:include data='blog' name='google-analytics'/>

Friday, September 26, 2014

ဆံပင်အလှအတွက် သဘာဝနည်းလမ်းများ


-------------------------------------------------
ဆံကေသာ လှပစေရန်အတွက် ခေါင်းလိမ်းဆီအမျိုးမျိုး၊ ခေါင်းလျှော်ရည် အမျိုးမျိုးသုံးပြီး ထိရောက်မှုမရှိလို့ စိတ်ညစ်သူများအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။
...
နည်းလမ်း (၁)
၁။ ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။
၂။ ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ပါ။
ဒီအသီးလေးတွေဟာ ဆံပင်တွေကို ပျော့ပျောင်းစေရုံသာမကပဲ
ဗောက်များကိုလည်း ပျောက်ကင်းစေနိုင်တဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းပါ။




နည်းလမ်း (၂)
၁။ လက်ဖက်ခြောက်အမှုန့် ၁ ဇွန်းကို ရေလေးခွက်နဲ့ရောပြီး ဆူအောင်တည်လိုက်ပါ။
၂။ ပြီးရင် အအေးခံလိုက်ပါ။
၃။ ခေါင်းလျှော်ပြီးတော့ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပါ။
၎။ ( ၅) မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ ပြန်ဆေးချလိုက်ပါ။




နည်းလမ်း (၃)
၁။ ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ အုန်းဆီကို ရွှဲရွှဲလေးလိမ်းပါ။
၂။ ပြီးတော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။
၃။ နာရီဝက်ကြာရင်တော့ သေချာလေးခေါင်းလျှော်လိုက်နော်။




နည်းလမ်း (၄)
၁။ အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေး လ္ဘက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ နှံ့စပ်အောင်လိမ်းပြီး သေချာနှိပ်နယ်ပေးပါ။
၂။ ပြီးရင် ပလတ်စတစ်ခေါင်းစွပ်လေးစွပ်၊ တဘက်နွေးနွေးလေးနဲ့ ခေါင်းကို ပတ်ပြီး နာရီဝက်ထားပေးပါ။ ( သံလွင်ဆီတွေ ဆံပင်သားထဲကို စိမ့်ဝင်ပြီး ပျက်စီးနေတဲ့ဆံပင်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အတွက်ပါ)
၃။ အချိန်ပြည့်ရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့လျှော်ပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။




နည်းလမ်း (၅)
၁။ ကြက်ဥနှစ်တစ်လုံးကို အရောင်ဖျော့ပြီး အမြှပ်တွေထလာတဲ့အထိ ခေါက်ပါ။
၂။ ပြီးတော့ သံလွင်ဆီ လ္ဘက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ထပ်မွှေပါ။
၃။ ရေ လ္ဘက်ရည်ခွက်ရဲ့ ၄ ပုံ ၃ ပုံကို ထပ်ထည့်ပြီး ထပ်မွှေလိုက်ပါ။
၎။ ခေါင်းလျှော်ပြီးချိန်မှာ ဒီပျော့ဆေးလေးကို တစ်ခေါင်းလုံးကိုလိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေသေချာဆေးချလိုက်ပါ။
ကြက်ဥကလည်း ဆံပင်အတွက် အားကိုးရကြောင်း သိသွားပါလိမ့်မည်။
သန်စွမ်းနက်မှောင်ပြီး မြင်သူတကာ ငေးယူရလောက်တဲ့ ဆံကေသာအလှများကို ပိုင်ဆိုင်နိုင်ကြပါစေရန် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးနည်းများ၊ ရင်နှင်းငယ်
Credit to ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
.

Wednesday, September 24, 2014

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်
------------------------------------------------
အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။
...
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။
(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။
(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။
(၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။
(၅) နနွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့်
သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။
(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။
(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။
(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။
(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။
(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။
မြင်သူတကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ
Credit to ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
.

