:include data='blog' name='google-analytics'/>

Saturday, August 27, 2016

#ကိုလက်စထရော ကို ငွေမကုန် လွယ်ကူစွာ ချနည်း

Nyunt Aung
21 June
#ကိုလက်စထရော ကို
ငွေမကုန် လွယ်ကူစွာ ချနည်း
ကိုလက်စထရော(သွေးကြော
တွင်းအဆီ)သည်ပိန်ခြင်း။ဝခြင်းနှင့်...
မဆိုင်။ ဓါတ်များလွန်းပါက နှလုံး
ရောဂါဖြစ်နိုင်သဖြင့် ချပြစ်ရန်လိုသည်

ဒေါက်တာ ဗမော်(Gold
medalist)၏လက်တွေ့သုသေသန
မှတ်တမ်းတွင်ထိရောက်အောင်မြင်
ခဲ့ကြောင်းဖေါ်ပြထားပါသည်။
ဆေးနည်းတောင်းသူများကို
လည်းဤနည်းဘဲပေးခဲ့ပါသည်။
ခက်နေသည်က ကိုလက်စ
ထရောသည်သွေးစစ်ကြည့်မှသိရတာ
ဖြစ်တော့ ဆေးမစစ်ဖြစ်လျှင်မသိ။
ရောဂါတခုခုဖြစ်လို့သွေးစစ်မှသိရတာ
မျိုးဖြစ်နေသည်။
ဆေးနည်းကတော့
ကွမ်းရွက် ၄/၅ ရွက်ခန့်ကိုရေ
စင်အောင်ဆေး။ထုထောင်း။သတ္တု
ရည်စတီးဇွန်းတဇွန်းစာရအောင်ညှစ်။
တရက် မနက်တဇွန်း။ညနေတဇွန်း
သောက်။(၇)ရက်ဆက်တိုက်သောက်။
သွေးပြန်စစ်ကြည့်။
ပုံမှန်အတိုင်း ပြန်ရှိ
နေသည်ကိုတွေ့ရမည်။
မိမိကြိုတင်ကာကွယ်နေသည့်
နည်းကိုပြောလိုပါသည်။
ဆေးလိပ်သောက်ဆဲဖြစ်လို့
တခါတရံ လည်ပင်း။လည်ချောင်း။
လည်ချောင်းကွဲ။ပါးစောင်နာများဖြစ်
လို့ ကွမ်းရွက်ရည်ဖြင့်ကုသရပါသည်။
အဆီ။အဆိမ့် ကြိုက်တတ်တော့
ကိုလက်စထရောမတက်ရန်လည်း
ကာကွယ်ရပါမည်။
ဒါကြောင့် ကွမ်းရွက်ကို တပါတ်
လေးကြိမ်ခန့် အလုံးလေးလုပ်။တချက်နှစ်ချက်ကိုက်။ထွက်လာတဲ့
ကွမ်းရွက်ရည်ကိုမျိုချ။ကွမ်းရွက်ကို
အလိုလို ဝါးမိနေရာမှ အရည်ကိုမျို ချ
အရွက်ကျေမွသွားတော့ မျိုချလိုက်
သည်။
တနေ့ကသွေးစစ်ကြည့်တော့
ကိုလက်စထရောလုံးဝမရှိ။ လည်ပင်း
နာ။ပါးစပ်နာများမဖြစ်တော့သည်မှာ
ကြာပါပြီ။

ငါးခေါင်းချဉ်စပ်လေး တစ်ခွက် ချက်ကြည့်ရအောင်

Mi Shwe Kwett to ချက်ချင်စရာ~စားချင်စရာ
8 July
ငါးခေါင်းချဉ်စပ်လေး တစ်ခွက် ချက်ကြည့်ရအောင်
သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း၂ခေါင်း
ခရမ်းချဉ်သီးမှည့်၂ လုံး
မျှစ်ချိုနုနု အနည်းငယ်...
နှစ်သက်ရာမှိုအနည်းငယ်
ငုံးဥ
နံနံပင် ငရုတ်စိမ်းတောင့် ပင်စိမ်း
သံပရာသီး

ဂျင်းလက်တဆစ်နဲ့ကြက်သွန်ဖြူ ငြုပ်ပွတစ်တောင့် ရောထေါင်းထားပါ
စပါးလင်တစ်ပိုင်းထုချည်ထားပါ
ငါးခေါင်းကို ဆားနနွင်းငံပြာရည်ထည့်နယ်ထားပါ
ငုံးဥပြုတ်ထားပါ
မျှစ်ကိုရေစိမ်ထားပါ
ချက်မယ့်အိုးထဲ ငါးခေါင်းထည့် ဆီဇွန်းသေးတဇွန်းထည့်
ကြက်သွန်ထောင်းထည့် စပါးလင်ထည့် ခရမ်းချဉ်သီးထည့်
ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ
ဆူပွက်လာရင် အရသာမြည်းပါ မိမိစိတ်ကြိုက် ပြင်ဆင်ပါ
ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ
ငါးခေါင်းနူးလာရင် မှို မျှစ် ငုံးဥထည့် နံနံ ငြုပ်စိမ်း ပင်စိမ်းအုပ်
ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်ပါနော်
မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး
ဂျာမဏီနိုင်ငံ မှ ဆေးဖက်ဝင် သဘာဝဖျော်ရည်။
ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေး အတွင်းရှိ အဆီ များ၊ အသက်ရှု လမ်းကြောင်း ကူးစက်ရောဂါ များနှင့် အအေးမိခြင်း တို့ကိုေ...ပျာက်ကင်း သက်သာစေရန် အတွက် သဘာဝ အသီးအနှံ များကို အသုံးပြု ၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်း နည်းကို ဂျာမဏီနိုင်ငံ တွင် လက်ခံ သုံးစွဲကြတယ် လို့ ဆိုပါတယ်။ မိမိ အနီးနားတွင် ရှိသော နေ့စဉ် ထိတွေ့နေရ သည့် အစားအသောက် ၃မျိုး ကို ရောစပ် လိုက်ခြင်းဖြင့် ကျန်းမာရေး အတွက် အလွန်တန်ဖိုး ရှိတဲ့ အရာဖြစ်လာ ပါတယ်။
အဲဒီဖျော်ရည် မှာ လူအများ သိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။
ဒီ သဘာဝ ဆေးဖျော်ရည် ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး များ ကတော့ ထူးခြား စုံလင် များပြား လှပါတယ်။
အထူး အလေးပေး သုံးစွဲနိုင်တာ ကတော့ သွေးလွတ်ကြော များ ဆို့ပိတ်ခြင်း ကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာ အသုံးပြုနိုင်သည်။
ထို့ပြင် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကူးစက်မှု များနှင့် အအေးပတ်ခြင်း များကို ကုသခြင်းနှင့် ကာ ကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံ စွမ်းအား စနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ အသဲနှင့် အသဲ အင်ဇိုင်း များ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေး ရာတွင် အခန်း၊ ကဏ္ဍ တခုမှ ပါဝင်ဆောင် ရွက်ပေးခြင်း ၊ သွေး လှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့် ပတ်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်း ကိုလည်း လျှော့ချပေးနိုင်ပါသည်။
#ပါဝင်ပစ္စည်းများ ကတော့........
1. ရေသန့် ၂ လီတာ
2. သံပရိုသီး ၄ လုံး အခွံနွာရန် မလို။
3. ကြက်သွန်ဖြူ ၄လုံး (၄ မွာ မဟုတ်ပါ၊)
4. ချင်းတက် ၄ ဆင်တီမီတာ ခန့် တို့ လို အပ်ပါတယ်။
သံပရိုသီး ကို ရေဆေး ၍ ထက်ခြမ်း ခွဲပါ။ ကြက်သွန်ဖြူ များကို အခွံနွာပါ။
ဂျင်းကိုပါးပါးလှီးပါ။
ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲ ထဲ့ ၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှော ကို ဒန်အိုး တခုခု တွင် ရေ ၂ လီတာနှင့် အတူ ထဲ့ ၍ ဆူလာသည် အထိ ကျို ချက်ပါ။
ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်း ကို ရပ်တန့် လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော် ရှိသော စစ်စရာ တခုခုနှင့် စစ်လိုက်ပြီး လေလုံ ဗူးများ အတွင်း ထဲ့သွင်း ထား၍ ရေခဲသေတ္တာ တွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်း ကျိုချက် ထားသော ဖျော်ရည် ကို နေ့စဉ် ၁ ဖန်ခွက် (250-300ML) အစာမစားမှီ အနည်းဆုံး ၂ နာရီစော ၍ သော် လည်းကောင်း အစာအိမ် တွင်း အစာမရှိသော အချိန် နံနက်စောစော တွင် သော် လည်းကောင်း သောက် သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူ များပါ ပါဝင်စေရန် အတွက် သေချာ စွာ လှုပ်ပြီးမှ သောက်သုံးပါ။
Credit to ၀င်းလှိုင်ဦး

Friday, August 26, 2016

လီမွန် ဒိုက်ယက် ( Lemon diet )

Dr-Myint TheinFollow
ဝိတ်ကျစေမယ့် နည်းလမ်းတွေပဲ ဆက်တိုက်ရေးတင်နေတော့
ဘာအတွက်လဲ လို့ တွေးကြပေလိမ့်မယ် ။
ခု လာနေတဲ့ လူနာ ယောက်ျား မိန်းမ တွေ အများစုဟာ အ၀လွန်နေကြပြီ ။
ကျနော့် စမ်း...သပ်ကုတင်က ၂ပေ ကျယ်ပါတယ် ။ ။
ဒီကုတင်ပေါ်မှာ သူတို့ လှည့်လို့ ပြောင်းလို့ မလွယ်ကူကြတော့ဘူး ။
လွန်ခဲ့တဲ့ အနှစ် ၂၀ - ၂၅ လောက်တုန်းက သူတို့တွေ ဒီကုတင်ပေါ် အိပ်ရင်
စမ်းလို့ မီအောင် ဒီဖက် နည်းနည်းတိုး လို့ ပြောခဲ့ရတဲ့ သူတွေ ။
ခု သူတို့ ဒီကုတင်ပေါ် အိပ်လိုက်ရင် ကုတင်နဲ့ လူနဲ့ အပြည့် ဖြစ်နေပြီ ၊
လက်ချစရာ နေရာ မကျန်တော့ဘူး ။
သူတို့ရဲ့ ဘယ်ဖက်ခြမ်းကို စမ်းချင်ရင် မမြင်ရတော့ဘူး ၊
ဗိုက်ကြီးက တတောင်လောက် မောက်တက်နေတာကိုး ။

ဒီလောက် အ၀ လွန်နေသူတွေကို လမ်းလျှောက်ပါ လို့ ပြောရင်
စဉ်းစဉ်းစားစား ပြောပါ ဆရာရယ် ၊ ကိုယ့် ခန္ဓာကိုတောင် အနိုင်နိုင်
သယ်နေရတာ လို့ စိတ်ထဲက ပြန်ပြောနေမှာ သိနေပါတယ် ။
ဒါကြောင့် နည်းနည်းမှ အထောက်အကူ ရရ ၊
ဒီ အာယုဗေဒ နည်းလမ်းတွေ ရှာဖတ်ပြီး ရေးပြနေတာပါ ။
အန္တရာယ်လည်း မဖြစ်ရအောင်ပေါ့ ။
.
လီမွန် ဒိုက်ယက် ( Lemon diet )
မနက်စာ မစားမီ နံနက်တိုင်း အောက်ပါ အချိုးအဆအတိုင်း
လီမွန် နဲ့ ရေ ကို သောက်သုံးရပါမယ် ။
သောက်ရမှာ များလာရင် တနေကုန် ခွဲသောက်နိုင်ပါတယ် ။
ဒီ လီမွန် ( သံပုရိုသီး ) ဒိုင်းယက်ကို လိုက်နာရင် ၂ပတ်မှာ ၁၀ပေါင်
ကျတယ်လို့ ဆိုပါတယ် ။
Day 1: လီမွန် ၁ လုံးမှ အရည် + ရေ ၁ ဖန်ခွက်
ပျားရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်း နဲ့ သောက်ပါ
Day 2: လီမွန် ၂ လုံးမှ အရည် + ရေ ၂ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( ၂ ကြိမ်ပဲ သောက်သောက် ၊ ခွဲသောက်သောက် )

Day 3: လီမွန် ၃ လုံးမှ အရည် + ရေ ၃ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( ၃ ကြိမ်ပဲ သောက်သောက် ၊ ခွဲသောက်သောက် )

Day 4: လီမွန် ၄ လုံးမှ အရည် + ရေ ၄ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( ၄ ကြိမ်ပဲ သောက်သောက် ၊ ခွဲသောက်သောက် )

Day 5: လီမွန် ၅ လုံးမှ အရည် + ရေ ၅ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( တနေကုန်သောက် )
Day 6: လီမွန် ၆ လုံးမှ အရည် + ရေ ၆ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( တနေကုန်သောက် )
Day 7: လီမွန် ၃ လုံးမှ အရည် + ရေ ၁၀ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( တနေကုန်သောက် )
Day 8: လီမွန် ၆ လုံးမှ အရည် + ရေ ၆ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( တနေကုန်သောက် )
Day 9: လီမွန် ၅ လုံးမှ အရည် + ရေ ၅ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( တနေကုန်သောက် )
Day 10: လီမွန် ၄ လုံးမှ အရည် + ရေ ၄ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( ၄ ကြိမ်ပဲ သောက်သောက် ၊ ခွဲသောက်သောက် )
Day 11: လီမွန် ၃ လုံးမှ အရည် + ရေ ၃ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( ၃ ကြိမ်ပဲ သောက်သောက် ၊ ခွဲသောက်သောက် )
Day 12: လီမွန် ၂ လုံးမှ အရည် + ရေ ၂ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( ၂ ကြိမ်ပဲ သောက်သောက် ၊ ခွဲသောက်သောက် )
Day 13: လီမွန် ၁ လုံးမှ အရည် + ရေ ၁ ဖန်ခွက်
ပျားရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်း နဲ့ သောက်ပါ
Day 14: လီမွန် ၃ လုံးမှ အရည် + ရေ ၁၀ ဖန်ခွက်
ပျားရည် ၁ ဇွန်း မွှေ
( တနေကုန်သောက် )
.
သိပ်လည်း ခက်ခဲတာ မဟုတ်လို့ စမ်းကြည့်လည်း မမှားပါဘူး ။
ကျန်းမာချမ်းသာကြပါစေ
Dr. Myint Thein
August 12, 2016 .

