:include data='blog' name='google-analytics'/>
Friday, June 22, 2018
ကီမိုနို
ဂျပန်ရောက်တော့ အသိ ဆရာဝန်ကို ကီမိုနိုဝယ်ချင်တယ်ပြောတော့ သူက အံသြသွားတယ်။ ဘာလို့လဲဆိုတော့ ကီမိုနိုက အလွန်ဈေးကြီးတယ်။ ဂျပန်မတွေတောင်မင်္ဂလာဆောင်မှ တစ်စုံပဲဝယ်တယ်တဲ့။ တကယ်က ၂ စုံဝယ်ရမှာ။ ကီမိုနိုက အပျိုဝတ်တာနဲ့ အအိုဝတ်တာရှိတယ်။ အပျိုဝတ်က လက်ရှည်၊နောက်က ခါးပတ်မှာ လှပတဲ့ ပန်းပုံဖေါ်ထားတယ်။ အအိုဝတ်က လက်စက၊နောက်ကခါးပတ်က ဖဲပြားအပြား (flat)။ ဂျပန်မက အပျိုဝတ်ဝယ်ပြီး မင်္ဂလာဆောင်တဲ့နေ့မှာဝတ်တာ်၊ နောက်နေ့ပွဲကျတော့ လက်ဖြတ်ပြီး ခါးပတ်နောက်ကဟာကိုပြောင်းတတ်တယ်တဲ့။ ခါးပတ်နောက်က အပျိုအတွက်ပန်းက ကိုယ့်ဘာသာပြန်လုပ်လို့မရအောင်လုပ်ထားတယ်။ တကယ်လို့ အပျိုက ကီမိုနိုချွတ်ခဲ့ရင်သိအောင်လို့ လုပ်ထားတာ။ (အရင်က ဂျပန်သေဌေးအိမ်တွေမှာ ကြမ်းကိုအသံမြည် အောင်ခင်းထားတယ်။ သူခိုးလာရင်သိအောင်လိုတဲ့)
  ဂျပန်မှာ မတ်လ ၃ ရက်နေ့ကို Hinamstsuri or Doll`s or Girl`s day လို့ခေါ်ပါတယ်။ အဲ့ဒီနေ့မှာ အသက် ၂၀ ပြည့်တဲ့ မိန်းမပျိုလေးတွေ အပျိုဝတ် ကီမီနိုတွေဝတ်ပြီးသွားလာနေတာတွေ့ရပါတယ်။
   ကျမတို့မြန်မာတွေဝယ်တဲ့ ကီမိုနိုဆိုတာက မြန်မာရည်လယ်တဲ့ ဂျပန်တစ်ယောက်က မြန်မာအကြိုက် ဒီဆိုင်းတွေရိုက်ပြီး ၂ မီတာဆီဖြတ်ရောင်းတာ။ အဲ့ဒီဂျပန်က မြန်မာစကားတတ်တယ်။ တစ်နှစ်တခါမြန်မာပြည်မှာ ကီမိုနိလာရောင်းတယ်။ မြန်မာပညာတော်သင်တွေအတွက်အပြန်လက်ဆောင်အဖြစ် ကီမိုနိုမပါမဖြစ်သူ့ဆီက၀ယ်ရတယ်။ ဒီဆိုင်းပေါ်လိုက်ပြီး (ဂျပန်ကြီးက မြန်မာအကြိုက်အဆင်ကို ၈၀၀။ မကြိုက်တာ ၆၀၀ နဲ့ရောင်းတယ်။) ။ ရွေမြန်မာအချို့က ဂျပန်ကြီးရဲ့ ဖုန်းနံပတ်မပေးပဲ တစ်ထည်ကို ၁၀၀ အမြတ်တင်ရောင်းကြတယ်။ သူ့ကိုဖုန်းဆက်လိုက်ရင် အထည် ၂၀ လောက် ရွေးဖို့လာပို့တယ်။ နောက်ပိုင်းသူနဲ့ခင်သွားတော့ သူ့၈ိုဒေါင်ဆီခေါ်သွားပြီး ကြိုက်တာပေးရွေးတယ်။
   custom ကလူတွေက သူ့သေတ္တာမွှေပြီး ပြဿနာလုပ်လို့ မြန်မာကျောင်းသားတွေကို custom ကလူတွေကိုမြန်မာလို နှတ်ဆက်စကားပြောဖို့သင်ခိုင်းတယ်။ မြန်မာတွေသင်ပေးတဲ့ စကားပြောလိုက်တာ custom ကလူတွေက ဘာပြဿနာမှမလုပ်ဘဲ သေတ္တာပိတ်ပြီးသွားခွင့်ပြုလိုက်တယ်တဲ့။ ဘာစကားသင်လိုက်လဲ သိချင်ပါသလား?
( ဓါးပြကြီး၊သူခိုးကြိးများ ခင်ဗျာ ၊ ခင်ဗျာတို့ကြိုက်ရာယူကြပါတဲ.)
Thursday, June 21, 2018
အဆိုးထဲကအကောင်း။
မြန်မာနိုင်ငံဆေးလောကရဲ့နိုင်ငံခြားပညာတော်သင်လွှတ်ရာမှာ ကျမသိသလောက်က နိုင်ငံခြား ဘွဲ၊နဲ့ training သွားထားသူ ပြန်ရောက်ပြီးတစ်နှစ်နေမှ သာထဲ့သွင်းစဉ်းစားရန်၊ အစည်းအဝေး၊ conference စသည်တို့နှင့် မဆိုင်၊ သို့ရာတွင် MSc immunology in London အတွက်ရွေးချယ်ရာတွင် ကျမ Manila Pathologist Conference တစ်ပတ်သွားထား တာ တစ်နှစ်မပြည့်လို့ ၀င်ေ၇ာက်မရှင်းပြိုင်ရတဲ့။ တစ်နှစ် ပြည့်ခါနီးတစ်လ အလိုတွင် WHO ရဲ့ Ph. D pathology in malaria grant ပေါ်ပေါက်လာပါသည်။ ပညာသင်ဝင်ပြိုင်သူများ malaria  research လုပ်နေသူဖြစ်ရမည်တဲ့။ အဲ့ဒီအချိန်က DMR ကလူတွေကလွဲရင် research လုပ်နေသူတွေ မရှိလို့ ဘယ်သူမှ ၀င်ဖြေလို့မရတဲ့ အနေအထားဖြစ်နေပါတယ်။ မိတ်ဆွေများက တစ်ချို့ကျန်းမာရေးဝန်ကြီးကိုဖြေခွင့်ပြုဖို့ သွားပြောနေတယ်လို့သတင်းပေးကြပါတယ်။ ပြောမှ ရမယ်ဆိုရင် ကျမဘာမှမလိုချင်ပါ။ ကျမ မိဘတွေဆီကတောင်ဘယ်တော့မှလိုချင်တာမတောင်းခဲ့ပါ။ ကိုယ်လိုချင်တာကို မုန့်ဖိုးထဲကဆုပြီးဝယ်ခဲ့ပါတယ်။ ကျမမှာ ပညာပါရမီပါလာလျှင်ရလိမ့်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံခြားဘွဲ့ရမှတတ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာအသိုင်းအ၀ိုင်းက နိုင်ငံခြားဘွဲ့ရမှ၊ လူတစ်ယောက်ရဲ့ အရည်အချင်းကို အမြည်းရှည်မရှည်နဲ့သတ်မှတ်နေတော့လည်း အခက်သား။ ဆရာဝန်ဖြစ်ကထဲက အားလုံးဥာဏ်ရည်အတူတူပါ၊ အခွင့်အရေးရတာနဲ့မရတာပဲကွာတယ်လို့ယူဆပါတယ်။ ကျမတို့ fresher welcome မှာ ဆရာကြီးဦးဘသန်းပြောခဲ့တာရှိပါတယ်။ IQ အမှတ် ၁၀၀ မှာ ယနေ့ရောက်လာတဲ့ဆေးကျောင်းသား ၃၂၀ က ၉၈ နဲ့ ၁၀၀ ရကြသူတွေတဲ့။
