:include data='blog' name='google-analytics'/>

Saturday, August 20, 2016

***လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့် ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်***















နေ့စဉ်သတင်းထူးများ added 4 new photos — with Mawin Ngwe.
17 hrs
***လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့်
====================================
ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်*** (ဖတ်ကြည့်ပါ။)
========...===========================
မြန်မာနိုင်ငံသားမှန်ရင် လက်ဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။
ကျွန်တော်တို့အိမ်မှာလည်း လက်ဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကို
ဝယ်ပြီးထားတတ်ပါတယ်။
ဟိုတစ်လောက FB ပေါ်မှာ တစ်ချို့ဆိုင်က အီကြာကွေးတွေနဲ့၊ လက်ဖက်နဲ့စားတဲ့
ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်
ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လက်ဖက်သုတ်ကို နှစ်သက်စွာ
ဆက်ပြီး စားနေခဲ့ပါတယ်။
ဒီနေ့ မနက်စာ ကျွန်တော့အိမ်မှာဝယ်ထားတဲ့ လက်ဖက်နဲ့ပဲကြမ်းကြော်တွေကို
ထမင်းကြော်နဲ့စားဖို့လုပ်တော့ လက်ဖက်ကမျက်စိမှိတ်ရလောက်အောင်ကို
အချဉ်မှုန့်တွေနဲ့နယ်ထားလို့ ချဉ်စုတ်နေပြီး၊ ပဲကြမ်းကြော်ကလည်း မတရားကို
ကြွတ်ရွနေလို့ မစားတော့ဘဲဘေးဖယ်ထားပြီး၊ FB ထဲမှာရေးထားတဲ့အကြောင်း
ကိုသတိရမိတယ်။ ဒါကြောင့် စိတ်ကူးတစ်ခုရလာပြီး လက်တွေ့စမ်းသပ်ချက်တစ်ခု
လုပ်ကြည့်ဖို့စဉ်းစားလိုက်တယ်။

အဲဒါကတော့…… ကြွတ်ရွနေတဲ့ ပဲကြမ်းကြော် နှစ်ဇွန်းလောက်ကို အိုးငယ်လေး
တစ်လုံးထဲထည့်ပြီး ရေနည်းနည်းထည့်ကာ မီးပေါ်တင်ပြီး ပွက်ပွက်ဆူအောင်
တင်လိုက်တယ်။ ဆူလာတော့ ခဏအအေးခံပြီး ရေခဲသေတ္တာထဲ ၁၅-၂၀ မိနစ်လောက်
ထည့်ပြီး ပြန်ထုတ်ကြည့်လိုက်တော့၊ ထင်ထားတဲ့အတိုင်း ပလပ်စတစ်အချပ်လိုက် နဲ့
ပဲကြော်ပြုတ်ရည်အနည်းငယ်ကို ဓါတ်ပုံမှာပါတဲ့အတိုင်းတွေ့လိုက်ရပါတော့တယ်။
အဲဒီတော့ သေချာတာက ပဲကြမ်းကြော်တွေအားလုံးနီးပါး ကြာရှည်ကြွတ်ရွစေဖို့
ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာပါဘဲ။ ဒါတွေကို စားမိနေတဲ့
ကျွန်တော်တို့တွေရဲ့အစာအိမ်ထဲမှာ ပလပ်စတစ်တွေဘယ်လောက်များ
နေပြီလဲ……… ဒီိ ပလပ်စတစ်တွေကရော ကြာလာရင် လူတွေကို ဘယ်လို
ကျန်းမာရေးအန္တရာယ်ဆိုးတွေဖြစ်ပေါ်စေမလဲ……… ဆိုတာတွေကို
ဘယ်သူမှ အတိအကျမသိနိုင်ကြပါဘူး။
ဒါကြောင့် လက်ဖက်သုတ်ကို လုံးဝမဖြတ်နိုင်ရင်တောင်၊ လျှော့စားတာတို့၊
ကြာမှစားတာတို့ လုပ်သင့်တယ်လို့ အားလုံးကို အကြံပြုလိုပါတယ်ခင်ဗျား…………
***(ဆန္ဒရှိလျှင် လွတ်လပ်စွာ share နိုင်ကြပါတယ်)***
credit - U Phey Seyn

No comments:

Post a Comment