လုံခြုံရေး ကင်မရာ






















Myanmar Vector Automation added 6 new photos.
ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့အသက် ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာ တွေကို တခြားသူ ပယောဂနဲ့ မဆုံးရှုံးခင် ကြိုတင် တားဆီးနိုင်တာ အကောင်းဆုံးပါ။ လုံခြုံရေး ကင်မရာ ...တပ်ထားရုံနဲ့ အိမ်မှာ စိတ်ချရပြီလို့ ထင်တတ်ကြပေမယ့် လုံခြုံရေး ကင်မရာ ဆိုတာမျိုးက ဖြစ်ပြီးတာကိုပဲ ပြန်ပြီး ကြည့်လို့ ရတတ်တာမျိုးပါ။ အိမ်မှာ အားလုံး အိပ်နေတဲ့ အချိန် ဒါမှမဟုတ် လူမရှိတဲ့ အချိန်တွေမှာ တစ်စုံတစ်ယောက်က ကျူးကျော် ဝင်ရောက်လာခဲ့မယ် ဆိုရင် ဘယ်လိုနည်းပညာတွေ သုံးပြီး တားဆီးလို့ ရမလဲ ဆိုတာ ရှင်းပြပါရစေ။
နိုင်ငံတကာမှာတော့ သူခိုးဖမ်းစက် (Burglar Alarm) လို့ ခေါ်တဲ့ ကျူးကျော်ဝင်ရောက်သူတွေကို သိရှိနိုင်တဲ့စနစ် (Intrusion Detection System) တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြပါတယ်။ အဲဒီစနစ်ရဲ့ အခြေခံ အလုပ်လုပ်ပုံကတော့ ဒီလိုပါ။
ပထမဆုံး ကိုယ့်အိမ်ရဲ့ အဝင်တံခါးမကြီးတွေမှာ သံလိုက်သုံးတဲ့ sensor တွေကို တပ်ထားလိုက်မယ်။ ပြီးရင် အိပ်ခါနီး အချိန်မှာ တံခါးတွေ အားလုံး ပိတ်ပြီး လုံခြုံရေး စနစ်ကို ဖွင့်ထားလိုက်မယ်။ အဲဒါဆိုရင် တစ်ယောက်ယောက်က တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ လုံခြုံရေးစနစ်ကနေ အချက်ပေးသံ ပေါ်ထွက်လာမှာပါ။
လုံခြုံရေးစနစ်ကို ဖွင့်ထားရာကနေ ပိတ်ဖို့ အတွက်တော့ လျို့ဝှက်သင်္ကေတကို မှန်အောင် နှိပ်နိုင်မှ ရပါမယ်။ အဲဒီတော့ လျို့ဝှက်သင်္ကေတ မသိတဲ့ သူ အနေနဲ့ အချက်ပေးသံကို ရပ်သွားအောင် လုပ်လို့ ရမှာ မဟုတ်ပါဘူး။
ဟုတ်ပြီ။ တံခါးကနေ မဝင်ဘူး။ ပြတင်းပေါက်ကနေ ဖွင့်ဝင်မယ်။ ဘာလုပ်မလဲ။ ပြတင်းပေါက် တစ်ခုစီမှာလည်း အဲဒီလို sensor ကလေးတွေ လိုက်တပ်ပေးရုံပါပဲ။ အဲဒါဆိုရင် လုံခြုံရေး စနစ် ဖွင့်ထားတဲ့ အချိန် ပြတင်းပေါက် ဆွဲဖွင့်လိုက်တာနဲ့ အချက်ပေးသံ ထွက်လာမှာပါ။ တံခါးပေါက်နဲ့ ပြတင်းပေါက်မှာ တပ်တဲ့ sensor တွေကို ဈေးပေါပေါနဲ့ ဝယ်လို့ ရနိုင်ပါတယ်။ တကယ်လို့ အိမ်က ဆောက်ပြီးသား အလှမပျက်ချင်ဘူး ဆိုရင်လည်း ကြိုးမဲ့ Sensor တွေ ရနိုင်ပါတယ်။
ကျုပ်တို့အိမ်မှာတော့ အိမ်ရှေ့မှာ မှန်ချပ်တွေနဲ့ အလှတပ်ထားတယ်။ သူခိုးက မှန်ခွဲပြီး ဝင်လာလို့ ရတယ် ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ လုံခြုံရေးစနစ်မှာ မှန်ခွဲတာနဲ့ အချက်ပေးသံ မြည်တဲ့ sensor တွေရှိပါတယ်။ မှန်ချပ် တစ်ခု ချင်းစီ အတွက် သီးသန့် တပ်စရာ မလိုပါဘူး။ မှန်ခွဲသံ ထွက်လာတာနဲ့ အဲဒီ sensor က အလုပ်လုပ်မှာပါ။
သူခိုးက မင်းအိမ်က တံခါးတွေမှာ sensor တပ်ထားတာ သိလို့ ပြတင်းပေါက် တံခါးပေါက်က မဝင်ဘဲ အမိုးက ဖောက်ဝင်မယ်ကွာ။ မင်းတို့ ဘယ်လို လုပ်ကြမလဲ လို့ မေးတဲ့သူ ရှိပါလိမ့်မယ်။ အဲဒါမျိုး ဆိုရင်လည်း လူဝင်နိုင်တဲ့ နေရာတွေမှာ အနီအောက် ရောင်ခြည်သုံးတဲ့ sensor တွေကို တပ်ထားလိုက်ရုံပါပဲ။ အဲဒီ sensor တွေရှေ့မှာ လူဖြတ်သွားတာနဲ့ အချက်ပေးသံ မြည်ပါတယ်။ လူမဖြတ်ဘူးကွာ ခွေးတွေ ကြောင်တွေ ဖြတ်သွားရင်ရော မြည်မှာလားလို့ မေးချင်လည်း မေးပါလိမ့်မယ်။ အနီအောက် ရောင်ခြည် sensor ဟာ ကိုယ်အပူချိန်ကို တိုင်းတာပြီး အလုပ်လုပ်တယ် ဆိုပေမယ့် တိရစ္ဆာန်တွေနဲ့ဆိုရင် အသံမမြည်အောင် ပိတ်ထားလို့ ရတဲ့ ခလုပ် ပါပါတယ်။
အရေးကြီးတဲ့ မေးခွန်းက အိမ်မှာ လူမရှိဘဲ အပြင်ထွက်သွားတဲ့ အချိန် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းပါ။ လုံခြုံရေးစနစ်ကို အိမ်ထဲက မထွက်ခင် အချိန် ဖွင့်ခဲ့မယ် ဆိုရင် စနစ်ကနေ အိမ်ထဲကနေ ထွက်ဖို့ အချိန်ပေးပါတယ်။ အဲဒီ အချိန်အတွင်းမှာ ပင်မ တံခါးတွေကို သုံးပြီး အပြင်ကို ထွက်လို့ရပါတယ်။ အချိန်ပြည့်သွားတာနဲ့ လုံခြုံရေး စနစ်က စပြီး အလုပ်လုပ်ပါပြီ။ အချက်ပေးသံက အိမ်နီးချင်းတွေကြားနိုင်လောက်အောင် ကျယ်ပါတယ်။
နောက်တစ်ခုက လုံခြုံရေးစနစ်ကို အိမ်ဖုန်းနဲ့ ချိတ်ထားလို့ ရပါတယ်။ အဲဒါဆိုရင် အိမ်မှာ အချက်ပေးသံ မြည်တာနဲ့ လုံခြုံရေးစနစ်က ကြိုသွင်းထားတဲ့ ဖုန်းနံပါတ်တွေကို တစ်ခုပြီး တစ်ခု ခေါ်မှာပါ။
မြန်မာပြည်မှာ လိုင်းဖုန်း ဒီလောက်ရှားတာ လာနောက်မနေနဲ့လို့ ပြောချင်ရင်လည်း ပြောလို့ရပါတယ်။ လိုင်းဖုန်း မရှိရင် လုံခြုံရေး စနစ်နဲ့ အတူ SMS Module တပ်ပြီး သုံးလို့ ရပါတယ်။ အဲဒါဆိုရင် အချက်ပေးသံ မြည်တာနဲ့ ကိုယ့်ဖုန်းထဲကို မက်ဆေ့ တစ်ခု ရောက်လာမှာပါ။
မီးပြတ်သွားရင် ဘယ်လို လုပ်မလဲ မေးလာတဲ့သူ ရှိပါတယ်။ လုံခြုံရေး စနစ်မှာ အများဆုံး ၈ နာရီ အထိ မီးပြတ်သွားရင် ဆက်ပြီး အလုပ်လုပ်နိုင်တဲ့ backup ဘက်ထရီ ၂ လုံး ပါပါတယ်။ မီးမပြတ်တဲ့ အချိန် သူ့ဘာသာသူ အားပြန်သွင်းနေမှာပါ။ အဲဒီ အတွက် မီးပြတ်ရင် မပူရသလို သူခိုးက မိန်းကြိုး ဖြတ်ပြီး ခိုးသွားမှာလည်း ပူစရာ မလိုပါဘူး။
ဒါတင် မကသေးဘူး Sensor တွေ အကုန်လုံးဟာ Normally Close အနေနဲ့ ချိတ်ဆက်ထားတဲ့ အတွက် သူခိုးက Sensor ကြိုးကို ဖြတ်လိုက်ရင်လည်း အချက်ပေးမှာပါ။
အဲဒါအပြင် လုံခြုံရေး စနစ်ကို အိမ်တွင်း နဲ့ အိမ်ပြင် mode ၂ ခု ထားလို့ ရတဲ့ အတွက် အိမ်တွင်းမှာ ရှိနေတဲ့ အချိန်ဆိုရင် အိမ်ပတ်ပတ်လည်က sensor တွေပဲ အလုပ်လုပ်ပြီး အိမ်ထဲက sensor တွေကို ပိတ်ထားလို့ ရပါတယ်။ အပြင်ထွက်သွားတဲ့ အချိန် ဆိုရင်တော့ အိမ်တွင်း အိမ်ပြင် sensor အားလုံးကို ဖွင့်ထားခဲ့လို့ ရပါတယ်။
လုံခြုံရေး စနစ်တွေမှာ အားထားရမှု စိတ်ချရမှုဟာ အရေးကြီးပါတယ်။ အရေးဟဲ့ အကြောင်းဟဲ့ ဆိုတဲ့ အချိန်မှ လုံခြုံရေးစနစ်က အလုပ်မလုပ်ဘူး ဆိုရင် ကိုယ့်ဘက်က ပြန်ပေးရမယ့် အရင်းအနှီးက ကြီးပါတယ်။ အဲဒါကြောင့် နာမည်ကြီးတဲ့ တံဆိပ်တွေကို ရွေးသုံးရတာ ဈေးကြီးပေမယ့် လုံခြုံရေး အတွက် ပိုပြီး စိတ်ချရပါတယ်။
အကယ်၍ ကနေဒါနိုင်ငံထုတ် ကျူးကျော်ဝင်ရောက်သူတွေကို သိရှိနိုင်တဲ့စနစ် ကို သုံးမယ် ဆိုရင်တော့ ကျွန်တော်တို့ အရောင်းဌာန ဖုံးနံပါတ် 01-572028, 09-420018611, 09-420168985 ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ အရောင်းဝန်ထမ်းတွေက မိတ်ဆွေတို့ သိရှိလိုသမျှကို ဖြေကြားပေးဖို့ အသင့်ပါပဲ။ 

