:include data='blog' name='google-analytics'/>

Saturday, August 30, 2014

ကျန်းမာရေးနှင့် တစ်ခါသုံး ဆေးထိုးအပ်

လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်
Posted: 16 Jul 2014 01:23 AM PDT
လူသားတို့၏ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး အတွက် ရှေးယခင်က သောက်ဆေး လိမ်းဆေးနှင့် ရှူဆေးတို့ကို အသုံးပြုကာကွယ် ကုသရာမှ နောက်ပိုင်းတွင် ခန္ဓာကိုယ်ပေါ်ရှိ ဆေးထည့် လိုသော နေရာကို ဓားဖြင့်ခွဲ၍ ပြွှန်ဖြင့် ဆေးရည် လောင်းထည့်ခြင်းဖြင့် အနာရောဂါ အတွက် ပိုမိုထိရောက် လျင်မြန်သော ကုသမှုကို လုပ်ဆောင် လာခဲ့ကြသည်။ ထိုသို့ပြွန်ဖြင့် ဆေးရည် လောင်းထည့်ခြင်းသည် ဆေးထိုးခြင်း၏ အစပင်ဖြစ်သည်။ ဆေးထိုးအပ်(Syringe) ဆိုသည်မှာ ဂရိစကား Syrinx မှ ဆင်းသက် လာခြင်းဖြစ်ပြီး ပြွှန်(Tube) ဟု အဓိပ္ပာယ် ရပါသည်။

၁၈၄၄ ခုနှစ်တွင် အိုင်းရစ် သမားတော် Fraucis Ryrd က Hollow Needle ကို စတင် တီထွင်နိုင်ခဲ့ခြင်း သည် မျက်မှောက်ခေတ် ဆေးထိုးအပ်များ၏ အစပင်ဖြစ်သည်။ ၁၈၅၃ ခုနှစ်တွင် စကော့တလန် သမားတော် Alexander Wood နှင့် ပြင်သစ်သမားတော် Charles Pravaz တို့က ဆေးချိန်ကို တိကျစွာ ပေးနိုင်သည့် ကိုယ်ထည် စကေးပါရှိသော သတ္တုနှင့်ဖန် ဆက်စပ်ထားသည့် ဆေးထိုးအပ်နှင့် ဖန်ဆေးထိုး အပ်များကို တီထွင်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် ပညာရှင်အသီးသီးမှ ဆေးထိုးအပ်များကို ပိုကောင်း မွန်အောင် အဆင့်ဆင့် တီထွင်ခဲ့ကြပေသည်။ သို့ရာတွင် ဖြုတ်၍ တပ်၍ရသော ဆေးထိုးအပ်နှင့် ဆေးထိုး ပြွန်တို့ကို လူနာသို့ ဆေးမထိုးမီနှင့် ဆေးထိုးပြီးတွင် အန္တရာယ် ကင်းစေရန်အတွက် ရေနွေးငွေ့နှင့် ပြုတ်ခြင်း၊ ဗေ့စ်၊ ဆပ်ပြာ၊ အရက်ပြန်စသည်တို့ကို အသုံးပြု၍ ဆေးကြောခြင်းဖြင့် ပိုးသတ်ကြရမြဲသာ ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်နှင့်သူနာပြုတို့သည် ဆေးထိုးအပ် တစ်ချောင်း တည်းနှင့် လူနာများစွာကို ဆေးထိုးကြရသဖြင့် လူနာသို့ ကူးစက်ရောဂါ ကူးစက်ခံရမှုများလည်း ရှိခဲ့ကြပါ သည်။ ၁၉၆၁ ခုနှစ် မတိုင်မီအချိန်အထိ ဖန်ထည်ဆေးထိုးအပ်ကို ပိုမိုကောင်းမွန်အောင် တီထွင်လာခဲ့ သော်လည်း ဆေးထိုးခြင်းကြောင့် ကူးစက်ရောဂါရရှိနိုင်သည့် အခြေအနေကို လျှော့ချနိုင်ခြင်း မရှိခဲ့ပေ။

၁၉၅၆ ခုနှစ်တွင် နယူးဇီလန်နိုင်ငံမှ ဆေးဝါးထုတ်လုပ်သူ Colin Murdoch သည် တစ်ခါသုံး ဆေးထိုးအပ် (Disposable Syringe) ကို စတင်တီထွင်နိုင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် Becton Dickinson (BD) ကုမ္ပဏီ သည် တစ်ခါသုံးဆေးထိုးအပ်ကို ကမ္ဘာသုံး အတိုင်းအတာအထိ တွင်ကျယ်စွာ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ယနေ့ခေတ် ဆေးဝါးကာကွယ် ကုသမှုများတွင် တစ်ခါသုံး ဆေးထိုးအပ်ကို သုံးစွဲလာကြသဖြင့် ဆေးထိုး ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကူးစက်ရောဂါ ရရှိမှုများကို ရှောင်ရှားနိုင်ခဲ့ပါသည်။

တစ်ခါသုံးဆေးထိုးအပ် (Disposable Syringe) ကို ထုတ်လုပ်ရာတွင် ယေဘုယျအားဖြင့် Polypropylene ပလတ်စတစ် ကော်စေ့ကို ပလတ်စတစ် ပုံသွင်းစက်(Injection Moulding Machine) များဖြင့်ဆေးထိုးပြွန် (Barrel) နှင့်ထိုးတံ (Plunger) တို့ ပုံသွင်းထုတ်လုပ်ကာ ကျန်အစိတ်အပိုင်းများကို သီးခြား ထုတ်လုပ်သော စက်ရုံများမှ မှာယူလေ့ရှိကြပါသည်။ တစ်ခါသုံး ဆေးထိုးအပ် တစ်ချောင်းတွင် ပါဝင် တည်ဆောက်ထားသည့် အပ်ဖုံး(Needle Cap)၊၊ အပ် (Needle)၊ အမစွပ်(Hub) ၊ အဖိုစွပ်(Nozzle) ၊ ထုထည်အမှတ် အသား(Graduate Scale) ၊ ဆေးထိုးပြွန်(Barrel) ၊ ရော်ဘာစို့(Rubber Gasket) ၊ ထိုးတံ(Plunger) တို့ကို အစိတ်အပိုင်း တပ်ဆင်စက်(Assem- bling Machine) ဖြင့် တပ်ဆင်ကြရပါ သည်။

တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်မှုသည် စက်မှုနည်းပညာအဆင့်အတန်း အလယ်အလတ်အဆင့် သာရှိသည့် သာမန် ပလတ်စတစ် စက်ရုံများတွင် ထုတ်လုပ်နိုင်သည်ဟု ထင်မှတ်ရသော်လည်း လူ့ အသက်ကိုရင်း၍ ကာကွယ် ကုသရမည့် ဆေးဝါးပစ္စည်းဖြစ်သဖြင့် ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် GMP (Good Manufacturing Practices for Pharmaceutical Products) ကို တိကျစွာလိုက်နာ ထုတ်လုပ်ပြီး ဘေးအန္တရာယ် ကင်းရှင်းမှု(Safety) နှင့် အရည်အသွေးပြည့်မီမှု(Quality) တို့ပြည့်စုံရန် အထူးလိုအပ်ပေသည်။ ထို့ကြောင့် တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ်မှုသည် ဆေးဝါးထုတ်လုပ်သည့် စက်ရုံများ၏ အဆင့်အတန်းနှင့် နည်းပညာ လိုအပ်ချက်အတိုင်း နိုင်ငံတကာစံညွှန်းဖြင့် တိကျစွာ ထုတ်လုပ် ကြရပါသည်။

