:include data='blog' name='google-analytics'/>

Wednesday, December 31, 2014

၃၀.၁၂.၂၀၁၄ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် ဖြစ်ခဲ့သောဖြစ်ရပ်မှန်တစ်ခုပါ

Lwin Pyin's photo.
Lwin Pyin's photo.

 from Lwin Pyin
၃၀.၁၂.၂၀၁၄ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် ဖြစ်ခဲ့သောဖြစ်ရပ်မှန်တစ်ခုပါ
-----
လှိုင်သာယာမြို့နယ် ၁၅ရပ်ကွက်
အလက ၁၃ ကျောင်းမှ တတိယတန်းကျောင်းသူ ၉ နှစ် ဒုတိယတန်းကျောင...်းသူ ၆ နှစ် သူငယ်တန်းကျောင်းသူ၅နှစ်သမီးလေးတို့အားမုန့်ဝယ်ကျွေးမည်ဟုလက်ဆွဲလိမ်လည်ခေါ်ဆောင်သွားပါသည် ကလေးတစ်ယောက်မှသတိဝင်လာပြီး လိမ်လည်ခေါ်ဆောင်သည်ကိုသိ၍ထွက်ပြေးရာ မြေတိုင်း ၂၂ ရေတံခါးလမ်း မှရပ်ကွက်လူကြီးများနှင့်တွေ့၍ ကလေးငယ်မှငို၍ပြောပြသဖြင့်
အချိန်မှီ ဆိုင်ကယ်ဖြင့်လိုက်ဖမ်းရာအောက်ဖော်ပြပါပုံတွင်ပါရှိသော
အသက်၂၈အရွယ်ရှိမိန်းမတစ်ဦးအားကလေးနှင့်အတူဖမ်းဆီးရမိသည် ရပ်ကွက်လူကြီးများမှစစ်ဆေး၍
ရဲစခန်းသို့ပို့ဆောင်လိုက်ပါသည်

ကျောင်းသားကျောင်းသူမိဘများအနေဖြင်ကလေးငယ်များအား ကျောင်းကြိုကျောင်းပို့ သတိဝီရိယဖြင့် ပို့ဆောင်ပေးကြပါ
ထိုနေရာ၌ ဤဖြစ်စဉ်မျိုး ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည်ဟုသိရှိရပါသည်။

Friday, December 26, 2014

ချွဲသလိပ်ပျော် စေသော ဆေးနည်းများ

copy from Thit Htoo Lwin

ဥတုမှန်သမျှ တွင် ဆောင်းဥတုသည် ချောင်းဆိုး ရင်ကျပ်ရောဂါ အဖြစ်ဆုံး ဥတု ဖြစ်သည်။ ချောင်းဆိုး ရင်ကျပ်ရောဂါ သည် သလိပ်ရလျှင် သက်သာ၍ သလိပ် မရလျှင် အမောဖောက်ပြီး အသက်ရှူ မရ ဖြစ်ကာ အသက် အန္တရာယ် အထိ ဒုက္ခပေးတတ် လေသည်။ ကလေးများတွင် အဆုတ်အား ကောင်းသဖြင့် ချောင်းဆိုး ရောဂါသည် ရက်တိုတို နှင့် ပျောက်နိုင် သော်လည်း လူကြီးများ၊ သက်ကြီး ရွယ်အိုများမှာ တော်တော်နှင့် မပျောက် နှစ်လ သုံးလ ကြာသည်အထိ ဖြစ်နေ တတ်သည်။ အချို့လူကြီး များ သည် ချောင်းဆိုးပြီး သလိပ်ကပ် နေလျှင်၊ သလိပ် မထွက်လျှင် တစ်ညလုံး မအိပ်ရတော့။ သူတို့၏ ချောင်းဆိုးသံ ကြောင့် အခြားသော အိမ်သားများပါ အိပ်မပျော် ဖြစ်ရလေ့ ရှိသည်။ ထို့ကြောင့် ချွဲသလိပ် ပျော်စေသော ရင်လူးဆေး၊ လျက်ဆား တို့မှာ ရှေးမြန်မာ လူမျိုးများ၏ အိမ်သုံး သက်စောင့် ဆေးများ ဖြစ်ခဲ့လေသည်။ ယခုအချိန် အထိလည်း ကျေးလက် တောရွာများတွင် အနောက်တိုင်း ဆေးမသုံးစွဲ ဘဲ တိုင်းရင်းဆေး၊
ရိုးရာဆေးကို သုံးစွဲ နေကြဆဲ ဖြစ်သည်။

