:include data='blog' name='google-analytics'/>

Thursday, June 28, 2018

ဘယ်သူကပညာတတ်လဲ။


ကျမတို့နေတဲ့ကျောက်မြောင်းရပ်ကွက်ကဈေးမှာ ငါးသည်တွေအများကြီးရှိပါတယ်။ အားလုံးလိုလို
အလေး ခိုးကြပါတယ်။ နည်းနည်းခိုးတာနဲ့များများခိုးတာပဲ ကွာပါတယ်။ ဒါပေမဲ့ အံ့သြစွာ ငါးသည် ယောက်ျား တစ်ဦး ကတော့ အလေးမခိုးပါဘူး။ ဒါကြောင့် ဘယ်လောက်ဈေးကြီးကြီး သူ့ဆီမှာပဲ
ဝယ်လေ့ရှိပါတယ်။ နည်းနည်း မျက်မှန်းတန်းမိတော့ အများသူငါ ခိုးနေကြတာ (normal) အမှန်တရား လိုတောင်ဖြစ်နေလို့ထူးဆန်းလို့မေးကြည့်မိပါတယ်။ သူပြန်ဖြေတာကတော့။ ကျနော် ရှေးကံမကောင်း
လို့ဆင်းရဲတဲ့အပြင် အကုသိုလ်မကင်းတဲ့ ငါးသည်ဖြစ်နေတာ။ အခုတစ်ခါ ခိုးမှုသာဆက်လုပ်မယ်ဆိုရင် ရှေးဘ၀ စဉ်းတောင် မစဉ်းစားရဲပါဘူး။ ကျနော်ရှာသမျှ တစ်မိသား လုံးစားကြတာ။ ခံရတော့ ကျနော် ခါးဆီးခံရမှာ။ ကျနော် သံသရာကျွေးယူပြီးတော့ ရှာမကျွေး နိုင်ဘူး။ သမာအာဇီဝ နည်းနဲ့ပဲရှာကျွေး
မယ်တဲ့။

    သူ့ရဲ့အဖိုးတန်လှတဲ့စကားကြားရတော့ ကျမသိတဲ့ အထူးကုဆရာဝန်ကြီးတွေ အကြောင်း တွေးမိပါ တယ်။

တစ်ဦးကနှလုံးရောဂါအထူးကုပါ။ သူ့ကိုနိုင်ငံခြားကို ပညာသင်လွှတ်တော့ သူများတွေ တစ်ဘွဲ့ ပဲ ဆုတ်ခူး ပြီးပြန်လာတဲ့အချိန်မှာ သူက ဘွဲ့၃ ခုတစ်ပြိုင်တည်းဆုတ်ခူးပြီးပြန်လာ နိုင်ခဲ့ ပါတယ်။ သူအိမ်ထောင်ကျပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်တော့ သူ့ဆေးခန်းရောက်လာသူတွေထဲက ချမ်းသာတဲ့ သူတွေ ဆိုရင် ဆေးခန်း မလာနဲ့ သူအိမ်ကြွမယ်ဆိုပြီး အိမ်ကိုညနေတိုင်းသွားပါတယ်။ ပြီးတော့ ခြေကြွခ  တစ်ထောင်ကျပ် ကို (လွန်ခဲ့တဲ့ အနှစ် ၃၀ က) ဆေးဖိုး အပြင် တောင်းပါတယ်။ နောက်ဆုံး သူဌေးလည်း မတတ်နိုင်တော့လို့သူလာမဲ့အချိန် အိမ်တံခါးကို အပြင်ကသော့ခတ်ပြီး အိမ်ထဲမှာပုံးနေရပါတယ်။

      မတတ်နိုင်တဲ့သူတွေ ဆေးရုံမှာလာပြရင် ရောဂါ အကြောင်းမမေးပဲ အလုပ်အကိုင် အကြောင်း မေးပြီး၊သူ့အတွက်အကျိုးရှိမဲ့ ပစ္စည်း၊ ရောင်းစားလို့ရမဲ့ ပြက္ခတိန်၊ဖောင်တိန် စသည်ကို တောင်း ပါတယ်။

       တစ်ခါတော့ သူ့အတန်းကဆေးကျောင်းသားရဲ့အမေ နှလုံးရောဂါဖြစ်လို့သူ့ဆေးခန်းမှာ သွား ပြ ပါတယ်။ သူပေးလိုက်တဲ့ဆေး သောက်ပြီး မကြာခင်မှာပဲ လူနာသေသွားပါတယ်။ သူ့ကိုဖုန်းဆက် ပြော တော့ သူအိမ်လာကြည့်မယ်ဆိုပြီး အိမ်ကြွလာပါတယ်။ သေတာဟုတ်တယ်လို့အတည်ပြုပြီး ခြေကြွခ တစ်ထောင်ကျပ်တောင်းပါတယ်။  