လူနာကုသရန်အတွက် ထိုးသွင်းမည့်ဆေးသည် အာနိသင်ရှိမှု(Efficacy)၊ ဘေးအန္တရာယ် ကင်းရှင်းမှု (Safety) နှင့် အရည်အသွေးပြည့်မီမှု(Quality) တို့ မည်မျှကောင်းမွန် သည်ဖြစ်စေ အသုံးပြုသည့် ဆေးထိုးအပ်သည် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် အမှုန်အမွှား လုံးဝကင်းစင်သော Sterile Product မဖြစ်ခဲ့လျှင် လူနာတွင် အခြားသော ရောဂါဝေဒနာများ တိုး၍ ဖြစ်ပွားနိုင်ပါသည်။ အဆိုးဆုံး အခြေအနေ မှာ တစ်ခါသုံး ဆေးထိုးအပ်၏ ဆေးထိုးပြွန် (Barrel) အတွင်းတွင် အကြောင်း အမျိုးမျိုးကြောင့် အမှုန် အမွှား တစ်စုံတစ်ရာပါရှိပါက ယင်းအမှုန်အမွှားသည် ထိုးသွင်းသည့် ဆေးနှင့်အတူ လူနာ၏သွေးကြော အတွင်းရောက်ရှိကာ အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်သူ အနေဖြင့် စီးပွားရေးအရ တွက်ခြေကိုက်မှု တစ်ခုတည်းကိုသာ ရှေးရှုခြင်းမဟုတ်ဘဲ အသုံးပြုသည့် ကုန်ကြမ်း အားလုံးကို ဆေးဝါးပစ္စည်းများအတွက် သီးခြားထုတ်လုပ်ထား ရှိသည့် Medical Grade ကုန်ကြမ်းများဖြင့်သာ ထုတ်လုပ်ရန် လိုအပ်ပါသည်။ ကျန်းမာရေးစောင့်ရှောက် သူများအပါအဝင် ပြည်သူ အားလုံးသည် တစ်ခါသုံး ဆေးထိုးအပ် အသုံးပြုမည်ဆိုပါက မှန်ကန်စွာ ရွေးချယ်တတ်ရန် လိုအပ်ပါ သည်။ ပြည်သူများအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်း မျိုးစုံထုတ်လုပ်ရာတွင် ကမ္ဘာ့အသိအမှတ်ပြု သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အသိအမှတ်ပြုသည့် စက်မှုနိုင်ငံကြီးများ၏ ဆေးဝါးကုမ္ပဏီ တံဆိပ်ဖြင့် ထုတ်လုပ်သည့် တစ်ခါသုံးဆေးထိုးအပ် (Branded Products) များကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ ထိုသို့မဟုတ်ပါက သက်ဆိုင်ရာနိုင်ငံများ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ (FDA) ကဲ့သို့ ကြီးကြပ်စစ်ဆေးရန် အလှမ်းမမီသည့် မိမိနိုင်ငံပြင်ပ နယ်စပ်ဒေသများမှ ထုတ်လုပ် တင်သွင်းလာသော ဇာစ်မြစ်မသိရှိနိုင်သည့် တစ်ခါသုံး ဆေးထိုးအပ် တံဆိပ်မျိုးစုံကို ဈေးနှုန်းသက်သာမှု တစ်ခုတည်းဖြင့် ဝယ်ယူအသုံးပြုရန်မသင့်ပါ။

မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာန၊ ဆေးဝါးနှင့်စားသောက်ကုန်လုပ် ငန်း၊ အမှတ်(၂)ဆေးဝါးစက်ရုံ (အင်ရောင်း)အား ကျောက်ဆည်မြို့နယ်အတွင်း တည်ထောင်၍ MYANMA PHARMACEUTICAL FACTORY KYAUKSE (MPF KYAUKSE) အမှတ်တံဆိပ်ဖြင့် မိမိနိုင်ငံသားများ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် တစ်ခါသုံး ဆေးထိုးအပ် Disposable Syringe များအား 3ml ဆေးထိုးအပ်၊ 5 ml ဆေးထိုးအပ်နှင့် 20ml ဆေးထိုးအပ်ဟူ၍ အရွယ်အစားသုံးမျိုးခွဲကာ ကမ္ဘာ့အဆင့်မီ ထုတ် လုပ်လျက်ရှိပါသည်။ ယင်းအမှတ် (၂)ဆေးဝါးစက်ရုံ (အင်ရောင်း)တွင် တစ်ခါသုံး ဆေးထိုးအပ်များ သာမက ပြည်သူများ၏ ရောဂါကာကွယ်ရေးအတွက် ထိုးဆေးမျိုးစုံ၊ သွေးကြောသွင်း ဆေးရည်မျိုးစုံ၊ ဓာတ်ဆား၊ ဂလူးကို့စ်နှင့် တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးတောင့်တို့ကို ဆေးအမယ်ပေါင်း ၃၁ မျိုးခွဲ၍ ထုတ်လုပ်ဖြန့်ချိ လျက်ရှိပါသည်။

MPF (Kyaukse) တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်သည့် အဆောက်အအုံအား (WHO) ၏ GMP Guide Line သတ်မှတ်ချက်အတိုင်း အနံ့ အသက်ကင်းစင်ပြီး ကောင်းမွန်ကျယ်ဝန်း သန့်ရှင်းသော ပတ်ဝန်းကျင်တွင် လုံလောက်သော အလင်းရောင်၊ လုံလောက်သော လေဝင်လေထွက်ရှိသည့် သီးခြား အဆောက်အအုံဖြင့်သာ ထုတ်လုပ်လျက်ရှိသည်။ အဆောက်အအုံ အတွင်းရှိကြမ်းခင်း၊ နံရံ၊ မျက်နှာကြက် များကို အမှုန်အမွှား မထွက်စေရန်နှင့် အမှုန်အမွှား မကပ်နိုင်စေရန် တည်ဆောက်ထားရှိပြီး မျက်နှာပြင် ချောမွေ့စေရန် Epoxy Paint သုတ်လိမ်း ထားရှိသည်။ အဆောက်အအုံအတွင်း၌ အထက်၊ အောက်၊ ဘေးနံထောင့်ချိုးများတွင် ပိုးမွှားများ မခိုအောင်းနိုင်စေရန်နှင့် သန့်ရှင်းမှု လွယ်ကူစွာ ပြုလုပ်နိုင်ရန်အတွက် ထောင့်ချိုးနေရာများအား ထောင့်ကွေးပုံစံ(Curves) များ ပြုလုပ်ထားရှိပါသည်။

တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်ရေး စက်များဖြစ်သည့်(Injection Moulding Machine၊ Printing Machine၊ Assembling Machine & Packing Machine )တို့ တပ်ဆင်ထားရှိသည့် အခန်းများအား ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး အဆင့်ဖြစ်သည့် Cleaned Room များအဖြစ် အထောက်အကူပြု စက်ပစ္စည်း (Utility) များဖြင့် တပ်ဆင်တည်ဆောက် ထားရှိပါသည်။ တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ် သည့် အခန်းသန့်များအတွင်း၌ အလျား၊ အနံ၊ အမြင့် တစ်ပေပတ်လည်(1ft3) တွင(0 .5um) ထက်ကြီး သော အမှုန်အမွှားများ(Particles) အရေအတွက် 10000 ထက်မပိုစေရန် ထိန်းချုပ်ထားရှိသည်။ အဆောက်အအုံ အတွင်းသို့ ပြင်ပလေတိုက်ရိုက် ထိတွေ့ခြင်းမရှိစေရန်နှင့် အခန်းသန့်အတွင်း၌ အပူချိန်၊ စိုထိုင်းဆနှင့် သန့်ရှင်းမှုတို့ကိုသတ်မှတ်ချက်အတိုင်း ထိန်းချုပ်နိုင်ရန်နှင့် ပြင်ပလေထုထက် လေဖိအား များစေခြင်း(Positive Pressure) ရရှိစေရန်တို့အတွက် Heating Venlation & Air Conditioning (HVAC) System များတပ်ဆင်ထားရှိပါသည်။ အခန်းသန့် များအတွင်း အဝင်အထွက် ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် Positive Pressure မလျှော့စေရန်နှင့် အခန်းသန့်၏ ပြင်ပလေမဝင်စေရန် ကြားခံ အကန်(Air Lock) များတပ်ဆင်ထားရှိပြီး အခန်းသန့်များအတွင်းသို့ ဝင်/ထွက်ခွင့်ရှိသူ ထုတ်လုပ်ရေး ဝန်ထမ်းများသာ အဝင်/အထွက် ပြုလုပ်ရသည်။ အခန်းသန့် များအတွင်းသို့ ဝင်/ထွက်ခွင့် ရှိသူများသည် လည်း တစ်ကိုယ်ရည်သန့်ရှင်း စင်ကြယ်ပြီးနောက် ပိုးသတ်ထားသော ထုတ်လုပ်ရေးဝတ်စုံ(Clean Gown) ဝတ်ဆင် ပြီးမှ ဝင်/ထွက် ကြရပါသည်။

တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်ရန်အတွက် အသုံးပြုသော ကုန်ကြမ်း များကို WHO အသိအမှတ်ပြု Certificate နှင့်သက်ဆိုင်ရာနိုင်ငံ FDA မှ ခွင့်ပြုထားသော ထုတ်လုပ်ရောင်းချမှု လိုင်စင်ရှိသူများဖြစ်သည့် Reliable Supplier ကုမ္ပဏီများထံမှသာ ပေးသွင်းစေပြီး ယင်း Supplier များမှ ကုန်ကြမ်းများ၏ COA (Certificate of Analysis ) နှင့် ဆေးဝါးကုန်ကြမ်း နမူနာ(Buying Sample)များကို တစ်ခါသုံး ဆေးထိုးအပ် ထုတ်လုပ်သည့် စက်ရုံသို့ ပေးပို့စေကာ စက်ရုံ၏ အရည်အသွေး စစ်ဆေးရေးနှင့် သုတေသန ဓာတ်ခွဲခန်းတွင် စမ်းသပ်အောင်မြင်မှုရှိသည့် ကုန်ကြမ်းကိုသာ အသုံးပြုနိုင်ပါသည်။

တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ်သော ထုတ်လုပ်ရေး ဝန်ထမ်းများသည် ဆေးဝါးပညာရှင်၊ ဓာတုပညာ ရှင်၊ အဏုဇီဝ ပညာရှင်နှင့် အင်ဂျင်နီယာများ ပါဝင်ထုတ်လုပ်လျက် ရှိသည့်အပြင် ကူးစက်ရောဂါ၊ အရေပြားရောဂါနှင့် စိတ်ရောဂါကင်းရှင်းစေရန် နှစ်စဉ်နှစ်ပတ်လည် ဆေးစစ်အောင်မြင်သူများ ဖြစ်ရပါသည်။ ထုတ်လုပ်ရေး ဝန်ထမ်းများသည် တာဝန် ထမ်းဆောင်စဉ်အတွင်း အမှုန်အမွှားနှင့် ချည်မျှင်စများ ကျွတ်ထွက်ခြင်းမရှိသည့် ပိုးသတ်ထားသော ထုတ်လုပ်ရေးဝတ်စုံ (Lint Free Clean Gown) များ ဝတ်ဆင်လုပ်ဆောင် ကြရပါသည်။

တစ်ခါသုံးဆေးထိုးအပ်ထုတ်လုပ်ရာတွင် ထုတ်လုပ်ပြီးသော ဆေးထိုးအပ်များအား ရေဖြင့်ဆေးကြော သန့်စင်ခြင်း ပြုလုပ်၍မရပါ။ သို့ရာတွင် ထုတ်လုပ်ထားသည့် ဆေးထိုးအပ်များသည် ပိုးမွှားနှင့် အမှုန်အမွှား ကင်းစင်သည့် ပိုးသတ်ထားသော ပစ္စည်း (Sterile Products) များဖြစ်ရပါမည်။ MPF (Kyaukse) တစ်ခါသုံး ဆေးထိုးအပ်များကို Ethylene Oxide (EO) Gas အသုံးပြု၍ EO Sterilizer ဖြင့် ပေါင်းခံ ပိုးသတ်ထားပါသည်။

ထုတ်လုပ်ပြီး တစ်ခါသုံး ဆေးထိုးအပ်ကို အထူးစီမံ ဖော်စပ်ထားသော ပလတ်စတစ်အိတ် Poly Ethylene / Poly Ethylene Terephthalate (PE/PET) Laminated Transparent Flim ဖြင့် လုံခြုံစွာ ထုပ်ပိုးထားရှိပါသည်။(PE/ PET) ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရခြင်းမှာ သာမန်ပလတ်စတစ် အိတ်များ သည် EO Gas ဖြင့် ဖြတ်သန်းနိုင်ခြင်းမရှိသဖြင့် အထူးစီမံဖော်စပ်ထားသည့် ပလတ်စတစ်အိတ် (Packing) များဖြင့် ထုပ်ပိုးထားခြင်းဖြစ်ပါသည်။ EO Gas သည် ပိုးသတ်နိုင်သော အာနိသင်ရှိသော် လည်း ဘေးထွက်ဆိုးကျိုး(Side Effect) မှာ လူ့ခန္ဓာကိုယ်သည် ယင်းဓာတ်ငွေ့မှတစ်ဆင့် ထွက်ပေါ်လာ သော ဓာတ်ပေါင်းများနှင့် ကြိမ်ဖန်များစွာ တိုက်ရိုက်ထိတွေ့ပါက ကင်ဆာရောဂါဖြစ်စေနိုင်သဖြင့် တစ်ခါသုံး ဆေးထိုးအပ် အိတ်အတွင်း၌ EO Gasများ ကြွင်းကျန်နေခြင်း မရှိရန်လိုအပ်ပါသည်။ MPF (Kyaukse) တစ်ခါသုံးဆေးထိုးအပ်၏ PE/PET ပလတ်စတစ်အိတ်တွင် EO Gas များ လွယ်ကူစွာ ပြန်လည်ဖြတ်သန်းထွက်စေမည့် အထူးစက္ကူ(Medical Grade Paper Strip) တပ်ဆင် အသုံးပြုထား ပါသည်။ ယင်းသို့ PE/PET ပလတ်စတစ်အိတ်တွင်Medical Grade Paper Strip ပါရှိ အသုံးပြုခြင်း အားဖြင့်EO Gas ဖြင့် ပိုးသတ်သည့်အခါတွင် Packing ပလတ်စတစ် အိတ်အတွင်းမEO Gas များကို
EO Sterilizer မှVacuum စနစ်ဖြင့် စုပ်ထုတ်သန့်စင်စေရန် ဖြစ်ပါသည်။ Packing ပိတ် ပိုးသတ်ပြီး တစ်ခါသုံး ဆေးထိုးအပ်များတွင်EO Gas လက်ကျန်ရှိ မရှိကိုလည်း ဓာတ်ငွေ့တိုင်းတာသောစက(EO Gas Chromatography ) ဖြင့် ထပ်မံတိုင်းတာ စစ်ဆေးရပါသည်။ ထို့အပြင် ထုတ်လုပ်ပြီး တစ်ခါသုံး ဆေးထိုးအပ်များအား ဗက်တီးရီးယား အသေအကျေ အပိုင်းအစများကြောင့် လူကိုဥပဒ်ဖြစ်စေသည့် ပိုင်ရိုဂျင်f (Pyrogen) နှင့် အဆိပ်အတောက(Toxicity) ကင်းစင်ခြင်းကို အာမခံရန်အတွက် စမ်းသပ် စစ်ဆေးမှု (Microbiological Test) များ ပြုလုပ်ခြင်းဖြင့် သုံးစွဲသူများအား ယုံကြည်စိတ်ချဘေးကင်း စေပါသည်။

