Tomorrow added 6 new photos.
မန္တလေးက တရုတ်ခရိုနီသူဌေး ဂရိတ်ဝေါ ဦးတင်မောင်အကြောင်း ထပ်မံဖော်ထုတ်တွေ့ရှိချက်များ (သို့မဟုတ်) ဗိုလ်ချုပ်ကြီးများကိုမွေး၍ အချိန်တိုအတွင်း သူဌေးဖြစ်လာသူ တရုတ်တစ်ယောက်အကြောင်း
သံဖနောင့် အသိတွေထဲမှာ မြန်မာလူမျိုး သူဌေးတွေ အများကြီး ရှိပါတယ်။ အရပ်အခေါ်တော့ ခရိုနီပေါ့။ ဒါပေမယ့် အဲဒီမြန်မာ ခရိုနီတွေဟာ တရုတ်ခရိုနီ၊ ကုလားခရိုနီ (တရုတ်၊ကုလားလို့ ရေးတာ မကြိုက်ရင်တော့ လဲသေကြပါ) တွေလောက် အခွင့်အရေးတွေ မရပါဘူး။ အရင်ခေတ်က အဘ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဏာရှင်အိမ်ကို ကန်တော့ပန်း ဆင်နိုင်ဖို့ သူဌေးလို့ ထင်ရသူတွေကို အလုအယက် မွေးကြပါတယ်။ အဲဒီလို မွေးရာမှာ မြန်မာလူမျိုး သူဌေးတွေကို မွေးရင် သတင်း ပြန်ပေါက်ကြားတယ်ဆိုပြီး မြန်မာ စကားမတတ်တဲ့ တရုတ်တွေ၊ ကုလားတွေကို အလုအယက် မွေးကြပါတော့တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေသာ သူဌေးမွေးတယ် ပြောတာ။ သူဌေးတွေ ဘက်ကလည်း လူကြီးမွေးတာ တိရိစ္ဆာန်မွေးတာ ထက်ပိုပြီး တွက်ခြေကိုက်တယ်ဆိုတဲ့ ပြောသံကို ကြားသွားကြဟန် မတူဘူး။ ထူးခြားတာက မြန်မာ လူမျိုးတွေနဲ့ တစ်သားတည်း ကျနေတဲ့ ပြည်တွင်းပေါက် တရုတ်လူမျိုး သူဌေးတွေထက် မနေ့တစ်နေ့ကမှ နယ်စပ် ခွေးတိုးပေါက်က ၀င်လာတဲ့ တရုတ် သူဌေးတွေက ပိုပြီး အခွင့်အရေးတွေ ရခဲ့တာပါပဲ။
ဒီကြားထဲမှာ ငြိမ်းချမ်းရေးဆိုပြီး အထူးဒေသတွေ ဖွဲ့လိုက်ပြီး မှတ်ပုံတင်တွေ လုပ်ပေးပြန်တော့ တစ်ဖက် နိုင်ငံက တရုတ်တွေဟာ လူမျိုးနေရာမှာ ၀တို့ ကိုးကန့်တို့ပြပြီး ၀င်လာကြတော့တယ်။ ဒီဘက်က စစ်ဗိုလ်ချုပ်ကြီးတွေကလည်း သိသိကြီးနဲ့ မျက်စိမှိတ် ပေးထားတာပေါ့။ ဒီလိုနဲ့ လီဆန်ရှင်းဆိုတဲ့ တရုတ်က ဦးတင်မောင်ဆိုတဲ့ နာမည်နဲ့ အရေးပေါ် မြန်မာတိုင်းရင်းသား ဖြစ်သွားတယ်။ သူ့မှတ်ပုံတင်မှာ လူမျိုးက ဗမာတဲ့။ သူက ဘယ်သူ့ကို ၀င်ပေါင်းသလဲဆိုရင် ရဲမြင့်ကြီးလို့ နာမည်ကြီးခဲ့တဲ့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်ကို ၀င်ပေါင်းတယ်။ ဗိုလ်ချုပ် ရဲမြင့်ကလည်း အာဏာရှင်ကြီး အိမ်အတွက် ကောင်းကောင်း ကန်တော့နိုင်မယ့် ဖားတစ် ကောင်တော့မိပြီဆိုပြီး လီဆန်ရှင်း (ခေါ်) ဦးတင်မောင်ကို မန္တလေးဘက်မှာ လုပ်ကွက်တွေ စပေးတော့တယ်။ ဒါကိုအားကျမခံ စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေး ကလည်း ဦးတင်မောင်ကို ပင့်ဖိတ်ပြီး စစ်ကိုင်းတိုင်းထဲက သစ်တောတွေကို