:include data='blog' name='google-analytics'/>

Thursday, July 30, 2015

ဆီးချိုရောဂါသမားတို့အတွက်သတင်းကောင်းပါ

ဆီးချိုရောဂါသမားတို့အတွက်သတင်းကောင်းပါ
===============================
ဦးဇင်းရဟန်းအစ်မတစ်ယောက်က အသံတိတ် လူသတ်ရောဂါလို့နာမည်ကြီးတဲ့ ဆီးချိုရောဂါ ရှိပါတယ်။ ငွေကြေလည်းပြည့်စုံတော့ အင်္ဂလိပ်ဆေးတွေသောက်နေရပါတယ် တစ်ခါဝယ်ရင် သောင်းဂဏန်း သိန်းဂဏန်းထိကုန်ကျပါတယ်။
အသက်ကို ငွေနဲ့ဝယ်ထားရတယ်ဆိုရင်လည်း မမှားပါဘူး။ ဒီဝေဒနာကိုခံစားနေရတာ ဦးဇင်းကို သိက္ခာမထပ်ခင်ကဆိုပါတော့ အခုဆို ၆ နှစ်မကတော့ပါဘူး။ ဦးဇင်းလည်းဒီဝေဒနာခံစားနေရတာ မကြည့်ရက် လို့ ငွေကြေးလည်းသက်သာ ဆိုးကျိုးလည်း မဖြစ်မယ့် ဆေးနည်းတွေရှာပေးပါတယ်။
ရုံးပတေသီး ရေစိမ်သောာက်နည်း၊ သင်္ဘောသီးအစိမ်းကို ရေနွေးဖြင့်သောက်နည်း တွေကိုလမ်းညွန်ပေးပါတယ်။ သင်္ဘောသီးကိုရေနွေးစိမ်းသောက်တာ တစ်ပတ် နှစ်ပတ်လောက်ကြာပါတယ်... မသက်သာပါဘူး။
ဆီးချိုတစ်ခါတက်ရင် ၅၀၀ထိတက်ပါတယ်။ ဒီလောက်ဆီးချိုတက်ရင် ခေါင်းမထူနိုင်တော့ပါဘူး ။သာမန်လူတစ်ယောက်ဆိုရင် လေဖြတ်ရုံတင်မက အသက်ပါသွားနိုင်တဲ့အခြေနေပါပဲ ။ သူကတော့ ကုသိုလ်ကောင်းမှုတွေများနေလို့လား ဒါမှမဟုတ် ဒီရောဂါကိုခံနိုင်ရှိသွားလို့လား မပြောတတ်ပါဘူး ။
အင်္ဂလိပ်ဆရာဝန်နှင့်ပြလိုက်လျှင်သက်သာ သွားပါတယ်... ၃၀၀ထိပြန်ကျသွားပါတယ် ။
လွန်ခဲ့တဲ့ ၂၀၁၄,၁၂ ပိုင်းက ရဟန်းအစ်မနှင့်အတူ ပဲခူး ကျောက်တန်း မဟာဗောဓိတောရကျောင်း ဆယ်ရက်တရားစခန်းပွဲမှာ တစ်ညအိပ် အချိုပွဲသွားလှူကြပါတယ်။
တောရကျောင်းမှာ ဦးဇင်းကို ပထမဦးဆုံးရဟန်းခံပေးတဲ့ ရဟန်းအစ်မနဲ့ တွေလို့ ရဟန်းအစ်မနှစ်ယောက် စကားကောင်းနေကြပါတယ်။ စကားပြောရင် စပ်မိလို့ဆီးချိုရောဂါဘက်ရောက်သွားပါတယ်။
ပဲခူးကရဟန်းအစ်မက သူဆီမှာဆီးချိုရောဂါရှိနေကြောင့် အချိုမှန်သမျှဘာမှ မစားရကြောင့် စာချင်ရက်နဲ့မစားရတာ ရှေးဘဝကသူများစား တာကိုမနာလိုခဲ့လို့ဖြစ်မီထင်ကြောင့် ဆီးချိုတစ်ခါ တက်ရင် အနည်းဆုံး ၃၅၀ထိရှိကြောင့် အသက်ကိုငွေနဲ့ဝယ်ထားရကြောင့် စသည်ဖြင့် ပြောပြပါတယ် ။
ကျောက်တန်းကရဟန်းအစ်မလည်း သူ့ရဲအဖြစ်ပျက် လက်တွေ့တစ်ခုကိုပြောပြပါတယ် ။
သူပြောပြပုံက သူမောင်လေး ဂျပန်မှာ နေစဉ် ဦးဏှောက်ပိုးဝင်ကြောင့် ခွဲစိတ်ဖို့ဆရာဝန်အား ပြကြည့်ရာ ဆီးချိုရှိနေသဖြင့် ခွဲမရဖြစ်နေကြောင့် ဂျပန်ဆရာဝန်က ခရေရွက်ကို သုံးခွက်တစ်ခွက် ကျိုသောက်ရန် တပတ်ပြည့်လျှင်ပြန်လာရန် မှာလိုက်ပါတယ်။
သူ့မောင်လည်း ဂျပန်နိုင်ငံမှာ ခရေပင်လိုက်ရှာကာ ဆရာဝန်မှာထားသည့်အတိုင်း ပြုလုပ်လိုက်ရာ အံ့သြဖွယ်ရာ ဆီးချိုရောဂါ မရှိတော့သဖြင့် ဦးဏှောက်ခွဲစိတ်မှုအောင်မြင် သွားကြောင့်ပြောပြပါသည် ။
ပဲခူးကရဟန်းအစ်မလည်း ခရေရွက်ကို သုံးခွက်တစ်ခွက်ကျိုသောက်လိုက်ရာ အခုဆိုရင် အတော်သက်သာသွားသည် ။ဆီးချိုပြန်တိုင်းလိုက်ရင် ၁၅၀ ထိပဲကျန်တော့သည် ။
ပိုက်ဆံအကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးလည်းမဖြစ် ဘယ်လောက်ကောင်းလိုက်သနည်း ။
ခရေပင်က မြို့တိုင်း ရွာတိုင်း အပိုင်းတိုင်းမှာ ရှိပါတယ်။လိုက်ရှာစရာလိုမယ်မထင်ပါဘူး။
ဒါပေမယ့်ဆီးချိုရောပျောက်တယ်လို့တော့ လူတိုင်းသိမယ်မထင်ပါဘူး ။
ဦးဇင်းတို့ကျောင်းမှာလည်းတန်စီပြီးစိုက်ထားပါတယ် အရိပ်ရအောင်ရယ် ပန်းမွှေးတာကြောင့် ရယ် ဆိုပြီးစိုက်ထားတာပါ ဦးဇင်းလည်း ဆေးဖက်ဝင်တယ်ဆိုတာကို လက်တွေ့မှဘဲ သိတော့တယ်ဗျာ။
တန်ဖိုးမရှိပေါများတယ် ဆိုရင် လူတွေက အထင်မကြီးတာမဆန့်ပါဘူး ဈေးကြီးပြီး တန်ဖိုးမရှိတာကို အထင်ကြီးတတ်တာလည်းမဆန်းပါဘူး။ အထင်မကြီးလို့ မလိုက်နာလည်း မလိုက်နာသူရဲတာဝန်ပါပဲနော် ။
ဆေးသမားတော်ကြီးဆရာဇီဝက.က သူ့ဆရာရဲ့အမေးကို ပြန်ဖြေသလိုပဲ သစ်ပင်တိုင်းက ဆေးဖက်ဝင်ပါတယ် သိသူဖော်စား မသိသူကျော်သွားပေါ့နော် ?
ကဲမိတ်ဆွေတို့လည်း သိသွားပြီ ပြန်လည်းမျှဝေ လိုက်ကြအုံးနော် ကုသိုလ်ရပါတယ် ။
ဦး ကုမာရ
Aye Chan Mon မှကူးယူဖော်ပြသည်။

Wednesday, July 29, 2015

" စိတ်ကောင်းရှိဖို့ က ပထမ "



***တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
" စိတ်ကောင်းရှိဖို့ က ပထမ " လို့ 
သတိပေး ဆုံးမခဲ့ပါတယ်။
စိတ်ထားကောင်းဖို့ ဘယ်လောက်အရေးကြီးသလဲ။
ဒါကို သိဖို့ လိုတယ်။
ဥပမာ. . .
ဆရာလေးတစ်ပါး
တံမြက်လှည်းနေတယ်။
ဒါဟာ
စာရိတ္တသီလဖြည့်ကျင့်နေတာပဲ။
တနည်း ပြောရရင်
အနေကောင်းသူ
ကိုယ့်ကျင့်ကောင်းသူဖြစ်အောင်
ကြိုးစားနေတာ။
သို့ သော်. . .
ဆရာကို ကြောက်လို့  လုပ်နေရတယ်။
အပြစ်ပေးဒဏ်ခံရမှာ စိုးလို့ . .
လုပ်နေရတယ် ဆိုရင်
အညံ့စားကုသိုလ် လောက်ပဲ ရနိုင်တယ်။
နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့
ပါရမီကုသိုလ်မျိုး မဖြစ်တော့ဘူး။
ဒါဟာ. . .
အနေကောင်းပေမယ့်. . .
စိတ်ထားမကောင်းလို့ . . .
ဖြစ်သွားရတာ။
နိဗ္ဗာန်မျက်မှောက်ပြုသည်အထိ
မတိုးတက် မကြီးပွားတာဟာ
စိတ်ထားကြောင့်ပဲ။
ဒုတိယဆရာလေးတစ်ပါးကတော့. . .
စိတ်ထားကောင်းလေးနှင့်
တံမြက်လှည်းတယ်။
တံမြက်လှည်းလိုက်ရင်
ကျောင်းဝန်းတစ်ခုလုံး
သန့်ရှင်းသွားမယ်။
ကျက်သရေရှိသွားမယ်။
ဘုရားရှင် ရဲ့အဆုံးအမကို
လိုက်နာကျင့်သုံးရာ ရောက်မယ်။
ကျောင်းထဲရောက်လာသူတွေ
စိတ်ကြည်လင်ပါစေ။
ကုသိုလ်စိတ်တွေ ဖြစ်ကြပါစေ။
ကျန်းမာချမ်းသာကြပါစေ။
အဲဒီလို. . .
စိတ်ထားကောင်းလေးနှင့်
တံမြက်လှည်းနေတဲ့
ဒီဆရာလေးရဲ့သန္တာန်မှာ
ကုသိုလ်စိတ်တွေ
မေတ္တာစိတ်တွေ
ဝန်းရံနေတယ်။
နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့
ပါရမီကုသိုလ်အထိ. . .
မြင့်တက်သွားတယ်။
ဒါဟာ. . .
ဘာကြောင့်လည်းဆိုတော့. . .
စိတ်ထားကောင်းလို့ 
စိတ်ဓာတ်ဖြူစင်လို့ ။
အနေကောင်းတာချင်း . . .
ကိုယ်ကျင့်ကောင်းတာချင်း အတူတူ
စိတ်ထားလေး ကောင်းလိုက်တာနှင့်
ဘယ်လောက်အထိ ကွာခြားသွားသလဲ။
ဘယ်လောက်အထိ အကျိုးများသွားသလဲ။
ဒါကြောင့်. . .
စိတ်ထားကောင်းဖို့ သိပ်အရေးကြီးပါတယ်။
( အရှင်ဣန္ဒကာဘိဝံသ)
စစ်ကိုင်း မြစကြာကျောင်း။
*****ကိုယ် စိတ် နှလုံးသုံးပါး ရွှင်လန်းချမ်းမြေ့တော်မူကြပါစေရှင်။
မေတ္တာများစွာဖြင့်။

Tuesday, July 28, 2015

သားအိမ်ကင်ဆာ အတွက်ဆေးကောင်းတလက်

နည်းစနစ်ကျကျအတွေးအခေါ်'s photo.
သားအိမ်ကင်ဆာ အတွက်ဆေးကောင်းတလက်
============================
ဆေးရုံကလက်လွှတ်လို့အိမ်ပြန်ခေါ်လာတဲ့လူနာတွေကိုမြန်မာဆေးမီးတိုနဲ့
ကုခါမှအမြစ်ပြတ်ပျောက်သွားတယ်ဆိုတာတွေ...မကြာခဏကြားဖူးပါတယ်။
ခုတစ်ခါလည်းလာပြန်ပါပြီ ၊ သားအိမ်ကင် ဆာဖြစ်လို့ဆေးရုံကလက်လွှတ်တဲ့
လူနာတဲမြန်မာဆေးမီးတိုနဲ့ကုလိုက်တာကောင်းသွားပြန်ပြီတဲ့ လူနာကလည်း
ကျွန်တော်တို့ site ဝင်းထဲမှာဆိုတော့သွား၍မေးဖြစ်ပါသည်။
-
လူနာဖြစ်သူအသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်လှိုင်နှင့်တွေ့ဆုံစကားပြောခဲ့ရပါသည်။
လူနာမှာလန်းဆန်းနေပြီးယခင်ကကဲ့သို့ယောင်ယမ်းကိုက်ခဲခြင်းလဲမရှိ
တော့ကြောင်းစိတ်ရှည်စွာဖြေကြားပေးပါသည်။
-
မြန်မာရွက်ပုန်းသီးဆေးစွမ်းများမှာအံ့မခန်းအစွမ်းထက်လှပေသည်။
နောက်တစ်နေ့တွင်ပို၍သေချာအောင်ခွဲစိတ်အထူးကုဘွဲ့လွန်သင်းတန်းတက်ရောက်
နေသော Dr: မျိုးခန့်ကိုကိုနှင့်အတူလူနာအိမ်သို့ထပ်မံသွားရောက်ခဲ့ပါသည်
ဓာတ်ခွဲခန်းဆေးမှတ်တမ်းများအားထုတ်ပြခဲ့ပါသည် ဆေးမှတ်တမ်းများအရ
Cancer Cell များပျံ့နှံ့နေ၍သားအိမ်ထုတ်ပစ်သော်လည်းအကြောင်းမထူးနိုင်
ကြောင်းဆရာဝန်ကြီးများမှပြောသဖြင့်ဆေးရုံမှဆင်းလာရကြောင်း
အိမ်ရောက်သောအခါယောင်းယမ်းကိုက်ခဲသောဝေဒနာအပြင်းအထန်ခံရကြောင်း
ထမင်းမပြောနှင့်ရေသောက်လျှင်ပင်ပြန်အန်ကြောင်းမထနိုင်ပဲအိပ်ရာထဲ
လဲနေရကြောင်းသေမည့်နေ့ကိုစောင့်မျှော်နေရကြောင်း
နောက်ဆုံးတွင်ဖြစ်ချင်ရာဖြစ်ဆိုပြီးဒီအမြစ်ကိုသွေးပြီးသောက်ကြောင်း
့ဝေဒနာရှင်ကိုယ်တိုင်မှဆေးမြစ်ကိုကိုင်ပြီးရှင်းပြပါသည်
-
ဆေးသောက်ပြီးသည်နှင့်ဝမ်းခေါင်းတစ်ခုလုံးပူရှိန်းသွားပြီးခါး
ဆီးစပ်တို့တွင်စစ်စစ် စစ်စစ်နှင့်တဖြုတ်ဖြုတ်ခံစားရပါသည်
ကျမအထင်အထဲမှအမြစ်များပြတ်သွားသည်ဟုထင်ပါသည်
-
၅ရက်လောက်ကြာတော့အကိုက်အခဲသက်သာပြီးအစာလဲစားနှိုင်လာပါတယ်
ခုဆေးသောက်တာ၁လရှိပါပြီ လုံးဝမကိုက်တော့ပါထမင်းလဲစားကောင်းလို့
ပြန်ဝလာပါပြီဟုဒေါ်ခင်လှိုင်ကရှင်းပြပါတယ်။
-
ဆေးမြစ်အမည် ပျဉ်းမမြစ်(အပွင့်ဖြူပွင့်သော)
သုံးစွဲနည်း ၁ ဆန်ဆေးရေနှင့်သွေး၍စတီး
ဇွန်းသောက်ပါ(တနေ့၃ကြိမ်)၂ အရက်ဆီနှင့်ရော၍လိမ်းပါ....
-

