:include data='blog' name='google-analytics'/>

Wednesday, July 9, 2014

ခရမ်းသီး၏ကျန်းမာရေးအထောက်အပံ့များ။



 ခရမ်းသီးသည်အသီးအနှံထဲတွင်ကယ်လိုရီစွမ်းအင်အနည်းဆုံးပါဝင်သည့် အသီးအနှံဖြစ်သည်။
ခရမ်းသီး ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၂၂ သာပါသည် ထိုကြောင့် ကိုယ်အလေးချိန်ချလိုသူများအတွက်စိတ်ဝင်စားဖွယ်ဖြစ်သည်။ ၎င်းအပြင် Pectin ခေါ်သော အမျှင်ဓါတ်ပါဝင်မှုကြောင့်ပို၍စိတ်ဝင်စားဖွယ်ဖြစ်သည်။
ပိုတက်စီရမ်ဓါတ်ပါဝင်မှုကြောင့်လည်း ဆီးရွှင်စေသည်။ 

သွေးတွင်းအဆီကျစေခြင်း။
ခရမ်းသီးသည် အဆီများသော အစာများစားသောက်ပြီး နောက် သွေးတွင်းအဆီ (Blood cholesterol )
နဲ့ကိုယ်ခန္ဓာ၏အဆီ (body fat) များတက်လာခြင်းကိုထိန်းချုပ်ကြောင်း အမေရိကားနှင့် အော်စတီရား တွင်ပြုလုပ်သောလေ့လာမှုများက ဖေါ်ပြကြသည်။ ၎င်းအချက်မှာ ခရမ်းသီးတွင်ပါဝင်သော   Pectin  ကြောင့်ဟုယူဆကြသည်။  Pectin သည် အူအတွင်း၌ခဲသွားပြီး ၎င်းအခဲတွင်အစား၌ပါသော cholesterol
ကိုဖမ်းချုပ်ထားခြင်းဖြင့် cholesterol များကိုယ်တွင်းသို့မ၀င်ရောက်အောင်ပြုလုပ်သည်။ ဤနည်းဖြင့်
ခရမ်းသီးသည် အဆီအဆိမ့်များစားပြီးနောက် Blood cholesterol နဲ့body fat တက်ခြင်းကို ကာကွယ် သည်။ 

Ref  Medisite
 
 

No comments:

Post a Comment