ကြံစိုက်ခင်းလုပ်ဖို့ စိုက်ခင်း အပြောင်ရှင်း စနစ်နဲ့ ဧက ၈၀၀၀ကို ပေးလိုက်တယ်။ အဲဒီသစ်တောဧက ၈၀၀၀က ထွက်တဲ့ သစ်တွေကနေ လီဆန်ရှင်းက စီးပွားဖြစ်သွားပြန်သေးတယ်။ စစ်တပ်က နေရာတိုင်းမှာ ရာထူး ယူထားချိန်ဖြစ်လို့ မန္တလေး မြို့တော်ဝန် ဗိုလ်မှူးချုပ် ရန်သိမ်းဆီက ရထားပိုင်မြေကို သိမ်းထားတဲ့ ၇၈ လမ်းမကြီးပေါ်က စည်ပင်မြေမှာ နှစ်ရှည် အဆောက်အဦ ဆောက်လုပ်ခွင့်တွေ ရခဲ့တယ်။ MIC ခွင့်ပြုချက်နဲ့ ဆောက်ခွင့်ပြုခဲ့တာက လူနေဆိုင်ခန်းတွေ ဖြစ်ပေမယ့် ဦးတင်မောင်က တော်ဝင်နှင်းဆီ ဆေးရုံ၊ ဂရိတ်ဝေါ ဟိုတယ်နဲ့ သူ့ရဲ့စံနန်းတော်ပါ ထည့်ဆောက်ခဲ့တယ်။ ဒါကိုလည်း ဘယ်သူမှ အရေးမယူရဲခဲ့ဘူး။ ပြောရရင် အထက်မြန်မာပြည်မှာ ဦးတင်မောင်ကို ဘယ်သူမှ မတို့ရဲ မထိရဲခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ကစပြီး အရေးယူပြီဖြစ်တယ်။ ဦးတင်မောင်နဲ့ သူ့ဇနီးကလည်း ကျန်းမာရေးကို အကြောင်းပြပြီး စင်ကာပူကို ထွက်ခွာသွားပြီ ဖြစ်တယ်။ ပြစ်မှုပေါင်း များစွာနဲ့ ရဲစခန်းမှာ အမှုဖွင့်ခံထားရသူက နိုင်ငံခြားကို တရားဝင် ထွက်ခွာလို့ ရမရ ဆိုတာကလည်း တရားစီရင်ရေး စနစ်က ဘယ်လိုမှန်း မသိတော့ သက်ဆိုင်ရာ တရားစီရင်ရေးက တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။
ဦးတင်မောင် ဘယ်လောက် တန်ခိုးထွားသလဲဆိုရင် သူထိုင်နေရင် ခရိုင် အုပ်ချုပ်ရေးမှူးလောက်က မတ်တပ်ရပ်ပြီး ခါးကိုင်း စကားပြောရတဲ့ အထိပါ။ လီဆန်ရှင်း(ခေါ်)ဦးတင်မောင်က အပေါ်အထိ ပေါက်ရောက်နေတာကိုး။ သူ့ကိုကြည့်မရတဲ့သူ မရှိဘူးလားဆိုတော့ ရှိပါတယ်။ လက်ရှိ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်နဲ့ အရင်မြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့ပဲ ဖြစ်တယ်။ မြို့တော်ဝန် ဦးဖုန်းဇော်ဟန်က ဦးတင်မောင်ရဲ့ ဂရိတ်ဝေါဟိုတယ် အနောက်မှာ ငွေတစ်ချောင်း မြောင်းကို ကွန်ကရစ်လောင်း ပိတ်ပြီး မြေနေရာချဲ့ ယူတာကို ဖျက်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် မြို့တော်ဝန်ပဲ ပြုတ်သွားတယ်။ အဲဒီပိတ်ထားတဲ့ မြောင်းကို ပြန်ဖွင့် မပေးခဲ့ပါဘူး။ ဒါတင်မကဘူး။ မန္တလေး မြို့တော်ဝန်ကို ပြုတ်အောင် လုပ်လိုက်ပြီဆိုတဲ့ စကားကိုလည်း ဦးတင်မောင်က သူ့အပေါင်းအသင်းတွေ ကြားမှာ ကြွားခဲ့ပါသေးတယ်။
