:include data='blog' name='google-analytics'/>

Wednesday, May 30, 2012

ဝါဝါမြင်တိုင်းရွှေမထင်နဲ့

 အသဲရောင်အသားဝါရောဂါ (Hepatitis) ဆိုတာ နာမည်မှာပါတဲ့ အတိုင်းအသဲရောင်လို့ အသားတွေဝါ လာတဲ့ရောဂါပါ။  ဒီ ရောဂါက ဗိုက်ရပ်စ် (Virus) လို့ခေါ်တဲ့ပိုး ကြောင့်ဖြစ်တာပါ။ ဒါကြောင့်တစ်ဦးက တစ်ဦးကို ကူးဆက် တတ်လို့ကူးဆက်ရာဂါ စာရင်း (Infectious Diseases) ထဲမှာပါ ပါတယ်။

     အသဲရောင်အသားဝါရောဂါဖြစ်စေတဲ့ ဗိုက်ရပ်စ် ပိုးငါးမျိုးရှိပါတယ်။အေ၊ ဘီ၊ စီ၊ ဒီ၊    အီး လို့အမည်ပေးထားပါတယ်။ (အပ်နဲ့ဂျီ လို့အမည်ပေးရမဲ့ နောက်ထပ် ပိုးနှစ်ကောင်လည်း ထပ်တွေ့ ထားတယ်လို့ သိရပါတယ်)။

   အေနှင့်အီးဗိုင်ရပ်စ်ပိုးတွေကအစာလမ်းကြောင်းက၀င်ပါတယ်။ ဒါကြောင့် (Fecaloral route) ၀မ်းမှ  ပါးစပ်သို့ကူးသောအခြားသော ရောဂါများ ကဲ့သို့ မသန့်ရှင်းသောရေနှင့် အစာများ၊ ရင်နားသောအစာများ စားခြင်းကြောင့်ရောဂါဖြစ်ပါတယ်။

 ပိုးပါသောရေ (၀ါ) အစာများကိုလူအများ တစ်ပြိုင်တည်းစားမိလျှင် လူများစုကို တစ်ပြိုင်တည်း ရောဂါဖြစ်စေပါတယ် (epidemic) အက်ပီဒဲမစ် ဟုခေါ်ပါတယ်။

  အက်ပီဒဲမစ်ဖြစ်လျှင် ၀မ်းမှပါးစပ်သို့ကူးသော အသဲရောင်ရောဂါဖြစ်ကြောင်းသိ ရပြီး၊ရောဂါပိုး စတင်ပြန့်ရာ နေရာကို ရှာရပါမည်။ အစား အသောက်ဆိုင်မှ လည်း လူများစုကို ကူးဆက်ပြန့်ပွါး နိုင်ပါတယ်   

ဘီ၊စီ နှင့် ဒီ ဗိုင်ရပ်စ် ပိုးများက တော့ကိုယ်ထဲကို ထိုးသွင်းလိုက်မှသာ ရောဂါဖြစ် ပါ တယ်။အဲ့ဒီလို သွေးထဲသို့ ထိုးသွင်းခြင်း ဖြင့်ကူးဆက်သော ရောဂါများကို အင်ထရာဗီနက်စ် အကြောမှ (Intravenous route) ၀င်သောနည်း ဟုခေါ်ပါ တယ်။

   ဒီပိုးမှာ ဘီပိုးရဲ့ အကူအညီရမှ ပွါးနိုင်ပါတယ်။သူတစ်မျိုးထဲကြောင့် ရောဂါမဖြစ်နိုင်ပါ ဘူး။ဒါကြောင့် တကယ်ကဘီနဲ့ စီရောဂါနှစ်မျိုးလို့ပြောရမှာပါ။

အကြောမှဝင်သောနည်းဖြင့်ကူး ဆက်သဖြင့် ပိုးပါသောဆေးထိုးအပ်များကြောင့် ရောဂါကူးပါတယ်။ နံပါတ်ဖိုးထိုးသော လူများမှာ ရောဂါရှိသူနဲ့ ဆေးထိုးအပ် တစ်ခုထဲ သုံး  လျှင် ထိုးသည့် လူစုအား လုံးကိုကူးပါတယ်။

      ဘီပိုးက အပူဒဏ်ကိုခံနိုင် ပါတယ်။ဘီပိုးပါတဲ့ ဆေးထိုးအပ်ကို အနည်းဆုံး ၁၀၀ ဒီဂရီ ဖါရင်ဟိုက်၊တစ်နည်း ဆူနေတဲ့ရေမှာ မိနစ် ၂၀ တိတိပြုတ်မှ ပိုးသေပါတယ်။

    မသန့်ရှင်းသော အပ်များဖြင့် နားဖေါက်ခြင်း၊ဆေးမှင်ရေထိုး ခြင်း၊သွားနှုတ်ခြင်း၊         ခေါင်းရိတ်ခြင်း၊ စသည်တို့မှလည်း ကူနိုင်ပါတယ်။ တစ်ခါသုံးအပ်များ၊ ဓါးများ သုံးခြင်းဖြင့် ရောဂါကူးခြင်း မှကာကွယ်နိုင် ပါတယ်။ ပိုးပါသောသွေး များသွင်းခြင်းမှ လည်း ကူပါ တယ်။ ဒါကြောင့် သွေးများကို ပိုးပါမပါ စစ်ဆေးပြီးမှသွေးသွင်း ကုသခြင်းပြုရပါတယ်။

     မသန့်သောအပ်များ အပြင်ရောဂါရှိသူနှင့် လိင်ဆက်ဆံခြင်းဖြင့်လည်း အေ၊ ဘီ၊ စီ၊  ဒီ၊ ပိုးများ ကူးဆက်နိုင်ပါတယ်။ ဒီနည်းဖြင့်ကူးခြင်းကိုကာကွယ်ရန်ကွန်ဒုံး (condom) များကို အသုံးပြုရပါမယ်။

အသဲရောင်ပိုးအားလုံး အစာလမ်းကြောင်းမှ ၀င်သည်ဖြစ်စေ၊ အကြောမှ ၀င်သည် ဖြစ်စေ၊ လိင်အင်္ဂါမှ ၀င် သည်ဖြစ်စေ။ အသဲဆီသို့ရောက်ပါတယ်။ အသဲမှာ ပိုးတွေ ပွါးများ လာပြီး၊ အသဲဆဲများကို ဖေါက်ခွဲ ထွက်လာတာကြောင့် အသဲရောင် ရောဂါဖြစ်ပါတယ်။ ပိုးဝင်ပြီး ၁-၂ ပတ်မှာ ရောဂါ လက္ခဏာများ ပေါ်လာပါတယ်။

     အစတွင် သာမန်ဖျားခြင်း၊ ပျို့အံ့ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ဗိုလ်နာခြင်း၊         ကိုယ်လက် ကိုက်ခဲခြင်း၊ နွမ်းနုယ်ခြင်း များဖြစ်ပါတယ်။နောက်ပိုင်းတွင် အ၀ါရောင်ပေါ်လာပါတယ်။

    အချို့သူများမှာ လုံးဝ ရောဂါလက္ခဏာ မပေါ်ပါဘူး (Asymptomatic) လို့ခေါ် ပါ တယ်။ အဲ့ဒီလူ များဟာ ရောဂါလက္ခဏာပြသူများလိုပဲ အခြားသူများကို ရောဂါကူး ဆက် စေနိုင်ပါတယ်။

    အသဲ ရောင်ရောဂါ အေနဲ့ အီး ဖြစ်တဲ့လူနာများဟာ အ၀ါရောင်မပေါ်လာခင် အချိန်မှာ ပိုပြီး ရောဂါပိုး တွေထုတ်တာမို့ အဲ့ဒီအချိန်မှာ ရောဂါပို ကူးလွယ်ပါတယ်။

    အသဲက သွေးဥနီအသေ တွေကထွက်လာတဲ့ ဟီမိုဂလိုဘင် (hemoglobin) တွေကို အ၀ါရောင် ဘီလင်ရူဘင် (Bilirubin) အဖြစ်သို့ ပြောင်းပြီး ၀မ်းမှတဆင့် ကိုယ်ထဲမှ ထုတ်ပြစ်ပါတယ်။

     အသဲ ရောင်ပိုးကြောင့် အသဲဆဲများ ပျက်စီးကုန်တာ ကြောင့် အ၀ါရောင် ဘီလင် ရူဘင် တွေကို ကိုယ်မှမထုတ်နိုင်တော့ပဲ ကိုယ်ထဲမှာ အ၀ါရောင်ဘီလင်ရူဘင် တွေများလာလို့ ၀ါ လာတာပါ။ အ၀ါ ရောင်ကို အရေပါးသော အာခေါင်နဲ့ အဖြူရောင် မျက်လုံး နေရာ များမှာ စတင်တွေ့ရပါတယ်။ နောက်ပိုင်းမှာ အသားတွေပါ  ၀ါ လာပါတယ်။