       အဲ့ဒီအချိန်မှာ သူနဲ့သူ့ဇနီးအသစ်ကလေးနေဖို့အကောင်းဆုံးတိုက်တစ်လုံးကို သိန်း ၅၀ အကုန်ခံ ဆောက်ပါတယ်။ အဲ့ဒီအိမ်မှာ အလင်းရောင်ရဖို့ အိမ်ခေါင်မိုးတွေမှာ နိုင်ငံခြားကလာတဲ့ မှန်တွေ တပ်ပါ တယ်။ ဒါပေမဲ့ အဲ့ဒီမှန်တွေက တပ်ပြီရင် အလိုလို ကွဲကျကုန်တယ်တဲ့။ သူ့အကြောင်းသိတဲ့ သူတွေ ကတော့ သူတစ်ပါးဆီက မတရားယူထားတာမို့လို့ပြောကြပါတယ်။

     တစ်ဦးကတော့ အသဲအထူးကုပါ အသဲရောင်ရောဂါဖြစ်စေတဲ့ ရောဂါတွေကို အင်္ဂလိပ် စာလုံးတွေနဲ့နံမည်ပေးထားပါတယ်။ A  B C D E ဆိုပြီးတော့ ။ A and E က အစားအသောက်တွေကြောင့်ကူးဆက်ပေမဲ့ B C D တွေကတော့ အသားကိုဖေါက်ပြီးသွေးနဲ့တွေ့ရင်ဒါမှ မဟုတ် လိင်ဆက်ဆံခြင်း၊ မိခင်မှ ခလေးထံအချင်းမှ ကူးနိုင်ပါတယ်။ B အသဲရောင်ရောဂါတစ်ခုပဲ ကာကွယ်ဆေး (vaccine ) ရှိသေးပါတယ်။ အဲ့ဒီလိုအသေးစိတ်ကို သာမန်လူနာအနေနဲ့ မသိပေမဲ့ ဆရာဝန်တွေအနေနဲ့တော့သိပါတယ်။ ကျမရဲ့သူငယ်ချင်းရဲ့ မောင်က B အသဲရောင်ရောဂါဖြစ်လို့ နံမည်ကြီးအသဲအထူးကုနဲသွားပြပါတယ်။ သူက B အသဲရောင်ကြောင့် လူနာအပြင်ကျန်တဲ့ တစ်အိမ်သားလုံးကို vaccine ထိုးစေပါတယ်။ လူနာက ရောဂါဖြစ်နေပြီးသားမို့ ကာကွယ်ဆေးထိုးစရာမလိုပါဘူး။ လူသာမန်တောင်သိနိုင်ပါတယ်။ ရော၈ါကာကွယ်ဆေးဆိုတာ ရောဂါမဖြစ်အောင်လုပ်တာမို့ ရောဂါဖြစ်ပြီးသားကိုထိုးလို့ လူနာအတွက် အသားနာရုံပိုက်ဆံကုန်ရုံပါဘဲ။ သူ့အိမ်သားတွေကိုကာကွယ်ဖို့ဆိုရင်လဲ B အသဲေ၇ာင်ရောဂါက အစားအသောက်က ကူးတာလဲမဟုတ် ။ သွေးထွက်အောင်လုပ်မဲ့ကိစ္စနဲ့ လိင်ကိစ္စကြောင့်ပဲကူးတာမို့ သူ့ရဲ့ အဖေတွေအမေတွေ မောင်နှမတွေ ထိုးစရာမလိုပါဘူး။ ထိုးချင်းထိုးရင် သူ့အမျိုးသမီးကိုပဲထိုးရမှာပါ။ ဒါတောင် သွေးစစ်ပြီး ရောဂါမဖြစ်သေးဘူးဆိုမှ ထိုးရမှာပါ။ နောက်မှသိရတယ်။ အဲ့ဒီဆရာဝန်က ဆေးကုမ္ပဏီတွေဆီက % တွေယူထားပြီး လာသမျှလူကိုလိုလိုမလိုလိုထိုးနေတာတဲ့။ 

