:include data='blog' name='google-analytics'/>

Monday, July 28, 2014

သင်တစ်ယောက်တည်းရှိနေချိန် heart attack ရခဲ့သော်

copy from FB 
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော်
ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကို
တစ်ယောက်တည်းပြန်လာနေတယ် ဆိုကြပါစို့ ...
အလုပ်မှာကလည်း စိတ်လှုပ်ရှား...
ပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့....

သင်ဟာ တကယ်မောပန်းစိတ်ပျက်နေတဲ့အချိန်ပါပဲ....
ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲကပြင်းထန်တင်းကြပ်
နာကျင်မှုမျိုး သင်ခံစားလိုက်ရ ပါတယ်....
အထဲက လက်နဲ့ဆွဲဆုပ်ညှစ်ထားသလိုမျိုး
ရင်ဘတ်ပေါ် လူတစ်ယောက်
တက်ထိုင်ထားသလိုမျိုးခံစားရပြီးအရမ်းပြင်းထန်လို့ 
ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်...
ဒီနာကျင်မှုဟာလက်မောင်းတွေ
မေးရိုးတွေအထိထုံကျင်ပျံ့ နှံ့ သွားပါတယ်....
ဒီတော့သင်ကြားဖူးထားလို့ သိလိုက်ရတာက
ဒါဟာနှလုံးသွေးကြောပိတ်ပြီး
နှလုံးကအောက်စီဂျင် မရတဲ့ရောဂါ
( Ischaemic Heart Disease ) ရဲ့
့နှလုံးရုတ်တရက်ထဖောက်ခြင်း
( Heart Attack) ဆိုတာပါပဲ...
ကံဆိုးစွာပဲ သင်နဲ့အနီးဆုံးဆေးရုံဆေးခန်းဟာ
၅မိုင်လောက် ဝေးပါတယ်...
ဒီချိန်မှာ နောက်တစ်မိနစ်လောက်တောင်
သင်အသက်ဆက် ရှင်နိုင်ပါတော့ မလားလို့ 
ထင်ရလောက်အောင်ဝေဒနာကလဲ ဆိုးဝါးလာပါတယ်...
ဒါဆို သင်ဘာလုပ်မလဲ........?
သင်အရင်တုန်းက
Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့
အရေးပေါ်နှလုံးအဆုတ်
အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ....
လူနာကို ရင်ဘတ်ပေါ်ကနေလက်နဲ့နှလုံးကို
၃ ချက်နှိုးလိုက်
လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ
၁ ချက်လေမှုတ်သွင်းပေးလိုက်
စည်းချက်ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်...
အခုသင့်ကိုဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ
သင်သိလိုက် ပါပြီ....
ဒါပေမယ့် အနားမှာလူတစ်ယောက်မှ မရှိတဲ့နေရာကို
သင်ရောက်နေတယ် ဆိုရင် သူများကိုဘယ်လိုလုပ်ခိုင်းမလဲ...
ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့
CPRအသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်...
CPR ဆိုတာ heart attack ရလို့ ...
ဓာတ်လိုက်သွားလို့ 
ရေနစ်လို့ 
အကြောင်းကြောင်းကြောင့် အသက်ရှူရပ်သွားလို့ 
စတာတွေဖြစ်ခဲ့ရင် လူနာရဲ့ အသက်ကိုကယ်တင်ဖို့
့နှလုံးနဲ့ အဆုတ်ကိုပုံမှန်အလုပ် ပြန်လုပ်အော
င်နှိုးပေးတာဖြစ်ပါတယ်....
ပါးစပ်ကနေ လေမှုတ်သွင်းအသက်ရှူစေခြင်းနဲ့
နှလုံးဖိနှိုးခြင်းဆိုပြီး နှစ်ပိုင်းပါပါတယ်...
ကမ္ဘာပေါ်မှာ နှစ်တိုင်းheartattack
အဆိပ်မိခြင်း
ရေနစ်ခြင်းစတာတွေကြောင့် နှစ်စဉ်လူတွေ
သန်းနဲ့ချီသေနေကြပါတယ်....
ဖြစ်ပြီးပြီးချင်း CPR သာလုပ်ပေးမယ်ဆိုရင်
အများစုရဲ့  အသက်ကိုကယ်လို့ ရမှာပါ...
ဒီတော့ လူတိုင်းဒီနည်းကို တတ်ထားသင့်တာပေါ့...
ဒါက ရိုးရိုးCPRကိုပြောတာပါ...
ဒါထက်အရေးကြီးတာက ကိုယ် တစ်ယောက်တည်း
ရှိနေတဲ့အချိန် ရုတ်တရက်heart attack ရတယ်...
လူကလဲမေ့မျောချင်လာပြီဆိုရင်
ကိုယ့်ကိုယ်ကို CPRလုပ်နည်းလေး မှတ်ထားကြပါ....
အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး
အားနဲ့ ချောင်း အဆက်မပြတ် လုပ်ဆိုးလိုက်ပါ....
ချောင်း တစ်ချက်ချင်းစီကိုလည်း ရင်ခေါင်းထဲကနေ
ကြာကြာလေးဖြစ်အောင် ဆွဲဆိုးပါ....
သလိပ်တွေ ထွက်လာရင် ထွက်လာပလေ့ စေ...
အသက်ဆက်တိုက်ရှူပြီး ချောင်းဆက်တိုက်ဆိုးပေးပါ....
အရမ်းမြန်ရင်တော့ ပိုမောစေလို့ မှန်မှန်ပဲလုပ်ပါ...
ဒါဟာသင့်အသက်ကိုသင်ကယ်နေတာ ဖြစ်ပါတယ်...
တဖြည်းဖြည်းပိုပြီးနေလို့ ကောင်းလာတာ သင်ခံစားရမှာပါ...
သွားလိုတဲ့ဆေးရုံမရောက်သေးခင်
ကုသပေးမယ့် သူတွေမရောက်သေးခင် အထိဒီလိုလုပ်ပေးပါ...
အသက်ပြင်းပြင်း ရှူလိုက်တော့ အဆုတ်ထဲလေတွေ
အများကြီးဝင်လာပြီး လတ်တလော
အောက်စီဂျင်ပိုရစေပါတယ်...
ချောင်းဆိုးခြင်းက နှလုံးကိုဖျစ်ညှစ်ပေးပြီး
သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်...
ဒါကြောင့် နှလုံးပုံမှန်ပြန်ခုန်စေပြီး
နှလုံးရောဂါ ထဖောက်လာတဲ့လူနာက
ဒီနည်းနဲ့ ဆေးရုံကို ဘေးကင်းစွာမျှော်လင့်ချက်ရှိရှိ
ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်...
ဒီဆောင်းပါးကိုဖတ်ပြီးပြီဖြစ်လို့ သင်ကိုယ်တိုင်ဖြစ်လာခဲ့ရင်
CPR လုပ်ပြီး သင့်အသက်ကိုကယ်ဆယ်ဖို့  သတိရပါ...
သူများတွေကိုလည်းဖြန့် ဝေပေးရင်
အသက်ပေါင်းမြောက်မြားစွာကို ကယ်တင်ပြီးသားဖြစ်မှာပါ....
http://zartikabar.blogspot.com/2013/02/heart-attack.html

