:include data='blog' name='google-analytics'/>

Sunday, July 5, 2015

ြ‎ခြင်ထောင်ချောက်

Kaung Myat's photo.
Kaung Myat's photo.

Kaung Myat's photo.

Kaung Myat's photo.

Kaung Myat's photo.
+6
‪#‎ခြင်ထောင်ချောက်‬
ခြင်ပေါတဲ့ရာသီမှာ ကလေးတွေ သွေးလွန်တုတ်ကွေးဖြစ်ကြတယ်၊လူကြီးတွေလဲမခံသာဘူး၊နားရွက်နား ကပ်ပြီး ဆူညံတာအခံရခက်ဆုံးဘဲဗျာ၊ခြင်းဆေးခွေတွေကလဲကျမ်းမာရေ...းကိုထိခိုက်ပြန်တယ်၊ဒါကြောင့် လေ့လာမိတဲ့ ခြင်တောင်ချောက်လုပ်နည်း လွယ်လွယ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
‪#‎သဘာဝ‬
ခြင်များသည် ခြုံနွယ်ပိတ်ပေါင်းထူထပ်ခြင်း၊ပေါက်ပွားရန်ရေကြည်ရှိခြင်း၊မှောင်သောအခန်း၊ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များသောနေရာ၊အဝတ်ဟောင်းများ၊ချွေးစိုအဝတ်များစုထားသောနေရာ၊ဘီယာသောက်ထားသူများမှထွက်သောအနံ့ စသည်တို့ကိုကြိုက်ပါသည်။ခြင်ထီးများက အများအားဖြင့်သစ်ရည်ကိုစုပ်ယူစားသုံးကြပြီး ခြင်မများက သွေးကိုစုပ်ယူစားသုံးပါသည်။
‪#‎ပြုလုပ်ပုံ‬
လိုတဲ့ပစ္စည်းတွေက
၂လီတာဝင်တဲ့ပလပ်စတစ်ပုလင်း
သကြားညို 50grams(၃ကျပ်သား)
ပွဆေး (yeast) 1gram(၁ပဲသား)
ရေ. 200 milliter(၂၀၀စီစီ)
သကြားကိုရေနဲနဲထဲ့ပြီးပျော်အောင်ကြို၊အအေးခံပြီးကျန်တဲ့ရေနဲ့ရော၍ပုလင်းထဲထဲ့ပါ။
ပွဆေး (yeast)၁ပဲသားကို ပုလဲးထဲထဲ့ပါ(မမွှေရ)။
ပြီးရင်ပုံပါအတိုင်းတပ်ဆင်ပြီး အဆက်နေရာ လေလုံအောင် တိပ်နဲ့ကပ်ပါ၊ပုလင်းအပေါ်မှ စက္ကူအမဲနဲ့ထပ်ပတ်ပြီး သားရေကွင်းစည်းလိုက်လျှင် ပြီးပါပြီ။
လေငြိမ်သော၊မှောင်သောနေရာများတွင်ထားပေးပါ၊သကြားနဲ့ပွဆေးဓာတ်ပြုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထွက်လာပြီး ခြင်းများ ပုလင်းတွင်းသို့အပေါက်မှတဆင့် ဝင်လာသည်ကိုတွေရပါမည်၊ဖျော်ရည်ကို ၁၄ ရက်တကြိမ် အသစ်လဲပေးရပါမည်။
ပါတ်ဝန်းကျင်ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းပေးခြင်း၊အိုးများဖုံးအုပ်ထားခြင်း၊မကြာခန ရေလှယ်ပေးခြင်း
ရေတင်နှိုင်သည့်အိုးဟောင်း၊တာယာ၊စသည်များဖယ်ရှားခြင်း၊ရေဝပ်နှိုင်သည့်မြေနေရာကိုဖို့ပေးခြင်း တို့ဖြင့် မိမိတို့ရဲ့ရင်သွေးငယ်များ သွေးလွန်တုတ်ကွေးအန္တရာယ်မှ ကာကွယ်ပေးနှိုင်ကြပါစေ။

No comments:

Post a Comment