:include data='blog' name='google-analytics'/>

Wednesday, May 23, 2012

ပြင်သစ်စကားသင်ရမှာ ရှက်စရာကောင်းလို့ မသင်ဘူး တဲ့။


မြန်မာတစ်ယောက်က  ပြင်သစ်စကားသင်ရမှာ ရှက်စရာကောင်းလို့ မသင်ဘူး လို့ ပြော ဖူးပါတယ်။ ဟုတ်ပါတယ်။ တစ်ချို့အသံထွက်တွေက မြန်မာ အဓိပ္ပါယ်နဲ့ဆို တော်တော် နားရှက်စရာကောင်းပါတယ်။ ပြင်သစ်က ရေးတော့ အမှန်၊ ဖတ်တော့ အမှား ဆိုတာလို စကားပြောလွယ်အောင် ရှေ့ကစကားလုံးနဲ့ နောက်က စကားလုံး ဆက်ဖတ်ပါတယ်။
 နောက်တစ်ချက်က အက္ခရာတွေက အင်္ဂလိပ် A, B,C, D တွေဖြစ် ပေမဲ့၊ ဖတ်တော့ ပြင်သစ် A, B,C, D အသံထွက်ဆိုတော့ ကျမတို့က အင်္ဂလိပ် A, B,C, D အသံထွက်နေတော့ မှားကုန်တာပေါ့။

ပြင်သစ်စကားမှာ H စာလုံးဆိုရင် အသံထွက်တာရှိသလို၊ မထွက်တာလဲရှိပါတယ်။ ဥပဒေ မရှိ ပါဘူး။ အသေမှတ်ရပါတယ်။ silent လုပ်တဲ့ H ဆိုရင် ဥပမာ Heat ဆိုရင် eat ဖြစ်သွား ပါတယ်။ Hit ဆိုရင် it ဖြစ်သွားပါတယ်။

ပြင်သစ်နိုင်ငံရဲ့မြို့တော် Paris ကိုအင်္ဂလိပ်အသံထွက်ဆိုရင် ပဲရစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်သစ်
လိုက ပါရီ ဖြစ်ပါတယ်။ အင်္ဂလိပ်လို A ကို ပြင်သစ်လို R လို့ အသံထွက်လို့ပါ။

ကျမ ပရောဖက်စာရဲ့ နံမည်က Pierre ပါ။ မြန်မာပြည်မှာတုန်းက ကျမအပါအ၀င် အများက ပဲရီ လို့ခေါ်ပါတယ်။ သူကလည်း ဘာမှ မပြောပါဘူး။ ပြင်သစ်ရောက်မှ ပြဲ ဖြစ်မှန်သိရပါတယ်။ သူ့နံမည် ပြင်သစ်အသံထွက်နဲ့ ခေါ်ဘို့ ကျမ တစ်နှစ် အချိန်ယူရပါတယ်။ စကားမစပ် Pierre ဆိုတာ အဓိပ္ပါယ်အားဖြင့် ကျောက်ခဲပါ။ အလွန် common ဖြစ်တဲ့ နံမည်ပါ။ အင်္ဂလိပ်လို အလားတူ နံမည်က Peter ပါ။
         
Pasteur Institute (ပြင်သစ်လိုရေးရင် Institut မှာ (e) မပါရပါဘူး။ Institut ဆိုတဲ့ နံမည်က အထီးဖြစ်လို့ပါ)။ Pasteur Institute မှာ အတူတူလုပ်ဖက် သူငယ်ချင်းတစ်ယောက်က Lille (လီး) မြို့မှာ နေပါ တယ်။ အဲ့ဒီကနေ နေ့စဉ် Pasteur Institute ကိုအမြန်ရထား TGV ( Bullet train ကျည်ဆံထိပ်ဖူးလို မြန်တယ်လို့ တင်စားခေါ်တာပါ) နဲ့လာပါတယ်။ သူ့အိမ်က အလုပ်ရောက်ဖို့ တစ်နာရီ ကြာပါတယ်။ ဒါပေမဲ့ ရထားခ ဈေးကြီးလို့ စီးတဲ့သူနည်းလို့ ရထား ပေါ်မှာ ထိုင်ခုံ ရပြီး computer နဲ့ အလုပ်လုပ်နိုင်ပါတယ်။ Pasteur Institute လို company ကြီးတွေက အလုပ်သမားတွေရဲ့ လမ်းစရိုက် တစ်ဝက်ခံတာမို့ အဝေးကနေ ရုံးတက်သူများ ပါ တယ်။ ပါရီမြို့ မှာအိမ်ခန်းခတွေဈေးကြီးတာမို့ မိသားစုနဲ့ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ နေလိုသူများ မြို့ပြင် (၀ါ) အနီးအနားမြို့တွေမှာနေကြပါတယ်။ ပါရီမှာ ရပ်ကွက်ပေါင်း ၂၀ ရှိပါတယ်။ ကိုယ် နေတဲ့ နေရာနဲ့ အလုပ်နဲ့က တောင်နဲ့ မြောက်၊ အရှေ့နဲ့ အနောက်ဆိုရင်လဲ မြေအောက် ရထားနဲ့ သွားရင်တစ်နာရီ ခန့်ကြာပါတယ်။ မြေအောက်ရထားတွေက ရုံးတက်ရုံဆင်းချိန်ဆို  ၃ မိနစ်တခါ လာပေမဲ့ ရထားတဲ ၀င်ဖို့တောင်မနည်း။ ထိုင်ဖို့၊ အလုပ်လုပ်ဖို့တော့ ဝေးရော်ပဲ။