     အသားမှာရှိတဲ့ ဘီလင်ရူဘင် တွေကြောင့် ယားယံခြင်း ဖြစ်တတ်ပါတယ်။ ဘီလင်ရူဘင်အလွန်များ သော လူနာများမှာ ဆနွင်းလိမ်းထား သလား ထင်ရလောက်အောင် တစ်ကိုယ်လုံး ၀ါ တတ်ပါတယ်။

     လူကောင်းတွေရဲ့ အ၀ါနုရောင် ဆီးဟာ ဘီလင်ရူဘင် ကြောင့်ပါ။ အသဲရောင် လူနာ တွေမှာ ပိုများနေတဲ့ ဘီလင်ရူဘင်များ ဆီးမှထွက် လာတာကြောင့် ဆီးလည်း နဂိုအရောင် ထက်ပို ၀ါ လာပါ တယ်။

    လူကောင်းတွေရဲ့ အ၀ါရောင် ၀မ်းဟာလည်း ဘီလင်ရူဘင်ကြောင့်ပါ။ အသဲရောင် လူနာ တွေမှာ အသဲက ဘီလင်ရူဘင်တွေကို ၀မ်းက မထုတ်နိုင်တာ ကြောင့် ၀မ်းက အဖြူ ရောင်ဖြစ်လာပါတယ်။

     ဗိုက်ရပ်စ်(Virus) ပိုးတွေကို သတ်နိုင်တဲ့ ဆေး (interferon and ribavirin) တွေ      က ဈေးကြီးပြီး၊ ဘေးထွက် ဆိုးကျိုး တွေများ တဲ့အပြင်၊ကုသသူ ၄၀-၅၀ % မှာသာ သတ်နိုင် တာ မို့ရောဂါ ဆိုးရွားသူများ၊ခလေးရလိုသူများ မှာသာ အသုံးများပါတယ်။ ဗိုက်ရပ်စ်(Virus) ပိုးက အမေဆီကနေ သန္ဓေသားဆီ ကူးသွားနိုင်ပါတယ်။

      ဖြစ်သမျှအရာ အားလုံး ပျက်ရတဲ့သင်္ခါရ တရားအတိုင်း အသဲရောင် အသားဝါ ရောဂါပိုး တွေလည်း အချိန်တန်တော့ သေကြပါတယ်။ အဲ့ဒီ အခါလူနာ နေကောင်း သွား ပါတယ်။ အရေး ကြီးတာက ဗိုက်ရပ်စ် (Virus) ပိုးတွေ ကိုယ်ထဲမှာ ပွါးနေတဲ့ အချိန်မှာ            လူနာ မသေအောင်နဲ့ လူနာ သက်သက်သာသာ နေနိုင် အောင် (Symptomatic           treatment)  ရောဂါ လက္ခဏာကို ကုသခြင်းလို့ခေါ်တဲ့ ကုသမှုမျိုးများ ပြုရ ပါတယ

       ဗိုက်ရပ်စ် (Virus) အေနဲ့ အီးပိုးတွေက ရောဂါ မပြင်းထန်ပါဘူး။အသေအပျောက်လဲ  နည်းပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးများ မှာသာ ကိုယ်ခံအား ကျဆင်းနေတာ ကြောင့် အသေအပျောက်နှုန်း ၂၀% အထိဖြစ်နိုင်ပါတယ်။ ရောဂါပျောက် သွားတဲ့ သူတွေ  ဟာ လုံးဝ လူကောင်း ဖြစ်သွားပြီး နာတာရှည် ပိုးသယ်ဆောင်သူများ မဖြစ်တဲ့အပြင် နောက်တခါ ရောဂါဖြစ်ခဲ့တဲ့ ဗိုက်ရပ်စ်ပိုးဝင်လာရင် တောင်ရောဂါ မဖြစ်တော့ ပါဘူး။ဥပမာ၊            အေဗိုက်ရပ်စ်ကြောင့် အသဲရောင်ရောဂါ ဖြစ်ဖူးတဲ့သူဟာ အေဗိုက်ရပ်စ်ကြောင့် အသဲရောင်ရောဂါ ထပ်မဖြစ်တော့ ပါဘူး။ အီး ဗိုက်ရပ်စ်လည်း အတူတူပါ ပဲ။တစ်ခါရောဂါဖြစ်  ပြီးရင် နောက်ထပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

     ဘီပိုးဟာ စီပိုးထက် ဆယ်ဆ ပိုးကူးစက်လွယ်ပါတယ်။ ဘီလူနာရဲ့ ၅-၁၀% လောက် မှာ နာတာရှည်  ဘီပိုး သယ်ဆောင်သူများဖြစ်ပြီး၊စီ ပိုး ကတော့ ၈၅% အထိ နာတာရှည် စီ ပိုးသယ် ဆောင် သူများဖြစ်ပြီး၊ပိုးနှစ်မျိုးလုံး ဟာ ကြာလာတဲ့အခါ အသဲခြောက်ရောဂါ (Cirrhosis)နဲ့ အသဲ ကင်ဆာဖြစ် နိုင်ပါတယ်

မွေးစအချိန်တွင်ဘီပိုးကူးဆက်ခံရပါက ၇၀-၉၀% အထိ နာတာရှည် ဘီပိုး သယ် ဆောင်သူဖြစ်နိုင်ပါ တယ်။ဒါကြောင့် ဘီပိုးရှိသူမိခင်ကမွေးသော ခလေးငယ်များ ကိုမွေးမွေး ချင်းမှာကာကွယ်ဆေးထိုးပေးရပါတယ်။

အေဗိုက်ရပ်စ်ပိုးအတွက်နဲ့ ဘီ ဗိုက်ရပ်စ်ပိုးအတွက်ရောဂါမဖြစ် အောင် ကာကွယ် နိုင်တဲ့ ကာကွယ်ဆေး တွေရှိပါတယ်။မြန်မာပြည် ဆေးသုတေသန  (ရန်ကုန်) မှာ ဘီ ပိုး အတွက်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကာကွယ်ဆေးထိုး ပေးပါတယ်။

  ဘီးပိုး ကာကွယ်ဆေးကို သွေးများကိုင်တွယ်ရတဲ့ ဆရာဝန်၊ဆရာမ၊သွားဆရာဝန်၊ ဓါတ်ခွဲခန်းဝန်ထမ်း၊ ဆေးရုံဆေးခန်းဝန်ထမ်း၊ အကြောဆေးထိုးသည့်ဆေးဆွဲသူများ၊လိင်နဲ့ ပိုက်ဆံရှာသူ စသည့် ဘီပိုးကူဆက်နိုင်သည့် သူများကို ရောဂါမကူးအောင် ထိုးခြင်းဖြစ်ပါ တယ်။ ဘီပိုးရောဂါ ဖြစ်နေသူ၊ဘီ အန်တီဂျင် (B antigen) ရှိနေသူတွေကို ထိုးလို့ ကောင်း  ကျိုး မရနိုင်ပါဘူး။ အသားနာရုံ၊ ဆေးဖိုးကုန်ရုံ သာ ဖြစ်ပါတယ်။

    ဘီပိုးက လိင်ဆက်ဆံခြင်းဖြင့်ကူးနိုင်တာမို့ ရောဂါရှင်နဲ့ လိင်ဆက်ဆံတဲ့ အိမ်ထောင်ဖက်သာ ဘီပိုးမကူးသေးဘူး၊ ကာကွယ်အားလည်း မရှိသေးဘူးဆိုမှ ထိုးဖို့လိုတာပါ။ တစ်အိမ်ထဲမှာ နေသူအားလုံး လိုက်ထိုး စရာမလိုပါ။ သာမန် မိသားစုဆက်ဆံရေး ကြောင့် ဘီပိုးမကူးပါဘူး။ ခြင်တို့ ဂျပိုးတို့ ကိုက်လို့ လဲမကူးပါဘူး၊ ရေအိမ်မှလည်း မကူးပါဘူး။ စီဗိုက်ရပ်စ်ပိုးအတွက်တော့ ကာကွယ်ဆေးမပေါ်သေးပါဘူး။

      အလျှင်းသင့်လို့ ကာကွယ်ဆေး (vaccine)တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးပြောချင်ပါတယ်။ ကာကွယ်ဆေး တော်တော်များများ ဟာ၎င်းတို့ရဲ့ ရောဂါကာကွယ်နိုင်တဲ့ အာနိသင်ရှိဖို့အတွက် ကာကွယ်ဆေးကို ထုတ်လုပ်တဲ့ အချိန်ကစပြီး လူနာကိုထိုးတဲ့         အချိန်အထိ ၄ ဒီဂရီမှာ တောက်လျှောက် ထားရပါတယ်။

