:include data='blog' name='google-analytics'/>

Thursday, July 2, 2015

လူထုက ပြန်ခြောက်မှာကြောက်နေရင် လွှတ်တော်ကိုယ်စားလှယ် မလုပ်နဲ့

လူထုက ပြန်ခြောက်မှာကြောက်နေရင် လွှတ်တော်ကိုယ်စားလှယ်
မလုပ်နဲ့
============================================
စိုင်းထွန်းအောင်လွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို လွှတ် တော်မှာ တင်သွင်းလိုက်ပါပြီ။ အဲဒီဥပဒေ မူကြမ်းကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဇော်က တင်
သွင်းခဲ့တာဖြစ်ပါတယ်။ အင်န်အယ်လ်ဒီက ကိုယ်စား
လှယ်တွေပါထောက်ခံကြောင်း လက်မှတ်ရေးထိုးထား တဲ့ အဲဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ နိုင်ငံပိုင်သတင်းစာ တွေမှာလည်း
လက်ရှိအခြေခံဥပဒေနဲ့နှိုင်းယှဉ်ပြီး နေ့ စဉ် ဖော်ပြခဲ့တာတွေ့ရပါတယ်။ ပြင်ဆင်ချက်ဖြည့်စွက် ချက်တွေ ပါဝင်လာခဲ့တဲ့ ဒီဥပဒေမူကြမ်းအပေါ် ကောင်း ဆိုးဝေဖန်သံတွေလည်း လတ်တလောမှာ ညံလို့နေပါ တယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် ကန့်သတ်ထားတဲ့အချက်တွေ ပါနေ သေးလို့ တချို့ကလည်း သမ္မတနဲ့ဝန်ကြီးအဖွဲ့က လွှတ် တော်အမတ်ဖြစ်ရမယ်ဆိုလို့ စုံနေတာပါပဲ။ ချုပ်ကြည့် မယ်ဆိုရင် ဒီပြင်ဆင်ရေးမူကြမ်းက လက်ရှိကျင့်သုံး နေတဲ့စနစ်ကနေ ပါလီမန်စနစ်ကို ပိုအသားပေးလာတဲ့ သဘော တွေ့ရတယ်လို့ဆိုရမှာပါ။
စာရေးသူအနေနဲ့ ကတော့ အဲဒီပြင်ဆင်ချက်ထဲမှာပါတဲ့ အများပြည်သူရဲ့ မူလအခွင့်အရေးပါ ပြဋ္ဌာန်းချက်ကို ပိတ်ပင်ထားတဲ့ အချက်တစ်ချက်ကို တော်တော်ဘဝင်မကျဖြစ်မိတဲ့အ တွက် အဲဒီအချက်နဲ့ပတ်သက်လို့ပဲ သုံးသပ်တင်ပြချင် ပါတယ်။ အဲဒီအချက်သာ တကယ်အတည်ဖြစ်သွားရင် မဲဆန္ဒရှင်တွေရဲ့ မူလအခွင့်အရေးဟာ ပိတ်ပင်သွား တော့မှာဖြစ်ပြီး မဲဆန္ဒရှင်တွေကို မထီမဲ့မြင်ပြုပြီး တာ ဝန်ယူမှု တာဝန်ခံမှုနည်းတဲ့ စနစ်တစ်ရပ် ပေါ်ပေါက် လာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
စာရေးသူပြောလိုတဲ့ ပုဒ်မကတော့ Right to Recall ဆိုတဲ့ မူလမဲဆန္ဒရှင်တွေကနေ မိမိမဲဆန္ဒနယ် က ကိုယ်စားလှယ်ကို ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းနိုင်ခွင့်နဲ့ပတ်သက်တဲ့ ပုဒ်မပဲဖြစ်ပါတယ်။ အဲဒီ ပုဒ်မနဲ့ပတ်သက်လို့ ၂ဝဝ၈ခုနှစ် အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် အခုတင်သွင်းထားတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းထဲမှာတော့ အဲဒီပုဒ်မကို ပယ် ဖျက်ရန်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေကို မူလမဲဆန္ဒနယ်မှမဲဆန္ဒရှင်တွေထဲက အနည်း ဆုံး တစ်ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလို ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတင် ပြခဲ့တယ်ဆိုရင် ကော်မရှင်က ဥပဒေနဲ့အညီ စစ်ဆေး ရမယ်။ ကိုယ်စားလှယ်ကိုလည်း ချေပခွင့်ပေးရမယ်။ အဲဒီစွပ်စွဲချက်ဟာ မှန်ကန်ခဲ့လို့ရှိရင် ဆက်လက်ထမ်း ဆောင်ဖို့ မသင့်ဘူးဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့် ရှိတယ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)၊ ပုဒ်မ ၃၉၆(ခ)မှာ ဖော်ပြထားတာပါ။
အဲဒီပုဒ်မနဲ့ပတ် သက်လို့ ပယ်ဖျက်ပေးရန်ဆိုပြီး ပြင်ဆင်ရေးဥပဒေကြမ်း မှာ ဖော်ပြထားပါတယ်။ တကယ်တော့ မဲဆန္ဒရှင်တွေ ကနေ မိမိတို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်ကို သူ့ရဲ့ လုပ်ဆောင်ချက်တွေကို မကြိုက်မနှစ်သက်လို့ ပြန်လည် ရုပ်သိမ်းခွင့်ဆိုတာ ဒီမိုကရေစီစနစ်မှာ မဲဆန္ဒရှင်တွေ ရဲ့ ရပိုင်ခွင့် အခွင့်အရေးတစ်ရပ်သာဖြစ်ပါတယ်။ အဲဒီ အချက်ကို ကျင့်သုံးတဲ့နေရာမှာလည်း မဲဆန္ဒရှင်ပြည်သူ နဲ့ ကိုယ်စားလှယ်အကြား Check and Balance ပိုဖြစ် ပြီး ကိုယ်စားလှယ်တွေအနေနဲ့လည်း မဲဆန္ဒရှင်ပြည်သူ တွေရဲ့ ဆန္ဒကို လေးစားလာမှာဖြစ်ကာ ပြည်သူ့အကျိုး ကို ပိုမိုသယ်ပိုးနိုင်ကြမှာပါ။
ကမ္ဘာနဲ့မြန်မာ
ရွေးကောက်ပွဲနဲ့ လွှတ်တော်၊ ပါလီမန်တွေ ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရာခိုင်နှုန်း ၉ဝကျော်မှာ အဲဒျွီငါ့အျ သ် မနခေူ ကို ကျင့်သုံးနေပါတယ်။ မြန်မာနိုင်ငံ မှာလည်း ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ အဲဒီပုဒ်မတွေနဲ့ ပတ်သက်လို့ အတိအလင်း ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ အဲဒါ ကြောင့်လည်း ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီပုဒ်မက ပါလာတာပါ။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၈မှာ အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသလို၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅နဲ့ ပုဒ်မ ၁၅၅တို့မှာလည်း အဲဒီအချက်တွေကို ဖော်ပြထားပါတယ်။ ပါလီမန်စနစ်ကို အဓိကကျင့်သုံး နေပြီး Parliament is the King ဆိုတဲ့ ဗြိတိန်နိုင်ငံမှာ တောင် အောက်လွှတ်တော်ဖြစ်တဲ့ House of common မှာ အဲဒီစနစ်ကို ကျင့်သုံးနေပါတယ်။ ဗြိတိန်မှာ အခြေခံ ဥပဒေမရှိပေမယ့် Recall of MPs act ဆိုပြီး
ဥပဒေ တစ်ရပ်ပြဋ္ဌာန်းပြီးကို ကျင့်သုံးနေတာပါ။ ဒါပေမဲ့ ဗြိတိန် ပါလီမန်အတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေမှာြ>ွခင်းချက် တော့ အနည်းငယ်ရှိပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့၊ ကနေဒါ၊ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေမှာလည်း ဒီစနစ်ကို ကျင့်သုံးနေပါတယ်။ ဒီစနစ်ကြောင့်ပဲ နုတ်ထွက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒုနဲ့ဒေးပါပဲ။