ကျမ Manila ကပြန်ရောက်ပြီး ၂ နှစ်ကြာတော့ WHO ကလုပ်တဲ့ directors အစည်းအဝေးကိုကျမတို့DMR က director တစ်ယောက်ပထမဦးဆုံးတက်ခွင့်ရခဲ့ပါတယ်။ အစည်းအဝေးကအပြန်မှာ WHO က နှစ်စဉ်
research လုပ်နေသူများကိုမိမိတို့နိုင်ငံမှာ prevalent ဖြစ်တဲ့ malaria, leprasy, filaria စတဲ့ ရောဂါနဲ့ပတ်သက်ပြီး research project ရေးပြီး မိမိ cv နဲ့လျောက်နိုင်တယ်ဆိုတဲ့ သတင်းရလာပါတယ်။ ကျမတို့ကမသိတော့ ဂျပန် prof လုပ်တာခံခဲ့ရတာပါ။ DG လဲစိတ်ဝင်စားပြီး research project တွေရေးခိုင်းပါတယ်။
ကျမဘ၀မှာ ဘယ်တုံးကမှ အလွယ်တကူရခဲ့တာမရှိခဲ့ဘူးလို့ ထီး ၂ ကျပ်တန်တောင်မထိုးခဲ့တာမို့ ၀င်ပြိုင်ရမှာကို စိတ်မ၀င်စားခဲ့ပါဘူး။ DG က immunology လုပ်နေတဲ့ ကျမတို့နှစ်ယောက်ကိုခေါ်တွေ့ပြီး malaria research ကို parasitology ဌာနက parasite espect ကပဲလုပ်နေလို့ ပိုမိုထွန်းကားလာတဲ့ malaria immunology လုပ်ဖို့ပြောပါတယ်။ ကျမရဲ့ ဆရာ immunologist ကသူစိတ်မ၀င်စားကြောင်းပြောပါတယ်။ ကျမကတော့ အသစ်အဆန်းဆိုရင်၊သူများနဲ့လုရတာမဟုတ်ရင်အကုန်စိတ်ဝင်စားပါတယ်။ ဒါနဲ့ စာကြည့်တိုက်သွားပြီး malaria immunology နဲ့ပတ်သက်တဲ့ articles တွေရှာဖတ်တာ အဆောင် ၂၀၀ လောက်ရပါတယ်။ ကျမလုပ်ချင်တဲ့ malaria immunology project နဲ့ ကျမရဲ့ CV ပို့ပြီး လျောက်ခဲ့တာ ဒီတခါတော့ ကံကောင်းစွာ ၁၉၉၃ မှာ WHO sponsored Ph. D grant ကိုရရှိခဲ့ပါတယ်။ အဲ့ဒီနှစ်က WHO မှာ fun နည်းနေလို့ Ph. D grant တစ်ခုပဲပေးပါတယ်။ အရင်နှစ်တွေက အသက် ၃၅ နှစ်အောက်ကိုသာရွေးပေမဲ့ ဒီနှစ်မှာတော့ နှစ်မကန့်သပ်ထားတဲ့အပြင် မြန်မာနိုင်ငံကိုဦးစားပေးပါတယ်တဲ့။
   ကျမတို့ 3rd MB မှာတုံးက lecturer တစ်ယောက်ပြောခဲ့တာသတိရမိပါတယ်။လူဆိုတာ အမြဲတန်းကံ မဆိုးနေသလို အမြဲတန်းလဲ ကံမကောင်းနိုင်ဘူးတဲ့။ အရေးကြီးတာက ကိုယ်က အခွင့်အရေးပေါ်တဲ့အချိန် အရယူနိုင်ရန် အဆင်သင့်ပြင်ထားရမယ်တဲ့။ (ကံတွေလုပ်စဉ်က အကောင်းရော် အဆိုးရော် နှစ်မျိုးလုံးလုပ်ခဲ့ကြတာကြောင့် ကံကောင်းရော် ကံဆိုးရော်နဲ့တွေ့ကြရတာပါ)။ ဒါကြောင့် အဆင်မပြေရင် စိတ်ပျက်၊ စိတ်ဓါတ်ကျပြီး မဟုတ်တာတွေမလုပ်ဖို့၊အဲ့ဒါတွေကကိုယ့်ရဲ့ အရည်အချင်းကို ကျစေတဲ့အပြင် ဆိုးနေတဲ့ ကံကိုပိုဆိုးစေပါတယ်။ ကိုယ့်အရည်အချင်းကိုပိုမို အဆင့်မြင့်အောင်ကြိုးစားဖို့နဲ့ ကံကောင်းအောင် စိတ်ကောင်းထားကြဖို့ ကုသိုလ်အလုပ်တွေလုပ်ဖို့တိုက်တွန်းလိုပါတယ်။
ယွန်းစာပွဲ ။
  ဒီတခါရောက်လာတာက စည်ပင်က သူငယ်ချင်း၂ ယောက်။ ဘယ်သူက ဘီးတပ်လိုက်တယ်မသိ၊ ဂျပန်မှာ မြန်မာ ယွန်းထည်တွေဈေးကောင်းတယ်ဆိုလို့ ယွန်းစာပွဲကြီးယူလာကြတယ်။ ဘယ်မှာမှေ၇ာင်းမရလို့  တနင်္ဂနွေနေ့တွေမှာ လမ်းတွေပိတ်ပြီးလမ်းပေါ်ဈေးရောင်းတဲ့ဆီသွားေ၇ာင်းတာ မေ၇ာင်းရတဲ့အပြင် ရာဂူဇာ ခေါ်တဲ့ ဂျပန် မာဖီးယားတွေကဈေးခွံတောင်းလို့ပေးလိုက်ရတယ်တဲ့ ။
  ဂျပန်ယွန်းကို BC ငါးထောင်ကပင် သစ်ထည်များပေါ်တွင် အဆိပ်ပါသော ၀က်သစ်ချပင်ရဲ့ အစေး (poison oak sap) များသုပ်လိမ်းပြီး ပစ္စည်းမျိုးစုံပြုလုပ်ကြပါတယ်။ သစ်သားပစ္စည်းများဖြစ်လို့ ခိုင်ခံပါတယ်။