    နိုင်ငံခြားက မှာယူတဲ့ ကာကွယ် ဆေးတွေဆိုရင် သယ်ယူရာ လမ်းတစ်လျှောက်မှာ ၄ ဒီဂရီနဲ့ (Cold chain) သယ်ရ ပါ          တယ်။ အဲ့ဒီလိုသယ်ရင် ဆေးသယ်ယူခက ဆေးဖိုးထက် ၁၀ ဆ မကဈေး ကြီးပါတယ်။ ကိုယ်ထိုးတဲ့ ကာကွယ်ဆေး အာနိသင်ရှိ မရှိဆိုတာ ဆေးရောင်းသူနဲ့ ထိုးတဲ့ ဆရာဝန်ပဲ သိနိုင်ပါတယ်။ လူနာကတော့ ဆရာဝန်ပြောသမျှပါပဲ။ မြင့်မြတ်တဲ့ပညာ တွေနဲ့မြင့်မြတ်တဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။

(Symptomatic treatment) ရောဂါ လက္ခဏာကုသ ခြင်း။

အရေးအကြီးဆုံး ရောဂါ သက်သာစေတဲ့ ကုသမှုတွေ ကတော့ ရောင်နေတဲ့ အသဲ ကိုအနား ပေး ခြင်းပါပဲ။

၁။ ကိုယ်ခန္ဓာကို အနားပေးတဲ့ အနေနဲ့ အိပ်ရာမှာ နားနားနေနေ နေပါ။ကိုယ်လက် လှုပ်ရှားတာမျိုး ပင်ပန်းတဲ့ အလုပ်မျိုးလုပ်ရင် ကြွက်သား တွေကအဆိပ်တွေ ထွက်ပါတယ်။ အဲ့ဒါတွေကို အသဲက အဆိပ်ဖြေ ပေးရပါတယ်။

၂။စိတ်ကိုလည်း အနားပေး ရပါမယ်။ စိတ်မချမ်းသာ စရာ တောင်တောင်အီးအီး တွေးပြီး စိတ်ပူပန်မှု များကို ရှောင်ရ ပါမယ်။စိတ်ပင်ပန်း မှုကြောင့် အဆိပ်ဓါတ်တွေ ထွက်ပါတယ်။

၃။ဆီ(Fat) များကို ချေချက်ဖို့ အသဲမှ အစာချေဓါတ်များ ထုတ်ရပါတယ် ဒါကြောင့် အဆီ         များတဲ့ အစာများ ရှောင်ရပါမယ်။

၎။  အရက်နဲ့ စီကရက်များကို အသဲမှာ အဆိပ်ဓါတ်ဖျက် ရတဲ့အပြင်၊ အရက်နဲ့စီကရက်ကြောင့် အသဲရောင် နိုင်တာမို့ အရက်နဲ့စီကရက်ကို ရှောင်ရပါမယ်။

  ၅။ သကြားနဲ့ ဗီတာမင် ပါသော အစားအသောက်များ၊ ဆေးများ စားပေးရပါမယ်။ကိုယ် ခန္ဓာမှာ သကြားဓါတ်နည်းရင် အသဲက ကိုယ်ထဲမှာ ရှိနေတဲ့ အသားဓါတ်နဲ့ အဆီဓါတ် များ ကိုသကြား ဓါတ်အဖြစ် သို့ပြောင်းလဲပေးရပါတယ်။ သကြားဓါတ်ပါ သောထန်းလျက်ခဲ၊ ကြံ စသည်များကို သကြားအစား စားသုံး နိုင်ပါတယ်။

၆။ပါးစပ်မှ လုံလောက်သော အစားအသောက်များ စားသောက်နိုင် လျှင် အကြောမှ ထိုးရန် မလိုပါ။

၇။အ၀ါရောင် ဘီလင်ရူဘင်တွေ ဆီးထဲက ထွက်သွားအောင် ရေများများ သောက်ခြင်း၊        သံပုရာရေ၊ လိမ်မော်ရေ သောက်ခြင်းများ အားပေးရ ပါမယ်။

၈။ပျို့အံသော သူများမှာ အကြောမှ Glucose နှင့် vitamins များသွင်းနိုင်ပါတယ်။

၉။ရောဂါအခြေအနေ သိရန်၊ နံနက်တိုင်း ဆီးကိုပုလင်း အဖြူရောင် သန့်သန့်တွင် သွားပြီး၊           ဆီးအရောင်နဲ့ လုံလောက်သောပမာဏ (Volume) ထွက်မထွက် ကြည့် ရပါမယ်။ ရောဂါ သက်သာ လာတာနဲ့ အမျှ ဆီးအရှောင်ဖျော့ လာပါတယ်။

၁၀။ဆိုးဆေးပါသော အစားအစာများ ဥပမာ ငရုပ်ဆီ၊ အရောင်ဆိုးထားသော မုန့်များကို         ရှောင်ရပါမယ်။ ဆိုးဆေးတွေကို အသဲက ဖျက်ဆီး ပေးရပါတယ်။တစ်ချို့ ဆိုးဆေးတွေက အသဲကင်ဆာ ဖြစ်စေပါတယ်။

 

Tuesday, May 29, 2012

ခွေးရူးပြန်ရောဂါ ဘယ်လိုကုသကာကွယ်မလဲ

တစ်နေ့ ပြင်သစ်သူငယ်ချင်းတစ်ဦးက မြန်မာပြည် သွားလည်မှာမို့  ငှက်ဖျားကာကွယ်ဆေး ထိုးသွား ရမလား လို့ ဖုန်းဆက်မေး လာပါတယ်။
ကျမက ငှက်ဖျားကာကွယ်ဆေး မလိုဘူး၊ ခွေးရူးကာကွယ်ဆေးတော့ ထိုးသွားသင့်တယ်လို့ ဖြေလိုက်တဲ့ အခါ သူမက တအံ့ တသြနဲ့ ဘာဖြစ်လို့လဲလို့ မေးပါတယ်။

ကာကွယ်ဆေးဆိုတာ ဆေးပညာအရ (Vaccine) ဗက်ဆင်းလို့ ခေါ်ပါတယ်။ ငှက်ဖျား ရောဂါအတွက် ဗက်ဆင်း မရှိသေး ပါဘူး။ ခွေးရူးပြန်ရောဂါအတွက်တော့ ရှိပါတယ်။

ဗက်ဆင်းဆိုတာ ရောဂါဖြစ်စေတဲ့ပိုးကို တစ်နည်းတစ်ဖုံ ပြုပြင်ထားတဲ့ ပိုး (၀ါ) ပိုးနဲ့ ပတ်သက်တဲ့ ပစ္စည်း တွေကို ပြောတာပါ။ ဥပမာ။ ပိုလီရိုကာကွယ်ဆေးဆိုရင် ပိုလီရိုပိုးကို အားအင်ချိနဲ့အောင်လုပ် ထားတာပါ။ တစ်ချို့ကာကွယ်ဆေးက ပိုးအသေတွေပါ။ တစ်ချို့က ပိုးရဲ့ အရေခွန် (ဥပမာ။ ဘီ အသဲရောင်ပိုး)တွေပါ။
ငှက်ဖျားအတွက် ဗက်ဆင်းမရှိပါဘူး။ ဒါပေမဲ့ ငှက်ဖျားရောဂါပေါ်များတဲ့ ဒေသတွေကို ခဏတဖြုတ်အလည် သွားမယ်ဆိုရင်တော့ ငှက်ဖျားပိုးတွေ သွေးထဲဝင်လာတာနဲ့ အဲ့ဒီ ပိုးတွေကို သွေးထဲက စောင့်သတ်မဲ့ ငှက်ဖျားပိုးသတ်ဆေးကို ခရီးမသွားခင်က စပြီး၊ ခရီးက ပြန်လာပြီး ၁-၂ ပတ် အထိ၊ ဆေးသောက်ထား တာကို ပြောတာပါ။ မြန်မာပြည် ခဏ အလည် သွားမယ်ဆိုရင် အဲ့ဒီလို ကာကွယ်ဖို့ မသင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့။

