:include data='blog' name='google-analytics'/>

Tuesday, June 16, 2015

U23 နှင့် စင်ကာပူ SEA game မှ ပေးသော သင်ခန်းစာ

U23 နှင့် စင်ကာပူ SEA game မှ ပေးသော သင်ခန်းစာ
မနေ့ညက ဖိုင်နယ်ပွဲကို အားလုံး ကြည့်ကြမှာပါ။
ကွင်းထဲကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်တဲ့ ကျွန်တော်.... ပွဲပြီးလို့ ပြန်လာတော့ လမ်းမှာ အတွေးပေါင်းစုံ ခေါင်းထဲကို ဝင်လာတယ်။
ကျွန်တော်တို့ ယိုးဒယားကို စီးပွားရေး, ပညာရေး, ကျန်းမာရေး, အားကစား အဘက်ဘက်မှာ ရှုံးနေတာ ကျွန်တော်တို့ မြန်မာတွေ ညံ့လို့လား...ဘာတွေ မှားနေလဲ ဆိုပြီး တွေးမိတယ်။
စီးပွားရေး
မြန်မာ ၃သန်းမှ ၅သန်းထိ ယိုးဒယားမှာ အလုပ်လုပ်နေကြတယ်။
သူတို့ ဘဝတွေကတော့ အားလုံး သိတဲ့ အတိုင်းပဲ အနှိမ်ခံရတယ်။ လုပ်ခလစာ ခေါင်းပုံ ဖြတ်ခံရတယ်။ မြန်မာတစ်ယောက်ကို တစ်နေ့ကို ဘတ်ငွေ ၂၀ပဲ ခေါင်းပုံ ဖြတ်အုံး....တစ်နေ့ကို ဘတ်ငွေ သန်း ၆၀ ကနေ သန်း၁၀၀ထိ ယိုးယားတွေ အမြတ် ရနေတယ်။
မြန်မာမှ ဓါတ်ငွေ့တွေကို ဝယ်ပြီး ယိုးဒယားတွေ ရနေတဲ့ အမြတ်က အတိုင်းအဆမဲ့ပါ။
ဒါတောင် နယ်ခြား ကုန်သွယ်ရေးက သစ်သီးတွေ...ကျောက်သံပတ္တမြားတွေ...သစ်တွေ...တပတ်ရစ်ကားတွေ...စားသောက်ကုန်တွေ မပါသေးဘူး။
ကိုယ်တွေ ခံနေရတာ ဘာတွေ မှားနေလို့လဲ??
ပညာရေး
ဆရာဝန်တွေဆို Mahidol Univeristy မှာ MPH, PhD တွေ သွားတက်ကြပြီး အင်ဂျင်နီယာတွေဆို AIT စသည့်တို့ကို သွားတက်ကြတယ်။
တခြားကျောင်းတွေလည်း ရှိပါသေးတယ်။
မြန်မာကျောင်းသားတွေမှ ကျောင်းလခတွေ ရကြတယ်။ ကိုယ့်ထက် အဆင့်မြင့်လို့ သွားကြ ရတာပေါ့။ ဒါပေမဲ့ သူတို့ဆီက လူအများစု အင်္ဂလိပ်လို ပြောရင် နားမလည်ကြဘူး။ သူတို့ဆီမှာ ဦးသန့် ဒေါ်အောင်ဆန်းစုကြည်လို လူမျိုး ခုထိ မထွက်လာသေးဘူး။
ကိုယ်တွေ သူတို့ဆီ သွားသင်ရအောင် ဘာတွေ မှားနေလို့လဲ???
ကျန်းမာရေး
ငွေကြေး တတ်နိုင်တဲ့ လူအများစု ယိုးဒယားဆေးရုံ တော်တော်များများမှာ ဆေးစစ် ဆေးကုဖူးကြတယ်။