Wednesday, August 24, 2016

ဆားဝက်ခြံနဲ့ အဆီဖုသေးသေးလေးတွေကို သက်သာပျောက်ကင်းအောင် ဘာတွေလုပ်နိုင်သလဲ

Nan HtweFollow
ဆားဝက်ခြံနဲ့ အဆီဖုသေးသေးလေးတွေကို သက်သာပျောက်ကင်းအောင် ဘာတွေလုပ်နိုင်သလဲ
မည်းမည်းစူးစူးအစိလေးတွေကိုတော့ဆားဝက်ခြံလို့ခေါ်ကြပြီး အသားရောင်ရှိသော ၊ ၀က်ခြံလိုလဲနာကျင...်မှုမရှိတဲ့အဖုသေးသေးလေးတွေကိုတော့ အဆီဖုလို့အလွယ်ခေါ်ကြပါတယ် ။ သူတို့ဟာတစ်အုပ်စုတည်းပါ ။ အဆီတွေစုပြီး ချွေးပေါက်ပိတ်စို့ကာဖြစ်လာသောအဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေကိုတော့ close comedo လို့ခေါ်ပြီး ချွေးပေါက်ကိုဖွင့်ထွက်ကာ အောက်ဆီဂျင်နှင့်ထိတွေ့ပြီး ဓာတ်တိုးကာ မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံဆိုတာကိုတော့ open comedo လို့ခေါ်ပါတယ် ။ ဒီ၂မျိုးလုံးအတွက် ထိရောက်တဲ့နည်းလမ်းကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီး မျက်နှာကို ချေးညှော်သန့်စင်ပေးခြင်းပဲဖြစ်ပါတယ် ။
ထိုနည်းအတွက် ရေနွေးကို ဇလုံတစ်ခုထဲထည့်ကာ အငွေ့အရမ်းမပူတော့အောင်စောင့်ပြီး မျက်နှာကို ဇလုံပေါ်ကပ်၍ ရေနွေးငွေ့ခံပေးပါ ။ ခေါင်းပေါ်ကို မျက်နှာသုတ်ပုဝါအုပ်ကာ ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် လုပ်ပေးနိုင်ပါတယ် ။ ၅-၁၀မိနစ်ခန့် ချွေးလေးစို့လာအောင် ပေါင်းခံပေးပြီး နူးညံ့သောမျက်နှာသုတ်ပ၀ါဖြင့် ထိကာထိကာသုတ်ပေးပါ ။ ပွတ်ဆွဲပြီး ဘယ်တော့မှ မသုတ်ပါနဲ့ ။ ထိုသို့လုပ်ပြီးလျှင် အောက်ပါနည်းလမ်းများထဲမှတစ်ခုကို ပူးတွဲလုပ်ဆောင်ပေးပါ ။
၁ - သကြားနှင့် ပျားရည် scrub
သကြား၁ဆ ပျားရည်၁ဆ ရောမွှေကာ ပေါင်းခံအခြောက်သုတ်ထားသောမျက်နှာပေါ်သို့ လက်နှင့်ယူ၍ ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ပြီးလျှင် ၃မိနစ်ခန့်ထားကာ ရေဆေးပေးပါ ။ နေ့စဉ်လုပ်ပေးနိုင်ပါတယ် ။
၂ - သံပုရာရည်လိမ်းပေးပါ
ပေါင်းခံထားသောမျက်နှာပေါ်သို့ သံပုရာအရည်ကိုတိုက်ရိုက်လိမ်းပေးကာ ၁၅မိနစ်ခန့် အခြောက်ခံ၍ ရေဆေးပေးပါ ။ အိပ်ရာမ၀င်ခင်ညတိုင်း လိုချင်သောအနေအထားရတဲ့အထိ လုပ်ပေးပါ ။
၃ - မုန့်ဖုတ်ဆိုဒါ
ရေ၁ဆ မုန့်ဖုတ်ဆိုဒါ၁ဆရော၍ လိုအပ်သောနေရာကိုပွတ်ပေးပါ ။ ၂မိနစ်ခန့်ထားကာရေဆေးပေးပါ ။ တစ်ပတ်၂ခါလောက်လုပ်ပေးနိုင်ပါတယ် ။
ပြီးလျှင်တော့ ဆားဝက်ခြံညှစ်ထုတ်ချင်လျှင် အသာဖယ်ယူနိုင်ပါပြီ ။ ထုတ်ရခက်သောအဖုကို အတင်းမညှစ်ပါနှင့် ယောင်းယမ်းနာကျင်တတ်ပါတယ်
Cosmetics တွေဆိုလဲ water base ထုတ်ထားတဲ့ပစ္စည်းများကိုရွေးခြယ်သင့်ပါတယ် ။ မျက်နှာတစ်နေ့တစ်ခါ ပုံမှန်သန့်စင်ပေးဖို့လိုပါတယ် ။ အထူးသဖြင့် ညအိပ်ခါနီးတွင် မမေ့သင့်ပါ။ နေရောင်ခြည်နှင့်ထိတွေ့ပါများရင်လည်း အဆီပိုပြန်တတ်ပါတယ် ။ ဒါကြောင့်ထီးလေးဆောင်းဖို့မမေ့ပါနဲ့ ။ အဆီပြန်တတ်ရင် moisturizer ကို gel type သုံးသင့်ပါတယ် ။ ကျန်းမာသော အနေအထိုင်အလေ့အကျင့်ကောင်းများလည်းရှိဖို့လိုအပ်သလို စိတ်ဖိစီးမှုကိုလည်း နဲနိုင်သမျှနဲအောင်နေထိုင်ပါက လှပကျန်းမာသော အသားအရေကိုရရှိမှာပဲဖြစ်ပါတယ်ရှင် ။
#Super_Women
#admin_may

