:include data='blog' name='google-analytics'/>

Monday, June 30, 2014

နောက်ကျသွားတာ သိပ်နာတာဘဲ။














Austrian တိုင်းပြည်ရဲ့မြို့တော်  Vienna ကအမျိုးသမီးတစ်ဦးကြောင့် ၎င်းနေထိုင်ရာအဆောက်အဦးအောက်တွင်လမ်းပိတ်ဆို့မှုနဲ့ ကားတိုက်မှုဖြစ်ပွါးခဲ့ပါတယ်။ မြို့ကြီးများတွင်နေပူစာလှုံရန်နေရာ ရှားပါးတတ်ပါတယ်။ ဒါကြောင့် Vienna ကအမျိုးသမီးငယ်တစ်ဦး သည်၎င်း၏တိုက်ခန်းပြူတွင်း ပေါက်တွင်နေပူစာလှုံခဲ့ပါတယ်။ အမျိုးသမီးငယ်ဟာ ၎င်းရဲ့ သုံးထပ်မှာရှိတဲ့တိုက်ခန်းရဲ့ပြူတင်းပေါက်မှာ
အ၀တ်အားလုံးချွတ်ပြီး နေပူစာလှုံခဲ့ပါတယ်။ ဒါကို အခန်းနီးချင်းတစ်ဦးကတွေ့မြင်ပြီးမှင်သက်မိ နေခဲ့ပါ တယ်။ မကြာခင်မှာ အခန်းအောက်ကလမ်းပေါ်မှာကားတွေစုနေခဲ့တယ်လို့ Daily Mail သတင်းစာက ဖေါ်ပြခဲ့ပါတယ်။


လူငယ်ကျောင်းသားတစ်ဦးက ကျွန်တော် sunstroke ရလိုက်တယ်လို့ထင်မိပါတယ်လို့ပြောပါတယ်။
အဲ့ဒီအချိန်မှာ မော်တော်ဆိုက်ကယ်တစ်စီးနဲ့ကားတစ်စီးတိုက်မိခဲ့ပါတယ်။ ကားဒရိုင်ဘာက မော်တော်ဆိုက်ကယ်သမားကို ခင်ဗျာရှေ့ကိုမကြည့်ဘူးလားလို့ကြိမ်မောင်းပါတယ်။ မော်တော်ဆိုက် ကယ်သမားက ခွင့်လွှတ်ပါခင်ဗျာ ကျနော် အပေါ်ကိုကြည့်မိသွားတယ်ဆိုပြီး အမျိုးသမီးငယ် နေပူစာ လှုံရာသို့လက်ညှိုးညွှန်လိုက်ပါတယ်။ ကားဒရိုင်ဘာက ကျွန်တော်နားလည်ပါပြီးလို့ပြန်ပြောပါတယ်။


 ပုလိပ်များေ၇ာက်လာတဲ့အချိန်မှာတော့ မိန်းခလေးငယ်ဟာ အခန်းထဲပြန်ဝင်သွားပြီး၊ပြူတင်းပေါက် ကို ပါပိတ်သွားခဲ့ပါတယ်။

Friday, June 27, 2014

ဆီချိုရောဂါသည်များအတွက် အရသာရှိတဲ့သတ်သက်လွတ်ပြင်သစ်သီးစုံဟင်း (Ratatouille Niçoise)

 



ပြင်ဆင်ချိန်: ၁၅ မိနစ်
ချက်ပြုပ်ချိန် : ၃၀ မိနစ်

ပါဝင်ပစ္စည်းများ

၁။ ခရမ်းသီးအကြီး ၁ လုံး
၂။ ခ၀ဲသီး (courgette)  ၁ လုံး
၃။ ပန်းငရုပ် အ၀ါ ၁ လုံး
၎။ ခရမ်းချဉ်သီး ၅ လုံး

၅။ ကြက်သွန်နီ ၂ ဥ
၆။ နံနံပင်  ၁ စီး
၇။ ကြက်သွန်ဖြူ ၂ မွှာ
၈။ ငရုပ်ကောင်း။
၉။ ဆား။
၁၀။ သံလွင်ဆီ (၀ါ) ဟင်းရွက်ဆီ
 