Monday, September 22, 2014

ကြက်ဥအတုနှင့် အစစ်





အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်




ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။
...
ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။






ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏ အရောင်က ပိုရင့်ခြင်း။
အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ခြင်း။






ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံ မျက်နှာပြင်က ပို၍ကြမ်းခြင်း။






ကြက်ဥကို ခွဲ၍ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့် အကာသည် သီးသန့်မနေဘဲ ရော၍သွားခြင်း။






ကြက်ဥအတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါခြင်း။






ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရသည်။




စာဖတ်သူများအနေဖြင့် အထက်ပါနည်းလမ်းများဖြင့် သတိပြု ခွဲခြားစိစစ်ဝယ်ယူ စားသုံးကြရန်၊ ရောင်ချသူများ အနေဖြင့် ကြက်ဥအတုများ ရောင်းချခြင်းမပြုရန်၊ စားသောက်ဆိုင်များမှလည်း ကြက်ဥအတုများ အသုံးပြု၍ ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုကြဖို့လိုအပ်ပေသေးသည်မဟုတ်ပါလား
The New Light of Myanmar
Credit to သင့်အတွက်ကျန်းမာရေး

Saturday, September 20, 2014

ချက်နို့ဆီ

credit to Thaethae Tgi
အံ့သြစရာတစ်ခု မထင် မှတ်ပဲ
သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။
မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရတာပေါ့
လို့။လုံးဝမဟုတ်ဘူးတဲ့။စားအုန်းဆီကရတာတဲ့
ဟုတ်လို့လားလို့အံ့သြတြ...ကီးမေးလိုက်တယ်
fill pounder,နို့မှုန့်အနည်းငယ်နဲ့
ဈေးကွက်တွင်ရောင်းရန်အရည်အ သွေး
မမှီသောစားအုန်းဆီဖြင့်ပြုလုပ်ထားကြောင်း
နို့ဆီချက် ရန် စားအုန်းဆီပေပါများ
ကွန်တိန်နာဖြင့်လာချကြောင်း။အန္တရာယ်
ရှိ၍မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့
ဆွေမျိုးမိတ်သင်္ဂံဟများကိုလိုက်လံသတိ
ပေးပါသည်။နို့ဆီကိုချိုသာသောဈေးနှုန်း
ဖ်ြင့်  များစွာထုတ်နိုင် ပါ သည်။ သို့သော် မြန်မာနိုင် ငံတွင် နွား မွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ် ရန် မဖြစ်နိုငှ်
မှန်း ကောင်းစွာနားလည်လိုက်ပါပြီ ဒီသတင်းကြားပြီး ပြည်သူများ
အတွက်စိုးရိမ်သွားပါသည်။facebook friendများအားလုံးမိမိဆွေမျိုးမိတ်ဆွေအားလုံးကိုshareပေးပါ။ယခုခေတ်တွင် အသက်၂၀ကျော်လူငယ်များတွင် သွေးတိုးရောဂါတွေ့နေရပါပြီ။လေဖြတ်တာတွေ
လဲဖြစ်နေကြပါပြီ။ သွေးတွင်း cholestol ကိုအဆမတန်တက်စေပြီး သွေကြော များ
ကျဉ်းစေ ပိတ်စေ သော
နို့ဆီက အသံတိတ်လူသတ်သမားဖြစ်
မှန်းသိသူ
အလွန်နည်းမည်ထင် ပါသည်။
ဘယ်သူသေ သေ င တေ မာ ပြီး ရော
ဆိုတဲ စီးပွားရေးသမားတွေဟာ
ဘယ်သူတွေလဲ
ဆိုတာ အားလုံးသိကြမှာပါ။

Friday, September 19, 2014

မျက်လုံးကျန်းမာရေး အတွက် အကောင်းဆုံးနည်းလမ်းများ



မျက်လုံးကျန်းမာရေး အတွက် အကောင်းဆုံးနည်းလမ်းများ
(၁) အေးမြပြီး သန့်ရှင်းနေသော ရေများနှင့် မျက်လုံးကို သန့်ရှင်းပေးပါ။ ဒီလိုပုံမှန် လုပ်ပေးခြင်းဟာ မျက်လုံး ကျန်း...မာရေး အတွက် သာမက ရောဂါမဖြစ်အောင် ထိန်းသိမ်း ပေးရာလည်း ရောက်ပါတယ်။
(၂) သဘာဝကို တုပ ပြုလုပ်ထားပြီး အရမ်းလင်းတဲ့ အရာဝတ္တုများ ဒါမှမဟုတ် နေ စတာတွေကို တိုက်ရိုက် မကြည့်မိအောင် ရှောင်ပါ။ ထိုအလင်း များကို မျက်ကြည် လွှာကို ထိခိုက်စေ ပါတယ်။
(၃) မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် ဘေးဘက်သို့ စက်ဝိုင်းပုံသဏ္ဍန် ကြည့်လိုက် အဝေးသို့ မြင်နိုင်သလောက် မြင်အောင် ကြည့်လိုက် စတဲ့ မျက်လုံး လေ့ကျင့် ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။
(၄) ကွန်ပျူတာ ကြည့်တဲ့ အခါမှာ ၂၂ လက်မ မှ ၂၈ လက်မ အကွာ ခွာ၍ ကြည့်ပါ။ အရမ်းနီးရင် သော်လည်းကောင်း အရမ်းဝေးရင် သော်လည်းကောင်း သင့်ရဲ့မျက်လုံးကို ထိခိုက်စေနိုင် ပါတယ်။
Ref-healthnews
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Sunday, September 14, 2014

မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်

မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းမှ
ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်
***************************************
**************************
၁- ဒန်ပေါက်ဆိုင်တွေ... စားသောက်ဆိုင်တွေမှာအသုံးပြုနေတဲ့ ဖေါ့ဘူးတွဟာလည်း စတိုင်းရင်း(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ် အုပ်စုဝင်တွေဖြစ်လို့ 
ဖေါ့ဘူးတွေ တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်

၂-ကြက်သားမှုန့် တွင် လည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့် ထက်ပင် ပိုမိုဆိုးရွာစေပါသည်။
၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည်အရသာကိုဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။
ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာ
သုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို
ရှောင်ကြဉ်သင့်ပါတယ်။
၎-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်နှင့်ညီမျှသည် ။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့်
အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသော
အဆိပ်မှုန့် ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်များသည်လည်း
ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။
၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်
များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ
ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။
ထို့ အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။
၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်
ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကို
ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။
၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့် များ
သည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်
တင်သွင်းသော နှို့မှုန့် များနှင့်၎င်းတို့ ဖြင့် ပြုလုပ်သော မုန့် ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။
၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့် အစား
အသုံးပြုသော Creamer မှာ မလေးရှားတွင်
စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကို
တရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့် နေအောင်ကြိတ်ပြီး
Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ ထိုကြိတ်ဖက်မှုန့် များသည် သွေးတိုးရောဂါနှလုံးသွေးကြောပိတ်ရောဂါ
လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။
၉- အချို့သော အသီအနှံများတွင် လူသေကောင်
မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။
၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်
၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့်
စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ ကို
စားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာ
အစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာ
အမျိုးမျိုးကို ဖြစ်ပွားစေသည်။
အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူ
ကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှ
တချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။
ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဒီမိုမင်း

Friday, September 12, 2014

ဝိုင်းပြီး ရှဲပေးကြပါဦး























အဖွားက မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာကပါ။
နာမည်က ဒေါ်စောမြပါ။ ဒီဝေဒနာခံစားနေရတာ ၁၇ နှစ်ရှိပါပြီ။
ရန်ကုန်မှ...ာလာပြီး ခွဲစိတ်ကုသချင်ပေမယ့် စရိတ်မတတ်နိုင်လို့ပါ။
ဒါကြောင့် အဖွားအတွက် အလှူရှင်လိုနေပါတယ်။ ဝိုင်းပြီး
လှူပေးကြစေချင်ပါတယ်။ ဖုန်းနံပါတ်က ၀၉၉၇၂၁၀၂၅၄၅ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အဖွားအတွက် KBZ Bank
Account ဖွင့်ပြီးရင် ထပ်ထည့်ပေးပါမယ်။
Wai Yar Linn ပို့ ပေးသည်။

Thursday, September 11, 2014

မြန်မာမှန်ရင် ရှယ်ပေးပါ




















Naing Minn Oo added 2 new photos.
မြန်မာမှန်ရင် ရှယ်ပေးပါ
ဒီကလေးမလေးကပဲခူးတိုးဂိတ်အထွက်
ဗန်ဒါကုန်း အင်လေးဖိနပ်စက်ရုံမှာ
အလုပ်လုပ်နေတာပါ...
အသက်၁၅နှစ်ပဲရှိပါသေးတယ်
ရိုးရိုးအအတောသူလေးပါ
4.9.2014.ကြာသပတေးနေ့
ည ၇း၃၀ အလုပ်ဆင်းချိန်မှာပျောက်သွားတာပါ
နောက်ဆုံးသတင်းရတာကတော့
လူကုန်ကူးတဲ့အဖွဲ့ကဖျားယောင်သွေးဆောင်းပြီးခေါသွားတယ်လို့သိရပါတယ်
သူငယ်ချင်းတို့ကူညီပြီးရှာပေးကြပါအုန်း
ကောင်းမလေးကမိဘလုပ်ကျွေးနေတာပါ
ကလေးပဲရှိပါသေးတယ်

