:include data='blog' name='google-analytics'/>

Friday, August 19, 2016

ထမင်း ပေါင်းအိုး နဲ့ ပြုလုပ် လို့ ရတဲ့ CheeseCake

Kyaw Zaw to ကမ္ဘာတစ်လွှား မှ စားသောက်ဖွယ်ရာများ
ထမင်း ပေါင်းအိုး နဲ့ ပြုလုပ် လို့ ရတဲ့ CheeseCake
=================================
ပြုလုပ်နည်း
========
✌🏻️200g : Cream Cheese (SuperMarketတွေမှာ ရှာဝယ်လို့ ရပါတယ်)
✌🏻2 eggs
✌🏻️80g : Sugar
✌🏻️ tbsp of Lemon Juice
✌🏻️ 200ml of Milk
✌🏻️ 40g of Flour
😋 ပထမ ဆုံး Cream Cheese နဲ့ Sugar ကို ချောအောင် ထိ မွှေပေးပါ။
ပီးရင် ကြက်ဥ တစ်လုံး စီ ထည့်ပီး မွှေပေးပါ။
နောက် Lemon Juice ထည့်မွှေပါ။
နောက်ဆုံး နွားနို့ ထည့်လိုက် ဂျုံမှုန့်ထည့်လိုက် မွှေပေးရမယ်။
အားလုံး ထည့်မွှေပြီးတဲ့ မုန့်နှစ်ရည် ကို ထောပတ် အနည်း ငယ် သုတ် ထားတဲ့ ထမင်းပေါင်းအိုး ထဲ လောင်းထည့်ပီး ထမင်းအိုး ချက်သလို ချက်ပါ။
ခလုတ် တက်လာလို့ မကျက်သေးရင် နောက်တစ်ခါ ခလုတ်ထပ်နှိပ်ပါ။
ခုလုတ် တက်လာလျှင် သွားကြားထိုးတံလေးဖြင့် ထိုးကြည့်ပါ မုန့်သား ကပ် ပါ မလာရင် ရပါပီ။
ကိုယ်ကြိုက်နှစ်သက်တဲ့ အသီး သို့မဟုတ် ချောကလတ် နဲ့ အလှ ဆင်ပီး စားလို့ရပါတယ်ခင်ဗျာ။
အေးတော့မှ ရေခဲ သေတ္တာထဲ ထည့် အနည်းဆုံ ၃နာရီ လောက် ထားပီး သုံးဆောင်နိုင်ပါပီခင်ဗျာ။

No comments:

Post a Comment