မြန်မာယွန်းကို ဘုရင့်နောင်လက်ထက် (၁၅၅၅-၁၅၅၆၂) တွင် ယိုဒယားများနဲ့ပါလာသည်ဟုဆိုပါသည်။ မြန်မာယွန်းတည်များကို ၀ါးနဲ့မြင်းမီင်္ှးများဖြင့်ပြုလုပ်ပြီး၊ စစ်စီးခေါ် Melanorrhoea usitata အပင်၏အစီး သုပ်လိမ်းပါတယ်။ ၀ါးနဲ့ပြုလုပ်တာမို့ခိုင်ခံမှုနည်းပါတယ်။ လ္ဘက်ရည်ကဲ့သို့သော အပူများထဲ့ရန် မသင့်ပါ။ မြင်းမှီး
နှင့်ပြုလုပ်သောယွန်းထည်များ ပျော့ပြောင်းပြီး လူကြိုက်များပါတယ်။
    တစ်နေ့မှာ center နားက ဈေးဆိုင်ရှေ့ကထီးအဆိုတွေထားတဲ့ ခွက်ထဲကထီးတွေကိုမြန်မာပညာတော် သင် မိန်းခလေး ၂ ယောက်ဖွင့်ကြည့်နေကြတာတွေ့လို့ ဘာလုပ်နေကြတာလဲသွားမေးတော့ center မှာရောက်နှင့်တဲ့ မြန်မာပြည်က director မ က အလကားယူလို့ရတယ်ဆိုလို့ ရန်ကုန်ယူသွားဖို့ရွေးနေတာတဲ့။ တကယ်ပဲမသိလို့လား။ ဂျပန်က ကျွန်းနိုင်ငံဆိုတော့ မိုးတွင်းရယ်လို့ မရှိဘူး၊ အချိန်မရွေးမိုးရွာတယ်။ မိုးမဆိုအောင်ဆောင်းတဲ့ ဂျပန်ထီးတွေက အရောင်စုံ အကြည် ( transparent ) တွေ။ မြန်မာပြည်မှာလိုနေမပူအောင် ဆောင်းတဲ့အနက်ရောင် အပိတ် (opaque) တွေမဟုတ်ဘူး။ နေရာတိုင်းမှာ ရမ် ၃၀၀ နဲ့ဝယ်လို့ရတယ်။ အိမ်တွေ ဆိုင်တွေထဲဝင်ရင် ရေမဆိုအောင်လို့ ထီးကိုခွက်ထဲမှာထားခဲ့ရတယ်။ ဆိုင်အထွက်မှာ မိုးရွာရင်ကိုယ့်ထီးကိုယ်ပြန်ယူဆောင်းတယ်။ တစ်ချို့ မိုးမရွာရင်ပြန်မယူဘူး။ တစ်ချို့နေရာမှာ ခွက်အစား ပလပ်စတစ်အိပ်အရှည်တွေရှိတယ် ထီးထဲ့ယူသွားလို့ ရအောင်။
    center မှာ ဂျပန်စာတွေရေးထားတဲ့ အ၀တ်လျော်စက်တွေရှိတယ်။ တနင်္ဂနွေဆို အ၀တ်လျော် မီးပူတိုက်ကြပါတယ်။ တစ်နေ့မှာ ပညာတော်သင်ဆရာမလေးက အမ ဒီ center မှာခလေးတွေလဲရှိတယ်တဲ့။ ဘာလို့လဲဆိုတော့ အ၀တ်လျော်တဲ့စက်ထဲမှာခလေး အကျီ င်္တွေ့လိုတဲ့။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူ့အကျီ င်္ဖြစ်နေတာတွေ့ရပါတယ်။ စက်အရင်သုံးခဲ့တဲ့သူက အပူနဲ့လျော်ထားတာ သူက မသိဘဲ သူ့ sweeter ကိုလျော်လိုက်တာ အပူကြောင့် ကြုံ့သွားပြီး ခလေးအရွယ်ဖြစ်သွားတာပါ။ ကျမ အ၀တ်လျော်ထားတာသွားထုတ်တော့ စက်ထဲမှာ စက္ကူစတွေတွေ့ရလို့ ဘယ်သူများ စက္ကူတွေထဲ့လျော်ပါလိမ့်လို့ သူများကိုသွားအပြစ်တင်နေမိတယ်။ ပလပ်စတစ်အုပ်ထားတဲ့ ကျမဓါတ်ပုံ ထွက်လာတော့မှ ကျမမေ့ပြီး ဂျင်းဘောင်ဘီအိပ်ထဲထဲ့ထားတဲ့ တစ်လစာ ရထားလက်မှတ် ထဲ့လျော်မိမှန် သတိရပါတော့တယ်။
  Eco ကသူငယ်ချင်း အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်လဲရောက်လာတယ်။ သူတို့က rice cooker ပါလာကြပြီး နှစ်ယောက်အတူတူ ထမင်းချက်စားတယ်။အတူတူဆန်ဝယ်ပြီး အမျိုးသမီးအခန်းမှာချက်တယ်။ ဆန်ကုန်ရင် တစ်လှဲ့ဆီဝယ်ကြတယ်။ ထမင်းချက်တဲ့အမျိုးသမီးက ချက်မဲ့ဆန်ထဲက နည်းနည်းခြင်းယူဖယ်ထားပြီး သူဝယ်တဲ့အလှည့်မှာ သုံးတယ်။ အိမ်သားများတဲ့ ထမင်းအိုးမှာသာ လက်တစ်ဆုတ်စာ ဆန်ယူရင်ဘာမှ မသိသာပေမဲ့ နှစ်ယောက်စာက ထုပ်တာဆိုတော့ သူငယ်ချင်းအမျိုးသားလဲ ရိပ်မိသွားပြီး ၆လ ပြည့်လို့ပြန်တဲ့အချိန်မှာ စကားမပြောတဲ့သူတွေဖြစ်သွားပါတော့တယ်။ အဲ့ဒီအမျိုးသမီးက ဘယ်လောက်တောင် ခြွေတာသလဲဆိုတော့ သူငယ်ချင်းရေးတဲ့စာရဲ့နခန်းသားတွေမှာသူ့အိမ်အတွက် စာလိုက်ရေးတယ်။ စာပို့ခ က စာရွက်အလေးချိန်အရပေးရတာဆိုတော့ သူရေးတဲ့စာ အတွက် သူလဲ တံဆိပ်ခေါင်းဖိုမကုန်၊သူ့သူငယ်ချင်းလဲ တံဆိပ်ခေါင်းဖိုးပိုမကုန်အောင်လို့တဲ့။ ခြွေတာတာနဲ့ ကပ်စီးနည်းတာ ခွဲခြားပြီးမသိတာလား ? လောဘတွေဖုန်းလွှမ်းနေတာလားတော့မသိတော့ပါဘူး။ ခြွေတာတယ်ဆိုတာ မကုန်သင့်တာမကုန်အောင်လုပ်တာ။ ကပ်စီးနည်းတယ်ဆိုတာ ကုန်သင့်တာမကုန်အောင်လုပ်တာ။ ကုန်သင့်တာ မကုန်အောင်က သူများရဲ့ ပစ္စည်းကိုသွားသုံးမှရတော့မှာပေါ့။