ချက်ပြုပ်ခြင်း

အသီးများအားရေဖြင့်သန့်စင်အောင်ဆေးပါ။
ခရမ်းသီးနဲ့ခ၀ဲသီးများကိုအခွံနွှာပြီး အတုံးများတုံးပါ။
ခရုပ်သီးဝါ၏ အစေ့များထုပ်ပြစ်ပါ။ အသီးများအားလုံးကို ဆားအနည်းငယ်ပါသောရေဆူတွင် ၂ မိနစ်ခန့်ပြုပ်ပြီး ရေအေးတွင်ထဲ့ခြင်းဖြင့် အသီးများမဲခြင်းကိုကာကွယ်ပါသည်။
ခရမ်းချဉ်သီးကိုအလုံးလိုက် အထက်ပါ ရေဆူထဲသို့ထဲ့ပြီးရေအေးထဲသို့ပြောင်းထဲ့ပါကလွယ်ကူစွာအခွံနွှာလို့ရပါသည်။
ကြက်သွန်နီမျာကိုအခွံနွှာပြီးပါးပါးလှီးပါ။
ကြက်သွန်ဖြူများကိုအခွံနွှာပြီး ဒါးပြားရိုက်ပြီး နုတ်နုတ်ဆင်းပါ

အိုးအကြီးတစ်လုံးတွင်ဆီနဲ့ကြက်သွန်နီ၊ကြက်သွန်ဖြူထဲ့ပြီးအနံ့မွှေးလာအောင်ဆီသတ်ပါ။ ပြီးလျှင်အသီးများ၊ဆား၊ငရုပ်ကောင်းများထဲ့ပြီး မီးအသင့်အတင့်ဖြင့် အသီးများနူးလာသည်အထိချက်ပါ။
အိုးချခါနီးတွင် နံနံပင်ထဲ့အိုးအဖုံး ဖုံးပြီး မီးပိတ်ပါ။

အထက်ပါ သီးစုံဟင်းသညှ်ဆီးချိုရောဂါသည်၊သွေးတိုးနှလုံးရောဂါသည်များ၊ သက်သတ်လွတ်စားသူများအတွက် သင့်လျော်၊အရသာရှိတဲ့ ဟင်းလျှာဖြစ်ပါတယ်။




Wednesday, June 25, 2014

ပြင်သစ်သက်သတ်လွတ် ခရမ်းချဉ်သီးအစာသွပ်။

© Sinetical - Fotolia.

 

ချက်ပြုပ်ချိန်: ၃၀ မိနစ်
ပြင်ဆင်ချိန် : ၂၀ မိနစ်
၃ ယောက်စာ ပါဝင်ပစ္စည်းများ
တိုဖူ ၉၀ ဂရမ်
ပင်စိမ်း
ကြက်သွန်မိတ်
ကြက်သွန်ဖြူ
ဂျုံမှုန့် ၃၀ ဂရမ်
ဆနွင်း
ငရုပ်ကောင်း
ဆား
ပဲငံပြာရည်
ခရမ်းချဉ်သီး ၆၀၀ ဂရမ်
နှမ်း
ဟင်းရွက်ဆီ
ရေ ၅၀ ဂရမ်
 
ပင်ဆင်ပုံ
၁။ ခရမ်းချဉ်သီးများကိုရေစင်စင်ဆေးပြီး၊ ဖင်ပိုင်းကို ဦးထုပ်ပုံဖြစ်အောင်ဖြတ်ပါ။ အတွင်းပိုင်းမှအစေ့များထုတ်ပြီး၊ဆားအနည်းငယ်ထဲ့ပါ။

 ၂။  oven ကိုအပူပေးပါ။ ပြီးနောက် ၁၆၀ ဒီဂရီတွင်ထားပါ။ မိနစ် ၃၀ ချက်ရပါမယ်။

၃။ ပင်စိမ်းနဲ့ကြက်သွန်မိတ်များကိုရေစင်စင်ဆေးပြီး၊အချို့ကိုအရွယ်တော်ပိုင်းဖြတ်ပြီးအချို့ကိုနှုတ်နှုတ်စင်းထားပါ။
 
၎။ ကြက်သွန်ဖြူများကိုနှုတ်နှုတ်စင်းပါ။
 
၅။ ခွက်တစ်ခုတွင် တိုဖူးများကိုခြေပြီး၊နှုတ်နှုတ်စင်းထားသောပင်စိမ်းနဲ့ကြက်သွန်မိတ် များထဲ့ရော်ပါ။

