:include data='blog' name='google-analytics'/>

Friday, June 26, 2015

အပူချိန် မြင့်တက်လာနေသော ရွေးကောက်ပွဲ ရာသီဥတု

အပူချိန် မြင့်တက်လာနေသော ရွေးကောက်ပွဲ ရာသီဥတု
=====================================
ဦးရွှေမန်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သူ့ကို သမ္မတဖြစ်ရေး ထောက်ခံလာရန် ဆွဲဆောင်ရန် ကြိုးပမ်းတဲ့ ပထမ ခြေလှမ်းအဖြစ် ၄၃၆ ပြင်ဆင်ရေး ကို လွှတ်တော်မှာ ဆွေးနွေးဘို့ ခွင့်ပြုခဲ့ပါတယ်။
တကယ်တော့ ၄၃၆ (က) ဆိုတာဟာလည်း စစ်မှန်သော ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အဓိက အတားအဆီးဖြစ်နေတာကြောင့် ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးကို အမှန်လိုလားသူတိုင်း မမေ့မလျော့ သတိပြုသင့်တဲ့ အရာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အခုကိစ္စကလည်း ပြည်သူဆန္ဒမပါပဲ လွှတ်တော်ထဲ လာထိုင်နေကြတဲ့ တပ်မတော် ကိုယ်စားလှယ်များကို ပြည်သူတွေရဲ့ အရေးကိစ္စတွေမှာ ၀င်ရောက်ချယ်လှယ်ခွင့် မရအောင် မောင်းထုတ်နိုင်ရေး ကြိုးပမ်းမှု ဖြစ်ပါတယ်။
အခုတင်သွင်းတဲ့ ဥပဒေ မူကြမ်းတခုက ၇၅% အစား ၇၀% အထိ စစ်တပ်က discount ပေးထားပေမယ့် ဒီချုပ်မှ တင်သွင်းတဲ့ ဥပဒေကတော့ ၆၅% အထိ ရဘို့ ဈေးစစ်ထားတာ တွေ့ရပါတယ်။ ၇၀% နဲ့ ပြင်ရင်တောင်မှ အရွေးချယ်ခံထားရတဲ့ ကို.်စားလှယ် ၉၅ % နီးပါး ထောက်ခံမှပဲ ရနေတဲု့အတွက် သေချာတွက်ချက်ပြီး လိုက်လျောခဲ့တာ ပေါ်လွင်နေပါတယ်။
ဒါဟာလည်း အခု ရွေးကောက်ပွဲ ပြီးနောက်မှ အကြုံးဝင်ဘို့ရှိကောင်း ရှိနေတဲ့ ဥပဒေကြမ်းပါ၊ အခုလာမယ့် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်လာစရာ အကြောင်းမရှိပါဘူး၊
နောက်တခု ပြင်ဆင်ဘို့ရှိနေတာက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကိစ္စပါပဲ၊ လက်ရှိ ဖွဲ့စည်းပုံအရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာမှ မဲဆန္ဒပေးပိုင်ခွင့် ရှိသူများ၏ တ၀က်ကျော်အတည်ပြုမှ ဆိုပါတယ်။ ဒီကိစ္စကို မဲ လာရောက်ထည့်သူများရဲ့ တ၀က်ကျော် ဖြစ်ရဘို့အတွက် ပြင်ဘို့ရှိနေပါတယ်။
သို့ဆိုက မဲဆန္ဒပေးပိုင်ခွင့် ရှိသူများ ၁၀ သန်း ရှိသည် ဆိုကြပါစို့၊ မည်မျှ ပမာဏ ပင် မဲလာထည့်ပါစေ အနည်းဆုံး ၅ သန်းရှိမှ အတည်ဖြစ်မယ့် သဘောရှိနေတာကြောင့် ဖြစ်ပါတယ်။
စစ်တပ်ကတော့ နောက် ငါး နှစ် သက်တမ်းအတွင်းတောင် အပြင်မခံဘူးလို့ အကြောက်အကန် ငြင်းဆန်နေတာဟာလည်း စိတ်ဝင်စား ဘို့ ကောင်းလှပါတယ်။ ဒီဖွဲ့စည်းပုံမှ မပြင်နိုင်ဘူးဆိုရင် နောက်ဘယ်အစိုးရတက်လာပါစေ စစ်တပ်က သူတို့ အကျိုးစီးပွားကို ကာကွယ်ဘို့ ဗီတိုအာဏာနဲ့ ပယ်ချနေမှာ ဖြစ်ပါတယ်။ လက်ရှိ ဦးသိန်စိန် အစိုးရ ကနေ လူကြိုက်မများတဲ့ ရွှေတိဂုံ စေတီတော် အရေးတောင် ရေငုံနှုတ်ပိတ်နေကြရပြီး စစ်တပ်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး နဲ့ နယ်လုံဝန်ကြီးဆိုသူ ကိုယ်တိုင်လာရောက်ပြီး ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ ကတိပေးရဲတာမျိုး ကို ကြည့်ရင် သူတို့ခန့်ထားတဲ့ ဦးသိန်းစိန် အစိုးရတောင်မှ ရုပ်သေး အဆင့်သာသာ ရှိပြီး ဘာမှ လုပ်မရတဲ့ အနေအထားဆိုတာ ပေါ်လွင်နေပါတယ်။
ထို့အတွက် မြန်မာပြည်ရဲ့ အနာဂါတ်မှာ ပြည်သူတွေ အကျိုးအတွက် ရဲရဲတင်းတင်း လုပ်သင့်တာကို လုပ်နိုင်ဘို့၊ သူတို့မျက်နှာ ကြည့်မနေရဘို့ ဆိုတာတွေအတွက် ယင်းဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးဟာ အခရာ ကျလှပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲံချုပ်ရဲ့ ပြီးခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေးမှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မလားဆိုတာ အတည်ပြု ကြေငြာရေး အများမျှော်လင့်ခဲ့ကြပေမယ့် တမျက်နှာ ကြေငြာစာတမ်းပွဲ ထွက်လာပြီး ဒီကိစ္စကို နောက်မှ ကြေငြာသွားမယ်လို့ ဆိုပါတယ်။ စောစောစီးစီး ကြေငြာလိုက်ပြန်ကလည်း နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများအားလုံး တရားမ၀င်ဘူးလို့ အစိုးရမှ ပြောလို့ရတာလည်း သတိထားနေတဲ့ သဘောကို ဒီနေရာမှာ တွေ့ရပါတယ်။