      ဂျပန်က ဇီဇ၀ါပန်းတွေက အရမ်းကြီးပြီး အရမ်းပွင့်တယ်။ အဲ့ဒီပန်းတွေကိုသွားခူးပြီး ဘုရားတင်မလို့တဲ့ ။ Public ကပန်းတွေကိုဘယ်သူမှ မခူးဘူး၊ ခူးရင်လည်း သိသာတယ်။ ဆိုင်ကပန်းဝယ်ရင် စက္ကူလှလှနဲ့ပတ်ပြိး ဖဲပြားနဲ့ချီးပေးတာလေ။ ဂျပန်မှာက ကြီးတဲ့အပင်ကိုသေးအောင်လုပ်ပြီး၊ ငယ်တဲ့အပင်ကိုကြီးအောင်လုပ်ကြတယ်။ ဂျပန်ရောက်နေတဲ့ Ph.D ကျောင်းသူတစ်ယောက်က ခရမ်းရောင် အမွေးဖွါးဖွါးနဲ့ပန်းကိုပြ့ပီးသိလားလို့မေးတယ်။ မြင်ဘူးသလိုလိုနဲ့ဘာပန်းမှန်းမသိဘူး။ ခွေးသေးပန်းပွင့်တွေကိုကြီးအောင်လုပ်ထားတာတဲ့။
ဂျပန်မှာ ကိုယ့်ကိုယ်သတ်သေတာအလွန်များတယ်။ သူတို့ကနည်းနည်းလေးပြဿနာဖြစ်တာနဲ့ သတ်သေကြတယ်။ ကျမတို့ရောက်နေတုံး အမျိုးသမီးတစ်ယောက်က ယောက်ျးနဲ့ရန်ဖြစ်လို့။သူ့သမီး၂ ယောက်ကလဲလိုက်သတ်သေကြတယ်။ သူတို့က သေပြီး ရရက်ကြာရင်လူပြန်ဖြစ်တယ်လို့ယုံကြတယ်လေ။ ခေါင်းကိုပလပ်ဆတစ် ၂ အိပ်စွတ်ပြီး လည်ပင်မှာချီးလိုက်ကြတယ်။ တကယ်သေချင်လို့သာ ဒီလိုသေကြတာပါ။ သေခါနီးရင် ကြောက်လိုဖြစ်ဖြစ် မသေချင်တော့ရင် နောက်ပြန်ဆုတ်လို့ရတာပဲ။ ကျမ မေ၇ာက်ခင်ကတောင် Ph.D ကျောင်းသူတစ်ဦးဂျပန်နည်းနဲ့သတ်သေသွားတယ်။ ထုံန်စံအတိုင်းမြန်မာပြည်က မိန်းခလေးတွေကိုဂျပန်ကို Ph.D ကျောင်းသူအနေနဲ့မလွှတ်ဖူးဆိုတဲ့အမိန့်ထုပ်ပြီး Ph.D လုပ်ဖို့ရောက်နေတဲ့ ကျောင်းသူတောင်
Ph.D မယူရဘဲ ပြန်သွားရတယ်။ဂျပန် Ph.D ကလည်း အနည်းဆုံး ၅ နှစ်လုပ်ရတယ်။ ဘာလို့လဲဆိုတော့ ဂျပန်လို့စာတမ်းရေးရ ၊ဖြေရတာမို့ ဂျပန်စာသင်နေရတာနဲ့တင်အချိန်တော်တော်ကုန်တယ်။
ဂျပန်စာက သုံးမျိုးရှိတယ်။ နေ့စဉ်သုံးတာက ဟီတကတ၊ နိုင်ငံခြားစကားတွေယူသုံးထားတာကဟတ်တာကတ၊ တရုပ်စာင လာတဲ့ ခန်းကြီး။ ဟီတကတက မြန်မာတွေအတွက် အသံထွက်ရလွယ်တာ sentence construction လဲ မြန်မာနဲ့တူတယ်။ vocabulary ပဲကျက်ဖို့လိုတာ။ ဂျပန်မှာ -း တို့  -့  အသံတို့မရှိဘူး။ ကျမနံမည်ကို စိုစို လို့ခေါ်ကြတယ်။ တော်သေးတယ်အခြောက်မဖြစ်လို့။ ဂျပန်တွေက ကြွက်နဲ့ ပင့်ကူးပေါင်းတားသလားတင်ရတယ်။
   ဂျပန်မှာ ပိုင်ရှင်တစ်ဦးတည်ပိုင်တဲ့ supermarkets တွေ၊ ဟော်တည်တွေကိုနံမည်တစ်ခုထဲ ထားကြပါတယ်။ ရန်ကုန်ကလာတဲ့သူတွေက ကျမကိုဆက်သွယ်ဖို့ center မှာ message ထားခဲ့ကြပါတယ်။ ဥပမာ သမတဟော်တည်မှာရောက်နေပါတယ်လို့ပဲ မှာခဲ့တယ်။သမတဟော်တည်ဆိုတာရန်ကုန်မှာတစ်ခုတည်းရှိပေမဲ့ ဂျပန်မှာတော့ ရပ်ကွက်တိုင်းမှာရှိတာမို့ ကျမအနေနဲ့ရပ်ကွက်တိုင်းက သမတဟော်တည်ဆိုတာတွေကိုဖုန်းဆက်ရပါတော့တယ်။
   တနင်္ဂနွေတစ်နေ့မှာ မြန်မာအဖွဲ့တွေနဲ့ လမ်းပိတ်ဈေးကိုရောက်ကြတယ်။ ဂျပန်ဈေးသည်တစ်ဦးက ၅၀ % ချတယ်လို့အောက်နေတာနဲ့သူ့ဆီကပစ္စည်းတွေရွေးနေတုံး ပိုက်ဆံပေးဖို့အတင်းတောင်းပါတယ်။ ကျမတို့လဲ ပေးမှာပေါ့ ဘာဖြစ်တာလဲပေါ့။ နောက်မှသိတယ် သူက လူလာအောင် ၅၀% ကို ပထမ ၁၅ မိနစ်ပဲချတာ။ ဒါကြောင့် ပိတ်ဆံတောင်းနေတာ။ နောက်ပိုင်းဝယ်ရင် အပြည့်ပေးရမှာ။
   ဂျပန်က supermarkets တွေက တစ်နေ့ထဲအတူတူမပိတ်ဘူး။ ရက်ရွေးပိတ်တယ်။ ရပ်ကွက်တစ်ခုမှာ တစ်ဆိုင်ဆိုင်က အမြဲဖွင့်အောင်လို့။ အသီးအရွက်တွေကို ဆိုင်မပိတ်ခင်တစ်နေ့ ညနေပိုင်းဆို  ၅၀-၇၀ % လျော့ရောင်းတယ်။ နောက်ပြီး expired date နီးတဲ့ ဆီစတာတွေဆိုရင် ၂၀ % လောက်လျော့တယ်။ ဈေးလျော့တဲ့ပစ္စည်းကို တန်းပေါ်ကနေအောက်ကိုချထားတယ်။ ရန်ကုန်မှာ expired date တောင်မပါတဲ့ဆီတွေစားနေရတာမို့ expired date နီးတာတွေပဲရှာဝယ်ကြပါတယ်။ ဂျပန်မှာ အသီးအနှံက အသားထက်ဈေးကြီးတယ်။ မြန်မာကျောင်းသားတစ်ယောက်ကကြက်သားကိုဈေးသက်သာအောင် အားလူးနဲ့ရော်ချက်တယ်။ တကယ်က အားလူးက ကြက်သားထက်ပိုဈေးကြီးတာ။ စားသောက်ဆိုင်တွေမှာသက်သာလွတ်မှာရင် အသားဟင်းထက်ဈေးပိုကြီးတယ်။ အဲ့ဒီပညာတော်သင်က ပထမ ၃ လမှာ ခေါက်ဆွဲထုပ်ကြီးနေ့တိုင်းစားပြီး။ သူနေရတာ တစ်မျိုးပဲ ကိုယ်ကပေါ့နေတယ်တဲ့။ ခေါက်ဆွဲထုပ် (ကဆီဓါတ်) ထဲဘာအသီးအရွက်၊အသား၊ကြက်ဥ၊ စတာတွေမပါလို့ အာဟာရမဖြစ်တာပါ။