၆။ အခြားခွက်တစ်ခုတွင် ဂျုံမှုန့်နဲ့နှုတ်နှုတ်စင်းထားသောကြက်သွန်ဖြူ၊ဆနွင်း၊ငရုပ်ကောင်း၊ဆား၊ပဲငံပြာရည် များ ထဲ့နယ်ပြီး နောက် တိုဖူးအရော်ကိုပါထဲ့နယ်ပြီးအပေါ့အငံမြည်းပါ။

၇။  ခရမ်းချဉ်သီးများကိုအစာသွတ်ပါ၊ ခေါင်းပိုင်းတင်ပါ။ နှမ်းဖြူးပါ။ ထိုနောက် oven တွင်ဖုတ်ပါ။
oven ထဲတွင် အခြားခွက်တစ်ခုထဲ၌ ရေထဲ့ထားခြင်းဖြင့် ခရမ်းသီးများမတူးပဲကျက်စေပါသည်

၇။ ခရမ်းချဉ်သီးအစာသွတ်များကျက်မကျက်ကို သွားကြားထိုးတန်ထိုး၍စမ်းသပ်နိုင်ပါသည်။
 
ပူပူနွေးစားသောက်ပါကပိုမိုအရသာရှိပါတယ်။
 
 

Monday, June 23, 2014

ပြင်သစ်ပုဇွန်ခ၀ဲသီးဟင်း

 


ပြင်ဆင်ချိန်: ၂၀ မိနစ်
ချက်ပြုပ်ချိန်:  ၅ မိနစ်
ရေခဲသေတ္တာတွင်အအေးခံချိန်း ၆၀ မိနစ်


လူ ၄ ယောက်စာ
၁။ ခ၀ဲသီး ၄၀၀ ဂရမ်
၂။ အခွံနွှာပြီး ပုဇွန် ၂၀၀ ဂရမ်
၃။ အဆီမပါသောဒိန်ခဲဖြူ ၁၅၀ ဂရမ်
၎။ သံပုရာရည် ထမင်းစားဇွန်း ၂ ဇွန်း
ဆား၊ငရုပ်ကောင်း၊နံနံပင် (၀ါ) ပင်စိမ်း (၀ါ) ပူစီနံ
 
 

ပြင်ဆင်ပုံ
ခ၀ဲသီးကိုရေဆေး၊ ထိပ်နှစ်ဖက်ဖြတ်၊အရှည်အတိုင်းခွဲပြီးအထဲမှ အစေ့ပါသောအူတိုင်များထုတ်ပြစ်ပါ။
၎င်းနောက် ရေဆူတွင် ၅ မိနစ်ပြုပ်ပြီးနောက် ရေခဲသေတ္တာတွင်အအေးခံထားပါ။
ခွက်တစ်ခုတွင် သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ဒိန်ခဲဖြူ၊မိမိကြိုက်ရာအမွေးပင်၊ဆား၊ငရုပ်ကောင်းများနဲ့ရော်နယ်ပါ။

ပုဂံတစ်ချပ်တွင်အအေးခံထားသောခ၀ဲသီးများထဲ့ပါ၎င်းအပေါ်တွင် ပုဇွန်များတင် ပြီး ကျန်သော
သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်းလောင်းပါ။ ပြီးလျှင် အထက်တွင်ဖျော်ထားသော ဒိန်ချဉ်ဆော့
ထပ်လောင်းပါ။ စားလို့ရပါပြီ။ အအေးစာဖြစ်ပါတယ်။ မြည်ကြည့်ပါအုံး။




