:include data='blog' name='google-analytics'/>

Wednesday, July 29, 2015

" စိတ်ကောင်းရှိဖို့ က ပထမ "



***တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
" စိတ်ကောင်းရှိဖို့ က ပထမ " လို့ 
သတိပေး ဆုံးမခဲ့ပါတယ်။
စိတ်ထားကောင်းဖို့ ဘယ်လောက်အရေးကြီးသလဲ။
ဒါကို သိဖို့ လိုတယ်။
ဥပမာ. . .
ဆရာလေးတစ်ပါး
တံမြက်လှည်းနေတယ်။
ဒါဟာ
စာရိတ္တသီလဖြည့်ကျင့်နေတာပဲ။
တနည်း ပြောရရင်
အနေကောင်းသူ
ကိုယ့်ကျင့်ကောင်းသူဖြစ်အောင်
ကြိုးစားနေတာ။
သို့ သော်. . .
ဆရာကို ကြောက်လို့  လုပ်နေရတယ်။
အပြစ်ပေးဒဏ်ခံရမှာ စိုးလို့ . .
လုပ်နေရတယ် ဆိုရင်
အညံ့စားကုသိုလ် လောက်ပဲ ရနိုင်တယ်။
နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့
ပါရမီကုသိုလ်မျိုး မဖြစ်တော့ဘူး။
ဒါဟာ. . .
အနေကောင်းပေမယ့်. . .
စိတ်ထားမကောင်းလို့ . . .
ဖြစ်သွားရတာ။
နိဗ္ဗာန်မျက်မှောက်ပြုသည်အထိ
မတိုးတက် မကြီးပွားတာဟာ
စိတ်ထားကြောင့်ပဲ။
ဒုတိယဆရာလေးတစ်ပါးကတော့. . .
စိတ်ထားကောင်းလေးနှင့်
တံမြက်လှည်းတယ်။
တံမြက်လှည်းလိုက်ရင်
ကျောင်းဝန်းတစ်ခုလုံး
သန့်ရှင်းသွားမယ်။
ကျက်သရေရှိသွားမယ်။
ဘုရားရှင် ရဲ့အဆုံးအမကို
လိုက်နာကျင့်သုံးရာ ရောက်မယ်။
ကျောင်းထဲရောက်လာသူတွေ
စိတ်ကြည်လင်ပါစေ။
ကုသိုလ်စိတ်တွေ ဖြစ်ကြပါစေ။
ကျန်းမာချမ်းသာကြပါစေ။
အဲဒီလို. . .
စိတ်ထားကောင်းလေးနှင့်
တံမြက်လှည်းနေတဲ့
ဒီဆရာလေးရဲ့သန္တာန်မှာ
ကုသိုလ်စိတ်တွေ
မေတ္တာစိတ်တွေ
ဝန်းရံနေတယ်။
နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့
ပါရမီကုသိုလ်အထိ. . .
မြင့်တက်သွားတယ်။
ဒါဟာ. . .
ဘာကြောင့်လည်းဆိုတော့. . .
စိတ်ထားကောင်းလို့ 
စိတ်ဓာတ်ဖြူစင်လို့ ။
အနေကောင်းတာချင်း . . .
ကိုယ်ကျင့်ကောင်းတာချင်း အတူတူ
စိတ်ထားလေး ကောင်းလိုက်တာနှင့်
ဘယ်လောက်အထိ ကွာခြားသွားသလဲ။
ဘယ်လောက်အထိ အကျိုးများသွားသလဲ။
ဒါကြောင့်. . .
စိတ်ထားကောင်းဖို့ သိပ်အရေးကြီးပါတယ်။
( အရှင်ဣန္ဒကာဘိဝံသ)
စစ်ကိုင်း မြစကြာကျောင်း။
*****ကိုယ် စိတ် နှလုံးသုံးပါး ရွှင်လန်းချမ်းမြေ့တော်မူကြပါစေရှင်။
မေတ္တာများစွာဖြင့်။

No comments:

Post a Comment