ကြုံကြိုက်လို့ ဂျပန်မြေအောက်ရထားအကြောင်းပြောရအုံးမယ်။ ဂျပန် မြေအောက်ရထားက ရုံးတက်ရုံဆင်းချိန်ဆို ၁ မိနစ်တခါ လာပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ပြင်သစ်လို မဟုတ်ပဲ ရထားထဲ အတင်းတိုး ၀င်ကြ ပါတယ်။ ရထား တံခါးကလည်း auto ပိတ်တာမို့ ရထားတံခါးပိတ်လို့ ရအောင် လူတစ်ယောက်က ဒုတ်တံတစ်ချောင်းကိုကန့်လန့်လုပ်ပြီး လူတွေကိုရထားထဲ ထိုး ထဲ့ ပါတယ်။ ကျွဲတွေ၊နွားတွေလိုပါပဲ။ အဲ့ဒီ လူ Pusher (ကျမပေးထားတဲ့ နံမည်ပါ) ဘာလို့ ထားရလဲ ဆိုတာနောက်မှ သိရပါတယ်။ တိုကျိုလိုမြို့ကြီးတွေမှာသာ ရထားက တစ်မိနစ် တစ်ဆင်းလာတာ မြို့ပြင်တွေမှာ ၃၀ မိနစ်၊ တစ်နာရီ တစ်ခါ လာတာမို့ တိုကျိုမှာ တစ်မိနစ် နောက်ကျသွားရင် မြို့ပြင်မှာ ၃၀ မိနစ်၊ တစ်နာရီ နောက်ကျသွားပါတယ်။ စက်ရုံး၊ အလုပ်ရုံး တွေက မြို့ပြင်မှာရှိကြပြီး။ လုပ်ခကို နာရီနဲ့ပေးတာမို့ လုပ်ခတွေနစ်နာသွားပါတယ်။ နောက်ပြီး အလုပ်ဝင်တဲ့ အချိန်ကို computer ကမှတ်ထားလိုက်တာမို့၊ ဘာဖြစ်လို့ ဆိုပြီးလဲ စောဒက တက်လို့မရ၊ လိမ်လို့လဲ မရပါဘူး။ အချိန်နဲ့ပတ်သက်ပြီး မှတ်ထားမိတာလေးက

တစ်နှစ်ရဲ့တန်ဘိုးကို စာမေးပွဲကျတဲ့ကျောင်းသားက           ပိုသိတယ်တဲ့။
တစ်ပတ်ရဲ့            တစ်ပတ်တခါထုတ်တဲ့ဂျာနယ်အယ်ဒီတာက ပိုသိတယ်တဲ့။
တစ်ရက်ရဲ့            တစ်နေ့ရှာတစ်နေ့စားရတဲ့ အိမ်ထောင်ဦးစီး             တဲ့။
တစ်မိနစ်ရဲ့တန်ဘိုးကို ဂျပန်လုပ်သားတွေက ပိုသိတယ်လို့ပြောရမယ်ထင်ပါတယ်။

အဲ့ဒီလိုပြွတ်သိပ်နေတဲ့ ရထားထဲမှာ အရပ်ပုတဲ့သူတွေဒုက္ခတစ်မျိုးရောက်ပါတယ်။ အဲ့ဒါ ကတော့ အရပ်မြင့်တဲ့ ဂျပန်ထီး နားဆိုရင် သူ့ရဲ့အာပုတ်နံ့ကို ခံပေတော့။ ဒုတိယကမ္ဘာစစ်
တုံးက ဂျပန်ငပုလို့ ခေါ်ခဲ့တာ အခုဂျပန်တွေက အရပ်ရှည်ကုန်ပြီး။ သူတို့ကကျန်းမာရေး
ဂရုစိုက်တယ်။ အစားအသောက်ဆင်ခြင်တယ်၊ အားကစားလုပ်တယ်။

ဂျပန်တွေက မျိုးရိုးအရသွားနဲ့ မျက်စိမကောင်းပါဘူး။ ဂျပန်မတွေက လှချင်လို့ သွားကို စားပြီး တိုင်းတိုက်ပေမဲ့ ဂျပန်ထီးတွေက ညနေအလုပ်ပြီးရင် အရက်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင်ပြောင်း ပြီး အရက်သောက်၊ ကာရာအိုကေ ဆိုပြီး ညဥ့်နက်မှ အိမ်ပြန်ပါတယ် (ညနေ စောစော ပြန်ရင် ရာထူးသေးလို့၊ အလုပ် မကောင်းလို့ ဆိုပြီး အိမ်နီးချင်းတွေက အထင်သေးတာမို့ မိုးချုပ်မှ အိမ်ပြန်ပါတယ်။) တစ်ချို့ဆို အရက်ဆိုင်ကပဲ မနက်ရုံးတက်ပါတယ်။ Breakfast ကို လမ်းက ဆိုင်မှာပဲစားပါတယ်။ဒါကြောင့် ပါးစပ်တိုက်ဖို့ အချိန်မရတတ်ပါဘူး။ ဂျပန်ရောက် သွားလို့ ပြင်သစ်ဆီပြန်သွားရအောင်။

ပြင်သစ်လို ရေ ကို (l`eau လိုး) လို့ခေါ်ပါတယ်။ ပြင်သစ်ရောက်ကထဲက ကျမဘယ်သွားသွား
ရေပုလင်းဆောင်သွားပါတယ်။ ရေတောင်းသောက်ရမှာ စိုးလို့ပါ။

တယ်လီဖုန်းဆက်တဲ့အခါ ပြင်သစ်တွေက Hello အစား Allo အာလို၊ အာလို၊ လို့ပြောပါတယ်။ ဂျပန်ကျတော့ မိုးရှိ၊မိုးရှိ တဲ့။

ပြင်သစ် နာမ်စားတွေက အင်္ဂလိပ်ထက်ပိုများပါတယ်။ Subject အဖြစ်သုံးတဲ့ နာမ်စားတွေက-

I = Je (ဂျဲလ်)
You = Tu & Vous ဆိုပြီး နှစ်မျိုးရှိပါတယ်။
Tu ဆိုတာ ကိုယ့်ထက်ငယ်တဲ့သူ၊ရင်းနှီးသူကိုသုံးပါတယ်။ Vous ကိုကိုယ့်ထက် အသက်၊ ဂုဏ်ကြီးသူ၊ မရင်းနှီးတဲ့သူနဲ့ အများကိုသုံးပါတယ်။
We = Nous & On
Il, Elle , On = အမျိုးသား(အထီး)တစ်ယောက်၊အမျိုးသမီး(အမ)တစ်ယောက်၊ ကျွန်ပ်တို့ အားလုံး။ ဒါပေမဲ့ On ကို Verb အနေနဲ့တော့ အနည်းအနေနဲ့ပဲသုံးပါတယ်။
Ils, Elles , On = အမျိုးသား(အထီး)များ၊အမျိုးသမီး(အမ)များ၊ ကျွန်ပ်တို့။

Verb mainly 3 types but there are many exceptions.
၁။ -er နဲ့ဆုံးသော Verb များ။ eg. Parler =ပြောသည်။
Present tense.
Je parle.
Tu parles.
Nous parlons.
Vous parlez.
Il/Elle/ On parle.
Ils/Elles/  parlent.


But if –ger eg manger = စားသည်။
Present tense.
Je mange.
Tu manges.
Nous mangeons.
Vous mangez.
Il/Elle/ On mange.
Ils/Elles/  mangent.

But if –cer eg comncer = အစပြုသည်။
Present tense.
Je commence.
Tu commenes.
Nous commençons.Vous commencez.
Il/Elle/ On commence.
Ils/Elles/  commencent.

Totally exception Aller =သွားသည်။
Go = aller
I go = Je vais.
You go = Tu vas, Vous allez (အနည်း & အများ ).
We go = Nous allons.
They go = Ils vont, Elles vont.
She goes = Elle va.
He goes = Il va.
It goes = On va.

အထက်ပါ ကြိယာများကိုကြည့်ခြင်းအားဖြင့် subject ကိုလိုက်ပြီး ကြိယာ လိုက်ပြောင်း ကြောင်းတွေ့ရမှာပါ။ ဒါတောင် Present tense ပဲရှိသေးတယ်။



2 comments:

  1. လေ့လာသွားပါတယ်။လင့်လေးလဲယူသွားပါတယ်နော်

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။ လိုအပ်တာရှိရင်လဲရေးနိုင်ပါတယ်။

    ReplyDelete