Friday, June 20, 2014

၈ လ အတွင်းဆံပင်များပြန်ပေါက်လာအောင် အမေရိကန်ဆေးသုသနပညာရှင်များလုပ်နိုင်ခဲ့။


Yale University မှဆရာဝန်များက အရေပြားရောဂါ ( Psoiasis) ကြောင့် တစ်ခေါင်းလုံး ပြောင်နေသော လူနာကိုဆေးတိုက်ကြွေခြင်းဖြင့်ဆံပင်များ ၈ လ အတွင်းပြန်ပေါက်စေခဲ့ပါတယ်။ ( Psoriasis) ရောဂါဟာ မိမိကိုယ်ရှိ အသွေး အသား ကိုပြန်လည်းတိုက်ခိုက်သော အရေပြားတွင်ဖြစ်သည့် (autoimune disease) ရောဂါ တစ်မျိုးဖြစ်ပါတယ်။
လူနာရှင်၏သဘောတူညီချက်ဖြင့် အခြား (autoimune disease) ဖြစ်သော အဆစ်အမြစ်ကိုက်ခဲရောဂါ (Rheumatoid arthritis) တွင်အသုံးပြုသောဆေး (tofactittinib citrate ) ကို ပထမ နှစ်လတွင် တစ်နေ့လျှင် ၁၀ ဂရမ် နဲ့   နောက် ၃လတွင် တစ်နေ့လျှင် ၂၀ ဂရမ် ကြွေးခြင်းဖြင့် ၈ လတွင် အထက်ပါပုံ အတိုင်းဆံပင်များပြန်ပေါက်လာသည်ကိုတွေ့ရပါတယ်။ ဆံပင်များအပြင် မျက်ခုံမွေး၊မျက်တောင်မွေးနဲ့တစ်ကိုယ်လုံးရှိအမွေးများပြန်ပေါက်လာတယ်လို့စမ်းသပ်စစ်ဆေးမှုမှာပါဝင်တဲ့ ဆရာဝန်   Brittany G. Craiglow ကပြောဆိုပါတယ်။ ဒီဆေးက ဆံပင်ရင်းမှာရှိတဲ့ အမြစ်ကို ကုသခြင်းဖြင့် ဆံပင်များပြန် ပေါက် စေတယ်လို့ဆိုပါတယ်။
 
 
Ref: Medisite A la Une

Monday, June 16, 2014

ပြင်သစ် ပုဇွန်ခေါက်ဆွဲသုပ်

              

 

ပြင်ဆင်ချိန်: ၁၅ မိစ်
ချက်ပြုပ်ချိန်: ၇ မိနစ်

၆ ယောက်စာ လိုအပ်သောပစ္စည်းများ

၁။ ရှာလကာရည်
၂။ ရေ ၁ လီတာ
၃။ ဆား
၎။ ခေါက်ဆွဲ ၁၉၀ ဂရမ်
၅။ သခွါသီး ၂၂၀ ဂရမ်
၆။ ချယ်ရီခရမ်ချဉ်သီး ၂၄၀ ဂရမ်
၇။  သဖန်းသီး အဆို (၀ါ) အခြောက် ၈၀ ဂရမ်
၈။ အခွံခွါပြီး ပုဇွန် ၂၆၀ ဂရမ်
၉။ မြေပဲ ၃၀ ဂရမ်
၁၀။ ပူဆီနံ
 

ပြင်ဆင်ပုံ
၁။ သခွါသီးကိုအခွံနွှာ၍ ပါးပါးလှီးပါ။
၂။ ခေါက်ဆွဲခြောက်ဖြစ်ပါက ဆားအနည်းငယ်ပါသောရေဖြင့်ပြုပ်ပြီရေစစ်ထားပါ။
၃။ အခွံမပါသောမြေပဲကိုအနည်းငယ်လှော်ပါ။
၎။ ခေါင်းမပါသောပုဇွန်များကိုရေအနည်းငယ်ဖြင့် microwave တွင် ၃၅ စက္ကန့်အပူပေးပြီး အမှီးချန်၍အခွံနွှာထားပါ။ သဖန်းသီးအဆိုကိုလည်း microwave တွင် ၃၅ စက္ကန့်အပူပေးပြီး လေးစိပ် စိပ်ပါ။
၅။ ပုဂံပြားအလယ်တွင်ပြုပ်ထားသောခေါက်ဆွဲများထဲ့ပါ။
၆။ အပေါ်မှရှာလကာရည်ဖြန်းပါ။
၇။ ခေါက်ဆွဲပေါ်တွင် သခွါးသီး၊ချယ်ရီခရမ်းချဉ်သီး၊မြေပဲလှော်၊ပုဇွန်၊သဖန်းသီး၊ပူဆီနံတို့ဖြင့်အလှဆင်ပါ။