တကယ်လို့ ပြိုင်ဖြစ်ခဲ့ရင် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို စီစစ်မယ်ဆိုတာတော့ ဗိုလ်ချုပ်သမီး ပီပီ ပြတ်ပြတ်သားသား ကြေငြာပြီး လက်ရှိအာဏာရ ပါတီကို အခုလို စိန်ခေါ်သွားပါပြီ။
"ကျမတို့ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ ထားမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်ဆိုရင် ကိုယ်စားလှယ်လောင်းများ အားလုံးဟာ မိမိတို့ရဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊
မိမိတို့ရဲ့ ဇနီးခင်ပွန်းများရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊
မိမိတို့ရဲ့ ၁၈ နှစ်အောက်သားသမီးများရဲ့ နာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်…
ဘဏ်အကောင့်ရှိရင်လည်း နံပါတ်ကိုပေးရမှာဖြစ်ပါတယ်… စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်မှူရှိရင် ဒါတွေအားလုံးကို တင်ပြရမှာဖြစ်ပါတယ်…
ဒီလိုကျမတို့ လုပ်တယ်ဆိုတာဟာ ဘာဖြစ်လိ့လဲဆိုတော့ ကျမတို့ဟာ နိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်မဲ့ ပုဂ္ဂိုလ်တွေ အဂတိလိုက်စားမှု လုံးဝကင်းစင်ဖို့ လိုပါတယ်…
ဒါကိုဦးတည်ပြီးတော့ လုပ်သွားမှာပါ…
နောက်ပြီးတော့လည်း ကိုယ်စားလှယ်လောင်းလုပ်ချင်သောသူများ ကိုယ်စားလှယ်လောင်းများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် အချိန်မရွေး
မိမိတို့ရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်းတွေရော
မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေရော
မိမိတို့ရဲ့ မိသားစုများနဲ့ အခြားနီးစပ်သူများရဲ့ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေရော
အပြောင်းအလွဲများရှိခဲ့လို့ရှိရင်
အပြောင်းအလွဲဆိုတာ ပိုများလာတယ်လိုပြောတာပါ…
ကိုယ်စားလှယ်လောင်းမဖြစ်ခင်တုန်းက အိမ်တလုံးကနေပြီးတော့ ကိုယ်စားလှယ်ဖြစ်ပြီးမှ အိမ်ဆယ်လုံး ဖြစ်သွားတယ်ဆိုပါတော့…
ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ဆိုရင် အဖွဲ့ချုပ်အနေနဲ့ မေးမြန်းစုံစမ်းတဲ့အခါ မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ ခံဝန်ချက်ကိုလက်မှတ်ထိုးပြီးတော့ ကျမတို့ဒါကိုလက်ခံရမှာဖြစ်ပါတယ်…
(ဒေါ်အောင်ဆန်းစုကြည်)
ပြည်သူများအနေနဲ့လည်း ဒီလို ရဲရဲတောက် စီစစ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်သန့်သန့်နဲ့ မဲပေးနိုင်ကြပြီး ခိုးစားနေတဲ့ သူတွေကို မဲပေးရင် ကိုယ်ကိုတိုင် အကျင့်စာရိတ္တမကောင်းတဲ့ ခိုးရာပါ ပစ္စည်း လက်ခံတဲ့ သူမျိုး ဖြစ်သွားမယ်၊ အန္ဒိနကံဆိုတာ ကိုယ်တိုင် ကျူးလွန်မှ မဟုတ်ဘူး၊
အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်များသည်လည်း ကုလားမုန်းတီးရေး ဒုတ်ဆွဲဓါးဆွဲ တရားများအပြင် နိုင်ငံသားများအား မြင့်မြတ်သော ကိုယ်ကျင့်တရားများ တန်ဘိုးထားလာကြစေရန်ထည့်သွင်း ဟောကြားခြင်းသည်လည်း အမျိုးဂုဏ်ကို စောင့်လျောက်ရာ ကျပါတယ်။
မြန်မာပြည်တွင် အထွေထွေ အကျင့်စာရိတ္တ ယို့ယွင်း ကျဆင်းလာနေမှုဟာ တိုင်းပြည်အနာဂါတ်အတွက် အင်မတန် ကြောက်စရာ ကောင်းတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာနေပြီဆိုတာ တင်ပြလိုက်ရပါတယ်။
HSW

No comments:

Post a Comment