:include data='blog' name='google-analytics'/>

Thursday, February 11, 2016

ပျော့စိစိ phobia

phobia ဆိုတာ သာမန်ပစ္စည်းနဲ့အခြေအနေတွေကို သာမန်ထက်လွန်ကဲပြီးကြောက်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာ သူငယ်ချင်းတို့အားလုံးရော် knowledgeable non-medical တွေပါ သိတဲ့ အကြောင်းပါ။
ဒါပေမဲ့ ရာကျော်တဲ့ phobia list ထဲမှာ ကျမလို ပျော့စိစိ သတ္တ၀ါတွေနဲ့အစားအစား တွေကိုကြောက်တာ မဖေါ်ပြထားပါဘူး။ ကျမလိုလူမျိုးမရှိတာလား ? ဘာဘဲဖြစ်ဖြစ် ကျမရဲ့ phobia ကိုသူငယ်ချင်း တွေ သိအောင်ပြောပြရမယ်ဆိုရင်- ပျော့စိစိ သတ္တ၀ါဖြစ်တဲ့ တီကောင်တို့၊သံကောင်တို့၊မွေးကာစကြွက် ပေါက်စတို့ကိုအလွန်ကြောက်ပါတယ်။ ဘယ်လောက်လဲဆိုရင်သူတို့နဲ့တူတယ်လို့ကျမထင်တဲ့ 
ဝက်အူချောင်း၊နန်းကြီးသုပ် (ကြိုက်တဲ့သူများ sorry ပါနော်။ ) တွေကိုပါမစားရဲပါဘူး။
နောက်ပြီး ခရမ်းသီးကိုမီးဖုတ်သုပ်တာ၊ခရမ်းသီး၊ဘူးသီးကိုဆီမပြန်ဘဲချက်ထားတာ၊တွေကိုလဲမစားရဲ
ပါဘူး။ ကျမငယ်ငယ်က ဘူးသီးကျော်စားရင်အထဲကဘူးသီးကိုထုတ်ပြစ်လေ့ရှိပါတယ်။
house surgeon အဖြစ် တောင်ကြီးစပ်စံထွန်းဆေးရုံမှာတာဝန်ကျစဉ် nurses home မှာ တစ်လ 60 ကျပ်နဲ့ထမင်းလခပေးစား (house surgeon လခ 200 ကျပ်ရတဲ့အချိန်ပါ) ခဲ့ရတာ၊ဖောင်ကြီးသင်တန်း 2 ကြိမ်တက်ခဲ့ရတာ၊ နောက်ပိုင်း နိုင်ငံခြားမှာ တစ်ယောက်တည်းနေပါများလာတော့ အစား အသောက် ကျီးများ တာတော်တော်လေး သက်သာ လာပါတယ်။ အခုဆို ဘူးသီးကျော်စားလို့ရပြီ၊၀က်အူချောင်း ကိုပါးပါးလှီပြီးကျော်စားလို့ရပါပြီ။ (သူငယ်ချင်းတွေမကြွေးမှာစိုးလို့။) မေမေကပြောတယ် ကျမငယ်ငယ် မူကြိုကျောင်းသူဘ၀က ကြက်ဥပြုပ်၊အားလူးကျော်နဲ့ကော်ဖီထုပ်ကျော်ဘဲစားတယ်တဲ့။


ကျမရဲ့ phobia ကြောင့်ကျမ ဆေးကျောင်းမတတ်ချင်ခဲ့တာပါ။ ကျမရဲ့ phobia ထဲမှာ သံကောင်ကို ကြောက်တာအဆိုးဆုံးပါဘဲ။ ကျမတို့ငယ်ငယ်က 6လတစ်ခါ မေမေက ခလေးအားလုံးကို သံချဆေး တိုက်ပါတယ်။
တစ်နေ့တော့ ကျမ အိမ်သာထဲကနေအသံကုန်အော်တာ ကြားလို့ မေမေအပြေးအလွှာ အိမ်သာရှေ့
ရောက်လာပါတယ်။ ကျမ သံကောင်ကျတာတွေ့လို့ ကြောက်လံတကြားအော်ခဲ့တာပါ။ အဲ့ဒီကထဲက မေမေလဲကျမကိုသံချဆေးမတိုက်တော့ပါဘူး။


ဆေးကျောင်းပထမနှစ် zoology practical မှာ ကျောင်းသား 2 ယောက်ကို microscope တစ်လုံးဆီနဲ့
အကောင်ပလောင်တွေကိုလက်တွေ့ခွဲစိပ်ရပါတယ်။ တစ်နေ့မှာ လင်ပန်းမဲမဲလေးပေါ်မှာ သံကောင်အသေ
တစ်ကောင်ကိုချထားပေးပြီး ပင်အပ်နဲ့ခွဲရမယ်တဲ့။ သံကောင်းတွေကပေါများလို့ထင်တယ်။ ကျောင်းသား တစ်ယောက်ကိုတစ်ကောင်နုန်းဆီပေးတယ်။ ကျမကတော့ ခွဲဖို့နေနေသာသာ ကြာကြာတောင် မကြည့် ရဲပါဘူး။ ဆရာဆူချင်လဲဆူ ၊အမှတ်လျော့ချင်လဲလျော့ မထိရေးချ မထိ။
ဆေးကျောင်းမှာ practical လုပ်ဖို့ 2 ယောက်ဆီ Roll No အလိုက် partner လုပ်ရတော့ ကျမ Partner က Roll No 64 ကိုအောင်နိုင်ပါ။ ကျမ ကြောက်နေတာကို သနားလို့လား၊ ကြာနေလို့စိတ်မရှည်တာလား
(သူ့ကိုမေးမကြည့်ခဲ့မိဘူး) သူဘဲ 2 ကောင်လုံးခွဲပေးခဲ့ပါတယ်။ ကျေးဇူး ပါ ကိုအောင်နိုင်။


(သူငယ်ချင်းတွေမြှောက်ပေးတာနဲ့ဆက်ရေးဖြစ်သွားတယ်။ ကျမက အမြှောက်ဆို ဘယ်လိုပုံစံဖြစ်ဖြစ် ၊ဘယ်လောက်သေးသေး ကြီးကြီး ကြိုက်တယ်လေ။)