ဆီမပါသော ကျန်းမာရေးအတွက်သင့်လျော်သော ဟင်းတစ်ခွက်ဖြစ်ပါတယ်။ သုံးဆောင်ကြည့်ပါ။
 

Saturday, June 14, 2014

သစ်သီးများအားသန့်စင်စေနည်း


Sink (၀ါ) ဇလုံးအကြီးတစ်ခုတွင် ရေဖြည့်ပြီး၊ ရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်းစာထဲ့မွှေပါ။ ၎င်းရေထဲတွင် သစ်သီးများကို ၁၀ မိနစ်ခန့်စိမ်ထားပါ။ ရေများညစ်ပေလာပြီး သစ်သီးများတွင် သုပ်ထားသော ဖရောင်းများ၊ပလပ်စတစ်များ ပပျောက်ပြီးတောက်ပလာပါလိမ့်မည်။ စတော်ဘယ်ရီးသီးများကိုဤကဲ့သို့ဆေးကြောထားပါက ရက်ပေါင်းများစွာတာရှည်ခံပါသည်။

ကျမ်းကိုး
သူငယ်ချင်းတစ်ဦးထံမှရရှိသော email.

Sunday, June 8, 2014

ဆေးဘက်ဝင် အရသာရှိတဲ့ စတော်ဘယ်ရီသီး







၁။ သွယ်လျှသောကိုယ် ခန္ဓာကိုထိန်းသိမ်းခြင်း
စတော်ဘယ်ရီသီးရဲ့ ၉၀% မှာရေဓါတ်ဖြစ်ပြီး၊ကယ်လိုရီ အနည်းငယ်သာပါပြီး၊အမျှင်ဓါတ်များတာကြောင့် သွေးအချိုဓါတ်ကိုထိန်းနိုင်တာကြောင့် စတော်ဘယ်ရီသီးကို ကိုယ်အလေးချိန် တက်မှာကြောက်သောသူ များ အကန့်အသတ်မရှိ စားသုံးနိုင်ပါတယ်။

၂။ စိတ်ဖီဆီးမှုကိုကာကွယ်ခြင်း။
စတော်ဘယ်ရီသီးများကိုစွဲစွဲမြဲမြဲစားခြင်းဖြင့် ၎င်းတွင်ပါဝင်သော ဗီတာမင် ဆီ၊ နဲ့မက်ဂနီဆီရမ်များ ကြောင့် နေ့စဉ်ကြုံတွေ့ရသောလောဂဓံများကို ချော်မော်စွာ လွန်မြောက်စေနိုင်ပါတယ်။

၃။ ဆီးရွှင်ဆေး။
ပိုတက်ဆီရမ်များစွာပါဝင်တာကြောင့် စတော်ဘယ်ရီသီးသည် ဆီးရွှင်စေပါတယ်။

၎။ ကင်ဆာများကိုကာကွယ်ခြင်း။
ဗီတာမင် ဆီ၊ နဲ့အမျှင်ဓါတ်များကြောင့် ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ဥဏှောက်ကင်ဆာများကို
ကာကွယ်နိုင်ပါတယ်။ ၎င်းသည်အူတွင်း၌ ကင်ဆာဖြစ်စေသော nitrosamines ဓါတ်များထွက်ပေါ်မှုကို လည်းကာကွယ်ပြီး အခြားအသီးများကဲ့သို့ကိုယ်ခန္ဓာ၏ ကာကွယ်ရေးလုပ်ငန်း (immune function ) အတွက်မရှိမဖြစ်သောအသီးများဖြစ်တာကြောင့် ကင်ဆာဖြစ်ခြင်းကိုကာကွယ်နိုင်ခြင်းဖြစ်ပါတယ်။
 
၅။ အသားအရည် လှပအရွယ်တင်စေခြင်း။
စတော်ဘယ်ရီသီးတွင်ပါဝင်သော ဗီတာမင် ဆီ၊ နဲ့polyphenols များကြောင့် ကိုယ်ခန္ဓာမှ ထွက်သော အညစ်အကြေးများကိုသန့်ရှင်းစေတဲ့အတွက် အသားအရည်အပါအ၀င် ကိုယ်ခန္ဓာ အိုမင်း ရင့်ရော်ခြင်းကို နှေးစေပါတယ်။ ဗီတာမင် ဆီက အရည်ပြားရှိအမျှင်ဓါတ် (collagen) များကို ဖြစ်ပေါ်စေ တာကြောင့် အသားအရည်ကိုတင်းရင်းစေပါတယ်။ တစ်နေ့ကို စတော်ဘယ်ရီသီး ၁၅၀ ဂရမ်စားပါက ပါးရည်တွန်းခြင်း ကိုနှေးကွေးစေပြီး၊ငယ်ရွယ်နုပျိုစေပါမယ်။
 
