ဦးကိုကိုထွေးအကြောင်းအသေးစိတ်ဖတ်ကြည့်တော့အခုလက်ရှိကိုယ်ကြိုးစားတယ်ဆိုတာဘာမှမဟုတ်သေးမှန်းသတိပြုဆင်ခြင်မိပါတယ် အများကြီးကြိုးစားရပါအုန်းမည် မလျော့တမ်းဇွဲ, လုံ့လ, ဝီရိယပေါင်းစပ်၍မနားတမ်းကူးခတ်ရပေအုန်းတော့မည်
JOB seekers Journal with Htay Yu Mon and 2 others
အပတ်စဉ်ဖော်ပြပေးနေကြကျဖြစ်တဲ့ ADVICE ကဏ္ဍအတွက် ဆရာ ဦးကိုကိုထွေးနှင့် တွေ့ဆုံပြီး ဘ၀အခက်အခဲများ၊ ဖြတ်သန်းမှုပုံစံများကို တင်ဆက်ေပးလိုက်ရပါတယ်။ ‘ ‘အခက်အခဲကြုံ လာသည်...့အခါမျိုးတွင် မဟုတ်တာကို ဇွတ်လုပ်တာမျိုး မဟုတ်ဘဲ ဥာဏ်သုံးကာ မဖြစ်ဖြစ်အောင် လုပ်မျသာလျှင် အကောင်းဆုံး ဖြေရှင်းနိုင်ပေမည်’’ ဟု ဦးကိုကိုထွေး (တော်ဝင်မိသားစုကုမ္ပဏီ)ရဲ့စကားနဲ့အတူ ဒီနေ့ရဲ ပထမဆုံး တစ်ပုဒ်အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်…
(JOB seekers Journal အတွဲ ၄ အမှတ် ၆ ADVICE ကဏ္ဍမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။)
***********************************************************************
ဦးကိုကိုထွေးကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ ရက်နေ့တွင် အဖ ဦးသာဒင်၊ အမိ ဒေါ်အုန်းကျင်တို့မှ မွေးဖွားခဲ့ပြီး၊ မွေးချင်း ညီအစ်ကို မောင် နှမ ၅ ယောက်ရှိသည့်အနက် စတုတ်္ထမြောက် သားဖြစ်သည်။ ရန်ကုန်ဇာတိ ဖြစ်သည်။ ငယ်စဉ်က အောင်သပြေကျောင်း၊ ကွက်သစ်ကျောင်း၊ အထက (၃) စမ်းချောင်းနှင့် အထက (၆) အလုံတို့တွင် အထက်တန်းအထိ သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တက်္ကသိုလ်တွင် ပထမနှစ်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်အေးအေးသန်းနှင့် ဖူးစာဆုံပြီး သမီးနှစ်ဦးထွန်းကားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ် ကိုင်ခဲ့ပြီး၊ ၁၉၉၃ ခုနှစ်တွင် တော်ဝင်မိသားစုကုမ်္ပဏီကို တည်ထောင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်မှ လူမှုထူးချွန်ပထမအဆင့်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာ့စက် မှုလက်မှုပြပွဲ၌ အကောင်းဆုံး တီထွင်ကြံဆမှု၊ စက်မှုလက်မှု ထုတ်ကုန်ကဏ္ဍအလိုက် ထုတ်လုပ်ပစ်္စည်းဆု၊ ၂၀၁၄ ခုနှစ်တွင် Myanmar Engineering Society (MES) မှHonorary Follow ဆုတံဆိပ်၊ ASEAN Federation Of Engineering Organization (AFEO) မှ Honoary Follow ဘွဲ့တံဆိပ်များကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ထို့အပြင် တိုင်းပြည်အကျိုးပြု ဆောင်းပါးများနှင့် အကြံပြုဆောင်းပါးများကိုလည်း ရေးသားပြုစုခဲ့သည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) ၊ မြန်မာကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCL) ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ်္ပဏီ (NDCG) ၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း (MTA)၊Human Resource Development Indicators ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (NES) ၊ မြန်မာခရီးသွားဆိုင်ရာ အမှတ်တရပစ်္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်း၊ သာသနာနုဂ်္ဂဟ အသင်း၊ ရေကူးအသင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင် ရေးအသင်း (MANA) ၊ အထက (၂) စမ်းချောင်း၊ အထက (၄) စမ်းချောင်း၊ အထက (၃) စမ်းချောင်း၊ စိတ်ပညာအသင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း၊ မြန်မာအော်ဂဲနစ် စိုက်ပျိုးရေးအဖွဲ့ ၊ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်းစသည့်အသင်းအဖွဲ့ များတွင် ဂုဏ်ထူးဆောင် နာယက၊ နာယက၊ ဥက်္ကဋ္ဌ၊ ဒု ဥက်္ကဋ္ဌ၊ CEC၊Honorary Member နှင့် အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
-------------------------------------------------------------------------
ကျွန်တော့်ဘ၀တွင် ငယ်စဉ်ကတည်းက အဖြစ်ချင်ဆုံး ဆန်္ဒတစ်ခု ရှိခဲ့ သည်။
ဆင်းရဲသည့်ဘ၀ကနေ ကြီးပြင်းလာခဲ့သောကြောင့် ကြီးပွားချမ်းသာချင် စိတ်
ရှိခဲ့သည်။ ဆင်းရဲပင်ပန်းသည့်အချိန်တွင် အနှိမ်ခံခဲ့ရတာတွေ၊ သူများ
အထင်အမြင်သေးတာတွေခံစားခဲ့ရသည့်အတွက် တစ်ချိန်တွင်ကြီးပွားချမ်းသာ
သည့် လူတစ်ယောက် ဖြစ်ကိုဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ထားခဲ့သည်။ “ကြီးပွား
ချမ်းသာလျှင် သူများနှိမ်တာ မခံရဘူး” ဆိုသည့် စိတ်ဆန်္ဒဖြင့် “ကြီးပွား ချမ်းသာ
အောင် ကြိုးစားမယ်” ဆိုသည့် စိတ်ဆန်္ဒများဖြစ်လာခဲ့သည်။
ငယ်စဉ်ကလေးဘ၀တွင် ကလေးသဘာဝအတိုင်း သရေကွင်းပစ်လိုက်၊
ကျောက်ဒိုးကစားလိုက်နှင့် သူငယ်ချင်းများနှင့်အတူ ကစားရင်း အကြံတစ်ခု
ရခဲ့သည်။ မုန့်ဖိုးတွေစုကာ သရေကွင်းအထုပ်လိုက် သွားဝယ်ပြီး သူငယ်ချင်း
တွေကို “ကျွန်တော့်ထံတွင် ၀ယ်လျှင် ငါးပြားကို သရေပင် ၁၅ ကွင်းရမည်”
ဟု ပြောသောအခါ ကျွန်တော့်ထံတွင်သာ အားပေးကြသည်။ ဆိုင်မှာဝယ်
လျှင် ငါးပြားကို သရေပင် ၁၀ ကွင်းရသောကြောင့်ပင်။ ကျောက်ဒိုးကိုလည်း
ထိုနည်းအတိုင်းပင် ရောင်းခဲ့ပြီး ပိုသောပိုက်ဆံကို ပြန်စုကာ ပြန်ဝယ်ရင်းဖြင့်
ပြန်ရောင်းခဲ့သည်။ အရောင်းအ၀ယ်လုပ်သည့် ၀ါသနာက ငယ်ငယ်ကတည်း
ကပင် ရှိခဲ့သည်။
ကျောင်းနေသည့်အချိန်တွင်လည်း ၂ တန်း ကျောင်းသားဘ၀တွင် အိမ်မှ
ယိုစုံထုပ်များ ယူသွားပြီး ကျောင်းတွင်ရောင်းကာ မုန့်ဖိုးရှာခဲ့သည်။ ကျောင်း
သား ဘ၀ကတည်းကပင် ပိုက်ဆံစရှာခဲ့သည်။ ကျွန်တော် ၈ တန်းကျောင်းသား
ဖြစ်လာသောအခါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ခြေလှမ်းစဖြစ်ခဲ့
သည်။ သူဋ္ဌေးဖြစ်ရမည်ဟု ကြုံးဝါးခဲ့သူ ဖြစ်သည့်အတွက် ဘယ်အလုပ်လုပ်
လျှင် သူဋ္ဌေးဖြစ်နိုင်မလဲဆိုသည့်အတွေး စ၀င်ခဲ့သည်။
ပထမဆုံးအနေဖြင့် ကျွန်တော့်ပင်ကိုယ်စရိုက် အနေအထားကိုသိရန် လို
လာပေသည်။ ငယ်စဉ်ကတည်းက သူများခိုင်းလျှင် လုပ်ချင်စိတ် ရှိသည့်သူ
မဟုတ်သည့်အတွက် ၀န်ထမ်းဘ၀ဖြင့် ကျွန်တော် အသက်မွေးရန်မဖြစ်နိုင်။
ဝန်ထမ်းလစာဖြင့်လည်း တင်းတိမ်နိုင်သူ မဟုတ်ပေ။ သူများခိုင်းတာ မလုပ်ချင်
လျှင် မခိုင်းခင် ကိုယ်က အရင်လုပ်ရန် လိုပေသည်။ စဉ်းစားရင်းဖြင့် အရောင်း
အ၀ယ်လုပ်ရန် စိတ်ကူးရခဲ့သည်။ ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန်
