:include data='blog' name='google-analytics'/>

Friday, June 19, 2015

MAC နှုတ်ခမ်းနီတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဘယ်လိုကြည့်မလဲ ???

MAC နှုတ်ခမ်းနီတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဘယ်လိုကြည့်မလဲ ???
(၁) နှုတ်ခမ်းနီတောင့်လေးရဲ့အောက်ခြေကို လှန်ကြည့်လိုက်ပါ။
(၂) A94 (သို့မပာုတ်) AA4 စသဖြင့်တွေ့ပါလိမ့်မယ်။
ပထမဆုံး တွေ့ရတဲ့ A ဆိုတာကတော့ ထုပ်လုပ်တဲ့နှစ်ရဲ့ Batch ကိုဆိုလိုခြင်းဖြစ်ပါတယ်။
[ A ဆိုရင် Batch 1 ဖြစ်ပြီးတော့ B ဆိုရင်တော့ Batch 2 ဖြစ်ပါတယ်။
C ဆိုရင်တော့ Batch 3 ဖြစ်ပါမယ်။ ]
(၃) ဒုတိယတွေ့တဲ့ 9 ကတော့ ထုတ်လုပ်ပေးလိုက်တဲ့ လ ကို ဆိုလိုခြင်းဖြစ်ပါတယ်။ January လ ဆိုရင် 1 ဖြစ်ပြီးတော့ February လ ဆိုရင် 2 ဖြစ်ပါတယ်။ အခုက 9 ဆိုတော့ September လ မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံး 4 ကတော့ 2014 ခုနှစ်မှာထုတ်ခဲ့တာလို့ဆိုလိုခြင်းပါ။
[0 ဆိုရင် 2010 ခုနှစ်ကထုတ်တာဖြစ်ပြီး ၊ 5 ဆိုရင် 2015 ခုနှစ်ကထုတ်ခဲ့တာပါ။
[ ပုံထဲမှာပြထားတဲ့ Burmese Kiss က "A94" ဖြစ်တဲ့အတွက် 2014 ခုနှစ် September လ Batch 1 မှာထုတ်ခဲ့တာဖြစ်ပါတယ်။
နောက်ဥပမာ တစ်ခုကတော့"AA4" ပါ။
ပထမ A က Batch 1 ဖြစ်ပါတယ်။
နောက်ထပ် A ကတော့ October လ ကိုဆိုလိုပါတယ်။
[ January လကနေ September လ အထိကို 1 ကနေ 9 အထိသွားပြီးတော့၊ ခြွင်းချက်အနေနဲ့October လ ဆိုရင် A ဖြစ်သွားပါတယ်။
November လ ဆိုရင် B ပါ။ December လ ဆိုရင်တော့ C ပါ။]
"AA4" လို့တွေ့ခဲ့ရင်တော့ 2014 ခုနှစ် October လ Batch 1 မှာထုတ်ခဲ့တာလို့ ပြောနိုင်ပါပြီ။
MAC နှုတ်ခမ်းနီတွေရဲ့ Shelf Life က 36 လ (၃ နှစ်) ဖြစ်တဲ့အတွက် နောက်ဆုံးဂဏန်းက 1 ဆိုရင်တော့ Expiry ဖြစ်နေပါပြီ။ 2 ဆိုရင်တော့ သိပ်မလတ်ပါဘူး။ 3 ဆိုရင်တော့ လက်ခံနိုင်တဲ့ အဆင့်ပါ။ 4 ဆိုရင်တော့ အကောင်းဆုံး အဆင့်ဖြစ်ပါပြီ။
*** စာအရှည်ကြီးကို စိတ်ဝင်တစားဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးပါဗျာ။ ***
‪#‎brandedcollections‬ ‪#‎maclipstick‬ ‪#‎reveal‬ 09-25 900 4646
Unlike · Comment ·

No comments:

Post a Comment