၆။ ကိုယ်ခန္ဓာလှပစေခြင်း။
စတော်ဘယ်ရီသီးတွင် ဗီတာမင် ဆီ၊ သံဓါတ်၊ ကယ်ဆီရမ်နဲ့မက်ဂနီဆီရမ်များ များစွာပါဝင်တာကြောင့်
လန်းဆန်းသွက်လက်စေပါတယ်။ နံနက်စာတွင် စတော်ဘယ်ရီသီးများစားပါက တစ်နေ့တာအတွက် အားအင်များပြည့်ဖြိုးစေပါတယ်။

၇။ အသဲကျန်းမာစေခြင်း။
စတော်ဘယ်ရီသီးအပါအ၀င် အခြားသောအနီရောင် ဘယ်ရီသီးများတွင် chlorophyll , carotenoids, Bioflavonoids အန်ဇိုင်း (enzymes)များပါဝင်ပါတယ်။ ဒီ enzymes များကအူများကိုသန့်ရှင်းစေပြီး အသဲကျန်းမာရေးကိုထောက်ပံ့ပါတယ်။ ၎င်းအပြင် စတော်ဘယ်ရီသီးတွင် salicylic acid ပါတဲ့အတွက် အနာကျက်အောင်လည်းစွမ်းဆောင်ပါတယ်။ စတော်ဘယ်ရီသီးသည် အသဲအပြင် ကျောက်ကပ်
ကျန်းမာရေးအတွက်လည်းကူညီပါတယ်။
 
စတော်ဘယ်ရီသီးများသည်အလွန်နူးညံသောအသီးများဖြစ်ပါတယ်။ ၎င်း၏ အာဟာရာဓါတ်များ မပျက်ဆီးစေရန်ရေအနည်းငယ်ဖြင့်ဆေးပြီးလတ်လတ်ဆတ်ဆတ်စားရပါမယ်။

ကျမ်းကိုး
-The benefits of berries Sylvie Khandjian, éditions character
-My health nature of Anne Dufour editions paperback bible





Tuesday, June 3, 2014

အကြွားလွန်လို့ဒေါင်းက ကမိမှာစိုး (သားအိမ်ကိုယ်ထည်ကင်ဆာ နဲ့သားအိမ်ခေါင်းကင်ဆာ )



သားအိမ်ခေါင်း (၀ါ) သားအိမ်ဝ = Cervix
သားအိမ်ကိုယ်ထည်              = Uterus
မိန်းမကိုယ်                        = Vagina
အမျိုးသမီးမျိုးဥ                   = Ovary

အခုတလော မြန်မာနိုင်ငံမှာခေတ်စားနေတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း။
ဆေးထိုးခက သိန်းကျော်ကြတာကြောင့် ဆေးထိုးသူများက ငါထိုးနိုင်တယ်ဆိုပြီးကြွားကြတယ်။
ဆေးကုမ္ပဏီတွေကလည်းအေ၇ာင်းရသွက်အောင် လူသိများတဲ့ရုပ်ရှင်ပညာရှင်တွေ၊အဆိုတော်
စတာတွေနဲ့ကြော်ငြာ (Advertise) ကြတယ်။ဓမ္မကထိကဆရာတော် တွေရဲ့တရားတော်တွေ ထဲမှာ တောင်ထဲ့ ဟောတဲ့အထိခေတ်စား လာတယ်။ တရားတော်တွေဟာ တောနယ်တွေအထိရောက်တာမို့အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးပညာ ရှင်တွေမဟုတ်တဲ့သူတွေကိုဆေးပညာဗဟုသုတပေးမယ်ဆိုရင် အမှန်အတိုင်း ပေးသင့်ပါတယ်။  နို့မဟုတ်ရင် ကျော်ကြားအောင်လို့ညာ တဲ့ ကျော်ညာဖြစ်သွားပါမယ်။ မြန်မာအများစုကလည်း ဘယ်ဟာကိုမှတိတိကျကျလေ့လာလေ့မရှိကြဘဲ နားစွန်နားဖျားနဲ့မိုးကုတ် ဆရာတောဘုရားကြီး ဟောသလို သူများပါးစပ့်ဖျားမှာဆုံးပြီး၊ သူများယောင်တိုင်းလိုက်ယောင် အမောင်ဘာမှန်းမသိ တွေကများ ကြတယ်။