     နောက်တစ်ဦးကတော့ အထွေထွေခွဲစိပ်ဆရာဝန်ပါ။ သူကတော့ တတ်နိုင်တဲ့သူတွေကို အူအတက်ရောင်ရင် အချိန်မှီမခွဲရင် သေနိုင်တယ်ဆိုပြီး အူအတက်အကောင်းတွေကိုခွဲထုပ်ပါတယ်။ အူအတက်ရောင်ေ၇ာဂါကလူတိုင်းမှာဖြစ်တာမဟုတ်ပါဘူး။ လူ      မှဖြစ်တာပါ။ ဗိုလ်ခွဲတာ ခလေးကစားတဲ့ အလုပ်မဟုတ်ပါဘူး ။ အန္တရယ်ရှိတဲ့ ကိစ္စပါ။ အခန့်မသင့်ရင်သေနိုင်ပါတယ်။ ပြီးတော့ မှဲ့မှန်သမျှလဲ အရေပြားကင်စာဖြစ်နိုင်တယ်ဆိုပြီးခွဲထုပ်ခိုင်းတယ်တဲ့။ မှဲ့တိုင်းကင်စာဖြစ်တာမဟုတ်ပါဘူး။  မှာမှ ကင်စာ ဖြစ်တာပါ။ နောက်ပြီး က်စာဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာ များဖြစ်တဲ့ လျှင်မြန်စွာကြီးလာခြင်း၊ သွေးထွက်ခြင်းစတာတွေကို လူနာကိုယ်တိုင်ကသိနိုင်ပါတယ်။

    မီးရပ်နဲ့သားဖွါးဆရာဝန်ကြီးကတော့ အမျိုးသမီးတွေရဲ့ သားအိမ်နဲ့သားအိမ်ခေါင်းမှာ ကင်စာဖြစ်နိုင်တယ်ဆိုပြီး အကောင်းကြီးကိုခွဲထုပ်ကြတာပါ။ အခြားခွဲစိပ်စရာရှိလို့ဗိုလ်ခွဲရင်းနဲ့တလက်စထဲ ဥပမာ။ ခလေး ၃ ယောက်တိတိ အခြားရောဂါတွေကြောင့်ခွဲစိပ်မွေးဖွါးချိန်မှာ နောက်ထပ်ခလေးကိုခွဲစိပ်မွေးဖို့မသင့်လို့ခွဲထုပ်တာမျိုးမဟုတ်ပဲ ပိုက်ဆံလိုချင်လို့ခွဲတာတွေရှိခဲ့ပါတယ်။ အဲ့ဒီမှာ အကုသိုလ်ဝေစုယူတဲ့ ရောဂါဗေဒဆရာဝန်ကြီးတွေလဲရှိပါတယ်။ ခွဲစိပ်ဆရာဝန်တွေက သိန်းချီငွေယူကြပြီး ခွဲထုပ်တဲ့ ပစ္စည်းတွေကို  ရောဂါဗေဒဆရာဝန်ဆီရောဂါရှိကြောင်းသက်သေပြရန် ပို့ပါတယ်။ ရောဂါဗေဒဆရာဝန်ကြီးကလဲ ၃၅ ကျပ်မျက်နှာနဲ့ ရောဂါမတွေ့ပေမဲ့ အနည်းငယ်ရောင်ရမ်းနေပါတယ်လို့ရေးပေးကြပါတယ်။

နောက်တစ်ဦးကတော့ အရိုးအထူးကုဆရာဝန်ကြီးပါ။ တစ်ခါမှာ သူဌေးတစ်ယောက် ကားတိုက်  လို့ရန်ကုန်ဆေးရုံကြီး ခွဲစိပ်ကုသဌာနကိုရောက်လာပါတယ်။ လူနာရဲ့အရိုးထိခိုက်သွားလို့ သူ့လူနာဆိုပြီး ခွဲစိပ်ဆရာဝန်ကြီးဆီ လူနာလာတောင်းပါတယ်။ ခွဲစိပ်ဆရာဝန်ကြီးကလည်း သူ့လူနာ မပေးနိုင်ဘူးဆိုပြီး၊ လူနာလုပွဲကြီးဖြစ်နေပါတယ်။ အဲ့ဒီ အရိုးအထူးကုဆရာဝန်ကြီး ဆေးကျောင်း သားဘ၀က အလွန် စာ တော်ပါတယ်။ ဆေးကျောင်းနောက်ဆုံးနှစ်မှာ ပထမဆွဲခဲ့တဲ့သူပါ။ ကျမအိမ်နားက ကြီးကြီးသန်းအသက် ၆၀ မှာ အိမ်ထဲမှာချောလဲလို့သူနဲ့ပြပါတယ်။ သူခွဲစိပ် ကုသ ပေးပေမဲ့ ကြီးကြီးသန်းသေတဲ့အထိ အိမ်ရာ ထဲက မထ နိုင်ခဲ့ပါဘူး။ ကျမ ငယ်စဉ်ကဖြစ်လို့ဘယ်အရိုးတွေထိပြီး၊ဘယ်လိုကုလို့မပျောက်မှန်း မသိခဲ့ ပါဘူး။ ကြီးကြီးသန်းနဲ့ တစ်ပြိုင်ထဲလိုလို ကျမ အဖွါးလည်း လဲကျပြီး ပေါင်ရိုးကျိုးသွားပါတယ်။ အဖွါးက အသက် ၈၀ ရှိနေလို့ခွဲစိပ် ဆရာဝန်တွေနဲ့မပြပါဘူး (ခွဲစိပ်ဆရာဝန်တွေက ခွဲဖို့အလွန် စိတ် သန်ကြလို့ပါ)အဖွါးကို အနာ သက်သာစေဖို့အိမ်နားကဆေးခန်းမှာပဲပြပါတယ်။ ၆လ လောက်ကြာတော့ အရိုးပြန်ဆက် သွား ပါတယ်။ လမ်းမလျှောက်နိုင်တော့ပါဘူး။ ဒါပေမဲ အိမ်ထဲမှာ ဖင်ဒရွတ်ဆွဲ သွားလာနိုင် ပါ တယ်။ ကျမ ဆရာဝန်ဖြစ်တော့မှ အဲ့ဒီအရိုးဆရာဝန်ကြီးရဲ့ အကြောင်းသိရပါတယ်။ အရိုးရောဂါကြောင့် လာပြတဲ့ လူနာကို အရိုးမြန်မြန်ဆက်အောင် ကျိုးတဲ့အရိုး ၂ ခုကို ခွဲပြီးမူလီနဲ့စုပ် ရမယ် ဆိုပြီး မေ့ဆေး ပေး တယ်။ လူနာမေ့တဲ့ အချိန် အရေပြားပဲခွဲပြီး ပြန်ချုပ်တယ်။ နောက်တစ်ခါ မရှိတဲ့ မူလီ ကိုပြန်ထုတ် ရမယ် ဆိုပြီး တပ်ခွဲပြန် တယ်တဲ့။ နောက်ပိုင်းမှာ သူကုတဲ့လူနာတွေရဲ့ အရိုးတွေ ဘယ်သူမှ ပြန်မဆက် တော့ ဘူးတဲ့။ 
ကတိသစ္စာတည်သောအခါ၊နွယ်မြက်၊သစ်ပင်၊ဆေးဖက်ဝင် ပေမဲ့၊ ကတိသစ္စာမရှိတဲ့ အခါမှာတော့ ရောဂါပျောက်နိုင်တဲ့ဆေး မဖြစ်တော့ပါဘူး။

