:include data='blog' name='google-analytics'/>

Tuesday, June 30, 2015

အန်တီစုကို သမ္မတဖြစ်စေချင်ရင်..

အန်တီစုကို သမ္မတဖြစ်စေချင်ရင်..
~•~•~•~•~•~•~•~•~•~•~•~•~•
ရွေးကောက်ပွဲပြီးရင် အစိုးရဖွဲ့နိုင်ရမယ်။ 
အစိုးရဖွဲ့နိုင်ဖို့ ဖွတ်ထက်မဲများရမယ်။ 
မဲအသာစီးရရင် အန်တီ့ကို သမ္မတဖြစ်ခွင့်

ပိတ်ထားတဲ့ ၅၉(စ)ကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်တယ်။
ဘယ်တုန်းကမှမရှိတဲ့ ဘယ်လိုမှမဖြစ်သင့်တဲ့ဥပဒေ
ကို ပယ်ဖျက်ပြီး အသစ်ရေးဆွဲရမယ်။ အထူးဥပဒေလည်းပြ
ဌာန်းနိုင်တယ်လို့ ဥပဒေပညာရှင် ဦးကိုနီကရှင်းပြပါတယ်။
•°•ဘယ်လောက်မဲလိုလဲ?
ပြည်ထောင်စုလွှတ်တော်မှာ ၄၄၀နေရာရှိတယ်။
အနည်းဆုံး၂၂၁နေရာရမှစိုးမိုးနိုင်မယ်။
အမျိုးသားလွှတ်တော်မှာ ၂၂၄နေရာရှိတယ်။
အနည်းဆုံး ၁၁၃နေရာရမှ စိုးမိုးနိုင်မယ်။
၄၄၀မှာ တပ်က ၁၁၀ နေရာယူပြီးသားမို့ ၃၃၀ကျန်မယ်။
၂၂၄မှာ တပ်က ၅၆နေရာယူပြီးသားမို့ ၁၆၈ကျန်မယ်။
ဒါကြောင့် ၃၃၀နေရာမှာ ၂၂၁နေရာရဖို့ NLDကရေကုန်ရေ
ခမ်းကြိုးစားရမယ်။ ၁၆၈နေရာမှာ ၁၁၃နေရာရဖို့ စွမ်းအား
ကုန်ထုတ်သုံးကြရမယ်။
•°•ဘယ်လောက်နိုင်ခြေရှိလဲ?
တိုင်း၇တိုင်းမှာ ၁၀၀% နိုင်ရင် ၂၀၇နေရာရပါမယ်။ ပြည်နယ်မှာတော့ တိုင်းရင်းသားပါတီ ၃၂ပါတီရှိလို့ နိုင်ချေနည်းပါလိမ့်မယ်။
ပြည်ထောင်စုလွှတ်တော်အတွက် ၁၄နေရာလို
ပါလိမ့်မယ်။ (၂၂၁-၂၀၇=၁၄)
အမျိုးသားလွှတ်တော်အတွက် ပြည်နယ်က၈၄နေရာ၊ ပြည်မ
က ၈၄နေရာမို့ ပြည်မ၁၀၀%နိုင်ရင် ၂၉နေရာလိုပါလိမ့်မယ်။
(၁၁၃-၈၄=၂၉)
•°•ဘယ်လိုလိုတာဖြည့်မလဲ?
ရွေးကောက်ပွဲပြီးရင် လွှတ်တော်မှာအုပ်စု၃စုသာရှိပါတော့
မယ်။
NLD၊ ဖွတ်ပါတီ+တပ်ရယ် တိုင်းရင်းသားပါတီဆိုပြီး
ရှိပါလိမ့်မယ်။
NLDအနေနဲ့ တိုင်းရင်းသားပါတီများနဲ့မဟာ
မိတ်ဖွဲ့ပြီး အစိုးရဖွဲ့လို့ရပါပြီ။
•°•မျှော်မှန်း%ဘယ်လောက်လဲ?
ဖွတ်ပါတီက တပ်၂၅%+ ၁၅%ရနိုင်ပါတယ်။
NLDကလည်း ၄၀-၄၅%ကြားရနိုင်ပါတယ်။
တိုင်းရင်းသားပါတီပေါင်းစုံကလည်း ၂၀-၂၅%ကြားရမှာပါ။
•°•ပြည်သူ့အားလိုပါသည်။
NLDအားကိုးသော တိုင်း၇တိုင်းတွင် အနိုင်ရရန် ပြည်သူများက ယခုထွက်ရှိပြီးသောမဲစာရင်းအား
သေချာစစ်ရမည်။
မပါရင် ပါအောင်ပြန်တင် မှားတာပြင် မိမိဘက်ကလုပ်ပေး
နိုင်တာ ကူညီနိုင်တာ နိုင်ငံ့ရှေ့ရေး မိမိတို့မျိုးဆက်ပေါင်းများ
စွာရဲ့အရေးအတွက် မဲစာရင်းဝင်ဖို့ အထူးလိုအပ်ပါသည်။
အများစုစိတ်ထဲ အန်တီစုသမ္မတမဖြစ်တော့ဘူး၊ ဘာလို့မဲပေးတော့မလဲလို့တွေးနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်အောင် ကျမတို့က
သာလုပ်ပေးနိုင်သူပါ။
မိမိရဲ့စွမ်းအား မိမိရဲ့မဲတပြားက သမိုင်းကိုပြောင်းပြန်လှန်နိုင်ပါတော့မယ်။
နောင်တခေတ်ရဲ့မြန်မာ့သမိုင်းသင်ရိုးမှာ
၂၀၁၅ပြည်သူတွေရဲ့ သမိုင်းကရဲရဲ
တောက် သမိုင်းဝင်ပါတော့မယ်။
ကျမတို့နိုင်ရမှာ ပြည်သူ ၈.၉သန်းလောက်ရဲ့မဲပါ။
ဘာလို့မရရမှာလဲ။
ကျမတို့မလိုချင်တာကိုဖယ်ဖို့ လိုချင်တာကိုတင်
မြှောက်ဖို့ ကျမတို့လုပ်ရမှာ မဲစာရင်းမှန်ဖို့တခုတည်းပါ။
ဒီလောက်လွယ်တဲ့ကိစ္စ ကျမတို့ပြည်သူဘာလို့မလုပ်နိုင်ရမှာ
လဲ။
ကျမတို့ညီညွတ်စွာ စည်းလုံးစွာ ယုံကြည်စွာ အန်တီစု
အတွက် မဲစာရင်းသာကူညီကြပါစို့..................!!
(ဆရာဦးကိုနီဖြေကြားချက်ကို ဆီလျော်အောင်ရေးသား
ပါသည်)
Credit»»» Daw Htwe Htwe Lwin