သားအိမ်ကင်ဆာမှာ သားအိမ်ကိုယ်ထည် မှာဖြစ်တဲ့ကင်ဆာနဲ့သားအိမ်ဝ (၀ါ) သားအိမ်ခေါင်း မှာ ဖြစ်တဲ့ကင်ဆာဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီ၂ မျိုးက လုံးဝမတူပါဘူး။ သားအိမ်ကိုယ်ထည် မှာဖြစ်တဲ့ ကင်ဆာက အပျိုကြီး တွေမှာ အဖြစ်များပြီး၊သားအိမ်ခေါင်းကင်ဆာကတော့အိမ်ထောင်ဆက်များတဲ့သူ၊ ခလေးများများမွေးခဲ့တဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ကင်ဆာဖြစ်စေတဲ့ အကြောင်းတွေက မတူကြလို့ပါ။ သားအိမ်ခေါင်း ကင်ဆာက လိင်ဆက်ဆံရာက ကူးလာတဲ့ virus ပိုးတွေကြောင့်ဖြစ်တာပါ။  အခုကာကွယ်ဆေးဆိုတာကဒီ virus ပိုးတွေ မကူးဆက် အောင်ကာကွယ်တဲ့ ဆေးပါ။ ဒါကြောင့် တစ်ခါမှလိင်မဆက်ဆံဖူးတဲ့ တကဲ့အပျိုကြီးစစ်စစ်တွေမှာ ဖြစ်စရာ အကြောင်းမရှိလို့ကာကွယ်ဆေးလဲထိုးစရာမလိုပါဘူး။ ထိုးတယ်ဆိုရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားလို့လား ဒါမှမဟုတ် ခိုးစားဖို့ရည်ရွယ်တာလားလို့ထင်စရာဖြစ်တဲ့အတွက် ဆေးထိုးနိုင်တယ်လို့ကြွားမယ် ဆိုရင်လဲ သတိထားပြီးကြွားကြပါ၊လူပုံအလယ်မှာ ဒေါင်းက ကမိသလိုဖြစ်နေပါလိမ့်မယ်။

သားအိမ်ကိုယ်ထည်ကင်ဆာဘာကြောင့်ဖြစ်တယ်ဆိုတာမသိသေးပါဘူး။ ဒီကင်ဆာဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာအောက်ပါအချက်များနဲ့အတူတွေ့ရတာကြောင့်၎င်းတို့ကို သားအိမ်ကိုယ်ထည်ကင်ဆာ
ဖြစ်စေနိုင်တဲ့ အကြောင်း (အန္တရာယ်ဖြစ်နိုင်သောအချက်များ)တွေလို့ဖေါ်ပြကြပါတယ်။

အန္တရာယ်ဖြစ်နိုင်သောအချက်များ
၁။ အ၀လွန်ခြင်း။
၂။ အမျိုးသမီးဟော်မုန်း(high levels of estrogen) များခြင်း။
၃။ သားအိမ်အတွင်းသားပွါးများခြင်း။ (endometrial hyperplasia)
၎။ သွေးတိုးခြင်း (hypertension)
၅။ အမျိုးသမီးမျိုးဥရောဂါများ (polycystic ovary syndrome)
၆။ တခါမှကိုယ်ဝန်မဆောင်ဖူးခြင်း (nulliparity (never having carried a pregnancy)
၇။ မြုံခြင်း (infertility (inability to become pregnant)
၈။ အပျိုဖြစ်စောခြင်း (early menarche (onset of menstruation)
၉။ မီးရပ်ဆုံးမှုနောက်ကျခြင်း (late menopause (cessation of menstruation)
၁၀။ သားအိမ်အတွင်းအသားပိုနှင့်ကင်ဆာမဟုတ်သောရောဂါများ (endometrial polyps or other benign growths of the uterine lining)
၁၁။ ဆီချိုရောဂါ။
၁၂။ တိရစ္ဆာန်အဆီ အစားများခြင်း။
၁၃။ ကိုယ်ခန္ဓာအောက်ပိုင်းဓါတ်ေ၇ာင်ခြည်ဖြင့်ကင်ခြင်း။ (pelvic radiation therapy)
၁၄။ ရင်သားကင်ဆာ။
၁၅။ အမျိုးသမီးမျိုးဥကင်ဆာ။
၁၆။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း။
၁၇။ အသက် ၃၅ နှစ်ထက်ကြီးခြင်း။
၁၈။ အရက်သောက်ခြင်း။
 
