်းဖြေဆိုပါက (-၁) မှတ် နှုတ် ခံရပါသည်။ ဒါကလည်း မသိလျှင် မဖြေနိုင်အောင် ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ လူ့အသက်နှင့်ဆိုင်သောကြောင့် ရွှီးပြီး မဖြေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
လူနာများသည် မိမိတို့၏အသက်ကို မိမိတို့ယုံကြည်ရသည့် ဆရာဝန်၊ ဆရာမ၊ ဆေးရုံ၊ ဆေးခန်း များသို့ ဝကွက် အပ်နှံကြရပါသည်။ မိမိအပ်နှံလိုက်သည့် ဆရာဝန် တကယ် တတ်မတတ်၊ ဆေးရုံ၊ ဆေးခန်း ကောင်းမကောင်းကို လူနာရှင်မိသားစုများမှ အကဲဖြတ်နိုင်ရန် လုံလောက်သော ကျန်းမာရေးနှင့် ဆိုင်သည့် အသိပညာမရှိကြပါ။ အချင်းချင်းကြားဖူးနားဝ သော်လည်းကောင်း၊ ဆေးခန်းဝ၌ ချိတ်ထားသော ဘွဲ့များကို ကြည့်၍သော်လည်းကောင်း ရွေးချယ်ရပါသည်။ ဒီပလိုမာ၊ မာစတာ (M.Med.Sc) ဘွဲ့ရသူများသည် အထူးကုဆရာဝန်ဆိုပြီး တပ်ထားလေ့ရှိပါသည်။ ထိုသို့ ဘွဲ့လွန်ရထားသူများအားလုံးသည် နိုင်ငံတော်အစိုးရ ဆေးရုံများတွင် ရာထူးအရ သတ်မှတ်ထားသော အထူးကုဆရာဝန် (Consultant Physcian/ Surgeon/ OG/

-၂ -
Paediatrician) များ မဟုတ်ကြပါ။ ဒါကိုလည်း ပြည်သူများသိရှိရန် လိုအပ်ပါသည်။ ဆေးပညာဘွဲ့ရတစ်ယောက် အလုပ်စတင်ဝင်ရောက်ပါက လက်ထောက်ဆရာဝန် (Civil Assistant Surgeon) ၊ ဘွဲ့လွန် (M.Sc) ရပြီးပါကလည်း အထူးကု လက်ထောက်ဆရာဝန် (Specialist Civil Assistant Surgeon) (လစာမပြောင်းလဲပါ) ဆရာဝန်အဖြစ် Training ယူပြီး Consultant ဆရာကြီး/ ဆရာမကြီးတို့၏ ကြီးကြပ်မှုဖြင့် တာဝန်ထမ်းဆောင်ကြပါသည်။ ထိုအချိန်တွင် ပြည်ပ Membership စာမေးပွဲများကိုလည်း ဖြေဆိုကြပါ သည်။ ထိုသို့ လေ့လာသင်ယူပြီး နှစ်ကာလတစ်ခုသို့ ရောက်လာပြီးနောက် နေရာလွတ်ရှိပါက အထူးကု ဆရာဝန် (Consultant) အဆင့်သို့ ရာထူးတိုးတာဝန် ထမ်းဆောင်ကြရပါသည်။ ၄င်းမှတဆင့် ရာထူးတိုးပါက အထူးကုဆရာဝန်ကြီး (Senior Consultant) သို့ တိုးမြှင့်ခံထားရပါသည်။ ကျန်းမာရေးဦးစီးဌာနရှိ ကုသရေး အပိုင်းတွင် အထူးကုဆရာဝန်ကြီးအဆင့်မှာ ဆုံးပါသည်။
ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင်မူ လက်ထောက်ကထိက၊ ကထိက၊ တွဲဘက်ပါမောက္ခ၊ ပါမောက္ခ ဆိုပြီး ရာထူးအဆင့်များရှိပါသည်။ လစာအရ အထူးကုဆရာဝန် (Consultant) မှာ ကထိကနှင့် တူညီပြီး အထူးကုဆရာဝန်ကြီး (Senior Consultant) မှာ တွဲဘက်ပါမောက္ခနှင့် တူညီပါသည်။ ဘွဲ့လွန်မာစတာရပြီး အထူးကု (Specialist)ဟု ဆိုရာတွင် အထူးကုလက်ထောက်ဆရာဝန် (Specialist Assistant)၊ အထူးကုဆရာဝန် (Consultant)၊ အထူးကုဆရာဝန်ကြီး (Senior Consultant) ဆိုသည့် ရာထူးများအပြင် သင်ကြားရေးအရ လက်ထောက်ကထိကမှ ပါမောက္ခအထိ အဆင့်ဆင့်ရှိပြီး အတွေ့အကြုံတာဝန်ယူမှု မတူညီကြကြောင်း သိထားရပါမည်။
ရန်ကုန်၊ မန္တလေး၊ မကွေးမြို့များတွင် ဆေးတက္ကသိုလ်များရှိပြီး သင်ကြားရေးဆေးရုံများတွင် ဆေးသိပ္ပံပညာဦးစီးဌာနမှ သင်ကြားရေးဆရာဝန်ကြီးများနှင့် ကျန်းမာရေးဦးစီးဌာနမှ ကုသရေး ဆရာဝန်ကြီးများ (၂)မျိုးစလုံးရှိကြပါသည်။ အဆိုပါဆေးရုံများတွင် ဝါ့ဒ်ပိုင် (Ward Incharge)ဟု ခေါ်ဆိုသည့် တာဝန်ခံ ဆရာဝန်ကြီးအဖြစ် ပါမောက္ခ (သို့မဟုတ်) တွဲဘက်ပါမောက္ခများက အများအားဖြင့် တာဝန်ယူကြပါသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင် ဆေးရုံများတွင် အထူးကုဆရာဝန်ကြီး (Senior Consultant) နှင့် အထူးကုဆရာဝန် (Consultant)များက ဝါ့ဒ်ပိုင် (Ward Incharge) တာဝန်ယူကြပါသည်။ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန်တို့မှ တာဝန်ယူပါသည်။
အစိုးရဆေးရုံများတွင် ဆေးကုသမှုပြုလုပ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ရာတွင် ဝါ့ဒ်တာဝန်ခံ ဆရာဝန် (Ward Incharge) များက တာဝန်ခံရပါသည်။ ဝါ့ဒ်တာဝန်ခံဆရာဝန်ကြီး (ပါမောက္ခ/ တွဲဘက် ပါမောက္ခ/ ကထိက/ အထူးကုဆရာဝန်) ၏ ခွင့်ပြုချက် ကြီးကြပ်မှုဖြင့် အထူးကုလက်ထောက်ဆရာဝန် များ၊ ဘွဲ့လွန်တက်နေသည့် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များမှ ကုသမှုအဝဝကို ဆောင်ရွက်ကြရပါသည်။ Ward ထဲတွင် (၂၄)နာရီပတ်လုံး သူနာပြု၊ အလုပ်သင်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်၊ အထူးကုလက်ထောက်ဆရာဝန်များ ရှိနေပြီး အဆင့်ဆင့် တာဝန်ယူထား သောကြောင့် “ ဆရာဝန်၏ပေါ့ဆမှုကြောင့် လူနာသေဆုံးနိုင်ခြေ ” အနည်းဆုံးမှာရှိပါသည်။ လူနာတစ်ဦးအား ရောဂါရာဇဝင်
-၃-
မေးခြင်း၊ စမ်းသပ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့မှာ တတိယနှစ်၊ နောက်ဆုံးနှစ် အပိုင်း(က)၊ နောက်ဆုံးနှစ် အပိုင်း (ခ)၊ ဘွဲ့လွန်ပထမနှစ်၊ ဘွဲ့လွန်ဒုတိယနှစ်၊ ဘွဲ့လွန်တတိယနှစ်၊ လက်ထောက်ဆရာဝန်၊ အထူးကု ဆရာဝန်၊ Consultant ၊ တွဲဘက်ပါမောက္ခ/ ပါမောက္ခ စသဖြင့် လူပေါင်းစုံ၊ မျက်စိပေါင်းစုံ၊ ဒေါင့်ပေါင်းစုံမှ စမ်းသပ်စစ်ဆေးနေသောကြောင့် တစ်ယောက်အမှားလုပ်မိလျှင် အခြားတစ်ဦးမှ မြင်နိုင်ပါသည်။ ထို့အပြင် ဆေးပညာသင်ကြားရေး ဆောင်ရွက်နေသောကြောင့် ခေတ်မှီကုထုံးများကိုလည်း အစဉ်တစိုက် ဆွေးနွေး သင်ကြားနေခြင်း၊ အပတ်စဉ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ (၂၄)နာရီအတွင်း သေဆုံးသည့်လူနာအား ရင်ခွဲ စစ်ဆေးခြင်း (Post Mortern) ပြုလုပ်၍ ရောဂါအား Confirmation ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ကြပါသည်။
ပုဂ္ဂလိကဆေးရုံများ၏ အဓိကအားနည်းချက်မှာသူနာပြုနှင့် လက်ထောက်ဆရာဝန်များကိုသာ အချိန်ပြည့် ၀န်ထမ်းခန့်အပ်နိုင်ပြီးအစိုးရဆေးရုံများကဲ့သို့ အထူးကုလက်ထောက်ဆရာဝန် (Specialist CAS) နှင့် အထူးကုဆရာဝန် (Consultant) ခန့်အပ်နိုင်ခြင်းမရှိမှုသည် အဓိကအားနည်းချက်ဖြစ်ပါသည်။ နိုင်ငံတကာ အဆင့်မမှီနိုင်ခြင်းမှာလည်း ၄င်းအချက်ပင်ဖြစ်ပါသည်။ အထူးကုဆရာဝန်များ၊ ပါမောက္ခများမှာ အချိန်ပိုင်းသာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ လာရောက်သည့် အတွက် လူနာအရေးကြီး သည့် အချိန်တွင် ထိရောက်သော အချိန်မှီကုသမှုကိုရရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် ပုဂ္ဂလိကဆေးရုံများတွင် အထူးကုဆရာဝန် တစ်ဦးဦးအား ပြသထားပါကထိုအထူးကုမရှိ၍ ကြုံသည့်အထူးကု (ဆေးရုံဆေးခန်းသို့ လူနာလာကြည့်ရင်းရောက်ရှိနေမည့် အထူးကု)သို့ ပြသရန်မှာလည်းပိုင်ရှင် (ကြည့်နေကျဆရာဝန်)စိတ်ဆိုးမှာလည်းကြောက်ရသည့်အတွက် မပြရဲဘဲ ငုတ်တုတ်ကြည့်နေရသည့် ပုဂ္ဂလိကဆေးရုံများရှိ လက်ထောက်ဆရာဝန်၊ သူနာပြုများမှာ လူနာရှင်များ ၏ အဆူအဆဲကိုသာ ခံနေကြရပါသည်။          ဆရာဝန်ကြီးများ အနေဖြင့်လည်းမနက် (၈း၃၀)နာရီ မှ ညနေ (၄း၃၀)နာရီအထိ အစိုးရဆေးရုံတွင် စာသင်၊ လူနာကြည့်၊ ခွဲစိတ်၊ အစည်းအဝေးတက် ညနေတွင်လည်း ဆေးခန်း(၂)ခု (၃)ခုထိုင်၊ ညဖက်တွင် မိုးချုပ်အထိခွဲစိတ်၊ မိုးမလင်းခင် Round လှည့် ဆောင်ရွက်နေရပါက Quality ထိန်းသိမ်းရန် ခက်ခဲပါသည်။ ယခုအခါ ယာဉ်ကြောပိတ်ဆို့မှု (Traffic) ကလည်း ဆိုးဝါးနေရာ ဆေးရုံ၊ ဆေးခန်းတစ်ခုမှ တစ်ခုသို့ ကူးရာတွင်လည်း အချိန်တစ်နာရီကျော် နှစ်နာရီနီးပါးကုန်နေပါသည်။ လူနာမှ အရေးပေါ်၍ ဖုံးဆက်ခေါ်ပါက ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူနာများဆေးကုသမှုနောက်ကျ၍ မသေသင့်၊ မကြွေသင့်ပဲသေကြကြွေကြ ရပါသည်။



လူနာရှင်များမှ စဉ်းစားသင့်သည့်အချက်များမှာ -
- အရေးပေါ်အခြေအနေ (Emergency) ကိုကုသရမည်ဆိုပါက Emergency Team လုံလောက် စွာရှိသည့် အစိုးရဆေးရုံသို့သာသွားသင့်သည်။ အထူးသဖြင့် ညအချိန်မတော်ဖြစ်ပါကပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အထူးကုဆရာဝန် ဦးဆောင်သည့် Team ရှိမနေသည်ကိုသတိပြုရမည်။ ပုဂ္ဂလိက ဆေးရုံရှိ oncall ပေးထားသော အထူးကုဆရာဝန်မှာလည်း ဆေးရုံအနီးတွင်မရှိပါက အချိန် အတော်ကြာမှ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
-၄-
- ရဲနှင့် ဆိုင်သောအမှုအခင်းများ (ယာဉ်တိုက်မှု၊ ရန်ဖြစ်၊ ဆေးမှားသောက်၊ အဆိပ်သင့်၊ ကိုယ်ကိုယ် ကိုယ်သတ်သေ) လူနာများကိုအစိုးရဆေးရုံများမှသာလက်ခံကုသပါသည်။
- မိမိပြသမည့် အထူးကုဆရာဝန်ကြီးအား ရွေးချယ်မည်ဆိုပါက စားသောက်ဆိုင်ရွေးသကဲ့သို့ စားသောက်သူများသည် ဆိုင်မျိုးကိုမရွေးချယ်သင့်ပါ။ တစ်နေ့ လူနာ ၉၀-၁၀၀ ကြည့်သည့်
ဆရာဝန်ကြီးသည် စိတ်ရောကိုယ်ပါ နွမ်းနယ်နေသည့်အတွက် အမှားများနိုင်သည်။ Quality ကျနိုင် ပါသည်။ လူနာအရေအတွက် သင့်တင့်မျှတစွာရှိသည့် ဆရာဝန်ကိုသာ ရွေးချယ်ပြသသင့်ပါသည်။
- မိမိပြသမည့် အထူးကုဆရာဝန်ကြီးမအားပါက (သို့မဟုတ်) ခရီးသွားပါက တာဝန်ယူမည့် ဒုတိယ လူရှိမရှိ စုံးစမ်းထားသင့်ပါသည်။
- မိမိတက်ရောက်ကုသခံယူမည့် ပုဂ္ဂလိကဆေးရုံတွင် အရေးပေါ် အခြေအနေကုသမှုအဖွဲ့ EmergencyTeam) ရှိမရှိ။ အထူးကြပ်မတ်ကုသခန်း (Intensive Care Unit, Cadiac Care Unit, Neonatal Care Unit) ရှိမရှိ လေ့လာသင့်ပါသည်။



အထူးကုဆရာဝန်ကြီးများအားအကြံပြုတင်ပြလိုသည်မှာ -
- မိမိကုသမည့် လူနာအရေအတွက် ကန့်သတ်ထားခြင်းဖြင့် လူနာအပေါ်အချိန်ပိုပေးနိုင်ပြီး Quality Care ပိုမိုပေးနိုင်မည်ဖြစ်သည်။ မိမိနှင့် ပြသခွင့်မရသောလူနာများက အခြားအထူးကုဆရာဝန်သစ် များကို သွားရောက်ပြသဖြင့် ဂျူနီယာဆရာဝန်ငယ်များ၏ ချစ်ခင်လေးစားမှုကိုလည်း ပိုမိုရရှိမည် ဖြစ်သည်။
- အတွင်းလူနာထားရှိကုသမည်ဆိုပါက မိမိနေထိုင်ရာနေအိမ်နှင့်နီးသောပုဂ္ဂလိက ဆေးရုံတစ်ခု ကိုသာပုံသေရွေးချယ်ထားရှိသင့်ပါသည်။ သို့မှသာယာဉ်ကြောပိတ်ဆိုမှုကြောင့် ကားလမ်းပေါ်တွင် အချိန်ကုန်ခြင်းကိုရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
- ပုဂ္ဂလိကဆေးရုံများတွင် အတွင်းလူနာထားရှိပါက Second Man (ဒုတိယလူ)အားထားရှိခြင်း၊ အစိုးရဆေးရုံများကဲ့သို့ First Assistant (ပထမလက်ထောက်ဆရာဝန်) ထားရှိခြင်းတို့ ဆောင်ရွက် သင့်ပါသည်။ မိမိနှင့်အတူ Team Work လိုက်ပါ ဆောင်ရွက်နေပါမှာသာမိမိမအားလပ်သည့်အခါ အဆိုပါ Team မှ ချက်ခြင်း Emergency response ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။



ကျန်းမာရေးဝန်ကြီးဌာနအားအကြံပြုတင်ပြလိုသည်မှာ-
- ကျန်းမာရေးဦးစီးဌာနမှ ဖွဲ့စည်းထားသောပုဂ္ဂလိကဆေးရုံ/ဆေးခန်း ကြီးကြပ်ရေးအဖွဲ့သည် လိုင်စင် ထုတ်ပေးသည့် တစ်ကြိမ်သာစစ်ဆေးလေ့ရှိပြီးပုံမှန်စစ်ဆေးနိုင်မှု ပြုလုပ်သင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံများ၏ နေ့စဉ်ခွဲစိတ်မှု၊ ကလေးမွေးဖွားမှု၊ ဆေးရုံတက်ရောက်မှုအားပုံမှန် Report လုပ်ခိုင်းပေးသင့်ပါသည်။
- မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်း၊ သားဖွားနှင့် သူနာပြုအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းကြီးကြပ်ရေးအဖွဲ့
-၅-
အားဖွဲ့စည်းသင့်ပြီးလစဉ်ပုံမှန်စစ်ဆေးသင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံများတွင် Emergency Team ဖွဲ့စည်းရေး ကြီးကြပ်ပေးသင့်ပါသည်။ လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ သင်တန်းများ၊ Refresher Course များပေးသင့်ပါသည်။
- Referral System ကိုလည်းစနစ်တကျ ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။
- အခြားနိုင်ငံများကဲ့သို့ ဆေးရုံ၊ ဆေးခန်းများအား Medical Audit ဆောင်ရွက်ပေးပြီး Standard Operation Procedure ကိုလိုက်နာခြင်းရှိမရှိ၊ ဆေးပညာကျင့်ဝတ် (Medical Ethic) နှင့် ညီမညီပုံမှန်စစ်ဆေးသင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ အဆင့်အတန်းအားစစ်ဆေး၍ အများပြည်သူသိရှိအောင် အဆင့် ထုတ်ပြန်ပေးသင့်ပါသည်။ သို့မှသာ ပြည်သူများအလွယ်တကူ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။



ပုဂ္ဂလိကဆေးရုံဆေးခန်းများကိုအကြံပြုတင်ပြလိုသည်မှာ
- ပုဂ္ဂလိကဆေးရုံကြီးများတွင် အပတ်စဉ် Clinical Meeting, Motality Review များလုပ်သင့်ပြီး ပြင်ပမှ ဆရာဝန်ကြီးများ (MMA, MMC) ကိုဖိတ်ခေါ်ဆွေးနွေးသင့်ပါသည်။
- အရေးပေါ် ကုသမှုအဖွဲ့ (Emergency Team) အားစနစ်တကျ ဖွဲ့စည်းလေ့ကျင့်သင်ကြား ထားသင့်ပါသည်။
- Ward တိုင်းတွင် အထူးကုဆရာဝန် (Specialist A.S) တစ်ဦးအား ၂၄ နာရီ တာဝန်ပေးသင့်ပါသည်။ ညဖက်ဆေးရုံတွင် မအိပ်နိုင်ပါကဆေးရုံနှင့် အနီးအနားတွင် နေအိမ် စီစဉ်ပေးသင့်ပါသည်။
- နိုင်ငံတကာအဆင့်မှီဆေးရုံဟုအောက်ပါ Unit များစနစ်တကျဖွဲ့စည်းထားရှိပြီးလားဟု သုံးသပ်သင့် ပါသည်။
(က) Wand တိုင်းတွင် Emergency Care အတွက် လူနှင့် စက်ပစ္စည်းရှိပြီးလား။
(ခ) ခွဲစိတ်ခန်းထားပြီဆိုလျှင် အထူးကြပ်မတ်ကုသမှုဌာန (Intensive Care Unit)ရှိပြီးလား။ (၂၄ နာရီကောအလုပ်လုပ်နိုင်ရဲ့လား)
(ဂ) မွေးခန်းထားရှိသည့် ပုဂ္ဂလိကဆေးရုံကြီးများတွင် မွေးကင်းစခလေးစောင့်ရှောက်ရေးဌာန (Neonatal Care Unit) ရှိပြီလား
(ဃ) နှလုံးရောဂါလူနာရှင်အားအတွင်းလူနာအဖြစ် ထားမည်ဆိုလျှင် နှလုံးအထူးကြပ်မတ်ကုသဌာန (Cardiac Care Unit) ရှိပြီလား။
- ပုဂ္ဂလိကဆေးရုံကြီးအနေဖြင့် ရုပ်ဝတ္တုအပေါ်တွင်သာ အာရုံစိုက်နေပြီးအဓိကကျသည့် ကျွမ်းကျင် လုပ်သားမွေးထုတ်မှုတွင် အာရုံစိုက်မှု မရှိသည်ကိုတွေ့ရပါသည်။
-၆-
- မိမိဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် Medical Offierများသူနာပြုများကို ပြည်တွင်းပြည်ပ သင်တန်းများတက်ရောက်စေသင့်ပါသည်။
- နိုင်ငံတကာဆေးရုံများအစိုးရဆေးရုံများကဲ့သို့ အချိန်ပြည့်ဝန်ထမ်း (Permanent) အထူးကု ဆရာဝန်များ ခန့်အပ်နိုင်အောင် ကြိုးစားသင့်ပါသည်။ သို့မှသာမိမိတို့၏ လူနာများကိုထိရောက်သော Medical Care ပေးနိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် နိုင်ငံတော်အစိုးရပုဂ္ဂလိကဆေးရုံ၊ အထူးကုဆရာဝန် နှင့် လူနာ (Public, Private, Practitioner, Patient) P.P.P.P Partnership ပူးပေါင်းဆောင်ရွက်၍ စနစ်ကို ပြုပြင်မှသာ မလိုအပ်သော အသက်ဆုံးရှုံးမှုကိုကာကွယ်နိုင်မည်ဖြစ်သည်။ ပြဿနာဖြစ်ပေါ်မှသာတစ်ဦးကိုတစ်ဦးအပြစ် ပုံချခြင်း၊ အပြစ်ဒဏ်ငွေချမှတ်ခြင်း မပြုဘဲ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ခေတ်မှီတိုးတက်သော ကျန်းမာရေးစနစ်ကို ၀ိုင်းဝန်းတည်ဆောက်ရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

Thursday, October 23, 2014

ရှာရှာဖွေဖွေ အသုံးဝင်နည်းအထွေထွေ

ရှာရှာဖွေဖွေ အသုံးဝင်နည်းအထွေထွေ
--------------------------------------------------
သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။
တဆစ်ဆစ် ကိုက်နေ...တာတွေ သက်သာသွားပါလိမ့်မယ်။




ခြင်ကိုက်လို့ယားနေပါလား၊
ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။




သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။




တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။





ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။




ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။




ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ




ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ




မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။




ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး




ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ




အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ
အနံ့တွေပျောက်သွားပါလိမ့်မယ်




ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ





ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ
အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး




သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်မယ်





ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။





ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေတော့ပါ။


ဆက်ပါဦးမည်..
Credit- Original Writer
Express Time

Tuesday, October 21, 2014

‘အထက်’ ကတဲ့လား ….






    


ကျွန်တော်တို့ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူ လူထုတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုပြီး သီလလုံခြုံစွာဖြင့် အနစ်နာခံ ပေးဆပ်မှု စေတနာတရားများအား ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များကို ယခင့်ယခင် အစိုးရလက်ထက် များ ကတည်းက တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်တော်တို့ ပရဟိတသမားများသည် နိုင်ငံရေးပါတီ ဖွဲ့စည်း တည်ထောင်ထားသော နိုင်ငံရေးသ...မားများမဟုတ်၊ နိုင်ငံ့အရေး ပြည်သူ့အရေးကိစ္စများကို အစိုးရအား အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးနေသော စေတနာရှင်များ သက်သက်သာ ဖြစ်ပါသည်။ နိုင်ငံတော်အား ဆူပူမှုကို လှုံ့ဆော်ကြသူများမဟုတ်၊ နိုင်ငံတော်အာဏာအား လိုချင်တက် မက်ကြသောသူများလည်းမဟုတ်။ ပြည်သူလူထုတို့အားလည်း စည်းရုံးရေးဆင်းရန်မလို၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြသော ပရဟိတသမားများသာဖြစ်သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြေဝပြောမှုကိုသာ လိုလားကြသော စေတနာ ရှင် မေတ္တာရှင် ပေးဆပ်ကြသူများသာဖြစ်သည်။
တစ်ချိန်က … ဆရာတော်ကြီးတစ်ပါးမှ မြို့နယ်တစ်ခုတွင် တရားပွဲဟောကြားမှု ပြုရာတွင် ဤ တရားပွဲမှရရှိသော အလှူငွေများကို ကျွန်တော်တို့၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ ကြုံတွေ့နေရ သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် အကူအညီများကို အခမဲ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းမည်ဟု ကြေငြာပြီး ကျွန်တော့်အား အသိပေးအကြောင်းကြား ခဲ့သောကြောင့် ထိုနေ့ညတွင် ကျွန်တော်နှင့် အလုပ်အမှုဆောင်အချို့သည် တရားပွဲကျင်းပသည့် မြို့နယ်သို့ သွားရောက်ခဲ့ကြသည်။ လမ်းခုလပ်၌ ကျွန်တော့်ထံသို့ တယ်လီဖုန်းဝင်လာသည်။ “ဦးကျော်သူ ခင်ဗျာ … ကျွန်တော်တို့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကပါ။ ဆရာတော်ကြီးရဲ့ အလှူငွေလှူဒါန်းခြင်း အစီ အစဉ်ပျက်သွားပါပြီ” ဟူ၍ ဝမ်းနည်းကြေကွဲစွာ ဆက်သွယ်လာသည်။ ဘာကြောင့်နည်းဟု ကျွန်တော်မှ ပြန်လည်မေးမြန်းခဲ့ရာ … “မြို့နယ်အာဏာပိုင်အဖွဲ့မှ လှူခြင်းလှူ ကျော်သူတို့အဖွဲ့ကို မလှူရဘူး သူတို့ ဖွဲ့စည်းထူထောင်ထားတဲ့ အင်အားကြီး အဖွဲ့ကြီးအား လှူရမယ် အထက်က အမိန့်ချတယ်” တဲ့ဗျာ သြော် … ကျွန်တော်တွေးမိသည်။ အလှူရှင်၏ဆန္ဒကို ဖျက်သိမ်းပြီး အာဏာစက်ဖြင့် ဟို ကိုမလှူရဘူး။ ဒီကို လှူရမယ်လို့ ကန့်သတ်ချက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာ နိုင်ငံတွင် ရှိနေပါလားဟု။ ရှိစေတော့ … ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ဘဲ လိုသည်မဟုတ်လား။
နောက် … နာဂစ် လေဘေးကယ်ဆယ်ရေး၊ ပခုက္ကူ ရေဘေးကယ်ဆယ်ရေးများကို ကျွန်တော်တို့ အဖွဲ့သွားရောက်၍ ကူညီမှုများပြုရာတွင် နိုင်ငံတကာအဖွဲ့များ မသွားခဲ့သော၊ မသွားရောက်နိုင်သော ကျေး လက်ဒေသများအထိ ကျွန်တော်တို့အဖွဲ့မှ လူမှုရေးသမားများသည် စွန့်စွန့်စားစား ခဲရာခဲဆစ် သွားလာခဲ့ ကြသည်။ ထိုသို့ သွားလာရာတွင် ကယ်ဆယ်ရေးပစ္စည်းများအား သယ်ဆောင်ရန် စက်လှေ၊ မော်တော် ယာဉ် စသည့် သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် သွားရာတွင် “ကျော်သူတို့အဖွဲ့ဆိုရင် မငှါးရဘူး။ မလိုက် ရဘူး။ အထက်အမိန့်အရ” ဟူ၍ ထွက်ပေါ်လာပြန်သည်။ ‘သြော် … လူသားချင်းစာနာမှု ကင်းမဲ့သော အထက်ပါလား’ ဟူ၍ တွေးမိပြန်သည်။ ရှိစေတော့ … ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ဘဲ လိုအပ်တယ်။
နောက်ထပ်များစွာရှိသေးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အခမဲ့ သင်ကြားပို့ချပေးနေ သည့် အင်္ဂလိပ်စာသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ လူမှုရေးစွမ်းရည်မြှင့်သင်တန်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ … စသည့် စသည့် သင်တန်းမျိုးစုံနှင့် သင်တန်းဆင်းပွဲများကိုလည်း “အထက်အမိန့်အရ လာရောက်စုံစမ်း မေးမြန်းခြင်း” များလည်းရှိသည့်အပြင် ကျွန်တော်၏ နယ်လှည့်လူမှု ရေးဟောပြောပွဲများကိုလည်း ‘အထက်က ညွန်ကြားထားသည့်အတွက် မှတ်တမ်းလာယူခြင်း၊ ထောက် လှမ်းခြင်း’ များလည်း စဉ်ဆက်မပြတ် လုပ်နေရဆဲပင်ဖြစ်သည်။ ယင်းကဲ့သို့ သင်တန်းများတွင် ထို ထောက်လှမ်း သတင်းယူကြသူတို့၏ ဇနီး၊ သားသမီးများပင် လာရောက်၍ သင်တန်းတက်ကြသည်။ ကျွန်တော်တို့ဝမ်းသာစွာ ကြိုဆိုပါသည်။ ဒါမှလည်း ကျွန်တော်တို့၏ မွန်မြတ်သော လုပ်ဆောင်ချက်များကို ထဲထဲဝင်ဝင် အထက်မှလူကြီးများ သိရှိမည် ဖြစ်သည်။ ကျွန်တော်တွေးမိသည်။ “သြော် … သူတို့ တွေဟာ နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံတော်ပြည်သူက ပေးထားတဲ့ လစာကိုစားကြပြီး ဘာကြောင့်အခုလို အဓိပ္ပါယ် မရှိတဲ့ စုံစမ်းစစ်ဆေးမှု တားမြစ်မှုတွေကို အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ငွေကုန်ခံပြီး အလဟသ အင်အား များကို ဖြုန်းတီးပစ်နေပါလိမ့်။ အခုလို အချိန်ကုန်ခံ၊ လုပ်အားအကုန်ခံမယ့်အစား နိုင်ငံတော်အတွက် အထိရောက်ဆုံး အထောက်အပံ့ဖြစ်မယ့် အခြားသော နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းရပ်များမှာ သူတို့ရဲ့စွမ်းအားများကို အသုံးချလိုက်ပါက အများပြည်သူနဲ့ နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်း လိမ့်မည်” ဟု စေတနာဖြင့် တွေးတောမိသည်။ ကျွန်တော်တို့နောက် ယခုလို ထပ်ချပ်မကွာ လိုက်နေလျှင် သင်္ချိုင်း/သုဿန်နှင့် ဘုန်းကြီးကျောင်း၊ လူမှုရေးအသင်းအဖွဲ့များသို့သာ ရောက်ရှိရမည်ဖြစ်သည်။ ကြာလာ လျှင် တရားပေါက်ပြီး နိုင်ငံ့ဝန် ထမ်းလိုစိတ်များ ကုန်ခမ်းသွားမှာကိုပင် စိုးရိမ်ရမည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။ ကောင်းပြီ။ နောက်မှ ထပ်ချပ်မကွာလိုက်ပါ၍ သတင်းပို့မည်ဆိုပါက မိမိအတွက် စားစရိတ်၊ လမ်းစရိတ်ရရှိရေး၊ မိမိနေရာရရေး၊ ရာထူးတက်ရေး၊ အာဏာရရှိရေး ဟူသော စိတ်ဓါတ်များဖြင့် မဟုတ်တန်းလျား သတင်းများလုပ်ကြံမှုမျိုးတော့ အထက်ကိုမတင်ပြသင့်ချေ။ ထိုကဲ့သို့ လုပ်ကြံမှု မှားယွင်း သတင်းပေးမှုများကြောင့်လည်း ကျွန်တော်တို့ ခံရပေါင်းများလှပြီ။ ကျွန်တော်တို့အား တိုင်းပြည်ခေါင်း ဆောင်ကြီးများမှ အယုံအကြည် ကင်းမဲ့မှုကို ခံခဲ့ရပေါင်းများလှပြီ။ ဤကဲ့သို့ မြင့်မြတ်သော ကုသိုလ်ရေး များ လုပ်ကိုင်နေသော ပရဟိတအဖွဲ့များ၊ လူမှုရေးသမားများကို အသုံးချပြီး အများပြည်သူမှ အားကိုး အားထား ပြုလာစေရန် ရည်ရွယ်ချက်ဖြင့် ခုတုန်းလုပ်ခြင်း၊ အသုံးချခြင်း လုပ်ရပ်မျိုးကို မလုပ်သင့်တော့ ချေ။ မည်သို့ဖြစ်စေ .. ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုအပ်ပေသည်။
ထပ်မံပြီး … ရေရှားပါးဒေသများသို့ သွားရောက်ခဲ့စဉ် သောက်/သုံးရေများ သွားရောက်လှူဒါန်းမှု ပြုရာတွင်လည်း လမ်းမှပိတ်ဆို့ကာ အင်အားကြီးအဖွဲ့အစည်း၏ အလံထူပြီးမှ သွားခွင့်ပြုခြင်း၊ အနာဂတ် ခေါင်းဆောင်များ ပေါ်ထွက်ရေးအတွက်ရည်ရွယ်ပြီး ပညာရေးအတွက် ကျောင်းဆောက်လုပ်လှူဒါန်းမှု ပြုရာတွင်လည်း တားမြစ်ခြင်း၊ နယ်ဒေသများရှိ မိဘပြည်သူလူထုတို့၏ ကျန်းမာရေးအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်မှုများတွင်လည်း ဟန့်တားမှုများ ဖြစ်ပေါ်ခဲ့ခြင်းများကလည်း ‘အထက်က အမိန့်အရ’ ဟူ၍ပင် ဖြစ်တော့သည်။ မည်သို့ဖြစ်စေ … ကိုယ်ချင်းစာနာ စိတ်ဖြင့် ကိုယ့်လိပ်ပြာ … ကိုယ်သန့်ဖို့တော့ လိုပေလိမ့်မည်။
ဤသို့ဆိုလျှင် … ထိုထိုသော အများပြည်သူ လူထုအကျိုးပြုစေမည့် ကုသိုလ်ရေး ကိစ္စအဝဝ တို့အား ဟန့်တားပိတ်ပင် တားမြစ်မှုများသည် ‘အထက်’ က အာဏာစက်ဖြင့် ဖန်တီးစေခိုင်းနေသကဲ့သို့ ထင်ယောင် ထင်မှား ဖြစ်နေတော့သည်။ ထို့ကြောင့် “အထက်က .. အထက်က” ဟူ၍ စကားရပ်အား အလွဲသုံးစားပြုခြင်း၊ ခုတုံးလုပ်ခြင်း၊ ပါးစပ်အရသာခံခြင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခြင်းများကို ရှောင်သင့်ပေတော့သည်။ ဤကဲ့သို့ လွဲမှားအသုံးချ ပြောဆိုခြင်းမှာအထက်က လူပုဂ္ဂိုလ်ကြီးများအား နာမည်ဂုဏ်သိက္ခာကျဆင်းအောင် ပြည်သူလူထုတို့မှ အကြည်ညိုပျက်အောင် လုပ်နေသော လုပ်ရပ်ပင် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် အထက်ဟူသော စကားရပ်မှာ နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံ့အကြီးအကဲ များကို ဆိုလိုသည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီ တက်ကြရာဝယ် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အင်အားလိုအပ်ကြောင်း ပူးပေါင်းလုပ်ကိုင်စေလိုကြောင်း တရားဝင် ပြောဆိုခဲ့ပြီးဖြစ်သည်။ ထို့ပြင် သမ္မတကြီးနှင့်တကွ ယခုနိုင်ငံခေါင်းဆောင်များသည်လည်း ဘာသာတရားအား ကြည်ညိုလေးစားကြသော သူများပင်ဖြစ်သည်။ မြတ်စွာဘုရား၏ ဆိုဆုံးမမှုကို လိုက် နာကျင့်သုံးသူများ ဖြစ်ကြသည်။ ထို့ကြောင့် မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးကို လိုက်နာကျင့်သုံးနေကြသော ကျွန်တော်တို့ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ပိတ်ပင်၊ တားဆီး၊ ဟန့်တားစေလိုသော ဆန္ဒလည်း ရှိမည်မဟုတ်။ အမိန့်ထုတ်ပြန်ခြင်းလည်း ပြုမည်မဟုတ် ဟု ကျွန်တော် ထင်မိပါသည်။ ဤသို့ဆိုလျှင် နိုင်ငံတော်တွင် အထက်နှင့် အောက်အကြား “အလယ်ထက်၊ အထက်လယ်”ဆိုတာများရှိနေပြီလား မသိတော့ချေ။
ယခု အဆိုးဆုံးဖြစ်ရပ်ကား ခေတ်မီတိုးတက်သော နိုင်ငံတော်ထူထောင်ရာတွင် သတိထားရမည့် လူ့ကျင့်ဝတ်ဖြစ်သော ‘အမှိုက်စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်း’ လုပ်ရပ်ဆိုးအား ပြည်သူလူထုတို့အား သင်္ခန်းစာ ပေးလိုခြင်း၊ ဥပမာပေးလိုသည့် ဆန္ဒဖြင့် စံပြအမှိုက်ကောက်ခွင့်ပြုပါရန် တရားဝင် တိုင်း၊ မြို့နယ်များသို့ စာတင်၍ လေးလေးစားစား တင်ပြခဲ့ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခွင့်မပြု၊ ‘အထက်အမိန့်အရ’ ဟူသော အသုံးအနှုန်းမျိုးဖြင့် ပြန်လည်ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မြို့သူ/သားများ ပြည်သူလူထုတို့အား “အမှိုက်မကောက်ရ” လျှင် “အမှိုက်ပစ်ကြ - အမှိုက်ဖွကြ” ဟုပြောဆိုမိန့်ကြားသကဲ့သို့ ခံစားခဲ့ကြရသည်။
မည်သို့ဆိုစေကာမူ … ကျွန်တော်တို့သည် သမ္မတကြီးအား၎င်း၊ နိုင်ငံတော်အကြီးအကဲများအား ၄င်း၊ တိုင်းဒေသကြီး အကြီးအကဲများအား၎င်း ယုံကြည်သည်။ ယခုကဲ့သို့သော လူနေမှုဘဝမြင့်မား တိုးတက်အောင် သဲတစ်ပွင့်အဖြစ် ပေးဆပ်ထမ်းရွက်နေသော လူမှုရေးအသင်းအဖွဲ့များကို အထက် လူကြီးများအနေဖြင့်ဟန့်တားပိတ်ဆို့ခြင်းများ လုပ်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် အထက်က .. အထက်ကသည် မည်သူတွေများဖြစ်မည်နည်း…? ပြည်သူလူထု ပရဟိတသမားများအနေဖြင့် “အထက် က” ဟူတိုင်း ကြောက်ရန်မလိုချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ပရဟိတသမားများ၏ “အထက်က” သည် ဗုဒ္ဓမြတ်စွာဘုရားသခင်တစ်ဦးတည်းသာလျှင်ရှိသည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် တကွ ဘာသာပေါင်းစုံတို့၏ ဘုရားသခင်တို့ နှစ်သက်မြတ်နိုး ချီးကျူးသော ပရဟိတစိတ်ဓါတ်များ မွေးဖွား ရှင်သန်သူ ဘာသာလူမျိုးမရွေးတို့အတွက် ဘုရားသခင်တို့၏ အလိုဆန္ဒအတိုင်း လူသားချင်းစာနာ ထောက်ထားသော စိတ်ဓါတ်များ ရှင်သန်ထက်မြက် ကြီးထွားလာရန်သာ “အထက်က” ဆုံးမသြဝါဒ (သို့) ဘုရားသခင်တို့၏ တူညီမျှတသော ငြိမ်းချမ်းရေး သြဝါဒများကိုသာ မြေဝယ်မကျ လိုက်နာကျင့်သုံးကြဖို့ဘဲ လိုအပ်ပါ တော့သည်။
(ကျွန်တော်တို့၏ အထက်သည် အတုမရှိ မြတ်စွာဘုရားသခင်သာ ဖြစ်တော့သည်။ ထို့ကြောင့် ဘုရားစကားကိုသာ လိုက်နာကျင့်သုံးရမည်ဖြစ်သည်။)
ကျော်သူ