Sunday, June 28, 2015

အပျိုကြီးဂုဏ်

အပျိုကြီး များ သဘောတူတယ်ဆိုရင် LIKE tongue emoticon
အပျိုကြီးဂုဏ်
တကယ်ဆို ကိုယ်တွေကစင်ပေါ်က၊
ခြေချုပ်ကျသွားတဲ့ သူတွေကသာ
စွပ်စွဲချင်နေကြတာ။ တစ်သက်တာလုံး
မုဆိုးမ မဖြစ်တော့တဲ့သူ........... ။
မိဘရင်ခွင်ဟာ အအေးချမ်းဆုံးဆိုတာ
နောင်တမရခင် သိခွင့်ရသူ............။
သားဆိုးအမေ လင်ဆိုးမယား ဆိုးလိုက်တဲ့
ဂုဏ်ဒြပ်တွေ အဲ့ဒီ့ ဝဋ်တွေ မခံရတဲ့ ပညာရှိ............။
အပျိုကြီးဆိုတာ ဘယ်တော့မှ
မကြွေတဲ့ ပန်းတစ်ပွင့်.........။
ပိုက်ကွန်ပေါင်းများစွာလက်က
ရုန်းထွက်နိုင်လာတဲ့ လင်းပိုင်ငါးလှလှလေး............။
အင်္ဂလန်ရဲ့ ရွှေခေတ်ထူထောင်ခဲ့တဲ့
ဘုရင်မ ပထမ အယ်လီဇဘက်
( 1533 - 1603 ) ၊
အဲ့ဒါ အပျိုကြီးရာဇဝင်ရဲ့ လျှမ်းလျှမ်းတောက်.......။
ကလေးလား ?.....
ချစ်တက်ရင် တစ်ကမ္ဘာလုံးက ကလေး
ကိုယ့်ကလေး။
မာသာထရေဇာ အိမ်ထောင်မပြုပေမယ့်
တစ်လောကလုံးရဲ့ အမေ . . .။
အပျိုကြီးဆိုတာ မိန်းမတွေဟာ
ယောက်ျားတွေအတွက် မွေးဖွားလာတာ
မဟုတ်ဘူးလို့ သက်သေပြနေတဲ့
အလှဘုရင်မတွေ . . . ။
မုဆိုးတိုင်းရဲ့ ပစ်မှတ်ဖြစ်ဖူးတဲ့
ရွှေသမင်မလေးပေါ့ မြှားချက်တိုင်းကို
လွတ်မြောက်နိုင်ခဲ့တဲ့သူ... ။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့
ဟိုက သစ်သီးပန်းမန် ဒီက လူသား . . . ။
ကဲ … ဘာဆိုင်လို့လဲ ?
ဖန်စီလေးတွေ ဘယ်လောက်လှလှ ခဏပါပဲ။
စိန်ပွင့်တလုံးကမှ ဘယ်တော့မှ
တန်ဖိုးမကျတာ။
ဝိုင်တစ်ခွက်လို သက်တမ်းရင့်လေ
တန်ဖိုးတက်လေပဲ . . .။
အပျိုကြီးဆိုတာ …
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေ ။
ဒုက္ခမရှာတဲ့ လူသား
လွတ်လပ်ဆဲ ငှက်လေး။
ကိုယ့်အချိန်ကိုယ် ပိုင်ဆိုင်တဲ့သူ။
အလှမပျက်တဲ့ ပန်းချီတစ်ချပ်။
မိဘကို တစ်သက်လုံး လုပ်ကျွေးပြုစုနေတယ့်
နတ်ပြည်တက်မယ့် သူလေးတွေ . . .။
credit - Ulay Kyi ( ကိုလင်း )

Saturday, June 27, 2015

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ


ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ
သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာလိုက်ပါတယ်။ကိုယ်အလေးချိန်ကိုထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်မသောက်တာတွေဟာ ကင်ဆာ
ကို ကာကွယ်ဖို့အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်းကင်ဆာဖြစ်နိုင်ခြေ
ကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ် ၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ
စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။
၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ
နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ်လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချနိုင်ပါတယ်။
Tip!
သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ
သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင် -
၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။
၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။
နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။
၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ
ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြု
တာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေထုတ်လုပ်နိုင်အောင်လှုံ့ဆော်မှုပေးပြီးကင်ဆာဆဲလ်
ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်
အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။
Tip! အာလူးကြော်ကို ရှောင်ပါ
အာလူးလိုမျိုး ကစီများတဲ့အစာကိုအပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင်ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ
ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။
၎။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ
စတော်ဘယ်ရီသီးမှာများစွာပါဝင်တဲ့အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်
ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ်အတောက်တွေကြောင့်
ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ
တယ်။
၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ
အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို
ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်းသွားနိုင်တယ်လို့ သုတေ
သီတွေက ဆိုပါတယ်။
၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ
သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချနိုင်တယ်
လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်
သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်
တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ကျန်းမာရေးဗဟုသုတများရယူဖို့

ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေမည်းနေရင်

ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေမည်းနေရင်
--------------------------------------------------------
စကပ်အတို၊ ဘောင်းဘီအတိုလေးတွေလည်း ၀တ်လို့မရ၊ ဖိနပ်လှလှလေးတွေ စီးရင်တောင် မလှနဲ့ တကယ်စိတ်ညစ်ရတယ်နော်။ အဲဒီတော့ သူငယ်ချင်းလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ၀တ်ချင်တာဝတ်လို့ရအောင် တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိတွေ ဖြူစေတဲ့ နည်းလမ်းတွေကို ပြောပြမယ်နော်။
၁ . ဗီတာမင်အီး၊ သံပုရာရည်၊ ဂလစ်စရင်း လက္ဘ်ရည်ဇွန်းတစ်ဇွန်းစီနဲ့ နွားနို့စိမ်း စားပွဲတင်ဇွန်း ၄ ဇွန်းပေါင်းပြီး သမအောင်မွှေပါ။ ပြီးတော့မည်းနေတဲ့နေရာမှာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လိမ်းထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။
၂ . သံပုရာသီး / သံပရိုသီးကို ခြမ်းပြီး အတွင်းသားနဲ့ပွတ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေနွေးစွတ်ထားတဲ့ တဘတ်လေးနဲ့ ပွတ်တိုက်ပေးရမှာပါ။
၃ . အုန်းဆီ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုရာရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီးတော့လည်း သုံးနိုင်ပါတယ်နော်။ ၁၅ မိနစ်လောက် လိမ်းထားပြီးတော့ ရေနွေးစွတ်ထားတဲ့ တဘတ်လေးနဲ့ပဲ ပွတ်တိုက်ပေးပါ။
၎ . ခန္ဓာကိုယ် ဂျီးတွန်းတဲ့အခါ Scrub တွေသုံးတဲ့အခါ ဒူးတွေကိုလည်း မကျန်ခဲ့ပါစေနဲ့။ ဒါပေမယ့် အရမ်းကြီးလည်း မပွတ်တိုက်ပါနဲ့။ အရမ်းကြမ်းကြမ်းကြီး ပွတ်တိုက်မိတဲ့အခါ အရေပြားက ပိုမည်းသွားနိုင်လို့ပါ။
၅ . အရေပြားတွေမှာ အစိုဓာတ်ရှိနေဖို့ကလည်း အရေးကြီးတာမို့ ညအိပ်ယာဝင်ခါနီး သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း သံလွင်ဆီကို တစ်နေ့ ၂ ကြိမ်လိမ်းပေးတာတို့ လုပ်ပေးနိုင်ပါတယ်။
အကောင်းဆုံးဆိုတဲ့နည်းလေးတွေကို ရှာပေးပြီးပြီနော်.. သူငယ်ချင်းတို့ လုပ်ကြည့်ဖို့ပဲလိုတယ်..း)
Posted by စိတ်ကူးပျော်ရာ

