:include data='blog' name='google-analytics'/>

Tuesday, August 2, 2016

အစားအသောက်နဲ့ ပါတ်သက် အသိပေးဆောင်းပါး.....





Zaw Minn Htun added 3 new photos.Follow
23 hrs
လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရေးခဲ့တဲ့ အစားအသောက်နဲ့
ပါတ်သက် အသိပေးဆောင်းပါး.....
MRTV 4 သတင်းမှာ စားသုံးသူများ ကာကွယ်ရေးအသင်း
ဥက္ကဌက ငါးပိရည်မှာ ယူရီးယား ဓါတ်မြေသြဇ...ာထည့်ပြီးနှပ်
တယ် လို့ပြောသွားတယ် ဆိုတဲ့ သတင်းဟာ အခုတလော
ရေပန်းစား နေပါတယ်။

အဲဒီသတင်းနဲ့ပါတ်သက်ပြီး မနေ့ညကထိုင်းစားသောက်ဆိုင်
တစ်ခုမှာ ထိုင်းလူမျိုး လုပ်ဖော် ကိုင်ဘက် တစ်ယောက်ရယ်
ထိုင်းဘာသာစကား နဲ့ ကြော်ငြာဘွဲ့လွန်လာတက်နေကြတဲ့
တရုပ်ပြည် ယူနန်က တပည့် တရုတ်လေး တစ်ယောက်ရယ်
ဂျပန်လေး တစ်ယောက်ရယ် လေးယောက်သား စားကြ
သောက်ကြ ရင်း ယူနန်တရုတ်လေး ပြောပြတာကို
ဖောက်သည် ချလိုက်ပါတယ်။
အစားအသောက်တွေနဲ့ ပတ်သက်ရင် တရုပ်ကတင်သွင်းတဲ့
အစားအစာအချို့ ဝယ်မစားဘို့ သတိပေးလိုရင်းပါ။
၁။ တရုတ်က သွင်းတဲ့ ဆိတ်သားခြောက် ဆိုရင် လုံးဝ
ဝယ်စားဖို့ စိတ်မကူးပါနဲ့ တဲ့။ တရုပ်မှာ ဆိတ်သားဟာ
တကယ့်ရှားပါးအစာပါ။ ဝက်သားကို ဓါတုဆေးတွေမထည့်
ခင်မှာ အာသံ ဘက်က ဝယ်ပြီးလှောင်ထားတဲ့ ဆိတ်ရဲ့
ကျင်ငယ်ရည်မှာ ၃၊၄ ရက်စိမ်ပြီး အခြောက်လှမ်းပြီးမှ
အပူပေး ဆိတ်သားခြောက်ဖြစ်စေပါသတဲ့။
၂။မြီးရှည်ဆိုတာ တရုပ်စကားနဲ့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်ပါ။
ဆန်နဲ့လုပ်ထားတဲ့ မုန့်ဖတ် အလုံး အကြီး အသေး
မှန်သမျှကို တရုပ်တွေက မြီးရှည်လို့ဘဲခေါ်ပါတယ်။
အဲဒီမုန့်ဖတ် ရယ်ဒီမိတ် တွေဟာ တချို့ မုန့်တီဆိုင်တွေက
အပြုတ်ခံတယ်၊ အလုံးလှတယ်၊ ရောင်းပန်းလှပြီး အနံ့
အသက် မွှေး တယ်ဆိုပြီး သုံးကြပါသတဲ့။ အမှန်တော့
အဲဒီမြီးရှည်တွေဟာ ပလပ်စတစ်တွေပါတဲ့။ ကုန်တိုက်တွေ
မှာ တင်တဲ့ ရယ်ဒီမိတ်တွေကိုမှ သန့်တယ်ဆိုပြီး ကုန်တိုက်
တွေမှာသာ ဈေးဝယ်လေ့ရှိတဲ့ လူတန်းစားသစ်တရပ်
မြန်မာပြည်မှာ ပေါ်လာတာ မကြာသေးပါဘူး။ ချင့်ချိန်
ဆင်ခြင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။
၃။ ပင်လယ်ရေညှိဆို အခုတလော မြန်မာပြည်မှာ သိပ်
ပေါ်ပြူလာဖြစ်တာဘဲဆိုပြီး ဟိုတလောက ဘန်ကောက်ကို
ရှော့ပင်လာတဲ့ သားအမိတစ်စုက ပြောသွားပါတယ်။
ကိုရီးယားကားကြည့်ရင်း ပင်လယ်ရေညှိလေးဝါးရင်း
ဆိုဘဲ.......။ ကောင်းပါတယ်။ မကောင်းတာကတော့
အဲဒီပင်လယ်ရေညှိကို ပလပ်စတစ်ကျွတ်ကျွတ်အိပ် ကို
ပိုကျွတ်အောင် ဓါတုဆေးစိမ်ပြီး အစစ်နဲ့ ရောလို့ ထုတ်လုပ်
ပါသတဲ့။ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ပလပ်စတစ်လဲ
ဗိုက်ထဲ အစာအဖြစ်ရောက်လို့နေပါပြီ။
၎။ နောက်ဆုံးတခုကတော့ အများသိကြတဲ့ ပလပ်စတစ်
ကြက်ဥပါ။ သိပြီးသား ဟိုးလေးတကျော် ဆိုတော့ အကျယ်
ချဲ့မရေးတော့ပါ။
ဒါတွေအားလုံး တရုပ်ပြည်မှာ အချင်းချင်းလိမ်ရောင်းတဲ့
အပြင် နယ်စပ်ကနေ မြန်မာပြည်ကို သွင်းပါသတဲ့။
ဒီကောင်တွေပြောတာ မျက်လုံးလေး ပေကလပ် ပေကလပ်
နဲ့ ဘာပြန်ပြော ရမှန်းမသိ ဖြစ်နေတုန်းမှာဘဲ တစ်ခါက
သူငယ်ချင်းတစ်ယောက်ရဲ့ ဘုရင့်နောင်က ရေထွက်ကုန်
ပွဲရုံမှာ ကိုယ်တိုင် မြင်ဖူးခဲ့တာလေးကို ရုတ်တရက်
ကောက်ခနဲ သတိရလာလို့ ပြောပြလိုက်ပါတယ်။
အဲဒီပွဲရုံက တရုပ်ကို ပင်လယ်ရေထွက်ကုန်ခြောက်ပို့တာပါ။
ငါးမန်းတောင်တွေပါ။ အရမ်းမဲသဲနေပြီး ညှီပါတယ်။
တရုပ်တွေ အရမ်းနှစ်သက်ပါတယ်။ နှစ်ကူးမှာလည်း
အထူးတလည် ဟင်းချို လုပ်သောက် ပါတယ်။ သံစည်ပိုင်း
ကြီးနဲ့ အပြည့် ရေထဲကို ဓါတုဆေးရည် တစ်စက် နှစ်စက်
ထည့်ပြီး ရောမွှေလို့ မဲသဲနေတဲ့ ငါမန်းတောင်ခြောက်တွေကို
ထည့်စိမ်ပြီး.....ဆွဲထုတ်ချလိုက်တဲ့အခါမှာ ချက်ချင်း
ဖြူဖွေးတဲ့ ငါမန်းတောင်ခြောက်တွေထွက်လာပါလေရောဗျာ။
အဲဒီငါးမန်းတောင်ကို နင်တို့စားဖို့ကလွဲပြီး ဘယ်သူ့ကိုမှ
မရောင်းဘူးလို့ ....... ပတ်တောပိတ် ပြောချလိုက်သဗျာ
ကိုဇော်
ဘန်ကောက်

No comments:

Post a Comment