Monday, February 8, 2016

ဆရာစာသင်ကောင်း၍ ကျမေ viva ၀င်ခဲ့ရသည်။

ကျမတို့ဆေးကျောင်းက final exam မှာ ပထမ ရေးဖြေ အရင်ဖြေရတယ်။ အဲ့ဒီမှာ လွတ်လွတ် ကျွတ်ကျွတ်အောင်ရင် viva ၀င်စရာမလို။ moderation နဲ့အောင်သူများနဲ့ distinction  ရနိုင် သူများသာ  viva ၀င်ရသည်။ ဒါပေမဲ့ list မှာတော့ခွဲခြားပြီးမရေးထားပါ။


viva exam list ကရေးဖြေပြီး မကြာခင်သိရတာမို့ viva မပါရင် အောင်စာရင်ထွက်သည့်အတိုင်း
လွတ်လွတ်လပ်လပ်ပျော်နိုင်ပြီး။ ဖတ်ထားမှတ်ထားတာတွေလဲ ခေါင်းထဲကထုတ်ပစ်လို့ရပြီ။
နှစ်တိုင်း viva မ၀င်ရပေမဲ့ စာအသင်အပြအလွန်ကောင်းတဲ့ဆရာမင်းတင်မွန်ရဲ့ organic chemistry ဘာသာအတွက် viva exam list ထဲကျမ နံမည်ပါနေသည်။ ဖြစ်ချင်တော့အဲ့ဒီနှစ်မှာ ကျမတို့
MC 1 ကနောက်ဆုံးမှ viva စစ်ရမှာမို့ ရေးဖြေ စာမေးပွဲပြီး တစ်ပတ်လောက်မှဖြေရတယ်။ အဲ့ဒီအတွင်း ကျမ လွတ်လွတ်လပ်လပ်ပျော်လို့မရဘူးလေ တော်ကြာ distinction မရဘဲ ကျနေမှ ဒုက္ခ။ (viva exam မှာ MC 1, MC 2 , Mandalay ကဆရာတွေပါလာစစ်ရတယ် ကျောင်းသုံးကျောင်း တစ်လှည့် ဆီသွားကြတာ။)


organic chemistry ဆိုတာ လူအပါအ၀င်သတ္တ၀ါတွေ၊ သစ်ပင်တွေကိုတည်ဆောက်ထားတဲ့ building bocks တွေအကြောင်းပေါ့။ ဆေးကျောင်းမှာစပြီး organic chemistry သင်ရတယ်။ အထက်တန်း ကျောင်းမှာတုံးက inorganic chemistry ။ ဘာသာရပ်အသစ်အစမ်းပေမဲ ဆရာ ကစာသင်ကောင်းလွန်း
လို့ ထမင်းစားပြီး ချိန်တက်ရတဲ့ ဆ၇ာ့ lecture မှာ ဘယ်သူမှ အိပ်မငိုက်ပဲ တစ်ဝါးဝါးနဲ့ရီနေကြရတယ်။
organic chemistry မှာအလယ်က + charge ရှိတဲ့ proton ကို -charge ရှိတဲ့  electron တွေ ပတ် နေတာ၊ + နဲ့ - charges တွေဘယ်လို forces တွေနဲ့ဆွဲနေတာတွေကို ၊အမျိုးသား၊အမျိုးသမီး ဆွဲ ဆောင်မှုတွေနဲ့တင်စားပြီးသင်ပြတတ်တယ်။ တခါတရံ ဆရာ နိုင်ငံခြားပညာတော်သင်သွားတုံးက စားသောက်ဆိုင်မှာ အချိန်ပိုင်းဝင်လုပ်တဲ့အကြောင်းတွေပါစိတ်ဝင်စားဖွယ်သင်ပြတော့ ဒီဘာသာရပ်က ပျော်စရာကောင်း သွားတာပေါ့။