Saturday, September 6, 2014

အစစ်နှင့် အလွန်တူသော တစ်သောင်းကျပ် တန် အတုများကို ခွဲခြားနည်း





















အစစ်နှင့် အလွန်တူသော တစ်သောင်းကျပ်
တန် အတုများကို ခွဲခြားနည်း
ပုံ (၁) ထဲက တစ်သောင်းတန်ဟာ အတုဆိုရင် သင်ယုံပါသလား။
ရေစာ (watermark) လည်းပါတယ်၊ ကြိုးလည်းပါတယ်၊ နေ...ရာတိုင်းနီးပါးကလည်း အစစ်နဲ့ ခွဲရခက်လောက်အောင် ကြမ်းပါတယ်။ တကယ့်ကြောက်စရာ အန္တရာယ်ပဲ။
အရင်ပေါ်ခဲ့တဲ့ ငါးထောင်တန် တစ်သောင်းတန်တွေဟာ အတော်လေး အတုအစစ် ခွဲရလွယ်ပါတယ်။ ဒီနေ့ ဈေးဝယ်စင်တာ တစ်ခုမှာ တွေ့ခဲ့ရတဲ့ တစ်သောင်းတန်ကတော့ တော်ရုံတန်ရုံ ကျွမ်းကျင်သူများကိုတောင် သတိမထားမိလောက်အောင် ပိရိတာကို တွေ့ခဲ့ရပါတယ်။ ဒါမျိုးတွေ.... ဘယ်နှရွက်လောက် လည်ပတ်နေကြပြီလဲ။ ထိတ်လန့်စရာပါ။
လက်ခံမိတဲ့ cashier ကောင်မလေးကတော့ စိုက်လျော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါမျိုး အရွက်ပေါင်းများစွာ ကိုယ့်လက်ထဲ ပိုက်မိရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် ကျွန်တော်တို့ လေ့လာမိသလောက် တစ်သောင်းတန် အတုအစစ် ခွဲနည်းကို ဖော်ပြလိုက်ပါတယ်။
(၁) ရှေ့မျက်နှာမှာပါတဲ့ ရောင်ပြန်ကြိုးကို ဘယ်ညာ ရှုထောင့်ပြောင်းပြီး လှုပ်ပြီး ကြည့်ပါ။ အစစ်ဆိုရင် အရောင်ပြောင်းပါတယ်။ အတုကတော့ မပြောင်းပါဘူး။ သိသာပါတယ်။
(၂) ကြာပန်းပုံ ရေစာနေရာမှာ အထူအပါးကွာပါတယ်။ အချောအကြမ်း ကွာပါတယ်။ အစစ်က ပါးပြီး ကြမ်းတယ် အတုက ထူပြီး ချောပါတယ်။ ပြီးတော့ အတုရဲ့ ရေစာက ပိုကြီးတာကို ပုံ(၂)ထဲကအတိုင်း တွေ့နိုင်ပါတယ်။ ထောင်ကြည့်ရင် အတုက ပိုအလင်းပိတ်ပါတယ်။ (အပေါ်က အတုပါ)
(လူအများ သတိပြုရှောင်ရှားနိုင်ဖို့ မျှဝေလိုက်ပါတယ်။ နောက်နောင်လည်း အများပြည်သူ အကျိုးရှိစေမဲ့ သတင်းအချက်အလက်များကို အချိန်နဲ့ တပြေးညီ ဖြန့်ဝေသွားမဲ့ ကျွန်တော်တို့ရဲ့ Myanmar Property Marketplace စာမျက်နှာ https://www.facebook.com/PropertyMarketplaceMyanmar ကို Like နှိပ်ထားနိုင်ပါတယ်ခင်ဗျာ။)