   ဂျပန်မှာ ဆန်ကဈေးကြီးလေ စီးလေပဲ၊ ရှမ်းဆန်နဲ့တူတယ်။ တူနဲ့စားတာဆိုတော့ ညှပ်လို့ကောင်းတာပေါ့။ ဆူရှီလဲလုပ်လို့ကောင်းတယ်လေ။ ကျမတို့အတွက်တော့ ဈေးပေါ်တဲ့ဆန်ကပိုအစဉ်ပြေတယ်။ ဈေးပေါ်တော့ပိုကောင်းတာပေါ့။ ဂျပန်မှာ မြေကြီးအောက်မှာ ကျောက်တွေရှိတာများပြီး စိုက်လို့ရတဲ့နေရာရှားတယ်။ အစားအသောက်တော်တော်များများက နိုင်ငံခြားကသွင်းရတာ။ ဆန်ကတော့ အစိုးရကတမင်စိုက်ခိုင်းတယ်။ စစ်ဖြစ်ရင် မငတ်အောင်လို့။ ဆန်စိုက်တဲ့လယ်သမားတွေကချမ်းသာတယ် ဒါပေမဲ့ ဂျပန်မတွေကတောတွေမှာမနေချင်ဘူး မြို့ပေါ်တက်ကြလို့ လယ်သမားတွေအတွက်နိုင်ငံခြားကမိန်းခလေးတွေနဲ့အောင်သွယ်ပေးတဲ့ Profession တွေရှိတယ်။ တောနယ်မှာနေရတဲ့အပြင် ယေက္ခမကလဲ ခလေးမွေးတဲ့အထိခိုင်းလို့
နိုင်ငွခြားသူမိန်းမတွေထွက်ပြေးကြတယ်။
    ဂျပန်ကရေမွေးဆိုင်တွေက အနံ့စမ်းချင်တယ်ဆိုရင် ဆိုင်ကကောင်မလေးတွေကသူတို့လက်ခုံပေါ်စွတ်ပြီးပေးနမ်းလို့ တစ်ချို့ ရေမွေးဆိုင်လျောက်လည်ကြတယ်။
   supermarkets အောက်ဆုံးထပ်မှာ စားစရာဆိုင်တွေပဲရှိတယ်။ ဆိုင်ရှေ့မှာမြည်းဖို့ချထားတယ်။
တစ်ချို့က အဲ့ဒီမှာ တစ်ဆိုင်ပြီးတဆိုင် မြည်းရင်နဲ့ဗိုလ်ဖြည့်ကြတယ်။
    စက်တွေကနေ ရေခဲမုန့်ကအစ စားစရာအစုံဝယ်လို့ရတယ်။ ရေခဲမုန့်က ရမ် ၁၀၀ ပဲကျတယ်။အလွန်အရသာရှိတယ်။ချိုဆိမ့်နေတာ။ တစ်ယောက်က လက်နဲ့လုပ်တဲ့ေ၇မဲမုန့်သွားစားဖို့အဖေါ်စပ်တာနဲ့လိုက်သွားတယ်။ တစ်ခုကို ၅၀၀ ရမ်ပေးရတယ်။ လက်နဲ့လုပ်တဲ့ ရေခဲမုန့်ဆိုတာ ကျမတို့စားနေကြ ရေခဲဆုပ်ဖြစ်နေတယ်။ ဂျပန်မှာ လုပ်အားခကဈေးကြီးတော့ လက်နဲ့လုပ်တာဆိုဈေးကြီးတာကြီးပဲ။ Nihon University ရောက်စနေ့က စာရေးမလေးက ကော်ဖီသောက်ဖို့မတ်ခွက်တွေလိုက်ပြပြီးကြိုက်တဲ့ခွက်ယူသုံးနိုင်တယ်တဲ့ အားလုံးက အလွန်လှပြီးသပ်ရပ်တယ်။ ဒါပေမဲ့ တစ်ခုကတော့  မညီမညာ၊မလှမပ တဲ့ ဆင့်ရည်သုပ်ထားတဲ့ ခွက်။အဲ့ဒါတော့ မသုံးနဲ့တဲ့ ပေ၇ာ်ဖက်စာကိုယ်တိုင် ဆင့်လုပ်တဲ့ဆီမှာကိုယ်တိုင်လုပ်ထားတဲ့ ခွက်မို့လို့တဲ့။
  တိုကျိုကမြေဈေးကအလွန်ဈေးကြီးတယ်။ဒေါလာခင်းဝယ်ရလောက်အောင်ဈေးကြိးတယ်တဲ့။ ကျမ research လုပ်မဲ့ အသဲရောဂါ virus ကဓါတ်ခွဲခန်းက ပူးတွေ၊ကြွက်တွေ၊ယုံတွေမှာရောဂါမဖြစ်ဘဲ မျောက်တွေမှာပဲရောဂါဖြစ်တယ်။ မျောက်တွေထားဖို့ တိုကျိုမှာနေရာမရှိတာနဲ့ မျောက်တွေထားတဲ့ အိုဟီးရာကျွန်းလေးကိုကျမ တစ်လသွားရတယ်။အဲ့ဒီမှာ JICA center မရှိလို့ဟော်တည်မှာနေရတယ်။Ph.D  မြန်မာကျောင်းသားတွေပြောထားလို့ western type hotel တောင်းထားလို့ ရေချိုးခန်းနဲ့အိမ်သာပါတဲ့ အခန်းရတယ်။ ဂျပန် type တွေကေ၇ချိုးကန်က common။ စစ်အတွင်းက ဂျပန်လိုရေချိုးတယ်ဆိုတဲ့ စကားတွင်သွားသလို ဂျပန်တွေက ကိုယ်လုံးတည်းချိုးတာ။ ရေချိုးကန်ထဲကိုအ၀တ်ဝတ်ပြီးမ၀င်ရဘူး။ တခါက မြန်မာကျောင်းသားတစ်ယောက်ရေချိုးကန်ထဲ ၀င်ရမှာရှက်တာနဲ့ မျက်နှာသုပ်ပုဝါနဲ့ပတ်ထားပြီး၊မျက်နှာသုပ်ပုဝါခွါပြီး ကန်ထဲအမြန်ခုန်ချလိုက်တယ်တဲ့ ဒါပေမဲ့ရေကသူထင်သလိုမအေးပဲ ပူနေတာ (၃၀-၅၀ C) နဲ့အပြင်ကိုပြန်ခုန်တက်ခဲ့တာနဲ့ နှစ်ခါရှက်ခဲ့ရတယ်တဲ့။
Wednesday, June 20, 2018
ကောလာဟလ ဘယ်ကလာ ?