ဆေးပရုတ်ဆီချက်လုပ်နည်း-

၁။ ပျားဖယောင်း ၈ ကျပ်သား ၂။ ထင်းရှူးဆီ ၅ ကျပ်သား ၃။ မုန်ညင်းဆီ ၂ဝ ကျပ်သား ၄။ ပရုတ် ၁၂ ကျပ်သား ၅။ မင်သော် ၂ ကျပ်သား ၆။ ငရုတ်ကောင်းဆီ ၂ ကျပ်သား ၇။ မီသိုင်း ၂ကျပ်သား
(စုစုပေါင်းဆေးချိန် ၅၁ကျပ်သား)

ဆေးချက်နည်းမှာ မီးဖိုပြီး ဒန်အိုးတွင် မုန်ညင်းဆီ ထည့်၍ အပူပေးပါ။ ဆူပွက် လာသောအခါ ပျားဖယောင်းကို ထည့်ပါ။ ပျော်ဝင်သွား သောအခါ ထင်းရှူးဆီကို ထည့်မွှေပါ။ အားလုံး ပျော်ဝင်သွားပြီး သောအခါ ဒန်အိုးကို မီးဖိုပေါ်မှ ချပါ။ ပရုတ်၊ မင်သော် စသော ကျန် ဆေးအမယ် များကိုထည့်ပြီး အငွေ့လုံအောင် အဖုံးအုပ်ထားပါ။ ၁၅ မိနစ်ခန့် ကြာသောအခါ ပရုတ်ဆီ ထည့်ရန် သင့်သော ဖန်ပုလင်း အဝကျယ် လေးများတွင် လိုက်ပြီး တစ်ပုလင်းစီ လောင်းထည့်ပါ။ တစ်နာရီခန့် ကြာသောအခါ ဆေးခဲသွားပြီး ပရုတ်ဆီ၊ ရင်လူးဆေး အဖြစ် သုံးစွဲနိုင်ပြီ ဖြစ်သည်။

သလိပ်ရလျက်ဆားဆေးနည်းမှာ-

၁။ စမုန်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ်သား ၈ ပဲ ၂။ ကပ်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ်သား ၈ပဲ ၃။ လေးညှင်းပွင့် ၈ ပဲ
၎။ ကျောက်ချဉ် ၈ ပဲ ၅။ နွယ်ချို ၁ ကျပ်သား ၈ ပဲ ၆။ ဇဝက်သာ ၂ ကျပ်သား ၇။ ပရုတ် ၂ ကျပ်သား ၈ ပဲ
၈။ ဖုံးမသိမ် ၃ ကျပ်သား ၉။ သိန္ဓော ၁၃ ကျပ်သား
(စုစုပေါင်းဆေးချိန် ၂၆ကျပ်သား)

ဆေးအမည် အားလုံးစုပြီး ၄င်းတို့ကို အမှုန့်ပြုပါ။ လေလုံစွာ ထားပြီး မကြာခဏ လျက်ပေးခြင်းဖြင့် လည်ချောင်းထဲမှ ချွဲသလိပ်များ ထွက်ကျလာ စေနိုင်ပါသည်။ မိသားစု ကလေးရော လူကြီးပါ တစ်ဆောင်း တွင်းလုံး အသုံးပြုနိုင်သော ဆေးနည်း ကောင်းဖြစ်သည်။ (မြိုင်နံ့သာ ဆေးမြီးတိုကျမ်း၊ ၁၉၅၆ ခုနှစ်ထုတ်မှ)

ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ များသည် သလိပ်ရ စေသော အထက်ပါ ဆေးနည်း နှစ်မျိုးဖြင့် သက်သာ စေနိုင်ကြောင်း တင်ပြလိုက် ရပေသည်။

