:include data='blog' name='google-analytics'/>

Sunday, October 26, 2014

ဆေးကုခံယူခြင်းဆုံးဖြတ်ချက်မမှားရအောင်

ဆေးကုခံယူခြင်းဆုံးဖြတ်ချက်မမှားရအောင်

“ ဆရာဝန်နဲ့ ဆေးရုံ၊ ဆေးခန်း ဘယ်လိုရွေးချယ်ရမလဲ ”
နိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများ သည်လည်း အပြိုင်အဆိုင်ပေါ်ထွက်လာခဲ...့ပါသည်။ ငွေကြေးတတ်နိုင်သည့် ပြည်သူများအတွက် ရွေးချယ်စရာ တစ်ခု အနေဖြင့်သော်လည်းကောင်း၊ အစိုးရလစာဖြင့် မရပ်တည်နိုင်သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး နှီးနွယ် ဝန်ထမ်းများအတွက် ဝင်ငွေရှာဖွေရန် နေရာအဖြစ်သော်လည်းကောင်း အရေးပါသည့်နေရာတစ်ခု အဖြစ် တည်ရှိနေပါသည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းသည် အခြားကုန်ပစ္စည်းများနှင့်မတူပါ။ အခြားကုန်ပစ္စည်းများ (ဥပမာ-အဝတ်အစား၊ စားစရာ စသည်) ဆိုပါက စားသုံးသူပြည်သူများမှ လှမလှ၊ တော်မတော်၊ Fitting ခန်း တွင် အစမ်းဝတ်ကြည့်၍ရသည်။ စားစရာကိုလည်း နဲနဲမှာစားပြီး မြည်းကြည့်လို့ရသည်။ အူအတတ်ရောင်ပြီး ဗိုက်ခွဲရမည့်လူနာ၊ Actue Myocardial Infarct ဟု ခေါ်သည့် Heart Attack (နှလုံးကြွက်သားပုပ်ခြင်း) လူနာ မှာ ဆေးခန်းတကာ လှည့်လည်ပြီး ဆရာဝန် တစ်ယောက်ပြီးတစ်ယောက် အစမ်းခွဲခိုင်း (Testing) သို့မဟုတ် ကုသခိုင်းရန် အခွင့်အရေးမရှိပါ။ အကောင်းဆုံးဟု ထင်မြင်ယူဆသည့်သူ၏ လက်ထဲသို့သာ မိမိ၏အသက်ကို ပုံအပ်လိုက်ရခြင်း ဖြစ်ပါသည်။
ဆေးကျောင်းသားများကို စာမေးပွဲစစ်ရင် ပြောနေကြစကားလုံးကို ပြန်ကောက်ရလျှင် “ ဆောရီး ဆရာကြီး ကျွန်တော်ဖြေတဲ့ အဖြေမှားသွားလို့ နောက်ပြန်ပြင်ပြီး ဖြေပါရစေ ” လို့ ကျောင်းသားမှ ပြောလာလျှင် “ မရတော့ဘူး တပည့်၊ မင်းပေးတဲ့ဆေးထိုးပြီး လူနာကတော့ ပြီးခဲ့တဲ့မိနစ်ကဘဲ ဘဝတစ်ပါး ကူးသွားပါပြီ ” ဆိုပြီး ပြောလေ့ရှိသည်။ ဆေးပညာနှင့်ပတ်သက်သည့် စာမေးပွဲ MCQ ဖြေဆိုရာတွင်လည်း အဖြေမှန်ပါက (+၁) မှတ်၊ မဖြေဘဲထားပါက (ဝ) မှတ် ဖြစ်ပြီး မှားယွင်းဖြေဆိုပါက (-၁) မှတ် နှုတ် ခံရပါသည်။ ဒါကလည်း မသိလျှင် မဖြေနိုင်အောင် ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ လူ့အသက်နှင့်ဆိုင်သောကြောင့် ရွှီးပြီး မဖြေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