Manila , Pilippine မှာပြုလုပ်တဲ့ WHO sponsored International Pathologist conference ကိုတတ်ရောက်ဖို့ ကျမနဲ့ MC2 က မမ တစ်ယောက်ကိုရွေးချယ်ခဲ့ပါတယ်။ ရန်ကုန် WHO ရုံးက ကျမတို့ကို ဒေါလာ အနည်းငယ်သာပေးလိုက်ပြီး Manila ကျမှကျန်တာထုပ်ဖို့မှာလိုက်ပါတယ်။ Manila ရောက်တော့  conference က 5 stars hotel မှာလုပ်တာဖြစ်ပြီး registration လုပ်ပြီးကျမတို့မှာပိုက်ဆံ မကျန်တော့ပါဘူး။ Manila က WHO ရုံးကလဲပိတ်ပြီးမို့မနက်မှသွားရပါမယ်။ ကျမတို့နှစ်ယောက် 5 stars hotel မှာ အခက်တွေ့နေတုံး ကျမ ဂျပန်မှာသိခဲ့တဲ့ အင်ဒိုနီးရှားမနဲ့တွြေ့ပီး ကျမတို့ကို ကော်ဖီတိုက်သွားပါတယ်။ မမ လဲ Manila ကသူ့မိတ်ဆွေဆီကိုဖုန်းဆက်ပါတယ်။ လူမတွေ့လို့ message ထားခဲ့ပါတယ်။ နောက်နေ့မနက် taxi ငှါးပြီး WHO ရုံးသွားကြပါတယ်။ taxi ငှါးခဈေးကြီးမှာစိုးလို့ ဟော်တည်ထဲမှာ မငှါးဘဲ အပြင်ထွက်ငှါးခဲ့ကြပါတယ်။ ဒါပေမဲ့ taxi သမားက မီတာကို ဘာလုပ်ထားသလဲမသိဘူးအရမ်းမြန်ပါတယ်။  WHO ရုံးရောက်တော့ အဲ့ဒီ ဟိုတယ်မှာမတည်ဖို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပေးမဲ့ နေ့တွက်က ဟော်တယ်တည်းခလောက်တောင်မရှိဘူးတဲ့။ ကံကောင်းထောက်မစွာ မမ ရဲ့ မိတ်ဆွေ များ ဟော်တည်ကိုရောက်လာပြီး သူတို့အိမ်မှာတည်းဖို့ခေါ်သွားခဲ့ပါတယ်။ Manila မသွားခင် ဗိုလ်ချုပ်ဈေးက ကျမ ကျောက်စိမ်း၇ိုင်းတွေနဲ့လုပ်ထားတဲ့အရုပ်ခလေးတွေ ကို duty free ဆိုင်မှာ ၀ယ်ပါတယ်။ conference အပြီးမှာ ကိုယ့်နိုင်ငံက souvenir ပစ္စည်းတွေ လဲလှယ်လေ့ရှိလို့ လိုလိုမယ်မယ်ဝယ်ခဲ့တာပါ။ လေဆိပ်ရောက်တော့ custom က ဖေါက်ချာပါပေမဲ့ ယူလို့မရဘူးတဲ့။ ဘာလို့လဲဆိုတော့ လေဆိပ်က souvenir ဆိုင်ကမ၀ယ်လို့တဲ့. ကျမလဲ စကားမများချင်တာနဲ့ လိုက်ပို့တဲီ့ာမတွေကိုပြန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျမ ပြန်ရောက်တော့ DG ကခေါ်မေးတယ်။ ကျမ ကျောက်စိမ်းတွေ ခိုးထုတ်တယ်ဆိုတာ ဟုတ်လားတဲ့။ တော်သေးတယ် ကျမ အကြော်ငးသိနေတဲ့ DG  မို့။
Monday, June 18, 2018
Nara daibutsu ဆင်းတု နံ့ deer park
ကျိုတို ဘက်ရောက်ရင်တော့ မြန်မာအများသွားရောက်တာကတော့ နာရာမြို့က Todaiji ဘုရားကျောင်းအတွင်းရှိ Nara daibutsu ခေါ်တဲ့ ကမ္ဘာ့ အကြီးဆုံးသစ်သားနဲ့တည်တောက်ထားတဲ့ ဗုဒဆင်းတုတော်ဖြစ်ပါတယ်။ ၄၉.၁ မီတာမြင့်ပါတယ်။ Todaiji ဘုရားကျောင်းကိုယခုအခါ UNESCO world heritage အဖြစ်သတ်မှတ်ထားပါတယ်။ ဘုရားဝင်းအတွင်းမှာလွှတ်ထားတဲ့ ထောင်ကျော်ရှိတဲ့သမင် (deer park) ကအလွန်နံမည်ကြီးပါတယ်။ အဲ့ဒီသွားရင် လက်မှာ ကား၊ရထား၊လေယဉ်လက်မှတ်မကိုင်ထားဖို့သတိပေးပါတယ်။ သမင်တွေကလူတွေကိုယဉ်ပါးပြီးလက်ထဲမှာကိုင်ထားတာတွေကိုယူစားတတ်လို့ပါ။
Saturday, June 16, 2018
ဂျပန်ရောက်ဥာဏ်ကြီးရှင်များ။
JICA center အခန်းတွေမှာ မီးမလောင်ရအောင်အခန်းထဲမှာ smoke sensor တပ်ထားပါတယ်။ အခန်းထဲမှာ ဆေးလိပ်သောက်ရင် sensor ကအသံမြည်ပါတယ်။ အနံ့ဆက်ရှိနေမယ်ဆိုရင် အမိုးကနေရေတွေပန်းထွက်လာပါတယ်။ အခန်းမီးကိုလဲ ပါဝါနည်းတဲ့ breaker တပ်ထားပါတယ်။ ထမင်းဟင်းချက်လို့မရအောင်ပါ။ breaker ကိုလဲ ဖြုတ်လို့မရအောင်၊ဖြုတ်ရင်လဲသိအောင် ရက်ဆွဲရေးထားတဲ့ cellotape ကပ်ထားပါတယ်။ အဲ့ဒါကို အနံပြင်းတဲ့မြန်မာဟင်းတွေ ရအောင်ချက်စားကြတယ်။ အိမ်သာထဲမှာ exhaut fan ရှိတာမို့ ကမုတ်ပေါ်မှာ တင်ချက်ကြတယ်။ မြန်မာအင်္ဂျင်နီယာတွေက cellotape ပေါ်ကစာမပျက်အောင်  breaker ပြောင်းတပ်ပေးတယ်။ အခန်းကို နေ့တိုင်းသန့်ရှင်းရေးလာလုပ်လို့ ချက်စားတဲ့ ဆန်စတာတွေကို ရန်ကုန်ကပါလာတဲ့ သေတ္တာထဲမှာထဲ့သိမ်းပြီးသော့ခတ်ထားရတယ်။ အခန်းထဲမှာလဲ ကျမနေအောင်သတိထားသိမ်းပြီးမှ အလုပ်သွားရတယ်။ အဲ့ဒီတုံးက စဉ်းစားမိတာက ငါဘာ အကုသိုလ်များလုပ်ခဲ့လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဘာလို့ခိုးချောင်ခိုးဝှက်စားနေရတာလဲလို့ အခုမှ အဖြေတွေ့တယ်။ ဘာအကုသိုလ်ကြောင့်မှ မဟုတ်ဘူး။ ပိုက်ဆံမက်တဲ့လောဘနဲ့ ကိုယ့်မြန်မာစာနဲ့မိတ်ဆွေတွေကိုမက်တဲ့ လောဘကြောင့်ပဲ။
