:include data='blog' name='google-analytics'/>

Friday, December 5, 2014

သားအိမ်မရှိလို့ ကလေးမမွေးနိုင်တဲ့ သမီးတွေအတွက်

မိခင်နှစ်ဦးရဲ့ တုနှိုင်းမဲ့လက်ဆောင်
သားအိမ်မရှိလို့ ကလေးယူဖို့ အခက်တွေ့နေတဲ့ ဆွီဒင်နိုင်ငံသူ နှစ်ဦးဟာ သူတို့မိခင်တွေ ပေးလှူ တဲ့ သားအိမ်တွေနဲ့ ကလေးမွေးဖွားခဲ့ကြပါတယ်။
ဒီအမျိုးသမီး နှစ်ဦးအနက် ပထမတစ်ဦးကတော့ မွေးကတည်းက သားအိမ်မပါခဲ့ပါဘူး။ သူက မိခင်ဖြစ်သူရဲ့ သားအိမ်ကို ရယူပြီး ၅ပေါင် ၈အောင်စရှိတဲ့ သားလေးကို မွေးဖွားခဲ့ပါတယ်။
...
ဒုတိယ အမျိုးသမီးကတော့ အသက်(၂၀)အရွယ်မှာ ကင်ဆာရောဂါဖြစ်လို့ သားအိမ်ထုတ်ထားရသူပါ။ သူကလည်း သူ့အမေရဲ့ သားအိမ်နဲ့ ၅ပေါင် ၁၅အောင်စရှိတဲ့ သားလေး မွေးနိုင်ခဲ့ပါတယ်။ ဒီအမျိုးသမီးနှစ်ဦးဟာ သူတို့ကို လူ့လောကထဲ ပို့ဆောင်ပေးတဲ့ မိခင်ရဲ့ သားအိမ်ကို လွဲပြောင်းအသုံးပြုပြီး ကလေးမွေးဖွားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အမျိုးသမီးတွေ ဖြစ်လာပါတယ်။
သားအိမ်လွှဲပြောင်းရယူပြီး ကလေးမွေးဖို့အတွက် သားအိမ်ပေးလှူ တဲ့ မိခင်ဖြစ်သူတွေကို ၁၀နာရီကြာ ခွဲစိတ်မှု ပြုလုပ်ရပြီး သားအိမ်အစားထိုးမယ့်သူကို ၆နာရီကြာ ခွဲစိတ်ရပါတယ်။ ကလေးယူမယ့်သူရဲ့ မျိုးဥကို မျိုးသန္ဓေလောင်း ဖြစ်လာအောင် လုပ်ရပြီး သားအိမ်
အစားထိုးပြီးတဲ့အခါကျမှ သားအိမ်ထဲ ပြောင်းလဲထည့်သွင်းတာ ဖြစ်ပါတယ်။
သားအိမ်အစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆွီဒင်ဆရာဝန်အဖွဲ့ကို ပါမောက္ခ ဘရန်းစထရောင်းက ဦးဆောင်ခဲ့ပြီး သားအိမ်အစားထိုး ခွဲစိတ်ကုသရေး စီမံကိန်းအတွက် ၁၅နှစ် အချိန်ပေးခဲ့ရတယ်လို့ သိရပါတယ်။ King’s College Londonရဲ့ ပါမောက္ခ ဟက်ဘတ်က အခုလို သားအိမ် လွှဲပြောင်းပေးတာဟာ သမီးဖြစ်သူအတွက် မိခင်တစ်ဦးရဲ့ တုနှိုင်းမဲ့လက်ဆောင်လို့ ပြောပါတယ်။
Ref: Dailymail
www.yoyarlay.com

#Nz_yyl
#news_yyl

No comments:

Post a Comment