လူနာများသည် မိမိတို့၏အသက်ကို မိမိတို့ယုံကြည်ရသည့် ဆရာဝန်၊ ဆရာမ၊ ဆေးရုံ၊ ဆေးခန်း များသို့ ဝကွက် အပ်နှံကြရပါသည်။ မိမိအပ်နှံလိုက်သည့် ဆရာဝန် တကယ် တတ်မတတ်၊ ဆေးရုံ၊ ဆေးခန်း ကောင်းမကောင်းကို လူနာရှင်မိသားစုများမှ အကဲဖြတ်နိုင်ရန် လုံလောက်သော ကျန်းမာရေးနှင့် ဆိုင်သည့် အသိပညာမရှိကြပါ။ အချင်းချင်းကြားဖူးနားဝ သော်လည်းကောင်း၊ ဆေးခန်းဝ၌ ချိတ်ထားသော ဘွဲ့များကို ကြည့်၍သော်လည်းကောင်း ရွေးချယ်ရပါသည်။ ဒီပလိုမာ၊ မာစတာ (M.Med.Sc) ဘွဲ့ရသူများသည် အထူးကုဆရာဝန်ဆိုပြီး တပ်ထားလေ့ရှိပါသည်။ ထိုသို့ ဘွဲ့လွန်ရထားသူများအားလုံးသည် နိုင်ငံတော်အစိုးရ ဆေးရုံများတွင် ရာထူးအရ သတ်မှတ်ထားသော အထူးကုဆရာဝန် (Consultant Physcian/ Surgeon/ OG/

-၂ -
Paediatrician) များ မဟုတ်ကြပါ။ ဒါကိုလည်း ပြည်သူများသိရှိရန် လိုအပ်ပါသည်။ ဆေးပညာဘွဲ့ရတစ်ယောက် အလုပ်စတင်ဝင်ရောက်ပါက လက်ထောက်ဆရာဝန် (Civil Assistant Surgeon) ၊ ဘွဲ့လွန် (M.Sc) ရပြီးပါကလည်း အထူးကု လက်ထောက်ဆရာဝန် (Specialist Civil Assistant Surgeon) (လစာမပြောင်းလဲပါ) ဆရာဝန်အဖြစ် Training ယူပြီး Consultant ဆရာကြီး/ ဆရာမကြီးတို့၏ ကြီးကြပ်မှုဖြင့် တာဝန်ထမ်းဆောင်ကြပါသည်။ ထိုအချိန်တွင် ပြည်ပ Membership စာမေးပွဲများကိုလည်း ဖြေဆိုကြပါ သည်။ ထိုသို့ လေ့လာသင်ယူပြီး နှစ်ကာလတစ်ခုသို့ ရောက်လာပြီးနောက် နေရာလွတ်ရှိပါက အထူးကု ဆရာဝန် (Consultant) အဆင့်သို့ ရာထူးတိုးတာဝန် ထမ်းဆောင်ကြရပါသည်။ ၄င်းမှတဆင့် ရာထူးတိုးပါက အထူးကုဆရာဝန်ကြီး (Senior Consultant) သို့ တိုးမြှင့်ခံထားရပါသည်။ ကျန်းမာရေးဦးစီးဌာနရှိ ကုသရေး အပိုင်းတွင် အထူးကုဆရာဝန်ကြီးအဆင့်မှာ ဆုံးပါသည်။
ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင်မူ လက်ထောက်ကထိက၊ ကထိက၊ တွဲဘက်ပါမောက္ခ၊ ပါမောက္ခ ဆိုပြီး ရာထူးအဆင့်များရှိပါသည်။ လစာအရ အထူးကုဆရာဝန် (Consultant) မှာ ကထိကနှင့် တူညီပြီး အထူးကုဆရာဝန်ကြီး (Senior Consultant) မှာ တွဲဘက်ပါမောက္ခနှင့် တူညီပါသည်။ ဘွဲ့လွန်မာစတာရပြီး အထူးကု (Specialist)ဟု ဆိုရာတွင် အထူးကုလက်ထောက်ဆရာဝန် (Specialist Assistant)၊ အထူးကုဆရာဝန် (Consultant)၊ အထူးကုဆရာဝန်ကြီး (Senior Consultant) ဆိုသည့် ရာထူးများအပြင် သင်ကြားရေးအရ လက်ထောက်ကထိကမှ ပါမောက္ခအထိ အဆင့်ဆင့်ရှိပြီး အတွေ့အကြုံတာဝန်ယူမှု မတူညီကြကြောင်း သိထားရပါမည်။