Thursday, July 24, 2014

မျောက် ၅ ကောင်ပုံပြင်

copy from FB
မျောက် ၅ ကောင်ပုံပြင်
============
တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်..။ လှောင်အိမ်ရဲ့  အလယ်မှာတော...့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်..။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့လောင်းချပါတယ်..။ မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားတိုင်း မျောက်အားလုံး ရေခဲရေအလောင်းခံရတာပေါ့…။
ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်..။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့..။
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့..။ သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်…။
နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပဲ…။ စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ..။
ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်…။ သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။ ဒါပေမယ့်..ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်..ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့..။
ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်..။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့  လောင်းရိပ်မိနေတ⁠တ်ကြပါတယ်..။
ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်…။
၁။ သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ..ကိုယ်တိုင်စိစ⁠စ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား..
၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစ⁠စ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ…
ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ..။
အထူးအဖြင့် ကျနော်တို့ နိုင်ငံကလူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်…။ ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်…။ ဝေလေေ⁠လတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။ ဘယ်သူမှရှေ့ မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ.၊ ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ..။
ဒါတွေအသာထားလို့ ကျနော့သယ်ရင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်.. ကိုယ့်ရဲ့  အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစ⁠စ်ကြဖို့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်ဗျား…
ဦးသုည
ကိုယ်ဖတ်လိုက်လို့ ကောင်းတာလေးတွေကို ပြန်ဖြန့်ဝေပေးတာလည်း မေတ္တာတစ်မျိုးပါ
@@@သာသနာနွယ်

