:include data='blog' name='google-analytics'/>

Saturday, November 29, 2014

အဖု၊ အကြိတ်၊ အသားသီးများအတွက် သဘာဝဆေးနည်းများ



အရေပြားပေါ်မှ အသားသီးများကို အောက်ပါ သဘာဝဆေးနည်းများဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
...
ဆေးနည်း (၁) ကြက်ဆူဆီ
၁။ ကြက်ဆူဆီကို မုန့်ဖုတ်သည့် ဆော်ဒါရည်အနည်းငယ်နှင့် ရောစပ်ကာ ခပ်ပျစ်ပျစ်လေး အနှစ်ရအောင် ရောသမမွှေပါ။
၂။ သံပုရာဆီအနည်းငယ် ထည့်၍ ရောမွှေပါ။
၃။ ၄င်းဆေးအနှစ်ကို အသားသီး၊ အဖု၊ အကြိတ်ပေါ်ကို သုတ်လိမ်း၍ အ၀တ်ပါးပါးဖြင့် စည်းထားပါ။
အနည်းငယ် စပ်ဖျင်းဖျင်းလေး ခံစားရမည်။ စိုးရိမ်စရာမလိုပါ။ ၃ ပတ်မှ ၄ ပတ်ခန့်ထိ နေ့စဉ် လိမ်းပေးပါက အဖုအကြိတ်နှင့် အသားသီးများ ပျောက်ကွယ်သွားမည်။


ဆေးနည်း (၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို ဂွမ်းစဖြင့် အနည်းငယ်ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ ဆေးလိမ်းပြီး ၃ မိနစ်ခန့်အကြာမှာ စပ်ဖျင်းဖျင်း ဖြစ်လာမည်။ ခဏနဲ့ ပြန်ပျောက်ပါမည်။ ၃ ပတ်ခန့် နေ့စဉ် လိမ်းပေးပါက အသားသီးများ အမြစ်ပြတ် ပျောက်ကွယ်သွားပါမည်။


ဆေးနည်း (၃) လက်ဖက်ဆီ
လက်ဖက်ပင်မှ ဆီကို ၀ါဂွမ်းဖြင့် ဆွတ်ယူပြီး အသားသီးပေါ်ကို လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ ၃ ပတ်ခန့် လိမ်းပေးပါက အသားသီးများ ပျောက်ကင်းသွားပါမည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများနှင့် Good Health
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
See More

Tuesday, November 25, 2014

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ခရမ်းသီးဟာဆိုရင် သင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံ များထဲမှ တစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုး များစွာ ပေးကြောင်း သိရပါတယ်။ ခရမ်းသီးမှ ရရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့
(၁) ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။

(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။
(၃) ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) အာရုံကြော ရောဂါများအတွက် ကောင်းမွန်ပါတယ်။
(၅) ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) မှတ်ဥာဏ်ကောင်းစေ ပါတယ်။
(၈) သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။
 

Friday, November 21, 2014

ခါးနာသက်သာစေမည့် သဘာဝကုထုံး




ခါးနာသက်သာစေမည့် သဘာဝကုထုံး
----------------------------------------------
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်...းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။
ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။
မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။
လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။
ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။
ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ၁။ မြန်မာ့ဆေးကျမ်း ၂။ How to cure for waist.
ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Wednesday, November 19, 2014

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

 

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ
သင်္ဘောသီး မှည့်ဟာ ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့-
(၁) အသားအရေကို လှပါစေပါတယ်။...
(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။
(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၄) ဝမ်းကို ပျော့စေပါတယ်။
(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင် ပါတယ်။
(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။
(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။
ကျော်လင်းနိုင်
BY ရိုးရာလေး


Tuesday, November 18, 2014

ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ


ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ
၁။ ခရမ်းသီး
၂။ ကြက်ဟင်းခါးသီး
၃။ ကန်စွန်းဥ
၎။ ဖရုံသီး
၅။ မုန်လာဥ
၆။ ကီဝီသီး
၇။ ပင်လယ်ရေမှော်
၈။ ဂျုံ
အထပ်ဖော်ပြပါ အသီးအနှံ ၈ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် ကင်ဆာမဖြစ်စေဖို့ တားမြစ် ပေးပါတယ်။
Credit - Aung Kham (ရိုးရာလေး)



Sunday, November 16, 2014

ငါးမျက်စိနာအတွက် မရိုးပင်


ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။
...
ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။
ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။
ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။
ကုသနည်း
မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။
၎င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။
တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။
လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
 


Saturday, November 15, 2014

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

22.4.2013


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့   နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက်   ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

www.mmdailystar.com

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်
အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....



၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...



၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွား ပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...



၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...





၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===-------------
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...
www.mmdailystar.com

Friday, November 14, 2014

ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်

 





ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်
-------------------------------------
( ideadigezt.com မှ ဘာသာပြန်ဖော်ပြသည် )
ရှေးကတည်းကအဆင့်ဆင့်လက...်ဆင့်ကမ်းခဲ့တဲ့အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။
ကောင်းကျိုးသာရစေတဲ့အစွမ်းထက်ဖျော်ရည်ဖြစ်ပါတယ်။
ဒီဖျော်ရည်ကို Beetroot ( စတိုးဆိုင်ကြီးများနှင့် သံဈေးတိုတွင်ဝယ်ယူရရှိနိုင်ပါသည် )
၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီးတစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။
သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်
ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး
၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။

(*** ကိုယ်ဝန်ဆောင်များအတွက် --- ကိုယ်ဝန်ဆောင်များလည်းသောက်သုံးနိုင်ပြီး တန်ဆေးလွန်ဘေး ဖြစ်နိုင်သဖြင့် အများအပြား မသောက်သုံးသင့်ပါဘူး၊ Beetrootဟာကိုယ်ဝန်ဆောင်စဉ်စားသောက်နိုင်ပြီး ထိုမှ ဖောလစ်၊သံဓါတ်၊ ဗီတာမင် အေ၊အီး တို့ပါဝင်ပြီး အသည်းကိုကျန်းမာစေနိုင်သလို ကိုယ်ဝန် ဆောင်နေစဉ်သွေးကိုလည်းပိုမိုသန့်စင်ပေးပါတယ်။ Beetroot ကို ဖုတ်ပြီးစားနိုင်သလို ပြုတ်ပြီးလည်းစားသုံးနိုင်ပြီး ကိုယ်ဝန်ဆောင်နေစဉ်စားသုံး သင့်တဲ့အကောင်းဆုံး အစားအစာ တစ်ခုဖြစ်ပါသည်။
ဒါပေမယ့်အလွန်အကျွံ့ စားသုံးရင်တော့ မအီမသာဖြစ်ခြင်း၊ ၀မ်းပျက်ခြင်း၊ ထိုဥမှာပါဝင်သော နိုက်ထရိတ်ဓါတ်မှ ပို့အန်ချင်စိတ်ဖြစ်ခြင်း၊အားပျက်သကဲ့သို့ခံစားရခြင်းများ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်များ အနေဖြင့် Beetrootတစ်မျိုးထဲစားခြင်းထက် အခြားအရသာရှိသောအသီးအနှံ့ ဟင်းရွက်များဖြင့်တွဲဖက်စားသုံးသင့်ပါသည်။***)
ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့
( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊
ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။
ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း
ကာကွယ်ပေးပါတယ်။
( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊
မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။
( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်
တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။
( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။
( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။
ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို
ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။
ရောဂါတော်တော်များကို သက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလို
ဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။
ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်
နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။
၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။

Tuesday, November 11, 2014

ဆီးချို သွေးချို ကာကွယ်ဖို့ သင်္ဘောသီးစိမ်းရေနွေး















ယခုရက်ပိုင်းအတွင်းခေတ်စားလာသော
ဆေးမီးတို( ဆေးနည်းတို )တစ်ခုအကြောင်းတင်...
ပြလိုက်ပါသည်။ပုပ္ပားတောင်သို့ဘုရားဖူးသွားရင်း
ဆီးချိုတက်၍မေ့လဲကျသွားသော အမေသိန်း(နန်း
ရှေ့ကန်ကောက်သစ်ရွာ)မှဤနည်းကိုပြောပါသည်။

အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူး
ကုဆရာဝန်ကြီးများပြပြီးဆေးစားနေသည်မှာ၂နှစ်
ကျော်ရှိပြီဖြစ်ပါသည်။ခါတိုင်းလည်းဆီးချိုတက်လျှင်
မူးလဲနေကျဖြစ်ပါသည် ။
ပုပ္ပားတောင်စောင်းတန်းမှအမေကြီးတစ်ဦးမှ
သူ့ကိုပွေ့ချီထားခိုင်းပြီးသင်္ဘောသီးစိမ်းအဆင်သင့်
ကိုခေါင်းပိုင်းမှဖြတ်။အတွင်းမှအစေ့နုများကိုဇွန်းဖြင့်
ခြစ်ထုတ်ပြီးနောက်ဆူနေသောရေနွေးအဖြူလောင်း
ထည့်ပြီးပိတ်ထားပါသည်။၁၅မိနစ်ခန့်ထားပြီးနောက်
သွန်ငှဲ့ပြီးအနည်းငယ်အအေးခံ၍တိုက်ပါသည်။
သင်္ဘောသီးကိုလွှင့်မပစ်ရပါရေနွေးပြန်ပြန်ဖြည့်
ပြီးတစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။
ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်
အပြင်သွေးယားရောဂါ။ အိပ်မပျော်သောရောဂါနှင့်
အစာအိမ်ရောဂါအချို့တို့ပါပျောက်ကင်းသူများရှိသည်
ဟုဆိုပါသည်။
အမေသိန်းသည်ဤနည်းကိုယုံယုံကြည်ကြည်
ဖြင့်တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက်နေ့စဉ်စစ်ဆေး
နေသောဆီချို မှာလုံးဝမတက်တော့ဟုဆိုပါသည်။
ဤနည်းအတိုင်းလုပ်ဆောင်ပုံကိုတင်ပြပေးသူ
ဆရာမဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့ပုံကို
တင်ပြထားပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်း
ဟုယူဆ၍တင်ပြပါသည် ။

Monday, November 10, 2014

ဆီးချိုသွေးချိုရောဂါအတွက် ဗောက်သီးပင်




ဆီးချိုသွေးချိုရောဂါအတွက် ဗောက်သီးပင်
-----------------------------------------------
ဒီအပင်ကို လမ်းဘေးတွေမှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဗောက်ပင် ဖြစ်ပါတယ်။ အ...ချို့ကတော့ ဘောင်သီးလို့ခေါ်ပါတယ်။
ဗောက်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် B1 and B3 တို့ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါအပြင် ရောင်ရမ်းမှုဝေဒနာများ၊ အဆုပ်နာများကိုလည်း သက်သာစေပါတယ်။ ကင်ဆာကိုဖြစ်စေသည့် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများ ပါဝင်နေပါတယ်။
ဒီအပင်ရဲ့ ပဉ္စငါးပါးစလုံးကို ဆီးချိုသွေးချိုရောဂါအတွက် အသုံးပြုနိုင်ပါတယ်။ အသီးကိုလည်း စားနိုင်ပါတယ်။ ခရမ်းချဉ်သီးအရသာ ရှိပါတယ်။ မှည့်နေသည့်အသီးများ ချိုသည့်အတွက် ကလေးများ ကြိုက်ကြပါတယ်။ ဆေးဖက်ဝင်သည့်အတွက် နိုင်ငံခြားမှာဆိုရင် ကိတ်မုန့်ပေါ်တင်ထားပြီး စားသုံးကြပါတယ်။
ဆီးချိုအတွက် ဆေးနည်း
၁။ အပင်၊ အရွက်၊ အမြှစ်၊ အသီး၊ အပွင့်တို့ကို လက်တစ်ဆုပ်စာလောက် ခူးပြီး ရေစင်အောင်ဆေးကြောလိုက်ပါ။
၂။ ရေ ၃ခွက် ၁ ခွက်ကျန်တဲ့အထိ ကျိုလိုက်ပါ။
၃။ လက်ဖက်ရည်ခွက် တစ်ခွက်စာခန့်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပါ။
အရသာခါးလွန်းရင် ထန်းလျက်ခဲအနည်းငယ်နှင့် သောက်ပါ။ တစ်လခန့် သောက်ပါက ဆီးချိုသွေးချိုရောဂါ သက်သာသွားပါမည်။
ဦးနေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များ
ကျန်းမာရေးသတင်းများ
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Thursday, November 6, 2014

ဝိုက်ချလား မောက်ချလား

ဝိုက်ချလား မောက်ချလား
Friday, October 24, 2014
Written by မောင်ခင်မင် (ဓနုဖြူ)