ရန်ကုန်၊ မန္တလေး၊ မကွေးမြို့များတွင် ဆေးတက္ကသိုလ်များရှိပြီး သင်ကြားရေးဆေးရုံများတွင် ဆေးသိပ္ပံပညာဦးစီးဌာနမှ သင်ကြားရေးဆရာဝန်ကြီးများနှင့် ကျန်းမာရေးဦးစီးဌာနမှ ကုသရေး ဆရာဝန်ကြီးများ (၂)မျိုးစလုံးရှိကြပါသည်။ အဆိုပါဆေးရုံများတွင် ဝါ့ဒ်ပိုင် (Ward Incharge)ဟု ခေါ်ဆိုသည့် တာဝန်ခံ ဆရာဝန်ကြီးအဖြစ် ပါမောက္ခ (သို့မဟုတ်) တွဲဘက်ပါမောက္ခများက အများအားဖြင့် တာဝန်ယူကြပါသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင် ဆေးရုံများတွင် အထူးကုဆရာဝန်ကြီး (Senior Consultant) နှင့် အထူးကုဆရာဝန် (Consultant)များက ဝါ့ဒ်ပိုင် (Ward Incharge) တာဝန်ယူကြပါသည်။ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန်တို့မှ တာဝန်ယူပါသည်။
အစိုးရဆေးရုံများတွင် ဆေးကုသမှုပြုလုပ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ရာတွင် ဝါ့ဒ်တာဝန်ခံ ဆရာဝန် (Ward Incharge) များက တာဝန်ခံရပါသည်။ ဝါ့ဒ်တာဝန်ခံဆရာဝန်ကြီး (ပါမောက္ခ/ တွဲဘက် ပါမောက္ခ/ ကထိက/ အထူးကုဆရာဝန်) ၏ ခွင့်ပြုချက် ကြီးကြပ်မှုဖြင့် အထူးကုလက်ထောက်ဆရာဝန် များ၊ ဘွဲ့လွန်တက်နေသည့် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များမှ ကုသမှုအဝဝကို ဆောင်ရွက်ကြရပါသည်။ Ward ထဲတွင် (၂၄)နာရီပတ်လုံး သူနာပြု၊ အလုပ်သင်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်၊ အထူးကုလက်ထောက်ဆရာဝန်များ ရှိနေပြီး အဆင့်ဆင့် တာဝန်ယူထား သောကြောင့် “ ဆရာဝန်၏ပေါ့ဆမှုကြောင့် လူနာသေဆုံးနိုင်ခြေ ” အနည်းဆုံးမှာရှိပါသည်။ လူနာတစ်ဦးအား ရောဂါရာဇဝင်
-၃-
မေးခြင်း၊ စမ်းသပ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့မှာ တတိယနှစ်၊ နောက်ဆုံးနှစ် အပိုင်း(က)၊ နောက်ဆုံးနှစ် အပိုင်း (ခ)၊ ဘွဲ့လွန်ပထမနှစ်၊ ဘွဲ့လွန်ဒုတိယနှစ်၊ ဘွဲ့လွန်တတိယနှစ်၊ လက်ထောက်ဆရာဝန်၊ အထူးကု ဆရာဝန်၊ Consultant ၊ တွဲဘက်ပါမောက္ခ/ ပါမောက္ခ စသဖြင့် လူပေါင်းစုံ၊ မျက်စိပေါင်းစုံ၊ ဒေါင့်ပေါင်းစုံမှ စမ်းသပ်စစ်ဆေးနေသောကြောင့် တစ်ယောက်အမှားလုပ်မိလျှင် အခြားတစ်ဦးမှ မြင်နိုင်ပါသည်။ ထို့အပြင် ဆေးပညာသင်ကြားရေး ဆောင်ရွက်နေသောကြောင့် ခေတ်မှီကုထုံးများကိုလည်း အစဉ်တစိုက် ဆွေးနွေး သင်ကြားနေခြင်း၊ အပတ်စဉ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ (၂၄)နာရီအတွင်း သေဆုံးသည့်လူနာအား ရင်ခွဲ စစ်ဆေးခြင်း (Post Mortern) ပြုလုပ်၍ ရောဂါအား Confirmation ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ကြပါသည်။
ပုဂ္ဂလိကဆေးရုံများ၏ အဓိကအားနည်းချက်မှာသူနာပြုနှင့် လက်ထောက်ဆရာဝန်များကိုသာ အချိန်ပြည့် ၀န်ထမ်းခန့်အပ်နိုင်ပြီးအစိုးရဆေးရုံများကဲ့သို့ အထူးကုလက်ထောက်ဆရာဝန် (Specialist CAS) နှင့် အထူးကုဆရာဝန် (Consultant) ခန့်အပ်နိုင်ခြင်းမရှိမှုသည် အဓိကအားနည်းချက်ဖြစ်ပါသည်။ နိုင်ငံတကာ အဆင့်မမှီနိုင်ခြင်းမှာလည်း ၄င်းအချက်ပင်ဖြစ်ပါသည်။ အထူးကုဆရာဝန်များ၊ ပါမောက္ခများမှာ အချိန်ပိုင်းသာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ လာရောက်သည့် အတွက် လူနာအရေးကြီး သည့် အချိန်တွင် ထိရောက်သော အချိန်မှီကုသမှုကိုရရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် ပုဂ္ဂလိကဆေးရုံများတွင် အထူးကုဆရာဝန် တစ်ဦးဦးအား ပြသထားပါကထိုအထူးကုမရှိ၍ ကြုံသည့်အထူးကု (ဆေးရုံဆေးခန်းသို့ လူနာလာကြည့်ရင်းရောက်ရှိနေမည့် အထူးကု)သို့ ပြသရန်မှာလည်းပိုင်ရှင် (ကြည့်နေကျဆရာဝန်)စိတ်ဆိုးမှာလည်းကြောက်ရသည့်အတွက် မပြရဲဘဲ ငုတ်တုတ်ကြည့်နေရသည့် ပုဂ္ဂလိကဆေးရုံများရှိ လက်ထောက်ဆရာဝန်၊ သူနာပြုများမှာ လူနာရှင်များ ၏ အဆူအဆဲကိုသာ ခံနေကြရပါသည်။          ဆရာဝန်ကြီးများ အနေဖြင့်လည်းမနက် (၈း၃၀)နာရီ မှ ညနေ (၄း၃၀)နာရီအထိ အစိုးရဆေးရုံတွင် စာသင်၊ လူနာကြည့်၊ ခွဲစိတ်၊ အစည်းအဝေးတက် ညနေတွင်လည်း ဆေးခန်း(၂)ခု (၃)ခုထိုင်၊ ညဖက်တွင် မိုးချုပ်အထိခွဲစိတ်၊ မိုးမလင်းခင် Round လှည့် ဆောင်ရွက်နေရပါက Quality ထိန်းသိမ်းရန် ခက်ခဲပါသည်။ ယခုအခါ ယာဉ်ကြောပိတ်ဆို့မှု (Traffic) ကလည်း ဆိုးဝါးနေရာ ဆေးရုံ၊ ဆေးခန်းတစ်ခုမှ တစ်ခုသို့ ကူးရာတွင်လည်း အချိန်တစ်နာရီကျော် နှစ်နာရီနီးပါးကုန်နေပါသည်။ လူနာမှ အရေးပေါ်၍ ဖုံးဆက်ခေါ်ပါက ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူနာများဆေးကုသမှုနောက်ကျ၍ မသေသင့်၊ မကြွေသင့်ပဲသေကြကြွေကြ ရပါသည်။