ပျဉ်းပင်အဖြူမမြင်ဖူးသူများမြင်ဖူးအောင်အပင်နှင့်အပွင့်ပါဖော်ပြပေးလိုက်ပါတယ်
အမြစ်လိုချင်သူများကုသိုလ်ဖြစ်အခမဲ့လှူဒါန်းပါ့မည်။ဆက်သွယ်လိုပါက
ဇင်မင်းဦး အင်းစိန်(၀၉၄၄၈၀၀၉၇၅၇)
Credit to April Mg Mg lay

Monday, July 27, 2015

ကလေးငယ်များ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အစားအသောက်များကို ကျွေးမွေးရန်လို

ကလေးငယ်များ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အစားအသောက်များကို ကျွေးမွေးရန်လို
==================================================
ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အတွက် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အကြိမ်အရေ အတွက်အတိုင်း အစားအသောက် များ ကျွေးမွေးသင့်ကြောင်း ယူနီ ဆက်ဖ်မြန်မာမှ Nutrition Specialist ဖြစ်သူ ဒေါက်တာကျော်ဝင်း စိန်က ပြောသည်။
အသက်အရွယ်အလိုက် ဖြည့်စွက်စာကျွေးရန်လို
*****************************************************
အသက်ခြောက်လမှ ရှစ်လ အတွင်းရှိ ကလေးများအား တစ်နေ့ လျှင်သုံးကြိမ်၊ ကိုးလမှ ၁၁လအထိ ကလေးငယ်များအား တစ်နေ့လျှင် လေးကြိမ်နှင့် အသက်တစ်နှစ်နှင့် အထက်ကလေးများအား ထမင်း၊ ဟင်းကို တစ်နေ့သုံးကြိမ်နှင့် သရေ စာကို နှစ်ကြိမ်ခန့်ကျွေးသင့်ကြောင်း သရေစာကျွေးရာတွင်လည်း ဆန် နှင့်ပြုလုပ်ထားသောမုန့်များနှင့်အသီး အနှံများကိုသာ ကျွေးသင့်ကြောင်း သိရသည်။
''မိခင်နို့က မွေးကင်းစကလေး တွေအတွက် အကောင်းဆုံးအာဟာရ ပါ။ မွေးပြီးနာရီဝက်အတွင်းမိခင်နို့ ကို စတင်တိုက်ပါ။ မီးဖွားပြီးတစ် ရက်နှစ်ရက်မှာ ထွက်တဲ့မိခင်ရဲ့နို့ရည် ကြည်(နို့ဦးရည်)ကို တိုက်ဖြစ်အောင် တိုက်ပါ။ ညှစ်မပစ်ပါနဲ့။ ကလေး အသက်ခြောက်လအထိ မိခင်နို့တစ် မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ရေ အပါအဝင် အခြားအရည်အဖတ် ဘာမှကို မတိုက်ကျွေးသင့်ပါဘူး''ဟု ဒေါက်တာကျော်ဝင်းစိန်ကဆက် လက်ပြောသည်။
မိခင်နို့ကို ကလေးဆာသည့် အခါတိုင်း နေ့ရောညပါတိုက်ကျွေး ပြီး မိခင်နို့ကို ကလေးအသက်တစ် နှစ်ခွဲ၊ နှစ်နှစ်အထိဆက်တိုက် တိုက် ကျွေးဖို့လိုအပ်ကြောင်း သိရသည်။
ကလေးအသက်ခြောက်လပြည့် လျှင် မိခင်နို့နှင့်အတူအခြားသော အစားအစာများ ဆန်ပြုတ်၊ ထမင်း ပျော့ပျော့ကို ဆီအနည်းငယ်ထည့်၍ ကျွေးခြင်း၊ ပဲ၊ အသား၊ ငါး၊ ဥ၊ ဟင်း သီးဟင်းရွက်များစသည်တို့ကိုနူးနပ် အောင် ချက်ပြုကာ ကလေးအား တဖြည်းဖြည်း အကျင့်လုပ်ကာ စတင် ကျွေးခြင်း၊ လတ်ဆတ်သောငှက်ပျော သီးမှည့်၊ သင်္ဘောသီးမှည့်နှင့် အသီး အနှံများကို ကျွေးသင့်ပြီး ယင်းသို့သား၊ ငါး၊ သီးနှံစုံအောင်ကျွေးမှသာလျှင် ကလေးပုံမှန်ကြီးထွားနိုင်မည်ဖြစ် ကြောင်း သိရသည်။
အခြားဂရုစိုက်ရမည့်အချက်များ
***********************************
''ကလေးတွေမှာ အများဆုံးဖြစ် တဲ့ရောဂါတွေကတော့ ကုသ၊ ကာ ကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။အဓိကကတော့ တစ်ကိုယ်ရည် သန့် ရှင်းရေး ဂရုစိုက်ရမယ်။ ကလေး အတွက်လိုအပ်တဲ့ကာကွယ်ဆေးတွေ ကိုအကြိမ်ပြည့်ထိုးေ ပးရမယ်''ဟု ကလေးအထူးကုဆရာဝန် ဒေါက် တာမြင့်လွင်က ပြောသည်။
ယင်းအတွက်ကြောင့် ကလေး များပုံမှန်ဖွံ့ဖြိုးကြီးထွားရန်အတွက် မှာ အာဟာရပြည့်ဝစွာကျွေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက် ခြင်း၊ ကလေးများ၏ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လိုအပ်သည့်ကာကွယ် ဆေးများအား အကြိမ်ပြည့်ထိုးခြင်း၊ တိုက်ခြင်း၊ ကလေးကြီးထွားဖွံ့ဖြိုးမှု များကို မှတ်တမ်းတင်ထားခြင်းတို့မှာ အလွန်လိုအပ်ကြောင်း သိရသည်။
''ကလေးတွေမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတို့လို ရောဂါတွေ မဖြစ်ရအောင် နေ့ဘက်ပဲ ဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် ကလေး တွေ အိပ်ရင်ခြင်ထောင်နဲ့အိပ်ရမယ်။ နောက်ပတ်ဝန်းကျင်သန့်ရှင်းရေးကို လဲ ဂရုစိုက်ရမယ်။ အဲဒါမှသာ ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်တာတွေ ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ဒေါက်တာမြင့်လွင်က ပြောသည်။
ကလေးငယ် နေမကောင်းဖြစ်လျှင်
************************************
ကလေးများနေမကောင်းဖြစ် ပါက အစားမဖြတ်ခြင်း၊ အရည်ပို တိုက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကာ၊ ဖျားလျှင် မက်ကလောင်ဖောက်ခြင်း များကို မပြုလုပ်သင့်ဘဲကျွေးနေကျ အတိုင်းကျွေးရန်နှင့် နာလန်ထချိန် တွင် အစာကို ပိုကျွေးသင့်ကြောင်း သိရသည်။
''ကလေးနာလန်ထချိန်မှာ အ စားပိုကျွေးရမယ်။ ကလေးစိတ်ကို ပျော်ရွှင်အောင်ထားရမယ်။ ကလေး တွေအတွက် လိုအပ်တဲ့အာဟာရ တွေ ကျွေးတာမျိုး လုပ်ပေးရမယ်။ နောက်တစ်ခုက ကလေးများ ရင် ကျပ်၊ ချောင်းဆိုးခြင်းများ မဖြစ်စေ ဖို့အတွက် ဥပမာ- အိမ်အတွင်း ဆေးလိပ်သောက်တာမျိုး၊ အခိုးအ ငွေ့မီးခိုးတွေ၊ အမှုန်တွေစသည့် လေ ထုညစ်ညမ်းမှုတွေမဖြစ်အောင် ရှောင် ကြဉ်သင့်ပါတယ်'' ဟု ဆက်လက် ပြောသည်။
ငါးနှစ်အောက်ကလေးများအား တစ်နေ့လျှင် ထမင်းသုံးကြိမ်ကျွေး သင့်ပြီး အာဟာရပြည့်ဝသည့်မုန့်၊ ပဲ၊ သရေစာများကို မကြာခဏကျွေးသင့် ကာ ကလေးများနေမကောင်းဖြစ် နေသည့်အခါမျိုးတွင် အစားပျော့ပျော့၊ မိခင်နို့နှင့်အရည်များကိုမကြာခဏ တိုက်ကျွေးသင့်ပြီး အစာကိုပိုကျွေး သင့်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အာဟာရအခြေ အနေသည် လူမှုရေးအညွှန်းကိန်း များကို လေ့လာဆန်းစစ်မှုအရ မွေး ကင်းစကိုယ်အလေးချိန် မပြည့်မှု သည် ၈ဒသမ၆ရာခိုင်နှုန်းရှိနေသည့် အပြင် အသက်ငါးနှစ်အောက် ကလေး၂၈ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် လျော့နည်းပြီး ၇ဒသမ၇ရာခိုင်နှုန်း သည် အာဟာရချို့တဲ့ကာ ၂၈ဒသမ ၆ရာခိုင်နှုန်းသည် ပုညက်မှုရှိနေ ကြောင်း သြဂုတ် ၁၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ချက်အရ သိရသည်။
KTM

Saturday, July 25, 2015

"ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား"(ပုဂံသား ရေးသားသည်)