Tuesday, July 22, 2014

ဒေါသထွက်လာရင်ဘာလို့ တစ်ယောက်နဲ့တစ်ယောက်အော်ပြောကြတာလဲ

copy from FB
ဒေါသထွက်လာရင်ဘာလို့ တစ်ယောက်နဲ့တစ်ယောက်အော်ပြောကြတာလဲ
တစ်ခါက ပညာရှိတစ်ဦး ဆီမှာပညာလာသင်ကြတဲ့ ကျောင်းသားတွေ အော်ဟစ်ရန်ဖြစ်နေပါတယ်။ပညာရှိကကြားတော့ သှူုတပည့်တွေဆီကိ...ု လာခဲ့ပါတယ်။တပည့်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်အော်ပြောပြီးတော့ အသံတွေ ကျယ်လောင်နေပါတယ်။ပညာရှိက ထိုကျောင်းသားတွေထဲကို ၀င်သွားပါတယ်။ပြီးတော့ ဘာလို့ဒီလောက်ဆူညံနေတာလဲလို့ မေးတာပေါ့။
တပည့်တွေက ဒေါသထွက်လွန်းလို့ သည်းမခံနိုင်တော့လို့ တစ်ယောက်ကို တစ်ယောက်အော်ပြောနေတာလို့ ဖြေပါတယ်။ပညာရှိကမေးပါတယ် ဒီလိုမျိုး ဘေးချင်းကပ်နေပြီးတော့ အချင်းချင်းဘာကြောင့် အော်ပြောနေတာလဲ။သူတို့ မကြားနိုင်ဘူးလို့ ထင်လို့ အော်ပြောနေတာလား။
ကျောင်းသားတွေ မဖြေနိုင်ကြတော့ပါဘူး။အဲတော့မှ ပညာရှိက
" ဒေါသဆိုသည်မှာ လူတစ်ဦးနှင့်တစ်ဦးကို အလှမ်းဝေးစေ၏။ခင်မင်သူအချင်းချင်း၏ စိတ်ချင်းလဲ အလှမ်းဝေးစေနိုင်သည်။ထို့ကြောင့် ဒေါသထွက်သဖြင့် ယခင်က စိတ်ချင်းနီးခဲ့သော်လဲ ဒေါသကြောင့်အလှမ်းဝေးသွားသည်ကို သင့်ရဲ့မသိစိတ်က သိသဖြင့် သင့်အားအော်ပြောရန် အချက်ပေးခြင်းဖြစ်သည်။
မေတ္တာဆိုသည်မှာ လူသားတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းနီးစပ်စေ၏။မေတ္တာမျှနေသောသူများကား သူတို့စိတ်ချင်းနီးစပ်နေသဖြင့် ကျယ်လောင်စွာအော်ပြောရန်မလို တိုးတိုးသာပြော၏"
ထို့ကြောင့် တပည့်တို့ အခုလို ကျယ်လောင်စွာ အော်ဟစ်ခြင်းမှာ ဒေါသက အသင်တို့ကို အလှမ်းဝေးစေခြင်းကြောင့် ဖြစ်သည်။
မောင်စိုင်း
ACM Credit To : နည်းစနစ်ကျကျအတွေးအခေါ်

Wednesday, July 16, 2014

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ



ကြက်ခြံမွေးမြူရေးတစ်ချို့တွေ မှာ ကြက် အသားတိုးစေဖို့အတွက် အသားတိုးဆေး ၊ ဘာဆေးညာေ...ဆး ထိုးကြပါတယ်။
တော်တော်များများက ဒီဆေးထိုးဖို့ကို လည်း ကြက်တွေရဲ့တောင်ပံကနေ တဆင့် ထိုးကြပါတယ်။
ဒီလို ဆေးထိုးထားတဲ့ ကြက်တောင်ပံကိုတွေကို စားသုံးတာ များလာတာနဲ့အမျှ သားအိမ်မှာ အသားလုံး ၊ သွေးလုံးတို့ တည်လာပါတယ်။
နောက်ဆုံးအဆင့် သားအိမ်ကင်ဆာထိတောင် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် မနုဿ ရဲ့ ပရိတ်သတ်တွေအားလုံးလည်း မွေးမြူရေးကြက်ကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