ဒီလိုပဲ စစ်ကိုင်းတိုင်း ကသာ ခရိုင်ဘက်က မောင်းကုန်းကျေးရွာ အနီးမှာ ကြံစိုက်မယ်ဆိုပြီး သစ်တောတွေကို အပြောင်ရှင်းခဲ့ရုံမက သစ်အချောထည် စက်ရုံကို သစ်တောထဲမှာ ဆောက်ပြီး ရဲတပ်ဖွဲ့က အကာအကွယ် ပေးထားပါတယ်။ အဲဒီစိုက်ခင်းထဲမှာ တရားမ၀င် ခေါ်ထားတဲ့ တရုတ်တွေ အများကြီး အလုပ်လုပ်နေကြတယ်။ သုတေသန ဓာတ်ခွဲခန်းတွေ ဆောက်ပြီး ပညာရှင်ဆိုတဲ့ တရုတ်တွေကို ခေါ်ခန့်ထားတယ်။ ကြံကနေ သကြားချက်ဖို့ သကြားစက် ထောင်ခဲ့ပြီး ဘေးထွက်ပစ္စည်း အနေနဲ့ အီသနော စက်ရုံ ထောင်ခဲ့ပေမယ့် တွက်ချေ မကိုက်တော့ အရက်ချက်စက်ရုံ ဖြစ်သွားပြန်တယ်။ ဘယ်လောက်တောင် ဒီတရုတ်က ဆိုးသလဲ ဆိုရင် ကြံတောင်သူတွေကို သူ့စက်ရုံမှာပဲ ကြံသွင်းရမယ်ဆိုပြီး ဈေးကလည်း နှိမ်လိုက်သေးတယ်။ ကြံတောင်သူတွေကို ကြိုတင်ငွေ ထုတ်ပေးတယ်။ ကြံပေါ်ကာနီးမှာ သူ့လူတွေက ကြံစိုက်ခင်းတွေက မီးရှို့တယ်။ ဒီတော့ တောင်သူတွေက ကြံမသွင်းနိုင် ရုံမက သူ့အကြွေးတွေလည်း မဆပ်နိုင်တော့ဘူး။ အဲဒီနည်းနဲ့ မြေတွေကို သိမ်းတာဖြစ်တယ်။ ပြောရရင် သမိုင်းတစ်ခေတ်က ချစ်တီး ကုလားထက် အများကြီးဆိုးတဲ့ တရုတ်ဖြစ်တယ်။ သူက ကြံလိုချင်တာ မဟုတ်ဘူး။ အဲဒီနေရာက မြေကိုပဲ လိုချင်တာ ဖြစ်တယ်။ အဲဒီအပြင် အကျဉ်းဦးစီးဌာနနဲ့ ပေါင်းပြီး လားရှိုးဘက်မှာ အကျဉ်းသားတွေကို ယူကလစ် စိုက်ခိုင်း၊ အပင်ကြီးရင် သူဝယ်ပါမယ်ဆိုပြီး အကျဉ်းသားတွေတောင် မနေရအောင် နှိပ်စက်တာကတော့ လီဆန်ရှင်း ခေါ် ဦးတင်မောင်ဖြစ်တယ်။
နောက်တစ်ဆင့် တက်လာတာကတော့ ကသာနဲ့ ထီးချိုင့်ကြားက နီကယ်စက်ရုံပါပဲ။ အဲဒီစက်ရုံ အတွက် နိုင်ငံတော်က မဟာဓာတ်အားလိုင်း တစ်ခု သွယ်ပေးရတဲ့အထိ ဒီတရုတ်သူဌေးကို စစ်အစိုးရက လိုက်လျောခဲ့တယ်။ သူကလည်း ဘယ်လောက်တောင် ပြန်ခွံ့ထား၊ ဆို့ထားသလဲမှ မသိတာ။ အဲဒီစက်ရုံမှာလည်း ၀န်ထမ်းတွေက တရုတ်တွေချည်းပဲ ဖြစ်တယ်။ တရုတ် အထီးတွေ ခေါ်ခန့်ထားလို့ အဲဒီမှာ ပြည့်တန်ဆာ ဈေးကွက်တစ်ခု ပေါ်လာခဲ့တယ်။
မန္တလေး တော်ဝင်နှင်းဆီဆေးရုံ ကိစ္စမှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးယူခိုင်းတာ ဖြစ်ပေမယ့် တရားခံ တရုတ်ခြောက်ယောက်က ဘာလို့ လေဆိပ်ကနေ လေယာဉ်နဲ့ တရားဝင် ပြန်ပြေးသွားနိုင်တာလဲ။ လေဆိပ် လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာ ပတ်စ်ပို့ကို စက်ပေါ်တင်ပြီး စကင်ဖတ်လိုက်နဲ့ ဒီလူတွေအကြောင်း အကုန်ပေါ်လာတာပဲ။ ဘာလို့ အဲဒီနေရာမှာ မဖမ်းလိုက် ရတာလဲ။ စက်ပျက်လို့ အကြောင်းပြရင်တော့ နိုင်ငံရဲ့ လုံခြုံရေး အတွက် ရင်လေးစရာပါပဲ။ တရုတ်တွေ လွတ်အောင် ဦးတင်မောင်က ငွေပုံပြီး သုံးလိုက်တယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့က ဘာကြောင့် ဒီတရုတ်တွေ လွတ်သွားတယ်ဆိုတာကို ရှင်းဖို့ တာဝန်ရှိပါတယ်။