ဆေးဝါးဈေးကွက်အတွင်း အများဆုံးတွေ့ရှိရသည့် သာမန်ပလတ်စတစ် အိတ်များဖြင့် လှပစွာထုပ်ပိုး ထားသော တစ်ခါသုံးဆေးထိုးအပ် Packing ပလတ်စတစ်အိတ်များသည် ပိုးသတ်သော Ethylene Oxide (EO) Gas ဖြတ်သန်းနိုင်ခြင်းမရှိသဖြင့် လုံခြုံစွာထုပ်ပိုးပြီးမှသာ EO Gas ဖြင့်ပေါင်း၍ ပိုးသတ် ရမည့် အစားထုပ်ပိုးခြင်းမပြုမီ ပိုးသတ်ပြီးမှ ထုပ်ပိုးပါက အမှုန်နှင့် ဗက်တီးရီးယား ပိုးမွှားကင်းစင်ကြောင်း အာမခံနိုင်ခြင်းမရှိပေ။ ထို့ထက်ပိုဆိုးသည်မှာ EO Gasသည် ဈေးနှုန်းကြီးမြင့်၍ ဝယ်ယူရရှိရန်ခက်ခဲသော ကန့်သတ်ပစ္စည်းဖြစ်သဖြင့် EO Gas ပေါင်းခံ ပိုးသတ်ခြင်းမပြုထားပါက သုံးစွဲရန်လုံးဝမသင့်သော တစ်ခါသုံး ဆေးထိုးအပ်များသာ ဖြစ်ပါမည်။MPF (Kyaukse) တစ်ခါသုံး ဆေးထိုးအပ်များအား ထုပ်ပိုးမှု ပုံစံအဖြစ် အတွဲလိုက်သယ်ယူနိုင်သော Blister Packing နှင့် ဆေးထိုးအပ် တစ်ချောင်းစီ ထုပ်ပိုး ထားသော Ribbon Packing တို့ဖြင့် ထုပ်ပိုးထားရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းသည် ကျန်းမာရေးနှင့် တစ်ခါသုံးဆေးထိုးအပ်၏ အခြေခံ ဗဟုသုတကို သိရှိနားလည်လာပြီးနောက် မိမိတို့ကျန်းမာရေးအတွက် ကာကွယ်ကုသရန် ဆေးထိုးရမည် ဆိုပါက ယုံကြည်စိတ်ချရသော တစ်ခါသုံးဆေးထိုးအပ်မျိုးကိုသာ ရွေးချယ်အသုံးပြုနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါသည်။


ကိုကိုအောင်(ဆေးဝါး/စားကုန်)

The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

Wednesday, August 27, 2014

မာလကာသီးအကြောင်း သိကောင်းစရာ


လွမ်းမပြေသုတရပ်ဝန်းမှကူးယူပါသည်







































Psidium Guajava ဟု သိပ္ပံ အမည်ရသော မာလကာပင်တို့ ကို မြန်မာပြည်တွင် နေရာ့အနှံ့  အပြား ဆိုသလို ပေါပေါများများ တွေ့ မြင်ကြရပြီး၊ မာလကာသီးကို မစားဖူးသေးတဲ့ သူတော့၊ မရှိ လောက်ဘူး ဟုထင်ပါသည်။ အမျိုးအစားပေါ် မူတည်၍ မာလကာသီး၏ အတွင်းပိုင်း အသား သည် အဖြူေ ရာင် (အူဖြူသီး) နှင့် ပန်းရင့်ရောင် (၀ါ)ကြက်သွေးပျော့ ရောင်(အူနီသီး) ဟူ၍ ၂ မျိုး ရှိပါတယ်။ လတ်ဆတ်သော အသီး၏ အသားမှာ ချို၍ကျွတ်ဆတ်ကာ ရနံ့လဲမွှေးပါတယ်။ အသီးမှည့် သွားသောအခါ၊ အတွင်းထဲရှိ အသားမှာ ပျော့အိ ကာ ပိုချိုပြီး၊ ပိုလဲမွှေးလာပါသည်။ အသီးထဲတွင် အလွန်မာသော အစေ့လေး များစွာပါရှိပြီး၊ ကျေညက် အောင်ဝါးစားပေးရပါသည်။ အပေါ်ယံ အခွံသည် အစိမ်းဖျော့/ရင့် ရောင် နှင့် စိမ်းဝါရောင် တို့ ဖြစ်ခါ၊ ထိုအခွံကိုလဲ စားလို့ ရပါသည်။ မာလာကာသီးများကို သူ့ ချည်းဘဲ သက်သက် အဆာပြေ၊ အချိုပွဲအဖြစ်စားလေ့ရှိပြီး၊ အခွံနွှာရေခဲစိမ်ကာ၊ ဆား၊ နွယ်ချို မှုန့် တို့ ဖြင့်လူးနယ်စားကြ ပါသည်။ မြန်မာပြည်တွင် “မာလကာ” ဟူသော နာမ်အတိတ်ကို အဓိပ္ပါယ်ယူကာ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် မာလကာပင်အညွန့် လေးများကို ဘုရားပန်းအိုးတင်၍ အဆောင် လက်ဖွဲ့ သိမ်းထားကြသလို၊ မာလကာသီးဖြင့် ဘုရား၊ သံဃာတော်များကို သစ်သီး ဆွမ်းကပ်လှူ လေ့ရှိကြ ပါသည်။



< မာလကာသီး နှင့် မာလကာရွက်တို့ ၏ကျန်းမာရေး >

မာလကာသီးသည် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသော အာဟာရဓာတ် များဖြင့်ြ ပည့်နှက်နေသည်ကို သင် သိပါသလား? ဥရောပ နှင့် အာရှတိုက်များတွင် “ မာလကာသီးကို တစ်ကြိမ် သာဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံး ရှောင်ရှား” ဟု ဆိုရိုးစကားရှိကြပါသည်။ အသီးသာမက၊ အရွက်၊ အစေ့နှင့် အခွံတို့ ကလဲ အလွန်ဆေးဘက် ၀င်ပါသည်။ မာလကာသီးထဲတွင် ဘေးဥပါ သ်ဖြစ်ေ စသော ကိုလက်စထရော နှင့် ဆိုဒီယမ် တို့ လုံးဝမပါရှိသည့်ပြင်၊ ကယ်လိုရီနှင့် အဆီဓာတ် အနဲငယ် သာပါရှိပြီး၊ အမျှင်ဓာတ်လဲကြွယ်ဝသောကြောင့် ကျန်းမာရေးကိုများစွာ အထောက်အကူဖြစ်စေပါသည်။ လိမ္မော် သီးထဲတွင်ပါရှိသော ဗီတာမင်စ်ီထက် ၅-ဆ ပိုမိုပါဝင်သောကြောင့် မာလာကာသီးသည် ဗီတာမင်စီ တို့ စုဝေးရာ အရင်းအမြစ် ဖြစ်ပါသည်။ ၁၀၀-ဂရမ် အလေးချိန်ရှိသော မာလာကာသီး ထဲတွင် ဗီတာမင်အေ ၂၅၀ I.U၊ ဗီတာမင်ဘီ (ခေါ်) သီအာမင် ၀.၇ မီလီဂရမ်၊ နီအာစင် ၁.၂ မီလီဂရမ်၊ ဗီတာမင် စီ ၃၀၂ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၀ မီလီဂရမ်၊ ဖော့စဖရက် ၂၉ မီလီဂရမ်၊ ကစီဓာတ် ၁၇.၁ ဂရမ်၊ ပရိုတင်း ၁ ဂရမ် နှင့် ကယ်လိုရီ ၇၀ ခန့်  ပါရှိပါသည်။