Saturday, October 18, 2014

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ
===============================
တရားထိုင်တယ်ဆိုတာ စိတ်အတွက်သာမက ရုပ်အတွက်ပါ အထောက်အကူပြုပြန်ပါသေးတယ်
လွယ်လွယ်ပြောရရင်တော့ ...ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေးချမ်း သွားအောင် အာရုံတစ်ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီးပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသနပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။
ဘယ်လိုတရားထိုင်ရမလဲ....
--------------------------
တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိကပ်ကာ၊ မျက်စိကို မှိတ်ထားပြီး၊ နှာသီးဝက ၀င်လေထွက်လေကိုပဲ အာရုံပြု ရှုမှတ်ရမှာပါ၊ အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေအားလုံးကို မေ့နိုင်သမျှ မေ့အောင်ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ၀င်လေထွက်လေကိုပဲ အာရုံစိုက်ရမှာပါ၊ စတင်တရားထိုင်ကာစမှာ ငါးမိနစ်လောက်ပဲ ကြိုးစားကြည့်ပြီး တဖြည်းဖြည်းချင်း ၁၀-မိနစ်၊ ၁၅-မိနစ်ကနေ တစ်နာရီ၊ နှစ်နာရီ အထိ ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်၊ တရားထိုင်ခြင်းအကြောင်းလေ့လာဖို့ သိပ်မခက်ခဲပါဘူး၊ စတင်လေ့ကျင့်ဖို့ပဲ လိုပါတယ်၊ တရားထိုင်တဲ့အချိန်မှာ စိတ်ဟာ ငြိမ်သက်အေးချမ်းမှု ရနေမှာကတော့ အမှန်ပါပဲ။
တရားထိုင်ခြင်းကြောင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါသလဲ....
---------------------------------------------------------
တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်၊ တရားထိုင်ခြင်းကြောင့် နာတာရှည် နာကျင်မှုဝေဒနာ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုဝေဒနာ၊ အမျိုးသမီးရောဂါ-စတဲ့ ရောဂါဝေဒနာများစွာကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းဖြေမှု၊ စိတ်ငြိမ်းချမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်စီးမှုကို လျော့ကျစေကာ သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်၊ နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး အသက်ရှုလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေ ပါတယ်။ ခန္ဓာကိုယ်ကြွှက်သားတွေရဲ့ တင်းအားနဲ့ ညောင်းညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေ စေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များလေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရှိလေလေပါပဲ၊ တရားထိုင်ခြင်းကြောင့် လျော့ပါးနိုင်တဲ့ ဝေဒနာတချို့အကြောင်းကို လေ့လာသုတေသနပြုထားချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု
--------------------------------
စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု၊ အခက်အခဲကြုံတွေ့မှု၊ ဆိုးရွားတဲ့အကြောင်းတစ်ခုခု-စတာ တွေနဲ့ ဆက်စပ်နေတဲ့ မသက်မသာစိတ်ခံစားမှု တစ်မျိုးပါပဲ။ စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း၊ တုန်လှုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုံးမြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်တွေ စေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာနဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်၊ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ပူပန်တတ်တဲ့စိတ် မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ဟာ ငြိမ်သက်အေးချမ်းနေပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှု
------------------------------
ဘ၀ရဲ့အပြောင်းအလဲ၊ အချိုးအကွေ့၊ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေနောက် လိုက်ရတာ ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလှပါတယ်။ စိတ်ဖိစီးမှုမှာ အဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်၊ စိတ်ဖိစီးမှုနည်းတဲ့အဆင့်ဆိုရင် သိပ်ပြီးတော့တောင် သတိမထားမိဘဲ ပြေပျောက်သွားတတ်ပါတယ်၊ စိတ်ဖိစီးမှု အလယ်အလတ်အဆင့်မှာဆိုရင်တော့ လူတွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ စိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေတတ်ပါတယ်၊ စိတ်ဖိစီးမှုဟာ သည်ထက် ပိုများလာပြီဆိုရင်တော့ နာတာရှည်ရောဂါတွေ အပြင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ လျော့ကျသွားအောင် တရားထိုင်ပေးနိုင်သလို စိတ်ဖိစီးမှု လုံးဝမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရားထိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း
---------------------------------------
ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတဲ့ဝေဒနာဟာ စိတ်ဓာတ်ကျ ခြင်းပါ။ သာမန်ခံစားရတဲ့ ၀မ်းနည်းမှု၊ပူဆွေးမှုနဲ့ အားအင်မဲ့ခြင်းတွေနဲ့ မတူပါဘူး၊ စိတ် ဓာတ်ကျတဲ့လူဟာ သာမန်အချိန်မှာထက် တွေးတောခြင်းနဲ့ စကားပြောခြင်း နှေးကွေးလေး လံနေတတ်ပါတယ်။ စူးစိုက်မှုအားနည်းပြီး ဆုံးဖြတ်ချက်ချမှု ခဲယဉ်းကာ စားတဲ့ သောက်တဲ့ အကျင့်တွေတောင် ပြောင်းလဲ သွားတတ်ပါတယ်၊ အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး ဘ၀မှာ မရှင်သန်လိုတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ ယောက်ျား မိန်းမ အသက်အရွယ် မရွေးဖြစ်တတ်ပြီး ဆေးကုသခြင်းနဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်၊ ဓာတ်ကျခြင်းမဖြစ်ပေါ်အောင် တရားထိုင်ခြင်းနဲ့ ကာကွယ်လို့ ရပါတယ်။
တရားထိုင်ခြင်းနဲ့ သွေးတိုးရောဂါ
------------------------------------
လူတစ်ယောက်ရဲ့ ပုံမှန်သွေးဖိအားက အပေါ်သွေး ၁၂၀ mmHg နဲ့ အောက်သွေး ၈၀ mmHg လို့ အကြမ်းဖျင်းအားဖြင့် ဆိုပါတယ်။ အပေါ်သွေး ၁၄၀ mmHg နဲ့အထက်၊ အောက်သွေး ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပုံမှန်သွေးဖိအားဟာ မတူတတ်ပါဘူး၊ ဒါကြောင့် နေကောင်းစဉ်မှာ ပုံမှန်သွေးဖိအားကို မှတ်သားသင့်ပါတယ်၊ သွေးတိုး ရောဂါဟာ ခံစားရတဲ့အချိန် ကြာလာတဲ့အခါ သွေးကြောတွေ၊ နှလုံးနဲ့ကျောက်ကပ်တွေကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် ဆေးဝါးနဲ့ ကုသခြင်းအပြင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်မှသာ နောက်ဆက်တွဲ အန္တရာယ်တွေ မဖြစ်အောင် လျှော့ချနိုင်မှာပါ၊ သွေးတိုးရောဂါကြောင့် ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်း-စတဲ့ လက္ခဏာရပ်တွေ သက်သာလျော့ပါးအောင် တရားထိုင်ပေးနိုင်ပါတယ်။ ကြာရှည် ပုံမှန်တရားထိုင်တဲ့ သူတွေဟာ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။
တရားထိုင်ခြင်းနဲ့ HIV ပိုးရှိခြင်း
----------------------------------
HIV ပိုးဟာ ခုခံအားကျဆင်းတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး HIV ပိုးရှိတဲ့ ဝေဒနာသည်တွေဟာ ကူးစက်ရောဂါပိုးတွေနဲ့ တချို့သောရောဂါတွေကို ခုံခံတိုက်ဖျက်နိုင်စွမ်းလျော့နည်းတဲ့အတွက် တုပ်ကွေး၊ ဖျားခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ကျဆင်းခြင်း၊ တီဘီရောဂါ၊ ရေယုန်နဲ့ မှက္ခရုပေါက်ခြင်း၊ မှိုရောဂါစွဲကပ်ခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အကျိတ်များထွက်ခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ HIV ပိုးရှိတဲ့ ဝေဒနာသည် တွေဟာ စနစ်တကျဆေးကုသမှု ခံယူပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပြီး နေမယ်ဆိုရင် နှစ်အကြာကြီး အသက်ရှင်နေထိုင်နိုင်ပါတယ်၊ ဒါပေမယ့် HIV ပိုးရှိတဲ့သူတွေ အသက်ရှင် ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က စိတ်ဓာတ်မကျဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ၊ ဒီစိတ်ဓာတ် ကြံ့ခိုင်မှုရဖို့ တရားထိုင်သင့်ပါတယ်။


တရားထိုင်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ
စိတ်ကစဥ့်ကလျားရောဂါသည်တွေဟာ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ လူအများနဲ့ ဆက်ဆံနိုင်မှု လုံးဝ မရှိတော့ပါဘူး၊ ဒါကို ကုသဖို့ ဆေးဝါးနဲ့ ကုသဖို့အပြင် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနဲ့ ကောင်းစွာ ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းလည်း ရှိဖို့လိုအပ်ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါသည်တွေ စိတ်တည်ငြိမ်လာအောင် တရားထိုင်ခိုင်းကြည့်တဲ့အခါ ဆေးကုသရာမှာ ထိရောက်တဲ့အကျိုးအာနိသင် ရတယ်လို့ လေ့လာမှုအရ ဆိုပါတယ်။


တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
---------------------------------
တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ ကျန်းမာရေးဆက်စပ်ပုံကို မရေမတွက်နိုင်လောက်အောင် သုတေသန တွေ ပြုလုပ်ခဲ့ပြီးပါပြီ။ နှလုံးရောဂါသည် အများစုဟာ ထိတ်လန့်စရာ နည်းနည်းကြုံတာနဲ့ ရောဂါက ဖောက်လာတတ်ပါတယ်၊ သူတို့ရဲ့စိတ်မှာ နှလုံးရောဂါ ရှိတယ်ဆိုတဲ့ အသိနဲ့ ထိတ်လန့်ချောက်ချားစရာ ကြုံလို့မရဘူးဆိုတဲ့ အသိက ဒွန်တွဲနေတာကြောင့်ပါ။ ဒီအသိတွေနဲ့ ထိတ်လန့်ချောက်ချားစရာအပေါ် တုံ့ပြန်နိုင်တဲ့ တည်ငြိမ်မှုရရှိအောင် တရားထိုင်ပေးနိုင်ပါတယ်လို့ စိတ်ပညာရှင်များစွာက အကြံပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်တစ်ခုရဲ့ လေ့လာဖော်ပြချက်အရ တစ်နေ့မှာ ၁၅-မိနစ်ခန့် ၂-ကြိမ် တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေ အနေနဲ့ ၄-လအကြာမှာ သွေးပေါင်ချိန်ဟာ သိသိသာသာ ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးသန့်စင်အားကောင်းကာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။


တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား
---------------------------------------------
ခဏခဏ ရောဂါပိုးဝင်လွယ်၊ အအေးမိလွယ်၊ နှာစေးချောင်းဆိုးဖြစ်လွယ်နေရင် ကိုယ်ခန္ဓာခုံခံ စွမ်းအား တက်ဖို့အတွက် တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား တက်ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် ၁-နာရီခန့် တရားထိုင်တဲ့ အုပ်စုနဲ့ လုံးဝမထိုင်တဲ့ အုပ်စု နှစ်ခုကို ၈-ပတ်ကြာ လေ့လာအပြီးမှာ တရားထိုင်တဲ့အုပ်စုဟာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းပမာဏများနေတာကို တွေ့ရပါတယ်။


တရားထိုင်ခြင်းနဲ့ မှတ်ဉာဏ်
-------------------------------
ပုံမှန်တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက လေ့လာမှုနဲ့ ပျော်ရွှင်မှု ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Gamma လှိုင်းရဲ့ လုပ်ဆောင်မှုကို သိသိသာသာ ကောင်းမွန်စေကာ စူးစိုက်မှုအား၊ မှတ်ဉာဏ်၊ လေ့လာမှုစွမ်းရည်နဲ့ အသိဉာဏ်တို့ကို ပိုမိုတိုးတက်စေပြီး စိတ်ကိုလည်း ရွှင်လန်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတစ်ရပ်က ဆိုပါတယ်။


တရားထိုင်ခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာ
-------------------------------------------
အိပ်ရာထဲမှာနေပြီး အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင် ကြိုးစားရင် တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီး အိပ်မပျော်နိုင် ဖြစ်ရပါတယ်။ စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားယူ ပေးပါ၊ ပြီးမှ နှာသီးဝမှာ တိုးဝင်နေတဲ့လေနဲ့ ထွက်နေတဲ့လေကို အာရုံပြုပေးရင် မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေလိုပဲ စိတ်ကို ငြိမ်သက်အေးချမ်းစေပါတယ်။
(အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း)

Wednesday, October 15, 2014

အသီးအနှံတွေကို ဆေးထိုး၊ အရောင်ဆိုးပြီး ရောင်းပန်းလှအောင် လုပ်ကြတာကို

အိန္ဒိယမှာ အသီးအနှံတွေကို ဆေးထိုး၊ အရောင်ဆိုးပြီး ရောင်းပန်းလှအောင် လုပ်ကြတာကို ဗွီဒီယိုရိုက်ထားတာတွေ You Tube မှာ ရှာကြည့်လို့ရတယ်။
မြန်မာပြည်မှာလည်း ဒီလိုမျိုးလုပ်တာတွေ မျက်စိနဲ့တပ်အပ်မမြင်ဖူးပေမယ့် သူများတွေပြောတာတော့ ခဏခဏကြားဖူးတယ်။
ဖီးကြမ်းဌက်ပျောသီး အညှာကိုဆေးတို့တာ၊ ဖရဲသီးကို ခွဲလိုက်ရင် အတွင်းသားအရောင် နီတောက်နေအောင် ဓာတ်ပုံထဲကလို ဆေးထိုးထည့်တာ၊ ပဲပင်ပေါက်တွေ ဖြူဖွေးပြီး ရောင်းပန်းလှအောင် ဓာတုပစ္စည်း (ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်) သုံးလို့ အရောင်ချွတ်တာတွေ ...
...
ငါးခြောက်လှန်းရင် ယင်ကောင်တလောင်းလောင်း ၀ဲမနေအောင် တရုတ်ကလာတဲ့ ယင်မနားဆေး (အမှန်တော့ ကြွက်သတ်ဆေး) ဆိုတာကို ရေနဲ့ရောပြီး ပက်ကြတာတွေ ...
အဲဒါတွေကို စားပြီး ဘေးထွက်ဆိုးကျိုးတွေ၊ ရောဂါမျိုးစုံတွေဖြစ်ပြီး ဆေးရုံရောက်နေတဲ့ လူနာတွေ ဘယ်လောက်တောင်များနေပြီလဲ မသိတော့ပါ။
လူတွေ ဘယ်လောက်ရောဂါဖြစ်ဖြစ် ကိုယ်အမြတ်အစွန်းရရင်ပြီးရောဆိုပြီး လုပ်စားနေတဲ့သူတွေ ရောင်းချနေတဲ့သူတွေရော သတိထားပြီး ဆင်ခြင်စေချင်ပါတယ်။
အစားအသောက်များကို စစ်ဆေးတဲ့အဖွဲ့များကလည်း ကွယ်ရာမှာ လက်ဝါးခြင်းရိုက်ပြီး အိပ်ထည့်အလုပ်တွေကို နည်းနည်းလျှော့က ပြည်သူတို့၏ မျက်နှာကို ငဲ့ကွက်ကြည့်ပေးသောအားဖြင့် စစ်ဆေးအရေးယူသင့်စေချင်ပါတယ်။
(ရင်ထဲက စေတနာအမှန်နဲ့ တိုက်တွန်းလိုက်တာပါ)
Credit to Up Myanmar



