:include data='blog' name='google-analytics'/>

Tuesday, June 26, 2018

လေဥနဲ့သက်သတ်လွတ်။


 ပြင်သစ်သူငယ်ချင်းက သူမွေးထားတဲ့ သာလီကာမလေးတစ်ကောင်က သူ့ ဥတွေ အကောင်မပေါက်လို့ စိတ်ဓါတ်ကျနေတဲ့အကြောင်းပြောတာကိုနားမလည်တဲ့ မြန်မာသူငယ်ချင်းရယ် မြန်မာပြည်မှာ သက်သတ်လွတ်စားတယ်ဆိုတဲ့ သူတွေ ယခုအခါ ကြက်မွေးမြူရေးကရောင်းတဲ့ လေ ကြက်ဥ ဆိုတာ စားကောင်း မစားကောင်းအငြင်းပွါးနေကြလို့ ကျမသိလောက်ဒီဆောင်းပါးကိုရေးလိုက်ပါတယ်။ ကျမတို့ပတ်ဝန်ကျင်မှာရှိတဲ့တိရိစ္ဆာန်တွေထဲက နိ့တိုက်သတ္တ၀ါတွေဖြစ်တဲ့ ဆင်၊မြင်း၊ကျွဲ၊နွား၊ခွေး၊သိုးဆိတ်၊၀က်၊ကြွက် စတာတွေက အကောင်လိုက်မွေးပါတယ်။
ကြက်၊ဘဲ၊သာလိကာ စတဲ့ ငှက်တွေက ဥ ဥပြီး ၊ဥကမှ အကောင်ပေါက်ပါတယ်။ ဥမှာမှ အဖိုမျိုး နဲ့ပေါင်းပြီးသောဥ နဲ့ အဖိုမျိုးနဲ့မပေါင်းသောဥ (fertilized and unfertilized egg ) ရယ်လို့ရှိပါတယ်။ အဖိုးမျိုးနဲ့ပေါင်းထားတဲ့ ဥ ကနေ အကောင်ပေါက်ပါတယ်။ အဖိုးမျိုးနဲ့မပေါင်းတဲ့ဥ က အကောင်မပေါက်ပါဘူး။ မြန်မာတွေခေါ်တဲ့ လေဥပါ။ တနည်းအားဖြင့် အဖိုးမျိုးနဲ့မပေါင်းတဲ့ဥ က အမမျိုးဥ (ovum) ပါ။ fertilized and unfertilized egg ကိုအပြင်ပမ်းအားဖြင့် ခွဲခြား၍မရပါ။ ယခုခေတ်ကြက်မွေးသူများက ကြက်ဥရောင်းရန်ရည်ရွယ်လျှင်ကြက်မ များသာမွေးပါတယ်။ ဥမရဘဲ အစာသာကုန်မည့်ကြက်ထီးများနဲ့ရော်မမွေးပါ။

ငါးနဲ့ ဖါးများကတော့ အမမျိုးဥ (ovum ) များကို ငါးမနဲ့ဖါးမများက ရေထဲသို့ဥချပြီး ၄င်း အ မဥများပေါ်သို့ငါးထီးနဲ့ဖါးထီးများက ၄င်းတို့၏ အဖိုမျိး (sperm) များကိုပက်ဖြန်းပေးပါသည်။ (ovum နဲ့sperm များရေထဲတွင်ပေါင်းစပ်ကြပါတယ်။

မြွေမျိုးသည် ငှက်များကဲ့သို့ ဥ ဥပြီး၊ဥမှအကောင်ပေါက်ပါသည်။ သို့ရာတွင် မြွေဟောက်နှင့် အချို့မြွေများသည် (0voviviparous) မြွေမ၀မ်းတွင်းတွင်အရင်ဥပြီး ၄င်းဥများဝမ်းတွင်းတွင်ပင်အကောင်ပေါက်သဖြင့်
အမြင်အားဖြင့် အကောင်လိုက်မွေးပါသည်။ လွန်ခဲ့သောနှစ်များစွာက DMR မြွေဟောက်သုတေသနတွင်တာဝန်ထမ်းဆောင်စဉ် လယ်သမားတစ်ဦး မြွေရိုက်သတ်ပြီး ခါးပိုက်ဆောင်တွင်ထဲ့ထားရာမှ မြွေသေအမမှ မြွေပေါက်စလေးတွေထွက်လာပြီးကိုက်သဖြင့်သေဆုံးခဲ့ဘူးပါသည်။ မြွေဟောက်များ အကောင် ၁၀-၂၀ အထိပေါက်ပြီး၊ မြွေပေါက်စများတွင်လဲအဆိပ်ရှိပါတယ်။

သက်သတ်လွတ်စားရာတွင် စားသူရဲ့ အဓိပ္ပါယ်ဖေါ်မှုပေါ်မူတည်၍အမျိုးမျိုးကွဲပြားပါသည်။
 မြန်မာနိုင်ငံရှိအများစုက သတ္တ၀ါကိုသတ်ပြီးမှရရှိနိုင်သော သတ္တ၀ါ၏်အသားအသွေးများကို မစားကြပါ။ တိုကြောင့်သတ္တ၀ါမသတ်ဘဲရသောနွားနို့ကိုသောက်နိုင်ပါသည်။ ဤသို့ဆိုပါက အကောင်မပေါက်နိုင်သောကြက်မ၏လေဥသည်လည်းစားကောင်းပါသည်။ တချို့က ၄င်းကိုသက်သတ်လွတ်ဟုမခေါ်သင့်ပဲ အသားလွတ်ဟုခေါ်သင့်သည်ဟုဆိုပါသည်။

 ပြင်သစ်သက်သတ်လွတ်ကတော့ ရေသတ္တ၀ါများဖြစ်သော ငါး၊ပုဇွန်၊ခရုစသည်များစားနိုင်ပါသည်။

ရှမ်းပြည်တွင်တွေ့ရသောရှမ်းတရုတ်များကမူ ရေသတ္တ၀ါသာမက၊နွားနို့စသောတိရိစ္ဆာန်မှရသောနို့များ၊ အညှောင့်ထွက်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူများပါမစားကြပါ။ထိုသူများတွင် အာဟာရချို့တဲ့သောရောဂါများဖြစ်သည်ကိုတွေ့ရပါတယ်။

  မွေးစကပင် သက်သတ်လွတ်စားသောမဂိုလူများမှာမူမြန်မာများကဲ့သို့ သတ္တ၀ါအသားများမစားသော်လဲ
ပဲအမျိုးမျိုးနဲ့၊နို့နဲ့နို့ထွက်ပစ္စည်းများစားသုံးသဖြင့် အာဟာရချို့တဲ့သည်ကိုမတွေ့ရပါ။

ဗဟုသုတကြွယ်ဝကြပါစေ။

No comments:

Post a Comment