:include data='blog' name='google-analytics'/>

Tuesday, August 4, 2015

. " အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "


အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ န်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။
သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်း
ရေရွတ်ပြောပြောသွားတယ်။
.
" အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
.
နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။
.
" ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်နေတယ်။ ဒါ ဘာအဓိပ္ပါယ်လဲ မသိဘူး။"
သူမတစ်ယောက်ထဲ ရေရွတ်နေမိသည်။
.
တစ်နေ့မှာတော့ စိတ်အလိုမကျမှုတွေနဲ့သောက ပွေနေရတဲ့အချိန်မှာ အလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်။
.
" ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ် " သူမတစ်ယောက်ထဲ ရွတ်လိုက်တယ်။
.
နောက်တစ်နေ့မှာတော့ အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာအဆိပ်ခပ်လိုက်တယ်။ အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာ သူမရဲ့ လက်တွေ တုန်ရီလာတယ်။
.
" ငါဘာတွေ လုပ်နေပါလိမ့် "
.
သူမချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်မှာ တင်ထားပေးလိုက်တယ်။
အဲ့ဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီး ဘိန်းမုန့် ယူသွားတယ်။ ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်။
.
" အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
.
အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင်ကြံစည်ခဲ့မှုကို မသိရှာပဲ ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာပြန်ထွက်သွားတယ်။
.
အဲ့ဒီညနေမှာတော့ တံခါးခေါက်သံကြားလို့ သွားဖွင့်ကြည့်လိုက်တယ်။ သူမအံသြသွားတယ်။ ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမတွေ့လိုက်ရတယ်။ သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။ ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။
.
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေ သာကြာလာခဲ့ပေမယ့် သတင်းအစအနလေးတောင်မရခဲ့တဲ့သားလေး ခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။
မနက်တိုင်းမနက်တိုင်း မှာ အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း ဒီလှူရတဲ့ ကုသိုလ်ကြောင့် အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ပါစေလို့ ဆုတောင်းတာခဲ့တာကြောင့် အခု သားလေးအိမ်ပြန်ရောက်လာတာနေမှာပေါ့။
.
အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက အမေကိုကြည့်ပြီး ပြောပြတယ်
.
" မေမေ သားဒီနေ့ဒီကိုရောက်လာတာ ဘုရားသိကြားမတာပဲ။ ဒီနေရာကနေ တစ်မိုင်လောက်အဝေးမှာ ဆာလောင်မွတ်သိပ်လွန်းလို့ သားလဲကျသွားသေးတယ်။ သား သေသွားနိုင်တဲ့ အနေအထားမှာ ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက်ဖြတ်သွားတာတွေ့လို့ စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့ အဖိုးကြီးက သူ့လက်ထဲက ဘိန်းမုန့် တစ်ခုလုံးသားကိုပေးခဲ့တယ်လေ။
.
ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်
ဒီမုန့်ဟာ ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။ ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစားစားဖို့လိုအပ်တာကြောင့် မင်းကိုပဲ ပေးပါတယ် တဲ့ "
.
သားဖြစ်သူရဲ့ စကားတွေကြားလိုက်ရချိန်မှာ အမေဖြစ်သူ မျက်နှာ မှာ လဲကျမတတ် ဝမ်းနည်းညှိုးရော်သွားတယ်။ အိမ်နံရံလေးကို အမှီပြုရင်း မနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကို ပြန်သတိရလာတယ်။ အဲ့ဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲ မပစ်လိုက်မိရင် သူမရဲ့ သားကို သူမကိုတိုင် သတ်မိမှာပါလားလို့ နောင်တတွေရလာတယ်။
အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ခုတော့ သူမ ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။
.
" အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "
.
ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင် ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ မကွက်မစောင်းဘဲ ဆက်လုပ်သွားပါ။
ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။
နောက်နေ့ အကျိုးမပေးရင် နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်။
.
မူရင်း။ leypyay