လက်ရှိဥပဒေအရကို ရုပ်သိမ်းပေးဖို့
တောင်းဆိုမှုများရှိနေ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဲဆန္ဒရှင် တွေအတွက် အဲဒီပုဒ်မကိုထည့်သွင်းခဲ့တဲ့အတွက် လွှတ် တော်တွေ စတင်အသက်ဝင်တဲ့ အစောပိုင်းကာလတွေ တုန်းက အဲဒီပုဒ်မကိုအသုံးပြုပြီး ပြည်သူတချို့ကနေ သူတို့မဲဆန္ဒနယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ ကို ကိုယ်စားလှယ်အဖြစ်မှဖြုတ်ချဖို့ ကြိုးစားခဲ့တာတွေ လည်း ရှိခဲ့ပါတယ်။ တောင်ဥက္ကလာပမြို့နယ်က ပြည် ခိုင်ဖြိုးလွှတ်တော်အမတ် ဦးအောင်သိန်းလင်းကို ကိုယ် စားလှယ်အဖြစ်က ရုပ်သိမ်းဖို့အပါအဝင် ရခိုင်ပြည်နယ် နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ လည်း ကိုယ်စားလှယ်တွေကို ရုပ်သိမ်းဖို့အတွက် ဒေသခံ ပြည်သူတွေက တောင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့ ကိုယ် စားလှယ်တွေအနေနဲ့ မပြုတ်ခဲ့ကြပါဘူး။ ဒါကလည်း အဲဒီပုဒ်မမှာပါရှိတဲ့ မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းတို့ရဲ့ ထောက် ခံမှုဆိုတဲ့အချက်ဟာ အရေအတွက်နည်းလွန်းတယ်ဆို ပြီး ပုဒ်မရဲ့အားနည်းချက်ကို ထောက်ပြခဲ့တဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရာမှာ ရာခိုင်နှုန်းတစ်ရပ် တိုးမြှင့် ပြင်ဆင်ပြီးမှ ဆောင်ရွက်မယ်ဆိုပြီး ဆိုင်းငံ့ထားခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီ၃၉၆(ခ)ပုဒ်မဟာ ဖွဲ့စည်းပုံပြင် ဆင်မှုအရ လွှတ်တော်အတွင်းမှာတင် ပြင်ဆင်မှု၊ ဖြုတ် ထားမှုတွေ ပြုလုပ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ဆိုရရင် အလွယ်ကူဆုံးပြင်နိုင်တဲ့ ပုဒ်မတွေထဲ ပါနေတယ်။
ပုဒ်မဖြုတ်ထားတာ
မေးခွန်းထုတ်စရာရှိနေ
ဒီ Right to Recall ကို ကျင့်သုံးတဲ့ နိုင်ငံတော် တော်များများမှာတော့ မဲဆန္ဒရှင် ငါးရာခိုင်နှုန်းကနေ ၁ဝရာခိုင်နှုန်းအကြား ထောက်ခံချက်ဆိုတာမျိုးတွေကို ကျင့်သုံးကြတာပါ။ အင်္ဂလန်လို ပါလီမန်စနစ် အား ကောင်းတဲ့နိုင်ငံက House Of Common မှာတောင် မဲဆန္ဒရှင်တွေထဲက ၁ဝရာခိုင်နှုန်း အနည်းဆုံးထောက် ခံရင်ဆိုတာမျိုးကို ပြဋ္ဌာန်းထားပါတယ်။ မြန်မာနိုင်ငံ မှာကတော့ ရှိပြီးသားပုဒ်မကို ပြင်ဆင်ဖြည့်စွက်မှုမလုပ် ဘဲ ဖြုတ်ထားတာကတော့ တော်တော်ကိုရုပ်ဆိုးတယ် လို့ ဆိုရမှာပါ။