အတွက် နည်းလမ်းများကို စဉ်းစားရပါတော့သည်။
တစ်ခါက အဖေပြောခဲ့ဖူးသည့် စကားသည် ထိုအချိန်တွင် ကျွန်တော့်
ခေါင်းထဲ ၀င်လာခဲ့သည်။ “လူ့ဘ၀မှာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုပညာဟာ အထွဋ်
အထိပ်ကို ရောက်နိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်နိုင်တယ်။ အနည်းဆုံး ကူလီ
ထမ်းတဲ့ လူချင်းအတူတူတောင်မှ ကူလီခေါင်းကအုပ်ချုပ်မှုနားလည်တဲ့အတွက်
သက်သာမယ်။ ပိုက်ဆံပိုရမယ်။ ဒါကြောင့်မို့လို့ အုပ်ချုပ်တဲ့ပညာကို ရအောင်
သင်ရမယ်” လို့ အဖေက ဆုံးမခဲ့ဖူးသည်။
ကျွန်တော့်အတွက် အကျိုးရှိသည့် စကားတစ်ခွန်း၊ ခွန်အားတစ်ခု ဖြစ်
လာခဲ့သည်။ အရောင်းအ၀ယ်လုပ်လျှင် ဖောက်သည်များနှင့် ဆက်ဆံရသည့်
အပြင် ၀န်ဆောင်မှုအကောင်းဆုံးပေးနိုင်ရန် ဘယ်လိုလုပ်ကိုင်ရမည်ကို စီမံ
ခန့်ခွဲမှု လိုလာပါတော့သည်။ ဘာအရောင်းအ၀ယ်လုပ်ရမလဲ၊ အရောင်းအ၀ယ်
တွေက ဘယ်မှာလုပ်သလဲ၊ ဘယ်ပစ်္စည်းတွေကို အရောင်းအ၀ယ်လုပ်မလဲ စ
သည့် မေးခွန်းပေါင်းများစွာသည် ကျွန်တော့်အတွက် အလုပ်တာဝန်များ ဖြစ်
လာခဲ့သည်။ ကြီးပွားချမ်းသာလိုသူသည် ကြုံရာ လျှောက်လုပ်၍လည်း မရပေ။
တကယ်လက်တွေ့လုပ်မှလည်း ဖြစ်ချင်သောဘ၀ကို အရောက်သွားနိုင်မည်
ဖြစ်သည်။
ထို့ကြောင့် ကျောင်းပိတ်ရက်များတွင် ရန်ကုန်မြို့ထဲဖြစ်သော မဂိုလမ်း
ဆိုင်များကလည်း ငွေချေရန် ၂ ရက်၊ ၃ ရက်အထိ စောင့်ပေးတတ်ကြသော
ကြောင့် လစ်ဟာနေသည့် ကြားကာလအတွင်း ကျွန်တော့်အတွက် ငွေမရင်း
ရဘဲ ရင်းနှီးငွေရလာခဲ့သည်။ သို့သော် အခြားသူပိုက်ဆံကိုယူထားသည့်အတွက်
ကတိတည်ရန်လည်း လိုပေသည်။ မတရား၊ မဟုတ်တာမလုပ်ဘဲ ပေးထားသည့်
ကတိကို တည်နိုင်မှ ရပေသည်။ သို့မှလည်း ရှေ့ဆက်လုပ်ကိုင်ရန် အဆင်ပြေ
မည် ဖြစ်သည်။
ထိုအချိန်က ၀န်ကြီးလစာသည် ၁၈၀၀ ကျပ်သာရှိ၍ ကျောင်းအုပ်ဆရာမ
ကြီး၏လစာကား ၄၅၀ ကျပ်သာရသည့် အချိန်ဖြစ်သည်။ ကျောင်းသားဖြစ်
သော ကျွန်တော်၏ တစ်လ၀င်ငွေမှာ ပျမ်းမျှအားဖြင့် ၅၀၀၀နှင့် ၇၀၀၀ ကြား
တွင် ရှိသည်။ ကျောင်းတက်ရင်းဖြင့် တစ်ခါတလေ အတန်းလစ်ကာ ပစ်္စည်း
သွားဝယ်ခဲ့ရသည့် အဖြစ်မျိုးများလည်း ရှိခဲ့သည်။ လူငယ်လည်းဖြစ်သည့်အပြင်
ဝင်ငွေကလည်း ကောင်းခဲ့သောကြောင့် လူငယ်သဘာဝ အပျော်အပါးနောက်
ကိုလိုက်ခဲ့မိသည်။ ၁၃ နှစ်သားအရွယ်ကတည်းကပင် ဆေးလိပ်သောက်၊
အရက်သောက်တတ်ပြီး အလောင်းအစားလည်း လုပ်တတ်လာခဲ့သည်။
ပိုက်ဆံရလျှင် ရသလို အကုန်သုံးဖြုန်းခဲ့သောကြောင့် အသုံးနှင့်အဖြုန်း
ညီနေသောအခါ မစုဆောင်းမိသည့်အပြင် တိုးတက်မှုလည်း ရှိမလာခဲ့ပေ။
ငွေကြေး အခက်အခဲဖြစ်နေသော သူများနှင့်တွေ့လျှင် ကူညီခဲ့သည့်အခါများ
လည်း ရှိခဲ့သည်။ ကျွန်တော်ဖြစ်ချင်သော ဘ၀ကိုရောက်ရန် လမ်းမှားနေခဲ့
သည်။ ထို့ကြောင့် အရနှင့် အသုံးကို စည်းကမ်းထားကာ သုံးရမည်ဟု ကိုယ့်
ကိုယ်ကိုယ် စည်းကမ်းတစ်ခု သတ်မှတ်ဖြစ်ခဲ့သည်။
ကျွန်တော့် ရည်မှန်းချက်ကား သူဋ္ဌေးဖြစ်ဖို့ ...။ “ဘယ်လိုအရာမျိုးကို
သူဋ္ဌေးဖြစ်သည်ဟု ခေါ်နိုင်မလဲ။ ဘယ်တော့ သူဋ္ဌေးဖြစ်ရမလဲ။ ပိုက်ဆံ ဘယ်
လောက်ရလျှင် သူဋ္ဌေးဖြစ်နိုင်မလဲ” ဆိုသည်ကို သတ်မှတ်ရန် လိုလာခဲ့သည်။
လမ်းကိုသာ လျှောက်နေပြီး ဘယ်နေရာအထိ သွားရမည်ကို မသိလျှင် ယောင်