ဒါဖတ်ပြီးမှ ဝိတ်ချမယ်

Aye Min HtooFollow
ဒါဖတ်ပြီးမှ ဝိတ်ချမယ်
မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင...့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။ သေချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။ အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။ စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။ နောက်တချက်က ဝိတ်ကျဆေးတွေ ဈေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။ တချို့ကျတော့ ထမင်းတနပ်လျှော့စားရင် ဝိတ်ကျမယ်ထင်သူတွေလည်း ရှိသေးတယ်။ တကယ်တမ်းလျှော့စားကြည့်တဲ့အခါ သိပ်ကြာကြာမခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ရှောင်ပါရဲ့။ အစာပြေအာလူးချောင်းကြော်တထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထားမိဘူး။ ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်တွေရဲ့ အခြေခံအကြောင်းအရာကို နားမလည်သေးရင် ဝိတ်ချရတာ ခက်တယ်။
ဝိတ်ချသူတွေထဲမှာမှ စားနိုင်သောက်နိုင်၊ချမ်းသာသူတွေအတွက် ဝိတ်ချရတာ အခက်ခဲဆုံးဖြစ်နေကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ပါ။ လေ့လာကြည့်ရင် နေ့စဉ် လှုပ်ရှားမှုအလွန်နည်းတယ်။ ပိုဆိုးတာက လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတောင် မလုပ်မိဘူး။ အလုပ်စားပွဲမှာပဲ အချိန်ကုန်တာများတယ်။ စိတ်ဖိစီးမှု သူများထက် ပိုတယ်။ အစားအသောက်မှာလည်း အတူတူပဲ။ စားပွဲသောက်ပွဲတွေက ပေးလိုက်တဲ့ အဆီတွေလည်း မနည်းလှဘူး။ ဘီယာ၊အရက်ကိုလည်း လူတန်းစေ့နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့အောင် မနေရတာ သတိမထားမိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။
နိုင်ငံတနိုင်ငံရဲ့ အစားအသောက်၊လူနေမှုပုံစံတွေက အဲဒီနိုင်ငံသားတွေရဲ့ ကျန်းမာရေးပေါ် အဓိကသက်ရောက်စေတယ်။ မြန်မာလူမျိုးတွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ကိုယ်ပိုင်လူနေမှုပုံစံရှိပါတယ်။ မြန်မာတွေ ဘာနဲ့စားကြလဲ။ ထမင်းစားတယ်လို့ အများစုဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျတွက်ချက်သူတွေ ပြောတဲ့စကားဖြစ်တယ်။ တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာ မရှိဘူး။ ထမင်းဆို ဆီဆမ်း၊ဟင်းဆိုလည်း ဆီပြန်၊လက်ဖက်ဆိုလည်း ဆီရွဲရွဲလေးနဲ့မှ စားကြတာ မြန်မာလူမျိုးအများစုရဲ့ နေထိုင်စားသောက်ပုံဖြစ်တယ်။ နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတခုမှမရှိပါဘူး။ အိမ်တိုင်းမှာ ဆီပြန်ဟင်းချက်ကြတယ်။ ကြက်သားဆီပြန်၊ဝက်သားဆီပြန်ချက်လေးလည်း ပါမှ ထမင်းမိန်တယ်။ ဒါ့ကြောင့် မြန်မာတွေ ဝလာတယ်။
ပိုဆိုးတာရှိသေးတယ်။ ပြန်ကြော်ဆီတွေကို သိမ်းထားပြီး နောက်ရက်တွေမှာ ပြန်သုံးနေတာဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီတွေဖြစ်လာတယ်။ ပြည့်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်စာတွေက လူတွေကို ပိုဝလာစေတယ်။ ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီအကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေးဖက်ကကြည့်တော့ အဆိုးဖက်ကချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊သွေးကြောပိတ်တာတွေ ဖြစ်လာတယ်။ မြန်မာမိဘတွေက သင်ပေးထားတဲ့ အလေ့အကျင့်တခုရှိသေးတယ်။ အစားစားရင် ကုန်အောင်စား၊မကျန်စေနဲ့ဆိုတာမျိုး။ ဒီလိုသင်ကြားမှုတွေက ကိုယ့်ကလေးတွေကို လိုတာထက်ပိုစားတတ်အောင်၊ရောဂါထူပြောလာအောင် သင်ပေးနေတယ်ဆိုတာ သတိမပြုမိကြဘူး။ တကယ်သင်ပေးရမှာက အစားကို သင့်တင့်မျှတရုံ စားတတ်ဖို့၊ဗိုက်ပြည့်ရုံစားတတ်ဖို့ ဖြစ်တယ်။ ဒီအကြောင်းရာတွေက မြန်မာလူမျိုးတွေ သတိမထားမိဘဲ ဝနေရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။
ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။ ဝင်လာတဲ့ calorie(အစားအသောက်)က သုံးစွဲတဲ့ calorie(လှုပ်ရှားမှု)ထက် များနေလို့ဖြစ်ပါတယ်။ အသားတင် calorie 3500လောက် ပိုလျှံတိုင်း ဝိတ်တပေါင်စီတက်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်စရာက (၂)မျိုးပဲ ရှိတယ်။ အစားလျှော့စားမလား။ လေ့ကျင့်ခန်း လုပ်မလား။ မေးစရာရှိတာက ဘယ်လောက်ထိ အစားလျှော့စားရမှာလဲ။ သာမန်လူတယောက်က ဘယ်လောက်ထိ အစားရှောင်နိုင်မလဲ တွက်ချက်ဖို့တော့ လိုပါတယ်။ ကယ်လိုရီ(၂၅၀၀)နေ့စဉ် လိုအပ်သူတယောက်ဟာ နေ့စဉ် ကယ်လိုရီ(၅၀၀)လျှော့စားလို့ရတယ်။
အဲဒီမှာ ထည့်တွက်ရမယ့်အချက်က ဗိုက်ဆာတဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ leptinဆိုတဲ့ ဓာတ်ဖြစ်ပါတယ်။ ဒီဓာတ်က ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ ၂၀၁၃တုန်းက ဗိုက်ဆာတဲ့ဖြစ်စဉ်နဲ့ leptin လက်ခံဆဲလ်(leptin receptor)တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့်တဲ့အခါ အဆီအစားများသူတွေရဲ့ အစာအိမ်မှာရှိတဲ့ leptin လက်ခံဆဲလ်တွေက သိပ်အလုပ်မလုပ်တော့တာ တွေ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဆီအစားများသူတွေဟာ ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားမှုမျိုးမရှိတာပါ။ အဲဒီမှာ စားပြီးရင်းစားချင်၊ဝိတ်တက်ပြီးရင်း တက်လာတာဖြစ်တယ်။ ဒါ့ကြောင် အဆီစားများသူတွေဟာ ဝိတ်ချရခက်ခဲသူများ ဖြစ်လာပါတယ်။ ပိုဆိုးတာက ဝိတ်ကျရင်တောင် ဒီပြောင်းလဲမှုက ကြာရှည်ခံနေတာ ဖြစ်တယ်။
နောက်တွေ့တာတခုက လေ့ကျင့်ခန်းလုပ်ပါဆိုလို့ လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းဖြစ်တဲ့ လမ်းလျှောက်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်လျှောက်သလားဆိုတော့လည်း မလျှောက်ပါဘူး။ တပတ်(သို့) တလလောက်နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီးအပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လည်း အဆီများတဲ့ ဆီကြော်စာ၊မုန့်တီစတာတွေမှ ရွေးစားကြတယ်။ ဒီလိုအစားအသောက်တွေကနေ ကယ်လိုရီ(၃၀၀-၅၀၀) ကြားဝင်သွားတာ သတိမပြုမိကြဘူး။ အဲဒါက ဘာကိုပြလဲဆိုတော့ ကယ်လိုရီရဲ့ သဘောတရားတွေကို မသိသေးဘူး။ စနစ်တကျဝိတ်မချတတ်သေးဘူး ဆိုတာ ရှင်းပါတယ်။
ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ ကယ်လိုရီ(၁၀၀)ကုန်ဖို့ ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ရင် ရမလဲ သိထားသင့်တယ်။ ဥပမာ နာရီဝက်လမ်းလျှောက်တိုင်း ကယ်လိုရီ(၁၀၀)ကုန်တယ်။ ၁၅မိနစ်လောက် ပြေးရင် ကယ်လိုရီ(၁၀၀)ကုန်တယ်။ ဒါတွေသိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီများများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်းလို့ ယေဘုယျမှတ်ပါ။ ဗိုက်အဆီပြင်များသူတွေအတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆိုလေ့ကျင့်ခန်းမလုပ်ချင်သူများအတွက် နည်းမရှိဘူးလား။ အဆီစုပ်တာ၊အဆီချေတာမျိုးတွေ တချို့လုပ်ကြတယ်။ ဒါပေမယ့် သေချာတယ်။သိပ်ကြာကြာမခံပါဘူး။ဘာကြောင့်လဲဆိုတော့ ဝိတ်မြန်မြန်ကျသူဟာ ဝိတ်မြန်မြန်တက်ဖို့ အခွင့်အလန်းပိုများလို့ဖြစ်တယ်။ နောက်ပြီး နေထိုင်စားသောက်ပုံကို မပြုပြင်သရွေ့ ရေရှည်ဝိတ်ကျဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါ။
ဝိတ်ချရတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင်ပါတယ် စိတ်ထဲကအော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ်ရမှာတွေ ရှိသေးတယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရတယ်။ တကယ်တော့ ဝိတ်ချတယ်၊ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။ မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၀.၈.၁၆
ကျန်းမာသော နေထိုင်စားသောက်မှု အတွက်အခြေခံသိသင့်သော ကယ်လိုရီ၊ လှုပ်ရှားမှုနှင့် လောင်ကျွမ်းမှုများ
--------------------------------------------------------------
လှုပ်ရှားမှု / မိနစ် ၃၀ အတွင်း လောင်ကျွမ်းသွားသော ကယ်လိုရီ Kcal
- လေ့ကျင့်ခန်း -
1) ထိုင်ထ / 411 Kcal
2) ရေကူး / 375 Kcal
3) ကြိုးခုန် / 333
4) ဘောလုံး / 321
5) ဘတ်စကတ်ဘော / 273
6) တစ်နာရီ 12မိုင်နှုန်း စက်ဘီးစီး / 273
7) တစ်နာရီ 5မိုင်နှုန်း ပြေးခုန် / 273
8) တင်းနစ်၊ထွေပစ်၊အားကစား / 273
9) အေရိုးဗစ်အက / 258
10) ကြက်တောင်ရိုက် / 153
11) ဂေါက်သီး / 153
12) စားပွဲတင်တင်းနစ် / 138 Kcal
13) ယောဂကျင့်စဉ် / 117
14) ဘိုးလင်းပစ် / 102
-နေ့စဉ်လှုပ်ရှားမှု-
a) လှေကားတက် / 273
b) ခြံစိုက်ပေါင်းသင်/ 153
c) တစ်နာရီ 3မိုင်နှုန်း လမ်းလျှောက် / 120
d) တံမြက်စည်းလှည်း / 84
e) ပေါ့ပါးသောအလုပ် / 69
f) ထိုင်ခြင်း / 60
g) အိပ်ခြင်း / 33 Kcal
အစားအသောက်တွင် ပါဝင်သော ကယ်လိုရီ%
-----------------------------------------------------------
အစားအသောက် / ပါဝင်သော ကယ်လိုရီ
1) ထမင်း ၁ပန်းကန်လုံး (6ဇွန်း) / 187.5 Kcal
2) ထမင်း ၁ပန်းကန်ပြား (9ဇွန်း) / 275
3) ကြက်သားဒံပေါက် (13ဇွန်း) / 708
4) ။ ။ (9ဇွန်း) / 525
5) ကြက်သားခေါက်ဆွဲကြော် (14ဇွန်း) / 594
6) ။ ။ (9ဇွန်း) / 396
7) ပဲပြုတ်ထမင်းဆီဆမ်း (9ဇွန်း) / 435
8) ပဲပြုတ်ထမင်းကြော် (9ဇွန်း) / 426
9) ထမင်းပေါင်း ၁ပွဲ (12ဇွန်း) / 475
10) တို့ဟူးသုပ် ၁ပွဲ / 195
11) ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး အစုံသုပ် ၁ပွဲ / 373
12) နန်းကြီးသုပ် ၁ပွဲ / 735
13) ရှမ်းခေါက်ဆွဲ ၁ပွဲ / 747
14) မုန့်ဟင်းခါး ၁ပွဲ / 268.5
15) အုန်းနို့ခေါက်ဆွဲ ၁ပွဲ / 466
16) ရခိုင်မုန့်တီ ၁ပွဲ / 126.5
17) ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ / 475
18) ကြေးအိုး ၁ပွဲ ကြက်သား / 1588 Kcal
19) ။ ။ ၁ပန်းကန်လုံး / 553
20) ဘယာကြော်၁ခု / 194
21) စမူဆာ ၃ခု / 91
22) ဘူးသီးကြော် ၁ခု / 70
23) ကော်ပြန့်စိမ်း / 76
24) ကော်ပြန့်ကြော် / 200
25) ပေါင်မုန့် ၂ချပ် / 150
26) ။ ထောပတ်သုပ် ၁ချပ် / 119
27) ကိတ်မုန့် ၁ချပ် / 118
28) ၾကက္သား ဟမ္ဘာဂါ / 580
29) ဒိုးနတ် ၁ခု / 210.5
30) ချိစ် ဆန်းဒွစ်(ခ်ျ)/ 130
31) နံပြား ၁ချပ် / 226
32) ဝက်သားပေါက်စီ ၁လုံး / 340
33) ပဲပလာတာ ၁ချပ် / 377
34) အီကြာကွေး ၁ / 314
35) ဆီထမင်း ပန်းကန်ပြားသေး ၁ / 187
36) ပဲပြုတ်ကောက်ညှင်းပေါင်း သေး ၁ / 217
37) မုန့်ကျွဲသဲ / 56
38) ထန်းသီးမုန့် / 120
39) မုန့်လင်မယား / 73
40) ဘိန်းမုန့် / 286.4
41) သာကူ မုန့်ဖက်ထုပ် / 121
42) အာလူးကြော် ၂၀ခု / 177.5
43) ငါးမုန့်ကြော် ၃ခု / 140
44) ကြက်ဥကြော် ၁ / 129
45) ကြက်ဥပြုတ် ၁ / 80
46) ပြောင်းဖူးပြုတ် ၁ / 350
47) ဂေါ်ရခါးသီးပြုတ် ၁ / 27
48) ရုံပတီသီး + ပုဇွန်ခြောက်ကြော် / 130
49) ကန်စွန်းရွက်ကြော် ၃ ဇွန်း / 41.2
50) ကြက်သား + ဘူးသီး / 95
51) ခရမ်းသီး + ပုဇွန်ခြောက် / 156 Kcal
52) ငှက်ပျောသီး သီးမွှေး / 140
53) စပျစ်သီး / 83
54) နာနတ်သီး ၁ပန်းကန်လုံး / 75
55) ဖရဲသီး ၁ပန်းကန်လုံး / 38
56) သရက်သီးမှည့် ၁ပန်းကန်လုံး / 128
57) သင်္ဘောသီး ၁ပန်းကန်လုံး / 63
58) ကျွဲကောသီး ၁ပန်းကန်လုံး / 40
59) လက်ဖက်သုပ် ၁ပွဲ / 467
60) ။ ။ ၁ဇွန်း / 78
61) ဂျင်းသုပ် ၁ပွဲ / 512
62) ခရမ်းချဉ်သီးသုပ် ၁ပွဲ / 117
63) ငါးဖယ်သုပ် ၁ပွဲ / 130
64) ငါးကြင်းကြော် / 116
65) ငါးလေးဟင်း / 180
66) ဘဲဥဟင်း / 125
67) ပုဇွန်ဟင်း / 98
68) ဝက်သားဟင်း / 202
69) ကြက်သားဟင်း / 216
70) နို့ ၁ဖန်ခွက် / 168
71) ကော်ဖီ ၁ခွက် / 84
72) ကိုလာ ၁ဗူး / 103
73) လိမ္မော်ရည် ၁ခွက် / 115
74) စတော်ဘယ်ရီယို ၁ဇွန်း / 23.2
75) ထောပတ် ၁ ဇွန်း / 76 Kcal
(နံနက်စာ)
a) ကော်ဖီ+ပေါင်မုန့်ကြက်ဥကြော် / 393 Kcal
b) ကော်ဖီ+ပေါင်မုန့်ထောပတ်သုပ် / 452
c) ကော်ဖီ+ပဲပြုတ်ထမင်းကြော် / 511
d) ကော်ဖီ+ပဲပြုတ်ထမင်းဆီဆမ်း / 519
e) ကော်ဖီ+မုန့်ဟင်းခါး / 353
f) ကော်ဖီ+အုန်းနို့ခေါက်ဆွဲ / 550
(နေ့လည်စာ)
• ထမင်း+ဝက်သားဟင်း+ ကန်စွန်းရွက်ကြော်+သီးစုံ ချဉ်ရည်ဟင်း +သရက်သီးမှည့် / 725 Kcal
• ထမင်း+ကြက်သားဟင်း+ပဲသီးကြော်+ချဉ်ပေါင်ဟင်း+ဖရဲသီး / 706 Kcal
• ထမင်း+ငါးဖယ်သုပ် +ဗူးညွန့်ကြော်ချက် +ပဲကြီးဆူးပုတ်ဟင်း +စပျစ်သီး / 654 Kcal