ဟစ်တိုင်ဂျာနယ် (from hittai.net)'s photo.
"ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား"(ပုဂံသား ရေးသားသည်)
ကိုအောင်ဆန်းဦးရေ...
အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိ...မ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။
ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။
ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပဲ။ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။
အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။
ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။
ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလဲ။
ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။
မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။
ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။
ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ် ခေါ်တာတော့ ဘယ်လို ခံစားပေးရမှန်း ကျုပ် နားမလည် နိုင်တော့ဘူး။ ဒေါ်စုတောင် သူ့အဖေကို ဖေဖေလို့ သုံးတာပဲ သိတယ်။ ဖေဖေဗိုလ်ချုပ်လို့ ခေါ်တာ မကြားမိဘူးဗျ။ ဒေါ်စု ဖအေကို ချွေးမလောက် မချစ်ဘူး ပြောရင်တော့ ခမျာ ခံရရှာမှာပဲ။
ယောက္ခမ မမာတုန်းက ဘယ်နား ရောက်နေမှန်း မသိတဲ့ ချွေးမက ယောက္ခမ သေမှ ဒီအိမ်ကို ပြတိုက်ဖွင့်ဖို့ အကြောင်းပြပြီး သမီးဆီက အမွေလုခိုင်းတာတော့ ခင်ဗျား မ,ဘက်လိုက်လို့ မိုက်ဘက် ပါပြီထင်တယ် ကိုအောင်ဆန်းဦး။ ထင်တာ မဟုတ်ပါဘူးလေ။ သေကို သေချာတာပါ။
ကျနော်တို့ မြန်မာအမျိုးသမီးတွေမှာ ချစ်ဖို့ကောင်းတဲ့ အကျင့်တခုက မိသားစုကိစ္စ အားလုံးကို သူတို့ ဦးဆောင် ကိုင်တွယ်နေရင် တောင် အိမ်ထောင်ဦးစီးနေရာမှာတော့ ယောက်ျားကိုပဲ စာရင်းပေးတတ်တဲ့ အကျင့်ပါ။ ဦးဆောင်သလားတော့ မမေးနဲ့၊ သူတို့ယောက်ျားတွေ သားသမီးတွေ ဘယ်လိုလူတွေနဲ့ ပေါင်းရမယ် မပေါင်းရဘူးကအစ ယောက်ျားရဲ့ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုး ကိစ္စပါ သူတို့ အကုန် ဆုံးဖြတ်တယ်။
စိတ်မထင်ရင် ညမထွက်ရ လို့ ယောက်ျားကို သူတို့ မာရှယ်လော ထုတ်ရင်လဲ ခင်ဗျားမိတ်ဆွေ နအဖတွေရဲ့ ဘာပုဒ်မ ညာပုဒ်မ အမိန့်တွေထက်တောင် ဆိုးသေး။ ဒါပေမယ့် သူတို့ ယောက်ျားတွေကို မယားကြောက် ပြောရင်တော့ သူတို့ မခံနိုင်ဘူးဗျ။ ယောက်ျားက သိပ်ညံ့ပြီး ကျမက သိပ်သိပ်တော်နေပါတယ်ဆိုတဲ့ အချိုးမျိုးလဲ သဘောထားပြည့်တဲ့ မြန်မာ အမျိုးသမီးတွေ မချိုးတတ်ဘူး။ ခင်ဗျား သဘောထားကြီးပြီး မိန်းမအပေါ် မာနမထားတတ်ကြောင်း ပြချင်ရင် တခြားနည်းနဲ့ ပြလို့ ရပါတယ်။ မိန်းမက တိုင်းပြည်ကို ပြဿနာရှာနေတာကိုတောင် ကြံရာပါပြီး ပါရမီ ဖြည့်ပေးတဲ့ နည်းနဲ့တော့ မြန်မာယောက်ျားတွေရဲ့ သိက္ခာကို မချပါနဲ့ဗျာ။
ကျနော်တို့ မြန်မာပြည်မှာ ယဉ်ကျေးမှုတခု ရှိပါတယ် ကိုအောင်ဆန်းဦး။ မြန်မာပြည်ကို အရိုင်းအစိုင်းတိုင်းပြည်လို့ ခင်ဗျား မြင်နေရင်တော့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး သုံးလိုက်တာ ကျနော်တို့ အရိုင်းအစိုင်းတွေနဲ့ မတန်ဘူးလို့ ခင်ဗျား ပြောချင်မလားပဲ။ ကျနော်ဆို ကားစုတ်မပြောနဲ့၊ စက်ဘီးစုတ်တောင် မ၀ယ်နိုင်တဲ့လူဆိုတော့ ကျနော်လို မြန်မာပြည်သား ငမွဲက ခင်ဗျားကို သခင်ကြီးလို့ မခေါ်ပဲ ခင်ဗျားတွေ ကျနော်တွေနဲ့ ပြောနေတာကို ခင်ဗျား နာမလားလဲ မပြောတတ်ဘူးဗျ။
ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြန်မာပြည်မှာ ကက်ဆက် အသံကျယ်ကျယ် ဖွင့်နေကျ လက်ဖက်ရည်ဆိုင်တွေတောင် ကလေးတွေ စာမေးပွဲရက်ဆိုရင် ကက်ဆက်သံ လျှော့ပေးရပါတယ်။ ရပ်ကွက် ဘုံကထိန်အတွက် အလှူငွေ ကောက်ဖို့လာတဲ့ အရပ်လူကြီးတွေလဲ မသာအိမ်ဆို မကောက်ဘဲ ချန်ခဲ့ရပါတယ်။ သူ့အပူနဲ့သူမို့ ဖေးမတဲ့ အနေနဲ့ပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။
ခင်ဗျားနှမကို သေအောင် မနာလိုဝန်တိုဖြစ်ပြီး မုန်းနေဦးတော့၊ သူ ဒီလောက် အကျယ်ချုပ်တွေ ဆက်တိုက်ခံနေရတဲ့ အချိန်မှာ နေစရာ အိမ်ပျောက်အောင် အမွေလုစရာလားဗျာ။ ဒီအိမ်က ဆင်းပေးရရင် ဒေါ်စုမှာ သွားနေစရာ အင်းစိန်ထောင်ပဲ ရှိတော့တာ ခင်ဗျားလဲ အသိပါ။
မြင့်ဆန်းအောင်နဲ့ မောင်ထိန်လင်းက သူတို့အမေအတွက် အိမ်တလုံးတော့ ၀ယ်ပေးနိုင်မှာပါလို့ ခင်ဗျား ပြောမလို့လား။ အရှင်လတ်လတ် သွားလေသူ ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိတုန်းက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာမိုက်ကယ်အဲရစ် သူ့ဇနီးဆီ ပို့တဲ့ အစားအသောက် ပါဆယ်စာရင်းကို ဖတ်ပြလို့ ဆတ်ဆတ်ထိ မခံနိုင်တဲ့ ဒေါ်စုက မိသားစုဆီကတောင် ဘာမှ လက်မခံတော့လို့ ဒေါက်တာမိုက်ကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာ ခင်ဗျား မှတ်မိမှာပါ။ (နှုတ်ခမ်းတလန် ပန်းတလန် ဒီလို ရန်ထောင်ရ၊ စောင်းရ မြောင်းရမှာ မရှက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မနာလိုရင် မနာလိုသလို ပြဿနာရှာတတ်တဲ့ အကျင့်တွေကိုတော့ ဗိုလ်တေဇရဲ့ သားကြီးသြရဿ အတုမရစေချင်ဘူးဗျာ။) ဒီတော့ သားနှစ်ယောက်ပေးတဲ့ အထောက်အပံ့ကိုလဲ နိုင်ငံခြားအကူအညီယူတယ် အစွပ်စွဲ မခံနိုင်လို့ လက်မခံဘူးဆိုရင် ဒေါ်စု ဘယ်သွားနေရမလဲ။ နေစရာ အိမ်မရှိရင် သူ့ကို ထောင်ထဲ ထည့်ထားပါလို့ စစ်အစိုးရကို ခင်ဗျား တဖက်လှည့်နဲ့ ခိုင်းနေတာလား။
ခင်ဗျားဇနီးဟာ အင်ဒီရာဂန္ဒီရဲ့ ချွေးမတွေ ယောက္ခမမျက်နှာ လင်သားမျက်နှာနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာသလို မြန်မာ့နိုင်ငံရေး နယ်ထဲ ၀င်ချင်၊ နေရာယူချင်တဲ့ စိတ်ကလေး ရှိနေမှန်း ကျနော် သတိထားမိပါတယ်။ ဒါပေမယ့် အနာခံမှ အသာစံရ ဆိုတဲ့ မြန်မာရိုးရာ စကားပုံလေးကိုတော့ ခင်ဗျားဇနီးကို ပြောပြပြီး အကြံပေးပါဦးဗျာ။ တိုင်းပြည် ဒုက္ခရောက်နေတုန်းတော့ မြန်မာပြည်ကို တိုးရစ်လာ လာလည်၊ ပြန်သွား လုပ်နေပြီး စစ်အစိုးရ ဖြစ်ချင်တဲ့ ကန့်သတ် ပါလီမန် ပေါ်လာပြီးတဲ့ တချိန်ကျမှ အမတ်လောင်းအဖြစ် အဆင်သင့် လာအရွေးခံမယ် စိတ်ကူးယဉ်နေရင်တော့ ကျနော် ဗေဒင်ဟောလိုက်မယ်။ မယုံမရှိနဲ့၊ ရှုံးမှာ သေချာပေါက်ဗျ။
ခင်ဗျားဇနီးက အင်တာဗျူးမှာ သရဖူ မဂ္ဂဇင်းကို ဖြေရှာတယ်။ အလှအပ ပစ္စည်းဆို အယ်လစ်ဇဘက်ကာတန်ပဲ သုံးတယ်တဲ့။ အယ်လစ်ဇဘက် ကာတန်ဆိုတာ ခင်ဗျားဇနီး ပြောလို့ ကမ္ဘာကျော် အလှကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတခု ဖြစ်မယ်လို့ မှတ်သားရပါရဲ့။ အပျိုပေါက် ကတည်းက နိုင်ငံခြားမှာ နေခဲ့တဲ့ ကျနော်တို့ အဘွားကြီး ဒေါ်စုဆီကတော့ အယ်လစ်ဇဘက်ကာတန်တွေ ဘာတွေအကြောင်း ပြောသံ တခါမှ မကြားမိဘူးဗျ။ အဘွားကြီးက ပန်းတော့ ကြိုက်တယ်။ သနပ်ခါးလဲ ကြိုက်မယ်ထင်တယ်။
ရွှေဘိုသနပ်ခါးခေါက်နဲ့ ရှင်မတောင် အပွေးတုံးနဲ့ ဘယ်ဟာပိုကောင်းလဲ မေးရင်တော့ အဘွားကြီး ဖြေနိုင်မှာပါ။ အယ်လစ်ဇဘက် ကာတန်တို့ ရယ်ဗလွန်တို့အကြောင်း ဆွေးနွေးရင်တော့ ခင်ဗျားဇနီးလို သွက်သွက်လက်လက် မပြောနိုင်ရှာဘဲ မျက်စိပေကလပ် ပေကလပ် ဖြစ်နေရှာမယ့် ကျနော်တို့ အဘွားကြီးကို မြင်ယောင်တယ်။
သနပ်ခါးအကြောင်း မေးရင်တောင် အဘွားကြီးက ခုနေ သိပ်ပြောချင်မှ ပြောတော့မယ်။ ၅၀ ကျော်ကတည်းက ဒေါ်စုဟာ နိုင်ငံရေး တဖက်၊ ဘုရားတရားတဖက် ဘ၀ခရီး ဆက်နေပြီလို့ သိရလို့။ ကျနော်တို့ တိုင်းပြည်မှာ အသက် ၅၀ ကျော်တွေ ဘုရားတရားလုပ်တာ ရှက်စရာ မဟုတ်ဘူးဗျ။ ၅၀ ကျော်တဲ့အထိ ဘာသာရေးကို ပစ်ပယ်ပြီး ကာလသားသမီးလို ကဲနေရင်သာ ချာတိတ်တွေကအစ မကြည်ညိုတာ။ ခင်ဗျားလဲ ရင့်ကျက်ပါတော့ ကိုအောင်ဆန်းဦးရေ။ ဗိုလ်ချုပ်သားလေးဆိုပြီး အဖေ့မျက်နှာနဲ့ ခွင့်လွှတ်ရအောင်ကလဲ ခင်ဗျား ကျနော်တို့ထက် အသက်ကြီးပါတယ်။
ကိုအောင်ဆန်းဦးရေ...
ခင်ဗျားဇနီးက ဆောင်းပါးထဲမှာ ရေးတယ်။ ကျမဟာ အဖြူတွေကြားမှာ အ၀တ်အစား ၀တ်တတ်သူလို့ ချီးမွမ်းတာ ခံရတယ်တဲ့။ ခင်ဗျားဇနီးက အနောက်တိုင်းသားတွေကို အဖြူတွေလို့ သိပ်အထင်ကြီးပုံ ရတယ်။ မြန်မာပြည်က နေပူထဲ ကြီးခဲ့ရတဲ့ ကျနော်တို့အသားကတော့ ညိုသဗျ။ အ၀တ်အစား ၀တ်တတ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖော်ပြတဲ့ မစ္စက် အောင်ဆန်းဦးဟာ ဘယ်လောက်ပဲ ရှိုးကောင်းချင် ကောင်းပါစေ၊ ကျနော်တို့တော့ ငါးပိတော ဖုန်တောထဲမှာ တသားတည်း နေတဲ့ ကျနော်တို့ အဘွားကြီး ပဲ ချစ်တယ်ဗျာ။ သူက ကျနော်တို့နဲ့ အတူ ရှိတာကိုး။
ကားမရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကိုလဲ သူ လာတတ်တယ်။ ကားစုတ်ရှိတဲ့ လမ်းဆို မနေဘူးဆိုတဲ့ ခင်ဗျားလိုများ အဆင့်အတန်း မြင့်ရရင်တော့ ဒေါ်စုခမျာ စစ်အစိုးရလုပ်မှ အကျယ်ချုပ်ကျမှာ မဟုတ်ဘဲ သူ့ဟာသူ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အကျယ်ချုပ် လုပ်နေဖို့ပဲ ရှိတော့တယ်။ မြန်မာပြည်မှာ အမေရိကန်ပေတံနဲ့ တိုင်းရင် ကားစုတ် မရှိတဲ့ လမ်းဆိုတာ ရွှေတောင်ကြားတောင် ပါချင်မှ ပါမှာဗျ။ အဘွားကြီးနေတဲ့ လမ်းကတော့ ဝေးရော့ပဲ။ ဒီက ကားသစ်တွေတောင် ခင်ဗျားတို့ အမြင်မှာ မော်ဒယ်အောက်နေပြီကိုး။ ခင်ဗျား ဘာလို့များ ကားစုတ်တွေ ရှိတဲ့လမ်းက အိမ်စုတ်ကြီးကို အမွေလာလုပါလိမ့်ဗျာ။
ကိုအောင်ဆန်းဦးရေ။
တချိန်က မြန်မာတွေ မင်းလောင်းမျှော် မျှော်တာ ခံခဲ့ရတဲ့ ခင်ဗျား...
အမျှော်ကြီး မျှော်နေတုန်းကတော့ မလာခဲ့ဘဲ၊ ဒေါ်ခင်ကြည်သေလို့ လာတာတောင် ဧည့်သည်လာ လာပြီး ဧည့်သည်ပြန် ပြန်သွားခဲ့တဲ့ ခင်ဗျား...
ခုချိန်ကျမှ ခင်ဗျားဇနီးအတွက် မြန်မာ့နိုင်ငံရေးပလ္လင် အဆင်သင့် ဖြစ်နေချင်တယ်ဆိုရင်တော့ သိပ်နောက်ကျသွားပါပြီဗျာ။ တိုင်းပြည် က တချိန်တုန်းက ခင်ဗျားကို သိပ်ပေးချင်ခဲ့တဲ့ နေရာကို ခုမှ ခင်ဗျားဇနီး ယူစေချင်တယ် ဆိုရင်လဲ ခင်ဗျားရဲ့ မယားရှိခိုး သွားမကျိုး သဘောထားကို မဝေဖန်ချင်ပေမယ့် ခင်ဗျားမိန်းမအတွက် မပြောနဲ့၊ ခင်ဗျားအတွက်ဆိုရင်တောင် ခုမှတော့ မရနိုင်တော့ဘူး၊ သိပ်နောက်ကျသွားပြီလို့ ပြောပါရစေ။
ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား ခင်ဗျားဟာ ခုတော့ နန်းမရခင်က နန်းကျသွားခဲ့ပါပြီ။
x x x
ညွှန်း - http://www.hittai.net ဟစ်တိုင် အင်တာနက် စာမျက်နှာ၊ ၂၀၀၇ ဇူလိုင်

Friday, July 24, 2015

သွားကိုက် သွားနာသူတွေအတွက် ဆေးကောင်းတလက်၊

Ashin Kumara Nagarjuna's photo.
Ashin Kumara Nagarjuna's photo.

သွားကိုက် သွားနာသူတွေအတွက် ဆေးကောင်းတလက်၊
အနာနဲ့ ဆေး တည့်အောင်ပေး ပျောက်ရေးမခက်ပါ၊
မနေ့ က တနေကုန်သွားကိုက် သွားနာဖြစ်လို့ ဘာမှမဝါးနိုင်ပဲမြိုချရ
ကျန်းမာခြင်းရဲ့...တန်ဘိုးကို မကျန်းမာဖြစ်ခါမှသိရ။
နာဂဇုနတက္ကသိုလ်ရှိ နောင်တော်ကြီးဦးကောဝိဒ ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆေးပေးမှုနည်းလမ်းပေးမှုကြောင့် ခုတော့ သွားကိုက်ရောဂါကယူပစ်လိုက်သလိုပျောက်သွားပါပြီ မိမိနဲ့ ဘဝတူတွေ ငွေကြေးမတတ်နိုင်သူတွေအတွက်ခု ဦးဇင်းပြောမယ့်နည်းက ငွေမကုန်ပဲရောဂါပျောက်ကင်းစေပါတယ်။
ဆေးနည်းကတော့
မဟာလှေကားပင် အညာဘက်အခေါ် ၁၂ ရာသီအပင်ရဲ့ အရွက်ကိုခူးပြီး ၃ ခွက် ၁ ခွက်ကျန်အောင်ပြုတ်ပါ ပြီးရင် ပါးစပ်ထဲငုံထားပြီး၅ မိနစ်ခန့် ကြာလျင်ထွေးထုတ် ခနခနလုပ်ပေးပါ ။

သွားကိုက်သွားနာ ဘေးဘယာဝေးကွာပြီး ကာယစိတ္တသုခနှစ်ဖြာ ကျန်းမာ ချမ်းသာ ဘဝခရီးမှာ ပျော်ရွှင်အေးချမ်းကြပါစေ...