လည်လည် ဖြစ်နေမည်သာ ...။ အချို့က အိမ်နှင့်ကား ပိုင်ဆိုင်နိုင်လျှင်
သူဋ္ဌေးဖြစ်သည်ဟု ခံယူချက်များလည်းရှိကြသလို။ ကျွန်တော့်အတွက် ချမ်းသာ
ကြွယ်ဝမှု ဟူသော အဓိပ်္ပာယ်ကို သတ်မှတ်ခဲ့သည်။ “ကိုယ်တိုင်တွင် ခိုင်မာသည့်
လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်နိုင်ရမည်။ ထိုလုပ်ငန်းမှ ပုံမှန် ၀င်ငွေ ရနိုင်ရမည်။
ထိုဝင်ငွေသည် နေထိုင်စားသောက်ရေးအတွက် မပူပင်ရသော ၀င်ငွေဖြစ်နေ
ရမည်” ဟု သတ်မှတ်ခဲ့သည်။
ကျွန်တော်သတ်မှတ်သောအခြေအနေ ရောက်ရန်အတွက်လည်း အချိန်
ကာလတစ်ခုကို သတ်မှတ်ထားခဲ့သည်။ အသက် ၃၅ နှစ်တွင် စားဝတ်နေရေး၊
ကျန်းမာရေး အတွက် ငွေကြေးမပူပင်ရသည့် ဘ၀မျိုးဖြစ်စေရမည်ဟု Target
သတ်မှတ်ချက်ထားခဲ့သည်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အနားယူရန် အကောင်း
ဆုံးအချိန် ဖြစ်သည့် အသက် ၆၀ တွင် အနားယူကာ ဘ၀ကို အေးချမ်းစွာ
ဖြတ်သန်းရန် စိတ်ကူးထားခဲ့သည်။ အနားယူသည့်အချိန်တွင်လည်း သားသမီး
သည် Mature တည်ငြိမ်ရင့်ကျက်သည့် အရွယ်ရောက်သော အသက်အရွယ်
ဖြစ်ရမည်ဟု ကျွန်တော် သတ်မှတ်ထားသည့်အတွက် အသက် ၂၃ နှစ်တွင်
အိမ်ထောင်ပြုမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ အသက် ၂၃ နှစ်တွင် ကိုယ်ပိုင်
စီးပွားရေး၊ ကိုယ်ပိုင်အိမ်ဖြင့် မိသားစုကို ထောက်ပံ့နိုင်သည့်သူတစ်ယောက်
ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ရည်မှန်းထားသော ဘ၀ကိုရောက်ရန်အတွက် သတ်မှတ်ချက်ကို ဦးတည်
ပြီး အရောက်သွားနိုင်ရမည်ကို ကျွန်တော်သိလာခဲ့သည်။ လူငယ်များအနေဖြင့်
လည်း ဘ၀၏ ဦးတည်ချက်ကို သေချာစွာ စီမံခန့်ခွဲပြီး မရောက်ရောက်အောင်
ကြိုးစားစေလိုပေသည်။
ကျွန်တော့်ဘ၀တွင် လုပ်ငန်းမျိုးစုံကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ဖူးသည်။
တစ်ချိန်က ဆိုရှယ်လစ်ခေတ်ဖြစ်သောကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများကို
အခက်အခဲများကြားထဲတွင်လုပ်ကိုင်ခဲ့ရသည်။ သစ်ဝယ်သည့်လုပ်ငန်း၊ ရတနာ
ရောင်းဝယ်သည့် လုပ်ငန်း၊ စက်ပစ်္စည်း ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ
လုပ်ကိုင်ခဲ့သည်။ အရောင်းအ၀ယ် လုပ်ငန်းကို အများဆုံး လုပ်ခဲ့သည်။ ၁၉၈၈
(ယခု ရွှေဘုံသာလမ်း) ကနေစပြီး ဗိုလ်တထောင်အထိ တစ်လမ်းဝင်၊ တစ်လမ်း
ထွက် သွားကာ ဘယ်လမ်းတွင် ဘယ်လိုအလုပ်မျိုး လုပ်လေ့ရှိသည်ကို ကိုယ်
တိုင် လက်တွေ့ဆင်းကာ လေ့လာခဲ့သည်။ ဈေးကွက်အနေအထားကို သိရန်
အတွက်လည်း ရန်ကုန်မြို့တွင်ရှိသော ဈေးတိုင်းကိုသွားကာ လေ့လာ ခဲ့သေး
သည်။ ကျွန်တော် ပင်ပန်းခံကာ လေ့လာခဲ့သလောက် အကျိုးရှိခဲ့ပေသည်။
ဈေးတစ်ခုနှင့်တစ်ခု ရောင်းသည့် ကုန်ပစ်္စည်းချင်း မတူသည်ကို တွေ့ခဲ့
ရသည်။ ထိုသို့ မတူကွဲပြားမှုများကို လေ့လာကြည့်လိုက်သောအခါတွင်မှ ဘယ်
ဈေးက ပစ်္စည်းကို ဘယ်မှာသွားရောင်းလျှင် ဘယ်လို အကျိုးအမြတ်များ ရနိုင်
သည့်အပြင် ဘယ်ပစ်္စည်းကို ဘယ်ဆိုင်ကနေ၀ယ်ပြီး၊ ဘယ်လိုရောင်းမလဲကို
လည်း သိလာခဲ့ရသည်။ ပထမဆုံး နယ်မှလာသည့် ကုန်သည်များကို ကိုယ့်