ဒီလိုပြောတော့ မနုဿကို ကြက်သားရောင်းတဲ့သူတွေ လာဝိုင်းရိုက်ကြတော့မယ်နဲ့တူတယ်နော်။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတားနိုင်ဖို့က မနုဿ တာဝန်ဖြစ်တဲ့အတွက် ရရှိလာတဲ့ သတင်းလေးကို ချက်ချင်းရေးသား ဝေမျှ လိုက်ပါတယ်။
Nine-online shopping & delivery မှ ပြန်လည်မျှဝေပါသည်။
ဖတ်ပြီးရင်လည်း ကျန်တဲ့သူငယ်ချင်းတွေ သိအောင် ပြန် Share ပေးလိုက်ပါဦးနော်။
ချစ်တဲ့ .... မနုဿ
Credit to မနုဿ ရဲ့ စာမျက်နှာလေးများ

Sunday, July 13, 2014

Thee express Times မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း

မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း
===============
မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း ကိုတော့ နှောင်းလူများ လေ့လာ သိရှိနိုင်ရန် ဗဟုသုတအဖြစ် တင် ပြလိုက်ပါသည်။
မြန်မာ့မြေလွှာ
...
၁။ မြန်မာ့မြေလွှာသည် ကမ္ဘာ့မြေလွှာများနှင့်အတူ လွန် ခဲ့သော နှစ်သန်း ၆၀၀ ခန့်မှစ၍ ဖြစ်တည်ခဲ့ သည်ဟု ဘူမိဗေဒ ပညာရှင်များက အသိအမှတ်ပြု သည်။ သမိုင်းမတင်မီလွန်ခဲ့သော နှစ်သန်း ၄၀ ခန့်မှစ၍ မြန်မာ့ မြေလွှာတွင် လူသားများနေထိုင်ခဲ့ ကြကြောင်းလည်း တွေ့ရှိသော ရုပ်ကြွင်း အထောက် အထားများ အရ ဘူမိဗေဒပညာရှင်များ၊ မနု ဿဗေဒပညာရှင်များက အတည် ပြုကြသည်။


မြို့ပြနိုင်ငံများ
၂။ အေဒီ ၁ရာစုမှစ၍ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြို့ပြ နိုင်ငံများဖြင့် စနစ်တကျ ဖွဲ့စည်း နေထိုင်ခဲ့ကြကြောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာ၊ သုဝဏ္ဏဘုမ်္မိ၊ ဝေသာလီ (ရခိုင်)မြို့ပြနိုင်ငံများက စကား မပြောသောသက်သေများအဖြစ် အခိုင်အမာပြဆိုလျက်ရှိသည်။



မြန်မာပဒေသရာဇ်ခေတ်ကြီးများ
၃။ မြန်မာပဒေသရာဇ်၏ ခေတ်ကြီးများ ပုဂံ၊ ပင်းယ၊ စစ် ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင် ခေတ်ဟူ၍ အကြမ်းမျဉ်း ၇ ခေတ်ခွဲထား သည်။



ပုဂံခေတ် (အေဒီ ၅၆၁ မှ အေဒီ ၁၃၆၈ ထိ)
၎။ သမုတိရာဇ်မင်းမှ သည် စောမွန်နစ်ထိ မင်းဆက် ၅၅ ဆက်ရှိခဲ့သည်။ အနော်ရထာ မင်းကြီး(အေဒီ ၁၀၄၄-၁၀၇၇) သည် ၄၂ ဆက်မြောက်ပုဂံမင်း ဆက်ဖြစ်ပြီး ပထမမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည်။ ၎င်း၏ ပထမမြန်မာနိုင်ငံတော် ကြီးသည် ၅၅ ဆက်မြောက် ပုဂံ မင်းဆက်ဖြစ်သော စောမွန်နစ် (အေဒီ ၁၃၂၅-၁၃၆၈)တွင် ပျက် သုဉ်းခဲ့သည်။



ပင်းယခေတ်(အေဒီ ၁၃၀၉ မှ ၁၃၆၄ ထိ)
၅။ သီဟသူ (အေဒီ ၁၃၀၉-၁၃၂၅)မှ ဥဇနာပြောင် (အေဒီ ၁၃၅၉-၁၃၆၄)ထိ မင်းဆက် ၆ ဆက်ရှိခဲ့သည်။ ၎င်းနှင့် ထီးပြိုင် နန်းပြိုင် စစ်ကိုင်းမင်းဆက်ရှိခဲ့ သည်။ စစ်ကိုင်းတွင် အသင်္ခယာ စောယွန်း (အေဒီ ၁၃၁၅-၁၃၂၃) မှ သီဟပတေ့ (အေဒီ ၁၃၅၂-၁၃၆၄)ထိ မင်းဆက် ၇ ဆက် ရှိခဲ့သည်။