Theory မှာအမှတ်ကောင်းရင် distinction ရနိုင်မလားဆိုပြီး ကျောင်းသားကို viva ခေါ်တွေ့တာ။ ကျမ
က Theory မှာအမှတ်ကောင်းနေတယ်တဲ့ ကောင်းမှာပေါ့ ကျမက သိသမျှအကုန်လျောက်ရေးတာ။ ဒီအကျင့်က ဆယ်တန်းစာမေးပွဲဖြေကထဲက ရခဲ့တဲ့ စိတ်ရောဂါ ပါ။ ရှင်းအောင်ရေးရမယ်ဆိုရင် ကျမတို့ကို အဖေက စာမေးပွဲကျရင် အရိုက်ခံရမယ်။ ပထမ ရရင်တော့ လိုချင်တာဝယ်ပေးမယ်လို့ ပြောထားတယ်။ ကျမက ပထမထက် ကစားတာကိုပိုမက်တယ်။ ဒီတော့ အောင်ရုံပဲကြိုးစားတယ်။ ဒါပေမဲ့ 5 တန်းမှာ အတန်းခွဲ 10 ခုလုံးမှာ ပထမရတယ်။ အံသြစရာနော်။ ကျမ ကျောင်းမှာအောင်စာရင်းသွားယူတော့ ဆရာတစ်ယောက်နဲ့ကျောင်းအ၀င်မှာတွေ့တာနဲ့ ဆရာ ကျမအောင်လားလို့ မေးတာ ဆရာက နင်မအောင်ရင် ဘယ်သူအောင်မှာလဲလို့ပြန်ပြောတာ အမှတ်ရမိတယ်။ အဲ့ဒီတုံးက ဆရာက ငါ့ကိုဘာလို့ဘုတော်တာလဲလို့အောက်မေ့တာ နောက်မှ အဖြေသိရတယ်။ အထက်တန်းကျောင်းသားဘ၀မှာ ဒီတစ်ခါပဲ ပထမ ရဘူးတာ။ ဒါလဲ ကျမ တော်လို့ မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်ကြောင့်။ အဲ့ဒီသူငယ်ချင်းဆိုသူက ကျမ အတန်းထဲမှာ စာဖတ်နေရင်ေ၇ာင်တောင်ပေါင်တောင်နဲ့ ကျမခုံမှာ လာထိုင်ပြီးစကားပြောတယ်။ ပြီးတော့ ကျမ ဖတ်နေတဲ့ စာအုပ်ကိုပိတ်ပိတ်သွားလေ့ရှိတယ်။ ကြာတော့ ကျမ သူ့အကြံကိုရိပ်မိသွားပြီး၊ ငါ့ကိုစာမရစေချင်တဲ့သူ ရအောင်ဖတ်ပြမယ်ဆိုပြီးသူ့ကိုအရွဲ့တိုက်ပြီး
အိမ်ေ၇ာက်တာနဲ့ တစ်ရပ်ကွက်လုံးကြားအောင်စာအော်ဖတ်ခဲ့တာလေ။ ကျမ ရဲ့ မြောက်များစွာသော မကောင်းတဲ့ အကျင့်တွေထဲမှာ အရွက်တိုက်တာကထိပ်ဆုံးကပဲ။ အခု အသက်လေးလဲ ရလား သေခါလဲနီးလာပြီးဆိုတော့ အကျင့်ပုပ်တွေကို တတ်နိုင်သမျှလျော့နေပါတယ်။ အဲ 10 တန်း စာမေး ပွဲသွားဖြေမယ်ဆိုတော့ ကျမကြောက်တဲ့ အင်္ဂလိပ်စာဖြေရမဲ့နေ့မှာ မေမေက အချိန်သိရအောင် ဆိုပြီး မောင်လေးပတ်တဲ့နာရီကိုယူပေးလိုက်တယ်။ နာရီဒိုင်ခွက်က Roman အက္ခရာတွေ။ ကျမလဲ နာရီ တိုက်ပြီး စာမေးပွဲသွားဖြေတယ်။ စာဖြေလို့သိပ်မကြာခင်မှာနာရီကြည့်လိုက်တော့ ဟိုက် တစ်နာရီပဲ အချိန် ကျန်တော့တယ်။ဘာမှလဲ မယ်မယ်ရရမဖြေရသေးဘူး။ ဒါနဲ့တက်သုပ်ရိုက်ပြီးဖြေလိုက်တာ။
ဖြေပြီးတော့ အတန်းထဲကိုကြည့်လိုက်တော့ အားလုံးကုန်းနေအောင်ဖြေနေကြတုံးဘဲ။ ကျမ နာရီတိုက်တာ တစ်နာရီမြန်သွားလို့လေ။ ကျမလဲ ဖြေပြီးသားတွေကို ပြန်စစ်ကြည့်တော့ ကျန်နေတာတွေအများကြီးပဲ။ အဲ့ဒါတွေထပ်ဖြည့်ဖို့ကလဲ နေရာမရှိတော့ မြှားတွေ page နံပတ်တွေ တပ်ပြီးထပ်ထဲ့ရတယ်။ အဖြေလွှာကရှုပ်ရှက်ကိုခပ်နေတာပဲ။ စာစစ်သူတော့ ၀င်္ကာထဲရောက်နေသလိုဖြစ်မှာပဲ။


စာမေးပွဲဖြေပြီးပြန်လာတော့ ကျတော့မှာပဲဆိုပြီး တော်တော် စိတ်မကောင်းဖြစ်မိတယ်။ နဂိုကမှ ချာရတဲ့အထဲ။ အဲ့ဒီထဲက ကျမ စာဖြေရင် စာတွေထပ်ဖြည့်လို့ရအောင် ဘေးဘောင်ကိုလည်း ကျယ်ကျယ်ထားတယ်။ စာတစ်ကြောင်းနဲ့တစ်ကြောင်းကြားလဲ ကြဲကြဲေ၇းတယ်။ ဖြေပြီးသား စာပိုဒ်အောက်မှာလဲ နေရာလွတ်ချန် ထားတယ်။ ဒါကြောင့် စာရွက်ထပ်ယူလို့ရတယ်ဆိုတာနဲ့ ကျမ စာရွက်ထပ်ယူရတယ်။ တစ်ချို့သူတွေကပြောတယ် နင့်နားမှာ မဖြေချင်ဘူး။ ငါတို့ကစဉ်းစားလို့မရသေဘူးး နင်က စာရွက်ထပ်ယူနေပြီး၊ စိတ်ဓါတ်ကျတယ်တဲ့။ ကျမ စိတ်ရောဂါ အကြောင်းမှ သူတို့မသိတာ။ ပြောပါစေတော့။


အဲ သူငယ်ချင်းတို့ viva မှာဘာမေးတယ်။ အောင်မအောင်၊ ဂုဏ်ထူးရမရ မသိချင်ဘူးလား။ အဖြေကတော့
grade 5 excellent နဲ့အောင်တယ်။ ဂုဏ်ထူးတော့ မရဘူး။ grade 5 excellent ဆိုတာ ဂုဏ်ထူးအတွက်
viva ၀င်ရသူတွေကိုပေးရတာမို့ရတယ်ထင်ပါတယ်။ နို့မို့  ဒို့ viva မှာဖြေတာကြားပြီး ချချင်စိတ် တောင်ဖြစ်မှာ။ viva မှာ ph 7.4 (organic materials အထူးသဖြင့်လူ့ကိုယ်ထဲက ph လေ) က alkaline
လား acidic လားလို့မေးတာ ဒို့က acidic လို့ဖြေလို့ ဆက်မမေးတော့ဘူး။ ကဲ သူငယ်ချင်းတို့ရော်ဒီကျောင်းသူကိုစာမေးပွဲချရုံမက ခတ်ဆပ်ဆပ်လေးပါမရိုက်ချင် ဘူးလား ?

