:include data='blog' name='google-analytics'/>

Tuesday, June 30, 2015

အန်တီစုကို သမ္မတဖြစ်စေချင်ရင်..

အန်တီစုကို သမ္မတဖြစ်စေချင်ရင်..
~•~•~•~•~•~•~•~•~•~•~•~•~•
ရွေးကောက်ပွဲပြီးရင် အစိုးရဖွဲ့နိုင်ရမယ်။ 
အစိုးရဖွဲ့နိုင်ဖို့ ဖွတ်ထက်မဲများရမယ်။ 
မဲအသာစီးရရင် အန်တီ့ကို သမ္မတဖြစ်ခွင့်

ပိတ်ထားတဲ့ ၅၉(စ)ကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်တယ်။
ဘယ်တုန်းကမှမရှိတဲ့ ဘယ်လိုမှမဖြစ်သင့်တဲ့ဥပဒေ
ကို ပယ်ဖျက်ပြီး အသစ်ရေးဆွဲရမယ်။ အထူးဥပဒေလည်းပြ
ဌာန်းနိုင်တယ်လို့ ဥပဒေပညာရှင် ဦးကိုနီကရှင်းပြပါတယ်။
•°•ဘယ်လောက်မဲလိုလဲ?
ပြည်ထောင်စုလွှတ်တော်မှာ ၄၄၀နေရာရှိတယ်။
အနည်းဆုံး၂၂၁နေရာရမှစိုးမိုးနိုင်မယ်။
အမျိုးသားလွှတ်တော်မှာ ၂၂၄နေရာရှိတယ်။
အနည်းဆုံး ၁၁၃နေရာရမှ စိုးမိုးနိုင်မယ်။
၄၄၀မှာ တပ်က ၁၁၀ နေရာယူပြီးသားမို့ ၃၃၀ကျန်မယ်။
၂၂၄မှာ တပ်က ၅၆နေရာယူပြီးသားမို့ ၁၆၈ကျန်မယ်။
ဒါကြောင့် ၃၃၀နေရာမှာ ၂၂၁နေရာရဖို့ NLDကရေကုန်ရေ
ခမ်းကြိုးစားရမယ်။ ၁၆၈နေရာမှာ ၁၁၃နေရာရဖို့ စွမ်းအား
ကုန်ထုတ်သုံးကြရမယ်။
•°•ဘယ်လောက်နိုင်ခြေရှိလဲ?
တိုင်း၇တိုင်းမှာ ၁၀၀% နိုင်ရင် ၂၀၇နေရာရပါမယ်။ ပြည်နယ်မှာတော့ တိုင်းရင်းသားပါတီ ၃၂ပါတီရှိလို့ နိုင်ချေနည်းပါလိမ့်မယ်။
ပြည်ထောင်စုလွှတ်တော်အတွက် ၁၄နေရာလို
ပါလိမ့်မယ်။ (၂၂၁-၂၀၇=၁၄)
အမျိုးသားလွှတ်တော်အတွက် ပြည်နယ်က၈၄နေရာ၊ ပြည်မ
က ၈၄နေရာမို့ ပြည်မ၁၀၀%နိုင်ရင် ၂၉နေရာလိုပါလိမ့်မယ်။
(၁၁၃-၈၄=၂၉)
•°•ဘယ်လိုလိုတာဖြည့်မလဲ?
ရွေးကောက်ပွဲပြီးရင် လွှတ်တော်မှာအုပ်စု၃စုသာရှိပါတော့
မယ်။
NLD၊ ဖွတ်ပါတီ+တပ်ရယ် တိုင်းရင်းသားပါတီဆိုပြီး
ရှိပါလိမ့်မယ်။
NLDအနေနဲ့ တိုင်းရင်းသားပါတီများနဲ့မဟာ
မိတ်ဖွဲ့ပြီး အစိုးရဖွဲ့လို့ရပါပြီ။
•°•မျှော်မှန်း%ဘယ်လောက်လဲ?
ဖွတ်ပါတီက တပ်၂၅%+ ၁၅%ရနိုင်ပါတယ်။
NLDကလည်း ၄၀-၄၅%ကြားရနိုင်ပါတယ်။
တိုင်းရင်းသားပါတီပေါင်းစုံကလည်း ၂၀-၂၅%ကြားရမှာပါ။
•°•ပြည်သူ့အားလိုပါသည်။
NLDအားကိုးသော တိုင်း၇တိုင်းတွင် အနိုင်ရရန် ပြည်သူများက ယခုထွက်ရှိပြီးသောမဲစာရင်းအား
သေချာစစ်ရမည်။
မပါရင် ပါအောင်ပြန်တင် မှားတာပြင် မိမိဘက်ကလုပ်ပေး
နိုင်တာ ကူညီနိုင်တာ နိုင်ငံ့ရှေ့ရေး မိမိတို့မျိုးဆက်ပေါင်းများ
စွာရဲ့အရေးအတွက် မဲစာရင်းဝင်ဖို့ အထူးလိုအပ်ပါသည်။
အများစုစိတ်ထဲ အန်တီစုသမ္မတမဖြစ်တော့ဘူး၊ ဘာလို့မဲပေးတော့မလဲလို့တွေးနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်အောင် ကျမတို့က
သာလုပ်ပေးနိုင်သူပါ။
မိမိရဲ့စွမ်းအား မိမိရဲ့မဲတပြားက သမိုင်းကိုပြောင်းပြန်လှန်နိုင်ပါတော့မယ်။
နောင်တခေတ်ရဲ့မြန်မာ့သမိုင်းသင်ရိုးမှာ
၂၀၁၅ပြည်သူတွေရဲ့ သမိုင်းကရဲရဲ
တောက် သမိုင်းဝင်ပါတော့မယ်။
ကျမတို့နိုင်ရမှာ ပြည်သူ ၈.၉သန်းလောက်ရဲ့မဲပါ။
ဘာလို့မရရမှာလဲ။
ကျမတို့မလိုချင်တာကိုဖယ်ဖို့ လိုချင်တာကိုတင်
မြှောက်ဖို့ ကျမတို့လုပ်ရမှာ မဲစာရင်းမှန်ဖို့တခုတည်းပါ။
ဒီလောက်လွယ်တဲ့ကိစ္စ ကျမတို့ပြည်သူဘာလို့မလုပ်နိုင်ရမှာ
လဲ။
ကျမတို့ညီညွတ်စွာ စည်းလုံးစွာ ယုံကြည်စွာ အန်တီစု
အတွက် မဲစာရင်းသာကူညီကြပါစို့..................!!
(ဆရာဦးကိုနီဖြေကြားချက်ကို ဆီလျော်အောင်ရေးသား
ပါသည်)
Credit»»» Daw Htwe Htwe Lwin

No comments:

Post a Comment