ကိုယ်ကိုယ် မိတ်ဆက်ပြီး အရောင်းအ၀ယ် စလုပ်ဖြစ်ခဲ့သည်။ သူတို့ကိုယ်တိုင်
ဝယ်သည့် ကုန်ပစ်္စည်းရဲ့ Quality ထက် ပိုကောင်းအောင် ၀ယ်ပေးနိုင်သော
ကြောင့်လည်း နောက်ပိုင်းတွင် ကျွန်တော့်ထံ Clients (ဖောက်သည်) ပိုများ
လာခဲ့သည်။ ကုန်သည်များကိုယ်စား ကျွန်တော်က ကုန်ပစ်္စည်းများကို လိုက်
လံ ၀ယ်ယူပေးရသောကြောင့် ကုန်သည်များကလည်း ကော်မရှင်ပေးသလို၊
တစ်ဖက်တွင်လည်း ဆိုင်များမှပေးသော ကော်မရှင်ကိုရသည်။
ထိုခေတ်ကာလက ဆိုင်များကလည်း အကြွေးပေးလေ့ရှိကြသည်။ ငွေ
ချေရန်အတွက် ၂ ရက်၊ ၃ ရက်တိုင် စောင့်ပေးတတ်ကြသေးသည်။ ထို့ကြောင့်
ပစ်္စည်းဝယ်ရန် ပေးလိုက်သည့် ပိုက်ဆံကို ပစ်္စည်းတစ်ခုခုဝယ်ကာ ပြန်ရောင်း
ရင်းဖြင့် ငွေအရင်းအနှီး မစိုက်ရဘဲ ကျွန်တော့်အတွက် အမြတ်ငွေထွက်လာ
ခဲ့သည်။ ကုန်သည်များကလည်း ပစ်္စည်းဝယ်ရန် ကြိုတင်ငွေ ထုတ်ပေးသလို၊
ခုနှစ်မတိုင်မီတွင် အရောင်းအ၀ယ်လောကမှာ မှောင်ခိုခေတ်ဖြစ်ခဲ့သည်။ ကျွန်
တော် ပလတ်စတစ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးသည်။ ပလတ်စတစ် တစ်ပေါင်ကို
၃၅ ကျပ်ဖြင့် ဈေးတည့်ပြီးမှ ၀ယ်သည့်အချိန်တွင် ၃၇ ကျပ် ဖြစ်သွား တတ်
သည့် အဖြစ်မျိုးလည်း ကြုံခဲ့ရသည်။ မှောင်ခိုခေတ်လည်းဖြစ်သောကြောင့်
စာချုပ်စာတမ်းများလည်း မရှိသည့်အတွက် တရားစွဲ၍လည်း မရခဲ့ပေ။
ကျွန်တော်အတွက်အဆင်မပြေဖြစ်ခဲ့ရသည်။
ကျွန်တော့်ဘ၀အတွေ့အကြုံအရ ဘယ်အလုပ်ပဲလုပ်လုပ် ကတိတည်
တည်ဖြင့် လုပ်မှသာလျှင် ရေရှည်လုပ်ကိုင်နိုင်မည် ဖြစ်သည်။ ထို့နောက် မော်
တော်ကားများကို ပြင်ဆင်ပြီး ပြန်ရောင်းသည့် လုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်
ခဲ့သည်။ ကျွန်တော်ရောင်းသည့် ကားများကို လူကြိုက်များသဖြင့် ပြန်ရောင်း
လျှင် တစ်သိန်း ရှစ်သောင်း ရသောကြောင့် ရှစ်သောင်းရင်းလျှင် တစ်သိန်းမြတ်
သည့်အတွက် အဆင်ပြေသည်ဟု ဆိုရပေမည်။ သို့သော်လည်း ကားတစ်စီးကို
ပြင်ဆင်လျှင် ရှစ်လလောက် အချိန်ယူရသောကြောင့် တစ်နှစ်တွင်မှ တစ်စီး၊
နှစ်နှစ်တွင်မှ သုံးစီးမျှသာ ရောင်းရသောကြောင့် အမြတ်ငွေ သုံးသိန်းလောက်
သာရသည်။ ထိုသို့ ရသည့်ဝင်ငွေနှင့် ထွက်ငွေကို ပြန်လည်ချင့်ချိန် ကြည့်လိုက်
သောအခါ တွင် ကိုယ်လိုချင်သည့်ွှTargetကို မရောက်ခဲ့ပေ။
တစ်နေ့တွင် တာမွေတွင်ရှိသော သူငယ်ချင်းအိမ်ကို သွားလည်ရင်း အိမ်
ဘေးတွင် အိမ်တစ်အိမ် ဖျက်ထားသည်ကို တွေ့ရသည်။ အိမ်ရှင်က နောက်
ဖေးလမ်းကြားတွင် တဲထိုးပြီး နေနေရသည်ကို တွေ့ရသည်။ Constructor
ဖြစ်သူက အိမ်ဖျက်ယူရောင်းစားပြီး တစ်နှစ်ကျော်ကြာသည့်တိုင် ပြန်မဆောက်
ပေးရာ ပိုက်ဆံလည်း မတတ်နိုင်သောကြောင့် ဒုက်္ခရောက်နေသည့် မိသားစုကို
တွေ့ခဲ့ရာမှ အသိတစ်ခု ၀င်လာခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း
ကို လေ့လာလိုက်သောအခါတွင် Constructor အများစုထံမှ ယင်းကဲ့သို့ လိမ်
လည်မှုကို ခံရသည့် အိမ်ရှင်များကို တွေ့ခဲ့ရသည်။ ထို့ကြောင့် အိမ်ရှင်များ
ပြဿနာမဖြစ်ရလေအောင် ရှေ့ဆောင်လမ်းပြတစ်ခုအနေဖြင့် Construction
လုပ်ငန်းကိုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ဖြင့် ၁၉၈၆ ခုနှစ်တွင် Construction လုပ်ငန်းကို စလုပ်ဖြစ်ခဲ့သည်။
