:include data='blog' name='google-analytics'/>

Saturday, August 27, 2016

ငါးခေါင်းချဉ်စပ်လေး တစ်ခွက် ချက်ကြည့်ရအောင်

Mi Shwe Kwett to ချက်ချင်စရာ~စားချင်စရာ
8 July
ငါးခေါင်းချဉ်စပ်လေး တစ်ခွက် ချက်ကြည့်ရအောင်
သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း၂ခေါင်း
ခရမ်းချဉ်သီးမှည့်၂ လုံး
မျှစ်ချိုနုနု အနည်းငယ်...
နှစ်သက်ရာမှိုအနည်းငယ်
ငုံးဥ
နံနံပင် ငရုတ်စိမ်းတောင့် ပင်စိမ်း
သံပရာသီး

ဂျင်းလက်တဆစ်နဲ့ကြက်သွန်ဖြူ ငြုပ်ပွတစ်တောင့် ရောထေါင်းထားပါ
စပါးလင်တစ်ပိုင်းထုချည်ထားပါ
ငါးခေါင်းကို ဆားနနွင်းငံပြာရည်ထည့်နယ်ထားပါ
ငုံးဥပြုတ်ထားပါ
မျှစ်ကိုရေစိမ်ထားပါ
ချက်မယ့်အိုးထဲ ငါးခေါင်းထည့် ဆီဇွန်းသေးတဇွန်းထည့်
ကြက်သွန်ထောင်းထည့် စပါးလင်ထည့် ခရမ်းချဉ်သီးထည့်
ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ
ဆူပွက်လာရင် အရသာမြည်းပါ မိမိစိတ်ကြိုက် ပြင်ဆင်ပါ
ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ
ငါးခေါင်းနူးလာရင် မှို မျှစ် ငုံးဥထည့် နံနံ ငြုပ်စိမ်း ပင်စိမ်းအုပ်
ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်ပါနော်

No comments:

Post a Comment