Monday, August 3, 2015

မပြောမရှိပါနဲ့  အထူးသတိထားကြပါ

မပြောမရှိပါနဲ့  အထူးသတိထားကြပါ
--------------------------------------------------
အကုသိုလ် အကျိုးပေးချိန်တန်ရင်
ပြောင်းပြန်မြင်တယ်လို့  ကျွန်တော် ပြောခဲ့
ဘူးပါတယ် လူ့ လောက လူ့ အသိုင်းအဝိုင်
မှာ သာမန်လူတယောက်ရဲ့ ဦးနှောက်နဲ့ 
လက်ခံလို့ မရတဲ့ အကြောင်းအရာတွေ
ပေါ်ပေါက်နေပြီဆိုရင် အဲဒါ အကုသိုလ်
အကျိုးပေးတော့မယ်ဆိုတာ သတိထားကြပါ
ဥပမာပြောရ ရင်
သံဃာတော်တွေကို ဆဲဆိုနေတာတွေ
ကိုယ့်သမီးအရင်းကို မုဒိန်းကျင့်တာတွေ
ငါးနှစ်ခြောက်နှစ်ကလေးတွေကို
မုဒိန်းကျင့်တာတွေ
ကိုယ့်မိဘ ကိုပြန်သတ်တာတွေ
လူသားစားတာတွေ ခွေးသားစားတာတွေ
ဆင်းရဲသားတွေကိုမညှာမတာ ရက်ရက်
စက်စက်တုန့် ပြန်တာတွေ
အမြင်မတူတဲ့သူတွေဟာ တဘက်နဲ့ တဘက် မုန်းတီးစိတ်ပြင်းထန်နေတာတွေ
ငြိမ်းချမ်းဖို့ ကြိုးစားနေပေမဲ့ မငြိမ်းချမ်းပဲ
ပိုပိုပြီးဆိုးလာတာတွေ
ဗုဒ္ဓဆင်းတုတော်တွေကို ကိုယ်ထိလက်
ရောက်စော်ကားနေကြတာတွေ
ဒါတွေအားလုံးဟာ
ပျက်စီးတော့မှာမို့  ပြောင်းပြန်မြင်နေကြ
တာတွေပါပဲ
ဒီအချိန်မှာ
အပြောအဆို အနေအထိုင် အသွားအလာ
အကုန်လုံးကို စဉ်းစားချင့်ချိန်ပြီးမှ
လုပ်ရမဲ့အချိန်ပါပဲ
စကားတခွန်းကြောင့် ဘေးတွေ့ နိုင်သလို
အသွားအလာ အနေအထိုင်ကြောင့်လည်း
ဘေးတွေ့ နိုင်တာပါပဲ
တသံသရာလုံးက ပြု လုပ်ခဲ့ကြတဲ့
မကောင်းမှူ့ တွေ
အကျိုးပေးတော့မဲ့ အချိန်လို့ 
ဘုရားရှင်ဟောထားပါတယ်
ကိုယ်က ကောင်းအောင်နေတာတောင်
ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့
အကုသိုလ်ကြောင့် ကိုယ်ပါ ပျက်စီးတက်
ပါတယ်
တဦးနဲ့ တဦး တဘက်နဲ့ တဘက်
ဆန့် ကျင်ဘက်တွေပဲ
မြင်ကြတော့မှာပါ
လူတိုင်းကို ဒေါသထွက်စေမဲ့
အကြောင်းတရားတွေ အများကြီး
လာဦးမှာပါ
အကုသိုလ် ကြီးတဲ့သူတွေက
ပတ်ဝန်းကျင်ကို ဖျက်စီးတော့မဲ့အချိန် ပါ
မဖြစ်သင့်တာတွေ ဖြစ်တော့မှာ
မကြားသင့်တာတွေ ကြားတော့မှာ
အစုလိုက် အပြုံ လိုက် ပျက်စီးတက်ပါတယ်
ဓမ္မမိတ်ဆွေများ
အစစအရာရာ ဂရုစိုက်ကြပါလို့ 
စေတနာမေတ္တာဖြင့်
သတိပေးပါရစေ
အထူးဂရုစိုက်ကြပါ
ဗုဒ္ဓသာသနာတော်ကြီး
တကြော့ပြန်ထွန်းကားဖို့ အတွက်
မကောင်းတဲ့သူတွေ ပျက်စီးတဲ့ခေတ်ကို
ရောက်နေပြီ
သူတို့ နဲ့  ရောပြီး မပါအောင်ကြိုးစားကြပါ
လို့  အထူးသတိပေးပါရစေ
အဲဒီအကုသိုလ်တွေမပေးနိုင်အောင်
မိမိတို့ စွမ်းနိုင်သမျှ
ဘုရားတရားအလုပ်ကို ပိုလုပ်ကြပါ
ဒိပြင် အခြားနည်းမရှိပါဘူး