သခွါးသီးကုထုံး

ဆေးနည်းမှတ်စု
သခွါးသီးကုထုံး
မျက်နှာ အညိုအမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်၊ အချိုင့်အခွက် အပါအဝင် အရေးပြားရဲ့ အောက်ဆုံးလွှာဖြစ်တဲ့ dermis ဆိုတဲ့ တစ်သျှူးစပျက်စီးမှုတွေကို သဘာဝပစ္စည်း...နဲ့ ပြန်လည် ပြုပြင်မယ်ဆို သခွားသီး ကုထုံးကိုပဲ လှပျိုဖြူတို့ ရွေးချယ်လိုက်ပါ။
(၁) သံပုရာသီး တစိတ်ကို ပန်းကန်ပြားထဲ အရည်ညှစ်ပါ။ ဂွမ်းလုံးလေးနဲ့ သံပုရာရည်ကို အမာရွတ်ပေါ် တို့လိမ်း၊ ၁၅ မိနစ်ထားပြီး ရေနဲ့ သန့်စင်ပါ။ ဒါဟာ ဘက်တီးရီးယားကို သေစေတဲ့ သဘာဝပိုးသတ်နည်းပါပဲ။
(၂) ဇလုံတစ်ခုမှာ မုန့်ဖုတ်ဆော်ဒါ ၂ ဇွန်းကို ရေ ၂ ဇွန်းနဲ့ သမအောင် ရောမွှေလို့ ရလာတဲ့ အနှစ်ကို လက်ဖျားလေးနဲ့ စက်ဝိုင်းပုံ နှိပ်ပြီး ဖိသိပ်ပေးပါ။ ၁၀မိနစ်ထားပြီး မျက်နှာသစ်ပါ။ အရေပြားကို ပြုပြင်ပေးပါတယ်။ နာမည်ကြီးဆိုင်တွေက ဘာမှုန့်တွေမှန်း ကိုယ်မသိလိုက်ပဲ ပြုလုပ်လိုက်တာ ဒီနည်းပါ။
(၃) သခွားသီးကို နုပ်နုပ်စင်းပြီး အရည်ထွက်အောင် ခြေပါ။ အရည်အဖတ်ရောတဲ့ အနှစ်ကို မျက်နှာပေါ် ဖွဖွလေး နှိပ်ထပ်တင်ပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးပါ။ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အရေပြား တင်းရင်းသွားပြီး ပိုမိုဝင်းပလာပါမယ်။
(၄) နောက်ဆုံးအဆင့် Moisturizer အနေနဲ့ သံလွင်ဆီ ခပ်ပါးပါးကို စိမ့်ဝင်အောင် လိမ်းပါ။ သံလွင်ဆီက သန့်ရှင်းထားတဲ့ ချွေးပေါက်ထဲ့စိမ့်ဝင်ပြီး အပေါ်ယံ အရေပြားအလွှာကို ပြုပြင်ပေးပါတယ်။
ဒီလိုကာလမျိုးမှာ Beauty Sloon သွားချိန် ပေးစရာမလိုပဲ ငွေကုန် ကြေးကျလည်း အလွန် သက်သာတော့ ပျိုမေတို့ လှတစ်မျက်နှာအတွက် အကျိုးများတဲ့ Skin Care မို့ ဖော်ပြပေးလိုက်ပါတယ်…
Credit to – ဆံဖျားမှခြေဖျားအလှပထိန်းသိမ်းနည်းများ

Tuesday, August 23, 2016

ပုစွန်ခေါင်း အမွေတောင်းခန်း

Tin Nyunt
6 hrs
ပုစွန်ခေါင်း အမွေတောင်းခန်း
ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးမှာ ဘယ်လောက် သဘောထားကွဲလွဲတာဖြစ်ပါစေ မြစ်ဆုံဆည် တည်ဆောက်ရေးကိစ္စမှာတော့ မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင...်းရင်းသားပြည်သူအားလုံး တစ်စိတ်တည်း တစ်ဝမ်း တည်း ညီညွတ်ကြပါတယ်။ အဲဒါကတော့
“မြစ်ဆုံဆည်တည်ဆောက်ရေး ဖျက်သိမ်းပေး” ဆိုတာပါပဲ။
ပြည်သူတွေ ဘာကြောင့် မြစ်ဆုံဆည်ကိစ္စကို သဘောမကျတာလဲ။ တိုင်းရင်းသားအရေးအနေနဲ့ ကြည့်ရင် မြစ်ဆုံဆည်ဆောက်လိုက်လို့ ဘုံပျောက်ကြရမှာ ကချင်တိုင်းရင်းသားတွေဖြစ်နေပါတယ်။ မြစ်ဆုံဒေသဟာ ကချင်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့နေရာတစ်နေရာ ဖြစ်နေပါတယ်။
မြစ်ဆုံဒေသမှာ ဆည်ကြီးဆောက်ဖို့အပြင် မြစ်ညာဒေသမှာ ဆည် ၇ ခုဆောက်ဖို့ သဘောတူသွားတာ ဗိုလ်ချုပ် ဟောင်း ဦးသန်းရွှေဖြစ်ပါတယ်။ သူတန်ခိုးထက်ချိန်မှာ ဘယ်သူ့အကျိုးအတွက် ဒီဆည်ကြီးဆောက်လုပ်ဖို့ ခွင့်ပြုသွားတယ်ဆိုတာ အားလုံး သိပြီးဖြစ်ကြမှာပါ။ ဒီဆည်ကြီး ပြီးသွားရင်လည်း ထုတ်ယူရရှိမယ့် ရေအား လျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ဘက် ပို့ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကြီးနဲ့ကို ဦးသန်းရွှေက လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တပ်အုပ်စိုးတဲ့ခေတ်မှာ တစ်သွေး တစ်သံ တစ်မိန့်ဆိုတော့ မကောင်းလည်း မပြောရဲ၊ မသင့်လည်း မပြောရဲ အဖေကြီးကောင်းရင် ကောင်းတာပါပဲ လုပ်ခဲ့ကြလို့ ဆည်ဆောက်ဖို့ ပြင်နေချိန်မှာ အရပ်သားတစ်ပိုင်း စစ်သား တစ်ပိုင်း အစိုးရလက်ထဲ အာဏာရောက်လာပါတယ်။
အဖေကြီးကတော့ စားပြီး ဝါးပြီးနားနေချိန်မှာ အဖေကြီးသားတွေက အဖေကြီးကို ကာကွယ်စောင့်ရှောက်လို ပေမယ့် “ဒီမိုကရေစီ” နဲ့ ဝိုင်းတိုက်တော့ “ငါ့အဖေ လုပ်သွားတဲ့ ကိစ္စ ရလာတဲ့ကလေး နောက်လူ မွေးစေ” ဆိုပြီး အမိန့်ချသွားပါတယ်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ငါတို့ အာဏာပြန်ရလည်း တစ်ကွက်ရွှေ့မယ်။ အာဏာပြန်မရလည်း နောက်လူ တော့ အဖေကြီးစားပြီး ပါထားသမျှအီးကို ကျုံးပေတော့ဆိုပြီး အကောက်ကြံသွားခဲ့တာပါ။
မြစ်ဆုံအရေးကို ရင်လေးဖွယ်ရာ ကြုံနေရချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အကောင်အထည်ဖော်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်နေရချိန်ပေါ့။ နှစ်ပေါင်း များစွာ မငြိမ်းချမ်းနိုင်ခဲ့တဲ့ တိုင်းပြည်ဟာ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့လက်ထက်မှာ ငြိမ်းချမ်းသွားပြီဆိုရင် ဘာဖြစ်သွားမလဲ။ ပြည်တွင်း စစ်ကြီး ဘာကြောင့်ဖြစ်ပြီး ဘာကြောင့် မငြိမ်းချမ်းနိုင်ရသလဲဆိုတာ အဖြေပေါ်တော့မှာပါ။
ဒီအချိန်မှာ အဖေကြီးသားတစ်ယောက်က ထအော်ပါတယ်။ “အမြဲတန်းအနိုင်ဆိုတာ မရှိဘူး။ အမြဲတန်း အရှုံးဆိုတာ မရှိဘူး” တဲ့။ ဟုတ်ကဲ့ ဘုရားလူကြီး ရွေးပွဲကို လူသတ်မုဒိမ်းသမား ဝင်ပြီးတော့ အရွေးခံကြည့် ပါလား။ ပြည်သူက ဘယ်လို အဆုံးအဖြတ်ပေးမလဲဆိုတာ။ အဲဒီလိုလူမျိုးကို ရွေးပေးတယ်ဆိုရင် ခံချင်လို့သာ ရွေးပေးကြတာနေမှာ။
၂၃.၈.၂၀၁၆

Chemical မသုံးပဲ သင့်အိမ်ကိုသန့်ရှင်းရန် နည်းလမ်း ၅ သွယ်














SMPL Group Construction and Interior Design added 5 new photos.
Chemical မသုံးပဲ သင့်အိမ်ကိုသန့်ရှင်းရန် နည်းလမ်း ၅ သွယ်
===================================
အိမ်သန့်ရှင်းရေးလုပ်ရင်သုံးတဲ့ ဆပ်ပြာရေတော်တော်များများဟာ အန္တရယ်မရိ...ှဘူးထင်ရပေမယ့် တော်တော်များများတွေမှာတော့ အန္တရယ်ရှိဓာတုပစ္စည်း(toxic chemical) တွေပါ ပါတယ်။ အဲဒီဓာတုပါဝင်ပစ္စည်းတွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေပြီး လူတွေရဲ့ကျန်းမာရေးအတွက်လည်း မကောင်းနိုင်ပါဘူး။ အခုအောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကတော့ chemical ပစ္စည်းတွေမသုံးပဲ အိမ်မှာအလွယ်တကူရနိုင်တဲ့အရာတွေကိုသုံးပြီး ဘယ်လိုသန့်ရှင်းရေးလုပ်နိုင်လဲဆိုတာကို တင်ပြပေးထားပါတယ်။
၁။ ရေချိုးခန်း အိမ်သာကြွေပြားတွေမှာကပ်နေတဲ့ ချေး(ဂျီး)ချွတ်နည်း
အိမ်သာ ရေချိုးခန်းတွေရဲ့ ကြွေပြားတွေမှာကပ်နေတဲ့ချေး(ဂျီး)တွေကို ရှာလကာရည်နဲ့မုန့်ဖုတ်ဆိုဒါကိုရောပြီး ပွတ်ပေးပါ။၅မိနစ်လောက်ထားပြီးရင် ရေနဲ့စင်စင်ဆေးချလိုက်ပါ။ အဝတ်အခြောက်နဲ့ထပ်သုတ်ပြီးရင်တော့ သန့်ရှင်းစင်ကြယ်နေတဲ့ကြွေပြားကိုတွေ့ရပါလိမ့်မယ်။
၂။ သစ်သားကြမ်းခင်းတွေကို တောက်ပြောင်အောင်တိုက်မယ်
သစ်သားကြမ်ခင်းတွေကို အသစ်လိုသန့်ရှင်းတောက်ပြောင်စေချင်ရင်တော့ ချာလကာရည်ရေနွေးကြမ်းခွက်တစ်ဝက်ခန့်ကို ရေတစ်လီတာနဲ့ရောပြီးတော့ ကြမ်းတိုက်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
၃။ အသားငါးတင်လှီးတဲ့အပြားကိုသန့်စင်မယ်
သံပုယိုသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီးတော့ တစ်ခြမ်းနဲ့ အသားငှားလှီးတဲ့မျက်နှာပြင်ဖက်ကို ပွတ်တိုက်ပါ။ ဆားကြမ်းအနည်းငယ်ကို အပေါ်ကထပ်ဖြူးပြီး ၁၀မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်ကျန်တဲ့ သံပုရာယိုသီးတစ်ခြမ်းနဲ့ ထပ်ပြီးပွတ်တိုက်ပါ။ ရေနွေးလေးနဲ့ဆေးပြီးရင်တော့ အညစ်အကြေးကင်းစင်တဲ့ အပြားလေးကိုရပါပြီ။
၎။ ရေခဲသေတ္တာထဲကသားငါးအညှီနံတွေပျောက်အောင်လုပ်မယ်
သံပုယိုသီးတစ်လုံးကိုအရည်ညှစ်ပြီး ရေနဲ့ဆတူရောပါ။ ညစ်ပတ်ပေရေနေတာတွေကိုပါ ပျောက်စေချင်ရင်တော့ မုန့်ဖုတ်ဆိုဒါနည်းနည်းထပ်ရောပါ။ ပြီးရင်အဲဒီအရည်နဲ့သန့်ရှင်းရေးလုပ်လိုက်ရင် သန့်ရှင်းမွှေးကြိုင်သွားပါလိမ့်မယ်။
၅။ ရေချိုးခန်းမှန်တံခါးနဲ့ ကြွေပြားနံရံတွေတောက်ပြောင်သန့်ရှင်းစေရန်
သွားပွတ်တံအဟောင်းကို ရေဆွတ်ပြီး မုန့်ဖုတ်ဆိုဒါမှုန့်ထဲနှစ်လိုက်ပါ။ ပြီးရင်ညစ်ပတ်နေတဲ့နေရာတွေကိုတိုက်ပါ။ ရေစင်စင်ဆေးပြီးရင်တော့ သန့်ရှင်းတောက်ပြောင်သွားပါပြီ။ ပြီးရင်တစ်ပတ်တစ်ကြိမ်လောက် သံပုယိုသီး(Lemon) တစ်ခြမ်းနဲ့တိုက်ပြီး ၁၀မိနစ်လောက်နေပြီး ရေဆေးချပါ။ အသစ်လိုပဲအမြဲ တောက်ပြောင်နေပါလိမ့်မယ်။
SMPL Group
"10 awesome tricks for cleaning your home without chemicals" ကိုသင့်လျော်သလိုဘာသာပြန်ဆိုပါသည်။
Preview photo credit: Adisa/shutterstock.com