Wednesday, July 22, 2015

အခက်အခဲကြုံ လာသည်...့အခါမျိုးတွင် မဟုတ်တာကို ဇွတ်လုပ်တာမျိုး မဟုတ်ဘဲ ဥာဏ်သုံးကာ မဖြစ်ဖြစ်အောင် လုပ်မျသာလျှင် အကောင်းဆုံး ဖြေရှင်းနိုင်ပေမည်’’

ဦးကိုကိုထွေးအကြောင်းအသေးစိတ်ဖတ်ကြည့်တော့အခုလက်ရှိကိုယ်ကြိုးစားတယ်ဆိုတာဘာမှမဟုတ်သေးမှန်းသတိပြုဆင်ခြင်မိပါတယ် အများကြီးကြိုးစားရပါအုန်းမည် မလျော့တမ်းဇွဲ, လုံ့လ, ဝီရိယပေါင်းစပ်၍မနားတမ်းကူးခတ်ရပေအုန်းတော့မည်
အပတ်စဉ်ဖော်ပြပေးနေကြကျဖြစ်တဲ့ ADVICE ကဏ္ဍအတွက် ဆရာ ဦးကိုကိုထွေးနှင့် တွေ့ဆုံပြီး ဘ၀အခက်အခဲများ၊ ဖြတ်သန်းမှုပုံစံများကို တင်ဆက်ေပးလိုက်ရပါတယ်။ ‘ ‘အခက်အခဲကြုံ လာသည်...့အခါမျိုးတွင် မဟုတ်တာကို ဇွတ်လုပ်တာမျိုး မဟုတ်ဘဲ ဥာဏ်သုံးကာ မဖြစ်ဖြစ်အောင် လုပ်မျသာလျှင် အကောင်းဆုံး ဖြေရှင်းနိုင်ပေမည်’’ ဟု ဦးကိုကိုထွေး (တော်ဝင်မိသားစုကုမ္ပဏီ)ရဲ့စကားနဲ့အတူ ဒီနေ့ရဲ ပထမဆုံး တစ်ပုဒ်အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်…
(JOB seekers Journal အတွဲ ၄ အမှတ် ၆ ADVICE ကဏ္ဍမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။)
***********************************************************************
ဦးကိုကိုထွေးကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ ရက်နေ့တွင် အဖ ဦးသာဒင်၊ အမိ ဒေါ်အုန်းကျင်တို့မှ မွေးဖွားခဲ့ပြီး၊ မွေးချင်း ညီအစ်ကို မောင် နှမ ၅ ယောက်ရှိသည့်အနက် စတုတ်္ထမြောက် သားဖြစ်သည်။ ရန်ကုန်ဇာတိ ဖြစ်သည်။ ငယ်စဉ်က အောင်သပြေကျောင်း၊ ကွက်သစ်ကျောင်း၊ အထက (၃) စမ်းချောင်းနှင့် အထက (၆) အလုံတို့တွင် အထက်တန်းအထိ သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တက်္ကသိုလ်တွင် ပထမနှစ်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်အေးအေးသန်းနှင့် ဖူးစာဆုံပြီး သမီးနှစ်ဦးထွန်းကားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ် ကိုင်ခဲ့ပြီး၊ ၁၉၉၃ ခုနှစ်တွင် တော်ဝင်မိသားစုကုမ်္ပဏီကို တည်ထောင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်မှ လူမှုထူးချွန်ပထမအဆင့်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာ့စက် မှုလက်မှုပြပွဲ၌ အကောင်းဆုံး တီထွင်ကြံဆမှု၊ စက်မှုလက်မှု ထုတ်ကုန်ကဏ္ဍအလိုက် ထုတ်လုပ်ပစ်္စည်းဆု၊ ၂၀၁၄ ခုနှစ်တွင် Myanmar Engineering Society (MES) မှHonorary Follow ဆုတံဆိပ်၊ ASEAN Federation Of Engineering Organization (AFEO) မှ Honoary Follow ဘွဲ့တံဆိပ်များကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ထို့အပြင် တိုင်းပြည်အကျိုးပြု ဆောင်းပါးများနှင့် အကြံပြုဆောင်းပါးများကိုလည်း ရေးသားပြုစုခဲ့သည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) ၊ မြန်မာကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCL) ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ်္ပဏီ (NDCG) ၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း (MTA)၊Human Resource Development Indicators ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (NES) ၊ မြန်မာခရီးသွားဆိုင်ရာ အမှတ်တရပစ်္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်း၊ သာသနာနုဂ်္ဂဟ အသင်း၊ ရေကူးအသင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင် ရေးအသင်း (MANA) ၊ အထက (၂) စမ်းချောင်း၊ အထက (၄) စမ်းချောင်း၊ အထက (၃) စမ်းချောင်း၊ စိတ်ပညာအသင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း၊ မြန်မာအော်ဂဲနစ် စိုက်ပျိုးရေးအဖွဲ့ ၊ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်းစသည့်အသင်းအဖွဲ့ များတွင် ဂုဏ်ထူးဆောင် နာယက၊ နာယက၊ ဥက်္ကဋ္ဌ၊ ဒု ဥက်္ကဋ္ဌ၊ CEC၊Honorary Member နှင့် အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
-------------------------------------------------------------------------
ကျွန်တော့်ဘ၀တွင် ငယ်စဉ်ကတည်းက အဖြစ်ချင်ဆုံး ဆန်္ဒတစ်ခု ရှိခဲ့ သည်။
ဆင်းရဲသည့်ဘ၀ကနေ ကြီးပြင်းလာခဲ့သောကြောင့် ကြီးပွားချမ်းသာချင် စိတ်
ရှိခဲ့သည်။ ဆင်းရဲပင်ပန်းသည့်အချိန်တွင် အနှိမ်ခံခဲ့ရတာတွေ၊ သူများ
အထင်အမြင်သေးတာတွေခံစားခဲ့ရသည့်အတွက် တစ်ချိန်တွင်ကြီးပွားချမ်းသာ
သည့် လူတစ်ယောက် ဖြစ်ကိုဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ထားခဲ့သည်။ “ကြီးပွား
ချမ်းသာလျှင် သူများနှိမ်တာ မခံရဘူး” ဆိုသည့် စိတ်ဆန်္ဒဖြင့် “ကြီးပွား ချမ်းသာ
အောင် ကြိုးစားမယ်” ဆိုသည့် စိတ်ဆန်္ဒများဖြစ်လာခဲ့သည်။
ငယ်စဉ်ကလေးဘ၀တွင် ကလေးသဘာဝအတိုင်း သရေကွင်းပစ်လိုက်၊
ကျောက်ဒိုးကစားလိုက်နှင့် သူငယ်ချင်းများနှင့်အတူ ကစားရင်း အကြံတစ်ခု
ရခဲ့သည်။ မုန့်ဖိုးတွေစုကာ သရေကွင်းအထုပ်လိုက် သွားဝယ်ပြီး သူငယ်ချင်း
တွေကို “ကျွန်တော့်ထံတွင် ၀ယ်လျှင် ငါးပြားကို သရေပင် ၁၅ ကွင်းရမည်”
ဟု ပြောသောအခါ ကျွန်တော့်ထံတွင်သာ အားပေးကြသည်။ ဆိုင်မှာဝယ်
လျှင် ငါးပြားကို သရေပင် ၁၀ ကွင်းရသောကြောင့်ပင်။ ကျောက်ဒိုးကိုလည်း
ထိုနည်းအတိုင်းပင် ရောင်းခဲ့ပြီး ပိုသောပိုက်ဆံကို ပြန်စုကာ ပြန်ဝယ်ရင်းဖြင့်
ပြန်ရောင်းခဲ့သည်။ အရောင်းအ၀ယ်လုပ်သည့် ၀ါသနာက ငယ်ငယ်ကတည်း
ကပင် ရှိခဲ့သည်။
ကျောင်းနေသည့်အချိန်တွင်လည်း ၂ တန်း ကျောင်းသားဘ၀တွင် အိမ်မှ
ယိုစုံထုပ်များ ယူသွားပြီး ကျောင်းတွင်ရောင်းကာ မုန့်ဖိုးရှာခဲ့သည်။ ကျောင်း
သား ဘ၀ကတည်းကပင် ပိုက်ဆံစရှာခဲ့သည်။ ကျွန်တော် ၈ တန်းကျောင်းသား
ဖြစ်လာသောအခါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ခြေလှမ်းစဖြစ်ခဲ့
သည်။ သူဋ္ဌေးဖြစ်ရမည်ဟု ကြုံးဝါးခဲ့သူ ဖြစ်သည့်အတွက် ဘယ်အလုပ်လုပ်
လျှင် သူဋ္ဌေးဖြစ်နိုင်မလဲဆိုသည့်အတွေး စ၀င်ခဲ့သည်။
ပထမဆုံးအနေဖြင့် ကျွန်တော့်ပင်ကိုယ်စရိုက် အနေအထားကိုသိရန် လို
လာပေသည်။ ငယ်စဉ်ကတည်းက သူများခိုင်းလျှင် လုပ်ချင်စိတ် ရှိသည့်သူ
မဟုတ်သည့်အတွက် ၀န်ထမ်းဘ၀ဖြင့် ကျွန်တော် အသက်မွေးရန်မဖြစ်နိုင်။
ဝန်ထမ်းလစာဖြင့်လည်း တင်းတိမ်နိုင်သူ မဟုတ်ပေ။ သူများခိုင်းတာ မလုပ်ချင်
လျှင် မခိုင်းခင် ကိုယ်က အရင်လုပ်ရန် လိုပေသည်။ စဉ်းစားရင်းဖြင့် အရောင်း
အ၀ယ်လုပ်ရန် စိတ်ကူးရခဲ့သည်။ ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန်
အတွက် နည်းလမ်းများကို စဉ်းစားရပါတော့သည်။
တစ်ခါက အဖေပြောခဲ့ဖူးသည့် စကားသည် ထိုအချိန်တွင် ကျွန်တော့်
ခေါင်းထဲ ၀င်လာခဲ့သည်။ “လူ့ဘ၀မှာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုပညာဟာ အထွဋ်
အထိပ်ကို ရောက်နိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်နိုင်တယ်။ အနည်းဆုံး ကူလီ
ထမ်းတဲ့ လူချင်းအတူတူတောင်မှ ကူလီခေါင်းကအုပ်ချုပ်မှုနားလည်တဲ့အတွက်
သက်သာမယ်။ ပိုက်ဆံပိုရမယ်။ ဒါကြောင့်မို့လို့ အုပ်ချုပ်တဲ့ပညာကို ရအောင်
သင်ရမယ်” လို့ အဖေက ဆုံးမခဲ့ဖူးသည်။
ကျွန်တော့်အတွက် အကျိုးရှိသည့် စကားတစ်ခွန်း၊ ခွန်အားတစ်ခု ဖြစ်
လာခဲ့သည်။ အရောင်းအ၀ယ်လုပ်လျှင် ဖောက်သည်များနှင့် ဆက်ဆံရသည့်
အပြင် ၀န်ဆောင်မှုအကောင်းဆုံးပေးနိုင်ရန် ဘယ်လိုလုပ်ကိုင်ရမည်ကို စီမံ
ခန့်ခွဲမှု လိုလာပါတော့သည်။ ဘာအရောင်းအ၀ယ်လုပ်ရမလဲ၊ အရောင်းအ၀ယ်
တွေက ဘယ်မှာလုပ်သလဲ၊ ဘယ်ပစ်္စည်းတွေကို အရောင်းအ၀ယ်လုပ်မလဲ စ
သည့် မေးခွန်းပေါင်းများစွာသည် ကျွန်တော့်အတွက် အလုပ်တာဝန်များ ဖြစ်
လာခဲ့သည်။ ကြီးပွားချမ်းသာလိုသူသည် ကြုံရာ လျှောက်လုပ်၍လည်း မရပေ။
တကယ်လက်တွေ့လုပ်မှလည်း ဖြစ်ချင်သောဘ၀ကို အရောက်သွားနိုင်မည်
ဖြစ်သည်။
ထို့ကြောင့် ကျောင်းပိတ်ရက်များတွင် ရန်ကုန်မြို့ထဲဖြစ်သော မဂိုလမ်း
ဆိုင်များကလည်း ငွေချေရန် ၂ ရက်၊ ၃ ရက်အထိ စောင့်ပေးတတ်ကြသော
ကြောင့် လစ်ဟာနေသည့် ကြားကာလအတွင်း ကျွန်တော့်အတွက် ငွေမရင်း
ရဘဲ ရင်းနှီးငွေရလာခဲ့သည်။ သို့သော် အခြားသူပိုက်ဆံကိုယူထားသည့်အတွက်
ကတိတည်ရန်လည်း လိုပေသည်။ မတရား၊ မဟုတ်တာမလုပ်ဘဲ ပေးထားသည့်
ကတိကို တည်နိုင်မှ ရပေသည်။ သို့မှလည်း ရှေ့ဆက်လုပ်ကိုင်ရန် အဆင်ပြေ
မည် ဖြစ်သည်။
ထိုအချိန်က ၀န်ကြီးလစာသည် ၁၈၀၀ ကျပ်သာရှိ၍ ကျောင်းအုပ်ဆရာမ
ကြီး၏လစာကား ၄၅၀ ကျပ်သာရသည့် အချိန်ဖြစ်သည်။ ကျောင်းသားဖြစ်
သော ကျွန်တော်၏ တစ်လ၀င်ငွေမှာ ပျမ်းမျှအားဖြင့် ၅၀၀၀နှင့် ၇၀၀၀ ကြား
တွင် ရှိသည်။ ကျောင်းတက်ရင်းဖြင့် တစ်ခါတလေ အတန်းလစ်ကာ ပစ်္စည်း
သွားဝယ်ခဲ့ရသည့် အဖြစ်မျိုးများလည်း ရှိခဲ့သည်။ လူငယ်လည်းဖြစ်သည့်အပြင်
ဝင်ငွေကလည်း ကောင်းခဲ့သောကြောင့် လူငယ်သဘာဝ အပျော်အပါးနောက်
ကိုလိုက်ခဲ့မိသည်။ ၁၃ နှစ်သားအရွယ်ကတည်းကပင် ဆေးလိပ်သောက်၊
အရက်သောက်တတ်ပြီး အလောင်းအစားလည်း လုပ်တတ်လာခဲ့သည်။
ပိုက်ဆံရလျှင် ရသလို အကုန်သုံးဖြုန်းခဲ့သောကြောင့် အသုံးနှင့်အဖြုန်း
ညီနေသောအခါ မစုဆောင်းမိသည့်အပြင် တိုးတက်မှုလည်း ရှိမလာခဲ့ပေ။
ငွေကြေး အခက်အခဲဖြစ်နေသော သူများနှင့်တွေ့လျှင် ကူညီခဲ့သည့်အခါများ
လည်း ရှိခဲ့သည်။ ကျွန်တော်ဖြစ်ချင်သော ဘ၀ကိုရောက်ရန် လမ်းမှားနေခဲ့
သည်။ ထို့ကြောင့် အရနှင့် အသုံးကို စည်းကမ်းထားကာ သုံးရမည်ဟု ကိုယ့်
ကိုယ်ကိုယ် စည်းကမ်းတစ်ခု သတ်မှတ်ဖြစ်ခဲ့သည်။
ကျွန်တော့် ရည်မှန်းချက်ကား သူဋ္ဌေးဖြစ်ဖို့ ...။ “ဘယ်လိုအရာမျိုးကို
သူဋ္ဌေးဖြစ်သည်ဟု ခေါ်နိုင်မလဲ။ ဘယ်တော့ သူဋ္ဌေးဖြစ်ရမလဲ။ ပိုက်ဆံ ဘယ်
လောက်ရလျှင် သူဋ္ဌေးဖြစ်နိုင်မလဲ” ဆိုသည်ကို သတ်မှတ်ရန် လိုလာခဲ့သည်။
လမ်းကိုသာ လျှောက်နေပြီး ဘယ်နေရာအထိ သွားရမည်ကို မသိလျှင် ယောင်
လည်လည် ဖြစ်နေမည်သာ ...။ အချို့က အိမ်နှင့်ကား ပိုင်ဆိုင်နိုင်လျှင်
သူဋ္ဌေးဖြစ်သည်ဟု ခံယူချက်များလည်းရှိကြသလို။ ကျွန်တော့်အတွက် ချမ်းသာ
ကြွယ်ဝမှု ဟူသော အဓိပ်္ပာယ်ကို သတ်မှတ်ခဲ့သည်။ “ကိုယ်တိုင်တွင် ခိုင်မာသည့်
လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်နိုင်ရမည်။ ထိုလုပ်ငန်းမှ ပုံမှန် ၀င်ငွေ ရနိုင်ရမည်။
ထိုဝင်ငွေသည် နေထိုင်စားသောက်ရေးအတွက် မပူပင်ရသော ၀င်ငွေဖြစ်နေ
ရမည်” ဟု သတ်မှတ်ခဲ့သည်။
ကျွန်တော်သတ်မှတ်သောအခြေအနေ ရောက်ရန်အတွက်လည်း အချိန်
ကာလတစ်ခုကို သတ်မှတ်ထားခဲ့သည်။ အသက် ၃၅ နှစ်တွင် စားဝတ်နေရေး၊