ဆက်ဆံရေး ကောင်းတယ်။ လူနာကို လူနာလို့ ဆက်ဆံတယ်လို့ နာမည်ကြီးတယ်။
မြန်မာ ဆရာဝန်တွေကို စကားပြန် ခန့်ထားတဲ့ ဆေးရုံတွေလည်း အများကြီး....တစ်နှစ် တစ်နှစ် မြန်မာ လူနာတွေဆီက အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ရတယ်လို့ သတင်းတွေ တွေ့ရတယ်။
မြန်မာ ဆရာဝန်တွေ အဲလို အချိန်မပေးနိုင်ဘူး။
ဆေးပညာခြင်း ယှဉ်ရင် မြန်မာဆရာဝန်တွေ သူတို့ကို မသာရင်တောင် လုံးဝ မလျော့ဘူး။
ဒါပေမဲ့ သူတို့လို လူနာကို အချိန်ပေး...ဝန်ဆောင်မှုကောင်းကောင်းကို ကိုယ့်နိုင်ငံက ဆရာဝန်တွေ ဆေးရုံတွေ မပေးနိုင်ဘူး။
ဘာတွေ မှားနေလို့လဲ??
အားကစား
ကိုယ့်နိုင်ငံမှာ လုပ်တဲ့ ဆီးဂိမ်းမှာတောင် သူ့တို့က ဗိုလ်စွဲသွားတယ်။
ဘောလုံးအသင်း အောင်မြင်မှုကြောင့်သာ စင်ကာပူ ဆီးဂိမ်းက အသက်ဝင်နေတာပါ။
စုစုပေါင်း ရွှေတံဆိပ် ၁၀ခုကျော်ပဲ ရပြီး တခြားအားကစားနည်းတွေ ကျရှုံးခဲ့ပါတယ်။
မနေ့ညက ဖို်င်နယ်ပွဲမှာ ကိုယ့်အသင်းဘယ်လိုမှ မယှဉ်နိုင်ပဲ ယိုးဒယားအသင်းက ထိုက်ထိုက်တန်တန် နိုင်သွားတယ်။
ကိုယ်တွေ မှာက အခြေခံ ကျောင်းတွေမှာ တက္ကသိုလ်တွေမှာ ဘောလုံးကွင်း မရှိ...အားကစားပြိုင်ပွဲတွေ မရှိနဲ့...အစိုးရက ဘာမှ မထောက်ပံ့...သူတို့ကို ဘယ်လို ယှဉ်မလဲ??
ဘောလုံးတောင် ဦးဇော်ဇော်ကောင်းလို့ ဒီအခြေအနေထိ ရောက်လာတာ။ ရေရှည် ဘယ်လို ဆက်သွားကြမှာလဲ??
ဒီလို ဘောလုံးကွင်းမရှိ... ပြိုင်ပွဲမရှိတာ....ဘာတွေ မှားနေလို့လဲ??
ကျွန်တော်ကတော့ စနစ်ကြောင့်လို့ပဲ မြင်တယ်။
နှစ်၆၀ စနစ်မှား လူမှန် နေရာမှန် မဟုတ်ခဲ့တာတွေကြောင့် တစ်တိုင်းပြည်လုံး လူတွေရော စိတ်ဓါတ်တွေရော ဂွမ်းသွားတယ်။
ကျွနိတော်တို့ မြန်မာလူမျိုးတွေ မညံ့ပါ။
ကျွန်တော် မသေသေးခင်တော့ စနစ်မှန် လူမှန် နေရာမှန်နဲ့ စင်ကာပူကို မမှီချင် နေပါစေ....ယိုးဒယားထက် သာသွားတာကို မြင်သွားချင်သေးတယ်။
(ဖိုင်နယ်ပွဲ ပြတ်ပြတ်သားသားရှုံး၍ တင်းတင်းနှင့် ရေးသည်)
သိန်းသန်းထိုက်
16 June, 2015

No comments:

Post a Comment