Friday, June 26, 2015

အပူချိန် မြင့်တက်လာနေသော ရွေးကောက်ပွဲ ရာသီဥတု

အပူချိန် မြင့်တက်လာနေသော ရွေးကောက်ပွဲ ရာသီဥတု
=====================================
ဦးရွှေမန်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သူ့ကို သမ္မတဖြစ်ရေး ထောက်ခံလာရန် ဆွဲဆောင်ရန် ကြိုးပမ်းတဲ့ ပထမ ခြေလှမ်းအဖြစ် ၄၃၆ ပြင်ဆင်ရေး ကို လွှတ်တော်မှာ ဆွေးနွေးဘို့ ခွင့်ပြုခဲ့ပါတယ်။
တကယ်တော့ ၄၃၆ (က) ဆိုတာဟာလည်း စစ်မှန်သော ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အဓိက အတားအဆီးဖြစ်နေတာကြောင့် ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးကို အမှန်လိုလားသူတိုင်း မမေ့မလျော့ သတိပြုသင့်တဲ့ အရာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အခုကိစ္စကလည်း ပြည်သူဆန္ဒမပါပဲ လွှတ်တော်ထဲ လာထိုင်နေကြတဲ့ တပ်မတော် ကိုယ်စားလှယ်များကို ပြည်သူတွေရဲ့ အရေးကိစ္စတွေမှာ ၀င်ရောက်ချယ်လှယ်ခွင့် မရအောင် မောင်းထုတ်နိုင်ရေး ကြိုးပမ်းမှု ဖြစ်ပါတယ်။
အခုတင်သွင်းတဲ့ ဥပဒေ မူကြမ်းတခုက ၇၅% အစား ၇၀% အထိ စစ်တပ်က discount ပေးထားပေမယ့် ဒီချုပ်မှ တင်သွင်းတဲ့ ဥပဒေကတော့ ၆၅% အထိ ရဘို့ ဈေးစစ်ထားတာ တွေ့ရပါတယ်။ ၇၀% နဲ့ ပြင်ရင်တောင်မှ အရွေးချယ်ခံထားရတဲ့ ကို.်စားလှယ် ၉၅ % နီးပါး ထောက်ခံမှပဲ ရနေတဲု့အတွက် သေချာတွက်ချက်ပြီး လိုက်လျောခဲ့တာ ပေါ်လွင်နေပါတယ်။
ဒါဟာလည်း အခု ရွေးကောက်ပွဲ ပြီးနောက်မှ အကြုံးဝင်ဘို့ရှိကောင်း ရှိနေတဲ့ ဥပဒေကြမ်းပါ၊ အခုလာမယ့် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်လာစရာ အကြောင်းမရှိပါဘူး၊
နောက်တခု ပြင်ဆင်ဘို့ရှိနေတာက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကိစ္စပါပဲ၊ လက်ရှိ ဖွဲ့စည်းပုံအရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာမှ မဲဆန္ဒပေးပိုင်ခွင့် ရှိသူများ၏ တ၀က်ကျော်အတည်ပြုမှ ဆိုပါတယ်။ ဒီကိစ္စကို မဲ လာရောက်ထည့်သူများရဲ့ တ၀က်ကျော် ဖြစ်ရဘို့အတွက် ပြင်ဘို့ရှိနေပါတယ်။
သို့ဆိုက မဲဆန္ဒပေးပိုင်ခွင့် ရှိသူများ ၁၀ သန်း ရှိသည် ဆိုကြပါစို့၊ မည်မျှ ပမာဏ ပင် မဲလာထည့်ပါစေ အနည်းဆုံး ၅ သန်းရှိမှ အတည်ဖြစ်မယ့် သဘောရှိနေတာကြောင့် ဖြစ်ပါတယ်။
စစ်တပ်ကတော့ နောက် ငါး နှစ် သက်တမ်းအတွင်းတောင် အပြင်မခံဘူးလို့ အကြောက်အကန် ငြင်းဆန်နေတာဟာလည်း စိတ်ဝင်စား ဘို့ ကောင်းလှပါတယ်။ ဒီဖွဲ့စည်းပုံမှ မပြင်နိုင်ဘူးဆိုရင် နောက်ဘယ်အစိုးရတက်လာပါစေ စစ်တပ်က သူတို့ အကျိုးစီးပွားကို ကာကွယ်ဘို့ ဗီတိုအာဏာနဲ့ ပယ်ချနေမှာ ဖြစ်ပါတယ်။ လက်ရှိ ဦးသိန်စိန် အစိုးရ ကနေ လူကြိုက်မများတဲ့ ရွှေတိဂုံ စေတီတော် အရေးတောင် ရေငုံနှုတ်ပိတ်နေကြရပြီး စစ်တပ်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး နဲ့ နယ်လုံဝန်ကြီးဆိုသူ ကိုယ်တိုင်လာရောက်ပြီး ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ ကတိပေးရဲတာမျိုး ကို ကြည့်ရင် သူတို့ခန့်ထားတဲ့ ဦးသိန်းစိန် အစိုးရတောင်မှ ရုပ်သေး အဆင့်သာသာ ရှိပြီး ဘာမှ လုပ်မရတဲ့ အနေအထားဆိုတာ ပေါ်လွင်နေပါတယ်။
ထို့အတွက် မြန်မာပြည်ရဲ့ အနာဂါတ်မှာ ပြည်သူတွေ အကျိုးအတွက် ရဲရဲတင်းတင်း လုပ်သင့်တာကို လုပ်နိုင်ဘို့၊ သူတို့မျက်နှာ ကြည့်မနေရဘို့ ဆိုတာတွေအတွက် ယင်းဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးဟာ အခရာ ကျလှပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲံချုပ်ရဲ့ ပြီးခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေးမှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မလားဆိုတာ အတည်ပြု ကြေငြာရေး အများမျှော်လင့်ခဲ့ကြပေမယ့် တမျက်နှာ ကြေငြာစာတမ်းပွဲ ထွက်လာပြီး ဒီကိစ္စကို နောက်မှ ကြေငြာသွားမယ်လို့ ဆိုပါတယ်။ စောစောစီးစီး ကြေငြာလိုက်ပြန်ကလည်း နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများအားလုံး တရားမ၀င်ဘူးလို့ အစိုးရမှ ပြောလို့ရတာလည်း သတိထားနေတဲ့ သဘောကို ဒီနေရာမှာ တွေ့ရပါတယ်။
တကယ်လို့ ပြိုင်ဖြစ်ခဲ့ရင် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို စီစစ်မယ်ဆိုတာတော့ ဗိုလ်ချုပ်သမီး ပီပီ ပြတ်ပြတ်သားသား ကြေငြာပြီး လက်ရှိအာဏာရ ပါတီကို အခုလို စိန်ခေါ်သွားပါပြီ။
"ကျမတို့ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ ထားမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်ဆိုရင် ကိုယ်စားလှယ်လောင်းများ အားလုံးဟာ မိမိတို့ရဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊
မိမိတို့ရဲ့ ဇနီးခင်ပွန်းများရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊
မိမိတို့ရဲ့ ၁၈ နှစ်အောက်သားသမီးများရဲ့ နာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်…
ဘဏ်အကောင့်ရှိရင်လည်း နံပါတ်ကိုပေးရမှာဖြစ်ပါတယ်… စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်မှူရှိရင် ဒါတွေအားလုံးကို တင်ပြရမှာဖြစ်ပါတယ်…
ဒီလိုကျမတို့ လုပ်တယ်ဆိုတာဟာ ဘာဖြစ်လိ့လဲဆိုတော့ ကျမတို့ဟာ နိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်မဲ့ ပုဂ္ဂိုလ်တွေ အဂတိလိုက်စားမှု လုံးဝကင်းစင်ဖို့ လိုပါတယ်…
ဒါကိုဦးတည်ပြီးတော့ လုပ်သွားမှာပါ…
နောက်ပြီးတော့လည်း ကိုယ်စားလှယ်လောင်းလုပ်ချင်သောသူများ ကိုယ်စားလှယ်လောင်းများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် အချိန်မရွေး
မိမိတို့ရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်းတွေရော
မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေရော
မိမိတို့ရဲ့ မိသားစုများနဲ့ အခြားနီးစပ်သူများရဲ့ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေရော
အပြောင်းအလွဲများရှိခဲ့လို့ရှိရင်
အပြောင်းအလွဲဆိုတာ ပိုများလာတယ်လိုပြောတာပါ…
ကိုယ်စားလှယ်လောင်းမဖြစ်ခင်တုန်းက အိမ်တလုံးကနေပြီးတော့ ကိုယ်စားလှယ်ဖြစ်ပြီးမှ အိမ်ဆယ်လုံး ဖြစ်သွားတယ်ဆိုပါတော့…
ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ဆိုရင် အဖွဲ့ချုပ်အနေနဲ့ မေးမြန်းစုံစမ်းတဲ့အခါ မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ ခံဝန်ချက်ကိုလက်မှတ်ထိုးပြီးတော့ ကျမတို့ဒါကိုလက်ခံရမှာဖြစ်ပါတယ်…
(ဒေါ်အောင်ဆန်းစုကြည်)
ပြည်သူများအနေနဲ့လည်း ဒီလို ရဲရဲတောက် စီစစ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်သန့်သန့်နဲ့ မဲပေးနိုင်ကြပြီး ခိုးစားနေတဲ့ သူတွေကို မဲပေးရင် ကိုယ်ကိုတိုင် အကျင့်စာရိတ္တမကောင်းတဲ့ ခိုးရာပါ ပစ္စည်း လက်ခံတဲ့ သူမျိုး ဖြစ်သွားမယ်၊ အန္ဒိနကံဆိုတာ ကိုယ်တိုင် ကျူးလွန်မှ မဟုတ်ဘူး၊
အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်များသည်လည်း ကုလားမုန်းတီးရေး ဒုတ်ဆွဲဓါးဆွဲ တရားများအပြင် နိုင်ငံသားများအား မြင့်မြတ်သော ကိုယ်ကျင့်တရားများ တန်ဘိုးထားလာကြစေရန်ထည့်သွင်း ဟောကြားခြင်းသည်လည်း အမျိုးဂုဏ်ကို စောင့်လျောက်ရာ ကျပါတယ်။
မြန်မာပြည်တွင် အထွေထွေ အကျင့်စာရိတ္တ ယို့ယွင်း ကျဆင်းလာနေမှုဟာ တိုင်းပြည်အနာဂါတ်အတွက် အင်မတန် ကြောက်စရာ ကောင်းတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာနေပြီဆိုတာ တင်ပြလိုက်ရပါတယ်။
HSW