လုပ်ငန်းစစချင်းတွင် အခက်အခဲ ကြုံရလေသည်။ ပထမဆုံး Customer တစ်ဦး
ကို ရလိုက်သည့်အချိန်တွင် ကျွန်တော် အိမ်ဆောက်တတ်သည့်သူကို ရှာဖွေခဲ့ရ
သည်။ ဖြစ်ချင်စိတ်တစ်ခုတည်းဖြင့်သာ စတင်ခဲ့သည့်အတွက် ကျွန်တော် ကိုယ်
တိုင်လည်း အိမ်မဆောက်တတ်ပေ။
အိမ်ရှင်မှာ အလွန်လိမ်္မာပါးနပ်လှသူ ဖြစ်သည်။ Constructor အနေဖြင့်
အိမ်တစ်လုံးကိုတာဝန်ယူဆောက်ပေးလျှင် လုပ်ခအဖြစ်အိမ်ခန်းတစ်ခန်းအပြင်
ကျန်သည့်သုံးခန်းပါရလေ့ရှိသည်။ သို့သော်ငြားလည်း ထိုအိမ်ရှင်ကား အိမ်ခန်း
တစ်ခန်းမျှမပေးသည့်အပြင် အိမ်ခန်းသုံးခန်း၏ အခန်းငှားခ စပေါ်ငွေ ကိုသာ
ယူရန်ကမ်းလှမ်းလာခဲ့သည်။ အိမ်အဟောင်းရောင်း၍ရသည့်ပိုက်ဆံ၏တစ်ဝက်
ကိုလည်းပေးရန်တောင်းဆိုလာခဲ့သောအခါ ကျွန်တော့်အတွက် အခက်အခဲ
ဖြစ်လာခဲ့သည်။
လုပ်ငန်းအစတွင် ဘယ်လိုအခက်အခဲမျိုးဖြင့် ကြုံတွေ့စေကာမူ မဖြစ်ဖြစ်
အောင် ကြိုးစားပြီး လုပ်ကြည့်မည်ဟု ဆုံးဖြတ်ခဲ့ကာ တောင်းဆိုချက်များကို
လက်ခံပြီးလုပ်ငန်းစခဲ့သည်။ အမှန်တကယ်စတင်သည့်အချိန်တွင်အလုပ်သမား
များကို အပြေးအလွှား စုဆောင်းခဲ့သည်ကို အမှတ်ရသေးသည်။ ကံ အားလျော်
စွာပင် တောမှလာရောက် လုပ်ကိုင်သည့် လက်သမားဆရာတစ်စုနှင့် Constructor က ဆက်မဆောက်တော့ဘဲရပ်ထားသည့် Construction တစ်ခုမှ ပန်းရံ
ဆရာတစ်ဦးတို့ကို တွေ့ပြီး စုစည်းကာ စတင်ဖြစ်ခဲ့သည်။
လက်သမားဆရာများကလည်း တောဓလေ့၊ တောပုံစံများကိုသာ ကျွမ်း
ကျင်သည့်အတွက် ခေတ်မီသော ဒီဇိုင်းပုံစံ ဖြစ်လာစေရန် ကျွန်တော့်အနေဖြင့်
အိမ်ကို အရင်ဆုံး လေ့လာပြီးမှ အလုံးစုံညွှန်ကြားကာ ဆောက်ခဲ့ရသည်။ သစ်၊
ဘိလပ်မြေ၊ အုတ်အမျိုးအစားများ၊ သံကို ဘယ်လိုရိုက်မလဲ၊ ဆောက် ဘယ်
လို ထွင်းမလဲ၊ တံခါးကို ဘယ်လိုလုပ်ရသည်မှ အစ ပစ်္စည်းများ ၀ယ်သည်အထိ
အဆုံး အသေးစိတ် လေ့လာဖြစ်ခဲ့သည်။ လက်အောက်ငယ်သားများ၏ ဖိ
နှိပ်မှုများကို မခံချင်လျှင် တတ်အောင် သင်ထားရန် လိုအပ်သည်။ ထို့အတွက်
အမြဲပြင်ဆင်ထားရန်လည်း လိုပေသည်။ ထိုသို့ လေ့လာဖန်များသောအခါ
အိမ်ဆောက်သည့် ပညာကို ကောင်းကောင်းတတ်လာခဲ့သည်။
လုပ်ငန်းစပြီး တစ်နှစ်အကြာတွင် ၈၈ အရေးအခင်း ဖြစ်သွားသော
ကြောင့် ရပ်တန့်ခဲ့ရသည်။ အရေးအခင်း နောက်ပိုင်းတွင် ဆောက်လုပ်ရေး
လုပ်ငန်း ပိုပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့် လုပ်ငန်းကိုပြန်လည် လည်ပတ်
ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင်Royal Construction အမည်ဖြင့် ကုမ်္ပဏီ မှတ်ပုံ
တင်ခဲ့သည်။ လုပ်ငန်းလိုအပ်ချက်များလည်း လိုလာသောကြောင့် တိုးတက်
လာသော လုပ်ငန်းပမာဏကို အမီလိုက်နိုင်အောင် ကြိုးစားရင်း ကျွန်တော့်၏
ဆောက်လုပ်ရေးလုပ်ငန်းလည်း ပိုမို ကြီးမားလာခဲ့သည်။ နောက်ပိုင်းတွင်
လုပ်ငန်းကို အထောက်အကူပြုပေးသည့် တံခါးများ၊ ကျည်းဘောင်များ လိုအပ်
လာသောအခါ ထုတ်လုပ်နိုင်ရန် စက်ရုံတည်ထောင်ဖြစ်ခဲ့သည်။ စက်ရုံ ထူ
ထောင်ရာမှ တွဲဖက်ပြီး ပရိဘောဂ ပစ်္စည်းများကိုပါ ထုတ်လုပ်နိုင်အောင် နိုင်ငံ
ခြားသို့ တင်ပို့သည့် ပရိဘောဂစက်ရုံတစ်ခုကိုလည်း ဆက်လက် တည်ထောင်
