:include data='blog' name='google-analytics'/>

Wednesday, June 17, 2015

မလိုင်ခဲလုပ်နည်း။

မလိုင်ခဲလုပ်နည်း။
*************
ပါဝင်သောပစ္စည်းများ။
****************
၁။နွားနို့၁လီတာ။
၂။သံပုရိုသီး၁ခြမ်းအရည်ကိုရေအနည်းငယ်နဲ့ရောထားပါ။
၃။သကြား-ခွက်တဝက်
၎။နို့မှုန့်-၁ခွက်
၅။နွားနို့-၁ခွက်
၆။ဖာလာစေ့မှုန့်-အနည်းငယ်
၇။ထောပတ်
၈။ကြိတ်စက်(blander)
မလိုင်ခဲလုပ်ရန်။
***********
နွားနို့ကိုအိုးသန့်သန့်တလုံးထဲထည့်ပြီးဆူအောင်တည်ပါ။နွာနို့အိုဆူရင်သံပုရာ(သို့)သံပုယိုသီသံပုယိုသီးရည်ကိုရေအနည်းငယ်ထည့်ပြီးဆူနေသောနွားနို့အိုးထဲထည့်ပြီး၂မိနစ်လောက်မွှေပြီးအဖတ်လေးတွေဖြစ်ရင်မီးပိတ်လိုက်ပြီးခဏထားပါ။အဖတ်စစ်ဖို့ပိတ်ပါးပါးတခုကိုဇကာပေါတင်ပြီးနွားနို့အဖတ်အိုးလောင်းထည့်ပြီရေအေးအေးနဲ့အနည်းငယ်ဆေးပြီးပိတ်စအဝကိုချီပြီးရေစစ်ထားပါ။ရေအမြန်စစ်အောင်လက်နဲ့နည်းနည်းညှစ်ပေးပါ။အလေးနဲ့ဖိပြီးလည်းနိုဖတ်အမြန်ရေစစ်အောင်လုပ်နိုင်ပါတယ်။
နို့ဖတ်တွေရေစစ်ပြီးနွားနို့၊သကြား၊နို့မှုန့်၊ဖာလာမှုန့်တို့ကိုBlanderထဲထည့်၍၅မိနစ်ခန့်မွှေ့ပေးပါ။နို့ဆီလိုစီးပျစ်သွားပါကပုံစံခွက်ထဲထည့်၍ရေခဲသေတ္တာ(Deep freeze)ထဲထည့်၍ခဲတဲ့အထိထားပြီးသုံးဆောင်နိုင်ပါပြီး။ဒီနည်းကိုတော့ညီမideaနဲ့လုပ်ထားတာပါ။
မလိုင်ခဲလုပ်နည်း၂။
**************
၁။အပေါ်မှလုပ်ထားတဲ့နို့ဖတ်
၂။သကြား-ခွက်တဝက်
၃။နို့မှုန့်-၁ခွက်
၎။နွားနို့-၁ခွက်
၅။ဖာလာစေ့မှုန့်-အနည်းငယ်
အားလုံးကိုသေချာလက်ဖြင့်ချေပြီး၁၀မိနစ်ခန့်နယ်ပေးပါ။နယ်ရသက်သာအောင်နို့ဖတ်တမျိုးထဲကိုအရင်၅မိနစ်ခန့်စက်နဲ့မွှေ့လိုက်ပါ။ပြီးရင်သကြား၊နို့မှုန့်၊နွားနို့၊ဖာလာမှုန့်တို့ထည့်၍သကြားပျော်သည့်အထိနှယ်ပေးပါ။ပြီးနောက်အလုံးလေးတွေလုံးပြီးကိတ်ခွက်ထဲထည့်ပြီးသစ်စိမ့်သီး(သို့)သလဲသီးတို့နဲ့အလှဆင်ပါ။ဒီနည်းရဲ့မူရင်းpageကChaw Su's food friendsကပါ။သူငယ်ချင်းများသိချင်လို့ထပ်ရေးပေးလိုက်ပါတယ်။

No comments:

Post a Comment