Sunday, August 2, 2015

ဆင်ခြင်ဥာဏ်တရားရှိကြပါ

Than Lwin added 2 new photos — with KhinAye Win and 48 others.
ဆင်ခြင်ဥာဏ်တရားရှိကြပါ
မြန်မာပြည်သူ/သားတွေ
ဆင်ခြင်ဥာဏ်ရှိကြပါ
အခုရေကြီးသတင်းများကိုအင်တာနက်အနှံ့ပြန့်နှံ့နေတာဟာ
ကောင်းတာလည်းရှိသလို
ဆိုးကျိုးကိုလည်းပေးစေပါတယ်
တချို့သတင်းအမှန်တင်သလို
တချို့လိုတာထက်ပိုတင်နေကြပါတယ်
ခုလူတွေဘာဖြစ်နေကြပါသလဲ
စိုးရိမ်ကြောင့်ကျတွေများနေကြပါပြီ
တစ်နိုင်ငံလုံးပျက်စီးတော့မယောင်
ဒီအချက်ကိုအသုံးချလို့ဝိသမလောဘသားတွေစီးပွါးရှာကြလေပြီ
ထမင်းငတ်မှာစိုးလို့
ဆန် ဆီ ရိက္ခာအဖြာဖြာကိုသူသူငါငါလုရက်ဝယ်ဖြည့်နေတာကြောင့်
အခုအခြေနေမှန်မဟုတ်တဲ့ကုန်ဈေးနှုန်းတွေခုန်တက်နေတယ်
ဒါမဖြစ်သင့်ပါဘူး
အောက်ကမြေပုံကိုကြည့်ပါ
မျှားလမ်းကြောင်းကမုန်တိုင်းဝင်ရာလမ်းကြောင်းပါ
ရခိုင် ချင်း နဲ့အစပ် ဘင်္ဂလားဒေ့ရှ် ကိုပါ
မုန်တိုင်းကဝင်သွားပြီးပါပြီ
သို့သော်
မုန်တိုင်းမဝင်ခင်ဘင်္ဂလားပင်လယ်အတွင်းစတင်ဖြစ်ပေါ်ချိန်မှစ၍
ရာသီဥတုသဘောအရ
မုန်တိုင်းအရှိန်ကြောင့်မိုးရွာသွန်းရပါသည်
ထိုမိုးဟာ
မုန်တိုင်းမပျက်မပြယ်မချင်းရွာသွန်းရသည်
ဘယ်နေရာရွာရမလဲ?
မုန်တိုင်းလမ်းကြောင်းတစ်လျောက်ပတ်ဝန်းကျင်ဒေသအားလုံးမှာရွာရပါတယ်
ဒါကြောင့်
မြေပုံအရ
ရခိုင် ချင်း စစ်ကိုင်း စသည့်ဒေသများ၌မိုးများရ၏
ထို့ကြောင့်
ဤရခိုင် ချင်း စစ်ကိုင်းတိုင်း တို့၌ရေကြီးရေလျှံရလေ၏
ခုအခါ
မုန်တိုင်းလည်းဘင်္ဂလားဒေ့ရှ်ကိုဝင်သွားပြီးပါပီ
ကျန်တာကတော့