ကျန်းမာရေး အတွက် ငွေကြေးမပူပင်ရသည့် ဘ၀မျိုးဖြစ်စေရမည်ဟု Target
သတ်မှတ်ချက်ထားခဲ့သည်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အနားယူရန် အကောင်း
ဆုံးအချိန် ဖြစ်သည့် အသက် ၆၀ တွင် အနားယူကာ ဘ၀ကို အေးချမ်းစွာ
ဖြတ်သန်းရန် စိတ်ကူးထားခဲ့သည်။ အနားယူသည့်အချိန်တွင်လည်း သားသမီး
သည် Mature တည်ငြိမ်ရင့်ကျက်သည့် အရွယ်ရောက်သော အသက်အရွယ်
ဖြစ်ရမည်ဟု ကျွန်တော် သတ်မှတ်ထားသည့်အတွက် အသက် ၂၃ နှစ်တွင်
အိမ်ထောင်ပြုမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ အသက် ၂၃ နှစ်တွင် ကိုယ်ပိုင်
စီးပွားရေး၊ ကိုယ်ပိုင်အိမ်ဖြင့် မိသားစုကို ထောက်ပံ့နိုင်သည့်သူတစ်ယောက်
ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ရည်မှန်းထားသော ဘ၀ကိုရောက်ရန်အတွက် သတ်မှတ်ချက်ကို ဦးတည်
ပြီး အရောက်သွားနိုင်ရမည်ကို ကျွန်တော်သိလာခဲ့သည်။ လူငယ်များအနေဖြင့်
လည်း ဘ၀၏ ဦးတည်ချက်ကို သေချာစွာ စီမံခန့်ခွဲပြီး မရောက်ရောက်အောင်
ကြိုးစားစေလိုပေသည်။
ကျွန်တော့်ဘ၀တွင် လုပ်ငန်းမျိုးစုံကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ဖူးသည်။
တစ်ချိန်က ဆိုရှယ်လစ်ခေတ်ဖြစ်သောကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများကို
အခက်အခဲများကြားထဲတွင်လုပ်ကိုင်ခဲ့ရသည်။ သစ်ဝယ်သည့်လုပ်ငန်း၊ ရတနာ
ရောင်းဝယ်သည့် လုပ်ငန်း၊ စက်ပစ်္စည်း ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ
လုပ်ကိုင်ခဲ့သည်။ အရောင်းအ၀ယ် လုပ်ငန်းကို အများဆုံး လုပ်ခဲ့သည်။ ၁၉၈၈
(ယခု ရွှေဘုံသာလမ်း) ကနေစပြီး ဗိုလ်တထောင်အထိ တစ်လမ်းဝင်၊ တစ်လမ်း
ထွက် သွားကာ ဘယ်လမ်းတွင် ဘယ်လိုအလုပ်မျိုး လုပ်လေ့ရှိသည်ကို ကိုယ်
တိုင် လက်တွေ့ဆင်းကာ လေ့လာခဲ့သည်။ ဈေးကွက်အနေအထားကို သိရန်
အတွက်လည်း ရန်ကုန်မြို့တွင်ရှိသော ဈေးတိုင်းကိုသွားကာ လေ့လာ ခဲ့သေး
သည်။ ကျွန်တော် ပင်ပန်းခံကာ လေ့လာခဲ့သလောက် အကျိုးရှိခဲ့ပေသည်။
ဈေးတစ်ခုနှင့်တစ်ခု ရောင်းသည့် ကုန်ပစ်္စည်းချင်း မတူသည်ကို တွေ့ခဲ့
ရသည်။ ထိုသို့ မတူကွဲပြားမှုများကို လေ့လာကြည့်လိုက်သောအခါတွင်မှ ဘယ်
ဈေးက ပစ်္စည်းကို ဘယ်မှာသွားရောင်းလျှင် ဘယ်လို အကျိုးအမြတ်များ ရနိုင်
သည့်အပြင် ဘယ်ပစ်္စည်းကို ဘယ်ဆိုင်ကနေ၀ယ်ပြီး၊ ဘယ်လိုရောင်းမလဲကို
လည်း သိလာခဲ့ရသည်။ ပထမဆုံး နယ်မှလာသည့် ကုန်သည်များကို ကိုယ့်
ကိုယ်ကိုယ် မိတ်ဆက်ပြီး အရောင်းအ၀ယ် စလုပ်ဖြစ်ခဲ့သည်။ သူတို့ကိုယ်တိုင်
ဝယ်သည့် ကုန်ပစ်္စည်းရဲ့ Quality ထက် ပိုကောင်းအောင် ၀ယ်ပေးနိုင်သော
ကြောင့်လည်း နောက်ပိုင်းတွင် ကျွန်တော့်ထံ Clients (ဖောက်သည်) ပိုများ
လာခဲ့သည်။ ကုန်သည်များကိုယ်စား ကျွန်တော်က ကုန်ပစ်္စည်းများကို လိုက်
လံ ၀ယ်ယူပေးရသောကြောင့် ကုန်သည်များကလည်း ကော်မရှင်ပေးသလို၊
တစ်ဖက်တွင်လည်း ဆိုင်များမှပေးသော ကော်မရှင်ကိုရသည်။
ထိုခေတ်ကာလက ဆိုင်များကလည်း အကြွေးပေးလေ့ရှိကြသည်။ ငွေ
ချေရန်အတွက် ၂ ရက်၊ ၃ ရက်တိုင် စောင့်ပေးတတ်ကြသေးသည်။ ထို့ကြောင့်
ပစ်္စည်းဝယ်ရန် ပေးလိုက်သည့် ပိုက်ဆံကို ပစ်္စည်းတစ်ခုခုဝယ်ကာ ပြန်ရောင်း
ရင်းဖြင့် ငွေအရင်းအနှီး မစိုက်ရဘဲ ကျွန်တော့်အတွက် အမြတ်ငွေထွက်လာ
ခဲ့သည်။ ကုန်သည်များကလည်း ပစ်္စည်းဝယ်ရန် ကြိုတင်ငွေ ထုတ်ပေးသလို၊
ခုနှစ်မတိုင်မီတွင် အရောင်းအ၀ယ်လောကမှာ မှောင်ခိုခေတ်ဖြစ်ခဲ့သည်။ ကျွန်
တော် ပလတ်စတစ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးသည်။ ပလတ်စတစ် တစ်ပေါင်ကို
၃၅ ကျပ်ဖြင့် ဈေးတည့်ပြီးမှ ၀ယ်သည့်အချိန်တွင် ၃၇ ကျပ် ဖြစ်သွား တတ်
သည့် အဖြစ်မျိုးလည်း ကြုံခဲ့ရသည်။ မှောင်ခိုခေတ်လည်းဖြစ်သောကြောင့်
စာချုပ်စာတမ်းများလည်း မရှိသည့်အတွက် တရားစွဲ၍လည်း မရခဲ့ပေ။
ကျွန်တော်အတွက်အဆင်မပြေဖြစ်ခဲ့ရသည်။
ကျွန်တော့်ဘ၀အတွေ့အကြုံအရ ဘယ်အလုပ်ပဲလုပ်လုပ် ကတိတည်
တည်ဖြင့် လုပ်မှသာလျှင် ရေရှည်လုပ်ကိုင်နိုင်မည် ဖြစ်သည်။ ထို့နောက် မော်
တော်ကားများကို ပြင်ဆင်ပြီး ပြန်ရောင်းသည့် လုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်
ခဲ့သည်။ ကျွန်တော်ရောင်းသည့် ကားများကို လူကြိုက်များသဖြင့် ပြန်ရောင်း
လျှင် တစ်သိန်း ရှစ်သောင်း ရသောကြောင့် ရှစ်သောင်းရင်းလျှင် တစ်သိန်းမြတ်
သည့်အတွက် အဆင်ပြေသည်ဟု ဆိုရပေမည်။ သို့သော်လည်း ကားတစ်စီးကို
ပြင်ဆင်လျှင် ရှစ်လလောက် အချိန်ယူရသောကြောင့် တစ်နှစ်တွင်မှ တစ်စီး၊
နှစ်နှစ်တွင်မှ သုံးစီးမျှသာ ရောင်းရသောကြောင့် အမြတ်ငွေ သုံးသိန်းလောက်
သာရသည်။ ထိုသို့ ရသည့်ဝင်ငွေနှင့် ထွက်ငွေကို ပြန်လည်ချင့်ချိန် ကြည့်လိုက်
သောအခါ တွင် ကိုယ်လိုချင်သည့်ွှTargetကို မရောက်ခဲ့ပေ။
တစ်နေ့တွင် တာမွေတွင်ရှိသော သူငယ်ချင်းအိမ်ကို သွားလည်ရင်း အိမ်
ဘေးတွင် အိမ်တစ်အိမ် ဖျက်ထားသည်ကို တွေ့ရသည်။ အိမ်ရှင်က နောက်
ဖေးလမ်းကြားတွင် တဲထိုးပြီး နေနေရသည်ကို တွေ့ရသည်။ Constructor
ဖြစ်သူက အိမ်ဖျက်ယူရောင်းစားပြီး တစ်နှစ်ကျော်ကြာသည့်တိုင် ပြန်မဆောက်
ပေးရာ ပိုက်ဆံလည်း မတတ်နိုင်သောကြောင့် ဒုက်္ခရောက်နေသည့် မိသားစုကို
တွေ့ခဲ့ရာမှ အသိတစ်ခု ၀င်လာခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း
ကို လေ့လာလိုက်သောအခါတွင် Constructor အများစုထံမှ ယင်းကဲ့သို့ လိမ်
လည်မှုကို ခံရသည့် အိမ်ရှင်များကို တွေ့ခဲ့ရသည်။ ထို့ကြောင့် အိမ်ရှင်များ
ပြဿနာမဖြစ်ရလေအောင် ရှေ့ဆောင်လမ်းပြတစ်ခုအနေဖြင့် Construction
လုပ်ငန်းကိုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ဖြင့် ၁၉၈၆ ခုနှစ်တွင် Construction လုပ်ငန်းကို စလုပ်ဖြစ်ခဲ့သည်။
လုပ်ငန်းစစချင်းတွင် အခက်အခဲ ကြုံရလေသည်။ ပထမဆုံး Customer တစ်ဦး
ကို ရလိုက်သည့်အချိန်တွင် ကျွန်တော် အိမ်ဆောက်တတ်သည့်သူကို ရှာဖွေခဲ့ရ
သည်။ ဖြစ်ချင်စိတ်တစ်ခုတည်းဖြင့်သာ စတင်ခဲ့သည့်အတွက် ကျွန်တော် ကိုယ်
တိုင်လည်း အိမ်မဆောက်တတ်ပေ။
အိမ်ရှင်မှာ အလွန်လိမ်္မာပါးနပ်လှသူ ဖြစ်သည်။ Constructor အနေဖြင့်
အိမ်တစ်လုံးကိုတာဝန်ယူဆောက်ပေးလျှင် လုပ်ခအဖြစ်အိမ်ခန်းတစ်ခန်းအပြင်
ကျန်သည့်သုံးခန်းပါရလေ့ရှိသည်။ သို့သော်ငြားလည်း ထိုအိမ်ရှင်ကား အိမ်ခန်း
တစ်ခန်းမျှမပေးသည့်အပြင် အိမ်ခန်းသုံးခန်း၏ အခန်းငှားခ စပေါ်ငွေ ကိုသာ
ယူရန်ကမ်းလှမ်းလာခဲ့သည်။ အိမ်အဟောင်းရောင်း၍ရသည့်ပိုက်ဆံ၏တစ်ဝက်
ကိုလည်းပေးရန်တောင်းဆိုလာခဲ့သောအခါ ကျွန်တော့်အတွက် အခက်အခဲ
ဖြစ်လာခဲ့သည်။
လုပ်ငန်းအစတွင် ဘယ်လိုအခက်အခဲမျိုးဖြင့် ကြုံတွေ့စေကာမူ မဖြစ်ဖြစ်
အောင် ကြိုးစားပြီး လုပ်ကြည့်မည်ဟု ဆုံးဖြတ်ခဲ့ကာ တောင်းဆိုချက်များကို
လက်ခံပြီးလုပ်ငန်းစခဲ့သည်။ အမှန်တကယ်စတင်သည့်အချိန်တွင်အလုပ်သမား
များကို အပြေးအလွှား စုဆောင်းခဲ့သည်ကို အမှတ်ရသေးသည်။ ကံ အားလျော်
စွာပင် တောမှလာရောက် လုပ်ကိုင်သည့် လက်သမားဆရာတစ်စုနှင့် Constructor က ဆက်မဆောက်တော့ဘဲရပ်ထားသည့် Construction တစ်ခုမှ ပန်းရံ
ဆရာတစ်ဦးတို့ကို တွေ့ပြီး စုစည်းကာ စတင်ဖြစ်ခဲ့သည်။
လက်သမားဆရာများကလည်း တောဓလေ့၊ တောပုံစံများကိုသာ ကျွမ်း
ကျင်သည့်အတွက် ခေတ်မီသော ဒီဇိုင်းပုံစံ ဖြစ်လာစေရန် ကျွန်တော့်အနေဖြင့်
အိမ်ကို အရင်ဆုံး လေ့လာပြီးမှ အလုံးစုံညွှန်ကြားကာ ဆောက်ခဲ့ရသည်။ သစ်၊
ဘိလပ်မြေ၊ အုတ်အမျိုးအစားများ၊ သံကို ဘယ်လိုရိုက်မလဲ၊ ဆောက် ဘယ်
လို ထွင်းမလဲ၊ တံခါးကို ဘယ်လိုလုပ်ရသည်မှ အစ ပစ်္စည်းများ ၀ယ်သည်အထိ
အဆုံး အသေးစိတ် လေ့လာဖြစ်ခဲ့သည်။ လက်အောက်ငယ်သားများ၏ ဖိ
နှိပ်မှုများကို မခံချင်လျှင် တတ်အောင် သင်ထားရန် လိုအပ်သည်။ ထို့အတွက်
အမြဲပြင်ဆင်ထားရန်လည်း လိုပေသည်။ ထိုသို့ လေ့လာဖန်များသောအခါ
အိမ်ဆောက်သည့် ပညာကို ကောင်းကောင်းတတ်လာခဲ့သည်။
လုပ်ငန်းစပြီး တစ်နှစ်အကြာတွင် ၈၈ အရေးအခင်း ဖြစ်သွားသော
ကြောင့် ရပ်တန့်ခဲ့ရသည်။ အရေးအခင်း နောက်ပိုင်းတွင် ဆောက်လုပ်ရေး
လုပ်ငန်း ပိုပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့် လုပ်ငန်းကိုပြန်လည် လည်ပတ်
ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင်Royal Construction အမည်ဖြင့် ကုမ်္ပဏီ မှတ်ပုံ
တင်ခဲ့သည်။ လုပ်ငန်းလိုအပ်ချက်များလည်း လိုလာသောကြောင့် တိုးတက်
လာသော လုပ်ငန်းပမာဏကို အမီလိုက်နိုင်အောင် ကြိုးစားရင်း ကျွန်တော့်၏
ဆောက်လုပ်ရေးလုပ်ငန်းလည်း ပိုမို ကြီးမားလာခဲ့သည်။ နောက်ပိုင်းတွင်
လုပ်ငန်းကို အထောက်အကူပြုပေးသည့် တံခါးများ၊ ကျည်းဘောင်များ လိုအပ်
လာသောအခါ ထုတ်လုပ်နိုင်ရန် စက်ရုံတည်ထောင်ဖြစ်ခဲ့သည်။ စက်ရုံ ထူ
ထောင်ရာမှ တွဲဖက်ပြီး ပရိဘောဂ ပစ်္စည်းများကိုပါ ထုတ်လုပ်နိုင်အောင် နိုင်ငံ
ခြားသို့ တင်ပို့သည့် ပရိဘောဂစက်ရုံတစ်ခုကိုလည်း ဆက်လက် တည်ထောင်
ဖြစ်ခဲ့သည်။
ယခုအချိန်တွင် နိုင်ငံတကာအဆင့်မီ တည်ဆောက်နိုင်သည့် မြန်မာ
အင်ဂျင်နီယာ၊ မြန်မာလုပ်သား၊ မြန်မာကန်ထရိုက်တာများဖြင့် ဆောင်ရွက်
လာနိုင်ခဲ့ပြီ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း စတင်တည်ထောင်ကာစ၌
ဆရာဦးညီလှငယ်ထံတွင် စနစ်ကျသည့် ဆောက်လုပ်ရေးနှင့် ပတ်သက်သည့်
ပညာများကို လေ့လာခဲ့သည်။ ထိုစဉ်က ကျွန်တော့်အတွက် အိပ်ချိန်မှာ ၎
နာရီမျှသာ ရှိခဲ့သော်လည်း ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ခြေလှမ်းဖြစ်
သောကြောင့် ကျွန်တော့်အတွက် ပင်ပန်းရကျိုးနပ်ခဲ့ပါသည်။
လုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သော်လည်း အဆင်မပြေမှုများကြောင့် အခက်
အခဲများကြားက ရုန်းကန်ခဲ့ရသည်မှာ ကျွန်တော့်ဘ၀အတွက် အမှတ်ရစရာ
များဖြစ်ခဲ့သည်။ ကျွန်တော့်ဘ၀လမ်းကြောင်းတွင်အဆင်ပြေချောမွေ့သည့်အခါ
မျိုးကား ရှားလှသည်။ မန်္တလေး ရတနာပုံ ရေကူးကန်ဆောက်ရန်အတွက်
ပရောဂျက်တစ်ခု ရလာသောအခါ တစ်ပတ်အတွင်း Proposal တင်ရန် ဖြစ်
လာခဲ့သည်။ ရေကူးကန်အတော်များများ ပြိုကွဲပျက်စီးတတ်သောကြောင့် ထို
အချိန်အခါက ရေကူးကန်ကို မည်သူကမျှ တာဝန်မယူရဲကြပေ။“သူများ
မလုပ်နိုင်သည့် အလုပ်ကို ငါလုပ်ရမည်” ဆိုသည့်စိတ်ဖြင့် လုပ်ရန် ဆုံးဖြတ်ခဲ့
သည်။ ဆောက်လုပ်ရေး လုပ်ငန်းကဲ့သို့ပင် လုပ်ချင်စိတ်တစ်ခုတည်းသာ ရှိခဲ့
သောကြောင့် ရေကူးကန်အကြောင်းလေ့လာမှသာ ဖြစ်မည်ကို သိလာခဲ့သည်။