ကြည်မြင့်လွင် (မုဒြာ)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
http://myawady-myawady.blogspot.com/2014/11/blog-post_925.html

Wednesday, December 24, 2014

မိတ်ဆွေများကို စေတနာအမှန်နဲ့သတိပေးတာပါ

မိတ်ဆွေများကို စေတနာအမှန်နဲ့သတိပေးတာပါ
ယခုပုံပါဘောပင် ကို Super Market တွေမှာ
ဝယ်လို့ရပါတယ် ဘောပင် ရဲ့ထူးခြားချက်က
လက်မှတ်ထိုးသည်ပဲဖြစ်စေ စာရေထားတာပဲဖြစ်
စေ၁လ နေရင် အ ငွေပျံပြီး စာရွက်ပေါ်မှာဘားမှ
မရှိတော့ဘူး ချက်ချင်းပျက်ချင်ရင်တော့ မီးခြစ်ခြစ်
ပြီး အပူတိုက်လိုက် ရင် ပျက်သွားရော စာချုပ်ချုပ်
တာတွေလက်ခံရေးခိုင်းတာတွေအားလုံးသတိထား
ကြပါ။
မိတ်ဆွေများကို စေတနာအမှန်နဲ့သတိပေးတာပါ
ယခုပုံပါဘောပင် ကို Super Market တွေမှာ
ဝယ်လို့ရပါတယ် ဘောပင် ရဲ့ထူးခြားချက်က
လက်မှတ်ထိုးသည်ပဲဖြစ်စေ စာရေထားတာပဲဖြစ်
စေ၁လေ...နရင် အ ငွေပျံပြီး စာရွက်ပေါ်မှာဘားမှ
မရှိတော့ဘူး ချက်ချင်းပျက်ချင်ရင်တော့ မီးခြစ်ခြစ်
ပြီး အပူတိုက်လိုက် ရင် ပျက်သွားရော စာချုပ်ချုပ်
တာတွေလက်ခံရေးခိုင်းတာတွေအားလုံးသတိထား
ကြပါ။

Monday, December 22, 2014

မြန်မာပြည်တွင်နေထိုင်သောတိုင်းရင်းသား (၁၃၅) မျိုး

မြန်မာပြည်တွင်နေထိုင်သောတိုင်းရင်းသား (၁၃၅) မျိုး
--------------------------------------------------------
တိုင်းရင်းသား (၁၃၅) မျိုးကို တင်ပြလိုက်ပါတယ်။
ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guar
(၆) ခခူ Hkahu
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(၉) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu
ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw
ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)
ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami (or)ခူမီး Khumi 
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu
ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon
မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။
(၉၅) မွန် Mon
ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet
ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅)၀ Wa
အားလုံးအတွက်အသုံးတည့်မယ့် လူဦးရေ ( ၁၃၅ ) မျိုးပါ။
Sk
Credit to Original Writer
K.K(ကနောင်)

Friday, December 19, 2014

တစ်သက်လုံး အသုံးပြုနိုင်မည့် အနီးကြည့်မျက်မှန်

ဒတ်(ခ်ျ) လူမျိုး Jan Int'veld က အနီးမှုန်သောသူများ (အသက်အရွယ်ကြီးလာ၍သော်၎င်း၊ မွေးရာပါအနီးမှုန်) အတွက် တစ်သက်တာအသုံးပြုနိုင်မည့် မျက်မှန် ကိုတည်ထွင်လိုက်ပါသည်။

မိမိမျက်စိနှင့်သင့်လျော်သောမျက်မှန်ကိုမိမိဘာသာ မျက်မှန်ကိုင်းရှိ ဘီး (wheel) များကိုလှည့်ခြင်းဖြင့် မိမိအတွက်သင့်လျော်သော မျက်မှန်ကို တစ်သက်တာလုံး အသုံးပြုနိုင် မည်ဖြစ်ပါသည်။ ၎င်းအပြင် ထိုမျက်မှန်များ၏ဈေးနှုန်းမှာလည်း ယူရို ၂- ၅ ခန့်သာကုန်ကျမည် ဟု ဆိုပါသည်။