Wednesday, June 24, 2015

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ???

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ???
မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ..
လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။
အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။
Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။
ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။
မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။
ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။
ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (MMAS)
Credit : Myanmar Mobile App Store

Monday, June 22, 2015

မြန်မာ့ဆေးဖက်ဝင် ကြောင်လျှာပင် - သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin

မြန်မာ့ဆေးဖက်ဝင် ကြောင်လျှာပင် - သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin

တစ်လအတွင်း ဆံပင်သန်စွမ်းနက်မှောင်စေမည့်နည်း

တစ်လအတွင်း ဆံပင်သန်စွမ်းနက်မှောင်စေမည့်နည်း
---------------------------------------------------------
ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို
အကြံပေးချင်ပါတယ်။ တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများရအောင် နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။
(၁) ဆံကေသာအတွက် (curry leaves) ပျဉ်တော်သိမ်ရွက်ကို ကျိုရမယ့်အပိုင်းပါ၊
ပျဉ်တော်သိမ်ရွက် အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်၊ သံပုရာတစ်လုံးကို
အရည်ညှစ်ယူပြီး သကြား အနည်းငယ် ထည့်ပေးပါ။ ပျဉ်တော်သိမ်ရွက်က အစာခြေ
စနစ်အတွက် အထူးကောင်းမွန်ပြီး ဆံကေသာ ပြသနာ အတော်များများကို ကူညီ
ဖြေရှင်းပေးပါတယ်။ ဒါကို သောက်ပေးရမှာဖြစ်ပါတယ်၊
(၂) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ Hair mask တစ်ခုခုပြုလုပ်ရပါမယ်။ ပျဉ်တော်သိမ်
အနည်းငယ်ယူပြီး ပျစ်ပျစ်လေးဖြစ်အောင် ကျိုလိုက်ပါ၊ အဲဒါကို ဒိန်ချဉ်နဲ့ ရောစပ်ပြီး
ဆံပင်ကို လိမ်းပြီး အဲဒီအတိုင်း ဦးရေပြားပေါ် ၂၅ မိနစ်ခန့်ထားပြီး ဆံပင်ကို ခေါင်း
လျှော်ရည်ပျော့ပျော့နဲ့ လျှော်ပေးပါ။ အဲဒီအတိုင်း တစ်ပတ် ၁ ကြိမ် လုပ်ပေးပါက
အချိန်တိုအတွင်း ဆံပင်တွေ ရှည်ထွက်လာတာ တွေ့ရပါလိမ့်မယ်။ ဆံကေသာကို
နက်မှောင် လင်းလက်တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်။
(၃) ဆံပင်ကျွတ်ခြင်းကင်းဖို့ ဆံပင်သန်ဆေးပြုလုပ်ရပါမယ်။ ပျဉ်တော်သိမ် အနည်းငယ်နဲ့ အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါ။ အဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင် ပိုကြီးထွားမြန်စေပါတယ်။ ဒီနှစ်ခုကို အနက်ရောင် အနယ်ထိုင်သွားတဲ့အထိ ပွက်ပွက်
ဆူအောင် တည်လိုက်ပါ။ အနယ်ကျသွားပြီးလို့ အေးလာတဲ့အခါ ဦးရေဖျားတစ်ခုလုံးလိမ်းပေးပါ။ ၁ နာရီကြာအောင် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့နဲ့ ဆေးချရပါ
မယ်။ ဒီဆံပင်သန်ဆေးကို တစ်ပတ် ၂ ကြိမ်စလိမ်းပြီးလို့ ၁၅ ရက်အတွင်း အကျိုးရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီအဆီက ဆံပင်ကြီးထွားစေရုံ မဟုတ်ဘဲ ဆံပင်
မဖြူအောင်လည်း ကာကွယ်ပေးပါတယ်။ ဒီနည်းလမ်းဟာ ဆံပင်သန်စွမ်းခြင်းနဲ့
ကြီးထွားဖို့အတွက် အကောင်းဆုံး နည်းဖြစ်ပါတယ်။
Ref:darkhouse.in
RoyalHeroMedia
Like · Comment ·
 · 3136344

Sunday, June 21, 2015

ဆေးသောက်လျှင် ဒါတွေသတိထားပါ

ဆေးသောက်လျှင် ဒါတွေသတိထားပါ
------------------------------------------
ဆေးသောက်လျှင် ရေနှင့်သောက်သည်ကို မသိသူမရှိပေ။ သို့သော် ဤလွယ်ကူ၍ အရေးကြီးသော ကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။
ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့် (ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။ ဆေးအာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေးမှုန့်၏ အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသော အမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲစုပ်ယူခံနိုင်မည်။
ဆေးသောက်ပြီး ရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမိုမြန်ဆန်မည်။ ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတခွက် သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊ ဆေးတောင့်တို့ သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။
( ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံ၊ ပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။
( လှဲလျက် မသောက်ရ)
ဆေးသောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျက် ဆေးမသောက်ရ။ ဆေးသောက်ပြီး ချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။
(အိပ်ခါနီး သောက်လျှင်)
အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး ၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။
(နွားနို့နှင့် မသောက်သင့်)
ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေးမှုန့်လေးများ၏ ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။ ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့် ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။
ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊ ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ။ ရေနွေးနွေးနှင့်သာ သောက်သင့်ပါသည်။ ဆာလ်ဖာဆေးဝါးသောက်လျှင် ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။
အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ သောက်လျှင်လည်း ရေများများသောက်ရန် လိုအပ်သည်။ သို့မှသာ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။ သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသော်ကရမည်ဟူ၍ကား မဟုတ်ပေ။
အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှ ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။
credit to ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)