အင်းဝခေတ် (အေဒီ ၁၃၆၄-၁၃၆၇)
၆။ သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၇)မှ ငါးဆူဒါယကာ ၏ သား မင်းရဲကျော်စွာ (အေဒီ ၁၅၈၆-၁၅၉၃)ထိ မင်းဆက် ၂၀ ရှိခဲ့သည်။



တောင်ငူခေတ်(အေဒီ ၁၄၈၅-၁၆၀၀)
၇။ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀)မှ ငါးဆူဒါယကာ နန်္ဒဘုရင်(အေဒီ ၁၅၈၁ မှ ၁၆၀၀) ထိ မင်းဆက် ၄ ဆက် ရှိခဲ့ပြီး ဟံသာဝတီဆင်ဖြူရှင် ဘုရင့် နောင် (အေဒီ ၁၅၅၀-၁၅၈၁) သည် ဒုတိယမြန်မာနိုင်ငံတော် ကြီးကို ထူထောင်နိုင်ခဲ့သည်။



ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂-၁၈၈၅)
၈။ တတိယမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ (အေဒီ ၁၇၅၂-၁၇၆၀) မှသည် သီပေါမင်း (အေဒီ ၁၈၇၈ မှ ၁၈၈၅)ထိ ကုန်းဘောင် မင်းဆက် (၁၁)ဆက်ရှိခဲ့သည်။ နောက်ဆုံးမင်းဆက်ဖြစ်သဖြင့် မင်းဆက်(၁၁)ဆက်မှာ-
(က) အလောင်းဘုရား ၁၇၅၂-၁၇၆၀
(ခ) နောင်တော်ကြီး ၁၇၆၀-၁၇၆၃
(ဂ) ဆင်ဖြူရှင် ၁၇၆၃-၁၇၇၆
(ဃ) စဥ့်ကူးမင်း ၁၇၇၆-၁၇၈၂
(င) ဖောင်ကားစားမောင်မောင် ၁၇၈၂-၁၇၈၂ (၇)ရက်
(စ) ဘိုးတော်ဘုရား ၁၇၈၂-၁၈၁၉
(ဆ) ဘကြီးတော် ၁၈၁၉-၁၈၃၇
(ဇ) သာယာဝတီမင်း ၁၈၃၇-၁၈၅၂
(ဈ) ပုဂံမင်း ၁၈၅၂-၁၈၅၃
(ည) မင်းတုန်းမင်း ၁၈၅၃-၁၈၇၈
(ဋ) သီပေါမင်း ၁၈၇၈-၁၈၈၅ ထိဖြစ်သည်။

 မြန်မာနိုင်ငံ အင်္ဂလိပ်လက် အောက်ရောက်ခြင်း
၉။ အင်္ဂလိပ်တို့သည် မြန်မာ နိုင်ငံအား အေဒီ ၁၈၂၄၊ ၁၈၅၂ နှင့် အေဒီ ၁၈၈၅ တို့တွင် စစ်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး ၁-၁-၁၈၈၆ တွင် မြန်မာတစ်နိုင်ငံလုံး ကို သိမ်းပိုက်ခဲ့သည်။ ကျွန်ဘ၀ရောက်သည်။



လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ် အချို့
၁၀။ ၁၉၀၆ တွင် ၀ိုင်အမ် ဘီအေခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဖွဲ့ပြီး လွတ်လပ်ရေးရရှိရေး စတင်ဆောင်ရွက်ခဲ့သည်။
၁၁။ ၁၉၁၉ တွင် မြန်မာ အမျိုးသမီးကုမ္မာရီအသင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
၁၂။ ၁၉၂၀ တွင် ၀ိုင်အမ် ဘီအေမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး ဂျီစီဘီအေဖွဲ့သည်။ ပထမ ကျောင်းသားသပိတ်မှောက် ခဲ့သည်။
၁၃။ ၁၉၃၀ တွင် တို့ဗမာ အစည်းအရုံးထူထောင် သည်။ ထိုနှစ်တွင် ဆရာစံ ဦးဆောင်သော တောင်သူ လယ်သမား အရေးတော်ပုံ ဖြစ်ပွားသည်။
၁၄။ ၁၉၂၃-၃၇ အင်္ဂလိပ် က မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် အုပ်ချုပ် သည်။
၁၅။ ၁-၄-၃၇ မှ ၁၀-၁၂-၁၉၄၂ ထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးစနစ်ကျင့်သုံး သည်။
၁၆။ ၈-၁-၁၉၃၈ (၁၃၀၀ ပြည့်အရေးတော်ပုံ)ချောက် ရေနံမြေသပိတ်စတင် သည်။
၁၇။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက် ဘီအိုင်အေဖွဲ့သည်။
၁၈။ ၁၉၄၅ မတ်လ ၂၇ ရက်တွင်ဂျပန်ကို တော် လှန်သည်။
၁၉။ ၁၉၄၇ ဆိုရန်တိုဗီလာ ပြန်လည်ထူထောင်ရေးစီမံ ကိန်းချမှတ်သည်။
၂၀။ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့် အခြားသော ပြည်နယ်ခေါင်းဆောင်များ ညီညွတ်မှုရယူကာ ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်မှုကို အခိုင်အမာ ရယူနိုင်ခဲ့သဖြင့် “ပြည် ထောင်စုနေ့”အဖြစ် ပေါ် ပေါက်ခဲ့ရသည်။
၂၁။ ၄-၁-၁၉၄၈ တွင် မြန်မာ နိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဖြစ်လာသည်။
မြန်မာ့သမိုင်း