© Николай Григорьев - Fotolia.com

တစ်ခုပေါ်တစ်ခုရွေ့လျားနိုင်သည့် ခုံမှန်ချပ် (concave glass)၂ခုကိုထပ်ထားပြီး၊မျက်မှန်ကိုင်း တစ်ဘက်တစ်ချက်တွင် ခုံမှန်ချပ်များအားရွေ့လျားစေမည့် ဘီးများတပ်ထားပါသည်။ ထို ဘီးများ အား
ရွေ့လျားခြင်းဖြင့် မိမိ မျက်စိဖြင့်သင့်လျော်သော မျက်မှန်ကိုပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဤနည်းဖြင့်
ယခင်ကလို မိမိသုံးနေကျ မျက်မှန်ဖြင့် အမြင်မကြည်လင်သည့်အခါ မျက်စိဆရာဝန်ထံသွားရောက် စမ်းသပ်ပြီး၊ မျက်မှန်အသစ်ထပ်မံလုပ်စရာမလိုတော့ဘဲ မိမိဘာသာ မျက်မှန်ရှိဘီးများကိုရွေ့လျားခြင်းဖြင့်
သင့်လျောသောမျက်မှန်ကိုတစ်သက်တာပတ်လုံးအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အနီးမှုန်သူ သန်း ၂၅၀ မှ တစ်ကုဋေခန့်ရှိပါသည်။ ဤတည်ထွင်မှုသည် ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများအားများစွာ အထောက်အကူပြုမည် ဟုဆို ပါ သည်။

Ref
Medisite

Thursday, December 18, 2014

Turmeric Face Mask Recipe for Glowing Skin, Acne, Rosacea, Eczema and Dark Circles

Turmeric Face Mask Recipe for Glowing Skin, Acne, Rosacea, Eczema and Dark Circles

Turmeric Face Mask Recipe for Glowing Skin, Acne, Rosacea, Eczema and Dark Circles

Turmeric beauty masks have been used across Asia for centuries. They are known in Chinese and Indian traditions, and are an element of the Ayurvedic medical system. In south Asia, they were an integral part of the bride’s wedding preparations, making her look spotless and glamorous on her big day.

Turmeric contains a photochemical called curcumin, which can benefit the body, both inside and out.
Turmeric mask works for acne and eczema. It reduces inflammation and redness, and promotes skin healing. Due to turmeric’s antioxidant properties, it has been used for skin rejuvenation. It helps softening lines and wrinkles, giving the face a more youthful appearance. It is also effective with rosacea – a chronic skin condition that is characterized by redness and pimples. It eases the redness and treats this disease.
The turmeric basic face mask is easy to make and acts as a moisturizer, exfoliator and reduces redness. It brightens the skin and makes it look fresh and clean.
Here’s a recipe for a homemade turmeric facial mask:
There are many variations for the recipe, but below you will find the basic recipe. Some add chickpea flower to thicken the paste or a little bit of lemon juice which helps to lighten the skin.

Ingredients
1 teaspoon of turmeric
1 teaspoon of raw organic honey
1 teaspoon of milk (you can also use yoghurt)
Put turmeric into a little bowl. Add honey (honey can be used to prepare other homemade honey face masks that you can make at home). Then add milk or yogurt. You can adjust the amount of milk to make the paste more or less thick, but make sure it’s a firm paste that will stick to your face. Turmeric is a dye and it can stain anything, so you don’t want it dripping off your face.

Face preparation

Wash your face with running water and remove all makeup. If your hair is long, tie it up at the back. Wear a T-shirt you are not too attached to, in case it gets stained.

Application of the Turmeric Face Mask

Apply the mask evenly all over your face. A spot you don’t want to miss is under the eyes, as turmeric’s anti-inflammatory properties help reduce the dark circles, which form as a result of vasoconstriction (narrowing of the vessels).
If you have any mask leftover, you can save it in the fridge for a few days and use it the next time.

Let the mask dry on your face. This means living it on for about 20 minutes and then washing it off with cool water. Dry your face gently with a cloth.
Repeat the mask over the course of a few days. You can do it every few weeks, depending on your needs and complexion.

Why is this mask so great?