ကျွန် လို့ခေါ်ရက်လား

နိုင်ငံခြားရောက် ကျွန်တွေတဲ့လား
သူများနိုင်ငံမှာ ကျွန်ဖြစ်ဖို့အတွက် လွယ်တယ်လို့
မထင်လိုက်ပါနဲ့
နုပျိုခြင်းတွေ ငွေနဲ့လဲရမှ
မိမရှိ ဖမရှိ ဆွေမရှိ မျိုးမရှိ တဲ့နေရာမှာ
နေရဲတဲ့ ''ဇ'' ရှိမှ. . . .
နေမကောင်းလို့ မထနိုင်တာတောင်
ဖေးမတဲ့သူမရှိလို့
ဆေးတစ်ခွက်သောက်ဖို့တောင်
ကိုယ်ထူကိုယ်ထ အားရှိမှ.. . . .
မြန်မာဆိုရင်မချဉ်အောင် လို့
နေတတ်အောင်နေရတဲ့
နိုင်ငံတာဝန်သေးသေးလေး
ထမ်းဆာင်နေရတဲ့ သိတတ်မှု ရှိမှ. . .
ဘာသာစကား အခက်အခဲ ချွေးပြန်နေရတဲ့ကြားထဲ
အထင်သေးမျက်လုံးတွေကြား အားခဲ သီးခံပြီး
ကြိုးစားနိုင်မှ. . . .
ငွေရရက် တစ်ရက်လေးပျော်ဖို့အရေး
တစ်လလုံးလုံး ကြိတ်မှိတ်သည်းခံစိတ်ရှိမှ. . . . .
အဝေးက အဆောင်အယောင် ရိုးရာပွဲတွေ
အာသာပြေကျေနပ်ရဲမှ. . . . . .
လူတစ်ယောက်ရဲ့ လုံလောက်တဲ့ အိပ်စက်ချိန်
၈'''နာရီဆိုတာကို အံတုလို့ နေ့စဉ်ရက်တိုင်း
၆'''နာရီတောင် မလုံလောက်တဲ့ အိပ်ချိန်တွေကြား
နှိုးစက်သံကြား ခပ်ယဲ့ယဲ့အားအင်တွေကို
မာန်တင်းလို့ တစ်နေ့တာ အစပြုဖို့ နိုးထားရတဲ့
ဘဝတွေကို ကိုယ်ချင်းစာနိုင်ပါစေ. . . . .
ဒီ ''ဇ'' မရှိရင် ကျွန်ဖြစ်ခွင့်မရှိဘူး
သူတစ်ပါးဆီက မတရားအနိုင်ကျင့် ခိုးစား
ခေါင်းပုံ ဖြတ်နေတာလည်းမဟုတ်ရပါဘူး
ကိုယ့်ဘဝကိုယ် ရောင်းစားနေတာမဟုတ်ဘူး
ကိုယ့်သိက္ခာ ကိုယ်ရောင်းစားနေတာ မဟုတ်ဘူး
ရိုးသားစွာ ရပ်တည် ပင်ပန်းကြီးစွား ရုန်းကန်နေကြ
ရတာ . . .ကိုယ့်ကိုယ်ကို ကိုယ်အားကိုး
ကိုယ့်အလုပ် ကိုယ်ကြိုးစားနေရတဲ့ဘဝမှာ
သင့်ရဲ့ ကိုယ်ချင်းစာစိတ်ကို အရောင်ဆိုးလို့
ကျွန်လို့ခေါ်ရက်သလား. . . . . .
ငါတို့ရိုးသားမှုရှိရင် '''သခင်''ပဲ
လက်ညှိုးထိုးတတ်သူတွေသာ. . . . .!!!!!!!!!!!!!!!!!!!
(ပြန်လည်ကိုးကားထားပါသည်)

တွေးမိတိုင်း ရင်မောရပါသည် -----------------------------------

တွေးမိတိုင်း ရင်မောရပါသည်
-----------------------------------
လူတယောက်ဟာ ဆယ်တန်းအောင်ဖို့ 
အနည်းဆုံး ဆယ်နှစ်ပေးဆပ်ရတယ်
ဘွဲ့ ရဖို့ ဆိုရင် ဆယ့်ငါးနှစ်ခန့် ပေးဆပ်
ခဲ့ရတယ်
အဲဒီဆယ်နှစ်ဆယ့်ငါးနှစ်အချိန်တွေမှာ
မိဘတွေရဲ့ပေးဆပ်မှု့တွေကလည်း
အများကြီးပဲ ကိုယ်လည်း ဘာဝင်ငွေမှ
မရှာနိုင်ပဲ ပညာတွေကို သင်ခဲ့ရတယ်
ဆယ်နှစ်ဆယ့်ငါးနှစ်အချိန်ဆိုတာ
လူ့ သက်တမ်း တစ်ရာမှာ အင်မတန်
အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ
အပြင်မှာအလုပ်လုပ်မယ်ဆိုရင် ဝင်ငွေ
တွေအများကြီးရှိနိုင်ပါတယ်
ပေးဆပ်မှု့ပေါင်းမြောက်မြားစွာနဲ့ ပေးဆပ်
လာခဲ့ပြီး ထိုက်သင့်တဲ့ ပညာဥာဏ်တွေ
တတ်လာခဲ့ကြတယ်
လူ့ လောကအခေါ်အဝေါ်အရဆိုရင်
ပညာတတ် လူငယ်တွေပေါ့
ပညာတတ်လူငယ်တွေ အဖြစ်ရပ်တည်
နေချိန်မှာ သိပ္ပံပညာရဲ့တိုးတက်မှု့ကြောင့်
အချိန်တိုအတွင်းမှာ အများကြီးခရီးရောက်
အောင်ဖေါ်ထုတ်နိုင်ခဲ့ကြတယ်
fb ဆိုတာတခုတည်းကိုပဲ လေ့လာကြည့်ပါ
တလောကလုံးအကြောင်းအရာတွေ
တကမ္ဘာလုံးကအကြောင်းအရာတွေ
မိမိသိချင်တာမှန်သမျှ ကိုယ့်အိမ်ကနေ
ရှာဖွေကြည့်ရှု့နိုင်တယ်
မိတ်ဆွေကောင်းတွေရနိုင်သလို
နိဗ္ဗါန်ရောက်ဖို့ တရားတော်တွေကို
ရှာဖွေလေ့လာ လို့ ရတယ်
တကမ္ဘာလုံးက ခေတ်ပညာတက်လူငယ်
တွေဟာ ဥာဏ်ကို အစွမ်းကုန်ဖွင့်ပြီး
လူ့ လောကကောင်းကျိုးအတွက်ဖေါ်ထုတ်
နေကြတယ်
မြန်မာနိုင်ငံ့က ခေတ်ပညာတက်လူငယ်
တွေရဲ့ fb သုံးစွဲပုံနဲ့  သုံးစွဲတဲ့အကြောင်း
အရာတွေကို လေ့လာကြည့်လိုက်တော့
မနားတမ်းသုံးတယ်
ဖုန်းပူအောင်သုံးတယ်
ဒါပေမဲ့ ဂိမ်းဆော့တာ များတယ်
fb မှာတက်လာတဲ့အကြောင်းအရာတွေ
ကို လေ့လာကြည့်လိုက်တော့
ငိငိ
ခိခိ
အာ့လာပြောတာ
ပုံတင်မယ်နော်
--- -ကိုခင်ရင် ပြန်ပြောကြပါနော်
ဒါတွေပဲ တနေ့ တနေ့ တွေ့ နေရတယ်
ဆယ်နှစ်ဆယ့်ငါးနှစ်သင်ခဲ့ရတဲ့
ပညာတွေက ဒါ့ပဲ ရေးတင်တတ်သလား
ဘာသာရေး အမျိုးသားရေး
လူသားအကျိုးပြုစာပေ တွေကိုရော
မရေးတတ်တော့ဘူးလား
လို့  မေးချင်ပါတယ်
ဘာသာရေး နိုင်ငံရေး အမျိုးသားရေး
တွေဟာ သေကောင်ပေါ့င်းလဲ
ဖြစ်နေတဲ့အချိန်မှာ
မြန်မာနိုင်ငံကခေတ်ပညာတတ်
လူငယ်တွေဟာ - - - -
ဒီပုံစံနဲ့ သာဆိုရင်
ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့ 
ယဉ်ကျေးမှု့အမွေအနှစ်တွေကို
လူငယ်တွေက ဘယ်လိုအရည်အချင်း
တွေနဲ့ များ လွဲံပြောင်းယူမှာလည်း