(၁) ဆီးချိုရောဂါ။ မာလကာသီးကို အိန္ဒိယနိုင်ငံ ရှိ The University of Allahabad တွင် ဆေးသုေ တသ နပြုစ မ်းသပ်ခဲ့ရာ၊ မာလကာသီး ၏ အခွံသည် သွေးထဲရှိ သကြားပမာဏကို မြင့်တက်စေနိုင်သော်လဲ၊ အသီးအတွင်းထဲရှိအသားနှင့် အစေ့တို့ က သွေးထဲရှိ ဂလူးကို့ စ် ပမာဏကို ချပေးနိုင်စွမ်းရှိ သည်ဟု ဆိုပါသည်။ ထို့ ကြောင့် ဆီးချိုရောဂါဝေဒနာသည်များသည် မာလကာသီးကို အခွံဖယ်စားပေးခြင်းဖြင့် ကောင်းကျိုးပြုစေပါသည်။ ၂၀၁၀ ခုနှစ်တွင် မာလကာရွက်ကို တိုကျိုမြို့ ရှိ The Yakult Central Institute for Microbiological Research တွင် ဆေးသုသေသနာပြုလုပ်ခဲ့ရာ၊ မာလကာရွက်ကို ရေနွေးကြမ်းဖြင့် လက်ဖက် ခြောက်လိုခတ်သောက်ပေးခြင်းဖြင့် အင်ဆူလင်ပမာဏ ပြောင်းလဲခြင်းမရှိဘဲ၊ သွေးထဲရှိ alpha-glucosidase အင်ဇိုင်းများကို ထိထိရောက်ရောက် ဟန့် တားပေး သောကြောင့် ဆီးချိုရောဂါ ဝေဒနာသည်များ ယုံကြည်စိတ်ချစွာ သောက်သုံးသင့်ကြောင်း အကြံ ပုထားပါသည်။

(၂) ၀မ်းလျော/၀မ်းကိုက်ခြင်း။ မာလာကာသီးထဲတွင် အစာချေစံနစ်ကိုတိုးတက်ကောင်းမွန်စေသော ဗိုက်တာမင်စီ၊ ကယ်ရို တီနွိုက်စ် နှင့် ပိုတက်စီယမ်တို့  ပါရှိသည့်ပြင်၊ အူကလီစာတစ်ရှုးများကို ကောင်း ကျိုးပြုသည့် astringents ဓာတ်ပေါင်းစုတို့ အ မြောက်အများ ပါရှိခြင်းကြောင့်၊ အူထဲရှိ မကောင်းသော ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ခြင်း၊ အလွန်သေးငယ်သော ရောဂါ ပိုးမွှားများကြီးထွား လာမှု ကိုတားမြစ်ပေးနိုင်ခြင်း၊ အူထဲရှိ ပိုလျှံသောအချွဲအကျိများကို ဖယ်ရှားသန့် စင်ပေးနိုင်ခြင်း စသည့် အစွမ်း သတ္တိများကြောင့် ၀မ်းလျောဝမ်းပျက်ရောဂါ၊ ၀မ်းကိုက်ရောဂါ၊ အစာအိမ်နှင့် အူယောင်တင်းခြင်း တို့ ကို ကောင်း စွာကုသပေးနိုင်ပါသည်။ မာလကာရွက်ကို ရေနွေးကြမ်းခတ်သောက်ပေးခြင်းဖြင့်၊ အူကိုအဆိပ် အတောက် ဖြစ်စေသည့် ပိုးမွှားများကို ဟန့် တားကာကွယ်ပေးသောကြောင့် ကာလ၀မ်းရောဂါ မဖြစ်စေ ပါ။ အော်ဂလီဆန်ပျို့ အန် ခြင်းများကိုလဲ သက်သာစေပါသည်။

(၃) ရောင်ရမ်းနာများ။ မာလကာပင်ထဲတွင် ရောင်ရမ်းနာအမျိုးမျိုးတို့ ကို ကုသပေးနိုင်သော ဓာတု ဓာတ်ပေါင်းစုတို့  မြင့်မား စွာပါရှိခြင်းကြောင့် မာလကာရွက်ပြုတ်ရည်ကို သောက်၍ပျောက် ကင်းနိုင် သလို၊ ခြေလက်ရောင်ရမ်းကိုက်ခဲခြင်းများ အတွက်လဲ အရွက် ကိုထောင်း၍ အုံပေးနိုင်ပါသည်။ အဆစ် အမြစ်ရောင်ကိုင်းနာကျင်သောအခါ မာလကာရွက်ကိုထောင်းထု၍ ခပ်ထူထူအုံပြီး ဆေးစည်း ထားခြင်းဖြင့် ချမ်းသာရာ ရနိုင်ပါသည်။

(၄) အအေးမိချောင်းဆိုးခြင်း။ မာလကာသီး၊ ဖျော်ရည် နှင့် မာလကာရွက်ပြုတ်ရည်တို့ တွင်ပါရှိသော ဗီတာမင်စီနှင့် သဘာဝ အဖန်ဓာတ်တို့ က အအေးမိ၍ ချောင်းတဟွတ်ဟွတ်ဆိုးခြင်း၊ ချွဲပါခြင်း၊ အဆုတ် ထဲပိုးဝင်ခြင်း၊ လည်ချောင်း/အဆုတ်စသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ပိတ်ဆို့ မှု ဝေဒနာ အမျိုးမျိုး တို့ ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံတွင် အဆိုပါ ရောဂါများအတွက် ရိုးရာကုထုံးအဖြစ် တွင်ကျယ်စွာ ကုသပျောက်ကင်းလျှက်ရှိပါသည်။

(၅) ၀မ်းချုပ်ခြင်း။ မာလကာသီးထဲတွင် အမျှင်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ၀မ်းချုပ်ခြင်းမှကာ ကွယ်ေ ပးနိုင်ပါသည်။ လူတစ် ယောက်၏ တနေ့ တာလိုအပ်သော အမျှင်ဓာတ်ကို မာလကာသီး အလတ် စားတစ်လုံးထဲမှ ၃၆% ရရှိနိုင်ပါသည်။ မာလကာစေ့ကလဲ အူထဲရှိအရည်ဓာတ်ကို ထိန်းသိမ်းေ ပးကာ၊ ၀မ်းပျော့စေနိုင်ပါသည်။

(၆) သွေးတိုးရောဂါ။ မာလကာသီးသည် သွေးထဲရှိကိုလက်စထရောကိုချကာ၊ သွေးခဲခြင်းမှလည်း ကာ ကွယ်ပေးသည့်အတွက်၊ သွေးမတိုး စေနိုင်ပါ။ ထို့ ပြင် အမျှင်နှင့် သဘာဝ hypoglycemic တို့ ကြွယ်ဝစွာ ပါရှိခြင်းကြောင့်လည်း သွေးဖိအားကို ကျစေနိုင်ပါသည်။ ပိုတက်စီယမ်က သွေးကျစေရန် အထောက် အကူ ပေးပါသည်။ လူတစ်ယောက်၏ တနေ့ တာ ပိုတက်စီယမ် လိုအပ်ချက် ၂၀% ကို မာလာကာသီး ကြီးကြီးတစ်လုံးမှ ရရှိနိုင်ပါသည်။ ထို့ ကြောင့် မာလကာသီင်္း စားပေးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်သလို၊ သွေးတိုးနဲ့  ဆက်စပ်သော နှလုံးသွေးကြောရောဂါများနှင့်ေ လဖြတ်ခြင်းတို့ ကိုလဲ မဖြစ်လာစေနိုင်ပါ။

