:include data='blog' name='google-analytics'/>

Friday, August 19, 2016

ကန်စွန်းရွက်စိုက်နည်း

MyFood Myanmar added 6 new photos.
ကန်စွန်းရွက် နှစ်သက်သူများ မိမိဧ။် နေအိမ်တွင် အိုးနှင့် သန့်ရှင်းစွာစိုက်ရ်ျ ဘေးကင်းစွာ စားသုံးနိုင်ရန် ကန်စွန်းရွက်စိုက်နည်းကို မျှဝေလိုက်ပါတယ် ။
ရန်ကုန်တွင် ကန်စွန်းခင်းမှ ခူးရ်ျ ကစွန်းရွက် ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင် စီးပြီး ရောင်းသူများ ရှိပါသည် ။ ရေဆိုးမြောင်းထဲတွင် စက်ရုံမှ စွန့်ပြစ်သည့် ဓါတုဗေဒ ရေဆိုးများ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ်အကြေးများ ရှိပြီး ထိုအနီး အနားတွင်ပေါက်သော ကန်စွန်းရွက်များတွင် လူကို ဥပဒ်ပေးသော ပိုးမွှားများပါရှိရ်ျ စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည် ။ မိတ်ဆွေ ကန်စွန်းရွက် ဝယ်လျင် သတိထားရ်ျ ဝယ်ယူ စားသုံးသင့်ပါသည် ။
***ကန်စွန်းရွက်ကို အိုးနှင့် စိုက်သည့်နည်းကို မျှဝေသော မူလပိုင်ရှင် နှင့် မျှဝေသူ အာားလုံးကို My Food Myanmar မှ ကျေးဇူးအထူးတင်ပါတယ် ။
-------------------------------------------------------------------------------------
ကန်စွန်းရွက်ကို ဒီလိုလည်း စိုက်ပျိုးနိုင်ပါတယ် ။
ရိုးရိုးကန်စွန်းရွက် စည်းအိုးထဲ ထည့်ထားတာ ။ စိုက်ပင်ဆို ဒီလို တညီတည်း အတိုအရှည် မညီရေအိုး တစ်ဘက်တည်း စုမနေပါ ။
စိုက်လိုပါက အိုးအတွင်း
၁ - သဲ တစ်ဆ ၊ မြေဆွေး နှစ်ဆ ၊ ပြာ တဆ သမမွှေပြီး အိုးတွင်း သုံးပုံ နှစ်ပုံ ထည့်ပါ ။
၂ - မြေညှိ ကန်စွန်းစေ့ ၁၀၀ခန့်ဖြူး ၊ 
၃ - အပေါ်မှ သဲမြုတ်အောင် ဖြူး ၊ 
၎ - ရေလောင်းပေး ၊ ၅ ရက်ခန့်တွင် အပင်၂လက်မခန့် ရှည်လာလျှင် ရေ၁လက်မ အမြဲမြှပ်ထားပါ ။ 
၅ - ၂၀ရက် ကြာလျင် ခူးစားပါ ။
နောက်တနည်းမှာ
၁ - သဲ တဆ ၊ မြေဆွေး တဆ ၊ ပြာ တစ်ဆုတ် ရောပြီး အိုးတွင်းထည့် ။
၂ - ထိုမြေပေါ် ရေ လက်လေးသစ်ခန့် ထည့် ။
၃ - ဈေးမှ ကန်စွန်းရွက် တစ်စည်းဝယ် ။ ကစွန်းညွန့်က်ု ၃လက်မလောက် မြေမျြုပ်ရ်ျ တစ်ပင်းခြင်းစိုက် ။
၎ -၁၀ ရက် အတွင်း အညွန့် ခူးစား ။ 
၅ - ၇ ရက် တစ်ကြိမ်ခန့် နွားချေးဆွေး လက်တစ်ဆုပ်ခန့် ထည့်ပေး ။ သို့မဟုတ် အညွန့် ခူးပြီးတိုင်း နွားချေး မြေမဆွေးထည့် ။ 
၆ - နေပူ တိုက်ရိုက်ကျရာမှာထား ၊ ၇ ရက် တကြိမ် ကြော်စားလို့ ရ၏ ။

No comments:

Post a Comment