တစ်နေ့တွင် တူတော်မောင်က သူ့မိတ်ဆွေ တစ်ယောက်ကို ခေါ်လာသည်။ သူ့အရွယ် လူငယ်တစ် ယောက်ဖြစ်သည်။ ကျွန်တော်နှင့် မိတ်ဆက်ပေးပြီး “သူက ကွန်ပျူတာသုံး မြန်မာစာစနစ်ကို လေ့လာ နေတာပါ။ မြန်မာစာလုံးတွေရေးပုံနဲ့ ပတ်သက်ပြီး ဦးကို မေးချင်တာတွေ ရှိတယ်ပြောလို့ ခေါ်လာတာပါ ဦး” ဟု ရှင်းပြသည်။

“ဝမ်းသာပါတယ်ကွယ်။ ကွန်ပျူတာသုံးမြန်မာစာ စနစ်ကို အကောင်အထည်ဖော်နေတဲ့ လူငယ်တချို့ နဲ့ မြန်မာစာအရေးအသား စနစ်အကြောင်း ဆရာဆွေးနွေးဖူးပါတယ်။ မြန်မာအက္ခရာတွေ ရေးပုံသားပုံ တစ်ပြေးညီဖြစ်ဖို့ သူတို့ကြိုးစားနေတာ သိလိုက်ရတယ်။ အခု . . . .သားကဘာများ မေးချင်တာပါလိမ့်”

“ဟုတ်ကဲ့ဆရာ။ ကျွန်တော်လည်း ဆရာပြောသလို အက္ခရာရေးပုံတွေကို တော်တော်လေ့လာပြီးပါပြီ။ အခုကျွန်တော့်စိတ်ထဲမှာ သိပ်မရှင်းသေးတာက ရေးချနှစ်မျိုးသုံးပုံပါ ဆရာ”

“သြော် . . . ဝိုက်ချနဲ့ မောက်ချသုံးပုံကို ပြောတာထင်တယ်”

“ဟုတ်ပါတယ် ဆရာ။ မြန်မာဗျည်းတွေထဲက ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ဆိုတဲ့ဗျည်းခြောက်လုံးကို ရေးချရင်ဝိုက် ချမသုံးရဘူး။ မောက်ချပဲ သုံးရတယ်ဆိုတဲ့ စည်းကမ်းချက်ကို ကျွန်တော်သိထားပါတယ်”

“အဲဒီဗျည်းတွေကို ဘာဖြစ်လို့ဝိုက်ချနဲ့မရေးရတာလဲ သိမှာပေါ့နော်”

“သိပါတယ်ဆရာ။ အဲဒီဗျည်းတွေကို ဝိုက်ချနဲ့ရေးရင် တခြားဗျည်းတွေနဲ့ ဆင်တူယိုးမှားဖြစ်နိုင်လို့ပါ။ ခ ကိုဝိုက်ချနဲ့ရေးရင် ဆနဲ့မှားနိုင်ပါတယ်။ အဲဒီလိုပဲ၊ ဂကို ဝိုက်ချရင် ကနဲ့တူပါတယ်။ ငကိုဝိုက်ချရင်လည်း ကနဲ့တူတာပါပဲ။ ဒ ကို ဝိုက်ချရင် အ၊ ပ ဝိုက်ချရင် ဟ၊ ဝ ကိုဝိုက်ချရင် တနဲ့မှားနိုင်ပါတယ်ဆရာ”

“ဟုတ်ပါပြီ။ အဲဒါကဝိုက်ချနဲ့မရေးရတဲ့အကြောင်းအရင်းပေါ့။ မောက်ချနဲ့ရေးရင်တော့ တခြား စာလုံး တွေနဲ့ မမှားနိုင်ဘူးပေါ့ကွယ်။ ကဲ . . . .မောက်ချနဲ့ ရေးပြစမ်းပါ”

ကျွန်တော့်က စာရွက်တစ်ရွက်ပေးလိုက်သည်။ သူကဤသို့ရေးပြပါသည်။ ‘ခါ၊ ဂါ၊ ငါ၊ ဒါ၊ ပါ၊ ဝါ’

“ဟုတ်တာပေါ့။ မောက်ချနဲ့ရေးတော့ ဝိုက်ချလို မမှားနိုင်ဘူးပေါ့။ ဒါထက် . . . ဝိုက်ချ၊ မောက်ချဆိုတဲ့ အဓိပ္ပာယ်တွေရော သားသိတယ်မဟုတ်လား”