မိုးတွင်းသဘာဝမုတ်သုန်လေအလျှောက်မိုးရွာနေအုံးမှာပါ
ပြောလိုတာက
ဒီရေဘေးဟာအခိုက်အတံ့အနေဖြင့်ဖြစ်ပေါ်ရမှာပါ
ဒါကြောက်စရာမဟုတ်ဘူးလားဆိုတော့
အထိုက်အလျှောက်ကြောက်ရပါမည်
လိုတာထက်ပိုပြီးကြောက်ကြလေတော့
တစ်နိုင်ငံလုံးစားရိက္ခာတွေအလုအယက်ဝယ်တာကော
ရေဘေးလှူဖို့အဖွဲ့အစည်းတွေကရသမျှပစ္စည်းလုယက်ဝယ်နေကြတာကြောင့်
ကုန်ဈေးနှုန်းတွေဟာမဖြစ်သင့်ဘဲတက်ရချေပြီ
သတိထားဆင်ခြင်ကြပါ
ဟိုတစ်ခါ
ဂီရိမုန်တိုင်းရခိုင်ကျောက်ဖြူကိုဝင်စဉ်အခါကလည်း
ပုံပါအတိုင်းမြန်မာပြည်အထက်ပိုင်းနဲ့အလယ်ပိုင်းကိုဖြတ်ဝင်မှာကိုသေချာမသိပါသဖြင့်
မြန်မာပြည်အောက်ပိုင်းကလူအများဟာရေဒီယိုမုန်တိုင်းသတင်းအကြားနဲ
မိမိတို့ဒေသများကိုအခုပဲမုန်တိုင်းဝင်တော့မယောင်
ကြောက်လန့်ကြပြီးဆိုင်သိမ်းပစ္စည်းသိမ်းအဖြစ်တွေဖြစ်ကုန်တာတွေ့ရပါတယ်
မိမိနိုင်ငံပထဝီမြေပုံလေးတော့သိအောင်နားလည်အောင်လေ့လာထားသင့်ပါတယ်
ဒါမှ
စိုးရိမ်ကြောင့်ကျစိတ်ဖြစ်ပေါ်ရခြင်းဟာဖြစ်သင့်မဖြစ်သင့်
ဆင်ခြင်နိုင်မှာဖြစ်ပါတယ်
စိတ်မဆိုးကြပါနဲ့
ခုဆိုတစ်တိုင်းပြည်လုံးစိုးရိမ်သောကတွေမဖြစ်စေချင်လို့ပါ
မဖြစ်သင့်သောဝိသမလောဘသားတွေရဲ့ရန်ကလည်းကာကွယ်နိုင်စေဖို့ပါခင်ဗျာ
ခုပိတ်ရက်ကြီး
ဖုန်းနဲ့လှမ်းမေးနေကြပါပြီ
ရက်ကွက်ထဲမှာဆန်ဈေးတွေတက်ကုန်လို့ပါတဲ့
ပြောနိုင်တာကတော့
အခုလပြည့်နေ့အထိဆန်ဈေးဟာလုံးဝအငြိမ်ပါ
အေး………အခုမဟုတ်မဟတ်တွေတွေးပြီး
ဆင်ခြင်တုန်တရားနဲရင်တော့
သေချာပါတယ်
မတက်သင့်သောဈေးတွေတက်ကုန်ပါလိမ့်မယ်လို့ဗျာ……………