(၇) ကင်ဆာရောဂါအမျိုးမျိုး။ မာလကာသီး၏ အသားထက် အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့် ကျင် ပစ္စည်းများက ပိုမိုဆေး စွမ်းထက်မြက်သည်ဟု ဆိုပါသည်။ အထူးသဖြင့် မာလကာသီး(အူနီသီး) အခွံထဲ တွင်ပါရှိသော ဓာတ်တိုးဆန့် ကျင် တစ်မျိုးဖြစ်သည့် lycopene သည် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော “free radicals” များကို တိုက်ထုတ်ပေးပြီး၊ အမျိုးသားများ ဆီးကျိတ်ကင်ဆာ နှင့် အမျိုးသမီးများ ရင်သား ကင်ဆာအကျိတ်ကြီးထွားလာမှုတို့ ကို တားမြစ်ပေးပါသည်။ ထို lycopene သည် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအလားအလာကို ၅၀%ထိလျော့နိုင်ကြောင်း အရီဇိုးနားတက္ကသိုလ်မှ သုတေသီများက အကြံပြု ထားကြပါသည်။ ထို့ ပြင် မာလကာရွက်ထဲတွင် ဓာတ်တိုးဆန့် ကျင် ပစ္စည်းများ မြင့်မာစွာပါရှိခြင်းကြောင့် လက်ဘက်ရည်ကြမ်း သောက်ပေးခြင်းဖြင့် အမျိုးသားများ သုက်ရည် ထွက်ရှိမှု အားကောင်းပြီး၊မျိုးအောင် စေနိုင်ပါသည်။

(၈) သွားနှင့်ခံတွင်းရောဂါအမျိုးမျိုး။ မာလကာရွက်ထဲတွင် ပါရှိသော Guaijaverin (ခေါ်) flavanoid ဓာတ်ပေါင်းက သွားပိုး ရောဂါ ဖြစ်စေသည့် ဘက်တီးရီးယားများ ကြီးထွားခြင်းကို ဟန့် တားကာ ကွယ်ေ ပးနိုင်ပါသည်။ လည်ချောင်းနာခြင်း၊ လည်မျို နှင့် အာသီးရောင် ခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံးနာခြင်း စသည့်ခံတွင်းရောဂါအမျိုးအမျိုးတို့ အတွက် မာလကာရွက်ပြုတ်ရည် နွေးနွေးဖြင့် အာလုပ် ကျင်းပေးနိုင် ပါသည်။ ထို့ ပြင် astringents (ခေါ်) တစ်ရှုးများကိုကျုံ့ ကာသွေးတိတ်စေသော ဆေးစွမ်းသတ္တိ ပါရှိသည့် အတွက် ဗီတာမင်စီချို့  တဲ့ခြင်းကြောင့် ဖြစ်တတ်သော သွားဖုံးရောင်ကိုင်း၍သွေးယို စီခြင်းကိုလဲ ကောင်း စွာ ကုသပေးနိုင်စွမ်း ရှိပါသည်။

(၉) ကိုယ်အလေးချိန်။ အမျှင်ဓာတ်ပေါများကာ၊ ကိုလက်စထရောလုံးဝမပါဘဲ၊ ၀မ်းမှန်စေသည့် အစာ ကြမ်းတစ်မျိုးဖြစ်သော မာလကာသီးက ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများအတွက် အားကိုးေ လာက်ပါပေ၏။ မွှေး၍ချိုဖန်အရသာက အဆာပြေစေပြီး၊ နောက်ထပ် အစာစား ချင်စိတ်ကိုလဲ ချိုးနှိမ်ေ ပးပါသည်။

(၁၀) အရေပြားပြသနာများ။ နိုင်ဂျီးရီးယား ရှိ Federal University of Technology တွင် လေ့လာစမ်း သပ်ချက်များအရ၊ မာလကာ ရွက်တွင် ဗက်တီးရီးယား ပိုးမွှားများကို သေစေနိုင်သည့် အစွမ်းသတ္တိပါ ရှိနေခြင်းကြောင့်၊ (က) ခွဲစိပ်ထားသောဒဏ်ရာများကို ပိုးမ၀င်စေ ရန်၊ (ခ) အရေပြားပေါ်ရှိ ကူးစက် ယား နာများကိုပိုးသေစေရန်နှင့် (ဂ) အသားအရေပေါ်တွင် ပွန်းပဲ့ရှနာထိ ခိုက်မှုဖြစ်ပွားပါက သွေးတိတ် ပြီး အနာမြန်မြန်ကျက်စေရန်...စသည်တို့ အတွက်၊ မာလကာရွက်ကို ရေစင်စင်ဆေးကာ ကျိတ်ချေပြီးအုံ ပေးနိုင်ပါသည်။ ထို့  ပြင် သွေးဆိပ်တက်၍ ခန္ဓာကိုယ် ယားယံခြင်းအတွက် မာလကာ ရွက်ကိုရေစိမ်ပြီး ချိုးပေးရပါသည်။ ဦးရေပြားပေါ်တွင် ဒက် ပေါက်ခြင်းနှင့် ဆံပင်သား များခြောက်သွေ့ ခြင်းတို့ အတွက် မာလကာရွက် သတ္တုရည်ဖြင့် လိမ်းကျံပေးနိုင်ပါသည်။ မာလကာ ရွက်ထဲတွင် ဗီတာမင်အေ ပါရှိခြင် ကြောင့်လည်း ဆံသားရင်းမြစ်များကို သန်မာအောင် စွမ်းဆောင်ပေးနိုင်ပါသည်။ ကျန်းမာသန့် ရှင်းသော ခန္ဓာကိုယ် အသားအရေကို ပိုင်ဆိုင်လိုပါသလား။ လွယ်လွယ်လေးပါ။ မာလကာရွက်နုများနှင့် အမှည့် မလွန် လတ်ဆတ်သောမလာကာသီးတို့ ကို ရောပြုတ်၍၊ နေ့ စဉ်ရေချိုးပေးခြင်းဖြင့် သင့်အသားအရေ ပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး၊ စိုပြည်လှပ လာပါလိမ့်မည်။

(၁၁) အထွေထွေရောဂါများ။ အိပ်မပျော်၍ ခေါင်းမကြည်လင်ခြင်းနှင့် ခေါင်းမူး၊ ခေါင်းကိုက်ခြင်း ဝေဒ နာများအတွက် မာလာကာရွက်ကို ရေဆေးပြီး လက်ဖြင့်ပွတ်ချေကာ နမ်းရှိုက်ပေးရုံမျှဖြင့် ဝေဒနာများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်။ ဗီတာမင်စီ ကြွယ်ဝသည့် အတွက် မာလကာသီးကို မှန်မှန် စားပေးခြင်းဖြင့် ခန္ဓာကိုယ် ခုခံအားစံနစ်ကို မြှင့်တင်ပေးပါသည်။ တိုင်းရင်း ဆေးဝါးကုထုံးများတွင် ၀က်ရူးပြန် ဝေဒနာရှင်များကို မာလကာရွက်ပြုတ်ရည်ဖြင့် ရေချိုးစေပါသည်။ နှာစေးချောင်းဆိုး၊ ပန်း နာရင်ကျပ် နှင့် အဆုတ် ရောဂါ ဝေဒနာရှင်များသည် မာလာကာရွက်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် သက်သာ လာစေနိုင်ပါသည်။

< မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း >

မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီ များက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများမရှိတော့ဘဲ၊ မျက်နှာ အသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည် ပိုင်ရှင်များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။ အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်ေ သာ အလှပြင်ပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါသည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့်အာနိသင်ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကူပြု လုပ်နိုင်ပါသည်။ 

အဆင့်(၁)။ ရှေးဦးစွာ မာလကာ သီး ၂-လုံး ကို အခွံနွှာ၍ ကြိတ်စက်ထဲ ထဲ့ပြီး၊ အစေ့ များကျေသွားသည် အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။
အဆင့်(၂)။ အပူခံခွက် တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွားသည်အထိ ၁၀-စက္ကန့် လောက် အပူပေးပါ။
အဆင့်(၃)။ ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။
အဆင့်(၄) ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များအားလုံးလောင်း ထဲ့ပြီး၊ တပြည်းညီ ဖြစ်သွားအောင် မပြတ်မွှေပေးပါ။
အဆင့်(၅)။ ၄င်းတို့  ကိုmicrowave ထဲထဲ့၍ အငွေ့ ပျံသွားသည်ထိ ၃၀-စက္ကန့်  လောက် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဗူးတစ်ဗူးထဲ့သို့  ပြောင်းထဲ့လိုက်ပြီး၊ အဖုံးကိုလုံအောင် ပိတ်ထားရပါမည်။
အဆင့်(၆)။ အေးသွားသော အခါမှာ ထို Lotion ဗူးကို ရေခဲသေတ္တာထဲ သိမ်းထားပါ။ ယခုပြု လုပ်သော Lotion ထဲတွင် တာရှည် အထားခံရန် ဖြည့်စွက်ဓာတု ပစ္စည်းများလုံးဝ မပါရှိသည့်အတွက်၊ အခန်း အပူချိန်မှာထားရင် အာနိသင် ပြယ်စေပါသည်။ အချိန် ၂-လကျော်ပြုလုပ်ထားသော Lotion ကို မသုံးသင့် ပါ။

