:include data='blog' name='google-analytics'/>

Friday, May 11, 2012

လူတော်၊ လူဆိုး။


NT1  မှ ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

          လူဦးရေ တစ်သန်းခွဲရှိသော အမေရိကန်နိုင်ငံ Richland က ဆရာဝန် John Boyd ဟာ အလွန် နံမည်ကြီးပြီး အလွန်အောင်မြင်သောဆရာဝန်ဖြစ်ပါတယ်။ ၎င်းမှာ အနှစ် ၂၀ ကျော်ပေါင်းသင်းခဲ့ သည့် ဇနီး Noreen ၊ ၁၂ နှစ်အရွယ်သားနှင့် ၃ နှစ်အရွယ် မွေးစားသမီး တို့ဖြင့် ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ ဒါပေမဲ့ John Boyd ဟာ ဇနီးအပေါ်သစ္စာမရှိပဲ အမျိုးသမီး များနှင့် ရှုပ်ထွေးသူဖြစ်ပါတယ်။ ဇနီး Noreen က မသိချင်ရောင် ဆောင်နေခဲ့ ပါ တယ်။
         
တစ်နေ့မှာ သားဖြစ်သူ Collier ကဖခင်ဖြစ်သူ အမျိုးသမီးတစ်ဦးနှင့် ဖက်နမ်း နေသည် ကိုတွေ့ရ ကြောင်းပြောလာပါတယ်။ Noreen အနေဖြင့် သားဖြစ်သူ အရွယ်ရလာပြီဖြစ် သဖြင့် မသိဟန်ဆောင်၍ မဖြစ်တော့ ကွာရှင်းမှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်ပါတယ်။

          ၁၉၉၀ ခုနှစ် ဂျန်န၀ါရီ တစ်ရက်တွင် Noreen နှင့်သူငယ်ချင်းတို့ ချိန်းဆိုထားသော် လည်း Noreen ရောက်မလာခဲ့ပါ။ Noreen ပျောက်ဆုံးမှုကိုတိုင်းကြားရာ John Boyd က ဒီဇင်ဘာ ၃၁ ရက် ညက ၎င်းနှင့် Noreen တို့စကားများကြပြီ Noreen အိမ်မှထွက်သွားတယ် လို့ပြောပါတယ်။

          သူငယ်ချင်းများအတွက် ခလေးများထားပြီး Noreen ဘယ်မှသွားလိမ္မည် မဟုတ်ဟု ယုံကြည် ပါတယ်။

John Boyd ရဲ့ အိမ်နီးချင်းများက ၎င်းတို့ ဒီဇင်ဘာ ၃၁ ရက်ညသန်ခေါင်းမှ မနက် ၄ နာရီ အထိ မအိပ်ကြကြောင်း John Boyd အိမ်မှ မည်သူမှထွက်သွားသည်ကို မမြင်ကြောင်း ပြောဆို ပါတယ်။

          Collier အားစစ်ဆေးရာ ဒီဇင်ဘာ ၃၁ ရက်ညက မိဘနှစ်ပါး ရန်ဖြစ်နေသံ ကြားရ ကြောင်း၊ မနက်တွင် အမေကို မတွေ့တော့ကြောင်း၊ ဖခင်ဖြစ်သူက ခရီးထွက်သွားတယ်လို့ ပြောခဲ့ကြောင်း ပြော ဆိုပါတယ်။ John Boyd ၏မိခင် (John Boyd ကမိခင်ဖြစ်သူအား ဒီဇင်ဘာ ၃၁ ရက်ညပွဲ ဆင်နွှဲရန် အိမ်သို့ ဒီဇင်ဘာ ၃၁ ရက်ကခေါ်လာခဲ့ပါတယ်) အား စစ်ဆေးရာ ဘာသံမှ မကြားမိကြောင်း ထွက်ဆိုပါတယ်။

          Noreen ပျောက်ဆုံးမှုအတွက် ဘာမှ တိတိကျကျ မသိရပါ။ ပြန်ပေးဆွဲခံရသလား၊ ငွေတောင်းသံ   လည်းမကြားရ၊ အသတ်ခံရသလား၊ တစ်မြို့တစ်ရွာတွင် ကိုယ်ရောင်ဖျောက် သွားသလား၊ တိတ်တဆိတ် ကွာရှင်းဖို့စီစဉ်နေသလား စသည့် အဖြေ မရှိသော မေးခွန်း ပေါင်းများစွာသာ ထွက်နေပါတယ်။

          စုံထောက်များ Collier ၏ကျောင်းသို့သွား၍ ၎င်းဖခင်ဘက်မှအဖွါး၏နောက်ကွယ်တွင် ထပ်မံ စစ်ဆေးရာ Collier က ဒီဇင်ဘာ ၃၁ ရက်ညက တစ်ခုခုကိုရိုက်လိုက်သကဲ့သို့သော ကျယ်လောင်သော အသံကြောင့် လန့်နိုးလာကြောင်း၊ မကြာခင် ဖခင်ဖြစ်သူ မိမိအိပ်ခန်းအား ဖွင့်ပြီး မိမိအား အကြာကြီး ကြည့်နေခဲ့ကြောင်း၊ မိမိက အိပ်ချင်ရောင် ဆောင်နေခဲ့ကြောင်း ထွက်ဆိုပါတယ်။ မိခင်ပျောက်သွားပြီး ၃ ရက်ခန့် အကြာတွင် ဖခင်ဖြစ်သူ လက်တွင်ပွန်းပဲ့ သည့် ဒါဏ်ရာများနှင့် လက်အိပ်ဝတ်လျှက် အိမ်သို့ ပြန်လာခဲ့ တယ်လို့လဲ ထွက်ဆိုပါတယ်။ ၎င်းအပြင် ဖခင်က အမျိုးသမီးတစ်ဦးနှင့်မိတ်ဆက်ပေးကြောင်း၊ ထိုအမျိုးသမီးလက်တွင် မိခင် ၏လက်စွပ် ၀တ်ထားတာတွေ့ကြောင်း ပြောဆိုပါတယ်။

စုံထောက်များ ဆရာဝန် John Boyd အားစောင့်ကြည့်ရာ John Boyd ဟာ ၎င်းအိမ် နှင့် နာရီခန့် ကားနှင့်သွားရသောမြို့တွင် Noreen မပျောက်ဆုံးခင် ရက်သတ္တပတ် တစ်ပတ် က ၂၉၉.၉၀၀ ဒေါ်လာနှင့် အိမ်တစ်အိမ်ဝယ်ခဲ့ပါတယ်။ အိမ်ဈေးကိုလုံးဝ မဆစ်ပဲ ၎င်းအိမ်ကို ဂျန်န၀ါရီလ တစ်ရက်မတိုင်ခင် လူရှင်း ပေးရမည်ဆိုသော အချက်နှင့် အိမ်အောက် ထပ်တွင် ၎င်း၏ခလေးများအတွက် basket ball ကစားရန် ကြိုတင် ပြင်ဆင်ခွင့်ပဲဖြစ်ပါတယ်။

          John Boyd ဟာ Noreen မပျောက်ဆုံးခင် ၃ရက်ခန့်က အိမ်ဆောက်ပစ္စည်းများ ငှါးရမ်းသည့် ဆိုင်မှ တူအကြီးတစ်ခုနှင့် မြေတူးသည့်စက်တစ်ခု ငှါးရမ်းခဲ့ပါတယ်။ ကော်ဇော် တစ်လိပ်ကိုလည်း ၀ယ် ယူခဲ့ပါတယ်။

John Boyd ဟာ အိမ်ဝယ်စဉ်က ကိုယ်ဝန်ဆောင် လှပသော အမျိုးသမီးငယ် တစ်ယောက်နှင့် အတူတူဝယ်ခဲ့ပါတယ်။ ထိုအမျိုးသမီးငယ်မှာ ၎င်း၏မယားငယ် သူနာပြု ဆရာမ ဖြစ်ပြီး၊ John Boyd ၏ခလေးအား လွယ်ထားခြင်းဖြစ်ပါတယ်။

          John Boyd ဟာ Noreen ပျောက်ဆုံးပြီးနောက် နေ့စဉ်လိုလို အိမ်သစ်သို့သွားလေ့ရှိ ပါတယ်။ စုံထောက်များ John Boyd အိမ်သစ်အား သွားရောက်စစ်ဆေးရာ အိမ်အောက် တွင် ကော်ဇော်သစ် ခင်းထားပါတယ်။ ဒါပေမဲ့ ကော်ဇော်သစ်ဟာ နံရံနှင့် ၂ လက်မ လောက်ကွာနေ ပါတယ်။ နံရံမှာလည်း လတ်လတ်ဆပ်ဆပ် အင်္ဂတေဖြစ်နေသဖြင့် ကော်ဇော်သစ်အား ခွါပြီး တူးကြည့်ရာ ပုပ်ပွနေသော ပလပ်စတစ်နှင့် ထုပ်ထားသော အမျိုးသမီးအလောင်းကိုတွေ့ကြ ပါတယ်။ အလောင်းတွင် အဖိုးတန် လက်ပတ်နာရီ ပတ်ထားပြီး နာရီရဲ့နောက်မှာ NB (Noreen Boyd) ဟုရေးထိုးထားပါတယ်။

          အလောင်းဆေးစစ်ချက်က ခေါင်းတွင်ရိုက်ထားသောဒါဏ်ရာရှိပြီး သတိမေ့စဉ် ခေါင်းကို ပလပ်စတစ်အိပ်နှင့်စွပ်ထားခြင်းကြောင့် အသက်ရှုမရပဲသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
Noreen ၀တ်ထားသော လက်ထပ်လက်စွပ်မှာပျောက်ဆုံးနေပါတယ်။

Noreen ၏ သမရိုးကျ DNA များ သိမ်းထားတာမရှိတဲ့အတွက် အလောင်းမှ Mitochondrial တွင်ရှိသော DNA (Mitochondrial DNA) နှင့် Noreen ညီမ၏ Mitochondrial DNA နှင့်တိုက်ကြည့်ရာ တူနေပါတယ်။ Mitochondrial DNA ဟာမိခင်မှ သမီးများထံ ပေးသော အမွေဖြစ်ပါ တယ်။ ဒါကြောင့် မိခင်၊သမီးများ၊ ညီအမ များရှိ Mitochondrial DNA များအားလုံးတူညီပါတယ်။

Noreen ရဲ့အလောင်းကိုသယ် ရာတွင်အသုံးပြုနိုင်သည့် ဆရာဝန်ရဲ့ကား အားလုံးကို စစ်ဆေးရာ ဘာသဲလွန်စမှ မတွေ့ရပါဘူး။ အိမ်သစ်၏ ပတ်ဝန်ကျင်ကိုစစ်ဆေးရာ အိမ်သစ် အနီးရှိ မြေကွက်လပ်တွင် အသစ်ပုံထားသော အုတ်ကြိုးအုတ်ပဲ့များတွေ့ရပါတယ်။

အုတ်ကြိုးအုတ်ပဲ့များ၊ ဆရာဝန်အိမ်အောက်ထပ်ထူးရာက ထွက်လာသော အုတ်ကြိုးများ ဟုတ်မဟုတ် သိရှိရန် အုတ်ကြိုးများနှင့် အိမ်သစ် အောက်ထပ်မှ အုတ်ကြိုး များအား အိမ်အဆောက်အဦးပစ္စည်း ကျွမ်းကျင်သူ ထံပို့ ပြီးစစ်ဆေးစေပါသည်။

အုတ်ကြိုးများတွင်ပါဝင်သော ပစ္စည်းများ၊ ပစ္စည်းများ၏ပါဝင်မှု ရာခိုင်နှုန်း၊ မှန်ဘီးလူး အောက်တွင်တွေ့ရသော အုတ်ကြိုးတို့၏ဖွဲစီးပုံ၊ ပုံသဏ္ဍန်များ၊ တူညီ နေသဖြင့် အိမ်သစ်မှ ထူးထုတ်ထားသော အုတ်ကြိုးများဖြစ်ကြောင်း သက်သေခံနေပါတယ်။

အုတ်ကြိုးများ ပုံထားသောမြေကွက်လပ်မှာ မယားငယ်၏ ဦးလေး ပိုင်ဆိုင်သော မြေကွယ် ဖြစ်ပါတယ်။ သက်သေခိုင်လုံသဖြင့် ဆရာဝန်အား ကြိုတင်ကြံစည်သည့် လူသတ်မှု ဖြင့် တစ်သက်တစ်ကျွန်း ချလိုက်ပါတယ်။

No comments:

Post a Comment