၁။ငှက်ဖျားပိုးသတ်ဆေးတွေက ပြင်းပါတယ်။အထူးသဖြင့် ရက်ကြာကြာ သောက်ရတာမျိုးမှာ။
၂။နောက်ပြီး ဆေးသောက်လို့မရတဲ့ အခြေအနေတွေရှိပါတယ်၊ ဥပမာ။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မွေးရာပါသွေးဥနီရောဂါ (Thalassemia, sickle cell anemia etc) ရှိသူများ။
၃။ အချို့လူများ ဆေးဒဏ်မခံနိုင်ပဲ ပျို့ခြင်း၊ အံခြင်းများ ဖြစ်ပါတယ်။
၎။နေ့စဉ် (၀ါ) အပတ်စဉ် တိတိကျကျ သောက်ရပါတယ်။ မေ့ပြီး မသောက်မိရင် ရောဂါ ဖြစ်နိုင်ပါတယ်။
၅။ Tourist ခရီးသည်တွေ သွားလေ့ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးတို့မှာ ငှက်ဖျား ပိုးသယ်တဲ့ခြင် မရှိပါဘူး။ အင်းလေးမှာတော့ ခြင်ရှိ နိုင်ပါတယ်။ ဒါပေမဲ့ ငှက်ဖျားပိုးသယ်တဲ့ခြင် က ညနေစောင်းကစပြီး ညဘက်ပဲကိုက်ပါတယ်။ ခရီးသည်တွေအနေနဲ့ ညဘက် အပြင်ထွက် လည်မှာ မဟုတ်လို့ပါ။ အင်းလေးမှာ ညအိပ်တယ်ဆိုရင်တော့ ညနေစောင်းကစပြီး ခြင်မကိုက် တဲ့ဆေး (Mosquito repellent) တွေကို အ၀တ် မဖုံးတဲ့ လက်တွေ ခြေတွေမှာ လိမ်းထားရင်၊ ဒါမှမဟုတ် ခြင်ဇကာတပ်ထားတဲ့ အခန်းမှာနေရင် ပိုပြီး အန္တရာယ်ကင်းပါ တယ်။
ခွေးရူးပြန်ရောဂါကျတော့ ဗက်ဆင်း ရှိပါတယ်။ နောက်တစ်ချက်က ခွေးရူးပြန်ရောဂါ ဖြစ်ပြီးဆိုရင်တော့ ကုရာနတ္ထိဆေး မရှိလို့ပါ။ ယနေ့အထိ ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ဖြစ်ပြီး ရှင်တဲ့လူ ၆ ယောက်သာ မှတ်တမ်းတင်ထားပါတယ်။ အဲ့ဒါကလဲ အမေရိကန်ပြည်မှာ နောက်ဆုံးစမ်းသပ်ကုသနည်းနဲ့ လူနာရဲ့ ဥဏှောက်ရောင်နေစဉ် တမင်ကိုမာ (Artificial coma) ဖြစ်အောင် လုပ်ထားခြင်းဖြင့် ဥဏှောက်ရဲ့ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းစေပြီး ခွေးရူးပြန်ပိုး (Rabies Virus) သတ်ဆေးများ ပေးခြင်းဖြင့် ပိုးများကို သေဆုံးစေပြီးမှ ကိုမာ (coma ) က ထစေခြင်း ဖြစ်ပါတယ်။
အာရှတစ်ခွင်မှာ တစ်နစ်ကို ခွေးရူးပြန်ရောဂါကြောင့် လူ သုံးသောင်းကျော် အသက် ဆုံးရှုံးရပါတယ်။ အများဆုံးကတော့ ခွေးလေ ခွေးလွင့်များကြောင့် ပါပဲ။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ အိမ်မွေးတိစ္ဆာန် တွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး တွေ ထိုးထားပါတယ်။ ယခုအခါ နောက်ဆုံးပေါ် အပူဒဏ်ခံနိုင်ပြီး စားလို့ရတဲ့ ခွေးရူးပြန် ကာကွယ်ဆေး ပေါ်လာတဲ့အတွက် တောနေတိစ္ဆာန်များကို ကာကွယ်ဆေးနဲ့ ရောထားတဲ့အစာ များ ချထားပေးခြင်းဖြင့် တောနေတိစ္ဆာန်များကိုပါ ကာကွယ်နိုင်တဲ့အတွက် တိုးတက်တဲ့ နိုင်ငံ တွေမှာ ခွေးရူးပြန်ရောဂါ မဖြစ်သလောက် ရှားသွားပါပြီ။
ရှေးက ခွေးရူးပြန်ကာကွယ်ဆေးတွေက နှစ်ပတ်တိတိ ထိုးရပါတယ်၊ ချက်ပတ်လည်မှာ ထိုးရပြီး အလွန် လည်း နာတဲ့အတွက် ဆေးထိုးတာ ၁၀ လုံး လောက်ဆိုရင်လူနာဟာဗိုလ်အနာ သက်သာအောင် ခါးကုန်းပြီး သွားလေ့ရှိပါတယ်။ နောက်ပြီး အဲ့ဒီကာကွယ်ဆေးတွေကို တိရစ္ဆာန်တွေရဲ့ ဥဏှောက်ထဲမှာ မွေးထားတာမို့ တိရစ္ဆာန်တွေရဲ့ ဥဏှောက်နဲ့မတဲ့ ထဲ့ဥဏှောက် ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ 
ခေတ်ပေါ် ကာကွယ်ဆေးတွေက ရှေးက ကာကွယ်ဆေးတွေလို မနာတော့ ပါဘူး။ အများကြီးလည်း ထိုးစရာ မလိုပါဘူး။ သုံးကြိမ်ပဲ လက်မောင်းမှာ တစ်ပတ်ခြားပြီး ထိုးရပါ တယ်။

ခွေးရူးပြန်ရောဂါက (Virus) ပိုးကြောင့် ဖြစ်တာပါ။ ဒီပိုးက ခွေးရူးပြန်ရောဂါသည် (၀ါ) တိရစ္ဆာန်ရဲ့ တံတွေး ထဲမှာ ရှိပြီး ကိုက်လိုက်တဲ့အခါ အနာကနေ ပိုးဝင်သွားပါတယ်။ အကိုက် မခံရပေမဲ့ တံတွေးနဲ့ထိတဲ့ အရေပြား ပေါက်နေမယ်ဆိုရင် ပိုးတွေ ၀င်နိုင်ပါတယ်။ (Virus) ပိုးတွေက အလွန်သေးငယ်တာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရေပြား အပေါက်များက ၀င်နိုင်ပါတယ်။
အရေပြားကို ကျော်ပြီးတဲ့နောက် ပိုးများဟာ (Nerve) နပ်ကြောတွေ ကတဆင့် ဥဏှောက်ကို ရောက်ပါ တယ်။ ဥဏှောက်မှာ ပိုးတွေ ပွါးတာကြောင့် ဥဏှောက်ရောင်လာပါ တယ်။ ရောဂါစတင်ဖြစ်ပွါးချိန် (၀ါ) ရောဂါလက္ခဏာများ စတင် ပေါ်ပေါက်ချိန်ဟာ ပိုးတွေ ဥဏှောက်ကို ရောက်ဖို့ သွားရတဲ့ အကွာအဝေး ပေါ်မှာ တည်ပါတယ်။ ဥပမာ။ ခြေထောက်မှာ အကိုက်ခံရတဲ့သူဟာ လက်မှာ အကိုက်ခံရတဲ့သူထက် နောက်ကျပြီးမှ ရောဂါဖြစ်ပါတယ်။ ထိုနည်းတူ ခလေးထက် လူကြီးများမှာ ရောဂါနောက်ကျ ပြီးဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါဟာ သွေးနွေးသတ္တ၀ါတိုင်းမှာ ဖြစ်နိုင်တာမို့ ခွေးမှသာမဟုတ် ကြောင် ကိုက်ခြင်း၊ လူကိုက်ခြင်း၊ ယုန်ကိုက်ခြင်း တို့ကြောင့်လည်း ကူးနိုင်ပါတယ်။ ကြွက်များ မှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပါဘူး။ ဒါကြောင့် ကြွက်ကိုက်ခြင်းကြောင့် ခွေးရူးပြန်ရောဂါ မဖြစ်ပါဘူး။ အချို့သော ခွေးနဲ့ အထူး သဖြင့် လင်းနို့များဟာ ရောဂါမဖြစ်ပဲ ပိုးသယ်ဆောင်နိုင် (carrier) ပါ တယ်။ ဒါကြောင့် ခွေးကောင်း အကိုက်ခံရပေမဲ့ ခွေးရူးပြန်ရောဂါဖြစ်နိုင်ပါတယ်။

များသောအားဖြင့် ခွေးကိုက်ခံရပြီး  ၂-၁၂ ပတ် အတွင်း ရောဂါလက္ခဏာများ ပေါ်ပါ တယ်။၂-၅ နှစ် အထိကြာတဲ့ သူလည်း ရှိတတ်ပါတယ်။ ဒါကြောင့်အချို့လူနာများခွေးကိုက်ခံခဲ့ ရတာကို မမှတ်မိတော့ပါဘူး။
ရောဂါလက္ခဏာများပေါ်ပြီး ၂ ပတ် အတွင်းလူနာသေဆုံးပါတယ်။ ထူးခြားတဲ့ ရောဂါ လက္ခဏာတွေ ကတော့၊ သားရည် တစ်မြားမြား ဖြစ်ခြင်း၊ ရေအလွန်ဆာ သော်လည်း ရေမြင် တာနဲ့ ကြောက်လန့်ပြီး တစ်ကိုယ်လုံး အကြောတတ်ပါတယ်။ လူနာဟာ သေဆုံးသည် အထိ သတိရှိနေပြီး ရောဂါရဲ့ဒဏ်ကို အပြင်းအထန် ခံစားရရှာပါတယ်။ ငရဲခံစားနေရ သလို ပါပဲ။ 