Monday, October 13, 2014

ရွှေဓားဗိုလ်၏ ဓားမှတ်တမ်း










ရွှေဓားဗိုလ်၏ ဓားမှတ်တမ်း
==============


လွန်ခဲ့သော နှစ်(၅၀)ခန့်က နာဂတောင်တန်းကျေးရွာတစ်ရွာတွင် တန်းစီနေသည့် လူနာများအား ဆေးကုသပေးနေသည့် ဒေါက်တာသိန်းလ...ှိုင်(နာဂ)နာဂသိန်းလှိုင်ဟုဆိုလျှင် ဆေးပညာလောကတစ်ခုလုံး မသိသူမရှိ။ နယ်စပ်တောင်တန်းမှ စေတနာရှင်ဆရာဝန်ကြီး။ ခွဲစိတ်ကုသမှုများ၏ မေတ္တာရှင်ကြီး။ လူနာများစွာတို့ ရင်ထဲမှာ နာဂသိန်းလှိုင် ကျန်ရှိနေသည်။
မည်သို့ခေတ်ပြောင်းပြောင်း သူ့ပုံရိပ်က သူနှင့်ဆုံစည်းဖူးသူတို့ နှလုံးသားမှာ ထင်ဟပ်နေဆဲ။ သူ့ဘ၀ သူ့အကြောင်း၊ သူ့ဆောင်ရွက်ချက်များသည် တစ်ချိန်က မြန်မာပြည်တစ်ဝန်း ဟိုးဟိုးကျော်ခဲ့သည်။
လာမည့် နိုဝင်ဘာလ ၃ ရက်တွင် သူ့အသက်က (၈၁)နှစ် ပြည့်တော့မည်။
သူသည် ဆေးကျောင်းသားဘ၀မှာ နိုင်ငံရေးနှင့် ဆက်နွှယ်ဖူးခဲ့သည်။ ၁၉၅၇ ခုနှစ် ဆေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ တွင် မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန်ပင် ထမ်းဆောင်ကာ အလုပ်သင်ဆရာဝန်ဘ၀တွင် အစိုးရထောက်ပံ့ကြေးမရသည့် အလုပ်သင်ဆရာဝန်များအတွက် ဦးဆောင်သပိတ်မှောက်ခဲ့သည်။ ထိုလုပ်ရပ်များကြောင့် သူရည်မှန်းထားသည့် ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် အိပ်မက်ကို လက်လွှတ်ခဲ့ရသည်များရှိသည်။
ဒေါက်တာသိန်းလှိုင်သည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းဌာနတွင် သင်္ဘောဆရာဝန်အဖြစ် တစ်နှစ်လုပ်ကိုင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် မြိတ်မြို့နယ် လက်ထောက်ဆရာဝန်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အဆောင် (၃/၄)၏ တာဝန်ခံဆရာဝန်၊ ဆရာကြီး ပါမောက္ခဒေါက်တာဦးဘသန်း၏ ပထမလက်ထောက်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရှေ့ဘက်ခွဲစိတ်ဆောင်ကြီးကြပ်သူ စသဖြင့် တစ်နှစ်စီဆောင်ရွက်ခဲ့သည်။
ရဲစွမ်းသတ္တိနှင့် စွန့်ဦးတီထွင်နိုင်မှုရှိသည့် ဆရာဝန်လေး ဒေါက်တာသိန်းလှိုင်သည် သူ၏အထက်အရာရှိများနှင့် အဆင်ပြေသူတော့မဟုတ်ပေ။
၁၉၆၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြစ်ပေးသည့်အနေဖြင့် လူငယ်ဆရာဝန်လေး ဒေါက်တာသိန်းလှိုင်ကို မည်သည့်ဆရာဝန်မှ ကြာကြာမနေနိုင်သည့် ဝေးလံခေါင်ဖျား ခန္တီးအရပ်ဒေသသို့ ပို့ဆောင်လိုက်ခြင်းက ဆရာဝန်ကြီးနာဂသိန်းလှိုင်ဟူ၍ အမည်ကျော်ကြားလာစရာဖြစ်ခဲ့သည်။
သူသည် ခွဲစိတ်ကုသခြင်းအလုပ်ကို ပေပေါင်းများစွာမြင့်မားသော၊ မိုင်ပေါင်းများစွာ ဝေးကွာသော တောင်ပေါ်ကျေးရွာများသို့ ခြေလျင်ခရီးဖြင့် လနှင့်ချီ သွားရောက်လုပ်ကိုင်လေ့ရှိသည်။ ထိုစဉ်က နာဂတောင်တန်းဒေသတွင် အဖြစ်များနေသည့် လည်ပင်းကြီးရောဂါနှင့် အခြားခွဲစိတ်လူနာများကို အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့သည်။ ဆရာကြီးသည် နာဂတောင်တန်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ခွဲစိတ်ကုသမှုကို လက်မခံလိုသည့် နာဂလူမျိုးများကို သဘောပေါက်နားလည်စေရန် ပြောဆိုရှင်းပြစည်းရုံးခဲ့ရသည်။ နောက်ဆုံးတွင် လူနာခွဲစိတ်မှုကို လက်မခံလိုကြသဖြင့် ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့ရလေသည်။ လူနာသေဆုံးသွားပါက ဆရာဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် မိတ်ဆွေအဖော်တို့ ခေါင်းကိုဖြတ်မည်ဟု လည်ပင်းထက် ဓားမိုးလျက်က ကုသပေးခဲ့ရခြင်း ဖြစ်သည်။
ခွဲစိတ်ကုသမှုများ အောင်မြင်လာသည့်အခါ ဆရာဝန်ကြီးခေါင်းကို နာဂလူမျိုးများထံ အပေါင်ထားစရာမလိုတော့။ ခွဲစိတ်လိုသည့်လူနာများစွာ သူ့ရှေ့မှာ တန်းစီလာတော့သည်။
ထိုစဉ်က နာဂတိုင်းရင်းသားများမှာ နတ်ကိုးကွယ်သည့်ဓလေ့ရှိကြသဖြင့် ရောဂါတစ်ခုခုဖြစ်တိုင်း နတ်ဆရာထံ သွားရောက်ကာ နတ်ပသခြင်း၊ ယဇ်ပူဇော်ခြင်းတို့ ပြုလုပ်ကုသလေ့ရှိကြသည်။ သူတို့၏ နတ်မင်းကြီးများက လည်ပင်းကြီးရောဂါကိုမူ ပျောက်ကင်းအောင် မကုသပေးနိုင်ခဲ့ပေ။
တကယ်တမ်းပျောက်အောင် ကုသပေးသူမှာ ဒေါက်တာသိန်းလှိုင်ဖြစ်သည်။ ထို့ကြောင့် နာဂများက ဒေါက်တာသိန်းလှိုင်သည် သူတို့ကိုးကွယ်သည့် နတ်များထက် မြင့်မားသည့် နတ်တစ်ပါးဖြစ်သည်ဟု မှတ်ယူလိုက်ကြပြီး ‘‘နာဂနတ်’’ဟူသည့် အမည်တွင်သွားလေသည်။ သူ့ကို နာဂတိုင်းရင်းသားများက ဖြူစင်သည့် နှလုံးသားရှိသော နတ်တစ်ပါးပမာ ကိုးကွယ်ခဲ့ကြသည်။
နာဂနတ်သည် မပြည့်စုံသည့် ဆေးဝါး၊ ပစ္စည်းကိရိယာများဖြင့် ဖြစ်အောင်လုပ်သည်။ သူ့လူနာများကို မေ့ဆေးဖြင့် ခွဲစိတ်ခြင်းမဟုတ်ဘဲ ထုံဆေးပညာဖြင့်သာ ခွဲစိတ်ခြင်းဖြစ်သည်။
ထို့ကြောင့် ခွဲစိတ်နေစဉ် လူနာသည် စကားပြောနိုင်သည်။
သူက ခွဲစိတ်နေဆဲမှာလူနာကို သီချင်းပင် ဆိုခိုင်းထားသေးသည်။
သူ့ခွဲစိတ်ခန်းသည် ကျေးလက်ဆေးပေးခန်းကလေးအတွင်းမှာလည်း ဖြစ်နိုင်သည်။
အရိပ်အာဝါသကောင်းသည့် အပင်ကြီးတစ်ခုအောက်မှာလည်း ဖြစ်နိုင်သည်။
နာဂရိုးရာအိမ်တစ်လုံးပေါ်မှာလည်း ဖြစ်နိုင်သည်။
မြေကွက်လပ်လေးတစ်ခုမှာလည်း ဖြစ်နိုင်သည်။
မည်သည့်နေရာမှာမဆို ခရီးသွားရင်း လမ်းကြုံခွဲစိတ်ပေးရသည့်အခါလည်း ရှိသည်။
သူ ခွဲစိတ်နေသည်ကို နောက်မှ ဓားမိုးထားသည့်သူလည်း ရှိသည်။
ဘေးမှ ၀ိုင်းဝန်းကြည့်ရှုနေသည့် လူအုပ်ကြီးလည်း ရှိတတ်သည်။
‘‘ခွဲတာကို လူအုပ်ကြီးက လက်ပိုက်ပြီးကြည့်နေတာ နတ်ပွဲတစ်ပွဲလိုပဲ’’ဟု သူက ပြန်ပြောပြသည်။
ထိုစဉ်က နာဂတောင်တန်းတစ်ခွင်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်က လည်ပင်းကြီးရောဂါဖြစ်နေကြသည်။
ဆရာဝန်ပေါက်စ ဒေါက်တာသိန်းလှိုင်သည် ထိုနယ်မှ တိုင်းရင်းသားများတွင် ဖြစ်ပွားနေသည့် အဖုအကျိတ်မှန်သမျှကို ခွဲစိတ်နိုင်ရန် အပင်ပန်းခံလေ့လာခဲ့ရသည်။
ခွဲစိတ်ရာတွင် ပစ္စည်းချို့တဲ့သည်။
အပ်မရှိ။ ချည်မရှိ။ ၀ါးပိုးဝါးခုတ်၍ ထမင်းစားသည့် တူအရွယ်ဖြစ်အောင် ဖန်တီးကာ ထိုမှတစ်ဆင့် အပ်ဖြစ်အောင်၊ ၀ါးချည်မျှင်ဖြစ်အောင် ကိုယ့်ဘာသာ ကြံဆဖန်တီးခဲ့ရသည်ဟု ဆိုသည်။
သူသည် နာဂတောင်တန်း၏ ကျန်းမာရေးကဏ္ဍကို တာဝန်ယူရင်း ရိုးရာယုံကြည်လွဲမှားမှု အချို့ကိုလည်း ထိန်းသိမ်းပေးခဲ့သည်။
တာဝန်ကျရာ ခန္တီးဆေးရုံတွင် ကုသလိုက်၊ တောင်ပေါ်ကျေးရွာများသို့ လှည့်လည်ကုသလိုက်ဖြင့် ခြောက်နှစ်ကျော် ခုနစ်နှစ်တာကာလကို တောင်တန်းပေါ်၌ ကုန်လွန်စေခဲ့သည်။ နာဂရိုးရာဝတ်စုံကို ၀တ်ဆင်လျက် ဒေသခံများနှင့် တစ်သားတည်း နေထိုင်သွားလာ အိပ်စက်ခဲ့သည်။
‘‘ထမင်းမစားရဘဲ တောင်ပေါ်လှည့်ပတ်သွားနေတာ။ ထမင်းက မစားချင်လို့မဟုတ်ဘူး။ ကျွေးမယ့်လူကိုမရှိတာ။ ပိန်း၊ လူး၊ ပြောင်း.. ဒါတွေပဲရှိတယ်’’ဟု ယခုအခါ အသက်(၈၀)အရွယ် ရှိပြီဖြစ်သည့် ဒေါက်တာသိန်းလှိုင်က ပြောသည်။
ဒေါက်တာသိန်းလှိုင်သည် နာဂတောင်တန်းတွင် အဆီအကျိတ်များ၊ အလုံးအကျိတ်မျိုးစုံ၊ အူကျခြင်းနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည့် အကျိတ်ပေါင်းစုံကို ခွဲစိတ်ကုသခဲ့ရသည်။
ထိုသို့ ကုသရာတွင် ထုံဆေးကို ရှိသမျှနှင့် ဖြစ်အောင် လုပ်ရခြင်းဖြစ်ပြီး ယခု Ambulatory Surgery ဟုခေါ်သည့် မေ့ဆေးမပါသည့် ခွဲစိတ်နည်းကို တီထွင်နိုင်ခဲ့သည်။
အလုပ်သင်လူငယ်ဆရာဝန်များ လစာတိုးရေး ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သည့်အတွက် လက်တွေ့ဆင်းနေရခြင်းကို ဖြုတ်ခံရသောကြောင့် သူဖြစ်ချင်သော ခွဲစိတ်ကုဆရာဝန်ဘ၀နှင့် ဝေးခဲ့ရသော်လည်း သူသည် မိမိ၏လုပ်ဖော်ကိုင်ဖက်များက အသိအမှတ်မပြုလျှင်သော်မှလည်း ကိုယ့်လူနာများက အသိအမှတ်ပြုခံရသည့် ခွဲစိတ်ကုဆရာဝန်တစ်ဦး ဖြစ်လာစေရန် တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ဒေါက်တာသိန်းလှိုင် နာဂတောင်တန်းပေါ်သို့ စတင်ရောက်ရှိစဉ်က သူ၏ဆေးရုံတွင် လူနာမရှိ။
သူနှင့်အတူ သူနာပြုဆရာမတစ်ဦး၊ စာရေးတစ်ဦးနှင့် ညစောင့်တစ်ဦးသာရှိသည်။ သူသည် ဒေသခံများနှင့် အကျွမ်းဝင်အောင် လုပ်ဆောင်ရင်း ယုံကြည်ကိုးစားမှု ရလာခဲ့သည်။
အသပြာမယူဘဲ မေတ္တာဖြင့် ကုသပေးသောကြောင့် သူ့အမည်မှာ တောင်တန်းတစ်ခွင် ကျော်ကြားလာခဲ့သည်။
သူကလည်း အားလျှင်အားသလို ရွာစဉ်လှည့်၍ ဆေးကုသပေးသည်။ ခွဲစိတ်ရက်သတ်မှတ်ထားခြင်းမရှိဘဲ လိုအပ်သည့်အချိန်တွင် ခွဲစိတ်ပေးသည်သာဖြစ်သည်။
ဆရာဝန်ကြီးဒေါက်တာနာဂသိန်းလှိုင်သည် ထုံဆေးပညာသီးသန့်ဖြင့် မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့သည့် လူနာပေါင်းမှာ အနားယူချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း (၄၇)နှစ်အတွင်း ၂၈၉၅ ဦး ရှိခဲ့ပါသည်။
လူနာများကို ခွဲစိတ်ရာတွင်လည်း သူ့ခွဲစိတ်မှုကြောင့် သေဆုံးသူတစ်ဦးမှမရှိခဲ့ဟု သိရသည်။
ထို့အပြင် လူနာကို ခွဲစိတ်နေရင်း အရေးပေါ် သွေးလိုအပ်ပါက မိမိနှင့် သွေးအုပ်စုတူသည့် လူနာကို မိမိသွေးဖောက်၍ ချက်ချင်းသွင်းပေးခဲ့မှုများလည်း မနည်းပေ။
‘‘ငါ ခွဲနေရင်းသေတဲ့ မသာတစ်ယောက်မှမရှိဘူး။ လိုအပ်ရင် သွေးချက်ချင်းထုတ်၊ ချက်ချင်းသွင်းပြီး ကိုယ့်ဘာသာခွဲတဲ့ ဆရာဝန် ငါတစ်ယောက်ပဲရှိတယ်’’ဟု ဆရာဝန်ကြီးက ပြောပါသည်။
မှတ်မှတ်ရရ နာဂတောင်တန်းသို့ စရောက်ပြီး ပထမဆုံး စတင်ခွဲစိတ်ရသည့် လူနာမှာ မအေးရှင်ဟူသည့် အမျိုးသမီးကြီးဖြစ်သည်။ လည်ပင်းကြီးရောဂါဖြစ်နေသည့် မအေးရှင်က ခွဲစိတ်ရန်လာခြင်းမဟုတ်ဘဲ လေဆေး လာတောင်းခြင်းဖြစ်သည်။
ဒေါက်တာက လေဆေးလိုချင်ပါက လည်ပင်းကြီးခွဲစိတ်ရမည်ဟု တိုက်တွန်းသော်လည်းမရဘဲ လေဆေးမပေး၍ စော်ဘွားကြီးဦးစ၀်မြတ်စိန်ထံ သွားတိုင်လေသည်။
နောက်ဆုံးတော့ စော်ဘွားကြီး၏ ညှိနှိုင်းပေးမှုဖြင့် မအေးရှင်ကို ခွဲစိတ်ရန်ဖြစ်လာသည့်အခါ ဒေါက်တာသိန်းလှိုင်တွင် အကူဟူ၍ နော်မူကြည်ဟူသည့် ဆရာမတစ်ဦးသာရှိသည်။ ခွဲခန်းမှာမူ အသုံးမပြု၍ ထင်းများစုပုံထားသည့်အခန်း ဖြစ်နေသည်။
အ၀တ်အစား၊ အခင်း၊ ခွဲစိတ်ရန်ပစ္စည်း ဘာမှမရှိ။ ဓားရှိလျှင်ရပြီဟုဆိုပြီး စတင်ခွဲစိတ်ခဲ့ရာ အောင်မြင်ခဲ့ပါသည်။
ဒေါက်တာသိန်းလှိုင်သည် လူကိုသာမကဘဲ မီးဖွားမည့်နွားကို ခွဲမွေးပေးခြင်း၊ တောင်တန်းတွင် ခရီးသွားလာရာ၌ အသုံးပြုသည့် ၀န်တင်လားကို သင်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံနယ်စပ် မဏိပူရနယ်ဘက်အထိ ၎င်းကို ပင့်ဆောင်မှုများရှိလာသည့်အတွက် သွားရောက်ကုသပေးခဲ့ရသည်။
သူက စတုတ္ထတန်းအောင်မြင်ထားသည့် အမျိုးသမီးအချို့ကို အရန်သားဖွားအဖြစ် သင်ကြားပေးကာ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ပို့ဆောင်ပေးခဲ့သည်။
နာဂတောင်တန်းတွင် ခုနစ်နှစ်ခန့်အကြာ တာဝန်ထမ်းဆောင်နေစဉ်မှာပင် ဒေါက်တာသိန်းလှိုင်မှာ နာဂနတ်၊ နာဂသိန်းလှိုင်ဟု မြန်မာပြည်အနှံ့ ကျော်ကြားလျက် ရှိပါပြီ။
ထိုစဉ်က ထုတ်ဝေသည့် သတင်းစာများကလည်း သူ့အကြောင်းကို ရေးသားခဲ့ကြသည်။
ခွဲစိတ်ဆရာဝန်ဘ၀ကို မျှော်မှန်းချက်ကြီးမားသည့် ဒေါက်တာသိန်းလှိုင်က ဆေးကျောင်းသားဘ၀မှာပင် လူသေအလောင်းကို အများနှင့် ခွဲစိတ်ရခြင်းကို အားမရသဖြင့် ကိုယ်ပိုင်လူသေအလောင်း ၀ယ်ယူ၍ အပတ်တကုတ် လေ့လာခဲ့သူဖြစ်သည်။ ကံအကြောင်းမလှ၍ ခွဲစိတ်ဆရာဝန်ဘ၀ကို တရားဝင်မရရှိခဲ့သော်လည်း သူ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ယခုအချိန်ထိ အောင်မြင်သော ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးအဖြစ် သမိုင်းတွင်ခဲ့ပါသည်။
လည်ပင်းကြီးရောဂါကို ထုံဆေးသက်သက်ဖြင့် ခွဲစိတ်နိုင်သည့်ပုဂ္ဂိုလ်မျိုး ဒေါက်တာနာဂသိန်းလှိုင်မှလွဲ၍ ကမ္ဘာ့ဆေးပညာသမိုင်းမှာမရှိသေးဟု သိရကြောင်း ပြင်ဦးလွင်မြို့ G.P ဆရာဝန်များအဖွဲ့မှ ဒေါက်တာကျော်ကျော်မင်းက ရေးသားထားသည်။
ဒေါက်တာသိန်းလှိုင်ကလည်း ‘‘ငါသေရင် မြန်မာပြည်မှာ ထုံဆေးပညာရှင်တစ်ကောင်မှမရှိဘူး’’ဟု အောက်တိုဘာ ၅ ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် နာဂတောင်တန်းမှ ပြန်လည်ဆင်းသက်ခဲ့ရပြီး ဖြူးမြို့နယ်သို့ ဆေးရုံမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ထို့နောက် ဒေါက်တာနာဂသိန်းလှိုင်သည် ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ပုသိမ်မြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး (၁)အဖြစ် နမ့်ခမ်းမြို့သို့လည်းကောင်း၊ မီးရထားဆရာဝန်ကြီးအဖြစ် မန္တလေးမြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးအဖြစ် သာယာဝတီမြို့သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် အစိုးရ၀န်ထမ်းဘ၀မှ အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားမယူမီ တစ်လျှောက်လုံးမှာလည်း သူသည် ထုံဆေးပညာ ခွဲစိတ်ကုသမှုများနှင့် မကင်းခဲ့ပေ။
သူ့တွင် နတ်ဆရာဝန်၊ နာဂနတ်၊ နာဂသိန်းလှိုင်စသည့် အမည်များအပြင် ‘‘ရွှေဓားဗိုလ်’’ဟူသည့် အမည်တစ်ခုလည်း တွင်ခဲ့သေးသည်။
ဖြူးမြို့နယ်မှ ပုသိမ်သို့ ပြောင်းရွှေ့စဉ်ကဖြစ်သည်။ ထိုစဉ်က ကျောင်းကုန်းမြို့နယ်ဆရာဝန် ခွင့်ယူထားသဖြင့် အစားဝင်ရောက်တာဝန်ထမ်းဆောင်စဉ် ကျောင်းကုန်းဆေးရုံတွင် ၂၄ နာရီထိုင် ခွဲစိတ်သောကြောင့် အခြားမြို့နယ်၊ ကျေးရွာများမှ လူနာများ တဖွဲဖွဲလာရောက်လျက်ရှိသည်။ လူနာတို့၏ ရောဂါပေါင်းစုံကို မနားတမ်းခွဲစိတ်နေသဖြင့် ရွှေဓားဗိုလ်ဟူ၍ နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။
ခွင့်ရက်ပြည့်၍ ပြန်လာသော မြို့နယ်ဆရာဝန်ကို မြို့နယ်လူထုက လက်မခံတော့ပေ။ အစားလာရောက် ခွဲစိတ်ပေးနေသည့် ဒေါက်တာသိန်းလှိုင်အား မြို့နယ်ဆရာဝန်အဖြစ် လူထုက သတ်မှတ်လိုက်သောကြောင့် ဖြစ်သည်။ မြို့နယ်လူကြီးများက ဒေါက်တာသိန်းလှိုင်အား ရွှေဓားဗိုလ်ဟု ဘွဲ့နာမည်ပေးလိုကြောင်း ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးစန်းယုထံ ခွင့်ပြုရန်လျှောက်ထားသည့်အဆင့်ထိ ဖြစ်သွားခဲ့သည်။ သမ္မတကြီး ဦးစန်းယုကလည်း ရွှေဓားဗိုလ်အဖြစ် ဘွဲ့အမည်ပေးရန် ခွင့်ပြုလိုက်ပါသည်။
ကျောင်းကုန်းမှနေ၍ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့နယ်များသို့ လှည့်လည်ခွဲစိတ်ပေးခဲ့စဉ် ‘‘သူလိုဆရာဝန်’’ ‘‘ရွှေဓားဗိုလ်’’ ဟူသည့် စာတန်းများချိတ်ဆွဲကာ မြို့လူထုများက ကြိုဆိုခဲ့ကြသည်။ သူကလည်း ရောက်ရာမြို့နယ်တိုင်းမှာ ဆေးရုံ၊ လူနာဆောင်များ တိုးချဲ့ဆောက်လုပ်ပေးခဲ့လေသည်။
အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်သည် ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်လှစ်နေထိုင်ခဲ့သည်။ တောင်ကြီးမြို့ ကမ္ဘောဇဆေးရုံ၌ ခွဲစိတ်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့တွင်လည်း ကုသမှုများ ဆောင်ရွက်ခဲ့သည်။
‘‘ဆရာကြီးက သွားရေးလာရေးခက်ခဲတဲ့ နေရာတွေက တိုင်းရင်းသားတွေကို ရင်ဝယ်သားလို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်။ ခွဲစိတ်တဲ့နေရာမှာလည်း အရမ်းတော်တယ်။ လည်ပင်းကြီးခွဲတာမှာဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေတောင် မခွဲနိုင်တဲ့ ထုံဆေးပညာနဲ့ခွဲတယ်။ ခွဲစိတ်ခန်း ပြည့်ပြည့်စုံစုံမရှိဘဲနဲ့ ခွဲနိုင်တယ်’’ဟု ပင်းတယမီးအိမ်ရှင်ဟု နိုင်ငံကျော်ခဲ့သည့် ခေတ်သစ်ဆရာဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာသန်းမင်းထွဋ်က ဒေါက်တာနာဂသိန်းလှိုင်၏ အရည်အချင်းများကို ပြောပြသည်။ သူလေးစားအားကျသည့် ဆရာဝန်များစာရင်းမှာ ဒေါက်တာနာဂသိန်းလှိုင် ပါဝင်သည်။ သူ့ကိုအားကျ၍ သူ့လိုဆရာဝန်တစ်ဦးဖြစ်လာရန် သူ့ကိုယ်သူ ကြိုးစားအားထုတ်ခဲ့တာဖြစ်သည်ဟု ဒေါက်တာသန်းမင်းထွဋ်က ဖွင့်ဟသည်။
ဒေါက်တာနာဂသိန်းလှိုင်က သူတတ်ကျွမ်းထားသည့် ထုံဆေးပညာကိုလည်း မျိုးဆက်သစ်ဆရာဝန်များထံသို့ ပညာအမွေပေးခဲ့လိုဟန်ရှိသည်။ သူ ဘယ်ရောက်ရောက် ထုံဆေးပညာရပ်အကြောင်းကို ဟောပြောခြင်း၊ သင်ကြားပေးခြင်းတို့ ပြုလုပ်ခဲ့သေးသည်။ ‘‘ထုံဆေးပညာက ကျင့်မှရတယ်’’ဟုလည်း သူက ပြောသည်။ သူသည် ဆရာဝန်ဘ၀တစ်လျှောက်လုံး ခွဲစိတ်ဓားကို လက်ကမချခဲ့သူဖြစ်ပါသည်။ သေသည်အထိ ခွဲစိတ်သွားလိုသည့်ဆန္ဒလည်း ရှိဟန်တူသည်။
‘‘အခု အိမ်ကတားထားလို့ စိတ်ညစ်နေတယ်။ အခုခွဲခိုင်းရင် အခုခွဲဦးမှာပဲ’’ဟု လာမည့်နိုဝင်ဘာလတွင် အသက် (၈၁)နှစ်ပြည့်တော့မည့် ဆရာဝန်ကြီးက မချင့်မရဲပြောပါသည်။ သူက ဆရာဝန်တစ်ဦးနှင့် သိပ်မတူပါ။ သူ့ကိုယ်သူလည်း
‘‘ငါ့ပုံစံက ဒရ၀မ်နဲ့ဆင်နေတယ်။ ငါ့ကို ဆရာဝန်လို့ ဘယ်သူမှမသိဘူး’’ဟု ဆိုသည်။
သူ့ကို ဘ၀တစ်လျှောက်လုံး အနီးမှ ပါရမီဖြည့်လာသည့် ဇနီးဖြစ်သူကိုလည်း အတော်ချစ်သည်။ ၁၉၆၂ ခုနှစ် မြိတ်ဆေးရုံတွင် တာဝန်ကျစဉ်ကတည်းက ဒေါ်အုန်းအုန်းနှင့် အိမ်ထောင်ကျခဲ့တာဖြစ်ပြီး နာဂတောင်တန်းပေါ်သို့ ခင်ပွန်းသည်နှင့်အတူ မညည်းမညူ လိုက်ပါနေထိုင်ခဲ့သည်။
‘‘စပြီးအိမ်ထောင်ကျတဲ့အချိန်ကတည်းက ဆရာက ငွေကြေးနဲ့အလုပ်လုပ်ရတာ ၀ါသနာမပါဘူး။ လူနာတွေ ကန်တော့သလောက်ပဲ။ အားလုံးကို စေတနာနဲ့ပဲ အလုပ်လုပ်ခဲ့တယ်။ လခဆိုတာလည်း လကုန်ရင် တစ်ပြားမှပါမလာဘူး။ တပည့်တွေကို ဝေပေးပစ်တယ်’’ဟု ဇနီးဖြစ်သူ ဒေါ်အုန်းအုန်းကပြောပြသည်။
မိသားစုဝင်တချို့ကို ခွဲစိတ်ပေးဖူးပါသလားဟု မေးမြန်းကြည့်ရာ ဆရာကြီးနာဂသိန်းလှိုင်က သဘောကျရယ်မောလျက် ‘‘ငါ့ကလေးတွေ၊ မြေးတွေအကုန်လုံး ငါမွေးပေးခဲ့တာကွ’’ဟု ဆိုပါသည်။ သားသမီးခုနစ်ဦးရှိသည့်အနက် ခြောက်ဦးကို သူကိုယ်တိုင် မွေးပေးခဲ့ခြင်းဖြစ်ပြီး မြေးရှစ်ယောက်စလုံးကိုလည်း ကိုယ်တိုင်မွေးဖွားပေးခဲ့တာဖြစ်သည်။
ဒေါ်အုန်းအုန်းကလည်း ‘‘ဆယ့်ရှစ်မိနစ်ဆိုရင် ကလေးကအပြင်ရောက်ပြီ’’ ဟု ရယ်မော၍ ဘေးမှဝင်ပြောသည်။
အဖ ဦးတန်ဟုတ်ဝမ်၊ အမိ ဒေါ်နန်းကြင်သုန်တို့မှ မွေးဖွားခဲ့သည့် မွေးချင်းကိုးဦးအနက် ဒုတိယမြောက်သား တရုတ်ကပြား ဒေါက်တာနာဂသိန်းလှိုင်သည် အသက်(၈၀)ကျော်လာပြီဖြစ်သော်လည်း သွက်လက်ဆဲ။ စကားကို မနားတမ်းပြောဆိုနိုင်ဆဲ။ ခွဲစိတ်ဓားကို ချက်ချင်းပင် ကောက်ကိုင်လိုဟန်ရှိနေဆဲ။
‘‘သက်ရှိသတ္တ၀ါတွေကို ကယ်တင်ရတဲ့ကုသိုလ်က ဘာနဲ့မှနှိုင်းလို့မရဘူး။ လူနာတွေကို ခွဲစိတ်ကုသပေးရတာ အရမ်းပျော်တယ်။ အချိန်ပြည့် လူနာတွေအနားမှာပဲနေတယ်။ မိသားစုနဲ့တောင် လျှောက်မသွားဘူး။ ဆရာဝန်ကို ကုသိုလ်ရအောင်၊ ထမင်းဝအောင်၊ ပညာတတ်လာအောင် လူနာတွေပဲ လုပ်ပေးတယ်။ လူနာတွေရဲ့ကျေးဇူးကိုဆပ်မကုန်ဘူး။ ပိုက်ဆံမျှော်ပြီး တစ်ခါမှ မခွဲပေးဖူးဘူး။ ပေးလည်း မယူဘူး။ သူ့အသက်ကို ငါ့ဆီလာအပ်တယ်ဆိုကတည်းက ငွေသိန်းသန်းမက လာအပ်တာပဲမဟုတ်လား’’ဟု ဆရာဝန်ကြီးက သူ၏စိတ်သဘောထားကို ပြောပြပါသည်။
လက်ရှိဆေးလောကအပေါ်မှာလည်း ဆရာဝန်ကြီးက ‘‘ရှင်းရှင်းပြောရရင် ပျက်နေတာကြာပြီ’’ဟု ဆိုပါသည်။ အသပြာဆရာဝန်များမှာ သူဌေးသာဖြစ်ချင်ဖြစ်သွားမည်ဖြစ်ပြီး တော်သည်၊ တတ်သည်ရှိမလာနိုင်၊ နာမည်ကြီးမလာနိုင်ဟု ဆရာဝန်ကြီးက သုံးသပ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ အတ္တပါနေသောကြောင့်ဟု ဆိုသည်။
‘‘တို့ဆီမှာက ဘွဲ့အများကြီးရမှ’’ဟု သူက အားမလိုအားမရဖြစ်ဟန်ဖြင့် ဆက်ပြောပါသည်။ ဆရာဝန်လုပ်သက် နှစ်ပေါင်း ၄၀ ကုန်လွန်ခဲ့ပြီးနောက် ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်သည် ကျန်းမာပျော်ရွှင်စွာဖြင့် ပြင်ဦးလွင်မြို့တွင် နေထိုင်ကာ ဘ၀ကိုဖြတ်သန်းလျက်ရှိသည်။ ထုံဆေးပညာရှင်ကြီး၊ ခွဲစိတ်ပညာရှင်ကြီး၊ စေတနာရှင်ဆရာဝန်ကြီး၊ သူလိုဆရာဝန်ကြီး၊ နာဂနတ်ကြီး၊ တစ်ချိန်က တောင်တန်းပေါ်မှ မီးအိမ်ရှင်ကြီးက သူ့အကြောင်း ဆောင်းပါးအတွက် အင်တာဗျုးလာရောက်သူနှင့် သုံးနာရီခန့်ကြာအောင် မမောတမ်း စကားများဖောင်ဖွဲ့ပြီးနောက် အောက်ပါစကားတစ်ခွန်းဖြင့် လက်စသတ်လိုက်ပါသည်။
‘‘လူကိုလူလိုမြင်ပါ။
လူကိုလူလို သုံးသပ်ပါ။
လူကို လူလိုကြည့်ပါ။
လူကိုလူလို ကျင့်သုံးကြပါ။
ဒါမှ မင်းဘ၀ဖြောင့်ဖြူးလိမ့်မယ်’’။
credit >> OppositEye, 7 days