“သိပါတယ်ဆရာ။ ရေးချကိုရေးတဲ့အခါ ဝိုက်ဝိုက်ကလေးချလို့ ဝိုက်ချ၊ အပေါ်က မောက်မောက် က လေးမိုးပြီးချလို့ မောက်ချ လို့ခေါ်တာပါ”

“သားပြောပြတာ တော်တော်သရုပ်ပေါ်သွားပြီ။ ဒါဆိုရင်သားသိပ်မရှင်းသေးဘူးဆိုတာ ဘယ်အပိုင်းပါ လိမ့်”

“အဲဒီဗျည်းခြောက်လုံးကို တစ်လုံးချင်းရေးရင် မောက်ချနဲ့ရေးရတာတော့ သိပါပြီ။ အဲဒီဗျည်းတွေကို ယပင့်တို့ ရရစ်တို့ဝဆွဲတို့ တွဲနေရင်ကောဝိုင်ချနဲ့ ရေးရမှာလား၊ မောက်ချနဲ့ရေးရမှာလားဆိုတာ စိတ်ထဲ မှာ သိပ်မသဲ ကွဲဘူးဆရာ”

“ဟုတ်ပြီ။ သားပြောသလို ယပင့်၊ ရရစ်၊ ဝဆွဲတွေတွဲနေတာကို ဗျည်းတွဲလို့ ခေါ်တာပေါ့။ ကဲ-နမူနာအနေနဲ့ ခ ဗျည်းကိုအဲဒါတွေတွဲပြီး ရေးကြည့်စမ်းပါ။

“ဟုတ်ကဲ့။ ခ ကို အဲဒါတွေတွဲရေးရင် ချ၊ ခြ၊ ခွ ဖြစ်လာပါတယ်” သူကပြောရင်း ရေးပြသည်။

“အဲဒီဗျည်းတွဲတွေကို ဝိုက်ချနဲ့ရေးရမလား မောက်ချနဲ့ရေးရမလားဆိုတာ မစဉ်းစားခင် သားကို တစ်ခု မေးရ ဦးမယ်။ ဒီပြင့် ဗျည်းတွေကိုဝိုက်ချနဲ့ရေးလျက်သားနဲ့ အဲဒီဗျည်းခြောက်လုံးကိုမှ မောက်ချနဲ့ရေးရ တာ ဘာကြောင့်လဲသား”

“ဒီ့ပြင်စာလုံးတွေနဲ့ ဆင်တူယိုးမှားဖြစ်မှာစိုးလို့ပါ ဆရာ”

“နောက်တစ်ခုမေးဦးမယ်။ အဲဒီဗျည်းခြောက်လုံးမဟုတ်တဲ့ ကျန်တဲ့ဗျည်းတွေကိုကျတော့ ဘာဖြစ်လို့ မောက်ချနဲ့ မရေးတာလဲ”

“ဝိုက်ချနဲ့ရေးပေမယ့် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်တဲ့အတွက် မောက်ချနဲ့ ပြောင်းရေးစရာမလို လို့ပါဆရာ။ ကျွန်တော်အဲဒီလိုထင်ပါတယ်”

“ဒီလိုဆိုရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်တဲ့အတွက် မောက်ချနဲ့ ပြောင်းရေးစရာမလိုလို့ပါ ဆရာ။ ကျွန်တော်အဲဒီလိုထင်ပါတယ်”

“ဒီလိုဆိုရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်ရင် ဝိုက်ချနဲ့ရေးပြီး ဆင်တူယိုးမှားဖြစ်မှ မောက်ချ နဲ့ ပြောင်းရေးတယ်လို့ ဆိုရမှာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“ကဲ - ခုနသားရေးထားတဲ့ ‘ချ၊ ခြ၊ ခွ’ တွေကိုဝိုက်ချနဲ့ရေးရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားဖြစ်စရာရှိမ လား”

“မရှိပါဘူးဆရာ။ ကျွန်တော်ရေးပြပါမယ်။ ‘ချာ၊ ခြာ၊ ခွာ’ ဖြစ်သွားပါတယ်”

“ကဲ-ရှင်းသွားအောင် ကျန်တဲ့ဗျည်းငါးလုံးကိုလည်း ယပင့်ရရစ်ဝဆွဲတွေတွဲပြီး ဝိုက်ချနဲ့ရေးကြည့်ပါဦး”