သို့ဖြင့် အမျိုးသား ရေကူးကန်၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာခဲ့ ပြီး
စိတ်မှန်းဖြင့် တွက်ချက်ကာ သိန်းပေါင်း ၁၇၉ သိန်းဖြင့် ကုန်ကျစရိတ်ကို
တင်ပြလိုက်သည့်အခါတွင် ချက်ချင်း လုပ်ငန်းစခွင့်ရခဲ့သည်။ structure တွက်
ကြည့်လိုက်သောအခါ Upgrade Pressure ရှိသည့်အပြင် ကွန်ကရစ်အထူ
ကလည်း ၃၆ လက်မရှိသည်ကို တွေ့ခဲ့သည်။ ကျွန်တော်က ၈ လက်မအထူ
ဖြင့် တွက်ချက်ပြီး ကုန်ကျစရိတ်ကို တင်ပြလိုက်သောကြောင့် အရှုံးပေါ်ပြီဟု
သာ ထင်ခဲ့မိသည်။ သို့သော်ငြားလည်း လုပ်နိုင်သလောက် အဆင်ပြေအောင်
လုပ်ကြည့်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ရေကူးကန်၏ Standard ကို အိုလံပစ်
ှStandard အဖြစ် လုပ်ခဲ့ပြီး Upgrade Pressure မရှိစေရန် ဒီဇိုင်နာနှင့်မည်သို့
လုပ်ရမည်ကို အဖြေရှာခဲ့ကြသည်။ အဆုံးသတ်တွင် ဖြေရှင်းသွားနိုင်ခဲ့သည်။
အခက်အခဲများ ကြုံလာသည့်အခါမျိုးတွင် မဟုတ်တာကို ဇွတ်လုပ်တာ
မျိုးမဟုတ်ဘဲ ဉဏ်သုံးကာ မဖြစ်ဖြစ်အောင် လုပ်မှသာလည်း အကောင်းဆုံး
ဖြေရှင်းနိုင်သည်ကို တွေ့လာခဲ့သည်။ လုပ်ငန်းတိုင်းတွင် အခက်အခဲရှိတတ်
မြဲပင် ဖြစ်သည်။ တပ်မတော်၏ ၀န်ထမ်းအိမ်ရာများ ဆောက်ပေးရန် ပရော
ဂျက် ရလာသောအခါတွင် မြေဖို့ကာ အခန်းပေါင်း ၃၀၀ ကျော်နှင့် အထပ်
၂၀ ရှိသော တိုက်များကို ဆောက်ပြီးကာမှ ပြန်အသိမ်းခံခဲ့ရသည်။ ထို့အတွက်
ရသင့်သည်ကို ပြန်တောင်းသောအခါ သိန်း ၃၇၀၀ ပြန်ရခဲ့သည်။ သို့သော်
လည်း မြေကြီးဖို့ထားသည်မှာ သိန်းပေါင်း ၃၀၀၀ နီးပါး ကုန်ကျခဲ့သောကြောင့်
ထိုပရောဂျက်တွင် အရှုံးပေါ်ခဲ့ပေသည်။ နှမြောတသဖြစ်ကာဝမ်းနည်းနေလျှင်
ရှေ့ဆက်နိုင်ရန်ခဲယဉ်းသွားမည်ဖြစ်သောကြောင့် ထိုနေရာတွင်ရပ်တန့်သွားရန်
မဖြစ်နိုင်ပေ။ အတတ်နိုင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကာ အခက်အခဲ
များကို ကျော်လွှားနိုင်ရန် အားထုတ်ခဲ့ပါသည်။
နောက်တစ်ကြိမ် အစိုးရထံမှ ၂၅ ထပ်ဆောက်ရန် ပရောဂျက်များ ချ
ပေးသောအခါ ကျွန်တော်လည်း တစ်ခုရခဲ့သည်။ ရန်ကုန်မြို့တွင် Shopping
ကြီးတစ်ခုနှင့် တွဲဖက်ပြီး ရုံးခန်းများပါသည့် အဆောက်အအုံ တစ်ခုကို
ဆောက်လုပ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရသို့ ၂၀ ရာခိုင်နှုန်း အခွန် ပေးဆောင်
ရာမှ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်လာသောအခါတွင် ကျွန်တော် အပါအ၀င်
မည်သူကမျှ ဆက်မလုပ်နိုင်ကြတော့ပေ။ ထို့ကြောင့် အဆောက်အအုံကို ၁၁
ထပ်ဖြင့်သာ အဆုံးသတ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် Taw Win Shopping Center
ဖွင့်လှစ်ခဲ့သည်။ ၂၀၁၂-၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သည့် နိုင်ငံခြား ဧည့်သည်များလာသောကြောင့် ဟိုတယ်
များ မလောက်မငှ ဖြစ်လာခဲ့သည်။ သို့ဖြင့် Shopping Center အပေါ်တွင်
ကျန်သည့်အထပ်များကိုTaw Win Garden Hotal အဖြစ် ၂၀၁၄ ခုနှစ်တွင်
စတင် ဖွင့်လှစ်ခဲ့သည်။ ကျွန်တော့်သမီးနှစ်ယောက်အတွက် အမွေပေးရန် ရည်
ရွယ်၍ှ့သစစငညါ Shopping Center နှင့် Hotel ဖွင့်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းလုပ်ရာတွင် လိုအပ်သည့် နည်းပညာဖြင့် စနစ်တကျ ဆောင်
ရွက်သည့် လုပ်ငန်းအဆင့်ဆင့်ကို သေချာစွာ လုပ်ကိုင်နိုင်ပါက အကျိုးအမြတ်
လည်း ပိုမိုရလာမည်ဖြစ်သလို နောင်တစ်ချိန် ရင်ဆိုင်ရမည့် ယှဉ်ပြိုင်မှုကိုလည်း
ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် စီမံခန့်ခွဲမှုပညာကို စနစ်
တကျ သင်နိုင်ခဲ့သည် မဟုတ်ပါ။ သို့သော်လည်း ကျွန်တော် အတုယူ နားလည်
နိုင်သည့်အပေါ်မူတည်ပြီး လုပ်ငန်းများကိုစီမံခန့်ခွဲနေခြင်းဖြစ်သည်။ ကျွန်တော်
နားလည်သည့် စီမံခန့်ခွဲမှုဆိုသည်မှာ ပြေလည်အောင် ဆောင်ရွက်နိုင်ခြင်း
ဖြစ်သည်။
ပြေလည်အောင် ဆောင်ရွက်ရာတွင် ဥပမာ- ငွေကြေးပြဿနာ အခက်
အခဲ ဖြစ်လာလျှင် ငွေကြေးကို ဘယ်လိုအဆင်ပြေအောင် ဆောင်ရွက်ရမလဲ၊
အဓိက ငွေကြေးစီမံခန့်ခွဲမှုဆိုလျှင် လုပ်ငန်းတစ်ခုကို လက်မခံမီတွင် ဘယ်
လောက် ကုန်မလဲဆိုသည့် ပရောဂျက် Estimate လုပ်လိုက်ပေသည်။ ဘယ်
အချိန်၊ ဘယ်နေ့တွင် ဘယ်လောက်ကုန်မလဲကို Estimate ထပ်လုပ်ရပါသည်။
အဲဒီငွေကြေးကို ဘယ်လိုရှာမလဲ၊ ကိုယ့်ထံတွင် ဘယ်လောက်ရှိမလဲ၊ ဘယ်လို
ဖြည့်ဆည်းမလဲဆိုသည့် နည်းစနစ်တွေကို စဉ်းစားရမှာဖြစ်သည်။ အုပ်ချုပ်
သည့် လူများကိုလည်း အဆင့်လေးဆင့်ထားကာ ဖွဲ့လိုက်ပြီး လုပ်ငန်းကို အုပ်
ချုပ်သလို Lobour Management ကိုလည်း ဒီနည်းအတိုင်းပင် အုပ်ချုပ်လေ့
ရှိသည်။ သူ့နေရာနှင့်သူ အဆင်ပြေအောင်စီစဉ်ပေးရသည့်အတွက် စီမံခန့်ခွဲမှု
တစ်ခုပင် ဖြစ်သည်။
အခက်အခဲဆိုသည်မှာ ကျွန်တော်တို့ နေ့စဉ်ဘ၀တွင် အမြဲတွေ့မြင်နေ
ရသည့် အရာ

Monday, July 20, 2015

သဘာဝ body scrub ပြုလုပ်နည်း

သဘာဝ body scrub ပြုလုပ်နည်း
.
သဘာဝပစ္စည်းတွေနဲ့ လှပချင်သူတွေအတွက် အုန်းဆီ နဲ့ သကြားကို အသုံးပြုပြီး handmade body scrub ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။
ပြုလုပ်နည်းကတော့ အရမ်းလွယ်ပါတယ် သကြားနှစ်ဇွန်းကို အုန်းဆီ သုံးဇွန်းနှုန်းနဲ့ မိမိလိုချင်တဲ့ ပမာဏအတိုင်း ရောမွှေလိုက်ရုံပါပဲ။
ဒါကို တစ်လ တစ်ခါလောက် အသုံးပြုသွားရင် နူးညံချောမွေ့တဲ့ အသားအရေကို ရရှိနိုင်ပါတယ်။နောက်ပြီး အနံ့အသက်လဲ ပိုကောင်းလာမယ်လို့ ဆိုထားပါတယ်။
skin care တွေကို ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းဟာ ငွေကြေးအကုန်အကျသက်သာစေပါတယ်။နောက်ပြီး ထပ်ခါထပ်ခါသုံးစွဲနိုင်တဲ့ ပုလင်းတွေ ဘူးတွေကို အသုံးပြုခြင်းအားဖြင့် သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်တော့ပါဘူး။
.
ပန်းအိ (မိုမိုလေး)
‪#‎momolay‬ ‪#‎momo_health‬

Sunday, July 19, 2015

ဆံပင်အတွက် ဆန်ဆေးရည်

ကျန်းမာရေးသတင်းများ's photo.
ဆံပင်အတွက် ဆန်ဆေးရည်
------
ရှေးမြန်မာဘိုးဘွားလက်ထက်ကတည်းက ဆန်ဆေးရည်ကို အမျိုးမျိုးအသုံးပြုလာခဲ့ကြပါတယ်။ အထူးသဖြင့် ဆံပင်အတွက်၊ အစာအိမ်အတွက်နဲ့ အသားအရေအတွက်တို့... ဖြစ်ပါတယ်။
(၁) ဆံပင်ကို သန်စွမ်းနက်မှောင်စေရန် ဆန်ဆေးရည်ဖြင့် တစ်ပတ်ကို ၂ ရက်ခန့် ခေါင်းလျှော်ပေးပါ။
(၂) ဆံပင်ပျော့ပြောင်းပြီး လှပစေရန်၊ ဗောက်ပျောက်ရန် ဆန်ဆေးရည်ထဲကို သံပုရာအခွံ၊ ရှောက်သီးအခွံများ တစ်ညခန့် စိတ်ထားပြီး ၄င်းအရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။
(၃) ဆံသားနှစ်ခွဖြစ်နေလျှင် ရေမချိုးခင် ဆန်ဆေးရည်ဖြင့် ၁၅ မိနစ်ခန့် ဆံပင်အနှံ့  လျှော်ထားပါ။ ပြီးလျှင် ခေါင်းလျှော်လိုက်ပါ။
(၄) ဆံပင်မသန်ခြင်း၊ ဗောက်ထခြင်း၊ သန်းများခြင်းများအတွက် ဆန်ဆေးရည်ထဲကို နှင်းဆီပေါင်းခံရည် အနည်းငယ် ရောထည့်၍
ခေါင်းအနှံသုတ်လိမ်းထားပြီး ၁၅ မိနစ်ခန့် ပလတ်စတစ်ခေါင်းပေါင်းထားပါ။
ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ဗောက်၊ သန်းများကင်းရှင်းသွားပြီး ဦးရေပြားကျန်းမာလာမည်။ ဆံပင်သန်စွမ်းနက်မှောင်လာမည်။
ဆန်ဆေး၏ အခြားအကျိုးကျေးဇူးများကိုလည်း ထပ်မံတင်ဆက်ပေးပါဦးမည်။ သန်စွမ်းနက်မှောင်၍ လှပသော ဆံသားများကို ပိုင်ဆိုင်နိုင်ကြပါစေ။
Saw Noi Nay Saing (Putao)
ကျန်းမာရေးသတင်းများ

Saturday, July 18, 2015

အရှက် နဲ့ တန်ဖိုး

Ashoka Rama's photo.

Ashoka Rama's photo.
Ashoka Rama's photo.
Ashoka Rama's photo.