သတိပြုရန်။
(က) မာလကာသီးသည် သွေးချုပ် စေတတ်သောကြောင့်၊ ရာသီသွေး အဆင်းလွန်သူများ မှန်မှန်မှီဝဲ စားသုံးပေးသင့်ပါသည်။ သို့ သော် ပုံမှန်ဓမ္မတာလာသူများ နှင့် ဓမ္မတာ မမှန်သူများအဖို့  ရာသီလာစဉ် မာလကာသီး လုံးဝ မစားသင့်ပါ။ 
(ခ) မာလကာ သီးအခွံသည် အနည်းငယ်ဖန်၍၊ အခွံနွှာ စားကြ ပါသည်။ လူအချို့ ကလည်း အစေ့က အူအတက်ပေါက် စေနိုင်သည်ဟု ထင်မှတ် မှားနေကြပါသည်။ တကယ်တော့ မာလကာသီး၏ အသား ထက်၊ အခွံနှင့် အစေ့တို့ က ကျန်းမာရေးကို ပိုမို အကျိုးပြုစေသော အစိပ်အပိုင်းများ ဖြစ်ကြပါသည်။ ထို့ ကြောင့် အခွံနှင့်စေ့တို့ ကိုပါ ညက်ညက်ဝါး၍ စားပေးသင့်ပါသည်။

မှတ်ချက်။ 
(က) မာလကာသီး သေးသေး ကျစ်ကျစ်တို့ သည် အဖန်ဓာတ် အလွန်များပြီး၊ ချောင်းဆိုးသလိပ် ပွစေ တတ်သဖြင့် ထိုအသီးမျိုးကို ရှောင်ကြဉ်ပါ။ 
(ခ) အပေါ်ယံ အခွံပြောင်တင်းပြီး၊ အပြစ်အနာဆာ ကင်းသော အသီးတို့ ကိုသာ ရွေးချယ်ဝယ်ယူပါ။ 
(ဂ) မာလကာသီးတို့ သည် ခူးဆွတ်ပြီးသည့်နောက် တဖြည့်းဖြည်း မှည့်လာတတ်သည့် သဘောရှိသည့် အတွက်၊ အခန်းအပူချိန်မှာ ထားပေးသင့်ပါသည်။ ၄င်းတို့ သည် အပူဓာတ်စာ အသီးဖြစ်လို့ ၊ ရေခဲသေတ္တာထဲတွင် သိမ်းဆည်း မထားသင့်ပါ။
++++++++++++++++++++++++++++++++++++

သင်ကံကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝတရားကြီးက၊ ဟင်းသီးဟင်းရွက် သစ်သီး ၀လံရောင်စုံတို့  ဖြင့် လူသားတို့  ကျန်းမာရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပေးထားပါ သည်။ ကိုယ်တွင်းကိုယ်ပ ၂-ဌာန အတွက် သဘာဝဆေးစွမ်းတို့  စုဝေးရာ၊ စိမ်းရောင်ခြယ်မာလကာသီး ၏ အစွမ်းကို အထက်ပါအတိုင်း တွေ့ မြင်ကြရပါပြီ။ ဈေးနှုန်းချိုသာပြီး၊ ပေါပေါများများ ရရှိနိုင်သော မာလကာသီးကို လက်လွတ်မခံ သင့်ပါကြောင်း လက်တို့ ၍ ပြောလိုက်ရပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Saturday, August 9, 2014