တောင်ကြီးဆေးရုံမှာ တာဝန်ကျနေတုံး ခွေးရူး အကိုက်ခံရတဲ့ သားအမိနှစ်ယောက် ရောက်လာပါတယ်။ တခြားသူများကို ကူးစက်မည့် အန္တရာယ်ကြောင့် သားအမိနှစ်ယောက် လုံးကို တိရစ္ဆာန်တွေလှောင်သလို လှောင်ထားရပါတယ်။ 
ရောဂါကြောင့် လူနာ နှစ်ယောက်လုံး အငြိမ် မနေနိုင်ပဲ လှောင်ရုံရဲ့ တိုင်တွေကို ကိုက် နေကြပါတယ်။ 
ရေဆာတယ်လို့ ပြောပေမဲ့ ရေပေးတဲ့အခါ မသောက်နိုင်ပဲ ပိုပိုပြီး တက်ကြ ပါတယ်။ ပါးစပ်တွေကလည်း သားရည်တွေ ယိုစီးနေကြပါတယ်။ တကယ့် ခွေးရူးတွေလို ပါပဲ။ အခုနှစ် ၄၀ ကျော်ခဲ့ပေမဲ့။ ကျမ မျက်စိ ထဲမှာ ယခုတိုင် မြင်ယောင် နေဆဲပါ။

သြော် ဘယ်လို အကုသိုလ်ကြောင့်များ ဒီလိုခံစားရပါလိမ့်။ သားအမိ နှစ်ယောက်ကို အတက် သက်သာ အောင် ငြိမ်ဆေးထိုးပေး ထားပါတယ်။ ပြင်းတဲ့ အိပ်ဆေးတို့၊ အကြောပျော့ ဆေးတွေလည်း ထိုးလို့မရ ပါ ဘူး။ ရောဂါကြောင့်ဖြစ်တဲ့ အသက်ရူကျပ်တဲ့ အခြေအနေကို ပို ဆိုးစေမှာမို့ ပါ။

ကာကွယ်ကုသနည်း။
၁။ခွေးကိုက်ခံရသောနေရာကို ရေ ဆပ်ပြာတို့ဖြင့် ၁၀-၁၅ မိနစ်ခန့် စင်အောင် ဆေးရပါမယ်။ ပိုးတွေ ကိုယ်ထဲအများကြီး မ၀င်အောင်လို့ပါ။
၂။ အနာကို အိုင်အိုဒင်းဆေးရည်နဲ့ သုပ်လိမ်းပေးပါ။ အိုင်အိုဒင်းဆေးက ပိုးသတ် နိုင်ပါတယ်။
၃။လူနာကို တိတ်ဆိတ်သော အမှောင်ခန်းထဲမှာ ထားရပါမယ်။ အသံနဲ့ အလင်းရောင်များက လူနာကို တက်စေပါတယ်။ (ရန်ကုန်ဆေးရုံကြီး မြေအောက်ခန်းမှာ ခွေးရူးပြန် ရောဂါသည် များထားပါတယ်)။
၎။ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ် ဆိုတာ ခွေးရူးပြန်ရောဂါ အတွက်အလွန် မှန်ပါတယ်။ ကာကွယ်ဆေးကသာ ရောဂါကို ကာကွယ်နိုင်ပြီး၊ ကုသဆေးကတော့ မရှိ ပါဘူး။ ကာကွယ်ဆေးကို ၃ကြိမ် ပြည့်အောင် ထိုးထားရင် ၅ နှစ်ခံပါတယ်။ ၅ နှစ်ကျော်ပြီးမှ ခွေးကိုက် ခံရရင်လည်း ကာကွယ်ဆေးထိုးထား သူက ကာကွယ်ဆေးလုံးဝ မထိုးဖူးသူထက် ရောဂါ ကာ ကွယ်နိုင်တဲ့(Antibodies) အန်တီဘော်ဒီတွေ မြန်မြန်နဲ့များများ ထုတ်နိုင်လို့ လူနာကို အသက် ချမ်းသာရာ ရစေနိုင်ပါတယ်။
၅။ကာကွယ်ဆေး မထိုးထားတဲ့သူ ခွေးရူးကိုက်ခံရပြီး ရောဂါလက္ခဏာတွေပေါ်နေပြီ ဆိုရင် တော့ လူနာ့ကိုယ်က (Antibodies) အန်တီဘော်ဒီတွေ ထုတ်ချိန် (ကာကွယ်ဆေး ထိုးပြီး အနည်းဆုံး နှစ်ပတ် ကြာပါတယ်) နဲ့ ရောဂါကို အချိန်မှီ မကယ်နိုင်ပါဘူး။ ဒါကြောင့် တစ်ခြား လူ (၀ါ) တိရစ္ဆာန် (၀ါ) သိပ္ပံနည်း ဖြင့် ထုတ်လုပ်ထားတဲ့ အန်တီဘော်ဒီတွေကို ထိုးပေးရပါ တယ်။ အဲ့ဒီ အန်တီဘော်ဒီတွေက နိုင်ငံခြားက မှာရတာမို့ ချက်ချင်း မရပါဘူး။ ဒေါလာနှစ် ထောင်ခန့် ကုန်ကျပါတယ်။
၆။ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း။ ခွေးရူးပြန်အန်တီဘော်ဒီတွေက မြန်မြန် အလုပ်လုပ် သော်လည်း မြန်မြန် ပျက်စီးကုန်တဲ့အတွက် သဘာဝ လူနာကိုယ်မှ အန်တီဘော်ဒီတွေ ထွက်လာပြီး ရောဂါကို ဆက်လက် ပျောက်ကင်းနိုင်အောင် ထိုးရတာပါ။
၇။Valium ကဲ့သိုငြိမ်ဆေး အပျော့များ ပေးထား ရပါတယ်။
၈။လူနာ လိုအပ်သော ရေနဲ့ သကြားဓါတ်များ၊ ဆားများ၊အာဟာရဓါတ်များကို ဆေးပုလင်းကြီး (drip) များနဲ့ သွင်းပေးထား ရပါတယ်။
၉။ အသက်ရူရန် ခက်ခဲ နေသူများအား အောက်ဆီဂျင်ပေးခြင်း၊ အသက်ရူစက်တပ်ခြင်း။
၁၀။ တိုးတက်သောနိုင်ငံများတွင် (Artificial coma) တမင်ကိုမာ ပြုလုပ်ထားခြင်း။
၁၁။ ကိုက်သောခွေးကို အနည်းဆုံး နှစ်ပတ် စောင့်ကြည့်ရပါမယ်။ နှစ်ပတ်အတွင်း ခွေးရူး သွားတယ် ဆိုရင် ခွေးကိုက်စဉ်က ရောဂါပိုးတွေ ပါဖို့ များပါတယ်။ မရူးဘူးဆိုရင်တော့ ပိုးမပါဖို့ များပါတယ်။ အကောင်းဆုံး ကတော့ အကိုက်ခံရတဲ့လူနာရဲ့သွေးမှာ ပိုး ရှိမရှိ စစ်ဆေး တာ အသေချာဆုံးပါပဲ။

အိမ်မှာမွေးထားတဲ့ခွေးက ကိုက်တယ်ဆိုရင်တော့ ရောဂါဖြစ်ဖို့ များပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ် စမှာ ခွေးရဲ့စိတ်တွေ ပြောင်းလဲ တာကြောင့် သခင် ကို ပြန်ကိုက်တာပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်က သူဌေးမကြီးတစ်ယောက် အိမ်မှာမွေးထားတဲ့ ခွေးက သူမရဲ့ ၂ နှစ်အရွယ်မြေးမကို လက်မှာကိုက် လိုက်ပါတယ်။ ကာကွယ်တဲ့ အန်တီဘော်ဒီတွေ ထိုးဖို့ မမှီ လိုက်ခင်မှာပဲ ခလေး သေဆုံး သွားပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးတားဖို့ တိုက်တွန်းပါတယ်။