Saturday, August 20, 2016

***လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့် ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်***















နေ့စဉ်သတင်းထူးများ added 4 new photos — with Mawin Ngwe.
17 hrs
***လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့်
====================================
ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်*** (ဖတ်ကြည့်ပါ။)
========...===========================
မြန်မာနိုင်ငံသားမှန်ရင် လက်ဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။
ကျွန်တော်တို့အိမ်မှာလည်း လက်ဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကို
ဝယ်ပြီးထားတတ်ပါတယ်။
ဟိုတစ်လောက FB ပေါ်မှာ တစ်ချို့ဆိုင်က အီကြာကွေးတွေနဲ့၊ လက်ဖက်နဲ့စားတဲ့
ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်
ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လက်ဖက်သုတ်ကို နှစ်သက်စွာ
ဆက်ပြီး စားနေခဲ့ပါတယ်။
ဒီနေ့ မနက်စာ ကျွန်တော့အိမ်မှာဝယ်ထားတဲ့ လက်ဖက်နဲ့ပဲကြမ်းကြော်တွေကို
ထမင်းကြော်နဲ့စားဖို့လုပ်တော့ လက်ဖက်ကမျက်စိမှိတ်ရလောက်အောင်ကို
အချဉ်မှုန့်တွေနဲ့နယ်ထားလို့ ချဉ်စုတ်နေပြီး၊ ပဲကြမ်းကြော်ကလည်း မတရားကို
ကြွတ်ရွနေလို့ မစားတော့ဘဲဘေးဖယ်ထားပြီး၊ FB ထဲမှာရေးထားတဲ့အကြောင်း
ကိုသတိရမိတယ်။ ဒါကြောင့် စိတ်ကူးတစ်ခုရလာပြီး လက်တွေ့စမ်းသပ်ချက်တစ်ခု
လုပ်ကြည့်ဖို့စဉ်းစားလိုက်တယ်။

အဲဒါကတော့…… ကြွတ်ရွနေတဲ့ ပဲကြမ်းကြော် နှစ်ဇွန်းလောက်ကို အိုးငယ်လေး
တစ်လုံးထဲထည့်ပြီး ရေနည်းနည်းထည့်ကာ မီးပေါ်တင်ပြီး ပွက်ပွက်ဆူအောင်
တင်လိုက်တယ်။ ဆူလာတော့ ခဏအအေးခံပြီး ရေခဲသေတ္တာထဲ ၁၅-၂၀ မိနစ်လောက်
ထည့်ပြီး ပြန်ထုတ်ကြည့်လိုက်တော့၊ ထင်ထားတဲ့အတိုင်း ပလပ်စတစ်အချပ်လိုက် နဲ့
ပဲကြော်ပြုတ်ရည်အနည်းငယ်ကို ဓါတ်ပုံမှာပါတဲ့အတိုင်းတွေ့လိုက်ရပါတော့တယ်။
အဲဒီတော့ သေချာတာက ပဲကြမ်းကြော်တွေအားလုံးနီးပါး ကြာရှည်ကြွတ်ရွစေဖို့
ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာပါဘဲ။ ဒါတွေကို စားမိနေတဲ့
ကျွန်တော်တို့တွေရဲ့အစာအိမ်ထဲမှာ ပလပ်စတစ်တွေဘယ်လောက်များ
နေပြီလဲ……… ဒီိ ပလပ်စတစ်တွေကရော ကြာလာရင် လူတွေကို ဘယ်လို
ကျန်းမာရေးအန္တရာယ်ဆိုးတွေဖြစ်ပေါ်စေမလဲ……… ဆိုတာတွေကို
ဘယ်သူမှ အတိအကျမသိနိုင်ကြပါဘူး။
ဒါကြောင့် လက်ဖက်သုတ်ကို လုံးဝမဖြတ်နိုင်ရင်တောင်၊ လျှော့စားတာတို့၊
ကြာမှစားတာတို့ လုပ်သင့်တယ်လို့ အားလုံးကို အကြံပြုလိုပါတယ်ခင်ဗျား…………
***(ဆန္ဒရှိလျှင် လွတ်လပ်စွာ share နိုင်ကြပါတယ်)***
credit - U Phey Seyn

လွဲမှားနေတဲ့ ကျန်းမာရေး အယူအဆများ

လွဲမှားနေတဲ့ ကျန်းမာရေး အယူအဆများ
Health Updates Journal
အမှတ်(၂၂၁)၊မေ၂၅၊၂၀၁၆
၁။ ဓမ္မတာလာစဉ် ခေါင်းမလျှော်ရဘူးဟု ထင်မြင် နေခြင်း
ရာသီလာစဉ်ခေါင်းလျှော်မိရင် ရာသီထိမ်တယ်၊ရာသီ ငုပ်တယ်၊ ဖျားတယ်၊သေတတ်တယ်တဲ့။ အဲဒီအယူအဆတွေက အမျိုးသမီးတော်တော်များများမှာ စွဲကပ်နေကြပါတယ်။ တကယ်တော့ ဥပါဒါန် ကြောင့် ဥပဒ်ရောက်ရတာပါ။ စိတ်ထဲမှာ ရာသီလာစဉ် ခေါင်းလျှော်ရင် ငါတော့တစ်ခုခုဖြစ် တော့မယ်လို့ စိတ်ကစွဲနေလို့ ဖြစ်ရတာပါ။ ရာသီလာစဉ်မှာ တစ်ကိုယ်ရေးသန့်ရှင်းရေး ကို အထူး ဂရုစိုက်ရတာမို့ ခေါင်းလျှော်လို့ ရပါတယ်။အထူးသတိထားရမှက နေပူထဲကပြန်လာလာချင်း ခေါင်းပေါ်ကနေ ရေလောင်းပြီး မချိုးမိဖို့၊ ခေါင်းလျှော်ပြီး ဆံပင်ရေစက်လက်နဲ့ အချိန်အကြာကြီး မနေဖို့၊ ရေကို အကြာကြီး စိမ်ချိုးပြီး အအေးမမိစေဖို့၊ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ကို ခြောက်သွေ့အောင် သုတ်ဖို့၊ အအေး မပတ်အောင် နေဖို့သာ လိုကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ "ရာသီမလာခင် လူသတ်ချင်"စာအုပ်ထဲမှာ အတိအလင်း ရေးသားထားပါတယ်။ရာသီလာစဉ်မှာ မိန်းမကိုယ်အဂါင်္ အတွင်းအပြင်ကို ရေသန့်သန့်နဲ့ စင်ကြယ်အောင် ဆေးရမယ်။ အတွင်းခံဘောင်းဘီတွေ သန့်ရှင်းရမယ်။ ရာသီသွေးအတွက်သုံးတဲ့ ဂွမ်းထုပ်၊ပိတ်စတွေက သန့်ရှင်းဖို့လိုတယ်။ ရာသီလာစဉ် သွေးလမ်းကြောင်းထဲ ဆပ်ပြာနဲ့ ဓာတုဆေးတွေ မထည့်ရဘူး ။ဝမ်းသွားတဲ့အခါ ရေဆေးတဲ့လက်နဲ့ မိန်းမကိုယ်ကို မကိုင်ရဘူး။ ကိုင်မိရင် ပိုးတွေအလွယ်တကူ ၀င်တတ်ကာ ရောဂါဖြစ်တတ်ပါတယ်။ရာသီလာနေစဉ်မှာ အငန်၊အစပ်၊အချို၊ အဆီအဆိမ့်၊ လက်ဖက်သုပ် တွေလျော့စားရမယ်။ ကော်ဖီ၊ကိုလာလက်ဖက်ရည်တွေက စိတ်ပူပင်သောကရောက်ခြင်း၊ခေါင်းကိုက်
ခြင်းတွေကို ပိုဆိုးစေတတ်လို့ ရာသီလာနေစဉ် လုံးဝ မသောက်သုံးရပါဘူး။ပြုပြင်စီမံထားတဲ့ အစားအစာတွေကို ရှောင်ကျဉ်ရမယ်။
၂။ သွေးတိုးရောဂါ ရှိသူ ဝမ်းလျှောသည့်အခါ ဓာတ်ဆား မသောက်ရဘူးဟု ယုံကြည်နေခြင်း
ဝမ်းလျှောပြီး ဆေးခန်းကိုလာပြကြတဲ့ သွေးတိုးရောဂါအခံ ရှိသူတွေက ဓာတ်ဆား သောက်ခိုင်းသည့်အခါ သွေးတိုးရောဂါ ရှိတာမို့ သွေးတက်မှာစိုးရိမ်နေကြပါတယ်။ ရေတစ်လီတာနဲ့ ဖျော်ရမယ့် ဓာတ်ဆား တစ်ထုပ်မှာ ဆိုဒီယမ် ၃.၅ဂရမ်နဲ့ ပိုတက်ဆီယမ် ၁.၅ဂရမ်ပါရင် ဆိုဒီယမ်ဓာတ် ၉၀mmol နဲ့ ပိုတက်ဆီယမ်က ၂၀ mmol ပါဝင်ပါတယ်။
တကယ်လို့ ဝမ်းက တစ်လီတာလောက် လျှောခဲ့ရင် ဝမ်း တစ်လီတာမှာ ဆိုဒီယမ်ဓာတ် ၁၃၀ mmolနဲ့ ပိုတက်ဆီယမ် ၁၀ ကနေ ၃၀ mmol လောက် ပါသွားတာမို့သွေးတိုးရောဂါ သမားတွေ ဝမ်းလျှောလာရင်လည်း ဝမ်းလျှောတဲ့ ပမာဏ အတိုင်း ဓာတ်ဆားသောက်ကို သောက်ရပါမယ်။အဓိက သတိထားရမှာက ဓာတ်ဆားထုပ်မှာ ရေမည်မျှနှင့် ဖျော်ရမလဲဆိုတဲ့ အညွှန်းကို သေချာကြည့်ပါ။ ရေတစ်လီတာနဲ့ ဖျော်ရမယ့် ဓာတ်ဆားကို ရေ ၀.၅လီတာနဲ့ ဖျော်မိရင် ဝမ်းလျှောတာ မရပ်ဘဲ ဝမ်းပိုပြီးသွားမည့် အပြင် ရေဓာတ်ပါ ပိုမို ဆုံးရှုံးစေနိုင်ပါတယ်။ဓာတ်ဆားရည်က ပြင်းအားနည်းတဲ့ဘက်ကနေ
ပြင်းအားများတဲ့ ဘက်သို့ ဆွဲယူနိုင်ပါတယ်။ အညွှန်းအတိုင်း မဖျော်ဘဲ ရေပမာဏနည်းနည်းနဲ့ ဖျော်စပ်ပြီး သောက်သုံးပါက ယင်းဓာတ်ဆားရည်များက အူလမ်းကြောင်းမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ မရောက်ရှိဘဲ ခန္ဓာကိုယ်တွင်းက ရေတွေကိုတောင် အူလမ်းကြောင်းထဲ ပြန်လည်ဆွဲယူပြီး ရေဓာတ်ကို ပိုမိုဆုံးရှုံးစေတတ်ပါတယ်။