လူနာရှင်များမှ စဉ်းစားသင့်သည့်အချက်များမှာ -
- အရေးပေါ်အခြေအနေ (Emergency) ကိုကုသရမည်ဆိုပါက Emergency Team လုံလောက် စွာရှိသည့် အစိုးရဆေးရုံသို့သာသွားသင့်သည်။ အထူးသဖြင့် ညအချိန်မတော်ဖြစ်ပါကပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အထူးကုဆရာဝန် ဦးဆောင်သည့် Team ရှိမနေသည်ကိုသတိပြုရမည်။ ပုဂ္ဂလိက ဆေးရုံရှိ oncall ပေးထားသော အထူးကုဆရာဝန်မှာလည်း ဆေးရုံအနီးတွင်မရှိပါက အချိန် အတော်ကြာမှ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
-၄-
- ရဲနှင့် ဆိုင်သောအမှုအခင်းများ (ယာဉ်တိုက်မှု၊ ရန်ဖြစ်၊ ဆေးမှားသောက်၊ အဆိပ်သင့်၊ ကိုယ်ကိုယ် ကိုယ်သတ်သေ) လူနာများကိုအစိုးရဆေးရုံများမှသာလက်ခံကုသပါသည်။
- မိမိပြသမည့် အထူးကုဆရာဝန်ကြီးအား ရွေးချယ်မည်ဆိုပါက စားသောက်ဆိုင်ရွေးသကဲ့သို့ စားသောက်သူများသည် ဆိုင်မျိုးကိုမရွေးချယ်သင့်ပါ။ တစ်နေ့ လူနာ ၉၀-၁၀၀ ကြည့်သည့်
ဆရာဝန်ကြီးသည် စိတ်ရောကိုယ်ပါ နွမ်းနယ်နေသည့်အတွက် အမှားများနိုင်သည်။ Quality ကျနိုင် ပါသည်။ လူနာအရေအတွက် သင့်တင့်မျှတစွာရှိသည့် ဆရာဝန်ကိုသာ ရွေးချယ်ပြသသင့်ပါသည်။
- မိမိပြသမည့် အထူးကုဆရာဝန်ကြီးမအားပါက (သို့မဟုတ်) ခရီးသွားပါက တာဝန်ယူမည့် ဒုတိယ လူရှိမရှိ စုံးစမ်းထားသင့်ပါသည်။
- မိမိတက်ရောက်ကုသခံယူမည့် ပုဂ္ဂလိကဆေးရုံတွင် အရေးပေါ် အခြေအနေကုသမှုအဖွဲ့ EmergencyTeam) ရှိမရှိ။ အထူးကြပ်မတ်ကုသခန်း (Intensive Care Unit, Cadiac Care Unit, Neonatal Care Unit) ရှိမရှိ လေ့လာသင့်ပါသည်။



အထူးကုဆရာဝန်ကြီးများအားအကြံပြုတင်ပြလိုသည်မှာ -
- မိမိကုသမည့် လူနာအရေအတွက် ကန့်သတ်ထားခြင်းဖြင့် လူနာအပေါ်အချိန်ပိုပေးနိုင်ပြီး Quality Care ပိုမိုပေးနိုင်မည်ဖြစ်သည်။ မိမိနှင့် ပြသခွင့်မရသောလူနာများက အခြားအထူးကုဆရာဝန်သစ် များကို သွားရောက်ပြသဖြင့် ဂျူနီယာဆရာဝန်ငယ်များ၏ ချစ်ခင်လေးစားမှုကိုလည်း ပိုမိုရရှိမည် ဖြစ်သည်။
- အတွင်းလူနာထားရှိကုသမည်ဆိုပါက မိမိနေထိုင်ရာနေအိမ်နှင့်နီးသောပုဂ္ဂလိက ဆေးရုံတစ်ခု ကိုသာပုံသေရွေးချယ်ထားရှိသင့်ပါသည်။ သို့မှသာယာဉ်ကြောပိတ်ဆိုမှုကြောင့် ကားလမ်းပေါ်တွင် အချိန်ကုန်ခြင်းကိုရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