ကာကွယ်ဆေးဆိုတာ ရောဂါမဖြစ်အောင်ကာကွယ်တာမို့ ရောဂါမဖြစ်အောင် ဖြစ်နိုင်ခြေ ရှိတဲ့ သူတွေကို ထိုးရပါမယ်။ ရောဂါကူးပြီးသားသူကိုထိုးလို့က ပိုက်ဆံကုန်ရုံ၊အသားနာရုံသာဖြစ်ပါမယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီးသားသူတွေထိုးဖို့မလိုသလို၊ ခလေးတွေလဲမွေးပြီးပြီး မိမိအိမ်ထောင်ရှင် တစ်ဦးတည်းအပေါ်မှာသစ္စာရှိရှိပေါင်းမယ်။ ကိုယ့်ခင်ပွန်းကလည်း ကိုယ်ကလွဲရင် မဖေါက်ပြန်တဲ့သူ ဆိုရင် ထိုးစရာမလိုဘူးဆိုတာ သိသာပါတယ်။ (လူပြောင်းပြီးဆက်ဆံရင်တော့ မတူတဲ့ virus ပြောင်းပြီးကူးနိုင်လို့ထိုးသင့်ပါတယ်။ ဒါမှမဟုတ်ကိုယ့်အမျိုးသားက အဆီအဆိမ့်တွင်မက ငပိရည်တို့စရာ စတာ တွေပါ စားတတ်တယ်ဆိုရင်တော့ထိုးသင့်ပါတယ်။)
 
ပြင်သစ်နိုင်ငံမှာ အရွယ်ရောက်စ လိင်ဆက်ဆံမှု မပြုရသေးတဲ့ မီးခေါင်းပေါက်အရွယ်တွေကို အစိုးရ ကိုယ်တိုင်က အကုန်အကျခံပြီးကာကွယ်ဆေးထိုးပေးပါတယ်။ သြစတေးလီးရာနိုင်ငံမှာ အသက် ၁၁-၁၃ နှစ်အရွယ်အပျိုပေါက်များကိုထိုးပါတယ်။ အမေရိကားမှာ ၉-၂၆ နှစ်အမျိုးသမီးများနဲ့၉-၂၁ နှစ် အမျိုးသား များကိုထိုးစေပါတယ်။ အိမ်ထောင်သယ်တွေနဲ့အရွယ်ရောက်ပြီးသူ တွေကို အစိုးရ ကလည်းထိုး မပေး ပါဘူး၊ သူတို့ကိုယ်တိုင်လည်းအကုန်ခံ၊အနာခံပြီးမထိုးကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလို လို့ပါ။ သူတို့တွေက အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အိမ်ထောင်မရှိသူပဲဖြစ်ဖြစ်ကြိုက်တဲ့သူနဲ့အချိန်မရွေး အရွယ်ရောက် ကထဲကလိင်ဆက်ဆံကြတာမို့ virus မျိုးစုံနဲ့ကူးပြီး သားမို့ပါ။ ပြင်သစ်အမျိုးသမီး တစ်ယောက်ရဲ့ဘ၀မှာသူမနဲ့ဆက်ဆံခဲ့ဖူးတဲ့သူတွေကို အကုန်မှတ်မိဖို့တောင်မလွယ်ဘူးလို့ဆိုပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းအသေးစိပ်ကိုဒီဆိုဒ်မှာ (ကာကွယ်နိုင်တဲ့ကာကွယ် ဆေးရှိတဲ့ တစ်ခုတည်းသောကင်ဆာရောဂါ) အနေနဲ့ဖေါ်ပြထားပါတယ်။

ကျမ်းကိုး
1. National Cancer Prevention Policy Australia
2. CDC. gouv
3. wikipedia