 တစ်ကြိမ်မှာတော့ ရန်ကုန်ကရောက်စ မြန်မာပညာသင်နှစ်ဦး အခန်းထဲမှာ ရန်ကုန်ကပါလာတဲ့ အမဲသားခြောက်တွေချက်တာ အမိုးကရေတွေလဲပန်းထွက်၊အသံတွေလဲမြည်တာနဲ့ဟင်းအိုးကိုင်ပြီး corridor ကိုထွက်လာတယ်။ corridor ကို security က camera တွေနဲ့အမြဲကြည့်နေတာ။ သူတို့ဟင်းအိုးရော rice cooker ရော်သိမ်းသွားပြီး ရန်ကုန်ပြန်မှပြန်ပေးတယ်။
     ဂျပန်မှာ စက်နဲ့လောင်းကစားတဲ့ (ပါချင်ကို)ဆိုတာ နေရာတိုင်းလိုလိုမှာရှိတယ်။ ဂျပန်တွေက တကမ္ဘာလုံးကိုသူတို့စေတနာ၊မေတ္တာရှိတယ်ဆိုတဲ့ နံမည်ကောင်းပြချင်တယ်။ ဒါကြောင့် JICA အထောက်အပံ့တွေ နိုင်ငံတော်တော်များများကိုပေးတယ်။ ဒါပေမဲ့သူများနိုင်ငံတွေကိုတော့ သူတို့ရဲ့နည်းပညာတွေမရစေချင်ဘူး။ သင်တန်းမှာ ဘာမှ သိပ်မသင်ဘူး။သူတို့ထောက်ပံ့တဲ့ပိုက်ဆံသူတို့တိုင်းပြည်မှာပဲသုံးပြီးပြန်စေချင်တယ်။ ပညာတော်သင်တစ်ယောက်က ဘာမှသင်စရာမရှိတော့ လောင်းကစားတဲ့ စက်နဲ့နေ့တိုင်းသွားကစားတယ်။ ကစားရင်း စက်၇ဲ့အထာကိုသိသွားပြီးသူကစားတိုင်းနိုင်လို့ ဆိုင်ရှင်က စက်ကိုလဲပြစ်တယ်။ ဒါလဲသူပဲနိုင်တော့ နောက်လာမကစားဖို့ ဆိုင်ကလူမိုက်နဲ့နှင်ရတဲ့ အခြေအနေရောက်သွားတယ်။
     ဂျပန်က ဟော်တည်မှာ အဲ့ဒီအချိန်ထဲက mini bar ထားပြီးေ၇ခဲသေတ္တာထဲက စားစရာတွေယူရင် automatic front desk ကို bill ရောက်တယ်။ အဲ့ဒါ မြန်မာတစ်ယောက်က bar ထဲက အရက်တွေအားလုံးသောက်ပြစ်တာ သူ့ကို stretcher နဲ့ပြန်သယ်ရတယ်။ ဒါပေမဲ့ ပိုက်ဆံ တစ်ပြားမှ မကုန်ခဲ့ဘူးတဲ့။ ဘာဖြစ်လို့လဲ လို့စပ်စုကြည့်တော့ automatic front desk ကို bill ရောက်တယ်ဆိုတာ အထဲကပစ္စည်းယူလိုက်ရင်အလေးချိန်ပေါ့သွားလို့ signal ရောက်တာ။  signal မရောက်အောင်ပစ္စည်းယူတဲ့အခါ အောက်ခြေ  signal ဖြစ်မဲ့နေရာကိုလက်ခလေးနဲ့ဖိပြီး အလေးချိန်တူတဲ့ရေထဲ့ထားတဲ့ပုလင်းကိုပြန်ထဲ့လိုက်တယ်တဲ့။
နောက်လူတော့ ရေတွေပဲသောက်ရတော့မယ်ထင်တယ်။
 ကျမက သူငယ်ချင်းမြန်မာသူနာပြုတစ်ယောက်နဲ့ မြန်မာပြည်ပြန်မဲ့သူတွေကို အပြန်ပစ္စည်းတွေလိုက်သိမ်းပေးလေ့ရှိပါတယ်။ တခါတော့ ပြန်မဲ့သူက  နောက်မှာ ဘုနဲ့TV  ကိုဖွင့်ပြီးအထဲမှာ နာရီတွေကို   cellotape တွေနဲ့ကပ်တာတွေ့ရတယ်။ ရန်ကုန်က custom မတွေ့အောင်တဲ့။ နာရီအလုံး ၁၀၀ လောက်တော့အသာလေးပဲတဲ့။
   တိုကျိုမှာ prepayed phone card တွေက မြိ့တွင်းရော်နိုင်ငံခြားရော်ခေါ်လို့ရတယ်။ဒါပေမဲ့ မြို့တွင်းက တစ်ယူနစ်ကို ရမ် ၁၀ ပဲကျပြီး မြန်မာပြည်ခေါ်ရင် ရမ် ၁၀၀ ကျတယ်။ ရမ် ထဲ့ပြီးလဲပြောလို့ရတယ်။ တစ်ချို့က ရမ် ကို အပေါက်သေးသေးလေးဖေါက်ကြိုးထဲ့ထားပြီး၊ ဖုန်းခေါ်ပြီးရင်ကြိုးဆွဲပြီးပိုက်ဆံပြန်ထုတ်တယ်တဲ့။ တစ်ချို့ကတော့ဖုန်းကိုဘယ်လိုလုပ်လိုက်လဲမသိဘူး၊ မြန်မာပြည်ခေါ်ရင် ရမ် ၁၀ ပဲကျတယ်။ သူတို့ပြောပြီးရင် ကျန်တဲ့ မြန်မာတွေကိုအကြောင်းကြားတယ်။ အဲ့ဒီဖုန်းရှေ့မှာ မြန်မာတွေဖုန်းပြောဖို့တန်းဆီနေကြတာ။ မသိတဲ့ဂျပန်တွေက ဒီပြင်ဖုန်းလဲ ရှိတယ် စောင့်ဖို့မလို ဘူးလိုပြောပြတယ်။ ဒါပေမဲ့ ကျမတို့မြန်မာတွေက sentimental ဖြစ်တယ်။ ဒီဖုန်းနဲ့မှလို့ပြန်ဖြေကြတယ်။
   ဂျပန် telephone co က မြန်မာပြည်ခေါ်တာများတယ်ဆိုပြီး မြန်မာပြည်အထူး phone card ထုတ်တယ်။ ၀ယ်မဲ့သူမရှိလို့ ထုတ်တာရပ်လိုက်ရတယ်။
     Center က TV လိုင်း ၁၀ ခုလောက်ရှိတယ်။ အားလုံး အလကားကြည့်လို့ရတယ်။ ဒါပေမဲ့ လိုင်း ၂ ကတော့ ပိုက်ဆံပေးရတယ်။ အဲ့ဒါကိုလဲ မြန်မာတွေအလကားကြည့်တဲ့အပြင် တခြားနိုင်ငံခြားသားတွေကိုပါ အလကားပြကြတယ်။ ဘယ်လိုလုပ်တာလဲလို့စပ်စုကြည့်တော့။ front desk ကိုသွားတဲ့ လိုင်းကို ပင်အက်နဲ့စိုက်ထားရင် signal မသွားတော့ဘူးတဲ့။
   ၁၉၆၀ က world bank က မှတ်ချက်ထုတ်တယ်။ Asia မှာမြန်မာနိုင်ငံက သရံဇာတာကြွယ်ဝပြီး၊လူတွေကလည်း IQ မြင့်လို့ အတိုးတက်ဆုံးဖြစ်မယ်တဲ့။ မှန် လား ? မ မှန်ဘူးလား ?  