မန္တလေး ဒေသခံတွေ ဘာကြောင့် တရုတ်တွေကို မုန်းတာလဲဆိုတာ ဒီကိစ္စတွေကြောင့်ပါ။ မန္တလေးက ဂျာနယ်လစ် တစ်ဦးက Tomorrow ဂျာနယ်ကို ဖုန်းဆက်ပါတယ်။ အထက် မြန်မာပြည်မှာတော့ ဦးတင်မောင် (ခေါ်) လီဆန်ရှင်းကို ရေးရဲသူ ထိရဲ တို့ရဲသူ မရှိဘူးတဲ့။ ဒါဆို ဥပဒေ ဆိုတာက မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုပဲ အရေးယူဖို့ ထားတာလား။ တရုတ်ဆိုရင် မသိချင်ယောင် ဆောင်ပေးနေတာလား ဆိုတာ မေးစရာ ဖြစ်လာပြီ။ ပြီးတော့ သူ့စိုက်ခင်းထဲမှာ သူ့စက်ရုံတွေမှာ ရာနဲ့ချီတဲ့ တရုတ်တွေကို ခေါ်ခန့်ထားတာကရော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ညီရဲ့လား ဆိုတာ မေးခွန်းထုတ်ရတော့မယ်။
ဦးတင်မောင်က လူလည်ဆိုတော့ မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး ကြည်သိန်းကို ဂရိတ်ဝေါ ကုမ္ပဏီမှာ ဒါရိုက်တာ ခန့်ထားတယ်။ နောက်ထပ် အတွင်းရေးမှူး လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီး စိုးမိုးနောင်ကလည်း ဂရိတ်ဝေါမှာပဲ ဒါရိုက်တာ ဖြစ်သွားပြန်တယ်။
ဦးတင်မောင်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စာရင်းကောက်ယူလို့ ရသလောက် ချရေးပြရရင်
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈၀၀၀
၁၀။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပံ္ပလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ နန်းတော်ဆေးရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈၀၀၀
၁၀။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပံ္ပလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ နန်းတော်ဆေးရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး
သူပိုင်ဆိုင်တာတွေက ဒီထက်မက အများကြီး ရှိပါသေးတယ်။ ဒီတော့ စစ်ဗိုလ်ချုပ်ကြီးတွေ တိုင်းပြည်ကို ချောက်ထဲကျမယ့် ဘေးက ကယ်တင်တာလား။ ကိုယ်ကျိုးစီးပွား အတွက် ပြည်ပပေါက် တရုတ်တွေနဲ့ ပေါင်းစားချင်လို့ အာဏာ သိမ်းခဲ့တာလားဆိုတာ ရှင်းနေပါပြီ။ လူတိုင်း ပြောနေကြတာကတော့ မကြာတဲ့ တစ်ချိန်မှာ ဂရိတ်ဝေါ ဦးတင်မောင် (ခေါ်) လီဆန်ရှင်းဟာ မန္တလေးမှာ အရင်လိုပဲ မြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင် အဖြစ်နဲ့ ပြန်လာလိမ့်ဦးမယ်။ သူလိုချင်တဲ့ မြေတွေကိုလည်း လက်ညှိုးထိုးပြီး ဆက်သိမ်းနေဦးမယ် ဆိုတာပါပဲ။
Tomorrow သတင်းအဖွဲ့
No comments:
Post a Comment