:include data='blog' name='google-analytics'/>

Sunday, July 19, 2015

ဆံပင်အတွက် ဆန်ဆေးရည်

ကျန်းမာရေးသတင်းများ's photo.
ဆံပင်အတွက် ဆန်ဆေးရည်
------
ရှေးမြန်မာဘိုးဘွားလက်ထက်ကတည်းက ဆန်ဆေးရည်ကို အမျိုးမျိုးအသုံးပြုလာခဲ့ကြပါတယ်။ အထူးသဖြင့် ဆံပင်အတွက်၊ အစာအိမ်အတွက်နဲ့ အသားအရေအတွက်တို့... ဖြစ်ပါတယ်။
(၁) ဆံပင်ကို သန်စွမ်းနက်မှောင်စေရန် ဆန်ဆေးရည်ဖြင့် တစ်ပတ်ကို ၂ ရက်ခန့် ခေါင်းလျှော်ပေးပါ။
(၂) ဆံပင်ပျော့ပြောင်းပြီး လှပစေရန်၊ ဗောက်ပျောက်ရန် ဆန်ဆေးရည်ထဲကို သံပုရာအခွံ၊ ရှောက်သီးအခွံများ တစ်ညခန့် စိတ်ထားပြီး ၄င်းအရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။
(၃) ဆံသားနှစ်ခွဖြစ်နေလျှင် ရေမချိုးခင် ဆန်ဆေးရည်ဖြင့် ၁၅ မိနစ်ခန့် ဆံပင်အနှံ့  လျှော်ထားပါ။ ပြီးလျှင် ခေါင်းလျှော်လိုက်ပါ။
(၄) ဆံပင်မသန်ခြင်း၊ ဗောက်ထခြင်း၊ သန်းများခြင်းများအတွက် ဆန်ဆေးရည်ထဲကို နှင်းဆီပေါင်းခံရည် အနည်းငယ် ရောထည့်၍
ခေါင်းအနှံသုတ်လိမ်းထားပြီး ၁၅ မိနစ်ခန့် ပလတ်စတစ်ခေါင်းပေါင်းထားပါ။
ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ဗောက်၊ သန်းများကင်းရှင်းသွားပြီး ဦးရေပြားကျန်းမာလာမည်။ ဆံပင်သန်စွမ်းနက်မှောင်လာမည်။
ဆန်ဆေး၏ အခြားအကျိုးကျေးဇူးများကိုလည်း ထပ်မံတင်ဆက်ပေးပါဦးမည်။ သန်စွမ်းနက်မှောင်၍ လှပသော ဆံသားများကို ပိုင်ဆိုင်နိုင်ကြပါစေ။
Saw Noi Nay Saing (Putao)
ကျန်းမာရေးသတင်းများ

No comments:

Post a Comment