ဂျပန်ရောက်မှ သူတော်စင်ဖြစ်သွားခြင်း။
Kamakura ဘုရားဆိုတာ မြန်မာပညာသင်တွေအကြားအလွန်နံမည်ကြီးတဲ့ဘုရားပါ။ ဂျပန်ကိုရက်ပိုင်းလောက်ရောက်တဲ့သူတွေတောင်ဖြစ်တဲ့နည်းနဲ့သွားဖူးကြပါတယ်။ တံခိုးကြီးလို့မဟုတ်ပါဘူး။ အဲ့ဒီဘုရားမှာဆုတောင်းရင် ဂျပန်ကိုနောက်ထပ်ပြန်လာရလို့တဲ့။ ဘုရားက တိုကျိုကနေ တစ်နာရီလောက်သွားရပါတယ်။bronze ကြီးသွန်ဘုရားဖြစ်ပြီး ၁၂၅၂ ကသွန်းလုပ်ခဲ့ပါတယ်။အမြင့်၁၁.၄ မီတာမြင့်ပြီးအတွင်းကလှိုင်ခေါင်းဖြစ်ပါတယ်။ ဆင်းတု အနောက်ဖက်မှာအပေါက်ရှိပြီးလူဝင်လို့ရပါတယ်။ ဘုရားကိုယ်ထဲဝင်ရသလိုမို့ဝင်မကြည့်ခဲ့ပါဘူး။ ယခင်က အမိုးအကာနဲ့ဖြစ်ပေမဲ့ တိုင်ဖုန်ဒါဏ်အကြိမ်ကြိမ်ခံရတာကြောင့် ၁၄၉၅ ကစပြီးပင်လယ်ကမ်းစပ်မှာထီးထီးကြီးရှိနေပါတယ်။
ဘုရားကအလွန်သပ္ပါယ်ပါတယ်။ ပထမဦးဆုံးအကြိမ် မိတ်တွေတစ်ယောက်လိုက်ပို့တော့ ဘုရားရင်ပြင်မှာ ပုဆစ်ထုပ်ပြီးအားရပါးရ မျက်စိမှတ်ပြီးဘုရားရှစ်ခိုး တရားမှတ်နေလိုက်တာ တစ်နာရီခန့်ကြာသွားပါတယ်။ မျက်စိပြန်ဖွင့်လိုက်တော့ ကျမရှေ့မှာအကြွေစေ့တွေချထားတာတွေ့လိုက်ရပါတယ်။ ဂျပန်တွေက ဗုဒဘာသာမဟုတ်တော့ပါဘူး။ Kamakura ကိုအလည်လာကြည့်စရာ အဆောက်အဦးတစ်ခုလိုပဲသဘောထားပါတယ်။ ကျမရဲ့မိတ်ဆွေ ဂျပန်တစ်ယောက်က ငါတို့မှာဘာသာသုံးမျိုးရှိတယ်တဲ့။ မွေးကာစမှာ (ရှင်တို) အဲ့ဒီကိုသွားပြီး ခလေးနောင်ရေးအတွက်ဆုတောင်းကြတယ်။ မင်္ဂလာဆောင်ကျတော့ ခရစ်ယံဖြစ်သွားပြီး ချပ်မှာမင်္ဂလာဆောင်တယ်။ သေရင်တော့ ဗုဒဘာသာဖြစ်သွားတယ်။ ဗုဒဘာသာဖုန်းကြီးကိုဆုထားတဲ့ပိုက်ဆံတွေပေးခဲ့တယ်။သူက ငါတို့ကောင်းရာရောက်အောင်ဆုတောင်းပေးတယ်တဲ့။
တခါလည်း အလုပ်လုပ်ဖေါ်ဂျပန်သူငယ်ချင်းက သူ့အိမ်မှာ ဗုဒဘာသာပွဲလုပ်မှာမို့လာခဲ့ဖို့ဖိတ်တယ်။ ဘယ်လိုလဲဆိုတာသိချင်တာနဲ့သွားခဲ့တယ်။ ဟိုရောက်တော့ စားပွဲပေါ်မှာစားစရာတွေတင်ထားတယ်။ လူ ၁၀ ယောက်လောက်ရှိတယ်။ လူစုံပြီဆိုတော့ ကြမ်းမှာ ၀ိုင်းဖွဲ့ထိုင်ရတယ်။ ပြီးတော့ ကျမမှအပ အားလုံး အားရပါးရငိုကြတယ်။ stress တွေရှင်းပြစ်တာတဲ့။ ငိုလို့အားရတော့ အစားမျိုးစုံစားကြတယ်။
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ တရွာတစ်ပုဒ်ဆန်းတဲ့ ဗုဒဘာသာလား ?
PS
ဂျပန်သွားမယ်ဆိုတော့ ၇န်ကုန်ကမိတ်ဆွေတစ်ဦးက ဂျပန်ဗုဒဘာသာဖုန်းကြီးတစ်ပါးကိုလက်ဆောင်တစ်ခုပါးလိုက်တယ်။ ပေးလိုက်တဲ့ဖုန်းအတိုင်းဆက်လိုက်တော့ အဲ့ဒီဖုန်းကြီးသက်တော် ၆၀ ရွယ်လောက်က JICA center မှာလာယူပြီးသူ့ကျောင်းကိုလဲလိုက်လည်ဖို့ဖိတ်တာနဲ့center ကမြန်မာတစ်ချို့နဲ့လိုက်သွားကြတယ်။ သူ့ကျောင်းက
မြို့ပြင်မှာမို့ လမ်းမှာတင် ၁၁ နာရီထိုးသွားလို့ ဆွမ်းလွတ်သွားမှာဆိုးလို့ ကိုယ်တတ်တဲ့ ဂျပန်စကားနဲ့ သူ့ကိုဆွမ်းစားဖို့ပြောတာ သူကကျောင်းကျမှစားမယ်လို့ပြောတယ်။ ဂျပန်ကဗုဒဘာသာဖုန်းကြီးတွေက ညစာစားတာ မိန်းမနဲ့ခလေးရှိတာ သိမှ မသိဘဲ။