:include data='blog' name='google-analytics'/>

Friday, December 19, 2014

တစ်သက်လုံး အသုံးပြုနိုင်မည့် အနီးကြည့်မျက်မှန်

ဒတ်(ခ်ျ) လူမျိုး Jan Int'veld က အနီးမှုန်သောသူများ (အသက်အရွယ်ကြီးလာ၍သော်၎င်း၊ မွေးရာပါအနီးမှုန်) အတွက် တစ်သက်တာအသုံးပြုနိုင်မည့် မျက်မှန် ကိုတည်ထွင်လိုက်ပါသည်။

မိမိမျက်စိနှင့်သင့်လျော်သောမျက်မှန်ကိုမိမိဘာသာ မျက်မှန်ကိုင်းရှိ ဘီး (wheel) များကိုလှည့်ခြင်းဖြင့် မိမိအတွက်သင့်လျော်သော မျက်မှန်ကို တစ်သက်တာလုံး အသုံးပြုနိုင် မည်ဖြစ်ပါသည်။ ၎င်းအပြင် ထိုမျက်မှန်များ၏ဈေးနှုန်းမှာလည်း ယူရို ၂- ၅ ခန့်သာကုန်ကျမည် ဟု ဆိုပါသည်။

© Николай Григорьев - Fotolia.com

တစ်ခုပေါ်တစ်ခုရွေ့လျားနိုင်သည့် ခုံမှန်ချပ် (concave glass)၂ခုကိုထပ်ထားပြီး၊မျက်မှန်ကိုင်း တစ်ဘက်တစ်ချက်တွင် ခုံမှန်ချပ်များအားရွေ့လျားစေမည့် ဘီးများတပ်ထားပါသည်။ ထို ဘီးများ အား
ရွေ့လျားခြင်းဖြင့် မိမိ မျက်စိဖြင့်သင့်လျော်သော မျက်မှန်ကိုပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဤနည်းဖြင့်
ယခင်ကလို မိမိသုံးနေကျ မျက်မှန်ဖြင့် အမြင်မကြည်လင်သည့်အခါ မျက်စိဆရာဝန်ထံသွားရောက် စမ်းသပ်ပြီး၊ မျက်မှန်အသစ်ထပ်မံလုပ်စရာမလိုတော့ဘဲ မိမိဘာသာ မျက်မှန်ရှိဘီးများကိုရွေ့လျားခြင်းဖြင့်
သင့်လျောသောမျက်မှန်ကိုတစ်သက်တာပတ်လုံးအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အနီးမှုန်သူ သန်း ၂၅၀ မှ တစ်ကုဋေခန့်ရှိပါသည်။ ဤတည်ထွင်မှုသည် ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများအားများစွာ အထောက်အကူပြုမည် ဟုဆို ပါ သည်။

Ref
Medisite


 

No comments:

Post a Comment