Friday, October 10, 2014

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ

**********************************************
ဒေါက်တာစိုးထွန်း ရန်ကုန် တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၈) 
**********************************************

ခေတ် ၏တိုးတက်မှုပြရန်ညွှန်းကိန်း (Indicator)အဖြစ် ဆေးရုံဘယ်နှရုံ၊ ခုတင်ဘယ် နှလုံးတည်ဆောက်ပေးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် မကြာခဏတွေ့မြင်ကြရမှာဖြစ်သည်။ သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် ဆရာ ဝန်၊ သူနာပြု ဆရာမဘယ်နှဦးခန့်ထားမည်။ တစ်နှစ်လျှင် ဆေးဝါးအတွက်သုံးစွဲရန် ငွေမည်မျှတွက်ချက်လျာထား ခြင်းမရှိပါ။ ထို့အပြင် ဓာတ်မှန်စက်၊ ဓာတ်ခွဲခန်းတည်ဆောက် ပေးထားသော်လည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ကုန်ကျမည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဆေးရုံများတွင် တပ်ထားသည့်ဆိုင်းဘုတ်များက တော့ 'ငွေကြေးတတ်နိုင်သူများကို စရိတ်မျှပေးကျန်းမာရေး စနစ်ကျင့်သုံးရန်' 'ဆင်းရဲချို့တဲ့သောသူများကို အခမဲ့ကုသ ပေးသည်'ဟူသော ဆိုင်းဘုတ်သည် လူနာများနှင့် ဆရာဝန်၊ သူနာပြုများကို ရန်တိုက်ပေးထားသလိုဖြစ်နေပါသည်။
ပြည်သူ့ဆေးရုံသို့လာသောလူနာများမှာ ဆင်းရဲသ ဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းသို့မသွားနိုင်၍ လာသူများသာ ဖြစ်ပါသည်။ တချို့လူနာများမှာ မိမိတို့နေထိုင်ရာရပ်ကွက် ရုံးတွင် ဆင်းရဲကြောင်းထောက်ခံစာများကိုယူလာသည် ကိုတွေ့ရပါသည်။ 

ဆိုင်းဘုတ်တပ်ထားသည့် ဆင်းရဲချို့တဲ့ သူများကို အခမဲ့ကုသပေးရမည်ဆိုသော်လည်း အဆိုပါ ဆေးရုံများအတွက် လုံလောက်သောဆေးဝါးများပေးထား ခြင်းမရှိ၍ ဆရာဝန်၊ ဆရာမများမှ ပျောက်စေဆရာများ ကဲ့သို့ ရေမန်းဖြင့်ကုသမှသာရမည်ဖြစ်ပါသည်။ ဥပမာ- ခုတင် ၃ဝဝဆေးရုံတစ်ရုံတည်ဆောက်မည်ဆိုပါက ဆရာ ဝန်ဘယ်နှဦး၊ သူနာပြုဘယ်နှဦး၊ အခြားဝန်ထမ်းဘယ်နှဦး နှင့် လူနာ ၃ဝဝ အတွက် နေ့စဉ်ဆေးဝါးမည်မျှကုန်ကျမည်၊ ခွဲစိတ်မည့်လူနာအတွက် တစ်ဦးလျှင် ဆေးဖိုးမည်မျှကုန်ကျ မည်ကို တွက်ချက်ထားခြင်း၊ ချထားပေးခြင်းမရှိဘဲ 'အခမဲ့ ကုသပေးမည်'ဟု ဆိုင်းဘုတ်တပ်ထားခြင်းမှာ လူနာနှင့် ဆရာဝန်များအား ရန်တိုက်ပေးနေသလိုပင်ဖြစ်ပါသည်။
အခြေခံလိုအပ်ချက်ဖြစ်သောဆေးဝါးများပင်လောက် ငအောင် အစိုးရမှမထောက်ပံ့သည့်အတွက် လူနာစောင့်မှ သွားဝယ်ရသည့်ဒုက္ခတွေ့နေရပါသည်။ ထို့အပြင်လူနာ တစ်ဦးဆေးရုံတက်ပါက ဆေးဝယ်ခိုင်းရန်ငွေရှိရမည့်အ ပြင် လူနာစောင့်တစ်ဦးလည်းလိုသည့်အတွက် ထိုသူ၏ လုပ်အားခဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ ကြောင့် ပြည်သူ့ဆေးရုံသို့ လူနာတစ်ဦးတက်ရောက်ပါက ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါသလား။ ငွေကြေးမည် မျှတတ်နိုင်သလဲဟု မိမိတို့၏ကုသရေးနှင့်မဆိုင်သည့်အပို မေးခွန်းကို မေးနေရပါသည်။ 

ကျွန်တော်ဖတ်ဖူးသော  Facebook စာမျက်နှာတစ်ခုတွင် လမ်း၌မူးလဲသောလူနာ အား ဆေးရုံသို့သွားပို့သောအခါ ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါမှဖြစ်မည်ဖြစ်ကြောင်းပြောဆို၍ အဆိုပါ ဆရာဝန်၊သူနာပြုများကို ဝိုင်းပြီးဆဲသည့် Comment အများ ရေးထားသည်ကိုတွေ့ရ၍ စိတ်မကောင်းပါ။ အဓိကတရား ခံမှာ စနစ်ကြောင့်သာဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည် တွင် ကျန်းမာရေးအာမခံစနစ်ကလည်းမရှိ၊ ဆေးဝါးက လည်းမပြည့်စုံ၊ ဆရာဝန်၊ သူနာပြုအင်အားနှင့် လူနာအခြေ အနေ (Doctor Patient Ratio) (Doctor Nurse Ratio) ကလည်း မမျှသည့်အခြေအနေတွင် စနစ်ကိုမပြင်ဘဲ အဆို ပါစနစ်၌ ပါဝင်ကပြအသုံးတော်ခံနေရသည့် ကျန်းမာရေး ဝန်ထမ်းများကိုသာ လက်ညှိုးထိုးနေသည်မှာ မတရားဟု ထင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစီမံကိန်းဦးစီး ဌာနမှ ထုတ်ဝေသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ လူဦး ရေအများစုမှာ ကျန်းမာရေးအသုံးစရိတ်ကို မိမိတို့အိတ် ကပ်ထဲမှ စိုက်ထုတ်သုံးစွဲနေရခြင်း (ဥကအ သ် ဏသခုနအ)ဖြစ် နေကြောင်း သိရှိရပါသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းအရ ကျေးလက်နေ ပြည်သူများအနေဖြင့် ၂၆ရာခိုင်နှုန်းမှာ ကျန်းမာရေးစရိတ် ကြောင့် ဒုက္ခဖြစ်နေကြောင်း Catatirphic Effect  တွေ့ ရပါမည်။
မြန်မာနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်ရန် မလွယ်ကူ ပါ။ ရှစ်တန်း၊ ကိုးတန်း၊ ၁ဝ တန်းတွင် ငွေကြေးများစွာ အကုန်အကျခံ၍ ကျူရှင်ကောင်းကောင်းထားရပါသည်။ ကျောင်းသား၊ ကျောင်းသူများသည်လည်း သူများကဲ့သို့ ရုပ်ရှင်မကြည့်ရ၊ မကစားရပါ။ ညဘက်လည်း အိပ်ချိန် လျှော့ရပါသည်။ မိဘများလည်း ပင်ပန်းကြရပါသည်။ ၁ဝ တန်းဖြေသူ သိန်းချီရှိသည့်အထဲမှ ယခင်ကလူ ၅ဝဝ ကျော်၊ ယခုလူ ၂၅ဝဝ ကျော် ဆေးတက္ကသိုလ်ဝင်ခွင့်ရပါ သည်။

 ဆေးတက္ကသိုလ်၏ပြဋ္ဌာန်းချက်စာအုပ်များမှာ အင်္ဂလန်နိုင်ငံမှပြဋ္ဌာန်းထားသော ဆေးပညာစာအုပ်များ ကို သင်ကြားရပါသည်။ မူရင်းစာအုပ်ဝယ်လျှင် ဈေးအလွန် ကြီးပါသည်။ ဆေးတက္ကသိုလ်တွင် စာသင်နှစ်ခုနစ်နှစ်နီး ပါးသင်ကြားရပါသည်။ တချို့တစ်ဝက်မှာလည်း ကျူရှင် တက်ကြပါသည်။ ထိုသို့ ဆေးတက္ကသိုလ်တက်ရောက်ရန် တစ်လလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင် မိဘများမှ ထောက်ပံ့ရပါသည်။ ဆေးကျောင်းတက်သည့် ကျောင်း သား၊ ကျောင်းသူမှာလည်း အပတ်စဉ်၊ လစဉ်စာတွေ့လက် တွေ့ စာမေးပွဲဖြေဆိုနေရပါသောကြောင့် အခြားကျောင်း သားများကဲ့သို့ အပျော်အပါးလိုက်စားရန်အချိန်မှာ လွန် စွာနည်းပါးပါသည်။ ကြိုးစားပြီး ငွေကုန်ကြေးကျခံ၍ ဆရာ ဝန်ဖြစ်ပါကလည်း အစိုးရလက်ထောက်ဆရာဝန်ရာထူး ခေါ်ချိန်နှစ်နှစ်၊ သုံးနှစ်စောင့်ရပါသည်။ ကျူရှင်တက်ရ ပါသည်။ အင်္ဂလိပ်စာ IELTS အတွက် ကျူရှင် တက်ရပါသည်။ 