Wednesday, July 9, 2014

ခရမ်းသီး၏ကျန်းမာရေးအထောက်အပံ့များ။



 ခရမ်းသီးသည်အသီးအနှံထဲတွင်ကယ်လိုရီစွမ်းအင်အနည်းဆုံးပါဝင်သည့် အသီးအနှံဖြစ်သည်။
ခရမ်းသီး ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၂၂ သာပါသည် ထိုကြောင့် ကိုယ်အလေးချိန်ချလိုသူများအတွက်စိတ်ဝင်စားဖွယ်ဖြစ်သည်။ ၎င်းအပြင် Pectin ခေါ်သော အမျှင်ဓါတ်ပါဝင်မှုကြောင့်ပို၍စိတ်ဝင်စားဖွယ်ဖြစ်သည်။
ပိုတက်စီရမ်ဓါတ်ပါဝင်မှုကြောင့်လည်း ဆီးရွှင်စေသည်။ 

သွေးတွင်းအဆီကျစေခြင်း။
ခရမ်းသီးသည် အဆီများသော အစာများစားသောက်ပြီး နောက် သွေးတွင်းအဆီ (Blood cholesterol )
နဲ့ကိုယ်ခန္ဓာ၏အဆီ (body fat) များတက်လာခြင်းကိုထိန်းချုပ်ကြောင်း အမေရိကားနှင့် အော်စတီရား တွင်ပြုလုပ်သောလေ့လာမှုများက ဖေါ်ပြကြသည်။ ၎င်းအချက်မှာ ခရမ်းသီးတွင်ပါဝင်သော   Pectin  ကြောင့်ဟုယူဆကြသည်။  Pectin သည် အူအတွင်း၌ခဲသွားပြီး ၎င်းအခဲတွင်အစား၌ပါသော cholesterol
ကိုဖမ်းချုပ်ထားခြင်းဖြင့် cholesterol များကိုယ်တွင်းသို့မ၀င်ရောက်အောင်ပြုလုပ်သည်။ ဤနည်းဖြင့်
ခရမ်းသီးသည် အဆီအဆိမ့်များစားပြီးနောက် Blood cholesterol နဲ့body fat တက်ခြင်းကို ကာကွယ် သည်။ 

Ref  Medisite
 
 