Turmeric is a good antioxidant, and an anti-inflammatory and anti-bacterial agent. Honey is also an anti-bacterial and it moisturizes the skin well. Milk contains lactic acid, which is an alpha hydroxy acid and it exfoliates the skin. Together, these three ingredients make wonders for your skin.
There are other reasons to consume Turmeric:
If you use turmeric internally you need to be aware that turmeric has low absorption and you need to consume it in a way that will improve its absorption. I wrote in the past about the best ways to consume turmeric as well the best turmeric recipes to improve it bio-availability. Turmeric is also a well known medicinal herb which is mentioned in my e-book The Herbal Remedies Guide, which will teach you how to treat common ailments using herbs.

Tuesday, December 16, 2014

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်

ウ タン ウイン's photo.
ウ タン ウイン's photo.

ウ タン ウイン's photo.

ウ タン ウイン's photo.

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ
ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်
**************************
၁- ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ...
အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း
(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို့  ဖေါ့ဘူးတွေ
တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်

၂-ကြက်သားမှုန့် တွငိလည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့် ထက်ပင်
ပိုမိုဆိုးရွာစေပါသည်။
၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကို
ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာ
သုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို
ရှောင်ကြဉ်သင့်ပါတယ်။
၎-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်
နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသော
အဆိပ်မှုန့် ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်များသည်လည်း
ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။
၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်
များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ
ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။
ထို့ အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။
၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်
ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကို
ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။
၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့် များ
သည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်
တင်သွင်းသော နှို့မှုန့် များနှင့်၎င်းတို့ ဖြင့် ပြုလုပ်သော မုန့် ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။
၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့် အစား
အသုံးပြုသော Creamer မှာ မလေးရှားတွင်
စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကို
တရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့် နေအောင်ကြိတ်ပြီး
Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန့် များသည် သွေးတိုးရောဂါ နှလုံးသွေးကြော
ပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။
၉- အချို့သော အသီအနှံများတွင် လူသေကောင်
မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။
၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်
၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ ကို
စားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာ
အစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာ
အမျိုးမျိုးကို ဖြစ်ပွားစေသည်။
အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူ
ကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှ
တချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။
ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဒီမိုမင်း
၂.၈.၂၀၁၄
၁၁း၃၀မိနစ် (နေ့ လည်)
ဒီကကူးယူတင်ထားပါသည်..။
https://www.facebook.com/minmin.nld/posts/1585052868388276

Saturday, December 13, 2014

ဝိုင်းရှယ်ပြီးကူညီလိုက်ပါ

Tun Wai's photo.
Tun Wai's photo.

Tun Wai's photo.

ကူညီလို့ ရပါတယ် ၀ိုင်းရှယ်ပြီးကူညီလိုက်ပါ
အရေးပေါ်ခွဲစိတ်ကုသရန်အတွက် အလှူရှင် လိုအပ်နေပါသဖြင့် အမြန် Share ပေးပါရန် မေတ္တာရပ်ခံပါသည်။
-
ဝမ်းတွင်းမြို့နယ် ဂုံရွာတွ...င်နေထိုင်သော ဦးမိုးကျော် + ဒေါ်ရင်မေသင်းတို့၏သား မောင်ဖိုးသောကြာ (၇) လ သည် မန္တလေးဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာန ကုတင်နံပါတ် (၉) တွင် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်အတွက် အလှူရှင် လိုအပ်နေပါသည်။
ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း (မန္တလေး)
လေးစားလျက်
ပြန်လည်မျဝေပေးပါတယ်။
13.12.2014 ...

Wednesday, December 10, 2014

ဒီအလေ့အကျင့်လေးကိုမြန်မာပြည်မှာကျင့်သုံးကြပါစို့

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...

မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

ဒီ Post လေးကို Like လုပ်ပါ..Share ပါ... ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်...

ကျေးဇူးတင်ပါတယ်...
ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်......