ဖြစ်ခဲ့သည်။
ယခုအချိန်တွင် နိုင်ငံတကာအဆင့်မီ တည်ဆောက်နိုင်သည့် မြန်မာ
အင်ဂျင်နီယာ၊ မြန်မာလုပ်သား၊ မြန်မာကန်ထရိုက်တာများဖြင့် ဆောင်ရွက်
လာနိုင်ခဲ့ပြီ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း စတင်တည်ထောင်ကာစ၌
ဆရာဦးညီလှငယ်ထံတွင် စနစ်ကျသည့် ဆောက်လုပ်ရေးနှင့် ပတ်သက်သည့်
ပညာများကို လေ့လာခဲ့သည်။ ထိုစဉ်က ကျွန်တော့်အတွက် အိပ်ချိန်မှာ ၎
နာရီမျှသာ ရှိခဲ့သော်လည်း ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ခြေလှမ်းဖြစ်
သောကြောင့် ကျွန်တော့်အတွက် ပင်ပန်းရကျိုးနပ်ခဲ့ပါသည်။
လုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သော်လည်း အဆင်မပြေမှုများကြောင့် အခက်
အခဲများကြားက ရုန်းကန်ခဲ့ရသည်မှာ ကျွန်တော့်ဘ၀အတွက် အမှတ်ရစရာ
များဖြစ်ခဲ့သည်။ ကျွန်တော့်ဘ၀လမ်းကြောင်းတွင်အဆင်ပြေချောမွေ့သည့်အခါ
မျိုးကား ရှားလှသည်။ မန်္တလေး ရတနာပုံ ရေကူးကန်ဆောက်ရန်အတွက်
ပရောဂျက်တစ်ခု ရလာသောအခါ တစ်ပတ်အတွင်း Proposal တင်ရန် ဖြစ်
လာခဲ့သည်။ ရေကူးကန်အတော်များများ ပြိုကွဲပျက်စီးတတ်သောကြောင့် ထို
အချိန်အခါက ရေကူးကန်ကို မည်သူကမျှ တာဝန်မယူရဲကြပေ။“သူများ
မလုပ်နိုင်သည့် အလုပ်ကို ငါလုပ်ရမည်” ဆိုသည့်စိတ်ဖြင့် လုပ်ရန် ဆုံးဖြတ်ခဲ့
သည်။ ဆောက်လုပ်ရေး လုပ်ငန်းကဲ့သို့ပင် လုပ်ချင်စိတ်တစ်ခုတည်းသာ ရှိခဲ့
သောကြောင့် ရေကူးကန်အကြောင်းလေ့လာမှသာ ဖြစ်မည်ကို သိလာခဲ့သည်။

သို့ဖြင့် အမျိုးသား ရေကူးကန်၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာခဲ့ ပြီး
စိတ်မှန်းဖြင့် တွက်ချက်ကာ သိန်းပေါင်း ၁၇၉ သိန်းဖြင့် ကုန်ကျစရိတ်ကို
တင်ပြလိုက်သည့်အခါတွင် ချက်ချင်း လုပ်ငန်းစခွင့်ရခဲ့သည်။ structure တွက်
ကြည့်လိုက်သောအခါ Upgrade Pressure ရှိသည့်အပြင် ကွန်ကရစ်အထူ
ကလည်း ၃၆ လက်မရှိသည်ကို တွေ့ခဲ့သည်။ ကျွန်တော်က ၈ လက်မအထူ
ဖြင့် တွက်ချက်ပြီး ကုန်ကျစရိတ်ကို တင်ပြလိုက်သောကြောင့် အရှုံးပေါ်ပြီဟု
သာ ထင်ခဲ့မိသည်။ သို့သော်ငြားလည်း လုပ်နိုင်သလောက် အဆင်ပြေအောင်
လုပ်ကြည့်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ရေကူးကန်၏ Standard ကို အိုလံပစ်
ှStandard အဖြစ် လုပ်ခဲ့ပြီး Upgrade Pressure မရှိစေရန် ဒီဇိုင်နာနှင့်မည်သို့
လုပ်ရမည်ကို အဖြေရှာခဲ့ကြသည်။ အဆုံးသတ်တွင် ဖြေရှင်းသွားနိုင်ခဲ့သည်။
အခက်အခဲများ ကြုံလာသည့်အခါမျိုးတွင် မဟုတ်တာကို ဇွတ်လုပ်တာ
မျိုးမဟုတ်ဘဲ ဉဏ်သုံးကာ မဖြစ်ဖြစ်အောင် လုပ်မှသာလည်း အကောင်းဆုံး
ဖြေရှင်းနိုင်သည်ကို တွေ့လာခဲ့သည်။ လုပ်ငန်းတိုင်းတွင် အခက်အခဲရှိတတ်
မြဲပင် ဖြစ်သည်။ တပ်မတော်၏ ၀န်ထမ်းအိမ်ရာများ ဆောက်ပေးရန် ပရော
ဂျက် ရလာသောအခါတွင် မြေဖို့ကာ အခန်းပေါင်း ၃၀၀ ကျော်နှင့် အထပ်
၂၀ ရှိသော တိုက်များကို ဆောက်ပြီးကာမှ ပြန်အသိမ်းခံခဲ့ရသည်။ ထို့အတွက်
ရသင့်သည်ကို ပြန်တောင်းသောအခါ သိန်း ၃၇၀၀ ပြန်ရခဲ့သည်။ သို့သော်
လည်း မြေကြီးဖို့ထားသည်မှာ သိန်းပေါင်း ၃၀၀၀ နီးပါး ကုန်ကျခဲ့သောကြောင့်
ထိုပရောဂျက်တွင် အရှုံးပေါ်ခဲ့ပေသည်။ နှမြောတသဖြစ်ကာဝမ်းနည်းနေလျှင်