ကွမ်းချစ်သူတို့အတွက်…မှာတမ်းလေးတစ်ခု…

copy from FB



















ကျွန်တော်သူ့ကို (--.၄.၀၆)မှာစတင်တွေ့ဘူးခဲ့တာပါ..
သူဟာမြေလတ်ပိုင်းက အခမဲ့ဆေးခန်းလေး တစ်ခုမှာ လာရောက်ကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဲဒီမ...ှာသူနဲ့ စတင်တွေ့ခဲ့ရတာပါ…
သူ့ကိုတွေ့တော့ သူ့ရဲ့ထူးခြားမှုကို ပထမဆုံး သတိထားမိပါတယ်…၊သူဟာ အခြားလူနာများနဲ့ ခပ်ခွာခွာထိုင်ရင်း မျက်နှာကို တဘက်ရှည်လေးတစ်ထည်နဲ့
ပါတ်ထားပါတယ် .. ခေါင်းမြီးခြုံမလေးတွေလို သူ့မျက်လုံးကိုသာ မြင်နေရပါတယ်…
ဒီလိုနဲ့သူပြသခွင့်ရတဲ့အလှည့်အရောက်မှာ ..သူ ဆေးခန်းထဲကို ဖြည်းဖြည်းပဲ..
ဝင်ရောက်လာပါတယ်..၊ သူ့နံဘေးမှာ အခြားလူနာများလို ဖေးမမယ့်လူနာစောင့်ပါမလာပါဘူး ။ ဒါနဲ့ စပ်းသပ်ခုတင်ပေါ် သူထိုင်ပါတယ်…
ဆရာဝန်နဲ့အတူ စမ်းသပ်မယ့် ဆရာမလေးက သွေးပေါင်ချန်စက် ကလေး
သူ့နဘေးချ ၊ ဆရာဝန်က သူ့ကို မေးပါတယ်…“ဘာဖြစ်တာပါလဲ” ….
သူ့ဆီက စကားပြန်မလာပါဘူး… နောက်ထပ်တစ်ကြီမ် ထပ်မေးရပြန်ပါတယ်…
“ဘာဖြစ်ပါသလဲ” သူ ဆရာဝန်ကိုကြည့်ပါတယ်.. နောက်ဆရာမလေးကိုကြည့်ပါတယ်…
ဆေးခန်းလေးဟာ တဒင်္ဂ တိပ်နေပါတယ်….
ဖြည်းညှင်းစွာဘဲ သူ့လက်တွေ စတင်လှုပ်ရှားပါတယ် …သူ့မျက်နှာကပါတ်ထားတဲ့.
တဘက်ဝါလေးကို ခွာချလိုက်ပါတယ်…
သူနာပြုဆရာမလေး ရုပ်တရက် ခြေတစ်လှမ်းနောက်ဆုတ်သွားပါတယ်…ဆရာဟာ
အံ့အားသင့်စွာနဲ့ဘဲ ခေတ္တ ဆိပ်ငြိမ်နေပါတယ်…သူ့ထံက စကားပြောဖို့ ကြိုးစားပါတယ်
တရှဲရှဲ အသံနဲ့ လက်ဟန်ခြေဟန်ဘဲပြနိုင်ပါတယ် သူ..စာရွက်နဲ့ဘောပင်တောင်းနေတာပါ
သူ့ရဲ့ စကားပြော ရာ အထောက်အကူပြု့ / ဋ္ဌာန် ၊ ကရိုင်းတို့ဖြစ်တည်ရာ .နှုတ်ခမ်းတစ်ခုလုံးနဲ့ ပါးတစ်ခြမ်းလုံးဟာ မရှိသလောက်ဖြစ်နေပါပြီ မျက်နှာရဲ့ တစ်ဝက်နီးပါးဟာ အနာအတိနဲ့ ရုပ်တရက်မြင်ရသူတို့ လန့်ဖြန့်သွားလောက်သလို…
အနာများရဲ့အနံ့အသက်ဟာလည်း ဆိုးဝါးလှပါတယ်…
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကွမ်းစားရင်း စဖြစ်ခဲ့တာပါဆိုတဲ့ သူရေးပြတာလေး ဖတ်ရလို့သိ၇ပါတယ် ၊ သူ့အကြောင်းကိုစာနဲ့ရေးပြခဲ့ပါတယ် ..သူ့အသက်က.
၄၀ ကျော်လောက်ပါ… သူ..ကွမ်းကို ခုံမင်စွာစားခဲ့ပါတယ် တဲ့ …
ဘယ်လောက်ထိကြိုက်ခဲ့ပါသလဲဆိုရင် ညအိပ်ရင်း ကွမ်းငုံအိပ်တဲ့ထိပါတဲ့ …
ကွမ်းစားဆေးများကိုလဲ ခုံမင်ပါတယ်..ဆိုင်ကပုံမှန်ယာပေးတာထက် ပိုထည့်ခိုင်းမိပါတယ်တဲ့ …
ဒီလိုနဲ့တနေ့တော့ သူ့ပါးစောင်မှာ အနာသေးသေး ဖြစ်လာပါတယ်…
သူအမှတ်တမဲ့ဘဲထားလိုက်ရာက …အနာက ပိုဆိုးလာပါတယ် …၊ ဆေးခန်းကို သွားပြဖြစ်ပါသေးတယ်
စားဆေးလေး သောက်လိုက်လို့ သက်သာသလိုရှိတော့ နောက်ထပ် ဆေးခန်းကို မရောက်ပြန်ဘူး ။
ဒီတစ်ခါထပ်ဖြစ်တော့ ပါးအပြင်ထိ အနာကဖောက်ထွက်လာပါတော့တယ် သူလက်လှမ်းမှီရာဆေးခန်းများပြရင်း ရန်ကုန်ကိုသွားကုဖြစ်ပါတယ် ၊ သမားတော်ဆီရောက်လို့ သံသယရှိ
တဲ့အတွက် သူ့အသားဆဲလ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်တော့ ကင်ဆာပါတဲ့…။
သူစိုးရီမ်စိတ်နဲ့ တတ်စွမ်းသမျှ ပျောက်ကင်းနိုင်ဖို့ကြိုးစားပါတယ် … သူပိုင်ဆိုင်မှုဟာ သူ့ရောဂါကို.
ပျောက်ကင်းနိုင်တဲ့ထိ မလုံလောက်တော့ပါဘူး… သူ စိတ်လျှော့လိုက်ပါတယ်….
သူ့ရပ်ရွာမှာဘဲ သူခေါင်းချချင်ပါတယ် ..သူမြို့သူပြန်ပါတယ်…
ဒီလိုနဲ့ ဝေဒနာနဲ့ စိတ်ဒုက္ခကြားမှာ သူ့ရောဂါဟာပိုဆိုးလာပါတယ်…စိတ်ညစ်ညစ်နဲ့နေလာခဲ့ရင်း…
သတင်းတစ်ခု သူကြားပါတယ်…သူနေတဲ့ မြိုလေးမှာ အခမဲ့ဆေးခန်းလေးတစ်ခု ဖွင့်ပါတယ်တဲ့..
သူ့ရဲ့မိတ်ဆွေကောင်းလေးဆီက သီတင်းလေးပါ ။ မိတ်ဆွေလေးက ဆိုက်ကားဆရာလေးပါ…
ဆိုက်ကားခမယူဘဲ နံက်ပိုင်းကုသခွင့်အတွက် တန်းစီရတဲ့ ခုံတန်းလေးမှာ သူ့ကိုပို့ပေးခဲ့ပါတယ် ၊
နောက် ဆိုက်ကားဆရာလေးက သူ့ကိုပြန်လာကြိုပေးပါတယ် ..။
ဒီလိုနဲ့ သူ အခမဲ့ဆေးခန်းလေးမှာ ဆေးကုသ ခံယူခဲ့ပါတယ်…၊ သူသိပါတယ်…သူဟာ မပျောက်ကင်းနိုင်ဘဲ ကင်ဆာဆဲလ်များရဲ့ နှိပ်စက်မှုဒဏ်နဲ့ တစ်နေ့ထက်တစ်နေ့မရဏမင်းရဲ့
ခံတွင်းဝကို တစ်လှမ်းချင်းတိုးနေရသူပါဆိုတာ…။ အခမဲ့ဆေးခန်းလေးရဲ့ တာဝန်ခံဆရာဝန်ကလဲ
သူ့အခြေအနေကိုသိသလို ဆရာမများနဲ့ဆေးခန်းလေးရဲ့တာဝန်ရှိသူတွေလည်း သိကြမှာပါဘဲ
သူ အားနာစွာနဲ့ အီမ်မှာ နှစ်ရက်လောက်ငိုကြွေးနေမိပါတယ်…၊မမျှော်လင့်ဘဲ အခမဲ့ဆေးခန်းလေးမှာ
ဆေးကုသမှုခံယူနေတဲ့ တစ်ရပ်ထဲနေ လူနာတစ်ယောက် သူ့အိမ်ရောက်လာပါတယ် ဆေးခန်းကိုသူရောက်မလာလို့ စကားကြုံပါးလိုက်တာပါ …ခရီးစရိတ်လေးပါပေးလွှတ်လိုက်ပါတယ်တဲ့
သူမျက်ရည် ကျမိပါတယ်… ၊ဒီတစ်ခါတော့..သူ့မျက်ရည်ဟာ…သူ့အပေါ်ဂရုတစ်စိုက်ရှိလှပြီး စာနာမှု
အပြည့်နဲ့ ကမ်းလင့်လာတဲ့ မေတ္တာလက်များအတွက်… ကြည်နူးမှုအပြည့်နဲ့ ကျရတဲ့ “ပီတိ”မျက်ရည်စက်
များပါဘဲ….။
သူ့ရင်ထဲမှာကျေနပ်မှု အပြည့်နဲ့ပါ။
သူကိုယ်တိုင်လည်း သိပြီးဖြစ်သလိုဆရာများနဲ့ ဆေးခန်းတာဝန်ရှိသူများလဲ သိပြီးဖြစ်ပါလိမ့်မယ်
သူဟာ သေလူပါ ။ ဒါပေမယ့် သူကျေနပ်ပါတယ် …၀မ်းသာတယ်…ပီတိဖြစ်တယ်…
သူသေရရင်တောင်… လူသားတစ်ယောက်ရသင့်တဲ့ အပြည့်အ၀ စောင့်ရှောက်ကုသမှုကို ခံယူရတဲ့အတွက် …သူ.. ကျေနပ်ပါတယ်…စိတ်ချမ်းသာပါတယ်…
သူဟာ. အခမဲ့ဆေးခန်းလေးမှာ ( ၆ ) လလောက် လာရောက်ကုသမှုခံယူသွားပါတယ်( .၁၂ . ၀၇)
မှာသူဆုံးပါးသွားပါတယ်..။ဆေးကုသမှုခံယူနေစဉ်မှာဘဲ…သူ့ဆန္န သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့ကိုဓါတ်ပုံရိုက်ခဲ့ပါတယ်..၊သူ့လိုကွမ်းချစ်သူများကိုဆင်ခြင်နိုင်ဖို့ မှတ်တမ်းနဲ့ဓါတ်ပုံအတွက် ကြည်ဖြူစွာခွင့်ပြုချက်ပေးခဲ့ပြီး သူ့ဘ၀နဲ့ရင်းခဲ့ရတဲ့ သင်္ခန်းစာတစ်ခုကို အများသိရှိနိုင်စေဖို့ ခုလိုတင်ပြပေးရခြင်းပါ…။