Saturday, July 5, 2014

မြန်မာလူမျိုးတွေ လေးဖက်သွားတဲ့အရွယ်က ဘယ်တော့လူကြီးဖြစ်ကြမှာလဲ။









တမြန်မနေ့ကပါရီမြို့ကိုကြွလာတဲ့ ရဝေနွယ် (အင်းမ) ဆရာတော် နဲ့ဦးဇင်းသုမန၊ကျောင်းထိုင် ဆရာတော်ဦးကုမာရ တို့ကိုဆွမ်းကပ်ကြတာမို့ပါရီမြန်မာဗုဒ္ဓဘာသာကျောင်းကိုရောက်ခဲ့ပါတယ်။ ဆွမ်းတွေကပ်၊ ဆရာတော်ရဲ့တရားတွေနာပြီးတော့ လှူဖွယ်ပစ္စည်းတွေကပ်ကြပါတယ်။ အဲ့ဒီမှာ ဒကာမ တစ်ဦးက ယိုးဒယားကလာတဲ့ဆေး ဆိုတာကိုဆရာတော် တစ်ပါးဆီကိုတစ်ပုလင်းဆီကပ်ပါတယ်။ ဒီဆေးက အလွန် ကောင်း ကြောင်း သဘာဝပစ္စည်းတွေနဲ့သာလုပ်ထားကြောင်း၊ကိုယ်လက်ကိုက်တာဆို ညအိပ်ရာ ၀င် သောက် တာနဲနောက်နေ့လန်းဆန်းသွားတဲ့အကြောင်းပြောပါတယ်။ ဆေးဘူးယူကြည့်တော့ ဆေးနံမည် Vital Star လို့ရေးထားတာကလွဲရင် ကျန်တာက ယိုးဒယား စာတွေဘဲတွေ့ရပါတယ်။ ယိုးဒယားက၀ယ်တာလားဆိုတော့ မဟုတ်ဘူးတဲ့ မြန်မာပြည်က၀ယ်ပြီးပို့လိုက်တာတဲ့။ မြန်မာပြည်ကိုေ၇ာင်းတဲ့ဆေး မြန်မာတွေနားလည်တဲ့မြန်မာဘာသာနဲ့ဘာလို့မရေးတာလဲ။

မနေ့ကကျောင်းကိုထပ်ရောက်တော့ အဲ့ဒီဆေးဘူးကိုဖွင့်ပြီးတစ်လုံးဆီသောက်ကြတာတွေ့ရပါတယ်။ ဆေးမှာဘာပါမှန်းမသိဘဲ အရမ်းမသောက်သင့်ကြောင်းဝင်ပြောမိတော့ သဘာဝပစ္စည်းသာဖြစ်ကြောင်း၊   ၀ယ်ချင်တိုင်းဝယ်လို့မရကြောင်း၊ အဖွဲ့ဝင်တွေမှဝယ်လို့ရကြောင်း နောက်ရောက်တဲ့ တကာမ တစ်ယောက်က၀င်ပြောပါတယ်။ ရောင်းဖို့လုပ်ထားတဲ့ဆေး၊ များများရောင်းရလေ အမြတ်ရလေ ဥစ္စာ ဘာလို့လူရွေးေ၇ာင်းမှာလဲ။ သူများကောင်းတယ်ဆိုလိုက်ကောင်းလိုက်တာဘဲ။ ရှားပါးတယ်ဆို ပိုကောင်းတယ်လို့ထင်ကြတယ်။

မိုးကုတ်ဆရာတော်ဘုရားဟောလေ့ရှိတဲ့ သူများ ပါးစပ်ဖျား၊လမ်းဆုံးတယ်ဆိုတာ မြန်မာတွေအတွက်တော့
နေရာတကာမှန်ပါလားလို့လဲတွေးမိတယ်။ ဆေးဆိုတာ လိုမှသောက်ရတာ၊ အလကားနေရင်း သောက် ရတာ မှမဟုတ်တာ၊ လိုအပ်ရင်တောင် လိုသလောက်ဘဲသောက်ရတာ တန်ဆေးလွန်ဘေး ဆိုတဲ့စကား လဲရှိတာဘဲ။

ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ရန်ကုန်ဆေးရုံကြီးက သူနာပြုဆ၇ာမကြီးတစ်ဦး ဆီချိုရောဂါမရှိဘဲ ဆီးချိုဆေး မှားသောက်မိလို့ သွေးထဲက သကြားဓါတ်တွေအကျလွန်ပြီးသေဆုံးခဲ့တာကို
သတိရမိပါတယ်။ မသမာတဲ့ဆေးရောင်းသူတွေက အဲ့ဒီအချိန်က အေ၇ာင်းထိုင်းတဲ့ဆီချိုကျ ဆေးကို ပုံစံတူတဲ ၀မ်းကိုက်ပျောက်ဆေးပုလင်းထဲထဲ့ေ၇ာင်းခဲ့လို့ပါ။

ဆေးမှမဟုတ်ပါဘူး။ အစားအစာတောင် ကိုယ်နဲ့တဲ့ တဲ့ အစာကိုရွေးစားရတာပါ။ သွေးတိုးရှိတဲ့သူ ဆားဓါတ်များတဲ့ ငါးပိ၊ငံပြာရည်တွေအစားများရင် သွေးတိုးပြီး ဒုက္ခရောက်မှာပေါ့။  ဒါအတွက်လဲ မိုးကုတ်ဆရာတော်ဘုရားကြီးက မတဲ့ တာစားရင် သေချင်းဆိုးနဲ့သေမယ်လို့ဟောတော်မူခဲ့ပါတယ်။