ချောက်ထဲကျအံ့ဆဲဆဲ မြန်မာနိုင်ငံကြီးကို
ဘယ်လိုအင်အားတွေနဲ့ များ
ဆွဲတင်ကြမလဲ
တွေးမိတိုင်း ရင်မောရပါတယ်
အော် တချိန်က မြန်မာနဲ့ 
အခု မြန်မာ ဆိုတာ
တော်တော်ကွာသွားပြီ ပဲ

ကလေးငယ်များရဲ့ အန္တရာယ်


ကလေးငယ်များရဲ့ အန္တရာယ်
------
သိပြီးသူလည်း သိမှာပါ...
မသိသေးသူအတွက်ပါ....
ပဲနို့သောက်တာကကောင်းပါတယ်
ဒါပေမယ့်ဘူးကိုဖောက်ပြီး
နာရီဝက်အတွင်းသောက်ပါ
မဟုတ်ရင် Date out သွားပါပြီ
ဘူးမဖောက်ခင်သာ သူပေးတဲ့
date အတိုင်း အထားခံပါတယ် ....
ဖောက်ပြီးရင် နာရီဝက်အတွင်း
ကုန်အောင် သောက်ရပါတယ်
ဒါဟာ တရားဝင် ထုတ်လုပ်သူတို့က
ကြေညာထားတာပါ.....
စာရေးသူကိုယ်တိုင် MRTV 4 က
ရန်ကုန်မြင်ကွင်းကျယ်အစီအစဉ်မှာ
အရောင်းမန်နေဂျာကို မေးမြန်းတာ
ကြည့်ရှု့ခဲ့ရခြင်းဖြစ်ပါတယ်.....
တချို့မိဘတွေမြင်ဖူးပါတယ် ....
ကလေးသောက်တာမကုန်လို့ဆိုပြီး
ချန်ထားတတ်ပါတယ်....
ကလေးထပ်ပူဆာရင် ထိုချန်ထားတဲ့
ပဲနို့ကိုပဲ ထပ်တိုက်ပါတယ်....
ဒါဟာ လွန်စွာမှားယွင်းပါတယ်.....
တချို့ကလည်း ဘူးကြီးတွေဝယ်ထားပြီး
တပတ် ၁၀ ရက် သောက်တတ်ကြပါတယ်....
အင်မတန်မှားယွင်းပါတယ်
ဘူးကြီးဟာ မိသားတစု တခါသောက်အတွက်ပါ.....
ဆိုးကျိုးအနေနဲ့ကတော့
ဝမ်းပျက်ဝမ်းလျောဖြစ်လာတော့တာပါပဲ
( အခြားဘယ်တံဆိပ်မဆို ပဲနို့ဆိုရင် အတူတူပဲ ဖြစ်ပါတယ်။ ဓါတ်ပုံကို Lactasoy ပုံကို သုံးထားတဲ့အတွက် တောင်းပန်ပါတယ်။ ပုံမတင်ရင်လည်း ပုံနှင့်အတူ တင်ပေးဖို့ တောင်းဆိုလာကြလို့ပါ။ )
Hlwan Wai Aung (Yenangyaung)

Friday, June 19, 2015

MAC နှုတ်ခမ်းနီတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဘယ်လိုကြည့်မလဲ ???

MAC နှုတ်ခမ်းနီတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဘယ်လိုကြည့်မလဲ ???
(၁) နှုတ်ခမ်းနီတောင့်လေးရဲ့အောက်ခြေကို လှန်ကြည့်လိုက်ပါ။
(၂) A94 (သို့မပာုတ်) AA4 စသဖြင့်တွေ့ပါလိမ့်မယ်။
ပထမဆုံး တွေ့ရတဲ့ A ဆိုတာကတော့ ထုပ်လုပ်တဲ့နှစ်ရဲ့ Batch ကိုဆိုလိုခြင်းဖြစ်ပါတယ်။
[ A ဆိုရင် Batch 1 ဖြစ်ပြီးတော့ B ဆိုရင်တော့ Batch 2 ဖြစ်ပါတယ်။
C ဆိုရင်တော့ Batch 3 ဖြစ်ပါမယ်။ ]
(၃) ဒုတိယတွေ့တဲ့ 9 ကတော့ ထုတ်လုပ်ပေးလိုက်တဲ့ လ ကို ဆိုလိုခြင်းဖြစ်ပါတယ်။ January လ ဆိုရင် 1 ဖြစ်ပြီးတော့ February လ ဆိုရင် 2 ဖြစ်ပါတယ်။ အခုက 9 ဆိုတော့ September လ မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံး 4 ကတော့ 2014 ခုနှစ်မှာထုတ်ခဲ့တာလို့ဆိုလိုခြင်းပါ။
[0 ဆိုရင် 2010 ခုနှစ်ကထုတ်တာဖြစ်ပြီး ၊ 5 ဆိုရင် 2015 ခုနှစ်ကထုတ်ခဲ့တာပါ။
[ ပုံထဲမှာပြထားတဲ့ Burmese Kiss က "A94" ဖြစ်တဲ့အတွက် 2014 ခုနှစ် September လ Batch 1 မှာထုတ်ခဲ့တာဖြစ်ပါတယ်။
နောက်ဥပမာ တစ်ခုကတော့"AA4" ပါ။
ပထမ A က Batch 1 ဖြစ်ပါတယ်။
နောက်ထပ် A ကတော့ October လ ကိုဆိုလိုပါတယ်။
[ January လကနေ September လ အထိကို 1 ကနေ 9 အထိသွားပြီးတော့၊ ခြွင်းချက်အနေနဲ့October လ ဆိုရင် A ဖြစ်သွားပါတယ်။
November လ ဆိုရင် B ပါ။ December လ ဆိုရင်တော့ C ပါ။]
"AA4" လို့တွေ့ခဲ့ရင်တော့ 2014 ခုနှစ် October လ Batch 1 မှာထုတ်ခဲ့တာလို့ ပြောနိုင်ပါပြီ။
MAC နှုတ်ခမ်းနီတွေရဲ့ Shelf Life က 36 လ (၃ နှစ်) ဖြစ်တဲ့အတွက် နောက်ဆုံးဂဏန်းက 1 ဆိုရင်တော့ Expiry ဖြစ်နေပါပြီ။ 2 ဆိုရင်တော့ သိပ်မလတ်ပါဘူး။ 3 ဆိုရင်တော့ လက်ခံနိုင်တဲ့ အဆင့်ပါ။ 4 ဆိုရင်တော့ အကောင်းဆုံး အဆင့်ဖြစ်ပါပြီ။
*** စာအရှည်ကြီးကို စိတ်ဝင်တစားဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးပါဗျာ။ ***
‪#‎brandedcollections‬ ‪#‎maclipstick‬ ‪#‎reveal‬ 09-25 900 4646
Unlike · Comment ·

ရန်ကုန်-မန္တလေး Express ကား အကောင်းစား စီးနေကြတဲ့ သူငယ်ချင်းတွေ သတိထားစေချင်လို့ စေတနာနဲ့ အသိပေးလိုက်ပါတယ်