- ပုဂ္ဂလိကဆေးရုံများတွင် အတွင်းလူနာထားရှိပါက Second Man (ဒုတိယလူ)အားထားရှိခြင်း၊ အစိုးရဆေးရုံများကဲ့သို့ First Assistant (ပထမလက်ထောက်ဆရာဝန်) ထားရှိခြင်းတို့ ဆောင်ရွက် သင့်ပါသည်။ မိမိနှင့်အတူ Team Work လိုက်ပါ ဆောင်ရွက်နေပါမှာသာမိမိမအားလပ်သည့်အခါ အဆိုပါ Team မှ ချက်ခြင်း Emergency response ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။



ကျန်းမာရေးဝန်ကြီးဌာနအားအကြံပြုတင်ပြလိုသည်မှာ-
- ကျန်းမာရေးဦးစီးဌာနမှ ဖွဲ့စည်းထားသောပုဂ္ဂလိကဆေးရုံ/ဆေးခန်း ကြီးကြပ်ရေးအဖွဲ့သည် လိုင်စင် ထုတ်ပေးသည့် တစ်ကြိမ်သာစစ်ဆေးလေ့ရှိပြီးပုံမှန်စစ်ဆေးနိုင်မှု ပြုလုပ်သင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံများ၏ နေ့စဉ်ခွဲစိတ်မှု၊ ကလေးမွေးဖွားမှု၊ ဆေးရုံတက်ရောက်မှုအားပုံမှန် Report လုပ်ခိုင်းပေးသင့်ပါသည်။
- မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်း၊ သားဖွားနှင့် သူနာပြုအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းကြီးကြပ်ရေးအဖွဲ့
-၅-
အားဖွဲ့စည်းသင့်ပြီးလစဉ်ပုံမှန်စစ်ဆေးသင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံများတွင် Emergency Team ဖွဲ့စည်းရေး ကြီးကြပ်ပေးသင့်ပါသည်။ လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ သင်တန်းများ၊ Refresher Course များပေးသင့်ပါသည်။
- Referral System ကိုလည်းစနစ်တကျ ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။
- အခြားနိုင်ငံများကဲ့သို့ ဆေးရုံ၊ ဆေးခန်းများအား Medical Audit ဆောင်ရွက်ပေးပြီး Standard Operation Procedure ကိုလိုက်နာခြင်းရှိမရှိ၊ ဆေးပညာကျင့်ဝတ် (Medical Ethic) နှင့် ညီမညီပုံမှန်စစ်ဆေးသင့်ပါသည်။
- ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ အဆင့်အတန်းအားစစ်ဆေး၍ အများပြည်သူသိရှိအောင် အဆင့် ထုတ်ပြန်ပေးသင့်ပါသည်။ သို့မှသာ ပြည်သူများအလွယ်တကူ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။



ပုဂ္ဂလိကဆေးရုံဆေးခန်းများကိုအကြံပြုတင်ပြလိုသည်မှာ
- ပုဂ္ဂလိကဆေးရုံကြီးများတွင် အပတ်စဉ် Clinical Meeting, Motality Review များလုပ်သင့်ပြီး ပြင်ပမှ ဆရာဝန်ကြီးများ (MMA, MMC) ကိုဖိတ်ခေါ်ဆွေးနွေးသင့်ပါသည်။