Thursday, February 4, 2016

နာရေးတွေမှာတွေ့ရတဲ့လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။

Moe Win added 2 new photos — with Moe Win.
4 hrs
မေးဖြေပြီးသမျှ.....
~~~~~~~~~~
အရှင်ဘုရား..တပည့်တော်ဦးစွာရှစ်ခိုးဦးခိုက်လိုက်ပါတယ်။
တပည့်တော်သိချင်တာလေး တစ်ခုလောက်မေးလျှောက်ချင်လို့ပါဘုရား။ လူတစ်ယောက်သေပြီးရင်နောက်ဘ၀တစ်ခုကို ချက်ချင်းကူးပြောင်းတယ် လို့ သိရပါတယ်။ ၀ိညာဉ်ဆိုတာမရှိဘူးလို့ဆိုတယ်။တပည့်တော်နားမ လည်တာက နာရေးတွေမှာတွေ့ရတဲ့လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။ အသုဘချတဲ့နေ့မှာသေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့အလေ့တစ်ခု ကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက စကားမပြောရဘူးနာက်လှည့် မကြည့်ရဘူးလို့ပြောပါတယ်။ ဘာကြောင့်အဲ့လိုလုပ်ရတာလည်းဆိုတာ ရယ်၊ လိပ်ပြာတစ်ကယ်ခေါ်လို့ရသလားဆိုတာတပည့်တော်သိချင်ပါ တယ်ဘုရား။ ဒီဘက်ဘ၀သေတာနဲ့နောက်ဘ၀တစ်ခုကိုချက်ချင်းပြောင်း တယ်ဆိုတော့သေသူရဲ့ဝိညာဉ်ကိုဘယ်လိုခေါ်လို့ရလည်းဆိုတာကို တပည့်တော်ရှင်းရှင်းလင်းလင်းသိချင်ပါတယ် ဘုရား။ တပည့်တော်က ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။ ခုလိုမေးတာ တရားတော်တွေကိုမယုံလို့မဟုတ်ပါဘူး။ တပည့်မသိသေး တာသိချင်တာ၊ အမြင်မှားနေတာကိုအမှန်ရချင်တာပါဘုရား။ အရှင်ဘုရားအချိန်ရတဲ့အခါတပည့်တော်မေးခွန်းလေးကိုဖြေပေးပါဘုရား။
အရှင်ဘုရားကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုးကိုထမ်းဆောင်နိုင်ပါစေ ဘုရား။
ဖြေ။ မင်္ဂလာပါ....
မေးသင့်တဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ သေတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ အလိုအရတော့ ရုပ်ဇီဝိတလို့ခေါ်တဲ့ ရုပ်သက်နဲ့ နာမ်ဇီဝိတလို့ ခေါ်တဲ့ နာမ်သက်ချုပ်သွားတာကို သေတာလို့ ပြောတာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးတစ်ယောက် သေသွားတယ်ဆိုတာ အဲဒီလို နာမ်ရုပ်ချုပ်သွားတာကို ဆိုတာဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ ထင်နေသလို ရုပ်သာသေပြီး ဝိညာဉ်က မသေဘဲ တခြားဘဝ ကူးပြောင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အယူအဆမှာ ဝိညာဉ်ဆိုတာလည်း မရှိပါဘူး။ သတ္တဝါ တစ်ဦးတစ်ယောက် အဲဒီနာမ်သက်၊ ရုပ်သက်ချုပ်သွားတာနဲ့ တစ်ပြိုက်တည်း ဘဝတစ်ခုကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ ဝိညာဉ်လိပ်ပြာ မရှိရင်ဘာက ကူးသွားတာလဲလို့ မေးစရာရှိပါတယ်။ ကံစွမ်းတွေက ဘဝသစ်ကို ပုံဖော်ပြီး ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မသေခင် ပြုလုပ်ထားတဲ့ ကံသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အစွမ်းတွေနဲ့ ကောင်းကံတွေ လုပ်တဲ့သူတွေဟာ ကောင်းတဲ့သုဂတိ ဘုံတွေမှာ ပြန်ဖြစ်တာဖြစ်ပြီး မကောင်းကံတွေ လုပ်တဲ့သူတွေဟာ မကောင်းတဲ့ ဒုဂ္ဂတိဘုံတွေမှာ ချက်ချင်းဖြစ်ကြရတာ ဖြစ်ပါတယ်။ ဒီလို ကံစွမ်းတွေနဲ့ ဘဝအသစ်ကို ဖြစ်တဲ့သူတွေအနေနဲ့ ဘဝတစ်ခု ချုပ်သွားတာနဲ့ နောက်ထပ်ဘဝတစ်ခုမှာ ချက်ချင်းသွားဖြစ်တာ ဖြစ်ပါတယ်။ ကြားမှာ ဟိုမှာနေတာ၊ ဒီမှာနေတာ၊ ဘယ်နှစ်ရက်နေမှ ထွက်သွားတာ၊ ဘယ်နှစ်ရက်နေမှ ကျွတ်သွားတာ စတာတွေ မရှိပါဘူး။
တစ်ခါတလေ တစ်ချို့သတ္တဝါတွေဟာ သေပြီးနောက်မှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဝန်းကျင်နားမှာ တစ်ခုခု ပုံရိပ်ပြတာတို့၊ အသံပြုတာတို့ စသဖြင့် လုပ်ပြတတ်တာတွေ ရှိပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေပြီးမှာ ပျောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီသဘောတွေဟာလည်း ဘဝကူးရေးအတွက် ကြားခံအနေနဲ့ ဝိညာဉ်လိပ်ပြာ ပုံစံမျိုးမဟုတ်ပါဘူး။ ဒါဟာ သေပြီးပြီးချင်း ဘဝအသစ်တစ်ခုမှာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ သေခါနီးမှာ အစွဲတစ်ခုခုကြောင့် သေသွားတဲ့ သတ္တဝါတွေဟာ ပေတဆိုတဲ့ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ နာနာဘာဝလို ဘဝမျိုးမှာ သွားဖြစ်တာပဲ ဖြစ်ပါတယ်။ လိပ်ပြာကောင်လေး၊ ဝိညာဉ်ကောင်လေး အနေနဲ့ လှည့်လည်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နောက်တော့ အဲဒီ ပြိတ္တာဘဝကနေ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်အဖို့ကို အမျှရပြီး နောက်ထပ်ဘဝ အသစ်ကို ရောက်သွားတဲ့အခါမှာ ဒီလိုတစ္ဆေသရဲ ပြိတ္တာဘဝက လွတ်သွားခြင်း သဘောမျိုးဖြစ်ပါတယ်။ ဒီလို တစ်ဘဝကနေ တစ်ဘဝကို ကူးပြောင်းသွားတာဟာ ကံစွမ်းတွေပဲ ဖြစ်ပြီး ဝိညာဉ်က ကူးသွားတာ မဟုတ်ပါဘူး။
ဆိုတော့ကား မေးခွန်းရှင်ပြောသလို နားရေးတွေမှာ လိပ်ပြာခေါ်တာ၊ အိုးခွဲတာ စတာတွေဟာ အရိုးစွဲနေတဲ့ ရှေးရိုးအယူအဆတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လည်း လိပ်ပြာဆိုတာ မရှိသလို၊ မရှိတဲ့ လိပ်ပြာဆိုတာလည်း ခေါ်လို့ရတာ မဟုတ်ပါဘူး။ တကယ်လို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီလို လုပ်ခဲ့လို့ အိမ်မှာ ထူးခြားမှုဖြစ်တာ၊ အသံပြုတာ၊ အနံ့နံတာ၊ ခြောက်တာ စတာတွေ ဖြစ်ခဲ့ရင် ဒါဟာ လိပ်ပြာက သုဿာန်က ပါလာတာမဟုတ်ဘဲ ပေတဆိုတဲ့ ပြိတ္တာဘဝက ရောက်သွားတဲ့ သေသူရဲ့ ပုံရိပ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ သေသူနဲ့ ပတ်သက်ပြီး အဲဒီလို အရိုးစွဲနေတဲ့ ရေးရိုးစွဲအယူအဆတွေ အများကြီး ရှိနေတတ်ပါတယ်။ ဥပမာ သေသွားတဲ့ ရုပ်ကောင်ကို သရဏဂုံတင်တာတို့၊ သေသူကို မီးမသဂြိုဟ်ခင် သူကြိုက်တတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ကျွေးတာတို့၊ သေသူအတွက် ဘာပစ္စည်း၊ ညာပစ္စည်း ထည့်ပေးတာတို့ စသဖြင့် အများကြီးပါပဲ။ ဒါတွေဟာ တကယ်တော့ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ပါဘူး။ တစ်ချို့လည်း ဘာမှမသိတော့ ဒီလို လုပ်ပေးရတယ်ထင်ပြီး နောက်မျိုးဆက်တွေက ဆက်လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိလို့တော့ မဟုတ်ပါဘူး။ သေသူအတွက် အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး အလုပ်က အဲဒီ ပုဂ္ဂိုလ်ကို ရည်စူးပြီး ကုသိုလ်ကောင်းမှု လုပ် အမျှပေးဝေခြင်းပဲ ဖြစ်ပါတယ်။ ဒါတောင်မှ သုံးရက်နေမှ သရဏဂုံတင်ပြီး ကုသိုလ်လုပ် အမျှဝေတာတို့ ရက်လည်မှ ကုသိုလ်လုပ် အမျှဝေတာတို့ စတဲ့ အယူအဆတွေရှိသေးပါတယ်။ ဒီအတွက် ရက်သတ်မှတ်ချက် မရှိပါဘူး အချိန်မရွေး သေသူအတွက် ကုသိုလ်လုပ် အမျှပေးဝေနိုင်တာ ဖြစ်ပါတယ်။ ရတာမရတာက သေသူရဲ့ ဘဝအသစ်နဲ့၊ သာဓုခေါ်နိုင်မှု၊ မခေါ်နိုင်မှုနဲ့ပဲ ဆိုင်ပါတယ်။
ဒါကြောင့် သေသူနဲ့ ပတ်သက်ပြီး လွဲနေကြတဲ့ အလွဲတွေထဲမှာ မေးခွန်းရှင်မေးသလို လိပ်ပြာခေါ်တာတို့၊ ဝိညာဉ်ခေါ်တာတို့ စတဲ့ အယူအဆ အလွဲတွေလည်း ရှိတတ်တဲ့အတွက် ဒါတွေဟာ ဘုရားဟောတဲ့ အယူအဆ၊ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ဘဲ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆများပဲ ဖြစ်ပါကြောင်း ဒီလောက်နဲ့ပဲ အမေးကြည့်ပြီး အဖြေညှိပေးလိုက်ရပါတယ်...။ ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
ဓမ္မ ဒါနမျှဝေသူ မိုးဝင်း
ဆရာတော်များနှင့် သူငယ်ချင်းများကို ဂါရဝတရားဦးထိပ်ထား၍ ‪#‎မိုးဝင်း



Tuesday, February 2, 2016

2nd MB Anatomy dissection

2nd MB Anatomy ဘာသာရပ်ဟာ ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ ကြွက်သားတွေ
အရိုး၊သွေးလွှတ်ကြော်၊သွေးပြန်ကြော ၊နပ်ကြော်စတာတွေ ဘယ်လိုနေရာမှာ ဘယ်လိုတည်ဆောက်
ထားတယ်ဆိုတာအသေးစိပ်လေ့လာ မှတ်သားရတဲ့ပညာရပ်ဖြစ်တာမို့ Physiology ဘာသာရပ်လို အကျိုးအကြောင်းနဲ့ဆက်စပ်ပြီးမှတ်ရတာထက်၊အသေမှတ် (by heart) ရတာများပါတယ်။  ကျမရဲ့ မှတ်ဥာဏ်ကလဲ သူများနဲ့မတူ တမူထူးခြားပါတယ်။ ဇတ်လမ်းဇတ်ကွက်စတာတွေကို မှတ်မိ တတ်ပေမဲ့ ၊နံမည် နဲ့နံပါတ်တွေ ကိုမမှတ်မိတတ်ပါဘူး။ အဲ့ဒီတော့ Anatomy နဲ့ကျမနဲ့ကတော့ ပြဒါးတစ်လမ်း၊သံတစ်လမ်းလို့ဆိုရပါမယ်။(ဒါကြောင့် Postgrad တက်ဖို့ဘာသာရပ်ရွေးဖို့ဖြစ်လာတော့ Anatomy ဘာသာရပ် မပါတဲ့ ဘာသာကိုသာရွေးချယ်ခဲ့ပါတယ်။)




Anatomy ဘာသာရပ် အတွက် အထောက်အကူပစ္စည်းအဖြစ် လူရိုးလိုအပ်ပါတယ်။ Anatomy ဌာနက
ဝန်ထမ်းတွေက dissection လုပ်ထားပြီးသား အရိုးတွေကိုဆေးကြော်သန့်စင်ပြီးပြန်ရောင်းတတ်ပါတယ်။
ကျမ အနေနဲ့ စာကျက်ရာမှာအထောက်အကူဖြစ်စေဖို့ဝယ်လဲဝယ်ချင်တယ်။ ရွံ့တတ်ကြောက်တတ်လို့ကိုင်ရမှာလဲ မရဲဘူး။ အယူသီးတဲ့မေမေက အိမ်ကိုသယ်ခွင့်မပြုရင်ဝယ်ပြီးမှ ဘယ်လိုလုပ်ရမလဲ စသည်ဖြင့် အတွေးတွေရှုပ်နေစဉ်မှာ ဖေဖေ့မိတ်ဆွေ ဆရာဝန်မက သူကျောင်းသူ ဘ၀က ၀ယ်ထားတဲ့ အရိုး ရှိ ကြောင်း၊သူအတွက်အသုံးမ၀င်တော့လို့ ကျမကိုလက်ဆောင် ပေးမယ်ဆိုပြီးယူလာပေးပါတယ်။ သူပေးတဲ့ အရိုးက ပေါင်ဒါတွေ၊ရေမွှေးတွေနဲ့သိမ်းထားတာမို့ရွံစရာ၊ကြောက်စရာမကောင်းပဲ၊လူရိုးဆိုတာ တောင် မေ့သွားပြီး၊ မေမေကလဲ ဘာမှ မပြောပါဘူး။။ ကျမလဲအရိုးတွေ ဖတ်ပြီးအိပ်ပျော်သွားပေါင်း များခဲ့ ပါတယ်။ တစ်ညတော့ Gray`s anatomy စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာနဲ့ လက်ထဲက ၂လက်မ လောက် အထူရှိတဲ့ စာအုပ်ကြီးကျတဲ့ အသံကျယ်ကြီးကြောင့် တစ်အိမ်လုံးလန့်နိုးသွားခဲ့ပါတယ်။ မနက်ရောက် တော့ ဖေဖေက စာအုပ်ကို ၁၀ အုပ်ခန့် ပိုင်းဖျတ် လိုက် ပါတော့တယ်။




အရိုးနဲ့ပတ်သက်တဲ့ အကြောင်းတွေပြန်တွေးမိတာက no 8 bus (အဲ့ဒီအချိန်က ဟီနိုးကား အကြီးတွေပါ) က Anatomy သင်တန်းတက်ရတဲ့ လိပ်ခုံးခေါ် ပြည်လမ်းပေါ်မှာပြေးဆွဲပါတယ်။ တစ်ချို့ကျောင်းသား တွေက ကျောင်းလွယ်အိပ်မှာ အရိုးကိုမြင်အောင်ထဲ့ပြီး bus ကားစီးလေ့ရှိပါတယ်။ ဆေးကျောင်းသား ဆိုပြီးကြွားခြင်းတစ်မျိုးပေါ့။ အဲ့ဒီထဲမှာ မောင် X က bus ကားပေါ်မှာအတန်းသားတွေ တွေ့ရင်လှမ်းပြီး အင်္ဂလိပ်လိုပြောတတ်ပါတယ်။ ပြန်မပြောရင်လဲ အင်္ဂလိပ်လို မတတ်ရာကျမယ်။ ပြန်ပြောပြန်ရင်လဲ သူ့လို ငပေါ် ဖြစ်မှာမို့ သူ့ကိုတွေ့ရင် ကားပေါ်မှ အမြန်ဆင်းပြေးလေ့ရှိပါတယ်တဲ့။ သြ ဆေးကျောင်းသား တွေလဲ ပုထုဇဉ်တွေပဲလေ။






Anatomy ဘာသာရပ်မှာအသေမှတ်ရတာတွေများတာကြောင့် Anatomy က ဆရာကြီး Dutt ကတောင်
အေ၇းမကြီးတဲ့အကြောင်းအရာတွေ ဥပမာအားဖြင့် ကိုယ့်မိတ်ဆွေတွေရဲ့ အိမ်လိပ်စာ၊ဖုန်းနံပါတ် စတာ တွေကိုခေါင်းထဲမှာမှတ်မထားနဲ့ မှတ်စုစာအုပ်မှာရေးထား။ လိုရင်ဖွင့်ကြည့်လို့ရတာပဲ။ ခေါင်းထဲမှာတော့
မှတ်စရာများထဲ့ Anatomy ဘာသာရပ်တွေမှတ်ထားလို့သြ၀ါဒပေးဖူးပါတယ်။








Anatomy ဘာသာရပ်မှာ mnemonics ခေါ်တဲ့မှတ်ရလွယ်စေတဲ့ ကဗျာ လို မျိုးတွေ တီထွင်ပြီး မှတ်လေ့ ရှိပါတယ်။ ဥပမာ ကျမတို့ရဲ့ Renowned Rector U Ba Than က လက်ကေါက်ဝတ်မှာရှိတဲ့ အရိုးငယ် လေး ၈ ခုရဲ့နံမည်အစီအစဉ်ကိုမှတ်မိစေရန် She Looks Too Proud Try To Catch Her. လို့စာစီ ကုန်းခဲ့ပါတယ်။ ကျမအခုအချိန်မှာ စာသားသာမှတ်မိပြီး အရိုးတွေရဲ့ နံမည် တော့လုံးဝအစဖေါ်လို့မရတော့ပါဘူး။










Anatomy dissection အတွက် မိမိနှစ်သက်ရာသူငယ်ချင်း ၅ ဦးဆီစုရပါတယ်။ Body တစ်ခုကို အဖွဲ့
နှစ်ဖွဲ့ခွဲစိပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ခန္ဓာကိုယ်ကို အလယ်ကနေဖြတ်လိုက်မယ်ဆိုရင်
ကိုယ်တွင်းအင်္ဂါတွေကလွဲရင် ၂ ဖက်စလုံးတူညီနေပါတယ်။ (Symmetry) ။ မှတ်မှတ်ရရ ကျမတို့ နှစ်ဖွဲ့လုံး မှာမိန်းခလေးကြီး ၁၀ ယောက်ပါ။ ပထမဦးဆုံး upper limb ခေါ်တဲ့ လက် ကိုစခွဲရပါတယ်။ ကျမတို့အဖွဲ့ရဲ့ demonstrator က ဆရာဦးမင်းသန်းထွန်းပါ။ ထူးဆန်းစွာ နံမည်မမှတ်မိတဲ့ ကျမ ဆရာ့နံမည် ကို တော့ အမှတ်ရနေပါတယ်။ ဆရာ့နံမည်က အများနဲ့မတူလို့လား ? ဒါမှ မဟုတ် ဆရာက ကျမတွေ့ဘူး တဲ့ဆရာတွေထဲမှာထူးခြားနေလို့လား ? ဆရာက အလွန်သဘောကောင်းပါတယ်။ Anatomy dissection
စလုပ်ခါစ ဘာမှမသိတဲ့ေ၇ာင်လည်လည် ကျမတို့ကိုဆရာကစိတ်ရှည်ရှည်နဲ့ရှင်းပြပါတယ်။ ဒါပေမဲ့
Bursa ဆိုတဲ့ စကားလုံးကိုဘယ်လိုမှရှင်းလို့မရတာနဲ့ ဆရာ့ခမျာ ပိတ်စလေးနဲ့ Bursa ပုံသဏ္ဍန် ချုပ်
ပြီးရှင်းပြရှာပါတယ်။ ကျမတို့အဖွဲ့ထဲက Sophie ဘယ်ကဘယ်လိုဆရာ့အိမ်လိပ်စာရလားလဲ မသိဘူး
ဆရားအိမ်သွားလည်ဖို့ ပြောတာနဲ့ ကျမတို့သူငယ်ချင်းတွေ (ဘယ်သူတွေ ပါလဲ မမှတ်မိ တော့ပါ) ဆရာ့အိမ်ေ၇ာက်သွားကြပါတယ်။ ဆရာလဲအံသြသင့်ပြီး ပေါ်တော်တော်ကျမတို့ကိုကြိုဆိုရှာ ပါတယ်။










ကျမတို့တွေလုပ်တဲ့ dissection က ကိုယ်ခန္ဓာမှာလို မမြင်မတွေ့ရတာ များ ပါတယ်။ တခါတရံ ရှာဖွေရမယ့် အရေးကြီးတဲ့ သွေးကြောတွေ၊နပ်ကြောတွေတောင် ဖြတ်မိသွား ပြီး ဘယ်ေ၇ာက် နေမှန်း တောင်မသိဖြစ်ကြပါတယ်။ ဒါကြောင့် ၊စာအုပ်မှာပါသလိုမျိုး (ကိုယ်ခန္ဓာမှာလို) မြင်တွေ့ရအောင် dissection လုပ်ထားတဲ့ ဆရာဦးသိန်းအောင်ဆီ အဖွဲ့လိုက်သွားကြည့်ရပါတယ်။ ဆရာ့အခန်းရောက်တာ
နဲ့ ဆရာက လက်ပတ်နာရီကို သူ့နာရီနဲ့ အချိန်တိုက်ခိုင်းပါတယ်။ ပြီး အခုအချိန်ကစပြီး နာရီဝက် တိတိပြောမှာဖြစ်တဲ့အကြောင်း၊ Cunningham`s manual practical anatomy edition 3 ဆိုရင် စာမျက်နှာ ဘယ်လောက်၊ အပေါ်ဆုံး စာကြောင်းကရေရင် စာကြောင်း ဘယ်လောက်၊ အောက်ဆုံး စာကြောင်းကရေရင်စာကြောင်း ဘယ်လောက် မှာ၊ edition 2 ဆိုရင် စာမျက်နှာ ဘယ်လောက်၊ အပေါ်ဆုံးစာကြောင်းကရေရင် စာကြောင်းဘယ်လောက်၊ အောက်ဆုံးစာကြောင်းကရေရင် စာကြောင်း ဘယ်လောက်မှာ၊ရေးထားကြောင်းပြောပါတယ်။ စာအုပ်ထဲမှာတော့ သွေးလွှတ်ကြောတွေကိုဆေးထိုး ထားလို့နီနေကြောင်း သူ့ dissection မှာတော့ဆေးမရှိလို့မထိုးရလို့ မနီကြောင်းပြောပြီး၊သူ့ dissection ထဲက သွေးကြောတွေ၊နပ်ကြောတွေ၊ကြွက်သားတွေကိုတစ်ခုချင်းကိုင်တွယ်ပြပါတယ်။ အားလုံးပြီးတဲ့အခါ နာရီပြန်ကြည့်ခိုင်း ပါတယ်။ ဆရာပြောတဲ့အတိုင်း မိစ် ၃၀ တိတိပါ။ ဒီထက်အံသြဖို့ကောင်းတာက နောက်အဖွဲ့တွေနဲ့နောက်ထပ်သွားနားထောင်လဲ (၏ သည် ) မလွဲပဲ အဖွဲ့တိုင်းကို တထပ်တည်း ပြောပြတာပါပဲ။ အခုခေတ်ပေါ်တဲ့ stereocasette ကိုထပ်ခါတလဲလဲဖွင့်နားထောင်ရသလိုပါပဲ။ 