ရန်ကုန်-မန္တလေး Express ကား
အကောင်းစား စီးနေကြတဲ့
သူငယ်ချင်းတွေ သတိထားစေချင်လို့
စေတနာနဲ့ အသိပေးလိုက်ပါတယ်
၁၇-၆-၂၀၁၅ ည ၁၀နာရီ ထွက်တဲ့
Boss Express နဲ့ မန္တလေးကို
ပြန်လာပါတယ်
ဖြစ်ချင်တော့ ကျွန်တော် ထိုင်တဲ့
၆ ဘီက TV ပျက်နေတယ်တဲ့
ဘာတတ်နိုင်ပါ့မလဲ ဆိုပီး
၁၁၅ မိုင် ရောက်တာနဲ့
ညလယ်စာ စားပီး အိပ်လိုက်ခဲ့ပါတယ်
ထူးဆန်းတာ တခုက
အမြဲ အအိပ်ဆတ်တဲ့ ကျွန်တော်က
တော်တော်လေးကို အိပ်ပျော်သွားပီး
အနောက်တန်းက ဦးလေး ၂ ယောက်
ဆင်းမယ်လုပ်တော့
ကျွန်တော့်ခုံကို ထိမှ
ကျွန်တော် နိုးပါတယ်
အချိန်ကြည့်တော့ မနက် ၅ နာရီ ကျော်
နေရာက လမ်းမရှိ ရွာမရှိ ကွင်းပြင်ထဲမှာ
ဆင်းသွားကြပါတယ်
၆ နာရီကျော် ဘူတာအဝိုင်းရောက်တော့
နောက်ဆုံးခုံမှာ ထိုင်တဲ့ ဦးလေးကြီးက
သူ့ပိုက်ဆံ ၃ သိန်းကျော်ပျောက်လို့
ကားကို ဘူတာကြီးမှာ မရပ်ပဲ
ရဲစခန်းကို မောင်းပေးပါလို့
ဒရိုက်ဘာ ကို ပြောပါတယ်
ဒါကို ဒရိုက်ဘာက မရပ်ပေးတဲ့ အပြင်
ကားမယ်က ဦးလေးအထားမှားတာနေမှာဆိုပီး
ကားပေါ်ပါတဲ့ ဝန်ထမ်းတွေက ဦးလေးကိုဝိုင်းပီး
တရားခံစစ်သလို မေးကြပါတယ်
အဲဒီချိန်မှာပဲ ကျွန်တော့်အမက
အိတ်ကို စစ်ကြည့်အုံးဆိုလို့
ကျွန်တော် ဖွင့်ကြည့်တော့
ပိုက်ဆံ ၅၀၀၀ တန် ငါးသိန်းအုပ်ရယ်
ရွှေချိန် ၂ ကျပ်ကျော်တဲ့
နဂါး ၂ ကောင်ပါ ရွှေလက်ကောက်ရယ်
ပလယ်တီနမ် နားကပ် တစုံ ရယ်
ပိုက်ဆံအိတ်ထဲ ရှိတဲ့
တထောင်တန်၄၀၀၀၀ ကျော်ရယ် မရှိတော့ပါဘူး
အံ့သြမိတာက
ပိုက်ဆံတွေကို လွယ်လွယ်ကူကူ ယူလို့ ရပေမယ့်
အဆင့်ဆင့် ၄ ထပ်ထည့်ထားတဲ့
လက်ဝတ်ရတနာ တွေကို ယူပီး
ဘူးခွံတွေကို ထားခဲ့တာကိုပါ
ကျွန်တော်က ပါသွားပီးလို့ အော်ပြောတော့
ကျွန်တော့် နားက အကို ၂ ယောက်ကလဲ
သူတို့ အိတ်ကို ပြန်စစ်တော့
ဒေါ်လာ ၅၅၀ နဲ့ ငွေ ၂ သိန်းကျော်
ပါသွားပီလို့ ပြောပါတယ်
အဲဒီချိန်မှာ ကားမယ်က
ဘူတာကြီးမှာ ခရီးသည်တွေကို ချပီးသွားပီ
ဒါနဲ့ နင်တို့ ဘယ်လို ဆက်လုပ်ကြမလဲပြောတော့
ဂိတ်ရောက်ရင် အားလုံး အဆင်ပြေအောင်
လုပ်ပေးပါ့မယ် ဆိုပီး ကားဆက်မောင်းပါတယ်
ဂိတ်ရောက်တော့လဲ တရားခံကို သိချင်လို့
နင်တို့ကားမှာ CCTV ၄ လုံးတောင် ပါတယ်ဆို
ဖွင့်ပြပါ ဆိုတော့
သူတို့ကားက System မြင့်လွန်းလို့
မန္တလေးမှာ ဖွင့်လို့မရဘူးတဲ့
ရန်ကုန်မှာ လိုက်ကြည့်ပေးကြပါတဲ့
ကျွန်တော်တို့တွေကလဲ
ငါတို့တွေက အားယားနေတာ မဟုတ်ဘူး
လိုက်မကြည့်နိုင်ဘူး
ဖွင့်ပေးနိုင်တဲ့သူကို ခေါ်ဆိုတော့
ရန်ကုန်ကလူကို ခေါ်ပေးမယ်
ညနေထိ စောင့်ပေးတဲ့
ရဲစခန်းကိုရော တိုင်ကြမလားဆိုတော့
ကျွန်တော်က တိုင်ရမှာပေါ့
ဒီလောက်အများကြီးပါသွားတာ
မတိုင်ပဲ နေရမှာလား ပြောတော့
ခဏလေးပါ ဆိုပီး
အချိန်အကြာကြီးစောင့်ခိုင်းပါတယ်
စိတ်မရှည်တဲ့ ကျွန်တော်ကလဲ
ဘာကို စောင့်နေရတာလဲလို့
ဂိတ်မှုးကို မေးတော့
သူက စည်ပင်ရဲကို စောင့်နေတာပါတဲ့
ကျွန်တော်ကလဲ
စည်ပင်ရဲနဲ့ ပီးမယ့်ကိစ္စ မဟုတ်ဘူး
ရဲစခန်းပဲ သွားမယ်ဆိုပီး
အိမ်က ကားနဲ့ ရှေ့ကထွက်မှ
နောက်ကနေ ကားတစီးနဲ့ လိုက်လာကြပါတယ်
၆၂ လမ်းက ရဲစခန်းကို ရောက်တော့
ဖြစ်ကြောင်းကို ပြောပြတော့
စခန်းမှုးက ကားဂိတ်မှာ တာဝန်ရှိပါတယ်
ခက်တာက ပိုက်ဆံပျောက်ကြတာ
စသိတဲ့ နေရာက ဘူတာကြီးအဝိုင်းမှာဆိုတော့
အမှတ် ၈ ရဲစခန်းကပဲ သက်ဆိုင်ပါတယ်
သူတို့ ကူညီလို့ မရပါဘူး
ဂိတ်ကအဆင်ပြေအောင် လုပ်ပေးလိုက်ပါ
ဆိုလို့ ကျွန်တော်တို့တွေ
အမှတ် ၈ ကို ရောက်သွားကြပါတယ်
ရဲစခန်းက တာဝန်မှူးက
ကျွန်တော့်ကို သံသယ ရှိတဲ့သူ ရှိလားလို့ မေးပါတယ်
ကျွန်တော်က လမ်းမှာဆင်းတဲ့
ဦလေးကြီး ၂ ယောက်ကို ထင်တယ်ဆိုတော့
Seat Plan ကို ယူကြည့်တော့
ပုံမှာ ပါတဲ့ အတိုင်း
မှတ်ပုံတင်မပါ လူနာမည်ကိုတောင်
တယောက်ထဲ ရေးထားတဲ့
ဒီလူ ၂ ယောက်ကို ဘယ်လို စုံစမ်းကြမလဲတဲ့
ကားမယ်ကို ဘာအတွက် ထားတာလဲ
တခြား ခရီးသည်တွေကိုတော့