Friday, December 5, 2014

ရှယ်ပေးကြပါတဲ့

ရှယ်ပေးကြပါတဲ့...သတိထားကြပါအိမ်မှာထမင်းဟင်းချက်ပြုပ်နေတဲ့မေမေ မမတို့ကိုလည်းပြောပေးကြပါ ဒီလိုမျိုးဝက်သားပုံစံတွေ့ရင်မ၀ယ်စားကြပါနဲ့ဒီလိုပုံစံတွေ့ရင်ဝက်အဆီးတွေလို့...မထင်ကြပါနဲ့ဒါက၀က်ကနေရောဂါထွက်လာတဲ့သာကူစေ့သံကောင်တွေလို့ခေါ်ပါတယ်ဒီလိုဝက်တွေရောဂါဖြစ်နေတာလူတိုင်မသိကြသေလို့နောက်တနေရာကနေကျနော်တွေ့လာလို့ဘာသာစာပြန်ရေဆိုလိုက်ပါတယ်

သားအိမ်မရှိလို့ ကလေးမမွေးနိုင်တဲ့ သမီးတွေအတွက်

သားအိမ်မရှိလို့ ကလေးမမွေးနိုင်တဲ့ သမီးတွေအတွက်
မိခင်နှစ်ဦးရဲ့ တုနှိုင်းမဲ့လက်ဆောင်
သားအိမ်မရှိလို့ ကလေးယူဖို့ အခက်တွေ့နေတဲ့ ဆွီဒင်နိုင်ငံသူ နှစ်ဦးဟာ သူတို့မိခင်တွေ ပေးလှူ တဲ့ သားအိမ်တွေနဲ့ ကလေးမွေးဖွားခဲ့ကြပါတယ်။
ဒီအမျိုးသမီး နှစ်ဦးအနက် ပထမတစ်ဦးကတော့ မွေးကတည်းက သားအိမ်မပါခဲ့ပါဘူး။ သူက မိခင်ဖြစ်သူရဲ့ သားအိမ်ကို ရယူပြီး ၅ပေါင် ၈အောင်စရှိတဲ့ သားလေးကို မွေးဖွားခဲ့ပါတယ်။
...
ဒုတိယ အမျိုးသမီးကတော့ အသက်(၂၀)အရွယ်မှာ ကင်ဆာရောဂါဖြစ်လို့ သားအိမ်ထုတ်ထားရသူပါ။ သူကလည်း သူ့အမေရဲ့ သားအိမ်နဲ့ ၅ပေါင် ၁၅အောင်စရှိတဲ့ သားလေး မွေးနိုင်ခဲ့ပါတယ်။ ဒီအမျိုးသမီးနှစ်ဦးဟာ သူတို့ကို လူ့လောကထဲ ပို့ဆောင်ပေးတဲ့ မိခင်ရဲ့ သားအိမ်ကို လွဲပြောင်းအသုံးပြုပြီး ကလေးမွေးဖွားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အမျိုးသမီးတွေ ဖြစ်လာပါတယ်။
သားအိမ်လွှဲပြောင်းရယူပြီး ကလေးမွေးဖို့အတွက် သားအိမ်ပေးလှူ တဲ့ မိခင်ဖြစ်သူတွေကို ၁၀နာရီကြာ ခွဲစိတ်မှု ပြုလုပ်ရပြီး သားအိမ်အစားထိုးမယ့်သူကို ၆နာရီကြာ ခွဲစိတ်ရပါတယ်။ ကလေးယူမယ့်သူရဲ့ မျိုးဥကို မျိုးသန္ဓေလောင်း ဖြစ်လာအောင် လုပ်ရပြီး သားအိမ်
အစားထိုးပြီးတဲ့အခါကျမှ သားအိမ်ထဲ ပြောင်းလဲထည့်သွင်းတာ ဖြစ်ပါတယ်။
သားအိမ်အစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆွီဒင်ဆရာဝန်အဖွဲ့ကို ပါမောက္ခ ဘရန်းစထရောင်းက ဦးဆောင်ခဲ့ပြီး သားအိမ်အစားထိုး ခွဲစိတ်ကုသရေး စီမံကိန်းအတွက် ၁၅နှစ် အချိန်ပေးခဲ့ရတယ်လို့ သိရပါတယ်။ King’s College Londonရဲ့ ပါမောက္ခ ဟက်ဘတ်က အခုလို သားအိမ် လွှဲပြောင်းပေးတာဟာ သမီးဖြစ်သူအတွက် မိခင်တစ်ဦးရဲ့ တုနှိုင်းမဲ့လက်ဆောင်လို့ ပြောပါတယ်။
Ref: Dailymail
www.yoyarlay.com