Monday, May 28, 2012

ပြုံးပုံ (smiley) ဆွဲထားပေမဲ့ မပြုံးနိုင်ပါ။

NT1  မှ ၂၀၁၂ ခုနှစ် မေလ ၂၅ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။
          အမေရိကန်နိုင်ငံ Maryland နဲ့ kilometer ၅၀ အကွာရှိ မြို့ငယ်လေးမှာ အသက် ၃၂ နှစ်အရွယ် Kaye Robinson ဟာသူရဲ့ ၁၁ နှစ်ရွယ်သားငယ်နှင့် နှစ်ယောက်အတူနေကြ ပါ တယ်။ ဒီမြို့လေးဟာ အေးဆေးတဲ့ လူလတ်တန်းစာများနေထိုင်တဲ့မြို့လေးဖြစ်ပါတယ်။
တစ်နေ့ နံနက် ၃ နာရီမှာ တံခါးခေါက်သံကြားလို့ပြူတွင်းပေါက်က ကြည့်တော့ လူမည်းတစ် ယောက်က သူ့ကားပျက်သွားလို့ telephone ဆက်ဖို့အိမ်ထဲဝင်ဖို့တောင်းခံလာပါတယ်။
Kaye ကအိမ်ထဲအ၀င်မခံနိုင်တာမို့ ထွက်သွားဖို့ပြောပြီး၊ ပုလိပ်ကိုဖုန်းဆက်လိုက်ပါတယ်။ ပုလိပ်တွေရောက်လာတဲ့အခါ တံခါးခေါက်သူလည်းမတွေ့ရ။ ဘာအန္တရာယ်မှလည်းမတွေ့တဲ့ အတွက်ပြန်သွားကြပါတယ်။
ပုလိပ်တွေပြန်သွားပြီးနောက် Kaye လဲအိပ်ယာဝင်ခဲ့ပါတယ်။ နာရီဝက်ခန့်အကြာ  တွင် မီးဖိုချောင်မှ အသံကြားသဖြင့်သွာကြည့်ရာ၊ တံခါးခေါက်သောသူက ၎င်းအား ဓါးနှင့်ခြိန်း ခြောက်ပြီး အိပ်ခန်းထဲသို့ခေါ်သွားပါတယ်။ ၎င်းပြောသည့်အတိုင်းမလိုက်နာပါက တဘက်ခန်း တွင်အိပ်နေသော သားဖြစ်သူအားသတ်ပြစ်မည်ဟုပြောပါတယ်။  Kaye အားမတရားကျင့် ပြီး နောက် ဓါးဖြင့်အချက်ပေါင်းများစွာထိုးပါတယ်။ ဓါးထိုးရင်းနဲ့လည်း မသေသေးဘူးလား၊ စသည် ဖြင့်ဆဲဆိုပါတယ်။ ၎င်းမှာခလေးနှစ်ယောက်ရှိကြောင်း၊ ဒီရပ်ကွက်မှာနေတဲ့ အကြောင်း လည်း ပြောပါတယ်။ Kaye ကပြန်ပြောသောအခါ ပိုမို၍ ဓါးထိုးခံရသဖြင့် Kaye လည်း စကား မပြန် တော့ပဲ သေချင်ရောင်ဆောင်နေလိုက်ပါတော့တယ်။ ဒါပေမဲ့ ပုလိပ်ကို တိုင်နိုင်အောင်လို့ တရားခံရဲ့ အသေးစိတ် အမူအရာကအစ မှတ်သားပါတယ်။
တရားခံကလည်း အသေသတ်မည့်သူဖြစ်သဖြင့် ၎င်း၏မျက်နှာကိုလည်း မဖုံး၊ Kaye ကိုလည်း မျက်နှာ မစီးထားခဲ့ပါဘူး။ ကုတင်ဘေးမှာရှိတဲ့ စားပွဲတင်မီးကိုလည်း ဖွင့်ထားခဲ့ ပါ တယ်။ ၃ နာရီ နီးပါးနှိုပ်စက်ပြီးနောက် တရားခံဟာ တဘက်ခန်းက သားဖြစ်သူကို သွားကြည့် ပြီးနောက်အိမ်မှထွက်သွားခဲ့ပါတယ်။
သားဖြစ်သူလည်း။အိပ်ချင်ရောင်ဆောင်နေပြီး၊ တရားခံထွက်သွားသည်နှင့် အိမ်နီး ချင်းများအားအကူအညီတောင်းပြီး ပုလိပ်နှင့်ဆေးရုံသို့ အကြောင်းကြားပါတယ်။ ပုလိပ်များ ရောက်လာသောအခါ Kaye မှာ ကျော်တွင် ဓါးချက်များ အနှံ့အပြားနှင့် သေလုနီးပါးတွေ့ ရ ပါတယ်။ ကျော်တွင် ဓါးချက်ပေါင်း ၂၈ ချက်တိတိရှိပါတယ်။ ၎င်းအပြင် သွေးများဖြင့် smiley ပုံကို ကျော်တွင်ရေးဆွဲထားပါတယ်။ ကံကောင်းထောက်မစွာ Kaye တစ်ယောက် သေကံ မရောက်ပဲ ပြန်လည်ကောင်းမွန်လာပါတယ်။ လည်းပင်မှာ ဓါးချက် ၁၅ ချက်တိတိရှိ သော် လည်း အရေးကြီးသော သွေးကြောများ၊နပ်ကြောများ၊မထိခဲ့တဲ့အတွက် ပြန်ကောင်း လာခြင်း ဖြစ်ပါတယ်။
Kaye အနေနဲ့ ၎င်းအားရက်ရက်စက်စက်မတရားကျင့်ခဲ့သူကို ဘယ်လိုမှ မေ့စရာ ကြောင်းမရှိပါဘူး။ Kaye ရဲ့ပြောကြားချက်အရ တရားခံရဲ့ပုံတူဆွဲပြီး (media) သတင်းစာ၊ ဂျာနယ်များမှာဖြန့်ဝေလိုက်ပါတယ်။ Kaye က တရားခံဟာ သူကိုင်ခဲ့တဲ့အရာအားလုံးကို လက်ဗွေရာ မကျန်အောင် သုတ်ပြစ်ကြောင်း၊ သို့ရာတွင် အပြာရောင်ဖန်ခွက်ကိုတော့ ဘယ်လက်အင်္ကျီနှင့်သုတ်ပြီးနောက် ညာလက်ဖြင့်ကိုင်ပြီးပြန်ချတယ်လို့ပြောပါတယ်။
Kaye ပြောသည့်အတိုင်း၊ အခန်းထဲတွင် ဘာလက်ဗွေရာမှ မကျန်သော်လည်း၊ အပြာရောင် ဖန်ခွက်မှာတော့ လက်ဗွေ သုံးခု ကျန်နေခဲ့ပါတယ်။
          Kaye အမှုဖြစ်ပြီး ၂ ပတ်ခန့်အကြာတွင်၊ Kaye အိမ်ရှေ့တွင် လူတစ်ယောက် ဖရောင် တိုင်ထွန်းပြီး ထိုင်ရှစ်ခိုးနေတာတွေ့လို့ ပုလိပ်ကိုအကြောင်းကြားပါတယ်။ ပုလိပ်များ ရောက် လာတဲ့အခါ အသက် ၃၈ နှစ်ရှိ Doug O`Silver ကိုတွေ့ရပါတယ်။ ၎င်းရဲ့ကားရှေ့မှန်မှာလည်း သတင်းစာမှာပါတဲ့ တရားခံပုံတူကို ကပ်ထားပါတယ်။ Doug O`Silver ဟာ တရားခံနဲ့ လည်း ရုပ်ချင်းတူနေပါတယ်။
Doug O`Silver ဟာ ၁၇၀ Kilometer အဝေးမှာနေပါတယ်။ ဒါပေမဲ့ ၎င်းရဲ့ ex-wife နဲ့သားဟာ Kaye တို့ရပ်ကွက်ထဲမှာနေပါတယ်။ ၎င်းအားစစ်ဆေးနေစဉ် ပုလိပ်တွင်အလုပ်လုပ် ချင်သောကြောင့်၊ အလုပ်ဝင်ခွင့် form ဖြည့်ရန်တောင်းပါတယ်။ ၎င်းက Kaye အတွက် စိတ် မကောင်းကြောင်း၊ တရားခံအားတွေ့လျှင်အကြောင်းကြားနိုင်ရန်အတွက် တရားခံ ပုံတူကို ကပ် ထားတာဖြစ်တယ်လို့ပြောပါတယ်။ Kaye အမှုအကြောင်းမေးရာ မဟုတ်ဘူးလို့ မဖြေ ပါဘူး။ စိတ်မကောင်းပါ၊ ခွင့်လွှတ်ပါဟုသာပြောပါတယ်။ Doug O`Silver ရဲ့ဓါတ်ပုံကို Kaye နဲ့သူ့သား ကိုပြရာ နှစ်ဦးလုံးက တရားခံဖြစ်တယ်လို့ အစစ်ခံပါတယ်။ 
Doug O`Silver ဟာလွန်ခဲ့တဲ့ လအနည်းငယ်က ၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးကို မတရားပြုမှုတွင် သံသယဖြစ်ခြင်းခံရသူပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကလည်း လူသတ် မှု တစ်ခုတွင် သံသယဖြစ်ခြင်းခံနေရပါတယ်။ Kaye အမှုဖြစ်စဉ်ကလည်း ၎င်းဘယ်မှာရှိနေ တယ် ဆိုတာ သက်သေ ( alibi) မပြနိုင်ခဲ့ပါဘူး။ ထို့ထက် ပိုဆိုးတာက ပုလိပ်လျောက်စာမှာ smiley ပုံကိုရေးထိုးထားပါတယ်။ Kaye အမှုသတင်း ထုတ်လွှင့်စဉ်က ကျော်တွင် smiley ပုံ ရေးထားတာကိုမဖေါ်ပြခဲ့ပါဘူး။ တရားခံနဲ့ အမှုစစ်သောပုလိပ်အဖွဲ့သာသိတဲ့ အချက်ပါ။ တရားခံတော့မိပြီးဟု အားလုံးဝမ်းသာနေကြပါတယ်။
          Doug O`Silver ရဲ့ လက်ဗွေတွေနဲ့ DNA တွေယူပြီး အပြာရောင်ဖန်ခွက်မှာကျန်ခဲ့တဲ့ လက်ဗွေရာနဲ့ Kaye မိန်းမကိုယ်တွင်ကျန်ခဲ့သော တရားခံ၏ DNA နဲ့ တိုက်ကြည့်ရန် expert များထံပို့လိုက်ပါတယ်။ ဒါပေမဲ့ အဖြေထွက်လာတဲ့အခါမှာတော့ ပုလိပ်အားလုံး ဘာဆက်လုပ် ရမှန်းမသိတော့ပါဘူး။ တရားခံရဲ့ လက်ဗွေနဲ့ရော် DNAနဲ့ရော် မတူပါဘူး။ စစ်တဲ့နေရာမှာများ မှားသလားလို့ ဒုတိယအကြိမ်ထပ်စစ်စေပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်မှာလည်း မတူဘူး ဆိုတဲ့ အဖြေပဲထွက်တာမို့ Doug O`Silver ကိုလွှတ်လိုက်ရပါတယ်။ Kaye ကတော့ Doug O`Silver ဟာအားနှိပ်စက်ခဲ့တဲ့သူပါပဲ။ ပုလိပ်က အရေးမယူရင် မိမိဘာသာ အရေးယူ မယ်လို့ ဆုံးဖြတ်ပြီး သေနတ်တစ်လက်ဝယ်။ သေနတ်ပြစ်ကျင့်ပြီး Doug O`Silver ရဲ့အိမ် ရှေ့မှသွားစောင့်နေပါတယ်။ သို့ရာတွင် သားမျက်နှာပေါ်လာပြီး မိမိထောင်ကျသွားပါက မိမိသား ဒုက္ခရောက်ကျန်ခဲ့မည်ကိုတွေးမိပြီး၊ ဂလဲ့စားခြေဖို့ကိုလက်လျော့လိုက်ပါတယ်။
          Kaye အမှုဖြစ်ပြီး ၉ နှစ်အကြာတွင် Maryland တွင် Kaye ကဲ့သို့ သားတစ်ယောက် မိခင်အားမတရားကျင့်ပြီး၊ ဓါးနှင့် ၄၃ ချက်ခုတ်မှု ကြောင့် Mark ဆိုသောတရားခံကိုဖမ်းမိ ကြောင်းသတင်းရပါတယ်။ Kaye အမှုမှာကဲ့သို့ ဓါးချက်ပေါင်းများစွာထိုးခဲ့ခြင်း၊ နှိုပ်စက်နေစဉ် စကားများစွာပြောခြင်း၊နံနက်စောစောတွင်အမှုဖြစ်ပွါးခြင်း၊ အမျိုးသမီးတစ်ဦးတည်းနေထိုင်ခြင်း စသည့် တူညီချက်များတွေ့ရသဖြင့် Kaye အမှုကိုင်သော စုံထောက်များ Maryland သို့လိုက် သွားပါတယ်။ Mark  ဟာ Kaye အမှုရဲ့ တရားခံနှင့်လည်း ရုပ်ချင်းတူပါတယ်။ Mark ရဲ့ DNA နှင့် Kaye ရဲ့ ကိုယ်မှာကျန်ခဲ့တဲ့ တရားခံရဲ့ DNA နှင့် တူမတူစစ်ဆေးရန်ပို့လိုက်ပါတယ်။ အဖြေ က တူပါတယ် တဲ့။ Mark ကို Kaye အမှုအတွက် တစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပါတယ်။  Maryland ကအမှုအတွက်လည်း တစ်သက်တစ်ကျွန်းထပ်ကျပါတယ်။
          Kaye အမှုဖြစ်စဉ်က Mark ဟာ Kaye တို့ရပ်ကွက်မှာနေထိုင်ခဲ့ပါတယ်။ ဒီအမှုမှာ DNA ကြောင့် တရားခံအစစ်ကိုဖေါ်ပြနိုင်ပြီး တရားခံမဟုတ်သူကိုလည်း မှားယွင်း အပြစ် ပေး ခြင်းမှကယ်နိုင်ခဲ့ပါတယ်။ မျက်မြင်သက်သေဆိုတာ မှားနိုင်ပါတယ်။ အထူးသဖြင့် ထိပ်လန့် ကြောက်လန့် နေတဲ့အချိန်မျိုးမှာ အမှတ်မှားနိုင်ပါတယ်။ Kaye က ကံကောင်းလို့ Doug O`Silver ကိုအပြစ်မရှိပဲ မှားပြီး သတ်မိတော့ မလို့ လို့ပြောပါတယ်။