မှတ်ပုံတင် အပြည့်အစုံ တောင်းပီး
လမ်းမှာဆင်းတဲ့ လူ ၂ ယောက်ရဲ့
မှတ်ပုံတင်ကိုတော့ ချန်ထားတာ ဘာသဘောလဲသူခိုး နဲ့ ကြံရာပါ လို့
စွပ်စွဲလို့ရတယ် လို့ပြောတော့
ဂိတ်မှူးက အသံတိတ်နေပါတယ်
တာဝန်မှူးကလဲ CCTV ရ ရင်
အားလုံးပြန်လာခဲ့ဆိုလို့ ပြန်ခဲ့ကြပါတယ်
ညနေ ရောက်တော့
ဂိတ်ကို ပြန်သွားတဲ့ ချိန်မှာ
CCTV ကြည့်လို့ရပီဆိုပီး ခေါ်ပြတော့
ကျွန်တော်က တခြားလူတွေလာမှ
တူတူ ကြည့်မယ်
သူတို့ကို ဆက်သွယ်ပေးလို့ ပြောတော့
ph နံပါတ်တွေကို ပေးခွင့်မရှိဘူးတဲ့
ကျွန်တော်ကလဲစိတ်တိုပီး
နင်တို့ မပေးလဲ ရတယ် ဆိုပီး
ဓာတ်ပုံ ရိုက်ယူထားတဲ့
seat plan က ph တွေကို ဆက်ပီးခေါ်တော့
ပိုက်ဆံပျောက်တဲ့ သူတွေ
အားလုံး ဂိတ်ကို ရောက်လာတော့
ဂိတ်မှူး အပါအဝင် ဝန်ထမ်းတွေ အားလုံး
မျက်နှာပျက်ကြပါတယ်
အားလုံးစုံလို့ မေးကြည့်တော့မှ
ပိုက်ဆံ ပျောက်တဲ့သူတွေ မစုံရအောင်
ဝန်ထမ်းတွေက လူစုခွဲထားမှန်းသိရပါတယ်
ဘာအတွက်လဲတော့ မသိပါဘူး
CCTV ဝိုင်းကြည့်တော့ ထင်တဲ့ အတိုင်း
ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပဲ
ဝါးနေတဲ့ ပုံရိပ်တွေပဲ တွေ့ရပါတယ်
CCTV ပါတဲ့ Laptop ကို ရဲစခန်းယူပီး
တူတူလိုက်ခဲ့ဖို့ ပြောတော့
ဝန်ထမ်းတွေက လက်မခံပါဘူး
ကျွန်တော်တို့ပဲ ရဲစခန်းရောက်သွားတော့
တာဝန်မှူးက ဂိတ်ကို
ph ဆက်ပီး ဟောက်တော့မှ
laptop ကိုင်ပီး ရောက်လာကြပါတယ်
စခန်း ရောက်ခါစ ကတော့
ရန်ကုန်မှ လိုက်လာတဲ့ Boss မန်နေဂျာ က
အပြည့်အစုံတော့ တာဝန်မယူပေးနိုင်ဘူး
စပြောတော့
ကျွန်တော်တို့က ဟုတ်ပါတယ်
လက်ခံပါတယ် ဆိုပီး ညှိနေတုံး
တာဝန်မှူး နဲ့ မန်နေဂျာဆီ ph တွေ
ဝင်လာပီးနောက် ချက်ချင်းပဲ
ကျွန်တော်တို့ကို တာဝန်မယူနိုင်ပါဘူး
လုပ်ချင်ရာလုပ်ပါ ဆိုပီး
ချက်ချင်းစိတ်ပြောင်းသွားပါတယ်
တာဝန်မှူးကိုယ်တိုင်ကလဲ
ပျောက်တဲ့ နေရာ မသိလို့ အမှူ ဖွင့်လို့ မရဘူးတဲ့
ကျွန်တော်ကလဲ ပျောက်တဲ့နေရာ
သိနေမှတော့ ဆရာ့ဆီတောင်
ရောက်မလာဘူးလို့ ပြောပီး အိမ် ပြန်ခဲ့ပါတယ်
လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို
ဆက်လုပ်သွားမှာပါ
ပိုက်ဆံတွေ အလျော်ရတာ မရတာထက်
နားမလည်နိုင်တာက
Boss ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေပါ
ပထမ အချက်က
အခိုးခံရတဲ့ သူတွေ အားလုံးက
သူတို့ ပစ္စည်းကို သေသေချာချာသိမ်းထားပါရဲ့နဲ့
အေးအေးဆေးဆေး အချိန်ယူပီး
အခိုးခံနေရတာကို မသိရလောက်အောင်
Boss ကားမယ်နဲ့ စပယ်ယာက
ကားနောက်ကို တချက်လေးတောင်
လှည့်မကြည့်ဘူးဆိုတော့
သူတို့ အလုပ်က ဘာလဲ
ဒရိုက်ဘာကို ကားကူမောင်းပေးနေလား မသိ
ဒရိုက်ဘာကို လေကန်ဖို့သက်သက်
ကားမယ်နဲ့ စပယ်ယာကို လခပေးထားတဲ့
Boss ကားလိုင်းကို ချီးကျူးမိပါတယ်
ဒုတိယ အချက်က
ဘူတာကြီးအဝိုင်းမှာ မရပ်ပဲ ရဲစခန်းကို
တောက်လျှောက်မောင်းပေးပါ လို့
ဝိုင်းပြောနေတဲ့ ကြားတဲက
ကားရပ်ပီး ခရီးသည်တွေကိုဇွတ်ချပေးလိုက်တဲ့
Boss ဝန်ထမ်းတွေရဲ့စိတ်
တတိယ အချက်က
အခိုးခံ ရတဲ့ သူတွေကို လူစုခွဲရဲတဲ့
Boss ဝန်ထမ်းတွေရဲ့စိတ်
စတုတ္ထ အချက်က
ရဲစခန်းတွေကို လိုက်ခဲ့ပေးဖို
ဇွတ်တင်း ပင့်ခေါ်ခဲ့ရပီး
စခန်းရောက်တော့ သူတို့နဲ့ မဆိုင်သလို
ရူးချင်ယောင်ဆောင်နေတဲ့
Boss ဂိတ်မှူး အပါအဝင်
Boss ဝမ်ထမ်းတွေရဲ့ စိတ်
ပဉ္စမ အချက်က
့ခရီးသည်တွေရဲ့ နာမည်တွေ မှတ်ပုံတင်တွေနဲ့
ph နံပါတ်တွေ ကို ပြည့်ပြည့်စုံစုံ မမှတ်သားပဲ
တွေ့ရာလူကို ဖြစ်သလိုတင်တဲ့
Boss ဝန်ထမ်းတွေရဲ့ စေတနာကောင်းတဲ့
စိတ်
တော်သေးတာပေါ့
၂ ယောက်ထဲ တင်လို့
၅ ယောက် လောက်ဆို
၁ ကားလုံး ပါလောက်တယ်
ကျေးဇူးကြီးလှပါတယ် Boss ရယ်

CCTV တပ်ထားတဲ့ ကားတွေကို
အထင်ကြီးပီး ယုံကြည်မိလို့
ငွေ သိန်း ၂၀ ကျော်ကိုရင်နာနာ နဲ့
လှူလိုက်ရတဲ့ ကျွန်တော်တို့လို
အဖြစ်မျိုး ထပ်မဖြစ်စေချင်လို့
မိတ်ဆွေ သူငယ်ချင်း တွေကို
သတိပေးလိုက်ပါတယ်