#Nz_yyl
#news_yyl

Wednesday, December 3, 2014

TB ဆေး (ငဖုန်းကြီးပင် ၊ လောက်သေပင်လို့လည်း ခေါ်ပါတယ်)

ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက်ရှည်ရှည် နေသွားရတဲ့ အကြောင်း
 ဖေ...ါက်သည်ချပါရစေ။ ကျွန်တော်တို့ အိမ်နားမှာ ကိုကံမြင့် ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။သူ့ပုံက အရိုးပေါ်အရေတင်။ချောင်းတစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတိုပြောကြစို့ရဲ့။အခြေအနေက အနှုတ်လက္ခဏာပြနေပြီ။ အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ဟင်္သာတဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ် ။ ပုသိမ်ဆေးရုံမှာ တစ်ပါတ်လောက် ကြာတော့ ရောဂါက မသက်သာ။ ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူ့ကိုဘယ်သူက ညွှန်တယ်မသိ ဈေးကိုအင်ဖက်လာရောင်းတဲ့ သူတွေကို ငဖုန်းကြီးပင် တစ်ပင်လုံး အမြစ်ပါမကျန် ရသလောက်ဝယ်မယ် ဆိုပြီးမှာတော့တာပဲ။ဒီအပင်က အင်တောတွေထည်းမှာ အင်မတန်ပေါတာ။ ကိုကံမြင့်က အပင်တွေရလာတော့ အရွက်တွေကို သုံးခွက်တစ်ခွက်တင်ကြိုပြီးသောက်တော့တာပါပဲ။ကျန်တဲ့ အရွက်တွေကို နေရိပ်ထည်းမှာ အခြောက်လှမ်းပြီး လဘက်ခြောက်နဲ့ ရောပြီး လဘက်ရည်သောက်တယ်။ အမြစ်အစိုကို ကျောက်ပျဉ်မှာ သွေးပြီး သောက်တယ်။
တစ်လလောက်ကြာတော့ ချောင်းဆိုးရင် သွေးမပါတော့ဘူး။အသားအရေကလည်းစိုစိုပြည်ပြည်လေး ဖြစ်စပြုလာတယ်။ ဆေးပင်ကို ထပ်မှာပြီး ဆက်ကာဆက်ကာ သောက်တယ်။ သုံးလေးလ ကြာတော့ လူ့ကို စိုစိုပြည်ပြည်နဲ့ ဝဖြိုးလာတယ်။ သေလူကနေ ဒီလိုပုံမြင်ရတော့ ဘယ်သူမှ မယုံနိုင်ဖြစ်ကုန်တယ်။နောက်ဆေးရုံပြန်ပြတော့ ဆရောဝန်တွေ မျက်လုံးပြူးကုန်တယ်။ အဲဒါ ငဖုန်းကြီးပင်( အချို့က လောက်သေပင်လို့လည်း ခေါ်ပါတယ်) ပင်ရဲ့အစွမ်းထက်ပုံပါ။
မိတ်ဆွေတို့ကို မေတ္တာဖြင့် ဖေါက်သည်ချလိုက်ပါတယ်။မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြည့်စုံနိုင်ကြပါစေ။
အောက်မှာ အပင်ပုံကလေးတွေ ဗဟုသုတ အလို့ငှာ တင်ပေးလိုက်ပါတယ်။ ပဋ္ဌမပုံက အပင်ပေါက်စ ကလေးရဲ့ပုံပါ။ နောက်ပုံတွေက အင်ပင်မှာ နွယ်ပါတ်တက်နေတဲ့ အပင်ကြီးရဲ့ပုံပါ။

