:include data='blog' name='google-analytics'/>

Wednesday, July 8, 2015

လူပျိုကြီး၊အပျိုကြီး ဆိုသည်မှာ ...

မောင်(စွယ်စုံကျမ်း)'s photo.
လူပျိုကြီး၊အပျိုကြီး ဆိုသည်မှာ ...

မတောက်ပချင်လို့ မှိန်ချင်ယောင်ဆောင်နေတာ
အချိန်မရွေး အရည်အချင်းစစ်...
အမြဲတောက်ပနေတဲ့ ပြည်တန်ပတ္တမြားတွေ

တွေ့တိုင်းလည်း မကြိုက်
ပေးတိုင်းလည်း မယူ
အနာဂတ်တွေးခေါ်နိုင်သူကို အပျိုကြီး/လူပျိုကြီးလို့ခေါ်တယ်
မရခဲ့တာ မဟုတ်ဘူးနော်
လက်လျှောက်လို့ခလုတ်တိုက်လဲရင်တောင်
ဒူးမှာ ရည်းစားစာကပ်ပါလာတာ ...
Fb ဖွင့် ပုံတင်ရင်တောင်
နှစ်ရက်နဲ့ လူပြည့်
တစ်ပတ်နဲ့ ဖောလိုသိန်းကျော်သွားတာ
ဒစ်စကောင့်တွေ့တိုင်း ဝင်ရွေးစရာလား !
အဲဒါ ... တစ်နှစ်လုံး လက်ကျန်အပယ်တွေ
ထောင်ချောက်ကို ရဲရဲကြီးခုန်ချရအောင်
အသိဉာဏ်မဲ့မှ မဟုတ်တာ
အချစ်က မျက်ကန်းတစ္ဆေတဲ့
ကိုယ်တွေက မကန်းတဲ့လူကောင်းမို့မချစ်တာ
ဒုက္ခိတတွေပဲ ချစ်ကြပါစေ
အိမ်ထောင်ဆိုတာ စာလုံးလှလှလေးနဲ့ စာရိုက်ထားတဲ့
နှစ်ဦးသဘောတူအကျဉ်းစခန်းစာချုပ်ကြီးပါ
လူ့သက်တမ်းတိုတိုလေးမှာ
ဒုက္ခလှလှကို လိုက်ဝယ်တာ လူတွေပဲရှိတာ
ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်ယူ
ဘုရားဖူးဆုတောင်း
သံသရာကင်းလွတ်ဖို့ အခွင့်အလမ်း
သံယောဇဉ်အမျှင်လွတ်တဲ့ ကိုယ်တွေကအခွင့်ပိုများတယ်
လူပျိုကြီး/အပျိုကြီးဖြစ်လာတယ်ဆိုတာ
ကံတော်တော်ကောင်းလွန်းလို့
ဉာဏ်ရည်မြင့်သွားလို့
စဉ်းစားဆင်ခြင်နိုင်သွားလို့
အတွေးအခေါ်မြင့်သွားလို့
ထောင်ချောက်တွေကို ကျော်လွှားလာနိုင်လို့
အပူဆိုတာ သိသွားလို့
အလကားနေ အူတိုစရာမလိုဘူး
အိမ်ပြန်ချိန်ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူး
ကိုယ်ရှာကိုယ်သုံး ကိုယ်စိတ်ကိုယ်ပိုင်
ကိုယ့်လွတ်လပ်ခွင့် ကိုယ်အပြည့်ရထားတယ်
အိမ်ထောင်သည်ဘဝနဲ့လူပျို/အပျိုဘဝဆိုတာ
ရွှေခွက်ကို ပဲကြီးလှော်နဲ့လဲစားတဲ့သူတွေနဲ့တူတယ် ...
မသိသေးရင်မှတ်ထား ...
လူပျိုကြီး/အပျိုကြီးဆိုတာ
စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာဆန္ဒပြည့်စုံနေတဲ့သူတွေ ... ။ ။


UlayKyi ( ကို လင်း )

No comments:

Post a Comment