:include data='blog' name='google-analytics'/>

Friday, June 19, 2015

ရန်ကုန်-မန္တလေး Express ကား အကောင်းစား စီးနေကြတဲ့ သူငယ်ချင်းတွေ သတိထားစေချင်လို့ စေတနာနဲ့ အသိပေးလိုက်ပါတယ်

ရန်ကုန်-မန္တလေး Express ကား
အကောင်းစား စီးနေကြတဲ့
သူငယ်ချင်းတွေ သတိထားစေချင်လို့
စေတနာနဲ့ အသိပေးလိုက်ပါတယ်
၁၇-၆-၂၀၁၅ ည ၁၀နာရီ ထွက်တဲ့
Boss Express နဲ့ မန္တလေးကို
ပြန်လာပါတယ်
ဖြစ်ချင်တော့ ကျွန်တော် ထိုင်တဲ့
၆ ဘီက TV ပျက်နေတယ်တဲ့
ဘာတတ်နိုင်ပါ့မလဲ ဆိုပီး
၁၁၅ မိုင် ရောက်တာနဲ့
ညလယ်စာ စားပီး အိပ်လိုက်ခဲ့ပါတယ်
ထူးဆန်းတာ တခုက
အမြဲ အအိပ်ဆတ်တဲ့ ကျွန်တော်က
တော်တော်လေးကို အိပ်ပျော်သွားပီး
အနောက်တန်းက ဦးလေး ၂ ယောက်
ဆင်းမယ်လုပ်တော့
ကျွန်တော့်ခုံကို ထိမှ
ကျွန်တော် နိုးပါတယ်
အချိန်ကြည့်တော့ မနက် ၅ နာရီ ကျော်
နေရာက လမ်းမရှိ ရွာမရှိ ကွင်းပြင်ထဲမှာ
ဆင်းသွားကြပါတယ်
၆ နာရီကျော် ဘူတာအဝိုင်းရောက်တော့
နောက်ဆုံးခုံမှာ ထိုင်တဲ့ ဦးလေးကြီးက
သူ့ပိုက်ဆံ ၃ သိန်းကျော်ပျောက်လို့
ကားကို ဘူတာကြီးမှာ မရပ်ပဲ
ရဲစခန်းကို မောင်းပေးပါလို့
ဒရိုက်ဘာ ကို ပြောပါတယ်
ဒါကို ဒရိုက်ဘာက မရပ်ပေးတဲ့ အပြင်
ကားမယ်က ဦးလေးအထားမှားတာနေမှာဆိုပီး
ကားပေါ်ပါတဲ့ ဝန်ထမ်းတွေက ဦးလေးကိုဝိုင်းပီး
တရားခံစစ်သလို မေးကြပါတယ်
အဲဒီချိန်မှာပဲ ကျွန်တော့်အမက
အိတ်ကို စစ်ကြည့်အုံးဆိုလို့
ကျွန်တော် ဖွင့်ကြည့်တော့
ပိုက်ဆံ ၅၀၀၀ တန် ငါးသိန်းအုပ်ရယ်
ရွှေချိန် ၂ ကျပ်ကျော်တဲ့
နဂါး ၂ ကောင်ပါ ရွှေလက်ကောက်ရယ်
ပလယ်တီနမ် နားကပ် တစုံ ရယ်
ပိုက်ဆံအိတ်ထဲ ရှိတဲ့
တထောင်တန်၄၀၀၀၀ ကျော်ရယ် မရှိတော့ပါဘူး
အံ့သြမိတာက
ပိုက်ဆံတွေကို လွယ်လွယ်ကူကူ ယူလို့ ရပေမယ့်
အဆင့်ဆင့် ၄ ထပ်ထည့်ထားတဲ့
လက်ဝတ်ရတနာ တွေကို ယူပီး
ဘူးခွံတွေကို ထားခဲ့တာကိုပါ
ကျွန်တော်က ပါသွားပီးလို့ အော်ပြောတော့
ကျွန်တော့် နားက အကို ၂ ယောက်ကလဲ
သူတို့ အိတ်ကို ပြန်စစ်တော့
ဒေါ်လာ ၅၅၀ နဲ့ ငွေ ၂ သိန်းကျော်
ပါသွားပီလို့ ပြောပါတယ်
အဲဒီချိန်မှာ ကားမယ်က
ဘူတာကြီးမှာ ခရီးသည်တွေကို ချပီးသွားပီ
ဒါနဲ့ နင်တို့ ဘယ်လို ဆက်လုပ်ကြမလဲပြောတော့
ဂိတ်ရောက်ရင် အားလုံး အဆင်ပြေအောင်
လုပ်ပေးပါ့မယ် ဆိုပီး ကားဆက်မောင်းပါတယ်
ဂိတ်ရောက်တော့လဲ တရားခံကို သိချင်လို့
နင်တို့ကားမှာ CCTV ၄ လုံးတောင် ပါတယ်ဆို
ဖွင့်ပြပါ ဆိုတော့
သူတို့ကားက System မြင့်လွန်းလို့
မန္တလေးမှာ ဖွင့်လို့မရဘူးတဲ့
ရန်ကုန်မှာ လိုက်ကြည့်ပေးကြပါတဲ့
ကျွန်တော်တို့တွေကလဲ
ငါတို့တွေက အားယားနေတာ မဟုတ်ဘူး
လိုက်မကြည့်နိုင်ဘူး
ဖွင့်ပေးနိုင်တဲ့သူကို ခေါ်ဆိုတော့
ရန်ကုန်ကလူကို ခေါ်ပေးမယ်
ညနေထိ စောင့်ပေးတဲ့
ရဲစခန်းကိုရော တိုင်ကြမလားဆိုတော့
ကျွန်တော်က တိုင်ရမှာပေါ့
ဒီလောက်အများကြီးပါသွားတာ
မတိုင်ပဲ နေရမှာလား ပြောတော့
ခဏလေးပါ ဆိုပီး
အချိန်အကြာကြီးစောင့်ခိုင်းပါတယ်
စိတ်မရှည်တဲ့ ကျွန်တော်ကလဲ
ဘာကို စောင့်နေရတာလဲလို့
ဂိတ်မှုးကို မေးတော့
သူက စည်ပင်ရဲကို စောင့်နေတာပါတဲ့
ကျွန်တော်ကလဲ
စည်ပင်ရဲနဲ့ ပီးမယ့်ကိစ္စ မဟုတ်ဘူး
ရဲစခန်းပဲ သွားမယ်ဆိုပီး
အိမ်က ကားနဲ့ ရှေ့ကထွက်မှ
နောက်ကနေ ကားတစီးနဲ့ လိုက်လာကြပါတယ်
၆၂ လမ်းက ရဲစခန်းကို ရောက်တော့
ဖြစ်ကြောင်းကို ပြောပြတော့
စခန်းမှုးက ကားဂိတ်မှာ တာဝန်ရှိပါတယ်
ခက်တာက ပိုက်ဆံပျောက်ကြတာ
စသိတဲ့ နေရာက ဘူတာကြီးအဝိုင်းမှာဆိုတော့
အမှတ် ၈ ရဲစခန်းကပဲ သက်ဆိုင်ပါတယ်
သူတို့ ကူညီလို့ မရပါဘူး
ဂိတ်ကအဆင်ပြေအောင် လုပ်ပေးလိုက်ပါ
ဆိုလို့ ကျွန်တော်တို့တွေ
အမှတ် ၈ ကို ရောက်သွားကြပါတယ်
ရဲစခန်းက တာဝန်မှူးက
ကျွန်တော့်ကို သံသယ ရှိတဲ့သူ ရှိလားလို့ မေးပါတယ်
ကျွန်တော်က လမ်းမှာဆင်းတဲ့
ဦလေးကြီး ၂ ယောက်ကို ထင်တယ်ဆိုတော့
Seat Plan ကို ယူကြည့်တော့
ပုံမှာ ပါတဲ့ အတိုင်း
မှတ်ပုံတင်မပါ လူနာမည်ကိုတောင်
တယောက်ထဲ ရေးထားတဲ့
ဒီလူ ၂ ယောက်ကို ဘယ်လို စုံစမ်းကြမလဲတဲ့
ကားမယ်ကို ဘာအတွက် ထားတာလဲ
တခြား ခရီးသည်တွေကိုတော့
မှတ်ပုံတင် အပြည့်အစုံ တောင်းပီး
လမ်းမှာဆင်းတဲ့ လူ ၂ ယောက်ရဲ့
မှတ်ပုံတင်ကိုတော့ ချန်ထားတာ ဘာသဘောလဲသူခိုး နဲ့ ကြံရာပါ လို့
စွပ်စွဲလို့ရတယ် လို့ပြောတော့
ဂိတ်မှူးက အသံတိတ်နေပါတယ်
တာဝန်မှူးကလဲ CCTV ရ ရင်
အားလုံးပြန်လာခဲ့ဆိုလို့ ပြန်ခဲ့ကြပါတယ်
ညနေ ရောက်တော့
ဂိတ်ကို ပြန်သွားတဲ့ ချိန်မှာ
CCTV ကြည့်လို့ရပီဆိုပီး ခေါ်ပြတော့
ကျွန်တော်က တခြားလူတွေလာမှ
တူတူ ကြည့်မယ်
သူတို့ကို ဆက်သွယ်ပေးလို့ ပြောတော့
ph နံပါတ်တွေကို ပေးခွင့်မရှိဘူးတဲ့
ကျွန်တော်ကလဲစိတ်တိုပီး
နင်တို့ မပေးလဲ ရတယ် ဆိုပီး
ဓာတ်ပုံ ရိုက်ယူထားတဲ့
seat plan က ph တွေကို ဆက်ပီးခေါ်တော့
ပိုက်ဆံပျောက်တဲ့ သူတွေ
အားလုံး ဂိတ်ကို ရောက်လာတော့
ဂိတ်မှူး အပါအဝင် ဝန်ထမ်းတွေ အားလုံး
မျက်နှာပျက်ကြပါတယ်
အားလုံးစုံလို့ မေးကြည့်တော့မှ
ပိုက်ဆံ ပျောက်တဲ့သူတွေ မစုံရအောင်
ဝန်ထမ်းတွေက လူစုခွဲထားမှန်းသိရပါတယ်
ဘာအတွက်လဲတော့ မသိပါဘူး
CCTV ဝိုင်းကြည့်တော့ ထင်တဲ့ အတိုင်း
ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပဲ
ဝါးနေတဲ့ ပုံရိပ်တွေပဲ တွေ့ရပါတယ်
CCTV ပါတဲ့ Laptop ကို ရဲစခန်းယူပီး
တူတူလိုက်ခဲ့ဖို့ ပြောတော့
ဝန်ထမ်းတွေက လက်မခံပါဘူး
ကျွန်တော်တို့ပဲ ရဲစခန်းရောက်သွားတော့
တာဝန်မှူးက ဂိတ်ကို
ph ဆက်ပီး ဟောက်တော့မှ
laptop ကိုင်ပီး ရောက်လာကြပါတယ်
စခန်း ရောက်ခါစ ကတော့
ရန်ကုန်မှ လိုက်လာတဲ့ Boss မန်နေဂျာ က
အပြည့်အစုံတော့ တာဝန်မယူပေးနိုင်ဘူး
စပြောတော့
ကျွန်တော်တို့က ဟုတ်ပါတယ်
လက်ခံပါတယ် ဆိုပီး ညှိနေတုံး
တာဝန်မှူး နဲ့ မန်နေဂျာဆီ ph တွေ
ဝင်လာပီးနောက် ချက်ချင်းပဲ
ကျွန်တော်တို့ကို တာဝန်မယူနိုင်ပါဘူး
လုပ်ချင်ရာလုပ်ပါ ဆိုပီး
ချက်ချင်းစိတ်ပြောင်းသွားပါတယ်
တာဝန်မှူးကိုယ်တိုင်ကလဲ
ပျောက်တဲ့ နေရာ မသိလို့ အမှူ ဖွင့်လို့ မရဘူးတဲ့
ကျွန်တော်ကလဲ ပျောက်တဲ့နေရာ
သိနေမှတော့ ဆရာ့ဆီတောင်
ရောက်မလာဘူးလို့ ပြောပီး အိမ် ပြန်ခဲ့ပါတယ်
လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို
ဆက်လုပ်သွားမှာပါ
ပိုက်ဆံတွေ အလျော်ရတာ မရတာထက်
နားမလည်နိုင်တာက
Boss ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေပါ
ပထမ အချက်က
အခိုးခံရတဲ့ သူတွေ အားလုံးက
သူတို့ ပစ္စည်းကို သေသေချာချာသိမ်းထားပါရဲ့နဲ့
အေးအေးဆေးဆေး အချိန်ယူပီး
အခိုးခံနေရတာကို မသိရလောက်အောင်
Boss ကားမယ်နဲ့ စပယ်ယာက
ကားနောက်ကို တချက်လေးတောင်
လှည့်မကြည့်ဘူးဆိုတော့
သူတို့ အလုပ်က ဘာလဲ
ဒရိုက်ဘာကို ကားကူမောင်းပေးနေလား မသိ
ဒရိုက်ဘာကို လေကန်ဖို့သက်သက်
ကားမယ်နဲ့ စပယ်ယာကို လခပေးထားတဲ့
Boss ကားလိုင်းကို ချီးကျူးမိပါတယ်
ဒုတိယ အချက်က
ဘူတာကြီးအဝိုင်းမှာ မရပ်ပဲ ရဲစခန်းကို
တောက်လျှောက်မောင်းပေးပါ လို့
ဝိုင်းပြောနေတဲ့ ကြားတဲက
ကားရပ်ပီး ခရီးသည်တွေကိုဇွတ်ချပေးလိုက်တဲ့
Boss ဝန်ထမ်းတွေရဲ့စိတ်
တတိယ အချက်က
အခိုးခံ ရတဲ့ သူတွေကို လူစုခွဲရဲတဲ့
Boss ဝန်ထမ်းတွေရဲ့စိတ်
စတုတ္ထ အချက်က
ရဲစခန်းတွေကို လိုက်ခဲ့ပေးဖို
ဇွတ်တင်း ပင့်ခေါ်ခဲ့ရပီး
စခန်းရောက်တော့ သူတို့နဲ့ မဆိုင်သလို
ရူးချင်ယောင်ဆောင်နေတဲ့
Boss ဂိတ်မှူး အပါအဝင်
Boss ဝမ်ထမ်းတွေရဲ့ စိတ်
ပဉ္စမ အချက်က
့ခရီးသည်တွေရဲ့ နာမည်တွေ မှတ်ပုံတင်တွေနဲ့
ph နံပါတ်တွေ ကို ပြည့်ပြည့်စုံစုံ မမှတ်သားပဲ
တွေ့ရာလူကို ဖြစ်သလိုတင်တဲ့
Boss ဝန်ထမ်းတွေရဲ့ စေတနာကောင်းတဲ့
စိတ်
တော်သေးတာပေါ့
၂ ယောက်ထဲ တင်လို့
၅ ယောက် လောက်ဆို
၁ ကားလုံး ပါလောက်တယ်
ကျေးဇူးကြီးလှပါတယ် Boss ရယ်

CCTV တပ်ထားတဲ့ ကားတွေကို
အထင်ကြီးပီး ယုံကြည်မိလို့
ငွေ သိန်း ၂၀ ကျော်ကိုရင်နာနာ နဲ့
လှူလိုက်ရတဲ့ ကျွန်တော်တို့လို
အဖြစ်မျိုး ထပ်မဖြစ်စေချင်လို့
မိတ်ဆွေ သူငယ်ချင်း တွေကို
သတိပေးလိုက်ပါတယ်

No comments:

Post a Comment