၃။ ပွေးပေါက်သည့်အခါ ငုရွက်ကိုသံပုရာရည်နှင့် ရောထောင်းကာ အနာပေါ် ကပ်ပေးခြင်း
ပွေးဆိုတာ အရေပြားအပေါ်ယံလွှာမှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့
မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ အရေပြားပေါ်မှာ ရှင်သန်နေထိုင်တတ်တဲ့ မှိုတွေ ပေါက်ဖွား ပွားများလာလို့ ဖြစ်ပေါ်လာရတာပါ။ ပွေး ဟာ အရေပြားအောက်ဘက်ထိ ပြန့်ပွားမှု မရှိသလောက်ပါပဲ။ ဒါကြောင့် ပြင်းထန်ဆိုးရွားတဲ့ အရေပြားရောဂါတွေထဲမှာ မပါ ပါဘူး။
ပွေးရောဂါက ကုသရလွယ်ကူတဲ့ အရေပြားရောဂါပါ။ အရေပြားပေါ်က
ပွေးရာဂါက ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ မှိုပိုးသတ်ဆေး လိမ်းဆေးကရင်မ် တွေ ရက်သတ္တပတ် အနည်းငယ် လိမ်းရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ရပ်ရွာက လူအများစုက ဆေးမြီးတိုတွေနဲ့ ကုသလို့ ပိုပိုပြီး ဆိုးသွားတတ်ပါတယ်။ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတတ်ပါတယ်။ အနာထဲ ဘက်တီးရီးယားပိုး တွေဝင်ကာ အန္တရာယ် ဖြစ်ကြရပါတယ်။ ကျွန်တော့်ဆေးခန်းကို ပွေးရောဂါဖြစ်နေတဲ့ ၁၀ နှစ်အရွယ် ကလေးနဲ့ သူ့ဖခင် လာပြကြပါတယ်။ ပွေးက ကလေးရဲ့ ရင်ဘတ်အလယ်မှာ ပေါက်နေတာပါ။ ပွေးဖြစ်နေတဲ့ အရေပြားပေါ်ကို ငုရွက်နဲ့သံပုရာရည် ကြိတ်ပြီး အုံခဲ့လို့ အရေပြားက စုတ်ပြတ်သတ်နေပြီး ပြည်တွေတောင် ဝင်နေခဲ့ပါတယ်။နောက် တစ်ယောက်က အိုးမည်းခဲ ကို အမှုန့် ကြိတ် ရေဖျော်ပြီး လိမ်းလာတာပါ။ တချို့ လူတွေကျ ဆေးဆိုင်က လိမ်းဆေး ဝယ်ပြီး လိမ်းကြပါတယ်။ ဒါပေမယ့် တစ်ရက် နှစ်ရက်သာ လိမ်းပြီး အယားသက်သာတာ၊ အနာညှိုးတာနဲ့ မလိမ်းဘဲ ထားကြပြန်ပါတယ်။ အဲဒီအခါ ပွေးက ပြန်ပြန်ပြီး ဖြစ်လာပါတယ်။
ပွေးဖြစ်တဲ့ နေရာပေါ် မူတည်ပြီး ကုသပုံတွေက ကွာခြားပါတယ်။ ပေါင်ခြံမှာ
ဖြစ်တဲ့ ပွေးရောဂါက ရက်သတ္တပတ် လေးပတ်ခန့် ဆေးလိမ်းရင် ပျောက်ကင်းနိုင်ပေမယ့် လက်သည်းခြေသည်းတွေ မှာ ဖြစ်ခဲ့ရင် လိမ်းဆေးအပြင် သောက်ဆေးပါ လိုအပ်လာပါတယ်။အထူးသဖြင့် ကလေးငယ်တွေမှာ ပွေးရောဂါ ဖြစ်ခဲ့ရင် နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ဆေးဝါးကို ညွှန်ပြခိုင်းရပါမယ်။
ပွေးရောဂါကိုဖြစ်စေတတ်တဲ့မှိုတွေက
ပူအိုက်စိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ဖွားနိုင်ကြပါတယ်။ဒါကြောင့် အရေပြားကို သန့်ရှင်းခြောက်သွေ့စွာထားပါ။ ချွေးထွက်များရင် အင်္ကျီလဲပါ။ အတွင်းခံတွေကို သေချာ လျှော်ဖွပ်ပါ။ အများသုံး ရေချိုးခန်း ၊ အားကစား ခန်းမတွေမှာ ဖိနပ်မစီးဘဲ မသွားပါနှင့်။ ပွေးကွက်ရှိသော အိမ်မွေးတိရစ္ဆာန်များကို ကုသပါ။မဝတ်တာကြာပြီဖြစ်သော အဝတ်ဟောင်းများ၊ ဖိနပ်များကို သေချာလျှော်ဖွပ်၊ နေလှန်းပြီးမှ ဝတ်ဆင်ပါ။ပွေးရောဂါ ဖြစ်ပွားခဲ့ရင် ဆေးမြီးတိုတွေနဲ့ ကုသမနေဘဲ မှိုပိုးသတ်ဆေး တစ်မျိုးမျိုး လိမ်းရပါမယ်။ ဆေးလိမ်းပြီး လေးပတ်ကြာသည်အထိ မပျောက်ကင်းခဲ့ပါက နီးစပ်ရာ ဆရာဝန် နဲ့ ပြသကာ ကုသမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေး အသိပေးအပ်ပါတယ်။
၎။ မျက်နှာတစ်ခြမ်းလေဖြန်းခြင်း နှင့်
နတ်ပြုစားခြင်း
ကျွန်တော့် ဆေးခန်းကို ရုတ်တရက် မျက်နှာတစ်ခြမ်းရွဲ့သွားတဲ့ အမျိုးသမီးတစ်ဦးလာပြပါတယ်။ ကောက်စိုက်ရင်း လယ်ထိပ်က ညောင်ပင်အောက်မှာ အပေါ့စွန့်မိလို့ ရုက္ခစိုးနတ်က ပြုစားတာလို့ ပြောပါတယ်။ရုက္ခစိုးနတ်ကိုလည်း ကန်တော့ပွဲတင်ကာ တောင်းပန် ကန်တော့ခဲ့ပြီလို့ဆိုပါတယ်။ တကယ်တော့ သူမခံစားနေရတဲ့ရောဂါက Facial Palsy(ရုတ်တရက် မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း)ပါ။ ဒီရောဂါက လူ တစ်သိန်းမှာ ၁၅ ယောက်ကနေ ၃၀ကျော်အထိ နှစ်စဉ် ဖြစ်နေပါတယ်။ မျက်နှာတစ်ခြမ်းဆီအတွက် အမူအယာ ဖော်ပြပေးတဲ့ ကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ အာရုံကြော(Facial nerve) တစ်ခုစီ ရှိပါတယ်။ အဲဒီအာရုံကြောလေးတွေ ရောင်ပြီး အလုပ် မလုပ်နိုင်တဲ့အခါ နာရီပိုင်းအတွင်း မျက်နှာက ကြွက်သား တွေ အားနည်းလျော့ရဲသွားကာဝေဒနာတွေ ပေါ်လာတတ်တဲ့ ရောဂါပါ။ ရောဂါလက္ခဏာတွေကတော့ ပါးတစ်ခြမ်းရွဲ့ခြင်း၊နှုတ်ခမ်းရွဲ့ခြင်း၊မျက်လုံးတစ်ဘက်ပိတ်ရန်ခက်ခဲခြင်း၊မျက်ရည်အလွန်ထွက်ခြင်း၊ နားအကြားအာရုံလွန်ကဲခြင်း၊ ခေါင်းကိုက်ခြင်း၊စကား ဗလုံးဗထွးဖြစ်ခြင်း၊ အာခြောက်ခြင်း၊ အစားအစာ စားရခက်ခဲခြင်း တို့ပဲ ဖြစ်ပါတယ်။ ရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရပေမယ့် ဗိုင်းရပ်ပိုးဝင်တဲ့အခါ ၊ အအေးမိတဲ့အခါတွေမှာ အဖြစ်များတတ်ပါတယ်။ ဆေးကုကု မကုကု ရောဂါက ပြန်ပြီးသက်သာသွားတတ်ပေမယ့် ကံဆိုးတဲ့လူတချို့ကတော့ အမြဲတမ်းဖြစ်သွားနိုင်ပါတယ်။ ရောဂါဖြစ်ပြီးပြီးချင်း (၇၂)နာရီအတွင်း အချိန်မီ ဆေးကုသမှု ခံယူခဲ့ရင်၊ ဆေးသောက်ခဲ့ရရင်တော့ အများစု(၉၅%)က နှစ်ပတ်အကြာမှာ သက်သာလာတတ်ကြပါတယ်။
၅။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးဆေး
ကျွန်တော် တို့ တောရွာတွေမှာ ဆီးကျဉ်၊ဆီးအောင့်၊ ဆီးသွားနည်းတဲ့အခါ ဆီးဆေးတွေ သောက်လေ့ ရှိကြပါတယ်။ဆီးဆေးသောက်လို့ ဆီးသွားလွန်ပြီး ခြေဖျားလက်ဖျား တွေ အေးစက်ကာ၊ သွေးပေါင်ကျကာ ဆေးခန်းကို လာပြကြတဲ့ လူနာတွေကို တွေ့ဖူးပါတယ်။ တကယ်တော့ ဆီးဆေးဆိုတာ နာတာရှည် နှလုံးရောဂါ၊ သွေးတိုးရောဂါ ၊ကျောက်ကပ်အားနည်းခြင်းကြောင့် ဆီးနည်းသောအခါ ၊ အဆုတ်ဖောရောင်ရောဂါ တွေမှာ အဓိက သုံးပါတယ် ။ဆီးဆေးဆိုတာ ဆီးပမာဏများစေတဲ့ ဆေးဖြစ်ပြီး ဆီးကျဉ်၊ဆီးအောင့်ပျောက်အောင် ကုသတဲ့ဆေး မဟုတ်ပါဘူး။ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ရောဂါပိုးအမျိုးအစားအလိုက် သင့်တော်တဲ့ ပဋိဇီဝ ပိုးသတ်ဆေးနဲ့သာ ကုသမှသာ ပိုးတွေသေကာ ရောဂါသက်သာစေမှာပါ။
ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးပူခြင်း၊ဆီးအောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားစဉ်နာခြင်း၊ ဆီးသွားတဲ့အခါ သွေးပါခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခါးနာခြင်း၊ဖျားခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဟမ်စိုင်း(ဆေး-မန်း)
Health Updates Journal
အမှတ်(၂၂၁)၊မေ၂၅၊၂၀၁၆

အသေခံမလား? အသိခံမလား?








Aye Aye Htwe added 3 new photos.
အသေခံမလား? အသိခံမလား?
****************************
စာရေးသူ - မင်းသွေးငယ် (ရာမညမြေ)
"ကလင် ကလင် ကလင်"...
ဟဲလို --- ချစ်လေးလား မောင်ပါ

မောင်နော် --- ချစ်ဆီ ဖုန်းမဆက်တာ တစ်ပတ်ရှိပြီနော်
ချစ်ကလည်း မောင် Busy နေလို့ဟာ
ဟွန်း ငိုပစ်လိုက်မှာနော်
ကဲ ကဲ --ချစ်လေးကျေနပ်အောင် မျက်တော်ဖြေတဲ့အနေနဲ့
ဒီတစ်နေ့လုံး/တစ်ညလုံး
ချစ်လေးနဲ့ မနားတမ်းဖုန်းပြောပေးမယ်
အချိန်ပေးမယ် ဟုတ်ပြီလား
ချစ်လေးအသံကြားရပြီးရော ချစ်လေးရဲ့ပုံရိပ်ကို အိပ်မက်ထဲထိခေါ်သွားမယ် သန်းခေါင်ကျော်လို့ မောင် အိပ်ချင်မူးတူးဖြစ်နေရင်တောင်
မောင့်အိပ်ရာထဲထိ ချစ်လေးအသံကို ခေါ်သွားဦးမှာ
မောင့် ခေါင်းအုံးလေးနား ဖုန်းလေးချ
ခုလို မိုးအေးအေး စစမှာ ချစ်လေးအသံလေးတစိမ့်စိမ့်နားထောင်ရင်း
မောင် အိပ်ပါရစေ ချစ်လေးရယ် ညော်
*******************************
ညော်မနေနဲ့ ဆော်ပလော်တီးမယ့်ကောင်က
ကိုယ့်အနားမှာ
" သူက Silent Killer "
သင်သိရဲ့လား
သင်သုံးတဲ့ Mobile Phone,
Cell Phone ဆိုတာ လူသတ်သမားတစ်ယောက်ဖြစ်နိုင်တာဆိုတဲ့ အချက်
ချစ်တဲ့သူတွေဆီတစ်နေကုန် တဗျက်ဗျက် ဆက်ဆက်နေတဲ့ သင်
တစ်ချက်ကလေးမျှ သတိထားမိရဲ့လား
မှန်ပါတယ်
Cell Phone က သေနတ်တစမ်းစမ်း ဓါးတရမ်းရမ်းနဲ့ လူတွေလိုက်သတ်နေတာတော့ မဟုတ်
Cell Phone ကထုတ်လိုက်တဲ့ EMF ဆိုတဲ့
လူ့အန္တရာယ်ဖြစ်စေတဲ့ Electro-magnetic Radiation မှ Phone User ကို
အသံတိတ်လေး မြှင်းမြှင်းပြီး သတ်နေတာပါ
သင် ဆင်ခြေပေးလိမ့်မယ်
ဒီဖုန်းကို တစ်သက်လုံး သုံးနေတာ ဘာဖြစ်မှာမို့လို့လဲ
ဘာမှတော့ မဖြစ်နိုင်ပါဘူး
*** ***** ***** ***** *****
ကင်ဆာဖြစ်ရုံလေးပါ
အမေရိကန် ကင်ဆာဖောင်ဒေးရှင်း ဆေးသုတေသနအရ
ကင်ဆာ ဖြစ်တဲ့ လူ ၁ဝဝ မှာ ၆ဝ လောက်က
Cell Phone သုံးခြင်းမှ ရလာတဲ့ ဓါတ်ရောင်ခြည်ကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ ကင်ဆာတွေပါတဲ့
သင် ဖုန်းတစ်ခါဆက်တိုင်း သင့်ရဲ့ကျန်းမာလတ်ဆတ်တဲ့ တစ်သျူး ကလပ်စည်းတွေက အဆိပ်ပြင်း ဓါတ်ရောင်ခြည်တွေကို စက္ကန့်နဲ့အမျှ မျိုမျိုချနေတာ သင်သိရဲ့လား
သင့်ခန္ဓာက အတတ်နိုင်ဆုံး
ရောင်ခြည်ပမာဏ (0.2 mG)(milliGauss)
ပဲခံနိုင်တာ
ဒီထက်ပိုလာရင် ဇီဝကမ္မ ပျက်ယွင်းပြီ
ကင်ဆာနဲ့ အခြားနောက်ဆက်တွဲရောဂါရဖို့
၉ဝ ရာခိုင်နှုန်း သေချာသွားပါပြီ
ဖုန်းကထွက်လာတဲ့ ဓါတ်ရောင်ခြည်ကြောင့်
ကိုယ့်ရဲ့ ဗီဇဆဲလ်DNA တွေ အပျက်ခံနိုင်ပါသလား
သားသမီးမရ မျိုးစေ့တွေပျက်
လူလုံးမထွက် အဖြစ်ခံနိုင်မလား
သွေးကင်ဆာ အဖြစ်ခံနိုင်သလား
ဦးနှောက် ကင်ဆာ အဖြစ်ခံနိုင်သလား
ဦးနှောက်ဆဲလ် အပျက်စီးခံမလား
ကိုယ်ဝန်ဆောင်တွေ ရောင်ခြည်သင့် ရင်သွေးအသေတွေ မွေးချင်သလား
သွေးပေါင်တွေအဆမတန်တက်
ဦးနှောက်သွေးကြောပြတ်ချင်သလား
သင် သေချာစဉ်းစားပေါ့
***********************
သုတေသနအရ လူလတ်ပိုင်း/လူကြီးပိုင်းအနေနဲ့
ဖုန်းသုံးသက် ၁ဝ နှစ်ကျော်လာရင်
ကင်ဆာဖြစ်နိုင်ခြေများပါတယ်တဲ့
အသက်၂ဝအောက် လူငယ်တွေ ကလေးသူငယ်တွေ ဖုန်းကို ၅ ကြိမ်အထက် သုံးမိရင်တောင် ဇီဝကမ္မပျက်စီးနိုင်ပါသတဲ့
ဆေးရုံ ကင်ဆာဆောင်တွေမှာ
တစ်ချို့က ဆိုတယ် မျိုးရိုးမရှိဘဲ အစားအသောက်ဆင်ခြင်လျက်သား
ဘာဖြစ်လို့ ကင်ဆာဖြစ်ရတာတုန်း
ဒေါသတွေ မျက်ရည်တွေ အုံးအုံးကျလို့
ကိုယ့်အပါး တစ်ဖဝါးမခွာရှိနေတဲ့ အသံတိတ်လူသတ်သမား
သတိမှ မထားမိတာကိုး
ဒါကြောင့်
အမှားနည်း နောင်တမျက်ရည်စဲအောင်
သတိရော/အသိပါ ကြီးစွာထားရတော့မယ်
နိစ္စဓူဝ ကျွန်တော်/ ကျွန်မတို့က
ဒီဖုန်းလေးမှ မရှိရင် အလုပ်မဖြစ်ဘူး
ဖုန်းနဲ့ မကင်းကွာနိုင်ဘူးဆိုလည်း
ဆောင်ရန် ရှောင်ရန်လေးတွေ သိထားကြရမယ်
ဖုန်းသုံးရာမှာ ဘေးအကင်းဆုံးနည်းလမ်းက
**************************************
(1) ဖုန်းအားသွင်းနေစဉ် Line မသုံးပါနှင့်
(2) ဖုန်းပြောလျင် နားနား မကပ်ဘဲ Speaker ဖွင့်ပြောပါ ကိုယ်ရေးကိုယ်တာ(Privacy)မို့
ပြောချင်သပဆိုလည်း နားကြပ်တပ်ပြောပါ
ရောင်ခြည်နဲ့ ဝေးအောင် တစ်နည်းနည်းဖြင့် ကြံဆောင်ပါ
(3) တစ်နေကုန် ဖုန်းဖွင့်လျက် Internet ဖွင့်လျက် မိမိအနား မထားရ ဓါတ်ရောင်ခြည်ကို မခွဲနိုင်မခွာရက် ထွေးပိုက်ထားသလိုမပြုရ
(4) ဖုန်းပြောလျင် ကလေးသူငယ်/ ကိုယ်ဝန်ဆောင်တို့နှင့် ဝေးရာတွင်ပြောပါ
(5) ဖုန်းလိုင်းမကောင်းလျင် မပြောသင့်
လိုင်းမကောင်းရက်သား ကြိတ်မှိတ်ပြောလျင်
ဖုန်း Radiation ၅ ဆပိုထုတ်ရခြင်းကြောင့် မိမိအတွက် အန္တရာယ်များသည်
(6) အိမ်တွင် နေ့/ ည Wireless တပ်ဆင်ထားလျင် ညအချိန်
Wireless ပိတ်အိပ်သင့်သည်
(7) ဓါတ်လှေကား/ကား/ရထား နှင့် လေယာဉ်ပေါ်တွင် ဖုန်းကို
အချိန် ကြာရှည်စွာ မပြောသင့်
အကြောင်းမှာ လေးဘက်လေးတန် ကာရံထားသည့် သံထည်/ သတ္တုထည်များသည် ဓါတ်ရောင်ခြည်ကို ပိုစုပ်၍ ပိုထုတ်တတ်ခြင်းကြောင့်ဖြစ်သည်
(8) မလိုအပ်ဘဲ ဖုန်းမပြောပါနှင့်
(9) ဖုန်းခေါ်မည့်အစား စာရိုက် မက်ဆေ့ခ်ျ ပို့ ပါ
(10) ညဘက် ဖုန်းပိတ်အိပ်ပါ
(11) Wifi လွှတ်ထားသည့် Areaများကို ရှောင်ပါ
(12) တတ်နိုင်လျင် Cordless ဖုန်းမသုံးပါနှင့်
(13) Mobile Phone Tower နှင့် နီးလွန်းသည့် နေရာများ သတိထားပါ
(14) နောက်ဆုံးအရေးကြီးဆုံးအချက်ကား
Radiation နှင့် Toxin များကို နေ့စဉ်အစားအသောက်ဖြင့်ထုတ်ပယ်
တတ်ရန်လိုသည်
အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့
Detox Food တွေကတော့
စိမ်းပြာရေညှိ/ကျောက်ပွင့်/ ကြက်သွန်ဖြူ ကြက်သွန်နီ/ နနွင်း/ နံနံပင် /ချင်းစိမ်း /သကြားမုံလာ/ကိုက်လန်
အသီးတွင်- ပန်းသီး/သဘောင်္သီး/ထောပတ်သီး
အဆီတွင်- သံလွင်ဆီ(အညို)/အုန်းဆီ
Supplement အနေဖြင့် ဆေးဆိုင်များတွင် ဝယ်ယူနိုင်သော သဘာဝသစ်ကို လေလုံအောင် အပူပေးထားသည့် ခန္ဓာတွင်းအဆိပ်ကို
စုပ်ယူ/ဖယ်ရှားပေးသည့် သဘာဝမီးသွေးလုံး
(Activated Charcoal)စသည်တို့ကို ဆေးညွှန်းအတိုင်း စားသုံးရင်း
ကဲ-----
ဖုန်းတစ်လုံးကြောင့် ခန္ဓာကိုယ်သံချေးမတက်စေရေး
ကင်ဆာနှင့် အခြားကင်ဆာ့အနွယ်တော်ရောဂါများကင်းဝေးစေရေး အရွယ်မတိုင်မီ ကင်ဆာဆစ်ပိုးမထိုးစေရေး
စေတနာအနန္တဖြင့် သတိပေးလိုက်ပါရစေ
*************************************
တစ်နေကုန် တစ်နေခမ်း Fb သုံးနေသူများ/
နေ့/ည မအား ဖုန်းပြောနေသူများ/မောင် Q/ မ Q များ/ဖုန်းနှင့် မကင်းနိုင်သူများအားလုံးအတွက် Share ပေးကြပါကုန်
*************************************
မင်းသွေးငယ်(ရာမညမြေ)
နိုင်ငံတော်နှင့် အာဆီယံအဆင့် စာပေဆုများရှင်
ရောဂါဗေဒဌာန
*************************************
အသေးစိတ်ကို
www.Best-EMF-Health-comနှင့်
Bridlewood Electromagentic Fields
(EMFs) information service နှင့် Cell Phone Radiation hazards.com
တို့ တွင်လည်း ဖတ်ရှုနိုင်ပါသည်

နွရာသီ စာ သဘာဝ သံပုရာ ဂျယ်လီကျောက်ကျော




















YGN & NORA OS added 4 new photos.
*** နွေရာသီ စာ သဘာဝ သံပုရာ ဂျယ်လီကျောက်ကျော ***
YGN & NORA
ချစ် Customer တို့အတွက်
ရာသီဥတုပူပူမှာ အလွယ်တကူလုပ်စားလို့ရတဲ့...
သံပုရာဂျယ်လီကျောက်ကျောချိုချဉ်လေး
ထိုးတဲ့နည်းလေးရေးပေးမယ်နော်

လိုအပ်တဲ့ပစ္စည်းတွေက
1.ရေသန့်တစ်လီတာဘူး တစ်ဘူးနဲ့တစ်ဝက်
2.သံပုရာသီး အလုံးကြီးကြီး၎လုံး
3.သကြား ၂၅ကျပ်သား
4.အာဂါးကျောက်ကျောမှုန်းအပြာတစ်ထုပ်
(အာဂါးအစိမ်းထုပ်က နည်းနည်း မာပါတယ်။)
အပြာက ဂျယ်လီလို ပျော့ပါတယ်
ပထမဦးစွာ
ရေသန့်ကို
Super Cook အိုးထဲထည့်ပါ
ရေဆူအောင်တည်နေစဉ် ပြင်ဆင်ထားရမှာက
1.(ပင်ပွား၃၀၀ဖိုးကို ရေသန့်တွင်စိမ်ထားပါ)
2.(အာဂါးကျောက်ကျောတစ်ထုပ်နှင့်သကြား ၂၅ ကျပ်သားကိုရောထားပါ)
3.(သံပုရာသီးအလုံးကြီး ၄လုံးကို အရည်ညစ်ပီး
သံပုရာရည်ထဲ သို့ဆားအနည်းငယ်ထည့်ထားပါ)
အကုန်ပြင်ဆင်ပီးရင်
စကျိုမယ်နော်
Control no.4နှင့် ရေဆူအောင်ကျိုရပါမယ်
ရေဆူပါက
ရောထားသောကျောက်ကျောမှုန့်နှင့်သကြားများကို
ဆူနေသော အိုးထဲထည့်ပါ
၁၀မိနစ်ခန့်ကြာလျှင်
ညစ်ထားသောသံပရာရည်ကိုလောင်းထည့်ပါ
ပီးနောက်ပင်ပွားကိုထည့်ပါ
၅မိနစ်ကြာ အနည်းငယ်ပွက်ရုံတည်ထားပီး
မီးပိတ်လို့ရပါပီ
ကျောက်ကျောဗန်းထဲသို့ခပ်ထည့်ပီးဖြစ်စေ
အိုးထဲတွင်ဒီတိုင်းထားပီးဖြစ်စေ
အအေးခံနိုင်ပါပီရှင်
45 min လောက်ကြာမယ်ထင်ပါတယ်
ဒီတိုင်း အိုးထဲ အအေးခံထားလဲရပါတယ်
ဓားနဲ့လှီးရင်တော့အိုးထဲက ထုတ်ပီးလှီးပါ
အိုးကြွေခံတွေထိမှာစိုးလို့ပါ
ကျိုနေတုန်းဇွန်းလေးနဲ့ ခပ် ပီး မပူအောင်မှုတ်ပီး အရသာနည်းနည်းမြည်းကြည့်နော်
ဘာဆိုးဆေးမှမထည့်ထားတဲ့
ကိုယ်တိုင်အိမ်လုပ်
သဘာဝအရသာ သံပရာဂျယ်လီကျောက်ကျောချိုချဉ်လေးကို
ပူနေတဲ့ ရာသီဥတုမှာ
ရေခဲသေတ္တာထဲ ထည့်ထားပီး အေးအေးလေးစားသုံးနိုင်ပါပီ
Admin တို့အိမ်လေးကတော့
အမြဲလုပ်စားဖြစ်ပါတယ်
အရသာကတော့ အမောပြေ ချိုချဉ် အေးလေးမို့ Favorite ပဲ
တခြားမုန့်လေးတွေလုပ်စားဖြစ်ရင်လဲ တင်ပေးဦးမယ်နော်
ချစ်သောစေတနာဖြင့် YGN & NORA