အရှက် နဲ့ တန်ဖိုး
-----------------------
"အရှက်" ကြောင့် လူတွေ မိုက်မှားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ သေခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "ယဉ်ကျေး" ခဲ့ကြရ...ပါတယ်။ "အရှက်" ကြောင့် လူတွေ "လိမ္မာ" ခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူနဲ့ တိရစ္ဆာန် ခြားနားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ "အ၀တ်" ၀တ်လာ ခဲ့ကြ ပါတယ်။ အဲဒီလို "ကိုယ်ရုံအ၀တ်" ၀တ်ဆင်လာခဲ့တဲ့ အချိန်ကစပြီး လူသားတွေကို "ယဉ်ကျေးတဲ့သတ္တ၀ါ" လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။
အရှက် ဆိုတဲ့ "ဟီရိသြတပ္ပ" တရားဟာ လူသားတိုင်းအတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ လူ့တန်ဖိုးကို အဲဒီလူရဲ့ "ရှက်စိတ်" နဲ့ တိုင်းတာလို့ ရပါတယ်။ အရှက်ဆိုတဲ့ အရာ နှစ်မျိုးနှစ်စား ရှိပါတယ်။ သူတပါးကို ရှက်တတ်ခြင်းနှင့် ကိုယ့်ကိုယ့်ကို ရှက်တတ်ခြင်းပါ။ ကိုယ့်ကိုယ်ကို "ကိုယ့်လိပ်ပြာ ကိုယ်" ရှက်တတ်တဲ့ သူဟာ တန်ဖိုးရှိတဲ့လူ ဖြစ်ပါတယ်။ "ကိုယ့်လိပ်ပြာကိုယ်" မရှက်တတ်တဲ့သူ၊ ရှက်ရကောင်းမှန်းကို မသိတဲ့သူဟာ၊ "လူ" လို့ ခေါ် ဖို့တောင် မထိုက်တန်တဲ့သူ ဖြစ်ပါတယ်။

ကိုလိုနီနယ်ပယ်သစ်တွေ ချဲ့ထွင်ကြတဲ့ နယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒပ်ခ်ျ စတဲ့နိုင်ငံကြီးတွေဟာ စားကျက်နယ်မြေတွေ လုကြရင်း တဦးနဲ့တဦး အပြိုင်အဆိုင် စစ်ပွဲကြီးတွေ တိုက်ခိုက်ကြပါတယ်။ လှေသင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီး တွေမှာ သင်္ဘောတွေ အမြောက်ကျည်ဆံ ထိမှန်ပြီး နစ်မြုပ်တော့မယ်ဆိုရင်၊ သင်္ဘောသားတွေကို သင်္ဘောက ထွက်ခွါခွင့် ပေးခဲ့ပေမယ့်၊ သင်္ဘောရဲ့ ကပ္ပတိန်တွေကတော့ သူ့သင်္ဘောကို စွန့်ခွါထွက်ပြေးလေ့ မရှိပါဘူး။ ခန့်ခန့်ညားညား ၀တ်စုံပြည့် ၀တ်စားဆင်ယင်ပြီး သင်္ဘောနဲ့အတူ နစ်မြုပ်အသေခံ သွားတာဟာ ရေတပ်ရဲ့ အစဉ်အလာကြီးတခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ မိမိရဲ့ သင်္ဘောကို စွန့်ခွါထွက်ပြေး သူအဖြစ် အကဲ့ရဲ့ခံရမယ့် အရှက်တကွဲ အဖြစ်ကြီးကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အသက်ကို စွန့်သွားကြတာ ဖြစ်ပါတယ်။ အရှက်ကို အသက်နဲ့ လဲသွားတာပါ။
ကမ္ဘာ့သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး ရေကြောင်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ "နယ်လ်ဆင်" ဆိုရင် သူ့သင်္ဘောကို အဆမတန် အင်အားကြီးမားတဲ့ ရန်သူရေတပ် သင်္ဘောတွေက ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံနေရတဲ့အတွက် သူ့အထက်က ရေကြောင်း ဗိုလ်ချုပ်မှူးကြီးက သင်္ဘောကို ဆုတ်ခွါလာခဲ့ဖို့ အချက်ပြအမိန့်ပေးတာကိုတောင်မှ မမြင်ချင်ယောင်ဆောင်ပြီး၊ ဆက်လက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ စစ်ရှုံးလို့ ထွက်ပြေးရ တယ်ဆိုတဲ့ နာမည် ကို ခံရမှာထက် အသက်သာ အသေခံမယ်ဆိုပြီး အရှက်ကို အသက်နဲ့ လဲသွားခဲ့တာပါ။ သူ့အကြောင်းကို မြန်မာစွယ်စုံကျမ်းမှာ ဒီလို ရေးသား ဖော်ပြ ထားခဲ့ပါတယ်။
[နယ်လဆင်, ဟိုရေးရှိုး (ခရစ် ၁၇၅၈-၁၈၀၅)။ ။ ဟိုရေးရှိုးနယ်လဆင်သည် အင်္ဂလိပ်လူမျိုး ရေကြောင်းဗိုလ်ချုပ်မှူးဖြစ်၍၊ ဗြိတိသျှ ရေကြောင်းတိုက်ပွဲ သမိုင်း၌ အထင်ရှား ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်၏။ ယင်းသည် ထရာဖဲလဂါတွင် ပြင်သစ်နှင့် စပိန်တပ်တို့ကို တိုက်ခိုက်အောင်မြင်၍ နပိုလီယန်ကို အနိုင်ယူလိုက်ရာ၊ ဤအောင်မြင်မှုသည် အင်္ဂလန်ပြည်၏ သမိုင်းတွင် အကြီးဆုံးသော အောင်မြင်မှုဖြစ်၏။ (နပိုလီယန်ဘုရင်များ။ ထရာဖဲလဂါတိုက်ပွဲ- ရှု။) နယ်လဆင်သည် ၁၇၅၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် နောဖို့ခရိုင် ဗာနမ်သော့ရွာတွင် ဖွားမြင်၍ သင်းအုပ်ဆရာတဦး၏ သားဖြစ်သည်။ ငယ်စဉ်က အလွန် ချူချာသော သူတယောက် ဖြစ်သော်လည်း ပင်လယ်ခရီးထွက်ရန် အလွန်ဝါသနာပါသည်။ ထို့ကြောင့် ၁၂ နှစ်သား အရွယ်တွင် အကြောင်းမသင့်သဖြင့် ကျောင်းမှထွက်ခဲ့ရသောအခါ ဘုရင့်ရေတပ်မတော်တွင် ရေတပ်ဗိုလ်ကလေးအဖြစ်ဖြင့် အမှုထမ်းပြီးနောက်၊ ဖောက်ကလန် ကျွန်းသို့ သွားသော သင်္ဘောတွင် ပဌမဦးစွာ လိုက်ပါသွားခဲ့လေသည်။
ထိုသင်္ဘောကို သူ၏ ဦးလေးဖြစ်သူ ဗိုလ်မှူးကြီး ဆပ်ကလင်းက ကြီးမှူးရာ၊ ဦးလေး၏ သွန်သင်မှုကြောင့် တကြောင်း၊ နဂိုကပင် ရေကြောင်းဖက်တွင် ၀ါသနာထုံလှသဖြင့် တကြောင်း၊ ရဲရင့်၍ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ကြောင့်တကြောင့်၊ နယ်လဆင်သည် ၂၁ နှစ်အရွယ်တွင် အလတ်စား တိုက် သင်္ဘေတစင်း၌ ဗိုလ်မှူးကြီး ဖြစ်လာခဲ့၏။ ထိုအခါမှစ၍ နယ်လဆင်သည် ရက်စက်စွာ အပြစ်ဒဏ်ပေးမှုများကို ပယ်ဖျက်ကာ၊ ဥပဒေများကို ပြုပြင် ပြောင်းလဲခဲ့၏။ သင်္ဘောသားများကို အထူးဂရုစိုက်တတ်သည့်အပြင်၊ ရဲရင့်စွန့်စားသူများကိုလည်း ရာထူးတိုး မြှင့်ပေးလေ့ ရှိ၏။ အသက်ပင်ငယ်သော်လည်း တကယ်ပင် စွမ်းဆောင်နိုင်သော ဗိုလ်မှူးကြီး ဖြစ်လေသည်။ နယ်လဆင်ကား သူရသတ္တိရှိ၏။ တည်ကြည်၏။ မှုခင်းတို့ကို ဆုံးဖြတ်နိုင်၏။
၁၇၉၃ ခုနှစ်၌ အက်ဂါမံနွန် ခေါ် စစ်သင်္ဘောကို အုပ်ချုပ်ရပြီးလျှင် မြေထဲပင်လယ် ရေတပ်၌ ပါဝင်ရလေသည်။ ထိုအခါမှစ၍ ပင်လယ်မှ ပြန်ရသည် ဟူ ၍ မရှိဘဲ၊ (၁၇၉၃ ခုနှစ်မှ ၁၈၀၀ ပြည့်နှစ်အထိ) ၇ နှစ်တိုင်တိုင် ပင်လယ်၌ အမှုထမ်းရသည်။ သို့ဖြင့် ၁၇၉၄ ခုနှစ်တွင် ကောစီကား ပင်လယ်ကမ်းရိုး တန်းရှိ ကာလဗီမြို့ကို သိမ်းယူသည့် တိုက်ပွဲ၌၊ လက်ျာဖက်မျက်လုံးတွင် ဒဏ်ရာရရှိရာမှ မျက်လုံးကွယ်သွားလေသည်။
ထို့နောက် ၁၇၉၇ ခုနှစ်တွင် စိန်ဗင့်ဆင့် တိုက်ပွဲ၌ သူ၏ ရဲစွမ်းသတ္တိသည် ချီးကျူးလောက်အောင်ပင် ဖြစ်၏။ ထိုတိုက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီး ဆာဂျွန် ဂျားဗစ်နှင့်အတူ စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းဖွဲစည်းထားသော ရေတပ်ကို နှိမ်နင်း အောင်မြင်သောအခါ၊ သူကောင်းပြုခြင်း ခံရလေသည်။ များမကြာမီ ကနေရီကျွန်းစုရှိ ဆန်တာခရု ခံတပ်ကို တိုက်ခိုက်ရာ၌ အနာတရ ဒဏ်ရာရရှိပြီးလျှင်၊ လက်ျာဖက်လက်ကို တတောင်ဆစ်မှ ဖြတ်ပစ်ရပြန်လေသည်။ နယ်လဆင်သည် အင်္ဂလန်သို့ ပြန်သွားပြီးလျှင်၊ အချိန်အတန်ကြာ ဝေဒနာကို ကုသပြီးနောက်၊ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာပြန်သည်။
ထိုအချိန်၌ နပိုလီယန်သည် ကုန်းဖက် စစ်ပွဲတို့၌ အောင်မြင်ပြီး၍၊ အင်္ဂလန်ကို ရေတပ်ဖြင့် တိုက်ခိုက်လို၏။ ထိုအတွင်းနယ်လဆင်သည် တူလွန်မြို့ရှိ ပြင်သစ်ရေတပ်ကို စောင့်၍ကြည့်ဆဲ၊ ပြင်သစ်ရေတပ်သည် လေမုန်တိုင်း ထနေစဉ် လွတ်မြောက်သွားသဖြင့်၊ နယ်လဆင်သည် ထိုရေတပ်နောက်သို့ ထပ်ကြပ်လိုက်သွားကာ တိုက်ခိုက်လေ၏။ နယ်လဆင်သည် ရေတပ်ကို နှစ်စုခွဲ၍ တိုက်ခိုက်ရာ ၁၇၉၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် အပြီးတိုင် အောင်မြင်လေသည်။ ဤတိုက်ပွဲကြီးကို နိုင်းမြစ်တိုက်ပွဲကြီးဟူ၍ ဗြိတိသျှသမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ထိုတိုက်ပွဲတွင် အရေးမလှသည်နှင့် နပိုလီယန်သည် အီဂျစ်ကို တိုက်ခိုက်ရန် အကြံကို လက်လျှော့လျက် သင်္ဘေငယ်တစင်းဖြင့် မြေထဲပင်လယ်ကို ဖြတ်၍ ပြန်ခဲ့ရလေသည်။ နယ်လဆင်၏ အောင်မြင်မှုသည် ကမ္ဘာတ၀ှမ်းလုံးသို့ ပျံ့နှံ့သွား၏။ နယ်လဆင်သည် ဗဲရွန်ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဆင့်အတန်းသို့ ခန့်အပ်ချီးမြှင့် ခံရသည် သာမက ဆုငွေလည်း မြောက်မြားစွာ ရရှိလေသည်။
၁၈၀၁ ခုနှစ်တွင် နယ်လဆင်သည် ရေကြောင်းဗိုလ်ချုပ်ကြီးရာထူးကို ရရှိခဲ့ပြီးနောက်၊ အင်္ဂလန်သည် ဗောလတစ်ကမ်းခြေနိုင်ငံများနှင့် စစ်ဖြစ်ပြန်ရာ၊ ရေတပ်ဗိုလ်ချုပ်မှူးပါကာ၏ ရေတပ်ကြီးတွင် ပါဝင်လိုက်ပါပြီးလျှင် ဒိန်းမတ်နိုင်ငံသို့ ချီတက်သွားပြန်၏။
ပြင်သစ်ဘုရင် နပိုလီယန်သည် နောက်တကြိမ် အင်္ဂလန်ပြည်ကို စီးနင်းရန် ကြံစည်ပြန် ရာ၊ ၁၈၀၃ ခုနှစ်၌ နယ်လဆင်သည် အနားယူနေရာမှ ရေ ကြောင်းဗိုလ်ချုပ်ကြီး အဖြစ်ဖြင့် မြေထဲပင်လယ် သင်္ဘောတပ်ကို ဦးစီး၍ တိုက်ပွဲဝင်ခဲ့ပြန်သည်။ ဦးစွာ၌ ကိုပင်ဟားဂင်းမြို့အနီး တွင် ဒိန်းလူမျိုးတို့၏ ရေတပ်ကို အောင်မြင်သည်။ ဤတိုက်ပွဲ ဖြစ်နေစဉ် ရေကြောင်း ဗိုလ်ချုပ်မှူး၏ သင်္ဘောမှ ပြန်၍ဆုတ်ရန် အချက်ပြသော အလံလွှင့်တင်သည်ကိုပင် နယ်လဆင်သည် မမြင်သော မျက်စိဖြင့် မှန်ပြောင်းနှင့်ကြည့်၍ အချက်ပေးခေါ်သည်ကို မမြင်လေဟန်ဆောင်လျက် ဆက်လက်တိုက်ရာ ရှုံးတော့မည့် အခြေမှ တခါတည်း အနိုင်ရခဲ့ လေသည်။ ဤအောင်မြင်မှုကြောင့်လည်း ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ထူးဖြင့် မှူးမတ်လတ် အဖြစ် တိုးမြှင့်ချီးကျူးခြင်း ခံရပြန်လေသည်။
တခါက နယ်လဆင်သည် သူ၏ အလံတင် သင်္ဘော 'ဗစ်ထရီ' ကို စီးနင်း၍ တူလွန်မြို့နှင့် ခပ်လှမ်းလှမ်းတွင် စောင့်ဆိုင်းနေရာ ပြင်သစ် သင်္ဘောတပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ရသောအခါ မိမိ၏ ရေတပ်ဖြင့် ထပ်ကြပ်မကွာ အနောက် အိန္ဒိယကျွန်းစုသို့ ရောက်အောင်လိုက်ပြီးမှ ပြန်၍ လှည့်လာခဲ့၏။ ထို့နောက် ရန်သူတပ်ကို ဆုံမိအောင် ၂ နှစ်တောင်မှ စောင့်ဆိုင်းခဲ့ရပြီးနောက်၊ ၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် စပိန်နိုင်ငံ ကမ်းခြေ ထရာဖဲလဂါအငူတွင် ရေကြောင်းတိုက်ပွဲကို စတင် တိုက်ခိုက်ရ လေသည်။ ထိုတိုက်ပွဲတွင် နယ်လဆင်သည် 'အင်္ဂလန်ပြည်သည် လူတိုင်း အား မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်လိမ့်မည်ဟု မြှော်လင့်သည်' ဟူသော အဓိက ဆောင်ပုဒ်ကို ဖော်ပြသည့် အလံကို မိမိ၏ အလံတင် သင်္ဘောတွင် လွှင့်ထူကာ ၂၇ စင်းမျှသာ ရှိသော အင်္ဂလိပ်သင်္ဘောများဖြင့် စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းထားသည့် ရေတပ်ကြီးကို မဆုတ်မနစ် တိုက် ခိုက်လေသည်။ ဤတိုက်ပွဲတွင် နယ်လဆင်သည် မိမိကိုယ်တိုင် စီးနင်းသည့် 'ဗစ်ထရီ' ခေါ် အလံတင်သင်္ဘောကို ဘေးဥပါဒ်အများဆုံးနေရာတွင် ချထား၍ တိုက်ခိုက် လေရာ၊ တိုက်ပွဲပြင်းထန်လာချိန်တွင် နယ်လဆင်သည် ကုန်းပတ်အမြင့်ပေါ်၌ လျှောက်ရင်း အမိန့်ပေးနေစဉ်၊ ရန်သူ့ဖက်မှ ကျည် ဆံသင့်၍ ကျလေ၏။ ကျည်ဆံသည် နယ်လဆင်၏ ကျောရိုးတွင် မြုပ်ဝင်လျက်ရှိသဖြင့် နယ်လဆင်အား ဘေးကင်းရာ သင်္ဘေ၀မ်းသို့ ယူသွားရလေ၏။ နောက်ဆုံးတွင် အင်္ဂလိပ်တပ်က နိုင်ကြောင်းကို သိရပြီးမှ ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်လေသည်။ "ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ပ် ၏တာဝန် ၀တ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်ပြီးပါပြီ" ဟူသော နယ်လဆင် သေအံ့ဆဲဆဲတွင် ပြောခဲ့သော စကားသည် သမိုင်း၌ ဥဒါန်းတွင်ရစ်၏။]
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲခန့်အချိန်တွင် နယ်လဆင်သည် ရန်သူရေတပ်ကို အပြီးသပ် အောင်မြင်၍ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားများ သည်လည်း ထိုစစ်ပွဲ နိုင်သည့် သတင်းကောင်းနှင့်တကွ ရေကြောင်းဗိုလ်ချုပ်မှူး နယ်လဆင် တိုက်ပွဲတွင် ကျဆုံးရရှာပြီ ဟူသော ၀မ်းနည်းဖွယ် သတင်း ကိုပါ တပါတည်း ကြားကြရလေသည်။ သူ၏ ရုပ်အလောင်းကို ၁၈၀၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် လန်ဒန်မြို့ စိန့်ပေါဘုရားရှိခိုးကျောင်းကြီး အတွင်း၌ မြှုပ်နှံထား၏။ ထို့အပြင် အထိမ်းအမှတ်အဖြင့် ပေ ၁၇၀ ကျော်မြင့်သော နယ်လဆင် ကျောက်တိုင်ကြီးကို တည်ဆောက်ထားခြင်းဖြင့် အာဇာနည် ရေ ကြောင်း ဗိုလ်ချုပ်မှူး၏ ကျေးဇူးကို ဂုဏ်ပြု ချီးကျူးထားလေသည်။
"အရှက်နဲ့ လူလုပ်တယ်" ဆိုတဲ့ စကားကို စူဠသုဘဒ္ဒါတို့ခေတ်၊ ဥပကတက္ကဒွန်းကြီးတို့ ခေတ်က ပြောခဲ့ကြသလို ခုခေတ်မှာလည်း ပြောနေကြတာပါ။
"ဟေ့ တို့က အရှက်နဲ့ လူလုပ်တာ၊ အရှက်ကို အသက်ထက် ပိုတန်ဘိုးထားတယ်"ဆိုတာမျိုး လူတိုင်းလိုလို တကြိမ်တခါတော့ ပြောဖူးကြတာချည်းပါပဲ။ ဒါပေမယ့် 'အရှက်' ဆိုတာ ဘာလဲလို့ မေးကြည့်လိုက်ရင်တော့၊ တယောက် တမျိုး၊ေ၀၀ါးထွေပြားတဲ့ အဖြေတွေသာ ထွက်လာမှာ ဖြစ်ပါတယ်။ တိကျ ရေရာတဲ့ အဖြေတခုရဖို့ မလွယ်တော့လောက် အောင်ကို 'အရှက်' ဆိုတာ၊ အလှမ်းကွာဝေးသထက် ကွာဝေးလာနေတဲ့ အရာတခု ဖြစ်နေပါတော့တယ်။

