:include data='blog' name='google-analytics'/>

Friday, July 10, 2015

ဒီမိုကရေစီ လိုချင်သော်

ဦးမြင့် ခိုင် စိတ်ပညာ's photo.
ဒီမိုကရေစီ လိုချင်သော်
--------------------------------
ဂျပန်နိုင်ငံဟာ စစ်ပြီးတော့ မွဲသွားခဲ့တယ်
ဒါပေမဲ့ နေမဝင်စီးပွားရေးဆိုပြီး ၂၄ နာရီ...
ပြည်သူတွေအလုပ်ပိုလုပ်တဲံ့  ဥပဒေ မျိုးနဲ့ 
တနိုင်ငံလုံး အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ကြ
တဲ့အတွက် ခဏလေးနဲ့  ပြန်ချမ်းလာခဲ့တယ်

အကြောင်းမကောင်းလို့  ဆင်းရဲပေမဲ့
ဘယ်သူ့ ကိုမှ အပြစ်မပြောပဲ တက်ညီ
လက်ညီ လုပ်ခဲ့ကြလို့  ခဏလေးနဲ့ 
ပြန်ချမ်းသာလာတယ်

မြန်မာနိုင်ငံလည်း
အကြောင်းမကောင်းခဲ့ဘူး
မဖြစ်နိုင်တော့တဲ့ အရာကို အပြစ်ပြော ဆဲဆို ရွဲ့ စောင်း ပြီး ထောက်ပြ
နေမဲ့အစား ထောက်ပြသင့်တာ စိတ်မဆိုး
ပဲထောက်ပြ ဝေဘန်ပြီး တနိုင်ငံလုံး
လုံ့ လ ဝိရိယပိုထုတ်ပြီး ကြိုးစားသင့်တယ်
ဘီယာဆိုင်ထိုင်ပြီး နိုင်ငံရေးမကောင်း
ကြောင်းပြောနေတာတွေကတော့ သိပ်ပြီး
မထိရောက်ဘူး
ဂျပန်မှာ ဆူနာမီဖြစ်တော့ ကမ်းခြေမှာ မီးခံသေတ္တာအလုံးပေါင်း ၄၅၀၀ ကျော်နဲ့ 
ဒေါ်လာ ၇၅ သန်းကို ရတဲ့သူတွေက
ရဲစခန်းပြန်အပ်ပြီး ပိုင်ရှင်တွေဆီကို ပြန်
လည် ပို့ ဆောင်ပေးခဲ့တယ်
နာဂစ်ဖြစ်တော့ လက်ပြတ် နားရွက်ပြတ် အလောင်းတွေအများကြီးတွေ့ ခဲ့တယ် တချို့ နာဂစ်ဖြစ်တာ ချမ်းသာသွားကြတယ်
အဲဒါကိုဂုဏ်ယူဝင့်ကြွားစွာပြောကြတယ်
ဂျပန်က သူများပစ္စည်း အလကားမလိုချင်
ဘူး ဆုံရှုံးတဲ့ပိုင်ရှင် ဘယ်လောက်ထိ
အခတ်အခဲဖြစ်မယ်ဆိုတာ ကိုယ်ချင်းစာ
တယ် မြန်မာနိုင်ငံကတော့ အလောင်း
တောင်ချမ်းသာမပေးဘူး ချွတ်ရတာကြာ
လို့  လက်တွေ နားရွက်တွေကိုတောင်
ဓားနဲ့ ခုတ်ဖြတ်သတဲ့
သူများပစ္စည်းကို မတရား လိုချင်တယ်
ဥရောပ က တိုးတက်တဲ့နိုင်ငံတွေက
လူတွေဟာ လူတယောက်ကို မြင်ရင်
အဆောင်အယောင်ကိုမမြင်ဘူး
အရည်အချင်းကိုပဲမြင်တယ်
လုကို လူချင်းပဲမြင်တယ် အရည်အချင်းရှိ
ရင် တန်ဘိုးထားဆက်ဆံကြတယ်
မြန်မာနိုင်ငံက ဆင်းရဲသားဆိုရင် လူမဟုတ်သလိုဆက်ဆံကြတဲ့
ဆင်းရဲတဲ့သူတွေဘာပြောပြော ဘာလုပ်
လုပ် ဘယ်သူမှတန်ဘိုးမထားဘူး
ချမ်းသာတဲ့သူတွေဆိုရင် ဘာလုပ်လုပ်
အောက်ကျပေးဆက်ဆံကြတယ်
ချမ်းသာသူတွေကလည်း အဲဒီလို မြှောက်
ပင့်ပေးမှု့တွေအပေါ်မှာသာယာနေကြ
တော့ အလိုလို လူတန်းစားခွဲခြားသလို
ဖြစ်နေတယ်
ဥရောပကလူတွေက တခြားသူတွေကို
ဘာဖြစ်ဖြစ် ဘာလုပ်လုပ် စိတ်မဝင်စား
ဘူး ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာသိတယ်
မြန်မာနိုင်ငံမှာက သူဘာလုပ်ရင် ဘယ်လို
ပျက်အောင်လုပ်မယ် သူများအဆင်ပြေရင်
မုဒိတာပွားဖို့ ထက် မစ္ဆရိယ စိတ်ကပိုများ
တယ် သူတပါးပျက်စီးဖို့ ဆိုရင် အောက်
လမ်းပညာရပ်တွေသုံးပြီးတော့တောင်
ဖျတ်စီးတက်တဲ့ထိ ယုတ်ညံ့ကြတယ်
စေတနာနဲ့ သတိပေးသူကို ပြန်ပြောတယ်
ဆုံးမတဲ့သူကို ပြန်ပြောတယ်
ကိုယ်မလုပ်နိုင်ရင် သူများမပြောနဲ့ ဆိုတဲ့
လွဲမှားတဲ့အယူအဆတွေပေါများတယ်
ကိုယ်ထက်သာရင်မနာလိုဘူး
ဥရောပကလူတွေက မစ္ဆရိယဆိုတာ
ဘာမှန်းမသိဘူး ဒါပေမဲ့ ကျင့်သုံးတယ်
မနာလိုတာမရှိဘူး သူများထက်ချမ်းသာ
ချင်ရင်အလုပ်ပိုလုပ်တယ်
မြန်မာနိင်ငံက မစ္ဆရိယ ဆိုတဲ့စိတ်ဟာ
မကောင်းမှန်းသိတယ် ဒါပေမဲ့ မုဒိတာ
မထားနိုင်ဘူး
မြန်မာနိုင်ငံအထက်တန်းကျစေဖို့ က
ရုပ်ဝတ္တုမလိုဘူး
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ ပဲ
အဲဒါတွေကို နားလည်ရင်
ဒီမိုကရေစီဆိုတာ အော်နေစရာမလိုဘူး
အလိုလို ရပြီးသားပါ

No comments:

Post a Comment