ပြင်သစ်တွေ နွေရာသီဆို နေသာတဲ့ ပြင်သစ်တောင်ပိုင်းကို အပန်းဖြေခရီးထွက်လေ့ရှိပါတယ်။ အခုပုံမှာ ပါတဲ့နေရာက Paris မြို့ နဲ့ ကီလိုမီတာ ၆၀၀ ကျော်ဝေးတဲ့ Vivier လို့ခေါ်တဲ့မြို့က ရွာကြီးတစ်ရွာက ၁၂ ရာစုက ဆောက်ထားတဲ့အိမ်ကို Hotel အဖြစ်ပြောင်းထားပါတယ်။ သူငယ်ချင်း ပြင်သစ် piano ဆရာမက နွေရာသီ piano သင်တန်းကို အဲ့ဒီ Hotel မှာ ပြုလုပ်ပါတယ်။ ကျမက မြန်မာထမင်းချက် အနေနဲ့လိုက် သွားတာပါ။ သူငယ်ချင်းက ရန်ကုန်မှာ piano ဆရာဦးကိုကိုဆီမှာ မြန်မာ piano တွေ တစ်နှစ်သင်ခဲ့ဘူးပြီး မြန်မာ အစားအစာတွေ အထူးသဖြင့် အုံးနို့ခေါက်ဆွဲ အလွန်ကြိုက်ပါတယ်။ ကျမလည်း အလကား လည်ရ တဲ့အပြင် မြန်မာ အစားအစာတွေ လက်စွမ်းပြနိုင်မယ်ဆိုပြီး လိုက်သွား ပါ တယ်။ အဲ့ဒီနေရာရောက်တော့ ဒို့တိုင်းပြည်လည်း တစ်နေ့ သူတို့လိုဖြစ်ပါစေ၊ဖြစ်ရမယ်ဆိုတဲ့ဆန္ဒတွေ ဖြစ်မိပါတယ်။ အဲ့ဒီမှာ ရေပူ၊ရေအေး၊လျှပ်စစ်၊ ဓါတ်ငွေ့၊ internet ၂၄ နာရီရပါတယ်။ Hotel ကို၂၀၀၇ မှာ Le Routard ဆိုတဲ့ခရီးသွား စာ ဆောင်မှာ recommend လုပ်ထားပါတယ်။
Hotel ရဲ့အ၀င်။ အလယ်ကကျောက်တုံးကလွန်ခဲ့တဲ့ ၃ နှစ်က မိုးကြိုပစ်လို့ပြုတ်ကျသွားခဲ့တာပါ။
Hotel ရဲ့ဘေးဘက်ရှုခင်း။
Hotel ရဲ့ အနောက်ဘက်တစ်နေရာ။
စာတိုက်ပုံး။
အ၀င်လမ်း။
လမ်းဘေးအမှိုက်ပုံ။
Hotel ဘေးကသပျက်ခြံ။
ရွာလမ်းကလေး။
Piano ဆရာမနဲ့သင်တန်းသူတစ်ဦး။
No comments:
Post a Comment