ရှေ့ဆက်နိုင်ရန်ခဲယဉ်းသွားမည်ဖြစ်သောကြောင့် ထိုနေရာတွင်ရပ်တန့်သွားရန်
မဖြစ်နိုင်ပေ။ အတတ်နိုင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကာ အခက်အခဲ
များကို ကျော်လွှားနိုင်ရန် အားထုတ်ခဲ့ပါသည်။
နောက်တစ်ကြိမ် အစိုးရထံမှ ၂၅ ထပ်ဆောက်ရန် ပရောဂျက်များ ချ
ပေးသောအခါ ကျွန်တော်လည်း တစ်ခုရခဲ့သည်။ ရန်ကုန်မြို့တွင် Shopping
ကြီးတစ်ခုနှင့် တွဲဖက်ပြီး ရုံးခန်းများပါသည့် အဆောက်အအုံ တစ်ခုကို
ဆောက်လုပ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရသို့ ၂၀ ရာခိုင်နှုန်း အခွန် ပေးဆောင်
ရာမှ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်လာသောအခါတွင် ကျွန်တော် အပါအ၀င်
မည်သူကမျှ ဆက်မလုပ်နိုင်ကြတော့ပေ။ ထို့ကြောင့် အဆောက်အအုံကို ၁၁
ထပ်ဖြင့်သာ အဆုံးသတ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် Taw Win Shopping Center
ဖွင့်လှစ်ခဲ့သည်။ ၂၀၁၂-၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သည့် နိုင်ငံခြား ဧည့်သည်များလာသောကြောင့် ဟိုတယ်
များ မလောက်မငှ ဖြစ်လာခဲ့သည်။ သို့ဖြင့် Shopping Center အပေါ်တွင်
ကျန်သည့်အထပ်များကိုTaw Win Garden Hotal အဖြစ် ၂၀၁၄ ခုနှစ်တွင်
စတင် ဖွင့်လှစ်ခဲ့သည်။ ကျွန်တော့်သမီးနှစ်ယောက်အတွက် အမွေပေးရန် ရည်
ရွယ်၍ှ့သစစငညါ Shopping Center နှင့် Hotel ဖွင့်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းလုပ်ရာတွင် လိုအပ်သည့် နည်းပညာဖြင့် စနစ်တကျ ဆောင်
ရွက်သည့် လုပ်ငန်းအဆင့်ဆင့်ကို သေချာစွာ လုပ်ကိုင်နိုင်ပါက အကျိုးအမြတ်
လည်း ပိုမိုရလာမည်ဖြစ်သလို နောင်တစ်ချိန် ရင်ဆိုင်ရမည့် ယှဉ်ပြိုင်မှုကိုလည်း
ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် စီမံခန့်ခွဲမှုပညာကို စနစ်
တကျ သင်နိုင်ခဲ့သည် မဟုတ်ပါ။ သို့သော်လည်း ကျွန်တော် အတုယူ နားလည်
နိုင်သည့်အပေါ်မူတည်ပြီး လုပ်ငန်းများကိုစီမံခန့်ခွဲနေခြင်းဖြစ်သည်။ ကျွန်တော်
နားလည်သည့် စီမံခန့်ခွဲမှုဆိုသည်မှာ ပြေလည်အောင် ဆောင်ရွက်နိုင်ခြင်း
ဖြစ်သည်။
ပြေလည်အောင် ဆောင်ရွက်ရာတွင် ဥပမာ- ငွေကြေးပြဿနာ အခက်
အခဲ ဖြစ်လာလျှင် ငွေကြေးကို ဘယ်လိုအဆင်ပြေအောင် ဆောင်ရွက်ရမလဲ၊
အဓိက ငွေကြေးစီမံခန့်ခွဲမှုဆိုလျှင် လုပ်ငန်းတစ်ခုကို လက်မခံမီတွင် ဘယ်
လောက် ကုန်မလဲဆိုသည့် ပရောဂျက် Estimate လုပ်လိုက်ပေသည်။ ဘယ်
အချိန်၊ ဘယ်နေ့တွင် ဘယ်လောက်ကုန်မလဲကို Estimate ထပ်လုပ်ရပါသည်။
အဲဒီငွေကြေးကို ဘယ်လိုရှာမလဲ၊ ကိုယ့်ထံတွင် ဘယ်လောက်ရှိမလဲ၊ ဘယ်လို
ဖြည့်ဆည်းမလဲဆိုသည့် နည်းစနစ်တွေကို စဉ်းစားရမှာဖြစ်သည်။ အုပ်ချုပ်
သည့် လူများကိုလည်း အဆင့်လေးဆင့်ထားကာ ဖွဲ့လိုက်ပြီး လုပ်ငန်းကို အုပ်
ချုပ်သလို Lobour Management ကိုလည်း ဒီနည်းအတိုင်းပင် အုပ်ချုပ်လေ့
ရှိသည်။ သူ့နေရာနှင့်သူ အဆင်ပြေအောင်စီစဉ်ပေးရသည့်အတွက် စီမံခန့်ခွဲမှု
တစ်ခုပင် ဖြစ်သည်။
အခက်အခဲဆိုသည်မှာ ကျွန်တော်တို့ နေ့စဉ်ဘ၀တွင် အမြဲတွေ့မြင်နေ
ရသည့် အရာ

No comments:
Post a Comment