ဒီလို အလှမ်းဝေးလာခဲ့ရတာက "အရှက်" ဆိုတာရဲ့ "တန်ဖိုး" သတ်မှတ်ချက်တွေ ပြောင်းလဲ သွားခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ဘာမှ မကြာသေးတဲ့ မနေ့ တနေ့ကတွင် ရှက်စရာလို့ ယူဆထားတဲ့ အရာတခုဟာ ကနေ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလောက် အဖြစ်သာ သဘောထားတာမျိုးတွေ အများကြီး ဖြစ်နေပါပြီ။ "အရှက်" နဲ့ "တန်ဖိုး" တွေ ပြောင်းလဲသွားတာနဲ့အမျှ၊ လူ့အဖွဲ့အစည်းလည်း ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အဖွဲ့အစည်း ရဲ့ "နေပျော်မှု" "မနေပျော်မှု" ဟာ "အရှက်" နဲ့ "တန်ဖိုး" အပေါ်မှာ အဓိက မူတည်နေကြောင်း ရေးသားလိုက်ရပါတယ်။
လူထုစိန်ဝင်း။
{လူထုစိန်ဝင်း ရဲ့ အရှက်နဲ့တန်ဖိုး စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၉၉ ဖေဖော်ဝါရီမှ ကောက်နှုတ် ကူးယူ ဖော်ပြပါတယ်။}
အသောကာရာမ-မလေးရှား

Thursday, July 16, 2015

ဗိုက်ထဲ တွင် အစာ မ၇ှိလျှင် ဒိန်ချဉ် မသောက်၇

နည်းစနစ်ကျကျအတွေးအခေါ်'s photo.
ဗိုက်ထဲ တွင် အစာ မ၇ှိလျှင် ဒိန်ချဉ် မသောက်၇
ဒိန်ချဉ် ကို ဝမ်းထဲ မှာ အစာ မရှိရင် မစားသင့်ဘူး လို့ ဆေးပညာရှင် များက မှာကြားထား ပါ တယ်။ အကြောင်း အရင်းက ဒီလို ဖြစ်ပါတယ်။
နွားနို့ ကို အချဉ်ဖောက် ထားတဲ့ ဒိန်ချဉ် မှာ lactic အက်ဆစ်တွေ ပြည့်နေ ပါတယ်။ ဝမ်း ထဲမှာ အစာ မရှိတဲ့ အခါ အစာအိမ် မှာလည်း အက်ဆစ်တွေ က အလဟသ ဖြစ်နေပါတယ်။

ဒါကြောင့် ဒိန်ချဉ် ကို အစာ မရှိပဲ သောက်တဲ့ အခါ ဝင်လာတဲ့ Lactic အက်ဆစ် ဟာ ဝမ်းထဲ မှာရှိနေ တဲ့ အစာချေ အက်ဆစ် နဲ့ ဓာတ်ပြု ပြီး အဆိုးဆုံး အခြေအနေ ကတော့ အူ အတက်ပေါက်ခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း တို့ အထိ ကျန်းမာရေး ဆိုးကျိုး ရှိစေနိုင် ပါတယ်။
ဒါကြောင့် ဒိန်ချဉ် ကို ဝမ်းထဲ မှာ အစာမရှိပဲ မသောက်သုံး မိဖို့ သတိပေးထား ကြောင်း သိရ ပါတယ်။

Credit to Snow white

Sunday, July 12, 2015

More than 100 Keyboard Shortcuts must read

More than 100 Keyboard Shortcuts must read
SHARE IT........
Keyboard Shorcuts (Microsoft Windows)
1. CTRL+C (Copy)...
2. CTRL+X (Cut)
3. CTRL+V (Paste)
4. CTRL+Z (Undo)
5. DELETE (Delete)
6. SHIFT+DELETE (Delete the selected item permanently without placing the item in the Recycle Bin)
7. CTRL while dragging an item (Copy the selected item)
8. CTRL+SHIFT while dragging an item (Create a shortcut to the selected item)
9. F2 key (Rename the selected item)
10. CTRL+RIGHT ARROW (Move the insertion point to the beginning of the next word)
11. CTRL+LEFT ARROW (Move the insertion point to the beginning of the previous word)
12. CTRL+DOWN ARROW (Move the insertion point to the beginning of the next paragraph)
13. CTRL+UP ARROW (Move the insertion point to the beginning of the previous paragraph)
14. CTRL+SHIFT with any of the arrow keys (Highlight a block of text)
SHIFT with any of the arrow keys (Select more than one item in a window or on the desktop, or select text in a document)
15. CTRL+A (Select all)
16. F3 key (Search for a file or a folder)
17. ALT+ENTER (View the properties for the selected item)
18. ALT+F4 (Close the active item, or quit the active program)
19. ALT+ENTER (Display the properties of the selected object)
20. ALT+SPACEBAR (Open the shortcut menu for the active window)
21. CTRL+F4 (Close the active document in programs that enable you to have multiple documents opensimultaneou sly)
22. ALT+TAB (Switch between the open items)
23. ALT+ESC (Cycle through items in the order that they had been opened)
24. F6 key (Cycle through the screen elements in a window or on the desktop)
25. F4 key (Display the Address bar list in My Computer or Windows Explorer)
26. SHIFT+F10 (Display the shortcut menu for the selected item)
27. ALT+SPACEBAR (Display the System menu for the active window)
28. CTRL+ESC (Display the Start menu)
29. ALT+Underlined letter in a menu name (Display the corresponding menu) Underlined letter in a command name on an open menu (Perform the corresponding command)
30. F10 key (Activate the menu bar in the active program)
31. RIGHT ARROW (Open the next menu to the right, or open a submenu)
32. LEFT ARROW (Open the next menu to the left, or close a submenu)
33. F5 key (Update the active window)
34. BACKSPACE (View the folder onelevel up in My Computer or Windows Explorer)
35. ESC (Cancel the current task)
36. SHIFT when you insert a CD-ROMinto the CD-ROM drive (Prevent the CD-ROM from automatically playing)

Dialog Box - Keyboard Shortcuts
1. CTRL+TAB (Move forward through the tabs)
2. CTRL+SHIFT+TAB (Move backward through the tabs)
3. TAB (Move forward through the options)
4. SHIFT+TAB (Move backward through the options)
5. ALT+Underlined letter (Perform the corresponding command or select the corresponding option)
6. ENTER (Perform the command for the active option or button)
7. SPACEBAR (Select or clear the check box if the active option is a check box)
8. Arrow keys (Select a button if the active option is a group of option buttons)
9. F1 key (Display Help)
10. F4 key (Display the items in the active list)
11. BACKSPACE (Open a folder one level up if a folder is selected in the Save As or Open dialog box)
Microsoft Natural Keyboard Shortcuts
1. Windows Logo (Display or hide the Start menu)
2. Windows Logo+BREAK (Display the System Properties dialog box)
3. Windows Logo+D (Display the desktop)
4. Windows Logo+M (Minimize all of the windows)
5. Windows Logo+SHIFT+M (Restorethe minimized windows)
6. Windows Logo+E (Open My Computer)
7. Windows Logo+F (Search for a file or a folder)
8. CTRL+Windows Logo+F (Search for computers)
9. Windows Logo+F1 (Display Windows Help)
10. Windows Logo+ L (Lock the keyboard)
11. Windows Logo+R (Open the Run dialog box)
12. Windows Logo+U (Open Utility Manager)
13. Accessibility Keyboard Shortcuts
14. Right SHIFT for eight seconds (Switch FilterKeys either on or off)
15. Left ALT+left SHIFT+PRINT SCREEN (Switch High Contrast either on or off)
16. Left ALT+left SHIFT+NUM LOCK (Switch the MouseKeys either on or off)
17. SHIFT five times (Switch the StickyKeys either on or off)
18. NUM LOCK for five seconds (Switch the ToggleKeys either on or off)
19. Windows Logo +U (Open Utility Manager)
20. Windows Explorer Keyboard Shortcuts
21. END (Display the bottom of the active window)
22. HOME (Display the top of the active window)
23. NUM LOCK+Asterisk sign (*) (Display all of the subfolders that are under the selected folder)
24. NUM LOCK+Plus sign (+) (Display the contents of the selected folder)
MMC COnsole Windows Shortcut keys
1. SHIFT+F10 (Display the Action shortcut menu for the selected item)
2. F1 key (Open the Help topic, if any, for the selected item)
3. F5 key (Update the content of all console windows)
4. CTRL+F10 (Maximize the active console window)
5. CTRL+F5 (Restore the active console window)
6. ALT+ENTER (Display the Properties dialog box, if any, for theselected item)
7. F2 key (Rename the selected item)
8. CTRL+F4 (Close the active console window. When a console has only one console window, this shortcut closes the console)
Remote Desktop Connection Navigation
1. CTRL+ALT+END (Open the Microsoft Windows NT Security dialog box)
2. ALT+PAGE UP (Switch between programs from left to right)
3. ALT+PAGE DOWN (Switch between programs from right to left)
4. ALT+INSERT (Cycle through the programs in most recently used order)
5. ALT+HOME (Display the Start menu)
6. CTRL+ALT+BREAK (Switch the client computer between a window and a full screen)
7. ALT+DELETE (Display the Windows menu)
8. CTRL+ALT+Minus sign (-) (Place a snapshot of the active window in the client on the Terminal server clipboard and provide the same functionality as pressing PRINT SCREEN on a local computer.)
9. CTRL+ALT+Plus sign (+) (Place asnapshot of the entire client window area on the Terminal server clipboardand provide the same functionality aspressing ALT+PRINT SCREEN on a local computer.)
Microsoft Internet Explorer Keyboard Shortcuts
1. CTRL+B (Open the Organize Favorites dialog box)
2. CTRL+E (Open the Search bar)
3. CTRL+F (Start the Find utility)
4. CTRL+H (Open the History bar)
5. CTRL+I (Open the Favorites bar)
6. CTRL+L (Open the Open dialog box)
7. CTRL+N (Start another instance of the browser with the same Web address)
8. CTRL+O (Open the Open dialog box,the same as CTRL+L)
9. CTRL+P (Open the Print dialog box)
10. CTRL+R (Update the current Web )
SHARE IT WITH YOUR FRIENDS