Saturday, May 26, 2012

အနှစ် ၂၀ ကြာခဲ့ပေမဲ့လည်း

NT1  မှ ၂၀၁၂ ခုနှစ် မေလ ၂၃ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

          ၂၀၀၉ က အမေရိကန်နိုင်ငံ Colorado မှာ အိမ်အရောင်းအ၀ယ်လုပ်သူ Allan ကို အိမ်ရှိ အလုပ်ခန်းထဲမှာသေဆုံးနေတာကို ၎င်း၏မိန်းမဖြစ်သူ အပြင်က ပြန်အလာမှာတွေ့လို့ ပုလိပ် ကို  အကြောင်း ကြားပါတယ်။ Allan ရဲ့ခေါင်းနောက်မှာ သေနတ်ဒါဏ်ရာတစ်ခုရှိပါတယ်။ ၂၅ caliba သေနတ် ကျည်ဆံတစ်ခုလည်း Allan ရဲ့ဘေးမှာတွေ့ပါတယ်။ အခန်းထဲမှာရှိတဲ့ စာပွဲ အံဆွဲတွေကို မွှေဖွ ထားတာ တွေ့ရပါတယ်။ အံဆွဲထဲမှာထားတဲ့ လက်ဝတ်လက်စား တွေလည်း ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ အိမ်ရဲ့ ကျန်တဲ့ပစ္စည်းတွေကတော့ ပျောက်ပျက်ခြင်း၊ ခြေရာ လက်ရာ ပျက်ခြင်းမရှိပါဘူး။ တံခါးနဲ့ ပြူတင်းပေါက် တွေ ဖျက်စီးခြင်းမရှိပါဘူး။ ဒါကြောင့် တံခါးဖျက်ဝင်ခြင်း၊ သူခိုး ခိုးခြင်း၊ ဓါးပြတိုက်ခြင်းမဟုတ်လို့ ပုလိပ်က ယူဆပါတယ်။

          Allan မသေဆုံးခင် ၆ ပတ်က Allan ကားထဲတွင်ရှိနေစဉ်၊ ကားနောက်ပိုင်းမီးလောင် တာကို အချိန်မှီတွေ့ခဲ့လို့ မီးလောင်ပြီး မသေခဲ့တာပါ။ မီးငြှိမ်းပြီး၊ကားကိုစစ်ဆေးတဲ့အခါ၊ ကားရဲ့ ဓါတ်ဆီတိုင်ထဲ့မှာ ပေါက်ကွဲတတ်သော (explosive) ပစ္စည်းများထဲ့ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ကား parking မှာ camera တပ်ထားတာမရှိတဲ့အတွက် ဘယ်သူထဲ့ သွားတယ်ဆိုတာ မသိနိုင်ပါဘူး။ အဲဒီအချိန်က Allan အနေနဲ့ ၎င်း၏ဘဏ်မှ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့လို့ထင်ခဲ့ပါတယ်။ အဲ့ဒီဘဏ်မှ ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတို့ဟာ တရား     မ၀င်သော ငွေချေးမှုများ လုပ်နေခဲ့တယ်လို့ အစစ် ခံ ခဲ့ ပါတယ်။

          Allan အလောင်းကစတွေ့သူမှာ Allan ၏မိန်းမ Mian ဖြစ်တဲ့အတွက် လူသတ်တရားခံ ဖြစ်နိုင်လို့ ၎င်း၏ မျက်နှာနှင့်လက်များမှာ ယမ်းမှုံများ ရှိမရှိကို စစ်ဆေးခဲ့ပါတယ်။ Mian ရဲ့မျက်နှာနှင့် လက်များ မှာ ယမ်းမှုံများမတွေ့ပါဘူး။

          Mian နဲ့ Allan တို့ အကသင်တန်းမှာတွေ့ကြပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်က လက်ထပ်ခဲ့ တာ ဖြစ်ပါတယ်။ နှစ်ဦးလုံးရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အလွန်ချစ် ခင်ကြပြီး၊ အမြဲတတွဲတွဲရှိတယ်လို့ ဆိုပါတယ်။ Allan ကားမီးလောင်စဉ်က Mian က super-market  မှာ ဈေးဝယ်နေစဉ် Allan အပြင် ကားထဲကစောင့်နေခဲ့တာဖြစ်ပါတယ်။

Allan အလောင်းမီးသင်္ဂျို ပြီးတဲ့နေ့မှာ အိမ်ပေါက်ဝမှာ Post Card တစ်ခုတွေ့ပါတယ်။
Post Card မှာ နောက်တစ်ခါ နင့်အလှည့်လို့ရေးထားပါတယ်။ Post Card မှာရေးထားတဲ့ စာ တွေဟာ စာလုံးကြီး (capital letters) တွေနဲ့ရေးထားတာမို့ လက်ရေးကျွမ်းကျင်သူအနေနဲ့ ဘယ်သူရေးတယ် ဆိုတာ စစ်ဆေးလို့မရပါဘူး။ Post Card မှာ စာတိုက်တံဆိပ်မပါတာမို့ လူ ကိုယ်တိုင်လာထားတာဖြစ်ပါတယ်။ Post Card မှာရှိပါတဲ့ bar code ကိုလည်းလှီးဖြတ်ထား တာမို့ဘယ်က ၀ယ်တယ်ဆိုတာ မသိနိုင်ပါဘူး။ Post Card မှာ လက်ဗွေရာလည်းမရှိပါဘူး။ DNA စစ်ဖို့ တံထွေးလည်းမရှိပါဘူး။ Post Card ပို့တဲ့သူဟာ ခေတ်ပေါ်စမ်းသပ်တဲ့နည်းတွေ ကိုကျွမ်းကျင်ပုံရပါတယ်။

ဒါပေမဲ့ ကံကောင်းစွာ အဲ့ဒီ Post Card မျိုးကိုမြို့လယ်က super-market တစ်ခုမှာ ပဲရောင်းပါ တယ်။ နောက်ထပ်ကံကောင်းတာက အဲ့ဒီ super-market မှာ camera တပ် ထား ပါတယ်။ camera မှာအံ့သြစွာ Mian ကိုယ်တိုင်ဝယ်ခဲ့ တာဖြစ်ပါတယ်။ Mian ကိုစစ်ဆေး တဲ့ အခါ Allan သေဆုံးမှုကို ဂရုစိုက်စစ်ဆေးမှုပြုရန် လုပ်ခြင်းဖြစ် တယ်လို့ပြော ပါတယ်။

          ပုလိပ်များ Mian computer မှာစစ်ဆေးတဲ့အခါ Mian ဟာ internet မှာ Allan သောက်လေ့ရှိ သောဆေးများ (overdose ) များခြင်းကြောင့်ဖြစ်နိုင်သော ဆိုးကျိုးများ၊ ဆေး တစ်မျိုးနှင့် တစ်မျိုးအတူတူ သောက်ခြင်းကြောင့်ဖြစ်နိုင်သော ဆိုးကျိုးများ၊ကိုအသေးစိတ်ရှာဖွေ ခဲ့တာတွေ့ရပါတယ်။ Mian ဟာ Allan ဆေး overdose နဲ့ သေဆုံးအောင်ကြံစည်ခဲ့ခြင်း ဖြစ်ပါ တယ်။

          Allan ကားမီးလောင်ပုံဟာ No country for old man ဇတ်လမ်းနဲ့တူနေပါတယ်။ ဒါကြောင့် Mian အဲ့ဒီကားကို TV မှာကြည့်ခဲ့သလားဆိုတာ စစ်ဆေးတဲ့အခါ Allan မသေဆုံး ခင် ၄ ပတ်က ကြည့်ခဲ့တယ် ဆိုတာ TV မှတ်တမ်းများအရသိရပါတယ်။

          Mian ရဲ့အရင်အိမ်ထောင်အကြောင်းလေ့လာတဲ့အခါမှာ ၎င်းရဲ့ ယောက်ျားဟာ pistol 25 caliba နှင့်ပဲ ကုတင်ပေါ်မှာ ကိုယ့်ကိုယ်သတ်သေခဲ့ပါတယ်။ အဲ့ဒီအချိန်က Mian လည်း အိမ်မှာရှိနေ ခဲ့ပါတယ်။ အဲ့ဒီအမှုမှာ Mian အိမ်သို့ပထမဦးဆုံးရောက်လာတဲ့ ပုလိပ်ဟာ Mian ရဲ့ မောင်ဝမ်းကွဲဖြစ်ပြီး ကိုယ့်ကိုယ် သတ်သေမှုအဖြစ် ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ Mian ရဲ့ ယောက်ျားဟာ ဘယ်ကျော် ဖြစ်ပေမဲ့၊ ညာလက်နဲ့ သေနတ်ပြစ်ခဲ့တယ်လို့ မှတ်တမ်းမှာ ရေး ထားတာတွေ့ရ ပါတယ်။

        Allan မသေခင်က Mian ကို ချက်လက်မှတ်တွေနဲ့ပိုက်ဆံပေးခဲ့တာ စုစုပေါင်း လေး သောင်းရှိပါ တယ်။ ချက်လက်မှတ်တွေက Allan ရဲ့လက်မှတ်တွေကိုစစ်ဆေးတဲ့အခါလက်မှတ် အတုတွေဖြစ်နေ ပါ တယ်။ Allan သေဆုံးရင် Mian အသက်အာမခံ တစ်သန်း ရမှာဖြစ်ပါတယ်။

အထက်ပါစစ်ဆေးတွေ့ရှိချက်များအရ Mian ကိုယ်တိုင် Allan ကိုသတ်ခဲ့တာဖြစ် ကြောင်းညွှန်ပြ နေကြပါတယ်။ ဒါပေမဲ့ သေချာတဲ့ တိုက်ရိုက်သက်သေခံ (Direct evidence) မရှိပဲ သွယ်ဝိုက်သက်သေ (Indirect evidence) တွေသာဖြစ်နေပါတယ်။ Allan ကိုသတ်ခဲ့တဲ့ လူသတ်လက်နက်ကိုလည်း ရှာမတွေ့ပါ ဘူး။ Direct evidence မရှိပဲ တရားဆွဲဆိုလို့မရပါဘူး။

ဒါပေမဲ့ စုံထောက်တွေ ထပ်သိရတဲ့အချက်က Allan တို့မှာမိသားစုပိုင် 25 caliba သေနတ် တစ်လက်  ရှိတယ်လို့ပြောပါတယ်။ အဲ့ဒီသေနတ်ကသေးငယ်ပြီးလက်ကိုင်အဖြုရောင် ရှိပြီး Allan ရဲ့ အလုပ်စာပွဲအံဆွဲမှာထားလေ့ရှိပါတယ်။ ယခုအဲ့ဒီသေနတ်ကိုရှာမတွေ့ပါဘူး။

ဒီသေနတ်က ရာဇ၀င်နဲ့ပါ။ လွန်ခဲ့တဲ့အနှစ် ၂၀ (၁၉၈၉) ခုနှစ်က Allan ရဲ့ အဖေနဲ့မေတို့စကား
များရန်ဖြစ်ကြပြီး Allan အဖေက အမေကိုသေနတ်နဲ့ပြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဘယ်သူမှ မထိပဲ၊
သေနတ်ကျည်ဆံ ခြံထဲကျသွားတယ်လို့ဆိုပါတယ်။ ပုလိပ်တွေလည်း အနှစ် ၂၀ က သေနတ် ကျည်ဆံကို ရှာတွေ့လိုတွေ့ငြား Allan မိဘအိမ်က မြက်ခင်းမှာ သံဓါတ်ဖမ်းသောကိရိယာ  (metal detector) နှင့်ရှာဖွေထဲ့အခါ။ ကံကောင်းစွာ အနှစ် ၂၀ က ကျည်ဆံကိုရှာ တွေ့ခဲ့ကြ ပါတယ်။

          ဒီကျည်ဆံနဲ့ Allan အသတ်ခံရတဲ့ ကျည်ဆံတို့ တူမတူတိုက်ကြည့်ဖို့ ကျွမ်းကျင်သူထံ ပို့လိုက်ပါ တယ်။ သေနတ်တစ်လက်ထဲက ထွက်လာတဲ့ကျည်ဆံတွေမှာ တူညီသောအဆင်း အရာတွေရှိပါ တယ်။ အဲ့ဒီအဆင်းတွေ တူရင် သေနတ်တစ်ခုထဲကထွက်တာပါ။ အနှစ်၂၀ က မိုးထဲလေထဲ၊မြေထဲမှာမြုပ်နေတာမို့ သံခြေးတွေတက်နေပါတယ်။ ဒါပေမဲ့ ကျည်ဆံမှာရှိတဲ့ အဆင်းအကြောင်းတွေကတော့ တစ်ချို့တစ်ဝက် ကျန်နေပါသေးတယ်။ အဲ့ဒီအဆင်းတွေ နဲ့ Allan အသတ်ခံရတဲ့ ကျည်ဆံရဲ့အဆင်းတွေတိုက်ကြည့်တဲ့အခါ တစ်ထပ်တည်းဖြစ် နေပါ တယ်။ ဒီတွေ့ရှိချက်က ခိုင်လုံတဲ့ သက်သေခံဖြစ်တဲ့အတွက် Mian ကို Allan အား ကြိုတင်ကြံစည်သတ်မှုဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒါဏ်ချမှတ်လိုက်ပါတယ်။ အများဆုံးပြစ်ဒါဏ်ခံရပြီ
ဖြစ်တာကြောင့် Mian ကို အရင်ယောက်ျားသတ်မှုအတွက် ထပ်မံစစ်ဆေးခြင်းမပြုတော့ပါဘူး။