တကယ်တော့ Right to Recall ကြောင့် အကျင့်ပျက်လာဘ်စားသူတွေကို တားဆီးနိုင်ပြီး နိုင်ငံ ရေးအလွဲသုံးစားလုပ်မှုတွေကို ဥပဒေအရ အရေးယူ နိုင်ခြင်း၊ ရွေးကောက်ခံကိုယ်စားလှယ်အနေနဲ့ မဲဆန္ဒ ရှင်ရဲ့သဘောထားနဲ့အညီ လုပ်ဆောင်ပေးရခြင်းနဲ့ ငွေ ကြေးချမ်းသာကြွယ်ဝသူတွေအနေနဲ့ ငွေကြေးသုံးနိုင် သော်လည်း အချိန်တိုအတွင်း ရာထူးမှဖယ်ရှားခံရနိုင် တဲ့အတွက် ငွေများလူနိုင်စနစ်ကို တားမြစ်ရာရောက် မှာ ဖြစ်ပါတယ်။ လွှတ်တော်ကို ပြည်သူက ပြန်ထိန်း ကျောင်းနိုင်ဖို့အတွက် အရေးပါတဲ့ဒီပုဒ်မကို ဘာကြောင့် မထည့်ခဲ့သလဲ ဆိုတာကတော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။
ဒါ့အပြင် လွှတ်တော်ကနေ ကဏ္ဍတော် တော်များများကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ထားတာ တွေ့ရတဲ့ ဒီပြင်ဆင်ရေးမူကြမ်းကလည်း တစ်စုံတစ်ရာ မေးခွန်းထုတ်စရာရှိတာ အမှန်ပါပဲ။ တရားစီရင်ရေးကို လွှတ်တော်က ဝင်ထိန်းလိုတဲ့အချက်တွေကလည်း လွတ် လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်လာ ဖို့အတွက်လည်း အဟန့်အတားဖြစ်စေမယ်လို့ လေ့လာ သူတွေက သုံးသပ်နေ
ကြတာပါ။ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ ဥပဒေပြုခွင့်ဆိုင်ရာ ပုဒ်မတွေမှာလည်း
ပြည် ထောင်စုက ပြန်ထိန်းချုပ်တဲ့သဘောတွေပါနေတာလည်း တွေ့ရပါတယ်။ သမ္မတက လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ကိစ္စကတော့ ကိုယ်တိုင်လည်းညဏ်မမီလို့ မသုံး သပ်ချင်တော့ပါဘူး။
''ကျွန်မအနေနဲ့ကတော့ ကိုယ်တိုင်က လွှတ် တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်နေပေမယ့် လူ ထုရဲ့ ရပိုင်ခွင့်အခွင့်ရေးအတွက် ဒီ Right to Recall ပုဒ်မက ရှိသင့်တယ်လို့ထင်တယ်။ လက်ရှိပုဒ်မကိုပဲ ဖြစ် သင့်ဖြစ်ထိုက်တဲ့ ငါးရာခိုင်နှုန်းအထက်ဆိုတာမျိုးတွေနဲ့ ဆက်လက်ထည့်သွင်းထားဖို့အတွက် လွှတ်တော်မှာ ဆွေးနွေးရင် ဝင်ဆွေးနွေးဖို့ စာရင်းတင်ထားတယ်။ ဒါ ပေမဲ့ ကျွန်မတင်ပြဆွေးနွေးချက် အတည်ဖြစ်မဖြစ်က တော့ ကျန်တဲ့ကိုယ်စားလှယ်တွေအပေါ်လဲ မူတည်နေ တယ်''လို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနုက ပြောပါတယ်။
မူကြမ်းမှာပါတဲ့အချက်တွေကို ပြန်ကြည့်ရင် တော့ ပါလီမန်အားကောင်းရေးကို ဦးတည်တာ တွေ့ ရပါတယ်။ သို့သော်လည်း ပါလီမန်အားကောင်းရေး ကနေ အလုံးစုံ ထိန်းချုပ်မှုတွေရလာဖို့အတွက် ရည် ရွယ်ထားတဲ့အပြင် လူထုအခွင့်အရေးကိုတောင် ဖြတ် တောက်ထားတဲ့အတွက် ပါလီမန်အာဏာရှင်စနစ်ကို အစပြုဖို့ တာစူနေတာလားဆိုပြီးတောင် မေးခွန်းထုတ် ရမလိုဖြစ်နေတာကလည်း ငြင်းမရနိုင်တဲ့ကိစ္စပါပဲ။ လူ ထုက ပြန်ခြောက်မှာကြောက်နေရင်လည်း လွှတ်တော် ကိုယ်စားလှယ် လုပ်မနေနဲ့ဆိုပြီး အရပ်စကားနဲ့ ပြောရ မလို ဖြစ်နေတာလည်း ငြင်းမရနိုင်တဲ့ကိစ္စပါပဲ။

No comments:

Post a Comment