“ဟုတ်ကဲ့ပါ။ ‘ဂျာ၊ ဂြာ၊ ဂွာ၊ ငျာ၊ ငြာ၊ ငွာ၊ ဒျာ၊ ဒြာ၊ ဒွာ၊ ပျာ၊ ပြာ၊ ပွာ၊’ ဝ ကိုတော့ အဲဒါတွေတွဲလို့မရ ပါဘူး”

“ဟုတ်ပါပြီ။ သားအခုဝိုက်ချနဲ့ရေးထားတဲ့ဗျည်းတွဲတွေဟာ တခြားစာလုံးတွေနဲ့ ဆင်တူယိုးမှားဖြစ်နိုင် သလား”

“အင်း . . . . မဖြစ်နိုင်ပါဘူးဆရာ”

“ဒါဆိုရင် မောက်ချနဲ့ပြောင်းရေးစရာမလိုဘူးပေါ့”

“ဟုတ်ကဲ့။ ဒါတော့ရှင်းသွားပါပြီ။ အဲဒီဗျည်းတွေနဲ့ တခြားဗျည်းတွေ နှစ်လုံးဆင့်ရေးတာမျိုးလည်း ရှိပါ တယ်။ အဲဒီစာလုံးဆင့်တွေကိုရော ဝိုက်ချနဲ့ပဲရေးရမယ် ထင်တယ်နော်”

“သားပြောတဲ့ စာလုံးဆင့်တွေ ရေးကြည့်လိုက်လေ”

“ဟုတ်ကဲ့။ ကျွန်တော်လေ့လာမိသလောက်တော့ အဲဒီဗျည်းခြောက်လုံးထဲက ဂ၊ ဒ၊ ပ ဗျည်းသုံးလုံးကို တခြားဗျည်းပေါ်ကဆင့်ပြီး ရေးပါတယ်။

ဒီလိုပါ။ ‘ဂွ၊ ဂ္ဃ၊ ဒ္ဒ၊ ဒ္ဓ၊ ပ္ပ၊ ပ္ဖ’ ဟုရေးပြသည်။

“ဟုတ်ပြီ။ အဲဒီစာလုံးဆင့်တွေကို ဝိုက်ချနဲ့တွဲရေးကြည့်လေ”

“ဟုတ်ကဲ့ ရေးပါပြီ။ ဂွာ၊ ဂ္ဃာ၊ ဒ္ဒာ၊ ပ္ပာ၊ ပ္ဖာ အဲဒီစာလုံးတွေဖြစ်လာပါတယ် ဆရာ”

“အဲဒီလို ဝိုက်ချနဲ့ရေးရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားဖြစ်စရာရှိသလား”

“မရှိပါဘူးဆရာ”

“ဒါဆိုရင် စာလုံးဆင့်တွေကိုလည်း ဝိုက်ချနဲ့ပဲရေးရမယ်။ မောက်ချနဲ့ပြောင်းရေစရာ မလိုဘူးပေါ့”

“ဟုတ်ကဲ့ပါ”

“ကဲ . . . . ဒီလိုဆိုရင် အစအဆုံးပြန်ခြုံကြည့်ရအောင်၊ ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ဆိုတဲ့ ဗျည်းခြောက်လုံးကို တစ်လုံး ချင်းရေးရင်တော့ မောက်ချနဲ့ရေးရမယ်။ အဲဒီဗျည်းတွေကို ယပင့်၊ ရရစ်၊ ဝဆွဲတွဲတဲ့ ဗျည်းတွဲ တွေဖြစ်နေ ရင်တော့ ဝိုက်ချနဲ့ပဲရေးရမယ်။ အဲဒီစာလုံးတွေပါတဲ့ စာလုံးဆင့်တွေကိုလည်း ဝိုင်ချနဲ့ပဲရေး မယ်ဆိုတဲ့ ဥပဒေသတွေထွက်လာတာပေါ့ကွယ်။ ပြီးတော့ဝိုက်ချက ဗျည်းအများစုနဲ့ သုံးရတာမို့မောက် ချထက် အရင်းခံကျတယ်လို့ ဆိုရမှာပေါ့”

“ရှင်းပါပြီဆရာ။ ဒီလိုဆိုရင် ဒီဥပဒေသဟာ ရေးချပါတဲ့ သဝေထိုးရေးချ (ေ-ာ) နဲ့ သဝေထိုးရေးချရှေ့ ထိုး (ေ-ါ်) ဆိုတဲ့ စာလုံးတွေနဲ့လည်း အကျုံးဝင်တာပေါ့နော်”