စာကျက်ရပါသည်။ ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲအောင်မြင်၍ လက်ထောက်ဆရာဝန်ဖြစ်ပါက ယခုနောက်ဆုံး(ဧပြီလ၊ ၂ဝ၁၄ ခုနှစ်)လစာအရ တစ်လ လျှင် ကျပ်တစ်သိန်းခွဲရရှိမည်ဖြစ်ပါသည်။ အဆိုပါလစာမှာ အသက်၁၈နှစ်ပြည့် မည်သည့်ပညာမှမတတ် ကားမောင်း တတ်ပါက ယာဉ်မောင်းတစ်ဦးရမည့်လစာဖြင့် အတူတူဖြစ် ပါသည်။
ဆေးရုံအများစုတွင် နေစရာအိပ်ခန်းမရှိပါ။ စီးစရာ ကား၊ ဆိုင်ကယ်၊ စက်ဘီးလည်းမပေးပါ။ ညဂျူတီ၊ ပိတ် ရက်ဂျူတီလည်း ဆင်းရပါသည်။ ဆေးကုရာတွင်လည်း စာအုပ်ထဲ၌ သင်ကြားပေးလိုက်သော၊ ပြည်ပနိုင်ငံများတွင် လေ့ကျင့်ပေးလိုက်သော အကောင်းဆုံးဆေးဝါးကုထုံးများ ကို ခေါင်းဖြူအောင်စဉ်းစား၍ ပေးရပါသည်။ မြန်မာပြည် မှ ဆရာဝန်လောက်တော်သောသူ ကမ္ဘာတွင်ရှိမည်မထင် ပါ။ မလေးရှားနိုင်ငံတွင် ဆရာဝန်တစ်ဦးတစ်လသိန်း ၂ဝ၊ ၃ဝ ခန့်၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံတွင် တစ်လ လစာသိန်း ၆ဝ၊ ၈ဝ လောက်ရနေချိန် အဆိုပါ ဆရာဝန်များအနေဖြင့် စီးပွားရှာရန်မလိုဘဲ လူတန်းစေ့ နေနိုင်ချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းခွဲဝင်ငွေဖြင့် မသထာရေစာအငတ်ခံလုပ်ကိုင်နေသောစနစ်ဆိုးမှ မြန် မာနိုင်ငံမှဆရာဝန်၊ သူနာပြုများကို ကျွန်တော်သမ္မတကြီး ကိုယ်စားနိုင်ငံသားကောင်းဆုချီးမြှင့်ချင်ပါသည်။ နိုင်ငံ တော်သမ္မတကြီးမှ 'ပြည်ပတွင် ရောက်ရှိနေသော ပညာ တတ်များပြန်လာရန် ဖိတ်ခေါ်နေပါသည်' ကျွန်တော်တစ် ခုဖြည့်စွက်ချင်ပါသည်။ အဆိုပါပြန်လာမည့်သူများအနေ ဖြင့် ပြည်တွင်း၌ လုပ်ကိုင်နေကြသော နိုင်ငံတကာအသိ အမှတ်ပြုဘွဲ့ရပညာတတ်များသည် 'ပြည်ပ၏လုပ်ခလစာ ၏အပုံ ၁ဝဝ ပုံတစ်ပုံမျှဖြင့် ပြည်သူကို အလုပ်အကျွေးပြု နိုင်ပါမည်လော'ဟု ဖြည့်စွက်မေးချင်ပါသည်။
စနစ်၏သားကောင်ဖြစ်ကြသော ဆရာဝန်၊ သူနာပြု တို့သည် မိမိတို့၏လစာဖြင့် မရပ်တည်နိုင်၍ 'ဆရာဝန် လုပ်လျှင် စီးပွားမလုပ်ရပါ'ဆိုသော စကားကို မလိုက်နာ နိုင်ဘဲ မိမိတို့၏ကိုယ်ပိုင်ချိန်တွင် နိုင်ငံခြားတိုင်းပြည်မှာရှိ သည့် ဆရာဝန်များကဲ့သို့ အနားမယူနိုင်၊ စာလေးဘာလေး မဖတ်နိုင်ဘဲ ဟိုဆေးခန်း၊ ဒီဆေးခန်းပြေးရနှင့် ည ၁၁ နာရီ၊ ၁၂ နာရီမှ အိမ်ကိုရောက် ညစာစား၊ ရေချိုးပြီးအိပ်ရာ ဝင်ရပါသည်။ မနက်စောစော ၅ နာရီထပြီး ဆေးရုံမသွား ခင် ဆေးခန်းလေးပြေးထိုင်ပြီး လူနာစောင့်နေရပါသည်။ သို့မှသာ 'ငတ်၍သေသောဆရာဝန်မိသားစု'ဟု ကျော်မ ကောင်းကြားမကောင်းမဖြစ်ရန်အတွက် ရုန်းကန်နေရခြင်း ဖြစ်ပါသည်။

နံနက်၈နာရီခွဲအမီ ခွဲစိတ်ခန်းဝင်ရန်(သို့မဟုတ်)လူ နာလှည့်လည်ကြည့်ရှုရန် (Ward Round)ဆေးရုံသို့ အူ ယားဖားယားပြေးရပါသည်။ လူနာများအား ကျန်းမာရေး နှင့်ညီညွတ်အောင် နေထိုင်ရန် ပြောဆိုနေရသော်လည်း ပြောနေသူဆရာဝန်၊ ဆရာမကိုယ်တိုင်မှာမူ မျက်တွင်း ဟောက်ပက်နှင့် တီဗွီကြည့်ချိန်၊ လမ်းလျှောက်ချိန်မရှိပါ။ ဆေးရုံရောက်သည့်အခါလည်း လူနာများက ပြည့်ကျပ်နေ ပြီး လူနာစောင့်များကလည်း ပြည့်နှက်နေပါသည်။ ဆရာ ဝန်၊ သူနာပြုအချိုး (Doctor Nurse Ratio) မှာ ကျန်းမာ ရေးဝန်ကြီးဌာနမှထုတ်ဝေထားသည့်  Health in Myanmar  မေ ၂ဝ၁၃ အရ ဆရာဝန်တစ်ဦးလျှင် သူနာပြုတစ်ဦး(၁း၁)သာရှိ၍ အမှန်တကယ်ရှိရမည့် (၁း၃)ထက်များစွာ လျော့ နည်းနေပါသည်။ သူနာပြုများမှာလည်း မနိုင်ဝန်ထမ်းနေ ရ၍ အလုပ်သင်ဆရာဝန်များမှကူညီပြီး ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း ပြုလုပ်ပေးနေရပါသည်။

နံနက်ခင်းမှသည် ညနေအထိတိုင်အောင် လူနာများ ကို ဆေးကုသခြင်းအပြင် အခြားနိုင်ငံခြားမှာလိုအတွင်း ရေးမှူးမရှိသည့်အတွက် ဆေးရုံစာရင်းဇယားများကိုလည်း ဖြည့်စွက်နေရပါသည်။ ဘွဲ့လွန်တက်ရန်လည်း စာကျက် နေရပါသည်။ ကျူရှင်တက်နေရပါသည်။ တော်ဝင်သမား တော်ဖြစ်ရန် MRCP , MRCS Exam ဖြေရန် အင်္ဂလိပ်စာ ကျူရှင်လည်းတက်နေရပါသည်။ ကိုယ့်ပိုက်ဆံဖြင့် ကိုယ်စာ မေးပွဲဖြေဆိုရန် ငွေလည်းစုရပါဦးမည်။ 'ဆင်းရဲသောလူ နာများအား အခမဲ့ကုသပေးသည်'ဆိုသော ဆိုင်းဘုတ်အရ ပေးစရာဆေးကလည်းကုန်နေ၍ လူနာများ၏ပြောဆိုခြင်း လည်း ခံရပါသည်။
နိုင်ငံတကာအဆင့်မီ ဆေးကုသရေးပန်းတိုင်သို့ လျှောက်လှမ်းလိုပါက 'နိုင်ငံတကာအဆင့်မီလစာပေးရ မည်'။ 'နိုင်ငံတကာအဆင့်မီဆေးဝါး၊ ရောဂါရှာဖွေရေး ကိရိယာဖြည့်တင်းပေးရမည်'ဆိုပါလျှင် ဆရာဝန်၊ ဆရာမ များ၏ နွေးထွေးသောအပြုံးတင်မကပါ ရှူးရှူးပေါက်၊ အီး အီးပါလျှင်တောင်အိမ်သာကို ကိုယ်တိုင်လိုက်ပို့ကြမည် သာဖြစ်သည်။ ဆိုက်ကားဆရာ၊ မော်တော်ကားဆရာလစာလောက်ပင်မရသောအခြေအနေဖြင့် နိုင်ငံတကာ အရည်အသွေးဝန်ဆောင်မှုကို ရောက်အောင်ဆောင်ရွက် မည်ဆိုပါက 'ဝ'မရှိဘဲ'ဝိ'လုပ်နေခြင်းသာဖြစ်ပြီး လာမည့် ၂ဝ၁၅ အေအီးစီတွင် ဦးနှောက်ယိုစီးမှုတွေ့မြင်နိုင်ပြီး ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုမရှိဘဲဖြင့် နေနိုင် သည်ကို သတိပြုသင့်ပါသည်။

ပါမောက္ခကြီးတစ်ဦးက ပြောဆိုခဲ့သည်မှာ MRCP Exam တွင် စာမေးပွဲစစ်ရင်း မြန်မာပြည်က ပါမောက္ခ လစာဘယ်လောက်ရသလဲဟု အင်္ဂလန်မှ ပါမောက္ခက မေးရာ ''ဒေါ်လာ၃ဝဝရသည်'' ဟု ပိုပိုသာသာပြောခဲ့ရာ အင်္ဂလန်ပါမောက္ခကရယ်ပြီး ''လာနောက်မနေပါနဲ့ Professor''ဟု ပြန်လည်ပြောဆိုကြောင်း ပြောကြားခဲ့ပါ သည်။ ဒါတောင် ပိုပိုသာသာဒေါ်လာ ၃ဝဝ ဟု ပြောခဲ့ ခြင်းဖြစ်ပါသည်။

ဒါဟာ ကမ္ဘာမှာ လစာအနည်းဆုံးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံမှ ဆရာဝန်၊ သူနာ ပြု၊ ကျန်းမာရေးဝန်ထမ်းများသာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးပြောခဲ့သလိုများဖြစ်နေမလား သုံးသပ်ပါသည်။ ဘာတဲ့ ''ခပ်ထက်ထက်သူတွေကတော့ ပြည်ပနိုင်ငံကို ထွက်သွားကြပြီး ခပ်တုံးတုံးသူများကတော့ မြန်မာပြည်တွင် နေကြသည်တဲ့''အင်း.. အဲဒီလိုများ ဖြစ်နေမလားဆိုပြီး စနစ်၏သားကောင်များအကြောင်း မျှဝေပေးလိုက်ပါတယ်။ ။





စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ
**********************************************
ဒေါက်တာစိုးထွန်း ရန်ကုန် တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၈)
**...********************************************
ခေတ် ၏တိုးတက်မှုပြရန်ညွှန်းကိန်း (Indicator)အဖြစ် ဆေးရုံဘယ်နှရုံ၊ ခုတင်ဘယ် နှလုံးတည်ဆောက်ပေးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် မကြာခဏတွေ့မြင်ကြရမှာဖြစ်သည်။ သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် ဆရာ ဝန်၊ သူနာပြု ဆရာမဘယ်နှဦးခန့်ထားမည်။ တစ်နှစ်လျှင် ဆေးဝါးအတွက်သုံးစွဲရန် ငွေမည်မျှတွက်ချက်လျာထား ခြင်းမရှိပါ။ ထို့အပြင် ဓာတ်မှန်စက်၊ ဓာတ်ခွဲခန်းတည်ဆောက် ပေးထားသော်လည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ကုန်ကျမည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဆေးရုံများတွင် တပ်ထားသည့်ဆိုင်းဘုတ်များက တော့ 'ငွေကြေးတတ်နိုင်သူများကို စရိတ်မျှပေးကျန်းမာရေး စနစ်ကျင့်သုံးရန်' 'ဆင်းရဲချို့တဲ့သောသူများကို အခမဲ့ကုသ ပေးသည်'ဟူသော ဆိုင်းဘုတ်သည် လူနာများနှင့် ဆရာဝန်၊ သူနာပြုများကို ရန်တိုက်ပေးထားသလိုဖြစ်နေပါသည်။
ပြည်သူ့ဆေးရုံသို့လာသောလူနာများမှာ ဆင်းရဲသ ဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းသို့မသွားနိုင်၍ လာသူများသာ ဖြစ်ပါသည်။ တချို့လူနာများမှာ မိမိတို့နေထိုင်ရာရပ်ကွက် ရုံးတွင် ဆင်းရဲကြောင်းထောက်ခံစာများကိုယူလာသည် ကိုတွေ့ရပါသည်။
ဆိုင်းဘုတ်တပ်ထားသည့် ဆင်းရဲချို့တဲ့ သူများကို အခမဲ့ကုသပေးရမည်ဆိုသော်လည်း အဆိုပါ ဆေးရုံများအတွက် လုံလောက်သောဆေးဝါးများပေးထား ခြင်းမရှိ၍ ဆရာဝန်၊ ဆရာမများမှ ပျောက်စေဆရာများ ကဲ့သို့ ရေမန်းဖြင့်ကုသမှသာရမည်ဖြစ်ပါသည်။ ဥပမာ- ခုတင် ၃ဝဝဆေးရုံတစ်ရုံတည်ဆောက်မည်ဆိုပါက ဆရာ ဝန်ဘယ်နှဦး၊ သူနာပြုဘယ်နှဦး၊ အခြားဝန်ထမ်းဘယ်နှဦး နှင့် လူနာ ၃ဝဝ အတွက် နေ့စဉ်ဆေးဝါးမည်မျှကုန်ကျမည်၊ ခွဲစိတ်မည့်လူနာအတွက် တစ်ဦးလျှင် ဆေးဖိုးမည်မျှကုန်ကျ မည်ကို တွက်ချက်ထားခြင်း၊ ချထားပေးခြင်းမရှိဘဲ 'အခမဲ့ ကုသပေးမည်'ဟု ဆိုင်းဘုတ်တပ်ထားခြင်းမှာ လူနာနှင့် ဆရာဝန်များအား ရန်တိုက်ပေးနေသလိုပင်ဖြစ်ပါသည်။
အခြေခံလိုအပ်ချက်ဖြစ်သောဆေးဝါးများပင်လောက် ငအောင် အစိုးရမှမထောက်ပံ့သည့်အတွက် လူနာစောင့်မှ သွားဝယ်ရသည့်ဒုက္ခတွေ့နေရပါသည်။ ထို့အပြင်လူနာ တစ်ဦးဆေးရုံတက်ပါက ဆေးဝယ်ခိုင်းရန်ငွေရှိရမည့်အ ပြင် လူနာစောင့်တစ်ဦးလည်းလိုသည့်အတွက် ထိုသူ၏ လုပ်အားခဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ ကြောင့် ပြည်သူ့ဆေးရုံသို့ လူနာတစ်ဦးတက်ရောက်ပါက ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါသလား။ ငွေကြေးမည် မျှတတ်နိုင်သလဲဟု မိမိတို့၏ကုသရေးနှင့်မဆိုင်သည့်အပို မေးခွန်းကို မေးနေရပါသည်။
ကျွန်တော်ဖတ်ဖူးသော Facebook စာမျက်နှာတစ်ခုတွင် လမ်း၌မူးလဲသောလူနာ အား ဆေးရုံသို့သွားပို့သောအခါ ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါမှဖြစ်မည်ဖြစ်ကြောင်းပြောဆို၍ အဆိုပါ ဆရာဝန်၊သူနာပြုများကို ဝိုင်းပြီးဆဲသည့် Comment အများ ရေးထားသည်ကိုတွေ့ရ၍ စိတ်မကောင်းပါ။ အဓိကတရား ခံမှာ စနစ်ကြောင့်သာဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည် တွင် ကျန်းမာရေးအာမခံစနစ်ကလည်းမရှိ၊ ဆေးဝါးက လည်းမပြည့်စုံ၊ ဆရာဝန်၊ သူနာပြုအင်အားနှင့် လူနာအခြေ အနေ (Doctor Patient Ratio) (Doctor Nurse Ratio) ကလည်း မမျှသည့်အခြေအနေတွင် စနစ်ကိုမပြင်ဘဲ အဆို ပါစနစ်၌ ပါဝင်ကပြအသုံးတော်ခံနေရသည့် ကျန်းမာရေး ဝန်ထမ်းများကိုသာ လက်ညှိုးထိုးနေသည်မှာ မတရားဟု ထင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစီမံကိန်းဦးစီး ဌာနမှ ထုတ်ဝေသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ လူဦး ရေအများစုမှာ ကျန်းမာရေးအသုံးစရိတ်ကို မိမိတို့အိတ် ကပ်ထဲမှ စိုက်ထုတ်သုံးစွဲနေရခြင်း (ဥကအ သ် ဏသခုနအ)ဖြစ် နေကြောင်း သိရှိရပါသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းအရ ကျေးလက်နေ ပြည်သူများအနေဖြင့် ၂၆ရာခိုင်နှုန်းမှာ ကျန်းမာရေးစရိတ် ကြောင့် ဒုက္ခဖြစ်နေကြောင်း Catatirphic Effect တွေ့ ရပါမည်။
မြန်မာနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်ရန် မလွယ်ကူ ပါ။ ရှစ်တန်း၊ ကိုးတန်း၊ ၁ဝ တန်းတွင် ငွေကြေးများစွာ အကုန်အကျခံ၍ ကျူရှင်ကောင်းကောင်းထားရပါသည်။ ကျောင်းသား၊ ကျောင်းသူများသည်လည်း သူများကဲ့သို့ ရုပ်ရှင်မကြည့်ရ၊ မကစားရပါ။ ညဘက်လည်း အိပ်ချိန် လျှော့ရပါသည်။ မိဘများလည်း ပင်ပန်းကြရပါသည်။ ၁ဝ တန်းဖြေသူ သိန်းချီရှိသည့်အထဲမှ ယခင်ကလူ ၅ဝဝ ကျော်၊ ယခုလူ ၂၅ဝဝ ကျော် ဆေးတက္ကသိုလ်ဝင်ခွင့်ရပါ သည်။
ဆေးတက္ကသိုလ်၏ပြဋ္ဌာန်းချက်စာအုပ်များမှာ အင်္ဂလန်နိုင်ငံမှပြဋ္ဌာန်းထားသော ဆေးပညာစာအုပ်များ ကို သင်ကြားရပါသည်။ မူရင်းစာအုပ်ဝယ်လျှင် ဈေးအလွန် ကြီးပါသည်။ ဆေးတက္ကသိုလ်တွင် စာသင်နှစ်ခုနစ်နှစ်နီး ပါးသင်ကြားရပါသည်။ တချို့တစ်ဝက်မှာလည်း ကျူရှင် တက်ကြပါသည်။ ထိုသို့ ဆေးတက္ကသိုလ်တက်ရောက်ရန် တစ်လလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင် မိဘများမှ ထောက်ပံ့ရပါသည်။ ဆေးကျောင်းတက်သည့် ကျောင်း သား၊ ကျောင်းသူမှာလည်း အပတ်စဉ်၊ လစဉ်စာတွေ့လက် တွေ့ စာမေးပွဲဖြေဆိုနေရပါသောကြောင့် အခြားကျောင်း သားများကဲ့သို့ အပျော်အပါးလိုက်စားရန်အချိန်မှာ လွန် စွာနည်းပါးပါသည်။ ကြိုးစားပြီး ငွေကုန်ကြေးကျခံ၍ ဆရာ ဝန်ဖြစ်ပါကလည်း အစိုးရလက်ထောက်ဆရာဝန်ရာထူး ခေါ်ချိန်နှစ်နှစ်၊ သုံးနှစ်စောင့်ရပါသည်။ ကျူရှင်တက်ရ ပါသည်။ အင်္ဂလိပ်စာ IELTS အတွက် ကျူရှင် တက်ရပါသည်။
စာကျက်ရပါသည်။ ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲအောင်မြင်၍ လက်ထောက်ဆရာဝန်ဖြစ်ပါက ယခုနောက်ဆုံး(ဧပြီလ၊ ၂ဝ၁၄ ခုနှစ်)လစာအရ တစ်လ လျှင် ကျပ်တစ်သိန်းခွဲရရှိမည်ဖြစ်ပါသည်။ အဆိုပါလစာမှာ အသက်၁၈နှစ်ပြည့် မည်သည့်ပညာမှမတတ် ကားမောင်း တတ်ပါက ယာဉ်မောင်းတစ်ဦးရမည့်လစာဖြင့် အတူတူဖြစ် ပါသည်။
ဆေးရုံအများစုတွင် နေစရာအိပ်ခန်းမရှိပါ။ စီးစရာ ကား၊ ဆိုင်ကယ်၊ စက်ဘီးလည်းမပေးပါ။ ညဂျူတီ၊ ပိတ် ရက်ဂျူတီလည်း ဆင်းရပါသည်။ ဆေးကုရာတွင်လည်း စာအုပ်ထဲ၌ သင်ကြားပေးလိုက်သော၊ ပြည်ပနိုင်ငံများတွင် လေ့ကျင့်ပေးလိုက်သော အကောင်းဆုံးဆေးဝါးကုထုံးများ ကို ခေါင်းဖြူအောင်စဉ်းစား၍ ပေးရပါသည်။ မြန်မာပြည် မှ ဆရာဝန်လောက်တော်သောသူ ကမ္ဘာတွင်ရှိမည်မထင် ပါ။ မလေးရှားနိုင်ငံတွင် ဆရာဝန်တစ်ဦးတစ်လသိန်း ၂ဝ၊ ၃ဝ ခန့်၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံတွင် တစ်လ လစာသိန်း ၆ဝ၊ ၈ဝ လောက်ရနေချိန် အဆိုပါ ဆရာဝန်များအနေဖြင့် စီးပွားရှာရန်မလိုဘဲ လူတန်းစေ့ နေနိုင်ချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းခွဲဝင်ငွေဖြင့် မသထာရေစာအငတ်ခံလုပ်ကိုင်နေသောစနစ်ဆိုးမှ မြန် မာနိုင်ငံမှဆရာဝန်၊ သူနာပြုများကို ကျွန်တော်သမ္မတကြီး ကိုယ်စားနိုင်ငံသားကောင်းဆုချီးမြှင့်ချင်ပါသည်။ နိုင်ငံ တော်သမ္မတကြီးမှ 'ပြည်ပတွင် ရောက်ရှိနေသော ပညာ တတ်များပြန်လာရန် ဖိတ်ခေါ်နေပါသည်' ကျွန်တော်တစ် ခုဖြည့်စွက်ချင်ပါသည်။ အဆိုပါပြန်လာမည့်သူများအနေ ဖြင့် ပြည်တွင်း၌ လုပ်ကိုင်နေကြသော နိုင်ငံတကာအသိ အမှတ်ပြုဘွဲ့ရပညာတတ်များသည် 'ပြည်ပ၏လုပ်ခလစာ ၏အပုံ ၁ဝဝ ပုံတစ်ပုံမျှဖြင့် ပြည်သူကို အလုပ်အကျွေးပြု နိုင်ပါမည်လော'ဟု ဖြည့်စွက်မေးချင်ပါသည်။
စနစ်၏သားကောင်ဖြစ်ကြသော ဆရာဝန်၊ သူနာပြု တို့သည် မိမိတို့၏လစာဖြင့် မရပ်တည်နိုင်၍ 'ဆရာဝန် လုပ်လျှင် စီးပွားမလုပ်ရပါ'ဆိုသော စကားကို မလိုက်နာ နိုင်ဘဲ မိမိတို့၏ကိုယ်ပိုင်ချိန်တွင် နိုင်ငံခြားတိုင်းပြည်မှာရှိ သည့် ဆရာဝန်များကဲ့သို့ အနားမယူနိုင်၊ စာလေးဘာလေး မဖတ်နိုင်ဘဲ ဟိုဆေးခန်း၊ ဒီဆေးခန်းပြေးရနှင့် ည ၁၁ နာရီ၊ ၁၂ နာရီမှ အိမ်ကိုရောက် ညစာစား၊ ရေချိုးပြီးအိပ်ရာ ဝင်ရပါသည်။ မနက်စောစော ၅ နာရီထပြီး ဆေးရုံမသွား ခင် ဆေးခန်းလေးပြေးထိုင်ပြီး လူနာစောင့်နေရပါသည်။ သို့မှသာ 'ငတ်၍သေသောဆရာဝန်မိသားစု'ဟု ကျော်မ ကောင်းကြားမကောင်းမဖြစ်ရန်အတွက် ရုန်းကန်နေရခြင်း ဖြစ်ပါသည်။
နံနက်၈နာရီခွဲအမီ ခွဲစိတ်ခန်းဝင်ရန်(သို့မဟုတ်)လူ နာလှည့်လည်ကြည့်ရှုရန် (Ward Round)ဆေးရုံသို့ အူ ယားဖားယားပြေးရပါသည်။ လူနာများအား ကျန်းမာရေး နှင့်ညီညွတ်အောင် နေထိုင်ရန် ပြောဆိုနေရသော်လည်း ပြောနေသူဆရာဝန်၊ ဆရာမကိုယ်တိုင်မှာမူ မျက်တွင်း ဟောက်ပက်နှင့် တီဗွီကြည့်ချိန်၊ လမ်းလျှောက်ချိန်မရှိပါ။ ဆေးရုံရောက်သည့်အခါလည်း လူနာများက ပြည့်ကျပ်နေ ပြီး လူနာစောင့်များကလည်း ပြည့်နှက်နေပါသည်။ ဆရာ ဝန်၊ သူနာပြုအချိုး (Doctor Nurse Ratio) မှာ ကျန်းမာ ရေးဝန်ကြီးဌာနမှထုတ်ဝေထားသည့် Health in Myanmar မေ ၂ဝ၁၃ အရ ဆရာဝန်တစ်ဦးလျှင် သူနာပြုတစ်ဦး(၁း၁)သာရှိ၍ အမှန်တကယ်ရှိရမည့် (၁း၃)ထက်များစွာ လျော့ နည်းနေပါသည်။ သူနာပြုများမှာလည်း မနိုင်ဝန်ထမ်းနေ ရ၍ အလုပ်သင်ဆရာဝန်များမှကူညီပြီး ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း ပြုလုပ်ပေးနေရပါသည်။
နံနက်ခင်းမှသည် ညနေအထိတိုင်အောင် လူနာများ ကို ဆေးကုသခြင်းအပြင် အခြားနိုင်ငံခြားမှာလိုအတွင်း ရေးမှူးမရှိသည့်အတွက် ဆေးရုံစာရင်းဇယားများကိုလည်း ဖြည့်စွက်နေရပါသည်။ ဘွဲ့လွန်တက်ရန်လည်း စာကျက် နေရပါသည်။ ကျူရှင်တက်နေရပါသည်။ တော်ဝင်သမား တော်ဖြစ်ရန် MRCP , MRCS Exam ဖြေရန် အင်္ဂလိပ်စာ ကျူရှင်လည်းတက်နေရပါသည်။ ကိုယ့်ပိုက်ဆံဖြင့် ကိုယ်စာ မေးပွဲဖြေဆိုရန် ငွေလည်းစုရပါဦးမည်။ 'ဆင်းရဲသောလူ နာများအား အခမဲ့ကုသပေးသည်'ဆိုသော ဆိုင်းဘုတ်အရ ပေးစရာဆေးကလည်းကုန်နေ၍ လူနာများ၏ပြောဆိုခြင်း လည်း ခံရပါသည်။
နိုင်ငံတကာအဆင့်မီ ဆေးကုသရေးပန်းတိုင်သို့ လျှောက်လှမ်းလိုပါက 'နိုင်ငံတကာအဆင့်မီလစာပေးရ မည်'။ 'နိုင်ငံတကာအဆင့်မီဆေးဝါး၊ ရောဂါရှာဖွေရေး ကိရိယာဖြည့်တင်းပေးရမည်'ဆိုပါလျှင် ဆရာဝန်၊ ဆရာမ များ၏ နွေးထွေးသောအပြုံးတင်မကပါ ရှူးရှူးပေါက်၊ အီး အီးပါလျှင်တောင်အိမ်သာကို ကိုယ်တိုင်လိုက်ပို့ကြမည် သာဖြစ်သည်။ ဆိုက်ကားဆရာ၊ မော်တော်ကားဆရာလစာလောက်ပင်မရသောအခြေအနေဖြင့် နိုင်ငံတကာ အရည်အသွေးဝန်ဆောင်မှုကို ရောက်အောင်ဆောင်ရွက် မည်ဆိုပါက 'ဝ'မရှိဘဲ'ဝိ'လုပ်နေခြင်းသာဖြစ်ပြီး လာမည့် ၂ဝ၁၅ အေအီးစီတွင် ဦးနှောက်ယိုစီးမှုတွေ့မြင်နိုင်ပြီး ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုမရှိဘဲဖြင့် နေနိုင် သည်ကို သတိပြုသင့်ပါသည်။
ပါမောက္ခကြီးတစ်ဦးက ပြောဆိုခဲ့သည်မှာ MRCP Exam တွင် စာမေးပွဲစစ်ရင်း မြန်မာပြည်က ပါမောက္ခ လစာဘယ်လောက်ရသလဲဟု အင်္ဂလန်မှ ပါမောက္ခက မေးရာ ''ဒေါ်လာ၃ဝဝရသည်'' ဟု ပိုပိုသာသာပြောခဲ့ရာ အင်္ဂလန်ပါမောက္ခကရယ်ပြီး ''လာနောက်မနေပါနဲ့ Professor''ဟု ပြန်လည်ပြောဆိုကြောင်း ပြောကြားခဲ့ပါ သည်။ ဒါတောင် ပိုပိုသာသာဒေါ်လာ ၃ဝဝ ဟု ပြောခဲ့ ခြင်းဖြစ်ပါသည်။
ဒါဟာ ကမ္ဘာမှာ လစာအနည်းဆုံးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံမှ ဆရာဝန်၊ သူနာ ပြု၊ ကျန်းမာရေးဝန်ထမ်းများသာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးပြောခဲ့သလိုများဖြစ်နေမလား သုံးသပ်ပါသည်။ ဘာတဲ့ ''ခပ်ထက်ထက်သူတွေကတော့ ပြည်ပနိုင်ငံကို ထွက်သွားကြပြီး ခပ်တုံးတုံးသူများကတော့ မြန်မာပြည်တွင် နေကြသည်တဲ့''အင်း.. အဲဒီလိုများ ဖြစ်နေမလားဆိုပြီး စနစ်၏သားကောင်များအကြောင်း မျှဝေပေးလိုက်ပါတယ်။ ။

Wednesday, October 8, 2014

ပျားရည် သံပုရာ ဖော်မြူလာ က ၀မ်းဗိုက် သားကို လျှော့ ချပေးရမှာ ကိုအထောက်အကူပြုပါတယ်။

Sk Herbal Myanmar's photo.












Sk Herbal Myanmar's photo.










ပျားရည် သံပုရာ ဖော်မြူလာ က ၀မ်းဗိုက် သားကို လျှော့ ချပေးရမှာ ကိုအထောက်အကူပြုပါတယ်။
ပါဝင်ပစ္စည်းများ
သံပုရာသီး ၁၅ လုံး
ပျားရည် ...
ဆား အနည်းငယ်
ပြုလုပ်နည်း
သံပုရာသီး အခွံကို ဆားနှင့်  ပွတ်တိုက်ပေးပါ။ ၅ မိနစ်လောက်ကြာလျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင်ထားပါ။
သံပုရာသီးများကို အကွင်းလေးများဖြစ်အောင် ပါးပါးလှီး ပြီး အစေ့ များဖယ်ပစ်ပါ။
ကရားထဲသို့  သံပုရာသီး အကွင်းလေး (၁) ကွင်းလျှင် ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်း အချိုးကျ ထည့်ပြီးရေမြုပ်အောင်ထည့် ပါ။
အဖုံး ဖုံး ပြီး ရေခဲသေတ္တာ ထည့်ပြီး ၃ ရက် ခန့် ထည့် ပြီးသိမ်းထားပါ။
သောက်သုံးရန် အညွန်း
နံက်စာမစားခင် ၁၀ မိနစ် အလို သံပုရာသီး အကွင်းလေး နှင့် ဖော်စပ်ထားသော အရည်ကို ရေအေး ဖြင့် ရော၍သောက်သုံးပါ။
အိပ်ရာမ၀င်ခင် သံပုရာသီး အကွင်းလေး နှင့် ဖော်စပ်ထားသော အရည်ကို ရေအေး (သို့ ) ရေနွေး ဖြင့် ရော၍သောက်သုံးပါ။
၇ရက်ဆက်တိုက်သောက်သုံးပြီး နောက် အားကစား လုပ်ရန် မလို ပဲ အစာခြေ စနစ်ကိုကောင်းမွန် စေပြီး ၀မ်းဗိုက်ကိုချပ်ရပ်စေပါသည်။

SK Herbal
No 95, 52nd street(Middle Block) , Pazundaung Township
Ph 01 9010170.

Monday, October 6, 2014

သိသူဖော်စား FB ၏ အသုံးဝင်အချက်များ's

copy from Khin Saw Mon `s FB
 
ယနေ့ မထင်မှတ်ပဲ နှိပ်မိရာကနေ Facebook ရဲ့ Shortcut တချို့ကိုရှာဖွေတွေ့ရှိလိုက်ပါတယ်။
ဒါကြောင့် မိတ်ဆွေအများသိရအောင် ဖောက်သည်ချပါရစေ။
.
Facebookကိုဖွင့်ထားတဲ့အချ...ိန်မှာ ကွန်ပျူတာ Keyboardရဲ့ Alt ကိုဖိထားပြီး 1,2,3,4ကနေ9,0အထိ(Number Key)
တစ်ခုချင်း နှိပ်ကြည့်ရင် ဘာတွေဖြစ်လာသလဲဆိုတာဖြစ်ပါတယ်။
...
ကိုင်း..စမ်းကြည့်လိုက်ရအောင်-
Alt+1 ကိုနှိပ်ရင် သူငယ်ချင်းတွေရဲ့NewsFeed တွေတက်တဲ့ Home ကိုရောက်စေပါတယ်။

Alt+2 ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝေါလ် Timeline ကိုသွားပါတယ်။
Alt+3 ကိုသာနှိပ်လိုက်မယ်ဆိုရင် ကိုယ့်ကို Requestလုပ်ထားတဲ့ Friend Request Listကို ဖွင့်ပေးမှာပါ။
Alt+4 ဟာ ကိုယ် ချက်(Chat)ထားတဲ့ Chat History(Messages)တွေကိုပြပေးပါလိမ့်မယ်။
Alt+5 ကတော့ ကိုယ့်ဆီမှာတက်ခဲ့ တက်နေဆဲဖြစ်တဲ့ Notification ချည်းပဲစုထားတဲ့ နေရာကိုသွားမှာပါ။
Alt+6 ကိုနှိပ်ရင် အကောင့်(account)ရဲ့ Setting Pageကို ရောက်မှာပါ။
Alt+7 ကတော့ ကိုယ့်ရဲ့Facebookအသုံးပြုမှုတွေ(activities)ကို ကိုယ့်သူငယ်ချင်းတွေ မြင်နေရတဲ့အတိုင်း ပြန်ပြပေးမှာပါ။
ဥပမာ My Name likes Someone's photo .စတဲ့လှုပ်ရှားမှု(activities)တွေပါ။
Alt+8 ကတော့ Facebook ရဲ့ တရားဝင်စာမျက်နှာ (Official Page)ပါ။
Alt+9 ကိုနှိပ်ရင် facebook ရဲ့ policyတွေ လိုက်နာသင့်တဲ့ စည်းကမ်းတွေပြပေးပါတယ်။
Alt+0 ကတော့ ကိုယ့် facebook accountနဲ့ပတ်သက်ပြီး အခက်ခဲရှိရင် မေးဖို့ Help Pageပါ။
..
မိတ်ဆွေအပေါင်း အမြဲတစေအသုံးပြုတဲ့facebookရဲ့ shortcutလေးတချို့ကို သိပြီဆိုတော့
လိုအပ်တဲ့အခါအသုံးပြုကြည့်ပါ။
သိသူဖော်စား၊ မသိသူအားပြန်ရှဲ(Share)ပေးပါ။