လေးဖက်သွားတတ်တဲ့ခလေးအရွယ်မှာ သူကိုင်မိသမျှကို စားစရာထင်ပြီး ပါးစပ်ထဲ ထဲ့တပ်ကြလို့ခလေးကစားစရာပစ္စည်းတွေမှာသုံးတဲ့ အေ၇ာင်တင်ဆေးတွေကိုအန္တရာယ်မရှိတဲ့ စားလို့ရတဲ့ဆေး တွေသုပ်ဖို့ တိုးတက်တဲ့နိုင်ငံတွေမှာအထူးအလေးထားကြပါတယ်။

Vital Star ကို internet မှာရှာကြည့်တော့ ဆန်အခွံကထုတ်ထားတဲ့ vit E လို့ထုတ်လုပ်သူကရေးထားတာ
တွေ့တယ်။ ဒီအတိုင်းဆိုရင်တော့ အန္တရာယ်မရှိလောက်ဘူးလို့ ထင်မိပါတယ်။ အလုံး ၆၀ ပါတဲ့ တစ်ဘူးကို
အမေရိကန် ဒေါလာ ၅၀ တဲ့။ vit E များတဲ့ သဘာဝ ငါးကြီးဆီ အလုံး ၆၀ ကို မြန်မာပြည်မှာ ဘယ် လောက်ပေးရမယ်ထင်ပါသလဲ။

ကျမတို့ကိုးကွယ်တဲ့ မြတ်စွာဘုရားရဲ့ ၀ါဒ က ( ၀ိဝဇ်ဇ ၀ါဒ) ဥာဏ်နဲ့ချင်းချိင်ပြီးမှ အမှန်ကို အမှန်အတိုင်းယုံကြည်ရတဲ့ ဘာသာပါ။ တွေ့သမျှ ၊ သူများပြောသမျှ ယုံတဲ့ ( blind fait) မျက်ကန်းအယုံမျိုးမဟုတ်ပါဘူး။ မြတ်စွာဘုရားရဲ့ တရားတော်တွေကလည်း လောကုတ္တရားအတွက်သာမက လောကီအတွက်ပါ အသုံးဝင်တဲ့ တရားတော်တွေပါ။
ချင့်ချိန်စဉ်ားစားနိုင်သောဗဟုသုတ ဥာဏ်ရှိကြပါစေ။













Wednesday, July 2, 2014

နောက်ဆုံးပေါ်ဝတ်စုံ လား?







Capture d'écran RTS info
 


ဆွစ်အနုပညာရှင် Milo Moiré  တစ်ယောက် Basel မြို့လမ်းများနဲ့ရထားများပေါ်တွင်ကိုယ်လုံးတီးသွား
ေ၇ာက်ခဲ့ပြီး Basel မြို့ရဲ့နိုင်ငံတကာ အနုပညာပွဲတော်ဖွင့်ပွဲကိုတက်ရောက်ခဲ့ပါတယ်။










ဂျွန်လ ၁၉ ရက်ကြာသာပတေးနေ့က Milo Moiré  ဟာ Basel မြို့ရဲ့နိုင်ငံတကာ အနုပညာပွဲတော် ဖွင့်ပွဲပထမနေ့မှာ ကိုယ်လုံးတီးသွားရောက်ခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိသူမဟာ တကယ်တော့ ကိုယ်လုံးတီးမဟုတ်ပါဘူးတဲ့ သူမကိုယ်ပေါ်မှာသူမ၀တ်ဆင်မဲ့အ၀တ်တွေရဲ့ နံမည်တွေကို ရေးသား ထားပါတယ်။ ဒါကြောင့် အရိုးဆုံးပစ္စည်းတွေဝတ်ထားတာလို့ပြောနိုင်ပါတယ်တဲ့။ သူမရောက်ရှိလာတဲ့အခါမှာ စိတ်ဝင်စားသူများဝိုင်းလာကြတဲ့အတွက်သူမကိုသေချာမတွေ့ရတော့ပါဘူး။
ပွဲတော်ဖြစ်မြောက်ရေးကော်မတီကသူမကိုဝင်ခွင့်မပြုခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူမကို အနုပညာရှင် တစ်ဦးအနေနဲ့ဖိတ်ကြားထားခြင်းမရှိလို့ပါ။ နောက်ဆုံးမှာတော့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက သူမကိုအ၀တ်အစားဝတ်စေပြီးဝင်ခွင့်ပြုခဲ့ကြပါတယ်။