Saturday, August 1, 2015

ပုဂံဒေသရှိ စွယ်တော်လေးဆူ

YoYarLay added 4 new photos — with Cho Cho Thet and 6 others.
ပုဂံဒေသရှိ စွယ်တော်လေးဆူ
ပုဂံဒေသတွင် အနော်ရထာမင်းလက်ထက်က ဗုဒ္ဓမြတ်စွယ်တော်ပွားကို တည်ထားကိုးကွယ်သည့် စေတီလေးဆူရှိပါတယ်။ ထိုစေတီလေးဆူကတော့ - ရွှေစည်းခုံစေတီတော်၊ တန့်ကြည့်တောင်စေတီတော်၊ လောကနန္ဒာစေတီတော် နှင့် တုရင်းတောင်စေတီတော် တို့ ဖြစ်ပါတယ်။ စွယ်တော်လေးဆူစလုံးအား တစ်နေ့တာအတွင်း လှူဖွယ်ပစ္စည်း အညီအမျှ ကပ်လှူပူဇော်ပြီး တူညီသောဆုကို တောင်းလျင် ပြည့်ဝမည်ဟု ယုံကြည်ကြပါတယ်။ ထို့ကြောင့်စာဖတ်သူတို့အနေဖြင့် စာရေးသူ၏ ပုဂံစွယ်တော်လေးဆူ ခရီးစဉ်နှင့် ထပ်တူကုသိုလ်ရကြပြီး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပါစေ။
ရွှေစည်းခုံစေတီတော်။ ။ သီရိလင်္ကာနိုင်ငံမှ ပထမဝိဇယဗာဟုမင်းကြီးသည် အနော်ရထာမင်းအား ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံနှင့် ဆင်ဖြူတော်တစ်စီး အကူအညီတောင်ခံခဲ့သည်။ အနော်ရထာမင်းမှ ကူညီသဖြင့် ဗုဒ္ဓမြတ်စွယ်တော်အစစ်မှ ပွားထားသော စွယ်တော်ပွားအား အနော်ရထာမင်းအား ဓမ္မလက်ဆောင် ပြန်ပေးခဲ့သည်။ ညောင်ဦးမြို့မှ အနောက်တောင်ဖက်ရှိ ဧရာဝတီမြစ်ကမ်းနဖူးတွင် သိရိလင်္ကာမှ စွယ်တော်ပွားအား ဌာပနာပြီး ဥာဏ်တော် ၁၆၀ပေ၊ ဖိနပ်တော်အကျယ် ၁၆၀ပေ ရှိသော ရွှေစည်းခုံစေတီကို တည်ထားကိုးကွယ်သည်။ အနော်ရထာမင်းလက်ထက်တွင် စတည်သော ရွှေစည်းခုံစေတီမှာ ကျန်စစ်သားမင်းလက်ထက်တွင် ပြီးဆုံးအောင် တည်ထားနိုင်ခဲ့သည်။
တန့်ကြည့်တောင်စေတီတော်။ ။ အနော်ရထာမင်းသည် သီရိလင်္ကာမှ ပထမဝိဇယဗာဟုမင်းမှ ပေးပို့သော စွယ်တော်ပွားကို ပြန်လည်ပွားထားလိုက်သည်။ ပြီးနောက် အသာကမင်း တည်ထားခဲ့သော တန့်ကြည့်တောင်ပေါ်ရှိစေတီထဲတွင် ထပ်မံပွားထားသော စွယ်တော်ပွားတစ်ဆူအား ဌာပနာပြီး ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခဲ့သည်။
လောကနန္ဒာစေတီတော်။ ။ အနော်ရထာမင်းသည် လောကနန္ဒာသင်္ဘောဆိပ်အနီးရှိ ကုန်မြင့်ပေါ်တွင် ဒုတိယစွယ်တော်ပွားအား ဌာပနာပြီး ပျူ-မြန်မာ ဗိသုကာလက်ရာများကို ပေါင်းစပ်ပြီး လောကနန္ဒာစေတီကို တည်ထားခဲ့သည်။
တုရင်းတောင်စေတီတော်။ ။ တုရင်းတောင်သည် ပုဂံ၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင်ရှိပြီး ပုဂံမြို့ပြ၏ နယ်နိမိတ်အစလည်းဖြစ်သည်။ သက္ကရာဇ် ၄၂၁ခုနှစ်တွင် အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါ်တွင် တတိယစွယ်တော်ပွားအားတင်ပြီး အဓိဌာန်ပြုပြီး လွှတ်လိုက်တယ်။ တုရင်းတောင်အရောက်တွင် ဆင်ဖြူတော်မှာ တုံ့ဝပ်လိုက်သဖြင့် ထိုတောင်ပေါ်တွင် စွယ်တော်ပွားအား ဌာပနာပြီး တုရင်းတောင်စေတီကို တည်ထားကိုးကွယ်သည်။
Stacy Chan (ရိုးရာလေး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎tourism_yyl‬