:include data='blog' name='google-analytics'/>

Tuesday, October 30, 2012

ငွေမကုန်၊အန္တရာယ်ကင်းတဲ့သွားဖြူနည်း။

ငှက်ပျော်သီးအခွံအတွင်းပိုင်းဖြင့်သွားများအား ၂ မိနစ်ခန့် ပွတ်တိုက်ပေးပါက ငှက်ပျော်သီးအခွံတွင်ပါဝင်
သော ပိုတက်စီယံ၊မက်ကနီစီရံ၊မက်ကနီ စသောဓါတ်သတ္ထုများသွားအတွင်းသို့ဝင်ရောက်သွားပြီး သွားများ ကိုဖြူဖွေးလှပစေပါသည်။

Sunday, October 28, 2012

အံ့သြဖွယ်ငှက်ပျော်သီးရဲ့ကျန်းမာရေးဂုဏ်သတ္တိများ။





၁။ ငှက်ပျောသီးသည်ကြွက်သားများလိုအပ်သောကဆီဓါတ်စွမ်းအင်ကိုထုတ်ပေးသည်။

၂။ ငှက်ပျောသီးတွင်ပိုတက်စီယံဓါတ်များစွာပါဝင်သဖြင့်သွေးလှည့်ပတ်မှုကိုကေင်းမွန်စေသဖြင့်
ဥဏှောက်သို့သွေးစီးမှုကောင်းစေသည်၊နှလုံးခုန်မှန်စေသည်၊ကိုယ်တွင်း ရေဓါတ်ကိုမျှတ စေသည်။

၃။ ငှက်ပျောသီးတွင် ဗီတာမင် B6 ပါရှိသည်။ ၎င်း ဗီတာမင် B6 သည်သွေးတွင်းသကြားဓါတ်ကို
မျှတစေသဖြင့် အခက်အခဲများကျော်လွှားရာတွင်အထောက်အကူပေးသည့်အပြင်၊စိတ်တို စိတ်ရှုပ်  (cranky moods) ခြင်းများမှလည်းကင်းလွတ်စေသည်။

၎။ ငှက်ပျောသီးတွင်ပါဝင်သည့် ပိုတက်စီယံဓါတ် သည် ကျောင်းသူကျောင်းသား များအားနိုးကြား စေခြင်း ဖြင့် ပညာရေးတွင်အထောက်အကူပေးသည်။ နံနက်နှင့် နေ့လည်တွင်ငှက်ပျော်သီးစားသော ကျောင်း သာများဥာဏ်ပိုကောင်းပြီး စာမေးပွဲပိုမိုဖြေနိုင်ကြောင်းတွေ့ရသည်။

၅။ ငှက်ပျောသီးသည် စိတ်နေစိတ်ထား (moods) ကိုထိန်းချုပ်သော tryptophan ကို ထွက် စေသည်။ tryptophan ကိုဥဏှောက်ထဲတွင် serotonin အဖြစ်ပြောင်းလဲသည်။ ငှက်ပျောသီးစားသူများ စိတ် တက်ကြွ ပြီးပိုမိုပျော်ရွှင်ကြသည်။

၆။ ငှက်ပျောသီးတွင် ဗီတာမင် B များနှင့်အခြားသော ဓါတ်သတ္ထုများ   ပါရှိသဖြင့် ဆေးလိပ်တွင်ပါ          ၀င်သည့် နစ်ကိုတင်း (nicotine) အဆိပ်ဓါတ်ဆွဲလမ်းမှုကိုနည်းစေသည်။ ထိုကြောင့် ဆေးလိပ်ဖြတ် သူများ၏ ကိုယ်ရော၊ စိတ်ပါ ခံစား ရမှုများကိုလျော့နည်းစေသည်။

၇။ ငှက်ပျောသီးတွင် သံဓါတ်များစွာပါရှိသဖြင့် သွေးအားနည်းရောဂါကိုသက်သာစေသည်။

၈။ ငှက်ပျောသီးတွင် ပျော်ဝင် အမျှင်ဓါတ် (soluble fibre) အများအပြားပါရှိသဖြင့် ၀မ်းချုပ်ခြင်း မှကင်း    ဝေးစေသည်။

Saturday, October 27, 2012

ဈေးသက်သက်သာသာဖြင့်ကင်ဆာရောဂါကာကွယ်နည်း။



မှဲ့နေသောငှက်ပျော်သီးပေါ်တွင် အထက်ပါပုံအတိုင်းအမည်းစက်များပေါ်လာပါသည်။ ၎င်းအမည်းစက်များ တွင် ကင်ဆာဆဲလ်များအားသေစေသည့် ဓါတ်များ ( Tumor Necrosis  Factor -TNF) ထွက်လာပါသည်။
အမည်းစက်များသလောက်  TNF ဓါတ်လည်းများလာပါသည်။ ဈေးဆိုင်များက ကြာကြာထား၍မရတော့ သော အမည်းစက်များသည့်ငှက်ပျော်သီးများအားဈေးလျော့ရောင်းလေ့ရှိပါသည်။

Tuesday, October 23, 2012

ကုန်းဘောင်ခေတ်ပထမဗန်းမော်ဆရာတော်ဘုရားကြီး၏ ထူးခြားချက်များ။


 
ဗန်းမော်ဆရာတော်သည်ပိဋကတ်သုံးပုံနှင့်တကွကျမ်းဂန်အရပ်ရပ် အလွန်နှံ့စပ်ပြီးအလွန် ထက်သော ဆရာတော်တစ်ပါးဖြစ်သည်။ ဘိုးတော်ဘုရား၏ မိဖုရား  ဝေသာလီမင်းသမီး ဗန်းမော်မြို့ စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသောဗန်းမော်ကျောင်းတွင်သီးတင်သုံးသောကြောင့် ဗန်းမော် ဆရာတော်ဟု တွင်သည်။

ဆရာတော်အားရွှေတောင်မြို့ကွပ်ညှပ်စင်ရွာ၌သက္ကရာစ် ၁၁၆၈ တွင်ဖွါးမြင်သည်။ ငယ်မည် မောင်ဖြူဝင်း၊ ရဟန်းဘွဲ့ ဦးပဏ္ဍိတဖြစ်သည်။ မင်းတုန်းမင်းကြီးက ပဏ္ဍိတ၀ံသာဘိဓဇ မဟာဓမ္မရာ ဇာဓိ ရာဇဂုရုဘွဲ့တော်ကိုဆက်ကပ်လှူဒါန်းသည်။

         ဆရာတော်သည်ဥပဓိရုပ်အလွန်ထူးခြားသည်။ လွန်စွာကြံ့ခိုင် ခန့်ညားသည်။ အသံတော် မှာလည်းနက်ကြယ်ပြတ်သားသည်။ ထိုခေတ်တွင် အသံနှင့်ဥပဓိရုပ်အလွန်ကောင်းသောပုဂ္ဂိုလ် ၂ ဦးရှိရာ ၎င်းတို့မှာဆရာတော်နှင့် မင်းတုန်းမင်းတို့ဖြစ်သည်။

         ဗန်းမော်ဆရာတော်သည် ကုန်းဘောင်ခေတ်တွင်ထင်းရှားခဲ့သောသင်္ဂဇာဆရာတော်နှင့် စလေဦးပုညတို့ ၏ဆရာတစ်ဆူဖြစ်ပြီး၊ ၀ိနည်းဘက်တွင်ပြိုင်ဘက်ကင်းသော သာသနာပိုင် ဗားကရာဆရာတော်ကြီးစီရင်ဆုံးဖြတ် ခဲ့သမျှဝိနည်းစီရင်ထုံးများကိုရေးမှတ်ရသော ဖြတ်ထုံးရေး ရဟန်းနှင့် ဗားကရာဆရာတော် စာချစဉ် မိန့်သမျှကို တစ်လုံးမကျန်လိုက်ဆိုရသော စာဆိုရဟန်း လည်းဖြစ်ခဲ့ဘူးသည်။

ဗန်းမော်ဆရာတော်သည်ကြောက်စိတ်မရှိ၊အပြစ်ပေးလျှင်လည်းပြုံးပြုံးပင်ခံယူသဖြင့် သာသနာပိုင်ဆရာတော်က ပရစ် နှင့်တူသည်။ ရှင်စဉ်လည်း မျက်လုံးပြူးပြူး၊ သေတော့လည်း မျက်လုံးပြူးပြူး၊ဟုမိန့်တော်မူသည်။

 

ဆရာတော်သည်-

၁။ မဟုတ်လျှင်နည်းနည်းမျှမခံတတ်။
၂။ အမြင်မတော်လျှင်ဆော်ထဲ့သည်။
၃။ မင်းအလိုလိုက်မင်းအကြိုက်မဆောင်။
၎။ သာသနာပိုင်များဟူ၍အညှာမပေး။
၅။ အရွဲ့တိုက်ရာတွင်ကြောက်စရာကောင်းသည်။
၆။ ကန့်လန့်လုပ်ရာတွင်လည်းမည်သူ့မျှမကြောက်။
၇။ ရေးစရာရှိလျှင်အတုံးလိုက်အတစ်လိုက်ရေးသည်။
၈။ နှိုက်နှိုက်ချွတ်ချွတ်ခတ်ကြမ်းကြမ်းရေးတတ်သည်။
၉။ မိမိမှန်သည်ထင်လျှင်ပြောရမှ ရေးရမှကျေနပ်လေ့ရှိသည်။
၁၀။ စာ ကဗျာ အရေးအသား (ဂါမဒေါသ) သင့်အောင်ရေးသည်။
၁၁။ အပြောအဆိုရင့်သီးသည်။
၁၂။ အနေအထိုင်ကြမ်းတမ်းသည်။
၁၃။ ယခုခေတ်အခေါ် ပစ်စာ (ငှက်ခါးပျံစာ) လုပ်ခြင်း ၀ါသနာပါသည်။
၁၄။ အစားအသောက်ကြမ်းသည် (ဆန် နို့ဆီဖူးလေးလုံးချက်၊ စာကလေး တစ်ပိဿာချက်၊ ၀က်သား တစ်ပိဿာချက်၊အမဲသား တစ်ပိဿာချက်၊ဟင်းချိုဇလုံးကြီးနဲ့ ၃ လုံး၊မုန့်ဆီကြော်ကြီး ၃  ချပ်၊                နံ့သာပုငှက်ပျော ၆ဖီး၊ မန်ကျည်ဖျော်ရည် ၆ ပိဿာ ကို တစ်ထိုင်တည်း တစ်ဆက်တည်း နှင့် အကုန် ဘုန်းပေးနိုင်သည်)။

    ကိုရင်ဘ၀ အိပ်ငိုက်တတ်၍ရေတွင်းနှုတ်ခမ်းပေါ်တွင် လူတစ်ကိုယ်စာပျဉ်ပြားတစ်ချပ်ခင်း၍ထို
ပျဉ်ပြားပေါ်တွင်အိပ်ပြီးစာကျက်သည်။ စာပြန်ပွဲတွင် မြင်းကောင်းပြေးသကဲ့သို့ မေးသမျှကို               ပုဒ်ပါဋ္ဌ် ပီပြင်ကျနစွာရွတ်ဆိုသည့်ကြား မှမြန်လွန်းသဖြင့် ပုရပိုတ်ဖတ်၍စစ်သော စာစစ်ဆရာတော်များ           မှီ အောင်မဖတ်နိုင်ပဲ ပုရပိုတ်တစ်ချပ်လှန်တိုင်းကျန်ခဲ့သဖြင့် ဟဲ့ ကိုရင် ရပ်အုံး ဟုအမိန့်ရှိသည့်တိုင် အောင် ဆက်လက်ရွတ်ဖတ် သဖြင့် ရပ်အုံး ဆိုတာ မကြားရော့သလား ဟု ငေါက်ငန်းရာ။

ဘာ ခုမှရပ်အုံးလည်း အစက ပဏ္ဍိတလို ကျက်လာခဲ့ပါလားဟု စာစစ်ဆရာတို့ကိုပြန် ငေါက်ငန်း လေသည်။

ပဉ္စင်းပျိုဘ၀ ကြမ်းပြဲရွာဘုန်းကြီးကျောင်းတွင် ခရီးသွားရင်းဝင်ရောက် တည်းခိုစဉ် ကျောင်း ထိုင်ဆရာတော်အား စာသံပေသံဖြင့်

ကျောင်းထိုင်ဘုန်းတော်၊ မထေရ်ကျော်၊၀ါတော်မည်မျှရှိပြီနည်း  ဟုလျောက်ထားသည်။ ဆရာတော်က ၄၂ ၀ါ သိက္ခာရပြီ ဟုပြန်ဖြေရာ ချက်ချင်းစာပြန်စပ်သည်မှာ-

ဝါလေးဆယ့်နှစ်၊ရသည်ဖြစ်ရာ၊အပြစ်တောင်လိုမို့လတံ့။

ကျောင်းထိုင်ဆရာတော် သဘောကျ၍ နေမကောင်းလျက်က ဆွမ်းပြင်ခိုင်းပြီး ဆွမ်းဘုန်း ပေးပြီးနောက် ဒူးပေါ်ပေါင်ပေါ် ထိုင်၍ကွမ်းရာဝါးသည်။ ကျောင်းထိုင်ဆရာတော်သည် အစားကြမ်း သည်။ ဖျားနေသောလည်း အစာမရှောင် အကုန်စားသည်။ လက်တိုလက်တောင်းခိုင်းသော တူ တစ်ယောက်သာရှိသည်။ ဆရာတော်က အကြောင်း စာတစ်ပုဒ်စပ်ခိုင်းရာ -

ကွမ်းအစ်ကြီးနီတာရဲနှင့်၊ ကြမ်းပြဲမှာသူပျော်၊သာပေါ်တို့တူအရီး၊
         ထိုးကွင်းမှင်ကြောင်နဲ့၊တွေ့မရှောင်အကုန်စားတယ်၊ဖျားတဲ့ခင်ကြီး။ ဟု ချက်ချင်းစပ်ဆိုသည် ကိုကြမ်းပြဲဆရာတော်အလွန်သဘောကျတော်မူသည်။

 
မင်းတုန်မင်းလက်ထက်တိုင်းပြည်ရေးရာကို ၀န်ကြီးလေးပါးကတာဝန်ယူသည်။ သို့ရာတွင် ၃ ပါးမှာ ရောဂါသည်များဖြစ်နေသည်ကိုမြင်သဖြင့် မိမိထင်မြင်ချက်ကိုရေး၍ နန်းတော်တွင် ပစ်စာ အနေနှင့်ထားခဲ့သည်။

ပုခန်းမှာ…………………..လေ။
လောင်းရှည်မှာ…………….ဓါး။
ခမ်းလတ်မှာ……………….နား။
         ရေနံတတိုင်ချင်း လင်းပါ့မလား။

ပုခန်းမြို့စားမှာ လေနာရောဂါကြောင့် အမှုအခင်းများကိုကောင်းစွာမဆုံးဖြတ်နိုင်။
လောင်းရှည်မြို့စားမှာမြင်းကွန်းမြင်းခုန်တိုင်အရေးတွင်ဓါးဒါဏ်ရာရ၍ချိနဲ့နေသည်။
ခမ်းလတ်ရှည်မြို့စားမှာ နားထိုင်းနေသည်။
ရေနံချောင်းမြို့စား သာကျန်းကျန်းမာမာရှိသည်။


ဝန်ကြီးများတင်မကသုဓမ္မာဆရာတော်များအားလည်းဝေဖန်ခဲ့သည်။
မောင်သက်ပန်းက တစ်သန်းဝေေ၀။
မောင်လှထွေမှာစာပေနတ္ထိ။
မောင်စလင်းမှာတော့ ပျင်းလွန်းလို့စာမကြည့်။
မင်းနန်မှာတော့လူနဲ့နှောတယ် သောသောညံ၏။
မဏ္ဍလာ မှုချင်းရာ မစုံစမ်းခင်က ငေါက်ငန်းပါ၏။

သက်ပန်းဆရာတော်က ငိုက်မြည်းလေ့ရှိသည်။
လှထွေဆရာတော်က စာပေမတတ်။
စလင်းဆရာတော်က စာပေအထောက်အထာရှာရန်ပျင်း၍ အခြားဆရာတော်များအားလွှဲထား လေ့ရှိသည်။
ပုခန်းဆရာတော်ဦးန္ဒကို မင်းနန်ဟုစပ်ဆိုထားခြင်းဖြစ်သည်။ ဆရာတော်မှာ လူဒါယကာများနှင့် စကားဖေါင်လောက်အောင်ပြောတတ်ကြောင်း။
မဏ္ဍာရာမဆရာတော်က အမှုမစစ်ဆေးခင်ကြိုတင်ငေါက်ငန်းတတ်သောကြောင့်။ အထက်ပါကဗျာကိုသုဓမ္မာဇရပ်တွင်ကပ်ထားသည်။


ဗန်းမော်ဆရာတော်အားမင်းမိန့်နှင့်ဗန်းမော်မြို့သို့နှင်သည့်အခါ မကြေက်မရွံ့ မင်းတုန်းမင်း၏
ငယ်နံမည်မောင်လွင်နှင့်အောက်ပါစာကိုစပ်ဆိုခဲ့သေးသည်။ ဆရာတော်စပ်ဆိုခဲ့သည့်အတိုင်း မင်းတုန်းမင်းကနေပြည်တော်သို့အကြိမ်ကြိမ်ပြန်ပင့်လျောက်သော်လည်း စစ်ကိုင်းတောင်ရိုးသို           သာသွားရောက် သီးတင်းသုံးတော်မူသည်။

ဗန်းမော်ကိုနှင်
မောင်လွင်လူမိုက်က
မုန်းလိုက်ပါဘိ
နေရစ်ကြနော်
နောင်ခါသော်
မှားပီဘုရားလို့
ကြားယောင်ပါ၏


ဦးကျော်ဦးရဲ့ဗန်းမော်ဆရာတော်ရဲ့ဟာသရသကဗျာများနှင့်ဥပမာပုံပြင်ဝတ္ထုများစာအုပ်မှ။

Thursday, October 18, 2012

ပြင်သစ်တောင်ပိုင်နွေရာသီအပန်းဖြေခရီးရဲ့မှတ်တမ်းဓါတ်ပုံများ။

ပြင်သစ်တွေ နွေရာသီဆို နေသာတဲ့ ပြင်သစ်တောင်ပိုင်းကို အပန်းဖြေခရီးထွက်လေ့ရှိပါတယ်။ အခုပုံမှာ ပါတဲ့နေရာက Paris မြို့ နဲ့ ကီလိုမီတာ ၆၀၀ ကျော်ဝေးတဲ့ Vivier လို့ခေါ်တဲ့မြို့က ရွာကြီးတစ်ရွာက ၁၂ ရာစုက ဆောက်ထားတဲ့အိမ်ကို Hotel အဖြစ်ပြောင်းထားပါတယ်။ သူငယ်ချင်း ပြင်သစ် piano ဆရာမက နွေရာသီ piano သင်တန်းကို အဲ့ဒီ Hotel မှာ ပြုလုပ်ပါတယ်။ ကျမက မြန်မာထမင်းချက် အနေနဲ့လိုက် သွားတာပါ။ သူငယ်ချင်းက ရန်ကုန်မှာ  piano ဆရာဦးကိုကိုဆီမှာ မြန်မာ piano တွေ တစ်နှစ်သင်ခဲ့ဘူးပြီး မြန်မာ အစားအစာတွေ အထူးသဖြင့် အုံးနို့ခေါက်ဆွဲ အလွန်ကြိုက်ပါတယ်။ ကျမလည်း အလကား လည်ရ တဲ့အပြင် မြန်မာ အစားအစာတွေ လက်စွမ်းပြနိုင်မယ်ဆိုပြီး လိုက်သွား ပါ တယ်။ အဲ့ဒီနေရာရောက်တော့ ဒို့တိုင်းပြည်လည်း တစ်နေ့ သူတို့လိုဖြစ်ပါစေ၊ဖြစ်ရမယ်ဆိုတဲ့ဆန္ဒတွေ ဖြစ်မိပါတယ်။ အဲ့ဒီမှာ ရေပူ၊ရေအေး၊လျှပ်စစ်၊ ဓါတ်ငွေ့၊ internet ၂၄ နာရီရပါတယ်။ Hotel ကို၂၀၀၇ မှာ  Le Routard   ဆိုတဲ့ခရီးသွား စာ ဆောင်မှာ recommend လုပ်ထားပါတယ်။






 
Hotel ရဲ့အ၀င်။ အလယ်ကကျောက်တုံးကလွန်ခဲ့တဲ့ ၃ နှစ်က မိုးကြိုပစ်လို့ပြုတ်ကျသွားခဲ့တာပါ။
 
 
 
 



                                                    Hotel ရဲ့ဘေးဘက်ရှုခင်း။




                                                     Hotel ရဲ့ အနောက်ဘက်တစ်နေရာ။


 
 



















                                                                   စာတိုက်ပုံး။
 
အ၀င်လမ်း။
 
 

Saturday, October 13, 2012

လက်နဲ့ဆွဲစရာမလိုပဲ ပိုင်ရှင်နောက်ကလိုက်နေမဲ့ ခရီးဆောင်သေတ္တာငယ်

 


လက်နဲ့ဆွဲစရာမလိုတဲ့ ခရီးဆောင်သေတ္တာငယ်ကို လက်ကိုင်ဖုန်းမှာပါတဲ့ Bluetooth နဲ့ထိန်းချုပ် ခြင်းအားဖြင့် ပိုင်ရှင်နောက်မှ သူ့ဘာသာလိုက်လာအောင်ပြုလုပ်ထားတဲ့ စက်ရုပ် ခရီးဆောင် သေတ္တြာ ဖစ်ပါတယ်။ Hop လို့အမည်ပေးထားပါတယ်။ လေယဉ်ကွင်းအတွင်းလွပ်လပ်စွာသွားနိုင်အောင် သေတ္တာမှာ sensor ၃ ခုထပ်ထားပါတယ်။ ပိုင်ရှင်နောက်ကနေလိုက် နေမှာဖြစ်ပါတယ်။ တကယ်လို့ ပိုင်ရှင်နဲ့ဆက်သွယ်မှုပြတ်သွားမယ်ဆိုရင် သေတ္တာအလိုလိုသော့ပိတ်သွားပြီးပိုင်ရှင်ရဲ့ တယ်လီဖုန်းကိုတုန်ခါပြီး အချက်ပေးမှာဖြစ်ပါတယ်။ ဈေးနှုန်း မသတ်မှတ်ရသေးပါဘူး။ လောလောဆယ်မှာတော့ (carry on) လေယဉ်ပေါ်လက်ဆွဲသယ်နိုင်တဲ့ သေတ္တာငယ်အရွယ်ပဲ တည်ထွင်ထားပါတယ်။ နောက်များမှာ လေယဉ် ပေါ်က သေတ္တာထားရာနေရာသို့ သူ့ဘာသာတက်အောင်နဲ့ သေတ္တာကြီးများပါတည်ထွင်သွားမယ်လို့သိရပါတယ်။

 

Wednesday, October 10, 2012

ကျနော်က ဦးမောင်မောင်ရဲ့မျက်လုံးပါ။


ဖွဲ့စည်းတည်ဆောက်မှုရှုပ်ထွေးတဲ့နေရာမှာ ကျနော့်ကို ဦးမောင်မောင်ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းကမှ ယဉ်ပြိုင်နိုင်မယ်မထင်ပါဘူး။ ကျနော်က ပင်ပေါင်ဘော်အရွယ်ရှိပေမဲ့ မီလျှံပေါင်းများစွာသော လျှပ်စစ် ဆက်သွယ်မှုတွေနဲ့ တစ်မီလျှံခွဲ ရှိတဲ့ သတင်းအချက်အလက်တွေကို နေ့စဉ် ပို့ဆောင်ပေးနိုင်ပါတယ်။ ဦးမောင်မောင်ရတဲ့ သတင်းအချက်အလက်   ၈၀%  ဟာ ကျနော်တို့ဆီကရတာပါ။ သူက ကျနော့်ကို အသေးစား television camera လို့ထင်တယ်။ ဒါဟာ ကျနော့်ကိုစော်ကားတာပဲ။ ကျနော်က အမြင်နဲ့ပတ်သက်တဲ့ အထူး ခြားဆုံးသော အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ ကျနော်ဟာ အကြီးမာဆုံး၊ တန်ဖိုးအကြီးဆုံး TV camera တွေထက် များစွာစွမ်းဆောင်နိုင်တဲ့အင်္ဂါဖြစ်ပါတယ်။

ယခုခေတ်က ကျနော့်ကို ဒုက္ခရောက်စေ၊ပင်ပန်းစေပါတယ်။ ကျောက်ခေတ်တုန်းက လူသားတွေ ဟာ အန္တရာယ် ရှောင်ရှား ဖို့အတွက် အဝေးမြင် ဖို့သာ လိုအပ်ပါတယ်။ အခုတော့ အနီးမြင်ဖို့အတွက် ကျနော်အမြဲအလုပ်လုပ်နေရတယ်။ ကျနော်ရဲ့တည်ဆောက်ပုံကိုကြည့်ခြင်းအားဖြင့် အနီးမြင်ဖို့အတွက် ကျနော်ဘယ်လို လုပ်ဆောင် ရတယ် ဆိုတာ သဘောပေါက်မှာပါ။

 
 

 
ကျနော့်ရှေ့မှာ အမေရိကန်နိုင်ငံသုံး ဆယ်ပြား ခန့်ရှိတဲ့ cornea ခေါ်တဲ့ ကြည်လင်တဲ့ ပြူးတင်ပေါက်မှန် ရှိပါတယ်။ သူက အလင်းရောင်တန်းတွေကိုညီညီညာညာဖြစ်အောင် လုပ် ပေးတယ်။ cornea နောက်မှာ (Pupil) ခေါ်တဲ့ ကျဉ်းနိုင်ကျယ်နိုင်တဲ့ အပေါက်ရှိတယ်။ စူးရှတဲ့နေရောင် အောက်မှာ ကျဉ်းသွားပြီး၊ညမှောင်မှောင်မှာကျယ်လာပါတယ်။ ဒီအဆင့်အထိ မမြင်နိုင်သေးပါဘူး။ ဒါပေမဲ့အပေါစား camera အနေနဲ့ဒါတွေကိုမလုပ်ပေးနိုင်ပါဘူး။ ကျနော်ရဲ့ ထူးခြားတဲ့အလုပ်တွေက မှန်ဘီးလူးက စပါတယ်။ ကျနော်ရဲ့ မှန်ဘီးလူးက ဘဲဥပုံရှိတဲ့ ဗီတာမင်ဆေးလုံး အရွယ်လောက်ရှိပါတယ်။ မှန်ဘီးလူးကို အလွန် သေးငယ်ပြီး သန်မာတဲ့ ထူးခြားဆန်းကြယ်တဲ့ iris ခေါ် ကြွက်သားငယ်တွေနဲ့ဝန်းရံထားပါတယ်။  သူတို့တွေ ကျုံ့လိုက်ရင် မှန်ဘီးလူးပြားသွားပြီး အနီးမှာရှိတဲ့အရာတွေကိုမြင်နိုင်ပါတယ်။ ကြွက်သားငယ်တွေ လျော့ချ လိုက်ရင် အဝေးက အရာတွေကိုမြင်နိုင်ပါတယ်။ ဒါဟာ ကျောက်ခေတ်လူသားတွေအတွက် လိုအပ် ချက် ပါပဲ။ သူတို့အတွက် ၆ မီတာအကွာလောက်ကအန္တရာယ်ကိုမြင်ဖို့သာလိုအပ်ပါတယ်။ အခု ခေတ်မှာတော့ ဦးမောင်မောင်ရဲ့ကမ္ဘာဟာကျဉ်းမြောင်းလာပြီ အနီးကပ် စာဖတ် တာတွေ၊ အလုပ်လုပ် တာတွေကြောင့် ကျနော့်ကြွက်သားငယ်တွေအမြဲအလုပ်လုပ်နေရတယ်။ ကြွက်သားငယ်တွေ ပင်ပန်းကြ တယ်။

         မှန်ဘီးလူးရဲ့အရှေ့နဲ့အနောက်မှာ အရည်တွေနဲ့ပြည့်နေတဲ့ အခန်း ၂ခုရှိတယ်။ ရှေ့ခန်းကအရည်က ရေလိုပဲ။ နောက်ခန်းကအရည်ကတော့ ကြက်ဥအကာရည်နဲ့တူတယ်။ရှေ့ခန်းအရည်က မှန်ဘီးလူးကို ပြည့်တင်းနေစေတယ်။ အလင်းရောင်ဖြတ်သန်းဖို့အတွက် အရည်၂ ခုလုံးကြည်လင်နေဖို့လိုအပ်တယ်။ ဦးမောင်မောင် လင်းလက်တဲ့ အရာတွေ ကြည့် တဲ့အခါ မြင်ရတဲ့ အစက်အပြောက်တွေက သူ ငယ်ငယ် အမေ့ဝမ်းမှာရှိတုန်း မှန်ဘီးလူဖြစ်စက ကျန်ခဲ့တဲ့ ဆဲလ်တွေဖြစ်တယ်။ သူတို့တွေ မျက်လုံးထဲက အရည် ထဲမှာ ဦးမောင်မောင် အသက်ရှင် နေသမျှကာလပတ်လုံး လွင့်မျောနေပါမယ်။

         ဦးမောင်မောင် တစ်ခုခုကိုကြည့်တဲ့အခါ အလင်းတန်းတွေ မှန်ဘီးလူးကိုဖြတ်သွားကြတယ်။ မှန်ဘီးလူးက Retina လို့ခေါ်တဲ့ အပေါ်မှာ ပုံရိပ်ထင်အောင်လုပ်ပေးတယ်။ Retina ဆိုတာ ကြက်သွန်ခွံလို နံရံကပ်စက္ကူ (wallpaper) လို မျက်လုံးရဲ့ အနောက်ဘက် သုံးပုံ နှစ်ပုံကိုဖုံးအုပ်ထားတယ်။ ဦးမောင်မောင်ရဲ့ ဥဏှောက်ကလွဲရင် အလွန်သေးငယ်တဲ့ နေရာမှာ Retina လို ဆဲလ်တွေစုပုံနေတာမရှိဘူးလို့ထင်တယ်။ ၃ စင်တီမီတာအကျယ်အ၀န်းရှိတဲ့ Retina မှာ အလင်းရောင်ကိုသိတဲ့ဆဲလ် ၁၃၇ မီလျှံ ရှိပါတယ်။ ၁၃၀ မီလျှံ ဆဲလ်တွေက အဖြူ အမည်းကိုမြင်နိုင်တဲ့ ဒုတ်ချောင်းပုံ (rods) ဆဲလ်တွေဖြစ်ပြီး၊ ၇ မီလျှံက အရောင်ကိုမြင် နိုင်တဲ့ ကတော့ပုံ (cones) ဆဲလ်တွေဖြစ်ပါတယ်။ ဒုတ်ချောင်းပုံ ဆဲလ်တွေက Retina ရဲ့ နေရာ အနှံ့အပြား မှာပြန့်ကျဲနေကြပါတယ်။ ညဘက်မှာ ပိုးစုန်းကြူးတစ်ကောင်ကိုမြင်တယ်ဆိုရင်။ ကျနော့်တို့ကိုယ်ထဲမှာ ရှုပ်ထွေးတဲ့ဓါတ်ပြုမှုတွေဖြစ်ပျက်ကြတယ်။ ကျနော်တို့ရဲ့ ဒုတ်ချောင်းပုံ ဆဲလ်ထဲက ခရမ်းရောင်လွှမ်းတဲ့ အနီ ရောင်ကို ပိုးစုန်းကြူးရဲ့မှုန်မွှားတဲ့အလင်းရောင်က အရောင်ချွတ်ပြစ်လိုက်တယ်။ အဲ့ဒီလို အရောင် ချွတ်ချိန် မှာ အလွန် အားနည်းတဲ့ လျှပ်စစ်တွေ (ခြင်တစ်ကောင်ကိုတောင် ဂလိမထိုးနိုင်တဲ့ ဗိုလ်အားတစ်ခုရဲ့ မီးလျှံ ပုံမျှ) ထုတ်လွှတ်တယ်။ အဲ့ဒီလျှပ်စစ်က ကျနော်ရဲ့ ကောက်ရိုးလောက်ကြီးတဲ့ အမြင်အာရုံကြော (optic nerve) က နေတစ်ဆင့် ဥဏှောက်ဆီကို တစ်နာရီ ၄၅၀ ကီလိုမီတာနှုန်းနဲ့စီးဆင်းသွားတယ်။ ဥဏှောက်က အဲ့ဒါကို ပိုးစုန်းကြူးလို့ အဓိပ္ပါယ်ဖေါ်ပေးတယ်။ အဲ့ဒီကိစ္စတွေအားလုံး တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ ၂ပုံ အတွင်းမှာပြီးစီးသွားတယ်။ ကျနော့်ရဲ့ ကတော့ပုံ ဆဲလ်တွေကပိုလို့တောင်ရှုပ်ထွေးသေးတယ်။ သူတို့တွေက အ၀ါရောင် ပင်အပ်အရွယ် ရှိတဲ့ fovea ခေါ်တဲ့ အနည်းငယ်ချိုင့်နေတဲ့ နေရာမှာရှိကြတယ်။ အဲ့ဒီနေရာက အမြင်အားအကောင်းဆုံးနေရာဖြစ်တယ်။ ဒီနေရာက စာဖတ်တာ၊ အနီးကပ်ကြည့်တာနဲ့ အရောင်တွေခွဲခြားမြင်အောင် လုပ် ပေးတယ်။ ကတော့ပုံဆဲလ်တွေမှာလည်း အရောင်ချွတ်နိုင်တဲ့ ဆေးရောင် (pigment) တွေရှိတယ်။ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် တစ်မျိုးဆီ အတွက် pigment တွေ သီးခြား ရှိတယ်။ ပန်းချီဆရာလိုပဲ ဥဏှောက်က အဲ့ဒီ အခြေခံအရောင်တွေကိုရောထွေးခြင်းဖြင့် အရောင်အမျိုးမျိုးဖြစ်စေနိုင်တယ်။ တကယ်လို့ အဲ့ဒီ လျှပ်စစ်ဓါတုပြောင်းလဲခြင်း တွေမှာ ပြဿနာဖြစ်ရင် ဦးမောင်မောင် အရောင်တွေခွဲခြားမမြင်နိုင်တော့ဘူး (color blind)။ လူ ၈ ယောက်မှာ တစ်ယောက် အနည်းနဲ့အများ အရောင် ခွဲခြားမြင်မှု အားနည်းတတ်တယ်။

အလင်းရောင်အားနည်းတဲအခါများမှာ ကတော့ပုံဆဲလ်တွေရဲ့စွမ်းအားကျဆင်းတာကြောင့် အရောင်ခွဲခြားမြင်နိုင်မှုလည်းကျဆင်းပြီး အရာအားလုံး မီးခိုးရောင်တွေ အနေနဲ့ ပဲ မြင်တာဟာ ဒုတ်ချောင်းပုံ ဆဲလ်တွေက ကတော့ပုံဆဲလ်တွေရနေရာကိုဝင်ရောက်တာဝန်ယူကြတာကြောင့်ပါ။

ဦးမောင်မောင်က မျက်လုံးနဲ့မြင်တယ် ထင်ပေမဲ့ တကယ်က သူ့ဦးဏှောက် ကမြင်တာပါ ဒါကြောင့် သူ့ခေါင်းနောက်မှာအပြင်းအထန်ဒါဏ်ရာရပြီး အမြင်အာရုံဆိုင်ရာဥဏှောက်နေရာကိုထိခိုက်မိရင် မျက်လုံး ကောင်းပေမဲ့ သူမမြင် တော့ပါဘူး။ ဒါဏ်ရာက ကန်း လောက်အောင် အားမပြင်းဘူးဆိုရင် ကြယ် တွေ မြင်နေပါမယ်။ လျှပ်စစ်ထုတ်လုပ်မှုတွေ ကဆင့်ကလျားဖြစ်ကုန်ကြလို့ပါ။

ဦးမောင်မောင်အိပ်မက်မက်တဲ့အခါ မျက်လုံးတွေမှိတ်ပြီး၊ အမှောင်ထဲ့မှာရောက်နေပေမဲ့ သူရုပ်ပုံတွေမြင်ရတာဟာ ဥဏှောက်ရဲ့စွမ်းဆောင်ချက်ပါ။ တကယ်လို့သူ ဟာ မွေးဖွါးကတဲက မျက်မမြင် ဆိုရင် သူအိပ်မက်ထဲမှာရုပ်ပုံတွေမမြင်နိုင်ပါဘူး။ အသံတွေ၊ အနံ့တွေ၊ အတွေ့အထိ စတာတွေကိုပဲ အိပ်မက်မက်ပါလိမ့်မယ်။ 

ဦးမောင်မောင်မွေးကာစက အလင်းရောင်နဲ့ အရိပ်တွေပဲမြင်နိုင် ပါတယ်။ ပထမ လ အနည်းငယ်မှာ သူ ကျောက်ခေတ်လူသားတွေလို အဝေးကိုပဲမြင်နိုင်ပါတယ်။ သူ့ရဲ့ ကစား စရာတွေလေ့လာဖို့ သူ့မျက်လုံးနဲ့ အဝေးဆုံးရောက်အောင်သူ့လက်ကိုဆန့်တန်းထားရပါတယ်။ ပြီးတော့ သူ့မျက်လုံး ၂ လုံးက လည်း ဟန်ချက်ညီညီ မလုပ်နိုင်သေးဘူး။ ကျနော်က တစ်ဘက်ကိုကြည့် နေချိန်မှာ ကျနော့် အဖေါ်ကနောက် တစ်ဘက်ကိုကြည့်နေတတ်တာကြောင့် သူ့အမေ လန့် တတ်ပါတယ်။ ကြောက်ဖို့မလိုပါဘူး။ လ အနည်း ငယ်အတွင်း ကျနော်တို့ ၂ ယောက် ညီညီညာညာလှုပ်ရှားတတ်ပါပြီ။ သူ ၆ လသားအရွယ်မှာတော့ သူ့ရဲ့ အမြင်အာရုံ အထူးကောင်မွန်နေပါပြီ။ ဒါပေမဲ့အမြင်အာရုံ အမြင့်ဆုံးကိုတော့ အသက် ၈ နှစ် ရောက်မှ ရရှိ မှာဖြစ်ပါတယ်။ သူငယ်ငယ်က အလင်းရောင်မှိန်မှိန်မှာ သူစာဖတ်နိုင်တယ်။ သူ့မိခင်က သူ့ကို မျက်လုံး အားနည်း စေ တယ်လို့ပြောတယ်။ ဒါ မမှန်ဘူး။ လူငယ်တွေဟာ လူကြီးတွေထက် အလင်းရောင်မှိန်မှိန်မှာ ပိုမြင်နိုင်တယ်။ ဒါကြောင့် အမြင်အာရုံကိုထိခိုက်မှုမရှိဘူး။

         ကျနော့်မှာ အခြားထူးခြားတဲ့ အရာတွေရှိသေးတယ်။ တစ်ခုကတော့ ကျနော့်ရဲ့ အလွန်သေး ငယ် တဲ့ကြွက်သားတွေပဲ။ မီလီဂရမ်ချင်းနှိုင်းဆမယ်ဆိုရင် သူတို့ဟာ ကိုယ်ထဲမှာရှိတဲ့ အားအရှိ ဆုံး ကြွက်သား စာရင်းဝင်တွေဖြစ်တယ်။ သာမန်နေ့တစ်နေ့မှာ ကျနော် အရာဝတ္ထုတွေမြင်နိုင်အောင် အခါပေါင်း တစ်သိန်း လောက် လှုပ်ရှားရတယ်။ သူ့ခြေထောက်က ကြွက်သားတွေ ကျနော့်ကြွက်သားတွေနည်း တူလှုပ်ရှားဖို့ သူ မိုင် ၅၀ လမ်းလျောက် ရမယ်။

         ကျနော်ရဲ့သန့်ရှင်းရေးအဖွဲ့ကလည်း ကြွက်သားတွေလို စွမ်းဆောင်မှုထူးချွန်တယ်။ ကျနော်ရဲ့ မျက်ရည်အိပ် (lacrimal gland) တွေက အစဉ်အမြဲမျက်ရည်တွေထုတ်ပြီး မျက်လုံးတွေကို ဆေးကြော ပေးတယ်။ ကျနော့်ရဲ့ မျက်ခွံက ကားရှေ့မှန် ရေသုတ်လို မျက်လုံးထဲရောက်လာတဲ့ အမှိုက်တွေကို ဖယ်ရှားပေးတယ်။ ဦးမောင်မောင် တစ်မိနစ်မှာ ၃-၆ ခါ မျက်တောင်ခတ်တယ်။ ကျနော်တို့ပင်ပန်းရင် ပိုပြီးမျက်တောင်ခတ်တယ်။ ဒီလိုလုပ်ခြင်းဖြင့် ကျနော်ရဲ့ cornea ခေါ်တဲ့ အပြင်ဆုံးပြူတင်းပေါက်မှန်ကို သန့်ရှင်းဆွတ်ဆိုစေတယ်။ မျက်ရည်ထဲမှာ lysozyme ခေါ်တဲ့ ဓါတ်တစ်မျိုးပါတယ်။ သူက စွမ်းအား ထက်တဲ့ ပိုးသတ်စေဖြစ်တယ်။ ကျနော် မပင်ပန်းအောင်တတ်နိုင်သမျှ ကျနော်အနားယူတယ်။ ဦးမောင်မောင် မျက်တောင်ခတ်တဲ့အချိန် ကျနော်အနားရတယ်။ ကျနော်နဲ့ ကျနော့်အဖေါ် တစ်လှည့်ဆီတာဝန်ယူကြ တယ်။ ကျနော်က ၉၀%  အလုပ်လုပ်တဲ့ အချိန် ကျနော့်အဖေါ်က အနားယူတယ်။ ကျနော့် အဖေါ်က  ၉၀ % အလုပ်လုပ်ချိန်မှာ ကျနော် အနားယူတယ်။

သဘာဝက ကျနော့်ကို အကာအကွယ်ပေးတားတယ်။ ကျနော့်ကို အရိုးအိမ်ထဲမှာထဲ့ထားတယ်။ ငေါထွက်နေတဲ့ ပါးရိုးတွေနဲ့ နဖူးရိုးတွေက ကျနော့်ကို ကာကွယ်ပေးတယ်။ ကျနော့်ဆီ မီးသွေးပြာလို အန္တရာယ်တွေဝင်လာ နိုင်တယ်ဆိုတာ အကြောင်းကြားမဲ့ အလွန်အာရုံသိလွယ်တဲ့ အာရုံကြောတွေ လည်းရှိတယ်။

         ဒါပေမဲ့ ကျနော့်မှာအခြားပြဿနာတွေ ဖြစ်လာနိုင်တယ်။ ကျနော်ရဲ့ ပုံရိပ်ထင်မှုတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး။ မျက်မှန်တွေက ဒီပြဿနာရဲ့ ၉၅ %ကိုဖြေရှင်းပေးနိုင်ပါတယ်။ မျက်လုံး ရောဂါတွေက ပိုပြီးဆိုးတယ်။ ရောဂါတစ်ခုက ကျနော်ရဲ့ မျက်ရည်ထုတ်လုပ်မှု လွန်ကဲပြီး၊ မျက်ရည်သိမ်းဆည်းမှုအားနည်း လို့ မျက်လုံးထဲမှာ ရေဖိအားတွေများလာပြီ အမြင်အာရုံကြောကိုဖိတဲ့ glaucoma ခေါ်တဲ့ရေတိမ် ရောဂါဖြစ် ပါတယ်။ ရောဂါဆိုးရင် ရက်ပိုင်းအတွင်း လုံးဝ ကန်းသွားနိုင်ပါတယ်။ ဒီရောဂါရှိ  မရှိသိဖို့ သူ့မိသားစုဆရာ ၀န်အနေနဲ့မျက်လုံးထဲကရေဖိအားကို tonometer ခေါ်တဲ့ကရိယာလေး မျက်လုံးပေါ်တင်ပြီး တိုင်းနိုင်ပါ တယ်။ ဦးမောင်မောင်အနေနဲ့ တစ်နှစ်တစ်ခါ စမ်းသပ် စစ်ဆေးသင့်ပါတယ်။ ရေတိမ်ရောဂါကို မျက်စင်း ဆေး၊ ခွဲစိပ်ကုသခြင်းများနဲ့ ကာကွယ်၊ကုသနိုင်ပါတယ်။

နောက်ပြဿနာတစ်ခုက astigmatism ခေါ်တဲ့ ကျနော်ရဲ့ ပြူတင်းမှန် (cornea) အခုံ မညီမှုဖြစ် ပါတယ်။ ဒီရောဂါမှာတော့ အရာဝတ္ထုတွေ ပုံသဏ္ဍန်မမှန်ဖြစ်နေပါတယ်။ မျက်မှန်တွေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

နောက်ပြဿနာတစ်ခုက ပိုအန္တရာယ်ရှိတယ်။ အဲ့ဒါက ပုံရိပ်ထင်တဲ့ retina မှာ ရည်ကြည်ဖု တွေ ဖြစ်တာ၊ ကွာကျတာတွေပါ။ သူဖြစ်ရင် မီးရောင်လိုလင်းလက်တာတွေမြင်ရပါတယ်။ ပုံရိပ်တွေ ပုံသဏ္ဍန်မမှန်တာ၊ ပုံရိပ်မှုန်မွှားတာတွေဖြစ်ပါတယ်။ ခွဲစိပ်ဆရာဝန်အနေနဲ့ ၈၀% ခန့်ပြန်လည်ကပ်ပေးနိုင်ပါတယ်။ ကျနော်ရဲ့ ပြူတင်ပေါက်မှန်နဲ့ မှန်ဘီးလူးတွေဟာ လုံးဝကြည် လင်နေပါတယ်။ သူတို့ တိမ်ဆွဲရင် မမြင်နိုင် တော့ပါဘူး။ တကယ်လို့ ပြူတင်းပေါက်မှန်မှာတိမ်ဖြစ်ရင် တစ်ခြားလူရဲ့ cornea နဲ့အစားထိုး ကုသ နိုင်ပါတယ်။ တကယ်လို့ မှန်ဘီးလူးမှာတိမ်ဖြစ်တာဆိုရင် (အတွင်းတိမ်) ခွဲစိပ်ထုတ်ပြီး မျက်လုံးထဲမှာ မှန်ဘီး လူး တပ်ခြင်း ( implant)၊ အပြင်မျက်မှန်အထူတပ်ခြင်းဖြင့်ကုစားနိုင်ပါတယ်။

ကံကောင်းထောက်မစွာ ဦးမောင်မောင်မှာ အခုထက်ထိ အဲ့ဒီရောဂါတွေမဖြစ်သေးပါဘူး။ သူအိုလာသလို ကျနော်လည်းအိုလာပါပြီ။ ကျနော်ရဲ့ကြည်လင်တဲ့ အစိတ် အပိုင်းတွေလည်း သိပ် မကြည်လင် တော့ပါဘူး။ကျနော်ရဲ့ကြွက်သားတွေလည်း အားပျော့လာပါပြီ၊ ကျနော်ရဲ့ သွေးကြောတွေ ကလည်း retina ကိုသွေးပို့တာနည်းလာပါပြီ။ ဒါတွေ အားလုံးဆက်လက်ဖြစ်နေကြပါအုံးမယ်။ ဒါပေမဲ့ ဦးမောင်မောင်အနေနဲ့ ကျနော့်အတွက်သိပ်စိတ်ပူဖို့မလိုပါဘူး။ ကျနော် သူအသက်ရှင်နေသမျှ ကာလ ပတ်လုံးသူ့ကိုတတ်နိုင်သမျှ ကူညီသွားမှာပါ။

J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။
 

 

 

 

 

Monday, October 1, 2012

ဆရာဝန်ဖြစ်ရတဲ့ဒုက္ခ။

 
တစ်နေ့လယ် စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာ တာဝန်ကျနေစဉ်၊ လူအုပ်ကြီး ထမ်းစင်နဲ့ ရောက်လာပါတယ်။ အဖြစ်က လက်ဝှေ့ပြိုင်ပွဲမှာလက်ဝှေ့ထိုးနေရင်း လဲကျ သေဆုံးသွားလို့ပါတဲ့။ လူနာကိုစမ်းသပ်ကြည့်တော့ ဟုတ်ပါတယ်။ သေဆုံးနေပါပြီ။ ကိုယ်ပေါ်မှာတော့ ဘာမှကြီးကြီး ကျယ်ကျယ်ဒါဏ်ရာမတွေ့ရပါဘူး။ ဆေးရုံကို အလောင်းရောက် လာတယ်ဆိုတော့ထုံစံအတိုင်းရင်ခွဲစစ်ဆေးဖို့ပြင်ဆင်ရပါတယ်။ ရင်ခွဲလိုက်တော့ ရင်ပတ်နံရိုးတွေအောက်က နှလုံးကွဲနေတာတွေ့လိုက်ရပါတယ်။ လက်ဝှေ့အားက တော်တော်ပြင်း ပုံရပါတယ်။ အပြင်မှာ ဒါဏ်ရာမရှိပဲ အတွင်းကြေ ကြေတယ်လို့ပြောရမယ်ထင်ပါတယ်။ မြန်မာ၊ထိုင်းလက်ဝှေ့တွေကအလွန်အန္တရာယ်များပါတယ်။ အရေးကြီးတဲ့ သေစေနိုင်တဲ့အင်္ဂါ တွေရှိတဲ့နေရာတွေကို ထိုးခွင့်ရှိတယ်လို့ပြောပါတယ်။ အခုလိုယဉ်ကျေးလာတဲ့ လူ့အသိုင်းအ၀ိုင်းမှာ လူ လူချင်းထိုးသတ်တဲ့လက်ဝှေ့လိုမျိုး မရှိသင့်တော့ဘူးထင်ပါတယ်။ ကျမတော့ ဒီလိုထိုးသတ်တာ အားကစားလို့မမြင်ပါဘူး။ ပြိုင်တဲ့သူရော၊ကြည့်တဲ့သူရော အကုသိုလ်ပွါးဖို့ပဲရှိပါတယ်။

နောက်တစ်လလောက်နေတော့ လူအုပ်ကြီး ထမ်းစင်နဲ့ ထပ်ရောက်လာပါတယ်။ တောင်ကြီးကော်လိပ် (ယခုတက္ကသိုလ်) မှ ကျောင်းသားများစုပေါင်း ကန် သန့်ရှင်းရေး လုပ်ရာမှကျောင်းသားတစ်ယောက်ရေနစ်သေဆုံးသွားလို့ အလောင်းသယ်လာတာဖြစ်ပါတယ်။ ကျမလည်း လူအုပ်ကိုဆေးခန်းအပြင်ကို ထွက်ခိုင်းပြီး ထမ်းစင်ပေါ်က လူငယ် ကိုစမ်းသပ်ပါတယ်။ လူငယ်က သေဆုံးတာအချိန်အနယ်ငယ်ကြာခဲ့တာမို့သူ့ရဲ့ သူငယ်အိမ်တောင် ကျယ်ဝန်းနေပါပြီ။ လူငယ်ရဲ့ ပါးစပ်ကလည်း အမြုတ် ငယ်များ ထွက်ကျ နေပါတယ်။ ဒီအချက်က ရေနှစ်သေဆုံးတယ်ဆိုတဲ့သက်သေပါပဲ။ ဆေးပညာမှာ ထူးခြားသောလက္ခဏာ (characteristic signs) လို့ခေါ်ပါတယ်။ လူငယ်ရဲ့လက်မှာတော့ ဘာမှဆုပ်ကိုင် ထား တာမတွေ့ရပါဘူး။ များသောအားဖြင့်ရေနှစ်သေဆုံးသူများကြောက်အားလန့်အားနဲ့အနားမှာရှိတဲပစ္စည်းတွေကို အားကိုး တစ်ကြီးနဲ့ ဆွဲကိုင် တတ်ကြပါတယ်။ မြက်ပင်လေးကအစ ဆွဲကိုင်တတ်လို့ လက်ထဲမှာမြက်ပင်တွေ၊ သဲတွေ ဆုပ်ကိုင်ထားတာကို တော်တော်များများတွေ့ရတတ်ပါတယ်။

ရေနှစ်သေတာမျိုး၊ ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းသေဆုံးတာမျိုးဟာ ရာဇ၀တ်မှုကြောင့်သေဆုံးတာဖြစ်နိုင်တာမို့ တာဝန်ကျဆရာဝန်က အလောင်းကိုရင်ခွဲစစ်ဆေးရ ပါတယ်။ သေဆုံးလူငယ်က မူဆလင်ဘာသာဝင်ဖြစ်တာကြောင့် အလောင်းချက်ချင်းပြန်ယူချင်တယ်ဆိုလို့ အပြင်လူနာဌာနမှာ လူနာရှင်းတုံးရင်ခွဲရုံပြေးရပြန်ပါတယ်။ ရင်ခွဲရုံမှာ အလောင်းပေါ်မှာ အခြားသောဒါဏ်ရာများရှိမရှိစစ်ဆေးခြင်း၊ ကိုယ်တွင်းအင်္ဂါများ၌ သေစေနိုင်သောရောဂါများရှိမရှိ၊ အဆိပ်ခတ် ခံထားရခြင်းရှိမရှိတို့ကို စစ်ဆေးပြီး၊ ပိုမိုသေခြာ စေရန်အစာအိမ်အရည်များကိုဓါတ်ခွဲခန်းသို့ပို့စေခဲ့ပါတယ်။

ဓါတ်ခွဲခန်းအဖြေအရ အဆိပ်ခတ်ထားတာလည်းမတွေ့ရ၊ လူအများရှေ့မှာ ရေနှစ်သေဆုံးတာမို့ ဒီအမှုက သာမန်မတော်တဆ ရေနှစ်သေဆုံးမှုဖြစ်ပါတယ်။ ဒါပေမဲ့ အံ့သြစွာ

အလောင်းခွဲစိပ်ပြီး မေ့လောက်သည့်အချိန်မှာ ရုံးတော်မှာအစစ်ခံဖို့ဆိုပြီး ၀ါရမ်းရောက်လာပါတယ်။ တစ်သက်နဲ့တစ်ကိုယ် တရားရုံးဆိုတာလည်းမရောက်ဖူး၊ ၀ါရမ်းဆိုတဲ့ ရုံးအမိန့် ဆိုတာမျိုးလည်းတစ်ခါမှမရဖူးလို့ တော်တော်ထိပ်လန့်သွားမိပါတယ်။ မြန်မာပြည်စာတိုက်တွေရဲ့ အဲဒီအချိန်က အလွန်တာဝန်ကြေ (competent) ကြတာကြောင့် ရက်အတွင်း လာရမယ်ဆိုတဲ့ ၀ါရမ်းကို ကံကောင်းစွာ သွားရမဲ့နေ့ မနက်မှအချိန်မီရလိုက်ပါတယ်။ တရားရုံးကိုတစ်ယောက်ထဲ ရောင်လယ်လယ်နဲ့ရောက်သွားပါတယ်။

ကျမရဲ့ ဆရာဝန်စစ်ချက်ကိုသက်သေခံဖို့ သက်သေခံနေရာမှာထိုင်ရပါတယ်။ ရှေ့နေဆိုသူကကျမရဲ့ဆေးစစ်ချက်ကိုဖတ်ပြပြီး၊ ရေနှစ်သေဆုံးတာဟုတ်သလား၊ အခြား အကြောင်းကြောင့်ရောမသေနိုင်ဘူးလား၊သူများရေနှစ်သတ်တာရောမဖြစ်နိုင်ဘူးလားလို့မေးပါတယ်။ ကျမလည်း ရေနှစ်သေဆုံးတာဖြစ်ကြောင်း၊ သေနိုင်တဲ့ ဘာရောဂါမှ မတွေ့ ကြောင်း၊သူတစ်ပါးရေနှစ်သတ်တဲ့ဒါဏ်ရာတွေမတွေ့ရကြောင်းပြန်လည်းဖြေဆိုပါတယ်။ အဲ့ဒီအချိန်က ကျမအသက် ၃၀ ၀န်းကျင်ရှိပါပြီး၊ ဒါပေမဲ့ကျမကညှက်တယ်။ (ကြုံတုံးကြွား လိုက်အုံးမယ်။ အိမ်မှာဆို ကျမညီမတွေက ကျမကို မမညှက်လို့ စလေ့ရှိတယ်။ ဆေးကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ခုံနံပါတ်အတိုင်းထိုင်ရတယ်။ ကျမနားမှာ ကို - ထိုင်တယ်။ သူက ကျမနဲ့ပြောင်းပြန်ထွားကြိုင်တယ်။ အတန်းသားတွေက ကျမအဖေက ကျမကိုသိပ်ချစ်လို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအထိလိုက်လာတယ်လို့ထင်ကြတယ်တဲ့)

ရှေ့နေက ကျမကိုဆရာဝန်ပေါက်စဆိုပြီး အထင်သေးတယ်နဲ့တူပါတယ်။ ကျမဘယ်တုံးကဘွဲ့ရတာလဲတဲ့။ ကျမလည်း နှစ်ရှိပြီးလို့ပြန်ဖြေလိုက်ပါတယ်။ ဒီလို လူသေမှုမျိုး

ဘယ်လောက်မြင်ဘူးသလဲလို့ထပ်မေးပါတယ်။ သူဆိုလိုချင်တာက ကျမအနေနဲ့အတွေ့အကြုံ (experience) မရှိဘူး၊ ဒါကြောင့်ကျမရဲ့ဆေးစစ်ချက်တွေမမှန်နိုင်ဘူးလို့ ဆိုလိုချင်တာပါ။ ကျမလည်း ဟုတ်တယ်။ ကျမ ဆရာဝန် တာဝန်ထမ်းဆောင်ချိန်မှာတော့ ဒီအမှုဟာ ပထမဦးဆုံးသောရေနစ်သေဆုံးမှုဖြစ်တယ်။ ဒါပေမဲ့ ဆေးကျောင်းသူဘ၀မှာ အများကြီးမြင်ဖူးတယ်။ နောက်တစ်ချက်က ဒီအလောင်းမှာတွေ့ရတဲ့ ရေနစ်သေဆုံးသူတွေရဲ့ထူးခြားတဲ့လက္ခဏာတွေရှိတဲ့အတွက်ကြောင့် ရေနစ်သေဆုံးခြင်းကလွဲပြီးဘာမှမဖြစ်နိုင်ဘူးလို့ဖြေလိုက်ပါတယ်။ နောက်မှသိရတာက သေဆုံးသူရဲ့ဖခင်က ၎င်းရဲ့သား မသေဆုံးခင်က ခြေးငှါးထားတဲ့ငွေ ၅၀၀ ကျပ်ပြန်ရလိုလို့တရားဆွဲတာလို့သိရပါတယ်။ အဲ့ဒီအချိန်က ရွှေဈေး ၁၆၀၀ ကျပ် ပဲ ရှိ ပါတယ်။

အဲ့ဒီအမှုကိုသက်သေခံသွားရတဲ့နောက်ပိုင်းမှာကျမ အထူးကု တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နို့မို့ဆိုဆေးကုသတဲ့အလုပ်ထက် ပိုဥဏှောက်ခြောက်ရတဲ့ အလုပ်တွေနဲ့ အမြဲ ရင်ဆိုင်နေရတော့မှာပါ။ ဆုံးဖြတ်ချက်အပြင် ကျမညအိပ်ရာဝင်တိုင်း ဆုတစ်ခုလည်းအမြဲတောင်းပါတယ်။ အဲ့ဒီဆုကတော့ ကျမတာဝန်ကျချိန်မှာ ကလိမ်ကကျစ် မုဒိန်းမှုတွေ မလာပါစေနဲ့ ဆိုတာပါပဲ။

ကလိမ်ကကျစ် မုဒိန်းမှုဆိုတာ မကောင်းတဲ့မိန်းမတွေနဲ့ပျော်ပါးကြပြီးမှ မဒိန်းမှုအနေနဲ့တိုင်းတန်းတဲ့အမှုတွေပါ။ အဲ့ဒီလိုအမှုမျိုးမှာ အထက်ကလိုထူးခြားတဲ့လက္ခဏာတွေ မရှိတဲ့အပြင်၊တစ်ဘက်နဲ့တစ်ဘက် ဆေးပညာရဲ့အားနည်းချက်တွေကိုသိတဲ့ ရှေ့နေအကျော်အမော်တွေငှါးပြီး၊အပြန်အလှန်ခြေပကြတာမို့ကြားထဲကမြေဇာပင် ဆရာဝန် အရှက် ကွဲရမှာပါ။