Saturday, November 29, 2014

အဖု၊ အကြိတ်၊ အသားသီးများအတွက် သဘာဝဆေးနည်းများ

အရေပြားပေါ်မှ အသားသီးများကို အောက်ပါ သဘာဝဆေးနည်းများဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
...
ဆေးနည်း (၁) ကြက်ဆူဆီ
၁။ ကြက်ဆူဆီကို မုန့်ဖုတ်သည့် ဆော်ဒါရည်အနည်းငယ်နှင့် ရောစပ်ကာ ခပ်ပျစ်ပျစ်လေး အနှစ်ရအောင် ရောသမမွှေပါ။
၂။ သံပုရာဆီအနည်းငယ် ထည့်၍ ရောမွှေပါ။
၃။ ၄င်းဆေးအနှစ်ကို အသားသီး၊ အဖု၊ အကြိတ်ပေါ်ကို သုတ်လိမ်း၍ အ၀တ်ပါးပါးဖြင့် စည်းထားပါ။
အနည်းငယ် စပ်ဖျင်းဖျင်းလေး ခံစားရမည်။ စိုးရိမ်စရာမလိုပါ။ ၃ ပတ်မှ ၄ ပတ်ခန့်ထိ နေ့စဉ် လိမ်းပေးပါက အဖုအကြိတ်နှင့် အသားသီးများ ပျောက်ကွယ်သွားမည်။

ဆေးနည်း (၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို ဂွမ်းစဖြင့် အနည်းငယ်ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ ဆေးလိမ်းပြီး ၃ မိနစ်ခန့်အကြာမှာ စပ်ဖျင်းဖျင်း ဖြစ်လာမည်။ ခဏနဲ့ ပြန်ပျောက်ပါမည်။ ၃ ပတ်ခန့် နေ့စဉ် လိမ်းပေးပါက အသားသီးများ အမြစ်ပြတ် ပျောက်ကွယ်သွားပါမည်။

ဆေးနည်း (၃) လက်ဖက်ဆီ
လက်ဖက်ပင်မှ ဆီကို ၀ါဂွမ်းဖြင့် ဆွတ်ယူပြီး အသားသီးပေါ်ကို လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ ၃ ပတ်ခန့် လိမ်းပေးပါက အသားသီးများ ပျောက်ကင်းသွားပါမည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများနှင့် Good Health
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
See More

Tuesday, November 25, 2014

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ခရမ်းသီးဟာဆိုရင် သင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံ များထဲမှ တစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုး များစွာ ပေးကြောင်း သိရပါတယ်။ ခရမ်းသီးမှ ရရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့
(၁) ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။

(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။
(၃) ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) အာရုံကြော ရောဂါများအတွက် ကောင်းမွန်ပါတယ်။
(၅) ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) မှတ်ဥာဏ်ကောင်းစေ ပါတယ်။
(၈) သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။
 
Friday, November 21, 2014

ခါးနာသက်သာစေမည့် သဘာဝကုထုံး

ခါးနာသက်သာစေမည့် သဘာဝကုထုံး
----------------------------------------------
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်...းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။
ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။
မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။
လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။
ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။
ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ၁။ မြန်မာ့ဆေးကျမ်း ၂။ How to cure for waist.
ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Wednesday, November 19, 2014

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ
သင်္ဘောသီး မှည့်ဟာ ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့-
(၁) အသားအရေကို လှပါစေပါတယ်။...
(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။
(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၄) ဝမ်းကို ပျော့စေပါတယ်။
(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင် ပါတယ်။
(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။
(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။
ကျော်လင်းနိုင်
BY ရိုးရာလေး

Tuesday, November 18, 2014

ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ

ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ
၁။ ခရမ်းသီး
၂။ ကြက်ဟင်းခါးသီး
၃။ ကန်စွန်းဥ
၎။ ဖရုံသီး
၅။ မုန်လာဥ
၆။ ကီဝီသီး
၇။ ပင်လယ်ရေမှော်
၈။ ဂျုံ
အထပ်ဖော်ပြပါ အသီးအနှံ ၈ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် ကင်ဆာမဖြစ်စေဖို့ တားမြစ် ပေးပါတယ်။
Credit - Aung Kham (ရိုးရာလေး)

Sunday, November 16, 2014

ငါးမျက်စိနာအတွက် မရိုးပင်

ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။
...
ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။
ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။
ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။
ကုသနည်း
မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။
၎င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။
တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။
လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751