“ဒါပေါ့။ တစ်လုံးချင်းဆိုရင် ‘ဒါ၊ ဂါ၊ ငါ၊ ပါ၊ ဝါ’ လိုပဲ ‘ခေါ၊ ဂေါ၊ ဝေါ်’ ရောမောက်ချနဲ့ရေးပြီး ကျန်တဲ့ဗျည်း တွေ ကိုတော့ ဝိုက်ချနဲ့ပဲရေးရမယ်လို့ မှတ်နိုင်တာပေါ့”

“ကျွန်တော်မရှင်းတဲ့အချက်တွေထဲမှာ စာလုံးတချို့ရေးပုံပါပါတယ်ဆရာ”

“ဘာတွေပါလိမ့်”

“ဒီဥပဒေသအရ ဒ ပါတဲ့ဗျည်းတွေနဲ့ စာလုံးဆင့်ဆိုရင် ဝိုက်ချနဲ့ပဲရေးရမယ်မဟုတ်လား ဆရာ”

“ဟုတ်တယ်လေ”

“ဒါပေမယ့် ဒွာရတို့ သဒ္ဒါကျမ်းတို့ သဒ္ဓါတရားတို့ကို အခုလိုမောက်ချတွေနဲ့ ရေးတာရော၊ ပုံနှိပ်စာလုံး ရော၊ ကွန်ပျူတာစာလုံးရော တွေ့နေရပါတယ်ဆရာ၊ တကယ်တော့ အဲဒီစာလုံးတွေကို ဝိုက်ချနဲ့ရေးရ မှာပေါ့” သူကပြောရင်း ရေးပြသည်။

“ဟုတ်ပါတယ်။ အဲဒီစာလုံးတွေကိုမောက်ချနဲ့ အစဉ်အဆက်ရေးလာကြတယ်ဆိုတော့ မှန်တယ်ထင် ကြတာပေါ့။ တကယ်တော့ ဒွာရ သဒ္ဒာကျမ်း၊ သဒ္ဓာတရားလို့ ဝိုက်ချနဲ့ရေးမှ ဒီဥပဒေသနဲ့ ညီညွတ်မှာ ပါ။ ဆရာသိသလောက်က မြန်မာစာအဖွဲ့ကလည်း အဲဒီလိုရေးတာကို လက်ခံပါတယ်”

“ကွန်ပျူတာသုံး မြန်မာစာအနေနဲ့ စနစ်တစ်ခုကို တစ်ပြေးညီသုံးဖို့ လိုအပ်ပါတယ်ဆရာ။ ဒီလိုဆိုရင် အဲဒီစာလုံးတွေ ရေးပုံကိုလည်းအသုံးဝင်အောင် ကြိုးစားရမှာပေါ့နော် ဆရာ”

“ဟုတ်ပါတယ်။ သတိထားပြီးရေးရင် ညီသွားမှာပါပဲ”

“နောက်တစ်ခုက မောက်ချနဲ့ ပြောင်းရေးစရာမလိုတဲ့ စာလုံးတွေကိုလည်း မောက်ချနဲ့မရေးမှ တစ်ပြေး ညီဖြစ်မှာပါ ဆရာ”

“အင်-သတိထားမိသလောက် ‘ဓား’ တို့ ‘ဖား’ တို့လိုမောက်ချနဲ့ရေးတာမျိုးတွေရှိနေတယ်။ ‘ဓား၊ ဖား’ လို့ရေးမှ တစ်ပြေးညီဖြစ်မှာပေါ့။ အသုံးတွင်လာအောင် ပြင်စရာရှိတာ ပြင်ရေးရမှာပေါ့ကွယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”။ ။


မြန်မာ့အလင်းသတင်းစာ
စက်တင်ဘာ (၂၈) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

Sunday, November 2, 2014

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ 

၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း 
၂။ မနက်တွင် ဆီးမသွားခြင်း

၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း 

၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ) 
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း

၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း 
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း 

၉။ အရက်သောက်သုံးခြင်း

အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။ 

Ref: healthcare
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#aungkham_yyl
#health_yyl
.

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ
၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း
၂။ မနက်တွင် ဆီးမသွားခြင်း

၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း
၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစားများခြင်း
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။
Ref: healthcare
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com