Head and neck dissection မှာ ဦးခေါင်းခွန်ကိုအလယ်ကနေ လွှနဲ့ဖြတ်ရပါတယ်။ လွှနဲ့ဖြတ်နေရင်း
လွှသံက ဦးခေါင်းခွံကိုဖြတ်တဲ့အသံကနေ ကျီကျီနဲ့အသံပြောင်းသွားပါတယ်။ ဘာကိုဖြတ်မိ နေသလဲ မသိဘူး။ ဒီနေရာမှာလဲ soft tissues တွေပဲရှိပါတယ်လို့။ လားလား လက်စသတ်တော့ အလောင်း မှာ ထဲ့ပေးလိုက်တဲ့ မတ်စေ့ကိုဖြတ်မိနေတာကိုး။ ကျမတို့ dissection ခန်းမှာ အဖွဲ့ ၅ ဖွဲ့ရှိပါတယ်။ကျမတို့
အဖွဲ့တစ်ခုထဲမှာ  ကတိုးခ ပါလာတာပါ။ သူများတွေနဲ့ထူးဆန်းနေတာကြောင့် ကျန်တဲ့အဖွဲ့တွေက ကျမတို့ မတ်စေ့ကိုလာလာကြည့်ကြပါတယ်။ အဆောင်မှာနေတဲ့ သူငယ်ချင်း ၂ ယောက် က မတ်စေ့လေး ကိုပဲကြီးလှော်သွားဝယ်စားမယ်ဆိုပြီးယူသွားပါတယ်။ (အဲ့ဒီတုံးက ပဲကြီးလှော် တစ်မတ်ဖိုး ဆို အများကြီး ရပါတယ် ပုံပြင်မဟုတ်ပါ)။ သူတို့က precaution ယူတဲ့အနေနဲ့ မတ်စေ့လေးကို ကျောင်းက စာအုပ် ဆိုင်မှာအရင် ပိုက်ဆံချင်းလဲပြီးမှ ပဲလှော်သွားဝယ်ကြတာ။ ပဲလှော်ဝယ်ပြီး dissection ခန်းကို ယူလာ စားကြတယ်။ ကျမသိသလောက်တော့ သူတို့၂ယောက်  ပဲစားကြပြီးကျန်တဲ့သူတွေ မစားဖြစ်ကြဘူး။ နောက်နေ့ရောက်တော့ ညကအဆောင်မှာ သူတို့နှစ်ယောက်လုံးကို ခြေထောက် လာ ဆွဲပြီးသူ့မတ်စေ့ပြန်ပေးဖို့အိပ်မက်မက်တယ်တဲ့။ စိတ်ဆွဲလို့လား။ တကယ်ဘဲလားဆိုတာတော့ မပြော တတ်ပါ။






Anatomy dissection မှာမှတ်မိနေသေးတဲ့ ဆရာတစ်ယောက်ကတော့ ဆရာဦးကျော်ဝင်းပါ။ Anatomy ဘာသာရပ်မှာ ဖတ်ရတာတွေ၊ မှတ်ရတာတွေများလှတာကြောင့်ရော်၊ကိုယ်တိုင်ဖတ်ရတာထက်၊ တတ်တဲ့ သူကပြန်ရှင်းပြတာက ပိုမှတ်မိတာမို့ ကျောင်းသားတွေဟာ စာသင်ပြတတ်တဲ့ demonstrators တွေရဲ့ lecture တွေကိုလိုက်တက်လေ့ရှိပါတယ်။ တစ်ချို့demonstrators တွေက postgrad တက်ဖို့စာကျက် နေကြ တာကြောင့် သူတို့ကျက်ထားတာကိုပြန်နွှေးတဲ့အနေနဲ့စာပြန် သင်ကြပါတယ်။ တစ်ချို့ကျောင်းသားတွေဆို Anatomy dissection တောင်မလုပ်တော့ပဲ demonstrators တွေရဲ့ lecture တွေကို
သာတတ်ကြတာကြောင့် demonstrators တွေ lecture မပေးရဘူးဆိုတဲ့ အမိန့်ထွက်လာပါတယ်။ ဒါပေမဲ့
ဆရာဦးကျော်ဝင်းကတော့ သူ့ကျောင်းသားတွေကို ဆက်လက် သင်တုံးပါပဲ။ အဲ့ဒါကို မကျေနပ်တဲ့ ကျန်
အဖွဲ့က ကျောင်းသားတွေက ဆရာကြီး Dutt ကိုသွားတိုင်ကြတော့ ဆရာကြီးက ငါလဲသူ့ကိုပြောလို့
မရဘူး။ သူ့မှာက teaching centre ပါလာတာတဲ့။






နောက်မှတ်မိတာကတော့ Reference text book Gray`s anatomy မှာ လူအများစုမှာတွေ့ရတဲ့
အနေအထားတွေကိုစာလုံးကြီးတွေနဲ့အပေါ် text မှာရေးသားထားပြီး၊ လူနည်းစုမှာ ထူးထူးဆန်းဆန်းတွေ့ရတတ်တာတွေကိုအောက်ခြေမှာ စာလုံးအသေးလေးနဲ့ေ၇းပါတယ်။ ဥပမာ လူအများစုမှာ နှလုံးတွေ၊အူအတက်တွေက ညာဘက်မှာရှိပေမဲ့။ အလွန်ရှားပါးသောသူတွေမှာ ဘယ်ဘက်ခြမ်းမှာရှိတတ်ပါတယ်။ ဒီလို ရှိတတ်တာကိုသိနေတဲ့ ဆရာဝန်းတစ်ဦးဟာ ဘယ်ဘက်မှာရှိတဲ့အူအတက်ပေါက်ရောဂါသည်ကို ဘယ်ဘက်မှာရှိနေတဲ့သူရဲ့နှလုံးခုန်သံကိုနားထောင်ခြင်းဖြင့်သိပြီး အသက်ကယ်နိုင်ခဲ့ တယ်ဆိုတာ မှတ်သားဖူးပါတယ်။   ကျမနဲ့ ဘဟန်ကတော့ အဲ့ဒါတွေကို လိုက်ဖတ်ပြီးအေးအေးမနေပဲ ၊သူငယ်ချင်းတွေကို လိုက်မေးပြီး ၊ငြင်းကြ ပါတယ်။ မဖတ်မိတဲ့ သူငယ်ချင်းတွေကို စာအုပ်ပြပြီး အနိုင်ယူကြတာပါ။ စာမေးပွဲမှာ တွေ့လေ့ရှိတဲ့ Anatomy ကို မမှတ်မိပဲ ရှားပါးတဲ့ Anatomy တွေကိုသာ မှတ်မိရင်တော့ စာမေးပွဲကျမှာအသေအချာပါပဲ။ ဆရာဝန်ဘ၀မှာလည်း အများဆုံးတွေ့ရမှာက လူများစု မှာတွေ့ရတဲ့  anatomy တွေပဲလေ။