- အရေးပေါ် ကုသမှုအဖွဲ့ (Emergency Team) အားစနစ်တကျ ဖွဲ့စည်းလေ့ကျင့်သင်ကြား ထားသင့်ပါသည်။
- Ward တိုင်းတွင် အထူးကုဆရာဝန် (Specialist A.S) တစ်ဦးအား ၂၄ နာရီ တာဝန်ပေးသင့်ပါသည်။ ညဖက်ဆေးရုံတွင် မအိပ်နိုင်ပါကဆေးရုံနှင့် အနီးအနားတွင် နေအိမ် စီစဉ်ပေးသင့်ပါသည်။
- နိုင်ငံတကာအဆင့်မှီဆေးရုံဟုအောက်ပါ Unit များစနစ်တကျဖွဲ့စည်းထားရှိပြီးလားဟု သုံးသပ်သင့် ပါသည်။
(က) Wand တိုင်းတွင် Emergency Care အတွက် လူနှင့် စက်ပစ္စည်းရှိပြီးလား။
(ခ) ခွဲစိတ်ခန်းထားပြီဆိုလျှင် အထူးကြပ်မတ်ကုသမှုဌာန (Intensive Care Unit)ရှိပြီးလား။ (၂၄ နာရီကောအလုပ်လုပ်နိုင်ရဲ့လား)
(ဂ) မွေးခန်းထားရှိသည့် ပုဂ္ဂလိကဆေးရုံကြီးများတွင် မွေးကင်းစခလေးစောင့်ရှောက်ရေးဌာန (Neonatal Care Unit) ရှိပြီလား
(ဃ) နှလုံးရောဂါလူနာရှင်အားအတွင်းလူနာအဖြစ် ထားမည်ဆိုလျှင် နှလုံးအထူးကြပ်မတ်ကုသဌာန (Cardiac Care Unit) ရှိပြီလား။
- ပုဂ္ဂလိကဆေးရုံကြီးအနေဖြင့် ရုပ်ဝတ္တုအပေါ်တွင်သာ အာရုံစိုက်နေပြီးအဓိကကျသည့် ကျွမ်းကျင် လုပ်သားမွေးထုတ်မှုတွင် အာရုံစိုက်မှု မရှိသည်ကိုတွေ့ရပါသည်။
-၆-
- မိမိဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် Medical Offierများသူနာပြုများကို ပြည်တွင်းပြည်ပ သင်တန်းများတက်ရောက်စေသင့်ပါသည်။
- နိုင်ငံတကာဆေးရုံများအစိုးရဆေးရုံများကဲ့သို့ အချိန်ပြည့်ဝန်ထမ်း (Permanent) အထူးကု ဆရာဝန်များ ခန့်အပ်နိုင်အောင် ကြိုးစားသင့်ပါသည်။ သို့မှသာမိမိတို့၏ လူနာများကိုထိရောက်သော Medical Care ပေးနိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် နိုင်ငံတော်အစိုးရပုဂ္ဂလိကဆေးရုံ၊ အထူးကုဆရာဝန် နှင့် လူနာ (Public, Private, Practitioner, Patient) P.P.P.P Partnership ပူးပေါင်းဆောင်ရွက်၍ စနစ်ကို ပြုပြင်မှသာ မလိုအပ်သော အသက်ဆုံးရှုံးမှုကိုကာကွယ်နိုင်မည်ဖြစ်သည်။ ပြဿနာဖြစ်ပေါ်မှသာတစ်ဦးကိုတစ်ဦးအပြစ် ပုံချခြင်း၊ အပြစ်ဒဏ်ငွေချမှတ်ခြင်း မပြုဘဲ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ခေတ်မှီတိုးတက်သော ကျန်းမာရေးစနစ်ကို ၀ိုင်းဝန်းတည်ဆောက်ရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment