:include data='blog' name='google-analytics'/>

Sunday, June 21, 2015

တွေးမိတိုင်း ရင်မောရပါသည် -----------------------------------

တွေးမိတိုင်း ရင်မောရပါသည်
-----------------------------------
လူတယောက်ဟာ ဆယ်တန်းအောင်ဖို့ 
အနည်းဆုံး ဆယ်နှစ်ပေးဆပ်ရတယ်
ဘွဲ့ ရဖို့ ဆိုရင် ဆယ့်ငါးနှစ်ခန့် ပေးဆပ်
ခဲ့ရတယ်
အဲဒီဆယ်နှစ်ဆယ့်ငါးနှစ်အချိန်တွေမှာ
မိဘတွေရဲ့ပေးဆပ်မှု့တွေကလည်း
အများကြီးပဲ ကိုယ်လည်း ဘာဝင်ငွေမှ
မရှာနိုင်ပဲ ပညာတွေကို သင်ခဲ့ရတယ်
ဆယ်နှစ်ဆယ့်ငါးနှစ်အချိန်ဆိုတာ
လူ့ သက်တမ်း တစ်ရာမှာ အင်မတန်
အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ
အပြင်မှာအလုပ်လုပ်မယ်ဆိုရင် ဝင်ငွေ
တွေအများကြီးရှိနိုင်ပါတယ်
ပေးဆပ်မှု့ပေါင်းမြောက်မြားစွာနဲ့ ပေးဆပ်
လာခဲ့ပြီး ထိုက်သင့်တဲ့ ပညာဥာဏ်တွေ
တတ်လာခဲ့ကြတယ်
လူ့ လောကအခေါ်အဝေါ်အရဆိုရင်
ပညာတတ် လူငယ်တွေပေါ့
ပညာတတ်လူငယ်တွေ အဖြစ်ရပ်တည်
နေချိန်မှာ သိပ္ပံပညာရဲ့တိုးတက်မှု့ကြောင့်
အချိန်တိုအတွင်းမှာ အများကြီးခရီးရောက်
အောင်ဖေါ်ထုတ်နိုင်ခဲ့ကြတယ်
fb ဆိုတာတခုတည်းကိုပဲ လေ့လာကြည့်ပါ
တလောကလုံးအကြောင်းအရာတွေ
တကမ္ဘာလုံးကအကြောင်းအရာတွေ
မိမိသိချင်တာမှန်သမျှ ကိုယ့်အိမ်ကနေ
ရှာဖွေကြည့်ရှု့နိုင်တယ်
မိတ်ဆွေကောင်းတွေရနိုင်သလို
နိဗ္ဗါန်ရောက်ဖို့ တရားတော်တွေကို
ရှာဖွေလေ့လာ လို့ ရတယ်
တကမ္ဘာလုံးက ခေတ်ပညာတက်လူငယ်
တွေဟာ ဥာဏ်ကို အစွမ်းကုန်ဖွင့်ပြီး
လူ့ လောကကောင်းကျိုးအတွက်ဖေါ်ထုတ်
နေကြတယ်
မြန်မာနိုင်ငံ့က ခေတ်ပညာတက်လူငယ်
တွေရဲ့ fb သုံးစွဲပုံနဲ့  သုံးစွဲတဲ့အကြောင်း
အရာတွေကို လေ့လာကြည့်လိုက်တော့
မနားတမ်းသုံးတယ်
ဖုန်းပူအောင်သုံးတယ်
ဒါပေမဲ့ ဂိမ်းဆော့တာ များတယ်
fb မှာတက်လာတဲ့အကြောင်းအရာတွေ
ကို လေ့လာကြည့်လိုက်တော့
ငိငိ
ခိခိ
အာ့လာပြောတာ
ပုံတင်မယ်နော်
--- -ကိုခင်ရင် ပြန်ပြောကြပါနော်
ဒါတွေပဲ တနေ့ တနေ့ တွေ့ နေရတယ်
ဆယ်နှစ်ဆယ့်ငါးနှစ်သင်ခဲ့ရတဲ့
ပညာတွေက ဒါ့ပဲ ရေးတင်တတ်သလား
ဘာသာရေး အမျိုးသားရေး
လူသားအကျိုးပြုစာပေ တွေကိုရော
မရေးတတ်တော့ဘူးလား
လို့  မေးချင်ပါတယ်
ဘာသာရေး နိုင်ငံရေး အမျိုးသားရေး
တွေဟာ သေကောင်ပေါ့င်းလဲ
ဖြစ်နေတဲ့အချိန်မှာ
မြန်မာနိုင်ငံကခေတ်ပညာတတ်
လူငယ်တွေဟာ - - - -
ဒီပုံစံနဲ့ သာဆိုရင်
ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့ 
ယဉ်ကျေးမှု့အမွေအနှစ်တွေကို
လူငယ်တွေက ဘယ်လိုအရည်အချင်း
တွေနဲ့ များ လွဲံပြောင်းယူမှာလည်း

ချောက်ထဲကျအံ့ဆဲဆဲ မြန်မာနိုင်ငံကြီးကို
ဘယ်လိုအင်အားတွေနဲ့ များ
ဆွဲတင်ကြမလဲ
တွေးမိတိုင်း ရင်မောရပါတယ်
အော် တချိန်က မြန်မာနဲ့ 
အခု မြန်မာ ဆိုတာ
တော်တော်ကွာသွားပြီ ပဲ

No comments:

Post a Comment