ဒီဆရာဝန်ကြီးတွေ လောကီပညာတွေ မိုးပျံအောင်တတ်ကြပေမဲ့ တကယ်ပညာ မတတ်ကြပါဘူး။ လောကီပညာကြောင့်ရမဲ့ ငွေကြေး၊ ကျော်ကြားမှုဆိုတာ ဒီတစ်ဘ၀ အတွက် သာပါ။ တစ်ချို့ဆိုဒီဘ၀တောင်မစံစားကြရပါဘူး။ အစပိုင်းမှာ စာတော်လို့ထင်ရှားသော (famous) ခဲ့ပေမဲ့ နောက်ပိုင်းမှာ စာရိတ္တ ပျက်ပြားလို့နံမည်ဆိုးနဲ့ကျော်စော (notorious) သွားကြပါတယ်။

  ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ စွမ်းရည်ကို ခေါ်တာ . . . အမှန်ကိုသိပြီး မှန်တဲ့အတိုင်း ကျင့်နိုင်ကြံနိုင်မှ ပညာတတ်လို့ခေါ်ရမှာ. . .ဆရာဝန်ဖြစ်တိုင်း၊ ရှေ့နေဖြစ်တိုင်း ဘွဲ့ရတိုင်း ပညာတတ် ဖြစ်ပြီလို့သတ်မှတ်လို့ရမလား ။  

ဥစ္စာစည်းစိမ်ဆင်းရဲလို့အပါယ်မကျပါ။                                                              
ကိုယ်ကျင့်သီလ ဆင်းရဲ့ရင် အပါယ်ကျပါမယ်။


ငွေနှင့်အရိပ် (မေတ္တာရှင် ရွှေပြည်သာဆရာတော်)
လူသည်အရိပ်နောက်သို့လိုက်လျှင် ဘယ်သောအခါမှမမီ၊
အရိပ်ကလိုက်လေပြေးလေဖြစ်၏။
အရိပ်နောက်မလိုက်တော့ဘဲ ကိုယ့်လမ်းကိုယ်သွားလျှင်၊
အရိပ်ကနောက်မှပြန်လိုက်၏။
ထို့အတူ
မေတ္တာ စေတနာမထားဘဲ ငွေနောက်သို့ဒလကြမ်းလိုက်ကာ၊
စီးပွါးရှာလျှင် ဘယ်သောအခါမှ မအောင်မြင်။
ငွေနောက်မလိုက်ဘဲ မေတ္တာ စေတနာနောက်လိုက်ကာ၊
အလုပ်ကို အာရုံစိုက်ကြိုးစားလျှင်၊
ငွေက နောက်မှ တကောက်ကောက်ပြန်လိုက်၏။

No comments:

Post a Comment